← Chapters

အခန်း ၁၉၀၂

Vol. 127 Ch. 1902

အခန်း ၁၉၀၂

Vol. 127 Ch. 1902

အပိုင်း ( 1902 ) အန္တိမသူတော်စင်နယ်ပယ်သို့ ချိုးဖြတ်ခြင်း။

ထိုအချိန်တွင်၊ လုမင်က နဂါးငွေ့တန်းတစ်ခု၏အလယ်တွင် ရှိနေသကဲ့သို့ ခံစားနေရသည်။

သူက လျှပ်စီးလက်သကဲ့သို့ နဂါးငွေ့တန်းထဲမှာ လျင်မြန်စွာ လှည့်ပတ်နေ၏။ တစ်ချိန်တည်းမှာပင် သူက လက်ညိုးထိုးလိုက်သောအခါ ဧရာမ လက်ချောင်းကြီးတစ်ချောင်းက အဝေးမှ ကြယ်များကို ညွှန်ပြလာတော့သည်။

ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းက ကြယ်တစ်ခုထက်ပင် ပိုကြီးသည်။ ကြယ်တာရာတစ်ခုကို လက်ညှိုးညွှန်လိုက်တိုင်း ထိုကြယ်က မီးရှူးမီးပန်းများပမာ ပေါက်ကွဲသွားလိမ့်မည်။ ကြီးကျယ်ခမ်းနားသော မြင်ကွင်းဖြစ်ခဲ့သည်။

ခဏကြာတော့ လုမင်က ရပ်သွားသည်။

"ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းက ကိုးဆယ်ရာခိုင်နှုန်း ပြီးသွားပြီ"

လုမင်က ပြုံးလိုက်သည်။ သူ အလွန်ကျေနပ်သွား၏။

ဤအချိန်ကာလအတွင်း သူသည် မဟာဧကရာဇ်၏ ဟောပြောပို့ချမှုကို ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းအား နားလည်ရန် လမ်းညွှန်ချက်အဖြစ် အသုံးပြုခဲ့သည်။

ယခုအခါ ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းက ရှစ်ဆယ်ရာခိုင်နှုန်းမှ ကိုးဆယ်ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပြီ။

နတ်ဘုရားစွမ်းရည်တစ်ခုသည် အဆင့်မြင့်မားလေလေ၊ တိုးတက်ရန် ခက်ခဲလေ ဖြစ်သည်။ အဆင့်တိုင်းတွင် တိုးတက်ရန် အခက်အခဲက ပိုကြီးမားလာပေမည်။

ပုံမှန်အခြေအနေတွင် ရှစ်ဆယ်ရာခိုင်နှုန်းမှ ကိုးဆယ်ရာခိုင်နှုန်းအထိ တိုးတက်ရန် အချိန်များစွာ ကြာမြင့်မည်ဖြစ်သည်။

သို့သော်လည်း မဟာကရာဇ်၏ သွန်သင်ချက်အကူအညီဖြင့် လုမင် လုပ်နိုင်ခဲ့ပေပြီ။

ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းက ရှစ်ဆယ်ရာခိုင်နှုန်းမှ ကိုးဆယ်ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပြီးနောက် ၎င်း၏ စွမ်းအားမှာ အလွန်တိုးတက်ခဲ့သည်။

ဟုတ်ပေသည်၊ ကိုးဆယ်ရာခိုင်နှုန်းမှ ပြီးပြည့်စုံသည်အထိ တိုးတက်ရန်က ပိုခက်မည် ဖြစ်သည်။ ထိုအတွက် များစွာ ကြိုးစားအားထုတ်ရပေမည်။

"ငါ့ရဲ့ ကျင့်ကြံမှုအခြေခံက ချိုးဖြတ်တော့မယ်"

လုမင်က စိတ်လှုပ်ရှားသွားသည်။

သူ၏ ကျင့်ကြံမှုက မဟာသူတော်စင်နယ်ပယ်၏ အကန့်အသတ်သို့ ရောက်နေပါပြီ။ အဆင့်တက်နိုင်ရန် အခွင့်အရေးတစ်ခုသာ လိုအပ်သည်။

