← Chapters

အခန်း ၁၉၀၉

Vol. 128 Ch. 1909

အခန်း ၁၉၀၉

Vol. 128 Ch. 1909

အပိုင်း ( 1909 ) မဟာဧကရာဇ်များ၏ တိုက်ပွဲ။

ဟန်မိသားစုမှ စစ်မှန်သောဧကရာဇ်များ၏ မျက်နှာများက မှုန်ကုပ်သွားသည်။

တခြား အင်အားစုတစ်ခုမှ လူတစ်ယောက်သာ ထိုသို့ပြောဝံ့လျှင် သူတို့က သေချာပေါက် သတ်ပစ်လိမ့်မည်။ သို့သော်လည်း တစ်ဖက်လူက ယွမ်တောင် မြင့်မြတ်သောကျောင်းတော်၏ ဆရာတစ်ဦး ဖြစ်သည်။ ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ကို မဟာဧကရာဇ်ကြီးသုံးဦးက တည်ထောင်ခဲ့ခြင်း ဖြစ်၏။ သူတို့၏ ဟန်မိသားစုက အင်အားကြီးမားသော်လည်း ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ကို မလွန်ဆန်ဝံ့ပေ။

ဟန်မိသားစု၏ စစ်မှန်သောဧကရာဇ်များက တစ်စုံတစ်ခုကို တိတ်ဆိတ်စွာ‌ ဆွေးနွေးနေပြီးနောက် တစ်ယောက်က သတင်းပို့လိုက်သည်။

ခဏအကြာတွင်၊ ဟန်မိသားစုမှ ဧကရာဇ်တစ်ပါးက ပြောလိုက်၏။

"လုမင်၊ မင်းက ကောင်းကင်ဧကရာဇ်ဓားကို ယူထားနိုင်တယ်၊ ဒါပေမဲ့ မင်း ငါတို့ကို ကျင့်စဉ်ကိုတော့ ပေးရမယ်"

ထိုစကားကို ကြားရပြီးနောက် ဟန်ရှင်းဟဲ၏ မျက်လုံးများက စူးရှစွာ တောက်ပလာသည်။

တစ်ချိန်က သူသည် ကောင်းကင်ဧကရာဇ်၏ဓားကို သူ၏ဓားဖြစ်မည်ဟု ဆိုခဲ့သော်လည်း ယခုအခါ လုမင်က ၎င်းကို ပိုင်ဆိုင်ထားနိုင်တော့မည်။ ဒါက သူ့ကို သိပ်စိတ်မသက်မသာဖြစ်စေသည်။

ယွမ်တောင် မြင့်မြတ်သောကျောင်းတော်မှ ဆရာများ၏ အမူအရာလည်း အနည်းငယ် ပြောင်းလဲသွားကြသည်။ ဟန်မိသားစုက ခြေတစ်လှမ်းဆုတ်လိုက်ကြောင်း ထင်ရှားပေသည်။ သူတို့က လုမင်ကို လှမ်းကြည့်လိုက်ပြီး တစ်ယောက်က မေးလိုက်သည်။

"လုမင်၊ မင်း ဘယ်လိုသဘောရလဲ"

"ဓားမှာ ဘာကျင့်စဉ်မှ မရှိပါဘူး။ ဒါကြောင့် ပေးစရာလည်း မရှိဘူး"

လုမင်က ပြောသည်။

သူသည် ကောင်းကင်ဧကရာဇ်ဓားကို ဆွဲထုတ်ခဲ့သော်လည်း မည်သည့်ထူးခြားမှုမျှကို မတွေ့ခဲ့ရပေ။ ၎င်းက သာမာန်ကျောက်ဓားတစ်လက်နှင့်တူပြီး ဓားသင်္ချိုင်းတွင်သာ တစ်ကြိမ် လှုပ်ရှားခဲ့သည်။ ထိုအချိန်က လုမင်ကို တစ်ကြိမ် ကယ်တင်ခဲ့ပြီး ဓားရင်းမြစ် အများအပြားကိုပင် စုပ်ယူခဲ့ပေသည်။

"လုမင်၊ မရောင့်တက်လာပါနဲ့။ ငါ့ဟန်မိသားစုက နောက်ဆုတ်ပေးပြီးသွားပြီ၊ လောဘကြီးလွန်းရင် မင်းကိုယ်ကို ပျက်စီးစေလိမ့်မယ်"

