← Chapters

အခန်း ၁၉၀၇

Vol. 128 Ch. 1907

အခန်း ၁၉၀၇

Vol. 128 Ch. 1907

အပိုင်း ( 1907 ) မရဏဓား တိုက်ခိုက်ခြင်း။

ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းက ပထမဆုံး ဖြတ်တောက်ခံရသည်။

ထို့နောက် ယင်ယန်ငါးဓားနှင့် အစီရင်နိယာမ၏ တံဆိပ်ခတ်ခြင်း စွမ်းအားတို့က တစ်ခုပြီးတစ်ခု ကွဲသွား၏။

လော့ထျန်းယီ၊ ချင်ယွဲ့နှင့် အခြားသူများ၏ တိုက်ခိုက်မှုများသည်လည်း အလားတူပင်။ ဓားအလင်းများ ကျရောက်လာပြီး သူတို့အားလုံး လျင်မြန်စွာ ဆုတ်သွားခဲ့ရသည်။

"သန်မာလွန်းတယ်"

ပတ်ဝန်းကျင်မှ လူတိုင်း အံ့ဩသွားကြသည်။

ဟန်ရှင်းဟဲသည် အလွန်စွမ်းအားကြီး၏။ လုမင်နှင့် အခြား ပါရမီရှင်များက ပူးပေါင်းတိုက်ခိုက်သည့်တိုင် သူ့ကို မယှဉ်နိုင်သေးပါ။

'ဟန်ရှင်းဟဲရဲ့ ကျင့်ကြံမှုက အနည်းဆုံး အန္တိမသူတော်စင်နယ်ပယ် အထွတ်အထိပ်မှာ ရှိတယ်။ ထာဝရခန္ဓာနဲ့ ပေါင်းစပ်လိုက်တော့ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက ပြောပြဖို့ မလွယ်တော့ဘူး'

လုံချန်က အသံပို့လွှတ်ပြီး လူတိုင်းကို ပြောလိုက်သည်။

နောက်ဆုံးမှာတော့ သူတို့၏ ကျင့်ကြံမှုအဆင့်က အားနည်းလွန်းသည်။ သူတို့က တစ်ဖက်လူကို မယှဉ်နိုင်ပေ။

ဟန်ရှင်းဟဲက သာမန်ကျင့်ကြံသူ မဟုတ်ပါ။ သူက အဆင့်တူတွင် ပြိုင်စံရှားသော ထာဝရ၏သားတော် ဖြစ်သည်။ ထို့ပြင်၊ သူ၏ ကျင့်ကြံမှုအခြေခံက သူ့တို့ထက် များစွာ မြင့်မားနေသေးသည်။

"လုမင်၊ ကောင်းကင်ဧကရာဇ်ရဲ့ဓားကို လွှဲပြောင်းပေးအပ်ပါ။ မင်းက ကောင်းကင်ဧကရာဇ်ရဲ့ဓားကို ကိုင်ဆောင်ဖို့ အရည်အချင်းမရှိဘူး"

ဟန်ရှင်းဟဲက အေးစက်စွာပြောသည်။

"ဟန်ရှင်းဟဲ၊ မင်းရဲ့ ကျင့်ကြံမှုအခြေခံက နည်းနည်း ပိုမြင့်မားရုံပါပဲ။ အဆင့်တူမှာ တိုက်ခိုက်မယ်ဆိုရင် မင်းကို အလွယ်တကူ ငါအနိုင်ယူနိုင်တယ်"

လုမင်က ပြောလိုက်သည်။

"မင်းက ငါ့ကို အနိုင်ယူနိုင်မှာလား၊ ဟားဟားဟား... လုမင်၊ ငါမင်းကို ပြောလိုက်မယ်။ မင်းက ကစဉ့်ကလျားနိယာမကို ထိန်းချုပ်ထားရင်တောင် အဆင့်တူမှာ ငါ့ကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး"

"နောက်ပြီးတော့ မင်း ငါ့ကို အဆင့်တူမှာ တိုက်ခိုက်ဖို့ လှုံ့ဆော်နေစရာမလိုပါဘူး။ ကျင့်ကြံမှုအဆင့် ပိုမြင့်မားတာကလည်း ခွန်အားတစ်မျိုးပဲ"