ဤကာလအတွင်း၌ သူသည် ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းကို နားလည်ရန် အာရုံစိုက်ခဲ့သော်လည်း သူ၏ ကျင့်ကြံမှုအခြေခံက တိုးတက်ခဲ့ပေသည်။

နောက်အခိုက်တွင်၊ လုမင်၏ ခန္ဓာကိုယ်မှ ထိတ်လန့်တုန်လှုပ်ဖွယ် အငွေ့အသက်များ ထွက်ပေါ်လာသည်။

"လုမင်က အဆင့်တက်တော့မယ်"

တစ်ယောက်ယောက်က အော်လိုက်သည်။

လုမင်က မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်မှာပင် ကြောက်စရာကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ အန္တိမသူတော်စင်နယ်ပယ်သို့ ချိုးဖြတ်ခဲ့လျှင် သူ့ခွန်အားက မည်မျှတိုးတက်လာမည်နည်း။

လူများစွာက ၎င်းကို စောင့်မျှော်ခဲ့ကြသည်။

"လုမင်က နောက်ဆုံးတော့ အဆင့်တက်တော့မယ်"

ဟွမ်လင်၊ ချင်ယွဲ့၊ လုံချန်နှင့် အခြားသူများ၏ မျက်လုံးများက တောက်ပလာကြသည်။

"ဟမ့်၊ သူက အဆင့်တက်သွားရင်တောင် ဘာဖြစ်သေးသလဲ။ ဒီလိုဆိုရင် သူ့ကိုသတ်ရတာ ပိုစိတ်ဝင်စားဖို့ကောင်းလိမ့်မယ်"

လော့စန်းချုံးက လှောင်ပြောင်လိုက်သည်။ သူ၏ သတ်ဖြတ်လိုစိတ်က ပိုပြင်းထန်လာ၏။

အချိန်ကြာလာသည်နှင့်အမျှ လုမင်၏ အရှိန်အဝါက အားကောင်းသည်ထက် အားကောင်းလာသည်။ လုမင်က သူ့လက်ကိုဝှေ့ယမ်းလိုက်သောအခါ ကျောက်ကြမ်း အများအပြား ပေါ်လာသည်။ သူက ဝါးမျိုခြင်းစွမ်းအားဖြင့် ကျောက်ကြမ်းများကို ဝါးမျိုပြိး ယွမ်ချီစွမ်းအင်ကို စုပ်ယူလိုက်၏။

ရက်အနည်းငယ်ကြာပြီးနောက် လုမင်က သူ၏ အရှိန်အဝါအားလုံးကို ရုတ်သိမ်းခဲ့သည်။ သူက အန္တိမသူတော်စင်နယ်ပယ်ကို ရောက်ရှိခဲ့ပေပြီ။

ထိုအချိန်တွင် တင်ပျဉ်ခွေထိုင်နေသော ဧကရာဇ်ဝူရှန်းက မျက်လုံးများကိုဖွင့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ကိုင်း၊ နားလည်မှု ပြီးသွားပြီ။ နောက်လာမဲ့ ဟောပြောပွဲကို သုံးနှစ်အတွင်း ကျင်းပမယ်။ အဲဒီအခါ နောက်ထပ် သိုင်းဧကရာဇ်တစ်ပါးက ဒီနေရာမှာ ရှိလိမ့်မယ်"

ထိုသို့ပြောပြီးနောက် ဧကရာဇ်ဝူရှန်း၏ရုပ်သွင်က လေထုထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

ဧကရာဇ်ဝူရှန်းက မည်ကဲ့သို့ ပျောက်ကွယ်သွားသည်ကို မည်သူမျှ မမြင်ခဲ့ကြပေ။ သူသည် ဤနေရာကို ဘယ်တုန်းကမှ မလာရောက်ခဲ့သလိုပင်။

လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဟွမ်လင်၊ ချင်ယွဲ့နှင့် အခြားသူများ၏ရှေ့တွင် ပြန်ပေါ်လာခဲ့သည်။

သူက လူအုပ်ကို တစ်ချက်ဝေ့ကြည့်ပြီး‌ ပြုံးလိုက်၏။

"ဟွမ်လင်၊ လုံချန်၊ ဟွမ်တိ... အဆင့်တက်ပြီး အန္တိမသူတော်စင် ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်"

