အခန်း ၁၉၀၃
Vol. 127 Ch. 1903
အပိုင်း ( 1903 ) လော့စန်းချုံးကို တိုက်ခိုက်ခြင်း။
လော့စန်းချုံးက အလွန်ကြီးစိုးသည်။
ချင်ယွဲ့၏ မှတ်ဉာဏ်များကို သူ ဖျောက်ဖျက်ခဲ့ကြောင်း လူများက သိသွားလျှင်ပင် ဘာဖြစ်သနည်း။ သူက မဟာဧကရာဇ်၏ မြေး ဖြစ်သည်။ သူ့ရှေ့တွင် မည်သူမျှ မကောင်းမပြောဝံ့ပေ။
သူ့ရှေ့တွင် လူတိုင်းက သူ့အား မျက်နှာသာပေးရမည်။
ယခုလည်း သူက လူတိုင်းရှေ့တွင် ချင်ယွဲ့၏ အမှတ်တရများကို ဖယ်ထုတ်ပြီး ချင်ယွဲ့ကို သိမ်းပိုက်တော့မည် ဖြစ်သည်။
လော့စန်းချုံးက လုမင်နှင့် ချင်ယွဲ့ဆီသို့ လျှောက်လာသည်။ မိုးနှင့်မြေကြားတွင် ကျယ်လောင်စွာ မြည်ဟီးသံများ ထွက်ပေါ်လာ၏။ သူက လေထဲကို ဖမ်းဆုပ်ဟန်ပြုလိုက်သောအခါ မိုးနှင့်မြေကြားမှ အဆုံးမဲ့ စွမ်းအင်များက လော့စန်းချုံး၏ လက်ဖဝါးဆီသို့ စုဝေးရောက်ရှိလာတော့သည်။
မဟုတ်သေး၊ စုဝေးသည်ဟု ပြောလို့မရပေ။ သူက စွမ်းအင်များကို လုံးဝ သိမ်းယူလိုက်ခြင်း ဖြစ်သည်။
ယွမ်ချီနှင့် မိုးနှင့်မြေကြားရှိ အမျိုးမျိုးသော စွမ်းအင်များကို လော့စန်းချုံးမှ သိမ်းယူသွားခဲ့သည်။ ထို့နောက် ဧရာမ လက်ဖဝါးကြီးတစ်ခုအဖြစ် ဖွဲ့စည်းသွားပြီး လုမင်နှင့် ချင်ယွဲ့တို့ကို ဖိချလိုက်၏။
ဤအခိုက်အတန့်တွင် ယင်နှင့်ယန် နိယာမက ချင်ယွဲ့၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ပျံ့နှံ့လာသည်။ ဓားမော့နှစ်လက်ကလည်း လှစ်ခနဲ ထွက်ပေါ်လာပြီး လော့စန်းချုံးကို ရင်ဆိုင်တော့မည်။
"ချင်ယွဲ့၊ ငါ လုပ်လိုက်မယ်"
လုမင်၏ အသံက ထွက်ပေါ်လာသည်။ ထို့နောက်တွင် သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။ သူ့ခန္ဓာကိုယ်ပေါ်တွင် အလင်းစက်များ ထွန်းလင်းလာသည်။ အလင်းစက်က နှစ်ရာကျော်ရှိကာ အလင်းစက်တစ်ခုစီမှ သူတော်စင်လက်နက်တစ်ခုစီ ပျံထွက်လာကြတော့သည်။
ကောင်းကင်ဧကရာဇ်မြို့သို့ အပြန်လမ်းတွင် လုမင်က လက်နက်တစ်သောင်း တာအိုကျမ်းကို လေ့ကျင့်ခဲ့သည်။ သူက သူ၏ အပ်စိုက်မှတ်များတွင် သူတော်စင်လက်နက်များစွာကို ထပ်မံ တံဆိပ်ခတ်ခဲ့၏။
၎င်းတို့အထဲတွင် အန္တိမသူတော်စင်လက်နက် ဆယ့်ရှစ်ခု၊ မဟာသူတော်စင်လက်နက်ပေါင်း တစ်ရာ့ရှစ်ခု ရှိပြီး တောက်ပသူတော်စင်လက်နက် အရေအတွက်ကမူ တစ်ရာ့ရှစ်ခု မပြောင်းလဲပေ။ စုစုပေါင်း သူတော်စင်လက်နက် နှစ်ရာသုံးဆယ့်လေးခု ရှိခဲ့သည်။
