← Chapters

အခန်း ၁၉၁၃

Vol. 128 Ch. 1913

အခန်း ၁၉၁၃

Vol. 128 Ch. 1913

အပိုင်း ( 1913 ) အန္တိမသူတော်စင် စစ်မြေပြင်။

ထို့နောက်တွင်၊ ယွမ်တောင် မြင့်မြတ်သောကျောင်းတော်က ပို၍ပင် ဖရိုဖရဲ ဖြစ်လာသည်။ အဖွဲ့အစည်း အသီးသီးက ကျင့်ကြံမှုနေရာများအတွက် ယှဉ်ပြိုင်ရင်း သတ်ဖြတ်မှုများ ပြုလုပ်ကြ၏။

ယွမ်တောင် မြင့်မြတ်သောကျောင်းတော်တွင် ကျင့်ကြံမှုနယ်မြေများက အရေးကြီးဆုံး ကျင့်ကြံမှုအရင်းမြစ်တစ်မျိုး ဖြစ်သည်။ ၎င်းက ကျင့်ကြံမှုအတွက် အလွန်အထောက်အကူဖြစ်ပေရာ သဘာဝအတိုင်း ပြိုင်ဆိုင်မှုကလည်း အလွန်ပြင်းထန်ပေသည်။

ဒါတွေအားလုံးကို ယွမ်တောင် မြင့်မြတ်သောကျောင်းတော်၏ ဆရာများကလည်း ဝင်မစွတ်ဖက်ပေ။

ထိုနေ့မှစ၍ ကျောင်းတော်မှ ဆရာများအားလုံး ပျောက်ကွယ်သွားပုံရသည်။ ကျင့်ကြံမှုနေရာများကို ထိန်းသိမ်းရန်အတွက် လူအနည်းငယ်သာ ကျန်ရှိတော့သည်။

ထို့နောက်တွင် အစုအဖွဲ့လေးများက မဟာမိတ်များဖွဲ့ကာ အင်အားကြီးအဖြစ် စုစည်းလာခဲ့ကြသည်။ မဟာမိတ်များက တစ်ခုပြီးတစ်ခု ပေါ်လာကြ၏။

ထိုမဟာမိတ်များ၏ ခေါင်းဆောင်များအားလုံးကလည်း သူတော်စင်ဘုရင်စာရင်းမှ ဩဇာကြီးသူများ ဖြစ်သည်။

ယွမ်တောင် မြင့်မြတ်သောကျောင်းတော်တွင် သတ်ဖြတ်ခြင်းကို မတားမြစ်ပေ။ ထို့ကြောင့် နှစ်လအကြာတွင် ယွမ်တောင် မြင့်မြတ်သောကျောင်းတော်မှာ မဟာမိတ်များ အသီးသီး ပေါ်ပေါက်လာခဲ့သည်။

လုမင်နှင့် အခြားသူများလည်း သူတို့၏ နေထိုင်ရာတောင်ပေါ်တွင် စုဝေး‌နေကြပေသည်။

"လုမင်၊ ငါတို့ မဟာမိတ်ဖွဲ့သင့်သလား"

ဟွမ်လင်က ပထမဆုံး အကြံပြုလိုက်သည်။

"မဟာမိတ်ဖွဲ့တာ ကောင်းတယ်လို့ ငါလည်းထင်တယ်။ မဟာမိတ်ဖွဲ့ပြီးတာနဲ့ တခြားသူတွေလည်း လာပူးပေါင်းနိုင်တာကြောင့် ငါတို့ရဲ့ ခွန်အား ပိုတိုးလာလိမ့်မယ်"

အိုးရန်ဝူရွှမ့်က ပြောသည်။

"ဟုတ်တယ်၊ ငါတို့ မဟာမိတ်ဖွဲ့ရင် လူတွေက ငါတို့နဲ့ ပူးပေါင်းလာလိမ့်မယ်။ အခုချိန်မျိုးမှာ လူသိပိုများတော့ နောင်အခါမှာ အကျိုးရှိတာပေါ့"‌