ဟွမ်လင်နှင့် လုံချန်တို့က အဆင့်တက်ခဲ့သူ အကုန်မဟုတ်ပါ။ ဟွမ်မျိုးနွယ်မှ လူတချို့ကလည်း အဆင့်တက်ပြီး အန္တိမသူတော်စင်နယ်ပယ်ကို ရောက်ရှိခဲ့ကြသည်။

လုမင်နောက်သို့ လိုက်ပါလာသော ဟွမ်မျိုးနွယ်ဝင် လူငယ်ကိုးဦးအနက် အများစုက မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံမှုအဆင့်တွင် အချိန်အတော်ကြာ ရှိနေခဲ့ကြတာပါ။ ထို့ကြောင့် ယခုတစ်ကြိမ်တွင် မဟာဧကရာဇ်၏ ဟောပြောပို့ချမှု အကူအညီဖြင့် ၎င်းတို့၏ ကျင့်ကြံမှုအဆင့်များ ချိုးဖြတ်နိုင်ခဲ့ကြပေသည်။

ဤလူများတွင် ဘုရင်ခန္ဓာ မရှိသော်လည်း ဟွမ်မျိုးနွယ်ဝင်များ ဖြစ်ကြသည်။ ထို့ပြင်၊ သူတို့တွင် အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာရှိသောကြောင့် အားမနည်းကြပေ။

ရလဒ်အနေဖြင့်၊ သူတို့ဘက်မှာ အန္တိမသူတော်စင် အတော်များများ ရှိလာခဲ့သည်။

"လုမင်၊ မင်းလည်း အဆင့်တက်သွားပြီပဲ။ မင်းဆိုတဲ့ မကောင်းဆိုးရွားက ဘယ်လောက်တောင် သန်မာလာမလဲ ငါမသိနိုင်တော့ဘူး"

လုံချန်က ရယ်မောလိုက်သည်။

တခြားသူများကလည်း ရယ်ကြလေသည်။ အမှန်မှာ၊ လုမင်က မဟာသူတော်စင်နယ်ပယ်တွင် ရှိစဉ်ကပင် အလွန်သန်မာသည်။ ယခု သူ အန္တိမသူတော်စင် ဖြစ်လာသောအခါ မည်မျှ သန်မာပါမည်နည်း။

သူတို့အားလုံးက အလွန်သိချင်ကြသည်။

"ဝုန်း"

ရုတ်တရက်၊​ ​ကြောက်​မက်​ဖွယ်​​ကောင်း​သော ​ရောင်​ဝါတစ်​ခုက သူတို့ကို ဖုံးလွှမ်းသွားသည်​။ အရပ်မျက်နှာတစ်ခုကို လှမ်းကြည့်မိပြီးနောက် လူတိုင်း၏ အမူအရာ ပြောင်းလဲသွား၏။

လော့စန်းချုံးက ရှေ့သို့ တိုးလာသည်။ ကြောက်စရာကောင်းသော အရှိန်အဝါက သူ့ထံမှ ဆင်းသက်လာခြင်းပင်။

သူ့နောက်တွင် လော့ဖိုခုန်းနှင့် တာ့လော့ကောင်းကင်ဂိုဏ်းမှ အခြား ကျွမ်းကျင်သူများက လိုက်ပါခဲ့ကြသည်။

"ချင်ယွဲ့၊ လာစမ်း... ငါ့အနားကို လာခဲ့"

လော့စန်းချုံးက ချင်ယွဲ့ကိုကြည့်ပြီး ပြောသည်။ သူ့လေသံက အမိန့်ပေးသကဲ့သို့ ကြီးစိုး၏။

"လော့စန်းချုံး၊ ငါ့ကို နှောင့်ယှက်တာ ရပ်လိုက်ပါ။ ငါ နင့်ကို လုံးဝ စိတ်မဝင်စားဘူးလို့ ငါပြောပြီးပြီ"

ချင်ယွဲ့က ပြောလိုက်သည်။

"ဒီကိုလာစမ်း"