ဟန်ရှင်းဟဲက အော်လိုက်သည်။

ဟန်မျိုးနွယ်မှ ဧကရာဇ်များ၏ မျက်လုံးများမှာလည်း အေးစက်သော အရိပ်အယောင်များ ပေါ်လာပေသည်။

သူတို့အမြင်တွင် သူတို့က လိုက်လျောပေးပြီးပြီဖြစ်သော်လည်း လုမင်က လောဘကြီးလွန်းသည်။ သူက ကောင်းကင်ဧကရာဇ်ဓား၏ ကျင့်စဉ်ကိုပင် မလွှဲပြောင်းပေးလိုပေ။

"လုမင်၊ ကောင်းကင်ဧကရာဇ်ဓားရဲ့ ကျင့်စဉ်က ငါတို့မိသားစုအတွက် အရမ်းအရေးကြီးတယ်"

"အမှန်ပဲ၊ လူငယ်တွေအနေနဲ့ ဘယ်အချိန်မှာ ရပ်သင့်တယ်ဆိုတာ သိသင့်တယ်။ မင်းရဲ့ အရည်အချင်းနဲ့ လမ်းတစ်ဝက်မှာ သေသွားရင် ရှက်စရာပဲ"

ဟန်မျိုးနွယ်၏ စစ်မှန်သောဧကရာဇ်များက ပြောလိုက်ကြသည်။ သူတို့၏ ခြိမ်းခြောက်မှုက ထင်ရှားနေပြီ။

"ကျုပ်ပြောခဲ့ပြီးပြီ။ ဓားမှာ ဘာကျင့်စဉ်မှ မရှိဘူး"

လုမင်က

လုမင်က ထပ်ပြောလိုက်၏။

"မင်းငြင်းဝံ့သေးလား"

ဟန်မိသားစု၏ စစ်မှန်သောဧကရာဇ်များထဲမှ တစ်ယောက်က အော်ငေါက်လိုက်သည်။ သူ့အသံက ကျယ်လောင်စွာ ထွက်ပေါ်လာပြီး လုမင်ကို ဖိအားပေးထားသည့် ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာတော့သည်။

ယွမ်တောင် မြင့်မြတ်သောကျောင်းတော်မှ ဆရာတစ်ဦးက မျက်မှောင်ကြုတ်ကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ အင်အားလှိုင်းတစ်ခုက ထွက်ပေါ်လာပြီး မုန်တိုင်းကို ဖျက်ဆီးပစ်လိုက်၏။

"စစ်မှန်တဲ့ဧကရာဇ်တစ်ပါးအနေနဲ့ လက်ပါတာက‌တော့ တရားလွန်သွားပြီ"

ယွမ်တောင် မြင့်မြတ်သောကျောင်းတော်၏ ဆရာက မျက်မှောင်ကြုတ်ပြီး လုမင်ကို တစ်ဖန်ကြည့်ကာ မေးလိုက်သည်။

"လုမင်၊ မင်းက ဓားမှာ ကျင့်စဉ်တစ်ခုခုကို တကယ် မတွေ့ဘူးလား"

"မတွေ့ပါဘူး၊ ဓားကို ရရှိကတည်းက ဘာမှထူးခြားမှုမရှိခဲ့ဘူး။ အဲဒါက ရိုးရိုးကျောက်ဓားတစ်လက်ပဲ"

လုမင်က ပြောလိုက်၏။

"လိမ်တာ၊ ငါ့ဟန်မိသားစုရဲ့ ရှေးဟောင်းမှတ်တမ်းတွေအရ ကောင်းကင်ဧကရာဇ်ဓားမှာ ကောင်းကင်ဧကရာဇ် ချန်ထားခဲ့တဲ့ ကျင့်စဉ်တွေ ပါဝင်တယ်လို့ ဆိုထားတယ်။ အဲဒါက ဘာမှမရှိတာ ဘယ်လိုဖြစ်နိုင်မှာလဲ"

ဟန်မိသားစုမှ စစ်မှန်သောဧကရာဇ်တစ်ပါးက အော်ဟစ်လိုက်သည်။

"ကြည့်ရတာ ဓားက ခင်ဗျားတို့ ဟန်မိသားစုအပိုင် ဖြစ်ပုံမရဘူး၊ ဒါမှမဟုတ် ဟန်မိသားစုက ကောင်းကင်ဧကရာဇ်ရဲ့ ဆင်းသက်လာသူတွေ ဘယ်တုန်းကမှ မဟုတ်ခဲ့လို့ပေါ့"