လော့ထျန်းယီကလည်း ပြောလိုက်၏။

ထို့နောက် အခြားသူများကလည်း မဟာမိတ်ဖွဲ့ရန် အချိန်တန်ပြီဟု ပြောဆိုလာကြသည်။

သို့သော်လည်း အားလုံးက လုမင်၏ အမြင်ကို စောင့်နေကြပေသည်။

ဤကာလအတွင်း၌ လူတိုင်းနီးပါးက လုမင်၏ ဦးဆောင်မှုကို လိုက်နာခဲ့ကြသည်။

ထိုစဉ်၊ သတင်းတစ်ခု ရောက်လာသည်။

ဟန်ရှင်းဟဲက သူ၏နေထိုင်ရာ မိုင်တစ်ရာဝန်းကျင်ကို လွှမ်းခြုံထားနိုင်သော အစီရင်ဓာတ်ပြားကို သူတော်စင်စစ်မြေပြင်တွင် အောင်မြင်စွာ ရယူနိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် သူက ကောင်းကင်ဧကရာဇ်မဟာမိတ်ကို ထူထောင်ခဲ့၏။ မဟာမိတ်အဖွဲ့ငယ်များမှ လူအများအပြားကလည်း သူနှင့်ပူးပေါင်းခဲ့ကြပေသည်။

"ဟန်ရှင်းဟဲက အစီရင်ဓာတ်ပြားတစ်စုံကို ရယူနိုင်ခဲ့တာလား"

လူတော်တော်များများ၏ အမူအရာများ ပြောင်းသွားသည်။

"ဒီကာလအတွင်းမှာ သူတော်စင်စစ်မြေပြင်က အစီရင်ဓာတ်ပြားတွေအကြောင်းကို စုံစမ်းဖို့ လူတွေကို စေလွှတ်ခဲ့တာ ဘယ်လိုရှိပြီလဲ"

လုမင်က မေးလိုက်သည်။

ဤကာလအတွင်း၌ သူတို့က အစီရင်ဓာတ်ပြားများအကြောင်းကို မေးမြန်းခဲ့ပေသည်။

ဤအချိန်မျိုးတွင် အစီရင်‌ဓာတ်ပြားများက အလွန်အသုံးဝင်သည်။

အစီရင်ဓာတ်ပြားက မိုင်တစ်ရာဝန်းကျင်ကို လွှမ်းခြုံနိုင်ပြီး သိုင်းဧကရာဇ်များသာ ၎င်းကို ချိုးဖျက်နိုင်သည်။

ဒါက ခိုင်မာသော အခြေစိုက်စခန်းရှိခြင်းနှင့် ညီမျှပြီး တိုက်ခိုက်ခံရမည်ကို ကြောက်စရာမလိုတော့ပေ။ ဒါက မဟာမိတ်များအတွက် အလွန်အရေးကြီးသည်။

ဒါက သူတို့၏ လုံခြုံရေးကို အာမခံနိုင်ပေသည်။

အများအားဖြင့် ကျင့်ကြံမှုနေရာများတွင် လေ့ကျင့်နေနိုင်သော်လည်း အမြဲနေရန် မဖြစ်နိုင်ပေ။ အချိန်အတိုင်းအတာတစ်ခုအထိ လေ့ကျင့်ပြီးပါက ထိုနေရာမှ ထွက်ခွာကာ ရလဒ်များကို ချေဖျက်ရမည် ဖြစ်သည်။

အစီရင်ဓာတ်ပြား လွှမ်းခြုံထားသော ဧရိယာတွင် နေထိုင်နိုင်လျှင်ဖြင့် သူတို့၏ လုံခြုံရေးအတွက် စိုးရိမ်စရာ မလိုတော့ပေ။

သို့သော်လည်း အစီရင်ဓာတ်ပြားက လေးခုသာ ရှိသည်။ တစ်စုံတစ်ယောက်ရရှိပြီးသည်နှင့် ၎င်းတို့နှင့်ပူးပေါင်းရန် လူများစွာ ရောက်ရှိလာမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

ထိုလေးခုကို မဟာဧကရာဇ်ကြီးက အန္တိမသူတော်စင်စစ်မြေပြင်တွင် ထားရစ်ခဲ့သည်။

သို့သော်လည်း အန္တိမသူတော်စင် စစ်မြေပြင်က အလွန်ကြီးမား‌သည်။ ဤအချိန်အတောအတွင်းမှာ လူများစွာ အစီရင်ဓာတ်ပြားများကို ရှာဖွေနေခဲ့ကြသည်။ ဟန်ရှင်းဟဲက သူတို့ထက် ခြေတစ်လှမ်းသာပြီး အစီရင်ဓာတ်ပြားကို ရရှိခဲ့မည်ဟု မမျှော်လင့်ထားပေ။