ထို့ကြောင့် လုမင်၏ ခန္ဓာကိုယ်အနှံ့မှ သူတော်စင်လက်နက်များ ပေါ်လာခဲ့ပေသည်။ လုမင်က အန္တိမသူတော်စင်လက်နက် ဓားတစ်လက်ကို ကိုင်လိုက်သည်။ သူတော်စင်လက်နက် စွမ်းအင်များက စုစည်းလာ၏။ သူက ဓားချက်ထုတ်ဖော်လိုက်သည်နှင့် အကန့်အသတ်မဲ့ ဓားစွမ်းအင်က လေဟာနယ်ကို ဖြတ်သန်းကာ လော့စန်းချုံး၏ လက်ဖဝါးကြီးကို ဖြတ်သန်းသွားတော့သည်။
"မင်း ငါ့ရှေ့မှာ ဘယ်လောက်ထိ လှုပ်ရှားနိုင်မလဲ ကြည့်ရအောင်"
လော့စန်းချုံးက အေးတိအေးစက်ဖြင့်ပြောပြီး သူ့လက်ကို အဆက်မပြတ် ဝှေ့ယမ်းလိုက်သည်။ သိမ်းယူပယ်ဖျက်ခြင်း နိယာမက အသက်ဝင်လာပြီး မိုးနှင့်မြေကြားမှ စွမ်းအင်များကို စုပ်ယူလိုက်၏။ ထို့နောက် လုမင်ထံသို့ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကို ပြန်လည်ထုတ်ဖော်လာတော့သည်။
လုမင်က သူတော်စင်လက်နက်များ၏အလယ်တွင် ရပ်ကာ ရှေ့သို့ လျှောက်သွားသည်။ သူက ဓားဖြင့် အဆက်မပြတ် ခုတ်ထစ်ပြီး တစ်ဖက်လူ၏ တိုက်ခိုက်မှုများကို ဖျက်ဆီးပစ်လိုက်၏။
သူတို့နှစ်ဦး၏ တိုက်ခိုက်မှုများက အလွန်ပြင်းထန်ပြီး ကြမ်းတမ်းသည်။ ယင်းကြောင့် အနီးနားရှိ လူများမှာ ဆက်တိုက် ဆုတ်ခွာသွားခဲ့ရပေသည်။
ချင်ယွဲ့က လုမင်၏ အနောက်ဘက်နားတွင် ရပ်လိုက်သည်။ သူက ဓားမော့နှစ်လက်ကို ထိန်းချုပ်ထားကာ လုံးဝ နောက်မဆုတ်ပေ။
အခြေအနေက အနည်းငယ် ပြောင်းလဲမှုရှိလာသည်နှင့် ချက်ချင်း တိုက်ခိုက်မည် ဖြစ်သည်။
နေအင်ပါယာတွင် ရှိစဉ်အခါက သူသည် လုမင်ကို ကူညီနိုင်ရန် အားနည်းလွန်းခဲ့သည်။ ယခုတော့ သူဟာ လုံလောက်စွာ သန်မာလာပြီဖြစ်သောကြောင့် လုမင်၏အနားတွင် ရပ်တည်ကာ ကူညီရတော့မည်။
ထိုစဉ်၊ ဖီးနစ်၏ အော်မြည်သံ ထွက်ပေါ်လာခဲ့သည်။ ဟွမ်လင်က အင်မော်တယ်မီးလျှံများထဲမှ လျှောက်လှမ်းလာ၏။ သူက ရှေ့သို့လှမ်းလာပြီး ချင်ယွဲ့နှင့် ပခုံးချင်းယှဉ် ရပ်လိုက်တော့သည်။
ချင်ယွဲ့က ဟွမ်လင်ကိုကြည့်ကာ ချိုသာစွာ ပြုံးပြလိုက်သည်။ ဟွမ်လင်လည်း အံ့အားသင့်သွားပြီးနောက် ပြန်ပြုံးပြလိုက်လေသည်။
ထို့နောက်တွင်၊ လုံချန်နှင့် ဟွမ်လီတို့ကလည်း ရှေ့သို့ တိုးလာခဲ့ကြသည်။
"လုမင်နဲ့ လော့စန်းချုံးကတော့ တိုက်ခိုက်နေကြပြီ။ နောက်ဆုံး ဘယ်သူအနိုင်ရမယ်လို့ထင်လဲ"