ဟန်ရှင်းက ရှေ့ကို တိုးလာရင်း ပြောလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားစိတ်ဆန္ဒက သူ့ခန္ဓာကိုယ်မှ ထွက်လာပြီး ကောင်းကင်သို့ ထိုးဖောက်သွားသည်။

ဓားစိတ်ဆန္ဒက အလွန်ကြီးစိုးပြီး အရပ်မျက်နှာအနှံ့သို့ လွှမ်းခြုံထားသည့် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ဖြစ်လာ၏။

သူက အကြွင်းမဲ့အင်အားဖြင့် လူတိုင်းကို ချေမှုန်းနိုင်သည်။ အဘယ်ကြောင့် လုမင်နှင့် အဆင့်တူတွင် တိုက်ခိုက်ရမည်နည်း။

ဤကဲ့သို့ စိတ်ကစားခြင်းက သူ့အပေါ် မသောက်ပေ။

"လုမင်၊ မင်းက ကောင်းကင်ဧကရာဇ်ရဲ့ဓားကို မလွှဲပေးချင်မှတော့ ငါကိုယ်တိုင်ရယူမယ်"

ဟန်ရှင်းဟဲက အေးစက်စွာ ပြောလိုက်သည်။ သူ့လက်ထဲမှ ဓားအလင်းကို မြှောက်လိုက်ပြီး သူ့အရှိန်အဝါကလည်း ပိုအားကောင်းလာ၏။

သို့သော်လည်း ဤအခိုက်အတန့်တွင် ဟန်ရှင်းဟဲ၏ ခန္ဓာကိုယ်ပေါ်မှာ ကြည်လင်၍ ဖောက်ထွင်းမြင်နိုင်သော ပူဖောင်းတစ်ခု ပေါ်လာပြီး သူ့ကို ဖုံးအုပ်သွားတော့သည်။

"အချိန်ဟင်းလင်းပြင် နိယာမ"

ဟန်ရှင်းဟဲ၏ မျက်နှာအမူအရာက ပြောင်းလဲသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

"တိုက်ခိုက်ကြ"

လုမင်၏ မျက်လုံးများ တောက်ပလာသည်။ ပူဖောင်းလေးက လှုပ်ရှားလာပြီဖြစ်ကြောင်း သူသိ၏။ အချိန်ဟင်းလင်းပြင် နိယာမ၏ အတက်အကျကို ကြည့်လျှင် အလွန်အစွမ်းထက်သည်။ ပူဖောင်းလေးသည်လည်း အန္တိမသူတော်စင်နယ်ပယ်သို့ ချိုးဖြတ်ခဲ့ကြောင်း ထင်ရှားပေသည်။

လုမင်နှင့် အခြားသူများက တစ်ဖန်ပူးပေါင်းပြီး ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်ကြသည်။

"ချိုးဖျက်စမ်း"

ဟန်ရှင်းဟဲ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတစ်ခု ထွက်ပေါ်လာပြီး ကြည်လင်သော ပူဖောင်းက တိုက်ရိုက် ပေါက်ကွဲသွား၏။ သို့သော်၊ ပတ်ဝန်းကျင်ဟင်းလင်းပြင်က ရေလှိုင်းများကဲ့သို့ စီးဆင်းနေပြီး ဟန်ရှင်းဟဲကို ဟင်းလင်းပြင်ထဲမှာ ဆက်လက်ပိတ်ဆို့ထားခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ အချိန်၏စွမ်းအားက ဟန်ရှင်းဟဲ၏ ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်သွားပြီး သူ၏လှုပ်ရှားမှုများကို နှေးကွေးစေခဲ့ပေသည်။

ဟန်ရှင်းဟဲ၏ အမူအရာက နောက်ဆုံးတွင် ပြောင်းလဲသွားသည်။

အချိန်ဟင်းလင်းပြင်နိယာမကလည်း အသန်မာဆုံးနိယာမ ဆယ်ခုအနက်မှ တစ်ခု ဖြစ်သည်။ ထို့ပြင်၊ ၎င်းက အဆုံးမဲ့ ပြောင်းလဲမှုများရှိပြီး ရန်သူများကို ပိတ်လှောင်ရာတွင် အကောင်းဆုံး ဖြစ်ပေသည်။