"ဒီကာလမှာ ငါတို့လူတွေက စုံစမ်းမှုတွေ ပြုလုပ်နေပြီး တိုးတက်မှုတွေလည်း ရှိလာပါပြီ"

အိုးရန်ဝူရွှမ့်က ပြောလိုက်သည်။

"ကောင်းပြီ၊ ဒါဆိုရင် ငါတို့ အစီရင်ဓာတ်ပြား ရလာတဲ့အထိ စောင့်နေပြီးမှ မဟာမိတ်ဖွဲ့မယ်"

လုမင်က ပြောလိုက်၏။

လူတိုင်းကလည်း ခေါင်းညိတ်ကြသည်။ အစီရင်ဓာတ်ပြားကို ရယူပြီးမှ မဟာမိတ်ဖွဲ့ခြင်းက အကောင်းဆုံး ဖြစ်လိမ့်မည်။

ထို့နောက် အစီရင်ဓာတ်ပြားနှင့် ပတ်သက်သော အချက်အလက်များကို စုံစမ်းရန် လူများကို ဆက်လက်စေလွှတ်ခဲ့ကြသည်။

ဟန်ရှင်းဟဲက သူတော်စင်ဘုရင်စာရင်းတွင် ပထမ ဖြစ်သည်။ ယခုဆိုလျှင် သူက အစီရင်ဓာတ်ပြားတစ်ခုကို ပထမဆုံး ရရှိခဲ့သောကြောင့် လူများစွာက သူတို့နှင့် ပူးပေါင်းခဲ့ပေသည်။

လော့စန်းချုံး၊ လော့ဖိုခုန်းနှင့် ဖုန်းမျိုးနွယ်မှ ဖုန်းဝူချန်တို့ကလည်း ဟန်ရှင်းဟဲနှင့် ပူးပေါင်းခဲ့သည်ဟု ဆိုသည်။

အချိန်အတိုင်းအတာတစ်ခုအထိ၊ ကောင်းကင်ဧကရာဇ်မဟာမိတ်အဖွဲ့သည် အသန်မာဆုံး တည်ရှိမှုတစ်ခု ဖြစ်လာခဲ့ပေသည်။

သို့သော်လည်း ဟန်ရှင်းဟဲက မရဏဓား၏ ရည်ရွယ်ချက်ကို မသိသောကြောင့် လုမင်တို့ကို ပြဿနာမရှာခဲ့ပေ။

တစ်ဖက်တွင်၊ လုမင်က လော့ရှန်းကို သီးခြားတွေ့ဆုံသည်။ သူက တာ့ယန်ဆေးမီးဖိုဖြင့် လော့ရှန်း၏ ဝိညာဉ်ခန္ဓာကို သန့်စင်ရန် စီစဉ်ထား၏။

လော့ရှန်း၏ အရည်အချင်းဖြင့် သူ၏ဝိညာဉ်ခန္ဓာကို အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာအဖြစ်သို့ သေချာပေါက် သန့်စင်နိုင်မည် ဖြစ်သည်။

လော့ရှန်းမှာ တာ့ယန်ဆေးမီးဖို၏ အကျိုးသက်ရောက်မှုကို သိရသောအခါ အံ့အားသင့်သွားသည်။

ထို့နောက်တွင် လော့ရှန်းက တာ့ယန်ဆေးမီးဖိုအတွင်းသို့ ဝင်ရောက်ခဲ့၏။

ဟန်ရှင်းဟဲက အစီရင်ဓာတ်ပြားကို ရရှိပြီး လဝက်အကြာတွင် ဒုတိယ အစီရင်ဓာတ်ပြား ပေါ်လာသည်။ ၎င်းကို သူတော်စင်ဘုရင်စာရင်းမှ ဒုတိယအဆင့် ပါရမီရှင် ဦးဆောင်သော နတ်မီးလျှံ မဟာမိတ်မှ ရယူခဲ့ပေသည်။

သူတော်စင်ဘုရင်စာရင်းတွင် ဒုတိယအဆင့် ပါရမီရှင်ကို ဟော်တိ(မီးဧကရာဇ်)ဟု ခေါ်သည်။ သူသည်ကား ရှေးဟောင်းမျိုးနွယ်တစ်ခုဖြစ်သည့် ဟော်(မီး)မျိုးနွယ်၏ ပါရမီရှင်တစ်ဦးပင်။