"ပြောဖို့ခက်တယ်။ လုမင်က အန္တိမသူတော်စင်နယ်ပယ်ကို တက်လှမ်းခဲ့ပေမဲ့ လော့စန်းချုံးရဲ့ ကျင့်ကြံမှုက အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံမှုအဆင့်ကို ရောက်နေပြီ။
လုမင်က သူ့ရဲ့ မဟာသူတော်စင်နယ်ပယ် ကျင့်ကြံမှုနဲ့ အန္တိမသူတော်စင်နယ်ပယ်က လော့ဖိုခုန်းကို အနိုင်ယူခဲ့ပေမဲ့... လော့စန်းချုံးက လော့ဖိုခုန်း မဟုတ်ဘူး"
"အမှန်ပဲ၊ ဘုရင်ခန္ဓာတွေထဲမှာတောင် အားကောင်းသူနဲ့ အားနည်းသူ ရှိတယ်။ လော့စန်းချုံးရဲ့ တိုက်ခိုက်နိုင်စွမ်းက တကယ်ကို ကြောက်စရာကောင်းတယ်လေ။ သူ့ရဲ့ သိမ်းယူပယ်ဖျက်ခြင်း နိယာမက အင်မတန် အစွမ်းထက်ပြီး အသန်မာဆုံး နိယာမဆယ်ခုကို မယှဉ်နိုင်ရင်တောင် ထိပ်တန်း ဘုရင်နိယာမတွေထဲက တစ်ခုဖြစ်နေတုန်းပဲ"
"ဒါပေမဲ့ ဒီလိုဆိုရင်တောင် ကစဉ့်ကလျားရဲ့သားတော်ကို သာမန်အသိအမြင်နဲ့ တိုင်းတာလို့ မရပါဘူး။ ဒီတိုက်ပွဲမှာ ဘယ်သူအနိုင်ရမလဲဆိုတာ ပြောဖို့ခက်တယ်"
အားလုံးက အနိုင်ရသူကို ခန့်မှန်းနေကြသော်လည်း မည်သူမျှ အတိအကျ မပြောနိုင်သေးပေ။
လူတချို့က လော့စန်းချုံးကို ပိုသန်မာသည်ဟု ထင်ကြသည်။ နောက်ဆုံးတွင်၊ သူ၏ ကျင့်ကြံမှုက လုမင်ထက် ပိုမြင့်မားပြီး သူ၏ သိမ်းယူပယ်ဖျက်ခြင်းနိယာမကလည်း ကြောက်စရာကောင်းသည်။ သူ၏ တိုက်ခိုက်ရေးအင်အားက လုမင်ထက် ပိုသန်မာဖို့ များပေသည်။
သို့သော်လည်း လုမင်၏ ယခင် တိုက်ပွဲရလဒ်များအရ လော့စန်းချုံးထက် အားမနည်းဟု လူတချို့က ခန့်မှန်းကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ယောက်သား တိုက်ခိုက်မှု ဒါဇင်များစွာ ရင်ဆိုင်ခဲ့ကြသော်လည်း ရလဒ်က မသိသာသေးပေ။
"သိမ်းယူပယ်ဖျက်ခြင်းရဲ့ဓား"
လော့စန်းချုံးက ဟိန်းဟောက်လိုက်သည်။ သူက သိမ်းယူပယ်ဖျက်ခြင်းနိယာမနှင့် ဧရာမ ဓားကြီးတစ်လက်ကို ဖွဲ့စည်းပြီး လုမင်ကို ခုတ်ချလိုက်၏။
"သွားစမ်း"
လုမင်၏ အတွေးတစ်ချက်ဖြင့် သူတော်စင်လက်နက်များက စုစည်းမိသွားသည်။ လက်နက်များ၏ စွမ်းအင်က ပေါက်ကွဲထွက်လာပြီး လော့စန်းချုံးထံ ထိုးဖောက်သွားတော့သည်။
သို့သော်၊ လော့စန်းချုံး၏ဓားနှင့် တိုက်မိသောအခါ သူ့အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