အချိန်ဟင်းလင်းပြင်နိယာမ၏ အကူအညီဖြင့် လုမင်နှင့် အခြားသူများက ၎င်းတို့၏ခွန်အားကို အတိုင်းအတာတစ်ခုအထိ ပိုမိုထုတ်လွှတ်စေနိုင်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင်၊ လုမင်နှင့် တခြားသူများ၏ တိုက်ခိုက်မှုများက ရောက်လာသည်။ တိုက်ခိုက်မှုများက ဟန်ရှင်းဟဲကို နစ်မြှုပ်တော့မည်။

"ဝုန်း"

ဤအခိုက်အတန့်တွင်၊ ဟန်ရှင်းဟဲ၏ ခန္ဓာကိုယ်မှ ပိုအားကောင်းပြီး ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော နတ်အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီးနောက် သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည့် အချိန်ဟင်းလင်းပြင် နိယာမက ချက်ချင်း ပြိုကျသွား၏။ လုမင်နှင့် အခြားလူများ၏ တိုက်ခိုက်မှုများက ဤအလင်းရောင်၏ သက်ရောက်မှုအောက်တွင် တိုက်ရိုက်ပြိုကျသွားတော့သည်။

"ထာဝရအလင်း"

"နောက်ပြီးတော့ ဟန်ရှင်းဟဲရဲ့ ကျင့်ကြံမှုက အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံမှုအဆင့်ကို ရောက်နေပြီ"

သူ့ပတ်ဝန်းကျင်တွင် လူများစွာက အော်ဟစ်လိုက်ကြသည်။

"ဒါက ဟန်ရှင်းဟဲရဲ့ စစ်မှန်တဲ့ ကျင့်ကြံမှုအဆင့်လား"

လုမင်နှင့် အခြားသူများမှာ အလွန် လေးနက်နေပုံရသည်။

ယခင် တိုက်ခိုက်မှုများတွင် ဟန်ရှင်းဟဲက သူ၏ ခွန်အားကို အပြည့်အဝ အသုံးမပြုခဲ့ပေ။

သူ၏ ကျင့်ကြံမှုက အန္တိမသူတော်စင်နယ်ပယ်၏ ပြီးပြည့်စုံအမှုအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ငယ်ရွယ်စွာဖြင့် ဤစွမ်းဆောင်မှုက မည်မျှကြောက်စရာကောင်းသနည်း။

သူက ထာဝရနိယာမကို ပြီးပြည့်စုံစေပြီး အန္တိမသူတော်စင်နယ်ပယ်၏ အကန့်အသတ်သို့ ရောက်ရှိနိုင်သရွေ့ ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ဝင်ရောက်ပြီး သိုင်းဧကရာဇ်နယ်ပယ်ကို ချဉ်းနင်းဝင်ရောက်နိုင်မည် ဖြစ်သည်။

ရှေးခေတ်ကတည်းက အသက်ငါးဆယ်အောက်ဖြင့် သိုင်းဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်နိုင်သူများမှာ အများအပြားမရှိခဲ့ပေ။

"ဝှစ်"

ပုံရိပ်တစ်ခုက တောက်ပလာပြီး လုမင်၏ ပခုံးပေါ်တွင် ပေါင်ပေါင်က ပေါ်လာခဲ့သည်။

"အဲဒီလူက အရမ်းသန်မာတယ်။ ပေါင်ပေါင်က သူ့ကို မထိန်းချုပ်နိုင်ဘူး။ တွိ...တွိ"

(ပူဖောင်းလေးကို ပေါင်ပေါင်လို့ ‌ပြောင်းခေါ်မယ်နော်)

"သိပ်ကောင်းတယ်၊ မင်းတို့ မဆိုးဘူး။ ငါ့ရဲ့ ခွန်အားအပြည့်ကို အသုံးပြုဖို့ တွန်းအားပေးနိုင်တယ်။ ဒီအတွက် ငါ့ရဲ့ဒေါသကို ခံစားရစေမယ်"

ဟန်ရှင်းဟဲက အေးစက်သော သတ်ဖြတ်ချင်စိတ်တို့ကို ထုတ်ဖော်လိုက်သည်။

သူ့လက်ထဲတွင် ဓားတစ်ချောင်း ပေါ်လာသည်။ ၎င်းက ဧကရာဇ်လက်နက်တစ်ခုဖြစ်ပြီး ဓားစွမ်းအင်က ကောင်းကင်သို့ ထိုးတက်သွား၏။