သူသည် အစီရင်ဓာတ်ပြားကို ရရှိပြီးနောက် လူများစွာက သူနှင့် ပူးပေါင်းလာခဲ့သည်။ ရုတ်တရက်၊ နတ်မီးလျှံမဟာမိတ်က ကောင်းကင်ဧကရာဇ်မဟာမိတ်လျှင် ဒုတိယ အင်အားအကြီးဆုံး ဖြစ်လာခဲ့၏။

လဝက်ကြာ သန့်စင်ပြီးနောက် လော့ရှန်း၏ ဝိညာဉ်ခန္ဓာက အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာအဖြစ် ပြောင်းလဲသွားခဲ့သည်။

လော့ရှန်း၏ ဝိညာဉ်ခန္ဓာက တိုးတက်လာသောအခါ သူ၏ ကျင့်ကြံမှုအဆင့်က အမှန်တကယ် တိုးတက်လာပြီး အန္တိမသူတော်စင်နယ်ပယ်သို့ ရောက်ရှိခဲ့ပေသည်။

လော့ရှန်း၏ ကျင့်ကြံမှုက မဟာသူတော်စင်နယ်ပယ်၏ ကန့်သတ်ချက်သို့ ရောက်နေပြီ ဖြစ်သည်။ ဤအချိန်မျိုးတွင် အဆင့်ဖြတ်ကျော်ခြင်းက သူ့အတွက် ပုံမှန်ပင်။

လော့ရှန်းတွင် ဘုရင်ခန္ဓာရှိပြီး ဘုရင်နိယာမများထံမှ တစ်ခုဖြစ်သော အမြန်နှုန်းနိယာမကို ထိန်းချုပ်နိုင်သည်။ သူက အန္တိမသူတော်စင်နယ်ပယ်သို့ ချိုးဖြတ်ပြီးသောအခါ လုမင်တို့၏ အင်အားက ပိုအားကောင်းလာတော့သည်။

ထိုအချိန် သတင်းကောင်းတစ်ခု ထွက်လာခဲ့သည်။ နောက်ဆုံးတွင် သူတို့က အစီရင်ဓာတ်ပြား၏ တည်နေရာကို ရှာဖွေတွေ့ရှိခဲ့ပြီ။

လုမင်က လူတိုင်းကို ချက်ချင်းစုစည်းပြီး အန္တိမသူတော်စင် စစ်မြေပြင်သို့ ဦးတည်သွားခဲ့သည်။

အန္တိမသူတော်စင် စစ်မြေပြင်က တကယ်တမ်းတွင် အစီရင်ဖြင့် ဖွဲ့စည်းထားသော ကမ္ဘာတစ်ခု ဖြစ်သည်။

ဒါကို မဟာဧကရာဇ်ကိုယ်တိုင် တည်ဆောက်ခဲ့ခြင်း ဖြစ်၏။

ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ကို စတင်ဖွင့်လှစ်ချိန်က အန္တိမသူတော်စင်များသာ ထိုနေရာတွင် ဝင်ရောက် လေ့ကျင့်ခွင့် ရသည်။

ယခုမူ၊ အန္တိမသူတော်စင် စစ်မြေပြင်ကို ပြုပြင်ပြောင်းလဲလိုက်ပြီ။ တောက်ပသော သူတော်စင်များပင်လျှင် ဝင်ရောက်လို့ရသည်။

အန္တိမသူတော်စင် စစ်မြေပြင်သို့ ဝင်ပေါက်ကို အကြီးအကဲများက စောင့်ကြပ်ထားသည်။ ထို့ပြင် ကျောက်ကြမ်းအများအပြားကို ပေးဆောင်ရန် လိုအပ်၏။

လုမင်နှင့် အခြားသူများလည်း ကျောက်ကြမ်းများကို ပေးချေပြီးနောက် ကျယ်ဝန်းသော လျှို့ဝှက်ခန်းတစ်ခုထဲသို့ ဝင်လိုက်ကြသည်။

ယခုအခါ ဤလျှို့ဝှက်ခန်းကို သူတို့က သိမ်းလိုက်ပြီဖြစ်ပြီး အပြင်လူများကို ဝင်ခွင့်မပြုပေ။

အန္တိမသူတော်စင် စစ်မြေပြင်ကို အသိစိတ်ဝိညာဉ်ဖြင့်သာ ဝင်ရောက်နိုင်သည်။ သူတို့၏ ခန္ဓာကိုယ်များက အပြင်ဘက်တွင် ရှိနေလိမ့်မည်။ ၎င်းက အန္တိမသူတော်စင် စစ်မြေပြင်သို့ ဝင်ရောက်ပြီးနောက် ၎င်းတို့အား အလစ်အငိုက်တိုက်ခိုက်ခြင်းမှ တားဆီးရန်ပင်။