လော့စန်းချုံးက ထပ်ပြောသည်။ သူ့လေသံက ပို၍ ကြီးစိုးလာသည်။

"ချင်ယွဲ့၊ သွားရအောင်"

လုမင်က ချင်ယွဲ့၏လက်ကို ကိုင်ထားပြီး လော့စန်းချုံးကို လျစ်လျူရှုလိုက်၏။

"လုမင်၊ မင်း ရပ်လိုက်စမ်း။ မင်းကများ ငါ့မိန်းမကို ထိရဲတယ်လား။ မင်းသတိထားပါ မဟုတ်ရင် မင်းမိသားစုတစ်ခုလုံးကို ငါသုတ်သင်ပစ်လိုက်မယ်"

လော့စန်းချုံး၏ အသံက လုမင်၏နားထဲတွင် မိုးကြိုးထစ်ချုံးသကဲ့သို့ပင်။

အနီးပတ်ဝန်းကျင်တွင်၊ ထွက်ခွာခါနီး ပါရမီရှင်များစွာက ရပ်တန့်သွားကာ စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်ကြသည်။

တာအိုတရားပွဲပြီးတာနဲ့ ပြဿနာစပြီလား။

လော့စန်းချုံးနှင့် လုမင်၏ ပဋိပက္ခက လူများစွာကို မျှော်လင့်စေခဲ့သည်။

"မင်းရဲ့မိန်းမလား၊ ဟားဟားဟား....၊ အတော်ရယ်စရာပြောတတ်တာပဲ။ ချင်ယွဲ့က ငါနဲ့အတူ ကြီးပြင်းလာခဲ့တာ၊ ဘယ်အချိန်ကစပြီး မင်းရဲ့မိန်းမ ဖြစ်လာခဲ့တာလဲ"

"နောက်ပြီးတော့ ချင်ယွဲ့က မင်းကို လုံးဝ စိတ်မဝင်စားဘူးလို့ ပြောထားပြီးသား။ ဒါတောင် မင်းက သူ့ကို အခုထိ လိုက်နှောင့်ယှက်နေတယ်။ မင်းက တကယ်ကို အရှက်မရှိတဲ့ကောင်ပဲ"

လုမင်က လှည့်ကြည့်လိုက်ပြီး လော့စန်းချုံးကို အေးစက်စွာ ရှုတ်ချလိုက်သည်။

"မင်း ဘယ်သူနဲ့ပြောနေတာလဲ သိရဲ့လား။ မင်းပြောခဲ့တဲ့စကားကြောင့် မင်းရဲ့မိသားစုနဲ့ သူငယ်ချင်းတွေကို ထိခိုက်စေလိမ့်မယ်။ သူတို့အားလုံး မင်းကြောင့် သေကြရလိမ့်မယ်"

လော့စန်းချုံးက ဟွမ်လင်၊ လုံချန်နှင့် အခြားသူများကို စိုက်ကြည့်ရင်း အေးစက်စွာ ပြောလိုက်သည်။ သူက သတ်ဖြတ်လိုစိတ်တို့ကို လုံးဝ မဖုံးကွယ်ထားပေ။

"မင်းကိုယ်မင်း ဘယ်သူလို့ထင်လဲ။ ငါ့ကိုသတ်ချင်ရင် မင်းကို အရင်ဓားနုတ်စင်းပစ်မယ်"

ဟွမ်လီက လူသတ်ချင်စိတ်တို့ဖြင့် အော်ဟစ်လိုက်သည်။

လုမင်သည်လည်း လူသတ်ချင်စိတ်တို့ကို လှစ်ဟခဲ့၏။ သူအမုန်းဆုံးက သူ့မိသားစုနှင့် သူငယ်ချင်းများကို အသုံးပြုပြီး သူ့အား ခြိမ်းခြောက်ခြင်းပင်။

"လော့စန်းချုံး၊ ငါ နင့်ကိုပြောလိုက်မယ်။ လုမင်က ငါ့ရဲ့သခင်လေးပဲ... ငါ သူ့ကို တစ်သက်လုံး အစေခံသွားမှာ... နင့်ကိုတော့ လုံးဝ စိတ်မဝင်စားဘူး။ နင် ငါ့ကို နှောင့်ယှက်နေရင်လည်း အပိုပဲ"