ထိုအချိန်တွင်၊ ဟန်ရှင်းဟဲက သူ၏ ကျင့်ကြံမှုအခြေခံကို အပြည့်အဝ ထုတ်ဖော်ခဲ့ပြီး သူ့အရှိန်အဝါက ကြောက်စရာကောင်းလွန်းသည်။

"ပြီးသွားပြီ။ လုမင်နဲ့ တခြားသူတွေ ပြီးပြီ။ သူတို့က သန်မာပေမဲ့ ဟန်ရှင်းဟဲကို မယှဉ်နိုင်ဘူး"

"အမှန်ပဲ၊ ဒါပေမဲ့ လုမင်ဘက်က အင်အားက တကယ်ကြောက်ဖို့ကောင်းတယ်။ အချိန်နဲ့ဟင်းလင်းပြင်နိယာမကို ထိန်းချုပ်ထားတဲ့ လူတစ်ယောက်လည်း ရှိသေးတယ်။ ဒီလူအားလုံး ကြီးပြင်းလာရင် ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ"

"ဟန်ရှင်းဟဲက သူတို့ကို ဒီနေရာမှာ သတ်တော့မှာလား"

"ဒါကတော့ ပြောရခက်တယ်"

ယနေ့ မြင်ကွင်းက လူတိုင်း၏ မျှော်လင့်ချက်ထက် အဆပေါင်းများစွာ ကျော်လွန်သွားခဲ့သည်။

အစပိုင်းတွင်၊ လော့စန်းချုံးက လုမင်တို့ကို ပြဿနာရှာခဲ့သော်လည်း လုမင်ကို ရှုံးနိမ့်ခဲ့သည်။ ထို့နောက် ဟန်ရှင်းဟဲက လှုပ်ရှားခဲ့ပြီး လုမင်ဘက်မှ ကျွမ်းကျင်သူ အရေအတွက်က ဆက်လက်တိုးလာခဲ့၏။

ယခုအချိန်အထိ ဘုရင်ခန္ဓာများအပြင် ကောင်းကင်သားတော်က နှစ်ဦးအထိ ရှိနေပြီဖြစ်သည်။ ဤအင်အားက မည်မျှကြောက်စရာကောင်းသနည်း။

ဤအရာက ပါရမီရှင်များစွာ၏ မျက်နှာကို တင်းမာသွားစေသည်။

အကယ်၍ ဤလူများ၏ ကျင့်ကြံမှုအခြေခံ မြင့်မားလာပါက မည်သူက သူတို့ကို ယှဉ်နိုင်မည်နည်း။

"ချီးပဲ၊ ဟန်ရှင်းဟဲက ဒီကောင်တွေကို သတ်ပစ်နိုင်မယ်လို့ ငါမျှော်လင့်တယ်"

လော့စန်းချုံးလည်း တုန်လှုပ်သွားမိသည်။

လုမင်က ဤမျှကြောက်စရာကောင်းသော ပါရမီရှင်များစွာကို စုဆောင်းနိုင်မည်ဟု မမျှော်လင့်ထားပေ။

"ဝှစ်..."

ဟန်ရှင်းဟဲက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် သူ့ပုံရိပ်က ရုတ်တရက် ပျောက်သွားသည်။ နောက်အခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတစ်ခုက လုမင်နှင့် အခြားလူများဆီသို့ ကျရောက်လာ၏။

လုမင်နှင့် တခြားသူများ အားလုံး ရင်ထိတ်သွားကြသည်။ ဤဓားအလင်းမှ ကြီးမားသော အန္တရာယ်ကို ခံစားရသည်။

"ပူးပေါင်းကြစို့"

လုမင်က အော်ပြောလိုက်သည်။ ဤတိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ ၎င်းတို့၏ အင်အားအကုန် စုပေါင်းခြင်းဖြင့် တားဆီးနိုင်တော့မည်။