အကြောင်းမှာ၊ လော့စန်းချုံး၏ဓားတွင် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားတစ်ခု ရှိနေသည်ဟု သူခံစားမိသောကြောင့် ဖြစ်သည်။ ၎င်းက လက်နက်များ၏ စွမ်းအားကို ဖယ်ထုတ်ချင်ခဲ့သည်။ သူတော်စင်လက်နက်များမှ ပင်မစွမ်းအားကိုပင် ဖယ်ရှားလိုသေးသည်။ သူတော်စင်လက်နက်များ၏ ဝိညာဉ်စွမ်းအားပျောက်ကွယ်သွားသည်နှင့် အသုံးမဝင်သော သတ္တုအပိုင်းအစများအဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။
လုအင်၏ လက်နက်စွမ်းအင်များကို ယူဆောင်သွားပြီးနောက် လော့စန်းချုံး၏ ဓားအင်အားက ပိုပိုပြီး အားကောင်းလာခဲ့သည်။ တစ်ချက် တုန်ခါသွားပြီးနောက် သူတော်စင်လက်နက်အားလုံးက ပြန်လွင့်သွားတော့သည်။
"ရွှစ်... ရွှစ်"
သူတော်စင်လက်နက် နှစ်ရာကျော်က လုမင်၏နောက်တွင် စုရုံးပြီး ကြီးမားသော အတောင်ပံတစ်စုံကို ဖွဲ့စည်းခဲ့သည်။ သူတော်စင်လက်နက်များ၏ စွမ်းအင်ကမူ လုမင်၏လက်ထဲမှ ဓားပေါ်တွင် စုရုံးလာသည်။
လုမင်က ရှေ့တစ်လှမ်းတိုးကာ လော့စန်းချုံးကို သူ၏ဓားဖြင့် ခုတ်လိုက်သည်။
"ဝုန်း"
ဓားက လော့စန်းချုံး၏ဓားကို ယှဉ်ခုတ်မိသွား၏။
"ဖယ်ထုတ်လိုက်စမ်း"
လော့စန်းချုံးက သိမ်းယူပယ်ဖျက်ခြင်း နိယာမဖြင့် လုမင်၏ သူတော်စင်စွမ်းအားအပြင် နိယာမစွမ်းအားကိုပင် ဖယ်ထုတ်ရန် ကြိုးစားလိုက်သည်။
သို့သော်၊ နောက်အခိုက်အတန့်တွင် လော့စန်းချုံး၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ သူ့ခန္ဓာကိုယ်က တုန်ခါသွားကာ နောက်ကို ဆုတ်သွားရတော့သည်။
"မင်း ငါ့ရဲ့ ကစဉ့်ကလျားနိယာမကို ဖယ်ထုတ်နိုင်မှာလား"
လုမင်က အေးစက်စွာပြောပြီး လော့စန်းချုံးကို ဆက်လက်တိုက်ခိုက်လိုက်သည်။
ယခုလေးတင်၊ လုမင်က သူ့ဓားကို ကစဉ့်ကလျားနိယာမဖြင့် ဖုံးအုပ်ထားခဲ့သည်။
ကစဉ့်ကလျားနိယာမသည် အသန်မာဆုံး နိယာမဆယ်ခုအနက်မှ တစ်ခုဖြစ်သည်။ သိမ်းယူပယ်ဖျက်ခြင်း နိယာမက ကြီးစိုးသော်လည်း ကစဉ့်ကလျား နိယာမကို မဟန့်တားနိုင်ပေ။
"သိမ်းယူပယ်ဖျက်ခြင်းရဲ့ဓား"
လော့စန်းချုံး၏ မျက်နှာက မှုန်ကုပ်သွားသည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ ဓားကိုးချောင်း ပေါ်လာ၏။ ဓားကိုးလက်က လမ်းကြောင်းအမျိုးမျိုးမှ လုမင်ကို တိုက်ခိုက်လာတော့သည်။
လုမင်က သူတော်စင်လက်နက်အားလုံးကို ပြန်ရုတ်သိမ်းပြီး အတားအဆီးမဲ့သော ကောင်းကင်သိုင်းဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။
"ဝုန်း... ဝုန်း..."