လုမင်က‌ လှောင်ပြောင်လိုက်၏။

"ငါ့ဟန်မိသားစုကို ဘယ်လိုတောင် မင်းစော်ကားဝံ့တာလဲ။ မင်းသေရမယ်"

ဟန်မိသားစုမှ စစ်မှန်သောဧကရာဇ်တစ်ပါးက ဒေါသပေါက်ကွဲသွားသည်။ သူက ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါတို့ကို ထုတ်လွှတ်လိုက်ပြီး ရှေ့သို့ တိုးလာခဲ့၏။

ဟန်မိသားစုသည် ကောင်းကင်ဧကရာဇ်မှ ဆင်းသက်လာမှုအပေါ် သူတို့ အမြဲတမ်း ဂုဏ်ယူနေခဲ့သည်။ ယခုတော့ လုမင်က သူတို့ဟာ ကောင်းကင်ဧကရာဇ်၏ မျိုးဆက်မဟုတ်ဘူးဟု စွပ်စွဲပြောဆိုဝံ့သည်။ ဒါက ဟန်မိသားစုအတွက် အကြီးဆုံး စော်ကားမှုပင်။

သတ်ဖြတ်ခြင်းမရှိဘဲ သူတို့ရဲ့ဂုဏ်သိက္ခာကို ထူထောင်နိုင်ရန် တကယ်ခက်ပုံရသည်။

"တော်လောက်ပြီ"

ထိုအချိန်တွင်၊ ယွမ်တောင် မြင့်မြတ်သောကျောင်းတော်၏ နက်နဲသော အရပ်မှ အိုမင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။

ဤအသံသည် ယွမ်တောင် မြင့်မြတ်သောကျောင်းတော်မှ ပါရမီရှင်များအတွက် အလွန်နူးညံ့သိမ်မွေ့သော်လည်း ဟန်မျိုးရိုး စစ်မှန်သောဧကရာဇ်အတွက် မိုးကြိုးထစ်ချုန်းသံကဲ့သို့ပင်။

ဟန်မိသားစု၏ စစ်မှန်သောဧကရာဇ်က တုန်လှုပ်သွားပြီး ကတိုက်ရိုက် နောက်ပြန်ဆုတ်သွားသည်။ သူက သွေးအန်လုနီးဖြစ်ပြီး သူ့အမူအရာကလည်း သိသိသာသာ ပြောင်းလဲသွားတော့သည်။

"မဟာဧကရာဇ်"

ဟန်မိသားစုမှ စစ်မှန်သောဧကရာဇ်က ထိတ်လန့်တုန်လှုပ်စွာ အော်လိုက်သည်။

"ဒါက မဟာဧကရာဇ်ဝူရှန်းပဲ"

လုမင်နှင့် ကျန်လူများက ထိုအသံကိုကြားသောအခါ မဟာဧကရာဇ်ဝူရှန်းဖြစ်ကြောင်း သိလိုက်ကြသည်။ ယခင်က ဧကရာဇ်ဝူရှန်း တာအိုဟောပြောနေချိန်၌ သူ၏အသံကို သဘာဝအတိုင်း မှတ်မိခဲ့ကြပေသည်။

ယခုအချိန်တွင် မဟာဧကရာဇ်ဝူရှန်း ပေါ်လာမည်ဟု မည်သူကထင်ထားခဲ့မည်နည်း။

"ဒါက ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ပါ၊ အားလုံးပဲ ထွက်သွားလိုက်ကြတော့"

မဟာဧကရာဇ်ဝူရှန်း၏ အသံက ထပ်မံထွက်ပေါ်လာသည်။ ကြမ်းတမ်းသော စကားကို မသုံးသော်လည်း သူ၏ အရှိန်အဝါမှာ သံသယဖြစ်ဖွယ်မရှိပေ။

ဟန်မိသားစုမှ စစ်မှန်သောဧကရာဇ်က မျက်စိမျက်နှာပျက်သွားကြသည်။

သို့သော်လည်း ဤသည်မှာ ယွမ်တောင် မြင့်မြတ်သောကျောင်းတော် ဖြစ်သည်။ မဟာဧကရာဇ်ဝူရှန်း ပြောသည့်စကားအတိုင်း နာခံရန်မှတပါး ရွေးချယ်စရာ မရှိပေ။