လုမင်၏ မျက်ခုံးနှစ်ခုကြားမှ အလင်းရောင်တစ်ချက်လက်သွားပြီး တာ့ယန်ဆေးမီးဖိုက ထွက်ပေါ်လာသည်။ သူ၏ ဒန်တျန်အတွင်းရှိ သူတော်စင်နှလုံးသား နှစ်ခုကလည်း လျင်မြန်စွာ လည်ပတ်လျက်ရှိ၏။ သူတော်စင်စွမ်းအင်ကို တာ့ယန်ဆေးမီးဖိုအတွင်းသို့ သွန်းလောင်းလိုက်သည်နှင့် ၎င်းမှာ တောင်လုံးတမျှ ကြီးမားလာတော့သည်။

သို့သော်... လုမင် အခြားလူများက အစွမ်းကုန်သုံး၍ ထုတ်ဖော်ခါနီးတွင် နက်မှောင်သော ဓားအလင်းတစ်ခုက အဝေးမှ လေဟာနယ်ကို ထိုးခွဲကာ သူတို့ထံ ဖြတ်သန်းလာခဲ့သည်။

ဤဓားအလင်းက သေခြင်းတရား၏ အငွေ့အသက်နှင့် ပြည့်နှက်နေ၏။ ၎င်းက ကမ္ဘာပေါ်ရှိ သက်ရှိအားလုံးကို သေခြင်းတရားသို့ တွန်းပို့လိုသကဲ့သို့ပင်။

"ဝုန်း"

ဓားအလင်းနှင့် ဓားအလင်းတို့က တိုက်မိပြီးနောက် ပေါက်ကွဲသွားကြသည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်လှိုင်းများက အရပ်ရပ်သို့ ဖြာထွက်သွား၏။

"ဝှစ်"

ထို့နောက် ဝတ်စုံနက်ဝတ် လူငယ်တစ်ယောက်က ပေါ်လာပြီး ဟန်ရှင်းဟဲ၏ရှေ့တွင် ရပ်လိုက်သည်။ သူ့လက်ထဲတွင် ဓားတစ်ချောင်းကို ကိုင်ထားပြီး သူ့တစ်ကိုယ်လုံးမှာလည်း သေခြင်းတရား၏ ပြင်းထန်သော အငွေ့အသက်ဖြင့် ပြည့်နေတော့သည်။

"ဒါက မရဏဓားပဲ"

"မရဏဓားက ဟန်ရှင်းဟဲကို တကယ်တိုက်ခိုက်ခဲ့တယ်။ မရဏဓားကလည်း လုမင်တို့နဲ့ ရင်းနှီးပြီးသား ဖြစ်နေတော့တာလား"

ထိုလူငယ်ကို တွေ့သောအခါ လူတော်တော်များများ အံ့သြသွားကြသည်။

သေခြင်း၏သားတော် မရဏဓားက ဟန်ရှင်းဟဲကို တိုက်ခိုက်ခဲ့ပေသည်။

"မရဏဓား၊ မင်းက လုမင်နဲ့ တခြားသူတွေကို ကူညီချင်တာလား"

ဟန်ရှင်းဟဲက အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သူ့မျက်လုံးအတွင်းမှ စူးရှသော အလင်းရောင်တစ်ခု လင်းလက်လာ၏။

"မဟုတ်ဘူး"

မရဏဓားက ခေါင်းခါယမ်းလိုက်သည်။

"ငါ မင်းကို ကြည့်မရလို့ တိုက်ခိုက်ခဲ့တာ"

သူ့စကားကြောင့် လူများစွာတို့ ဆွံ့အသွားကြသည်။

မရဏဓားက ဟန်ရှင်းဟဲကို တကယ် ကြည့်မရလို့ တိုက်ခိုက်ခဲ့တာလား။

လုမင်ကတော့ တစ်ချက်လှမ်းကြည့်ပြီးနောက် နှုတ်ခွန်းတွန့်ရုံ ပြုံးလိုက်သည်။

လုမင်က ဟွင်းယွမ်ဂိုဏ်း၏ ရွှေရောင် အမွေဆက်ခံသူဖြစ်ပြီး မရဏဓားကတော့ ငွေရောင် အမွေဆက်ခံသူတစ်ယောက်သာ ဖြစ်သည်။ သဘာဝအတိုင်း၊ သူက ဟန်ရှင်းဟဲကြောင့်မဟုတ်ဘဲ လုမင်အတွက် တိုက်ခိုက်ခဲ့ရပေသည်။

All Chapters