အားလုံးက တင်ပျဉ်ခွေ ထိုင်လိုက်ကြသည်။ ထို့နောက် လျှို့ဝှက်ခန်းထဲတွင် ရွန်းများ ပေါ်လာပြီး သူတို့၏ခန္ဓာကိုယ်များကို ဖုံးအုပ်သွား၏။ နောက်အခိုက်အတန့်မှာတော့ သူတို့၏ အသိစိတ်များက လျှို့ဝှက်ဆန်းကြယ်သော လေဟာနယ်ထဲသို့ ဖြတ်သွားတာကို တွေ့လိုက်ရတော့သည်။

ထို့နောက် သူတို့က မြက်ခင်းပြင်တစ်ခုတွင် ပြန်ပေါ်လာခဲ့ကြသည်။

"ဒါက တကယ်ကို စစ်မှန်တာပဲ။ ကျင့်ကြံမှုအဆင့်က ပြင်ပကမ္ဘာနဲ့ တူညီပြီး နိယာမတွေတောင် အတူတူပဲ"

လုမင်သည် အရာအားလုံးက ပြင်ပကမ္ဘာနှင့် တူညီ‌သည်ဟု ခံစားမိခဲ့သည်။ အခြေအနေများက တကယ်ကို ကွာခြားမှုမရှိပေ။

ဒါက လုမင်ကို တုန်လှုပ်သွားစေသည်။ ဤအစီရင်ကမ္ဘာက တကယ်ကို သာမန်မဟုတ်ပေ။

ယခင်က၊ ရှန်းယွမ်အင်ပါယာတွင် အိုးရန်ဝူရွှမ့်ကို ကူညီခဲ့စဉ်က ပထမဆုံးစမ်းသပ်မှုမှာ အစီရင်လောကသို့ ဝင်ရောက်ရန် ဖြစ်သည်။ သို့သော်လည်း အစီရင်အတွင်းသို့ ဝင်ရောက်လာသူတိုင်းက ပထမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံမှုဖြင့် ခန္ဓာကိုသာ ဖွဲ့စည်းနိုင်လိမ့်မည်။ ၎င်းတို့၏ ကျင့်ကြံမှုနှင့် နိယာမစွမ်းအားကို အစီရင်ကမ္ဘာအတွင်းတွင် အသုံးမချနိုင်ပေ။

သို့သော်လည်း ဤနေရာမှာတော့ သူတို့၏ မူလ‌အခြေအနေအတိုင်း ရှိနိုင်သည်။ ဒါက လုံးဝ မတူညီသော အနေအထားနှစ်ခုပင်။

အန္တိမသူတော်စင် စစ်မြေပြင်သို့ မဝင်ရောက်ဖူးသော အခြားသူများလည်း တိတ်တဆိတ် ခံစားကြည့်ပြီးနောက် တအံ့တဩ ဖြစ်သွားကြသည်။

မဟာဧကရာဇ်ကိုယ်တိုင် တည်ဆောက်ခဲ့သော အစီရင်ကမ္ဘာက တကယ်ကို ထူးခြားဆန်းကြယ်ပေသည်။

"အန္တိမသူတော်စင် စစ်မြေပြင်မှာ အစီရင်နဲ့ ဖွဲ့စည်းထားတဲ့ မိစ္ဆာသားရဲတွေအများကြီးရှိတယ်တဲ့။ စုံစမ်းမှုတွေအရ၊ အစီရင်ဓာတ်ပြားတစ်စုံက မျောက်မိစ္ဆာတောင်ပေါ်မှာ ရှိနေနိုင်တယ်"

အိုးရန်ဝူရွှမ့်က ပြောလိုက်သည်။

ရှန်းယွမ်အင်ပါယာ၏ မင်းသားတစ်ပါးအနေဖြင့် အိုးရန်ဝူရွှမ့်သည် ရှန်းယွမ်အင်ပါယာမှ ပါရမီရှင်များစွာကို စုစည်းနိုင်သည်။ ဤကာလအတွင်း၌၊ သတင်းစုံစမ်းမှုကို အဓိက ဆောင်ရွက်ပေးခဲ့သူမှာ အိုးရန်ဝူရွှမ့် ဖြစ်ချေသည်။

All Chapters