စစ်မှန်သောဧကရာဇ်များက အခြားသော ကျင့်ကြံသူများ၏ အမြင်တွင် မြင့်မြတ်သော တည်ရှိမှုများ ဖြစ်ကြသည်။ သို့ရာတွင်၊ သူတို့က မဟာဧကရာဇ်၏ ရှေ့မှောက်မှာတော့ ကလေးငယ်များကဲ့သို့ပင်။

"ဝူရှန်း"

ထိုအချိန်တွင် ယွမ်တောင် မြင့်မြတ်သောကျောင်းတော်၏ အပြင်ဘက် မသိနိုင်သော အကွာအဝေးမှ အိုမင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။

"ဘိုးဘေး"

ဟန်မိသားစု၏ စစ်မှန်သောဧကရာဇ်သုံးပါးက ထိုအသံကို ကြားရပြီးနောက် အလွန်ဝမ်းသာသွားကြသည်။

လူများစွာမှာတော့ တုန်လှုပ်သွား၏။

ဟန်မျိုးရိုးမှ စစ်မှန်သောဧကရာဇ်သုံးပါးက ထိုအသံရှင်ကို "ဘိုးဘေး"ဟု ခေါ်ရသည်။ ထို့ပြင် သူက မဟာဧကရာဇ်ဝူရှန်းကို နာမည်တပ်၍ ခေါ်ဝံ့ပေသည်။ ဖြစ်နိုင်ခြေက တစ်ခုသာရှိသည်။ သူကလည်း မဟာဧကရာဇ်ကြီးပင်။

ဟန်မိသားစုတွင် မဟာဧကရာဇ်ရှိသည်ဟု ကောလာဟလများ ထွက်ပေါ်နေပြီး ယခုတော့ ဒါက အမှန်ဖြစ်ပုံရသည်။

"ဝူရှန်း၊ ကောင်းကင်ဧကရာဇ်ရဲ့ဓားဟာ ဟန်မိသားစုရဲ့

အရေးကြီးတဲ့ အမွေအနှစ် ပညာရပ်တစ်ခုနဲ့ သက်ဆိုင်တယ်။ မင်းတကယ် ဝင်စွက်ဖက်ချင်တာလား"

ယွမ်တောင် မြင့်မြတ်သောကျောင်းတော်၏ အပြင်ဘက် မသိနိုင်သောအကွာအဝေးမှ အသံက ထွက်လာပြန်သည်။

"ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်၊ ဒါက ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ဖြစ်ပြီး လုမင်ကလည်း ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ရဲ့ တပည့်ဖြစ်လို့ သူ့ကို ငါကာကွယ်ပေးရမယ်။ အဲဒါက ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ရဲ့ တခြားတပည့်တွေအတွက်လည်း အတူတူပဲ။ တစ်ယောက်ယောက်က ယွမ်တောင် မြင့်မြတ်သောကျောင်းတော်မှာ မဟုတ်တာလုပ်ဝံ့ရင် ငါက သေချာပေါက် ရပ်တည်ရလိမ့်မယ်"

မဟာဧကရာဇ်ဝူရှန်း၏ အသံက ခိုင်မာပြတ်သားပြီး သံသယဖြစ်ဖွယ် မရှိပေ။

ယွမ်တောင် မြင့်မြတ်သောကျောင်းတော်၏ တပည့်တစ်ဦးဖြစ်သရွေ့ မည်သူမည်ဝါဖြစ်ပါစေ ကာကွယ်စောင့်ရှောက်မည် ဖြစ်သည်။

"ဟားဟားဟားဟား"

ဟန်မိစားစု၏ မဟာဧကရာဇ်က ရယ်မောပြီး ဆက်ပြောလိုက်သည်။

"ဝူရှန်း၊ ငါတို့ မတွေ့ဖြစ်တာ နှစ်အတော်ကြာပြီ။ မင်း ဘယ်လောက်ထိ တိုးတက်နေပြီလဲဆိုတာ ငါသိချင်တယ်။ အခု ငါတို့တွေ ဘာဖြစ်လို့ မတိုက်ခိုက်ကြည့်ရမှာလဲ"

"ငါလည်း ဒါကိုတွေးနေတာပဲ၊ မင်း ဘယ်လောက်ထိ တိုးတက်နေပြီလဲ ငါကြည့်ချင်တယ်"

မဟာဧကရာဇ်ဝူရှန်းက နောက်မဆုတ်ပေ။

လူများစွာက တုန်လှုပ်သွားကြသည်။ မဟာဧကရာဇ်နှစ်ပါး တိုက်ခိုက်ကြတော့မည်။ ဒါက တစ်သက်မှာ တစ်ခါဖြစ်ခဲ့သော အဖြစ်အပျက်တစ်ခု ဖြစ်သည်။