လုမင်က လက်သီးချက် ကိုးချက် ဆက်တိုက် ထိုးနှက်လိုက်သည်။ ငရဲဖိနှိပ်ကျောက်စာချပ်ပုံရိပ် ကိုးခုက ပေါ်လာပြီး ဓားကိုးလက်နှင့် တိုက်မိသွား၏။
"ဖယ်ထုတ်စမ်း၊ ဖယ်ထုတ်လိုက်စမ်း"
လော့စန်းချုံးက ရူးသွပ်စွာ အော်ဟစ်ရင်း လုမင်၏ တိုက်ခိုက်မှုများကို ဖယ်ထုတ်ရန် ကြိုးစားလိုက်သည်။ သို့သော်၊ အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို ကစဉ့်ကလျားနိယာမမှ ထောက်ပံ့ထားသဖြင့် အသုံးမဝင်ပေ။
ထို့ပြင်၊ အတားအဆီးမဲ့သော ကောင်းကင်သိုင်း၏ စွမ်းရည်က အလွန်ထူးဆန်းသည်။ လုမင်သည် ကစဉ့်ကလျားနိယာမ မရှိလျှင်ပင် တစ်ဖက်လူက အတားအဆီးမဲ့သော ကောင်းကင်သိုင်း၏ စွမ်းအားကို မဖယ်ထုတ်နိုင်ကြောင်း ခံစားခဲ့ရပေသည်။
ငရဲဖိနှိပ်ကျောက်စာချပ် ပုံရိပ်များက မိုးနှင့်မြေကို ဖြိုခွင်းနိုင်ပုံရကာ လော့စန်းချုံး၏ ဓားကိုးလက်ကို ချိုးဖျက်ပစ်လိုက်သည်။
"လော့စန်းချုံးရဲ့ နိယာမက ကန့်သတ်ခံထားရပြီ"
"ကစဉ့်ကလျားနိယာမက နိယာမအားလုံးရဲ့ ဧကရာဇ်ပဲလေ။ သိမ်းယူပယ်ဖျက်ခြင်း နိယာမက အဲဒါကို လုံးဝ မထိခိုက်စေနိုင်ဘူး။ လော့စန်းချုံးက အရေးနိမ့်နေပြီ"
လူတချို့က ဆွေးနွေးပြောဆိုလိုက်ကြသည်။
လော့စန်းချုံး၏ သိမ်းယူပယ်ဖျက်ခြင်း နိယာမက အလွန်လွှမ်းမိုးနိုင်စွမ်းရှိသည်။ ၎င်းက နိယာမများ အပါအဝင် အရာအားလုံးကို ဖယ်ရှားနိုင်စွမ်း ရှိ၏။
သာမန်ဘုရင်နိယာမဖြစ်လျှင် လော့စန်းချုံးမှ ကန့်သတ်ထားမည်ဖြစ်ပြီး သိမ်းယူပယ်ဖျက်ခြင်း နိယာမ၏ သက်ရောက်မှုကို ခံရမည်ဖြစ်သည်။
သို့သော်၊ လုမင်အတွက်တော့ သက်ရောက်မှု မရှိခဲ့ပါပေ။
"ငါက မင်းကို မဖယ်ထုတ်နိုင်မှတော့ အကြွင်းမဲ့အင်အားနဲ့ ချေမှုန်းပြမယ်"
လော့စန်းချုံးက သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ ဓားကိုးလက်က ပျောက်ကွယ်သွားသည်။ ထို့နောက် သူ့လက်ဖဝါးတွင် တံဆိပ်တော်တစ်ခုအဖြစ် ဖွဲ့စည်းသွားပြီး ကြီးမားလာ၏။
ဤတံဆိပ်တော်က အနက်ရောင် ဖြစ်သည်။ ၎င်းက ပေါ်လာသည်နှင့်တပြိုင်နက် မိုးနှင့်မြေ၏ စွမ်းအင်များကို လျင်မြန်စွာ ဆွဲယူသွား၏။ ဧရာမ တံဆိပ်တော်ကြီးမှ ကြောက်စရာကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာတော့သည်။