ချင်ယွဲ့က ပြောလိုက်သည်။

"ခွေးမ၊ ပါးစပ်ပိတ်ထားစမ်း။ မင်းကို ငါ့အပိုင်လို့ပြောရင် မင်းက ငါ့အပိုင်ပဲ။ ဘယ်သူမှ မင်းကို ငါ့ဆီကနေ ယူသွားလို့မရဘူး။ နားလည်လား"

လော့စန်းချုံးက အေးစက်စွာ အော်လိုက်၏။

သူ့အဖိုးက မဟာဧကရာဇ် ဖြစ်သည်။ သူ ငယ်ငယ်ကတည်းက သူလိုချင်လျှင် မရနိုင်တာ မရှိပေ။

အမျိုးသမီးများအတွက်လည်း အတူတူပင် ဖြစ်သည်။

"ဟားဟားဟား... ရယ်စရာကောင်းလိုက်တာ၊ ချင်ယွဲ့က မင်းကို မကြိုက်ဘူး၊ ဒါကြောင့် မင်းဟာ ချင်ယွဲ့ရဲ့ အမှတ်တရတွေကို ဖယ်ထုတ်ဖို့ သိမ်းယူပယ်‌‌ဖျက်ခြင်း နိယာမကို အသုံးပြုခဲ့တယ်။ ဒါပေမဲ့ ကံမကောင်းချင်တော့ ချင်ယွဲ့က မင်းအတွက် ဘာခံစားချက်မှ မရှိသေးဘူး။ ဒါတောင်မှ အရှက်မရှိ လိုက်တွယ်ကပ်နေတာ... မင်းလို ရယ်စရာကောင်းပြီး စက်ဆုပ်ရွံရှာစရာကောင်းတဲ့လူက ဘယ်လိုမျက်နှာနဲ့ ယွမ်တောင် မြင့်မြတ်သောကျောင်းတော်မှာ ဆက်ရှိနေသေးတာလဲ"

လုမင်က အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်သည်။ သူ့အသံက နေရာအနှံ့သို့ ပျံ့နှံ့သွား၏။

လူတော်တော်များများက ထိုအခါမှ ရုတ်တရက် သဘောပေါက်သွားသည်။

လော့စန်းချုံးက ချင်ယွဲ့၏ နှလုံးသားကို မရနိုင်သောကြောင့် သူမ၏ အမှတ်တရများကို ပျောက်ကွယ်သွားစေရန် သိမ်းယူပယ်‌‌ဖျက်ခြင်း နိယာမကို အသုံးပြုခဲ့သည်။ ထိုသို့သောအပြုအမူက အမှန်တကယ် စက်ဆုပ်စရာပင်။

"အဲဒါဘာဖြစ်သလဲ"

လော့စန်းချုံးက ပြောလိုက်သည်။ သူ့မျက်လုံးအကြည့်များက ပိုအေးစက်လာ၏။

"မင်းရဲ့မှတ်ဉာဏ်တွေက ပြန်ကောင်းလာပုံရတယ်။ ဒါဆိုရင် မင်းရဲ့မှတ်ဉာဏ်တွေကို ငါပြန်သိမ်းရတာပေါ့။ ဒီတစ်ခါ မင်းရဲ့မှတ်ဉာဏ်တွေအားလုံးကို ငါဖယ်ထုတ်လိုက်မယ်။ လုမင်... မင်းရဲ့ ကျင့်ကြံမှုအခြေခံကိုလည်း ငါ ဖျက်ဆီးပစ်မယ်။ ပြီးရင် ချင်ယွဲ့က ငါ့မိန်းမဖြစ်လာတာကို မင်းကို ကူကယ်ရာမဲ့စွာနဲ့ ကြည့်စေမယ်"

‌"ဒုန်း... ဒုန်း... ဒုန်း"

လော့စန်းချုံးက ရှေ့သို့ လှမ်းလာသည်။ ခြေတစ်ချက်လှမ်းလိုက်တိုင်း ကောင်းကင်က တုန်ခါလာတော့သည်။

All Chapters