"ဝုန်း... ဝုန်း"

ဟန်မိသားစု၏ ဦးတည်ရာနှင့် ယွမ်တောင် မြင့်မြတ်သောကျောင်းတော်၏ နက်နဲရာမှ ကြောက်မက်ဖွယ်ရာ ဖိအားများ ထွက်ပေါ်လာသည်။ ထို့နောက် အလင်းတန်းနှစ်ခုက လင်းလက်ကာ ကောင်းကင်သို့ ထိုးတက်သွား၏။

အလင်းရောင် ဖြတ်သန်းသွားတိုင်း လေဟာနယ်က အက်ကွဲသွားရသည်။ လူရိပ်နှစ်ခုက လေဟာနယ် အက်ကြောင်းအတွင်းကို‌ ပြေးဝင်သွားတော့သည်။

"ဝုန်း"

ထို့နောက်တွင် ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှုတစ်ခု လေထဲမှ ထွက်ပေါ်လာခဲ့သည်။ ကောင်းကင်တစ်ခုလုံး တုန်လှုပ်သွားပုံရ၏။ ကောင်းကင်မှ ကြီးမားသော ဖိအားတစ်ခုက ထွက်ပေါ်လာပြီး ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးတော့မည်ကဲ့သို့ လူများမှာ ခံစားလာရတော့သည်။

မဟာဧကရာဇ် နှစ်ပါးက လေဟာနယ်ထဲတွင် တိုက်ခိုက်ခဲ့ကြသည်။

အကယ်၍ မဟာဧကရာဇ်များက ကောင်းကင်ဧကရာဇ်မြို့တော်တွင် တိုက်ပွဲဝင်ခဲ့လျှင် မြို့တော်ကြီး ပျက်စီးပြီး မရေမတွက်နိုင်သော လူများ သေကြေပျက်စီးရလိမ့်မည်။

"ဝုန်း... ဝုန်း"

လေဟာနယ်ထဲတွင် ဆက်တိုက် ပေါက်ကွဲသံများ ရှိခဲ့သည်။ ဟင်းလင်းပြင်က ရေမျက်နှာပြင်ကဲ့သို့ လှိုင်းထလာ၏။ ထို့နောက်တွင်၊ ဟင်းလင်းပြင်တစ်ခုလုံးကပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ဆက်တိုက်ပေါ်လာတော့သည်။

"ကြောက်စရာကောင်းလိုက်တာ"

လူအများ၏ ရင်ထဲတွင် တဒုန်းဒုန်း ခုန်ပေါက်နေသလို ခံစားခဲ့ရသည်။ သူတို့၏ ကြွက်သားများက တောင့်တင်းနေပြီး လွန်စွာ တုန်လှုပ်ချောက်ချားကြ၏။

ကြောက်စရာကောင်းလွန်းသည်။ လေဟာနယ်ထဲတွင် တိုက်ပွဲဝင်နေကြသော်လည်း မြင်ကွင်းမှာ မိုးပြိုခမန်း ဖြစ်နေဆဲပင်။ ကြီးစွာသော ကပ်ဘေးတစ်ခုက ၎င်းတို့အပေါ် ကျရောက်တော့မည်ဟု လူတိုင်း ခံစားမိကြသည်။

မဟာဧကရာဇ်များ၏ ကမ္ဘာငယ်လေးများက သက်ရှိသတ္တဝါများကို မွေးထုတ်ပေးနိုင်ပြီး မဟာလမ်းစဉ်ကို ထိန်းချုပ်နိုင်သည်။ သူတို့သည် အလွန်စွမ်းအားကြီး၏။ စစ်မှန်သောဧကရာဇ်များသည်ပင် သူတို့ရှေ့တွင် ကလေးငယ်များကဲ့သို့ အားနည်းလွန်းကြပေသည်။

ကောင်းကင်ဧကရာဇ်များ မပေါ်ထွန်းသောခေတ်တွင် မဟာဧကရာဇ်များက လောက၏အထွတ်အထိပ် တန်ခိုးရှင်ကြီးများ ဖြစ်သည်။

တစ်ဦး ထွက်ပေါ်လာသည်နှင့် ကမ္ဘာတစ်ခုလုံး၏ အာရုံစိုက်ခြင်းကို ခံကြရလိမ့်မည်။

All Chapters