အခန်း ၁၉၁၆
Vol. 128 Ch. 1916
အပိုင်း ( 1916 ) ရှဲ့နျန်ကျွင်းက မဟာမိတ်ကို ဝင်ရောက်ခြင်း။
မျက်စိတစ်မှိတ်အတွင်း သုံးရက်ကြာသွားသည်။ နဂါးမဟာမိတ်ကို တည်ထောင်မည့်နေ့ကို ရောက်လာပြီ။
ထိုနေ့တွင်၊ သူတို့နေထိုင်ရာ တောင်ထိပ်မှာ ဧည့်ခံစားပွဲများစွာကို ပြင်ဆင်ထားသည်။
နံနက်စောစော အချိန်မှစ၍ လုမင်ထံသို့ လာရောက်လည်ပတ်ပြီး နဂါးမဟာမိတ်တွင် ပါဝင်လိုသူများစွာ ရှိလာခဲ့ကြသည်။
နေ့လည်ပိုင်းတွင် လူအရေအတွက်က တဖြည်းဖြည်း တိုးလာခဲ့၏။ သို့သော်လည်း ကောင်းကင်ဧကရာဇ်မဟာမိတ်အဖွဲ့ကို စတင်တည်ထောင်သည့်နေ့နှင့် နှိုင်းယှဉ်ပါက ဝေးနေဆဲ ဖြစ်သည်။
လုမင်နှင့် အခြားသူများကို အထင်မြင်ကောင်းရှိသူက များများစားစားမရှိကြောင်း ထင်ရှားပေသည်။
သို့သော်လည်း လုမင်နှင့် အခြားသူများကို ပျော်ရွှင်စေခဲ့သည့်အရာမှာ အဖွဲ့ငယ်နှစ်ခုက သူတို့နှင့် ပူးပေါင်းခဲ့ခြင်းပင် ဖြစ်သည်။ ဤအုပ်စုနှစ်စု၏ ခေါင်းဆောင်များ အားလုံးက ဘုရင်ခန္ဓာနှင့် စွမ်းအားကြီးသူများ ဖြစ်ပေသည်။
ထို့နောက်၊ ရှေးဟောင်းနေမင်း မြင့်မြတ်နယ်မြေရှိ ခရမ်းရောင်မီးလျှံအိမ်တော်တို့၏ ပါရမီရှင်များ အားလုံးသည်လည်း နဂါးမဟာမိတ်နှင့် ပူးပေါင်းခဲ့ကြသည်။
ခရမ်းရောင်မီးလျှံအိမ်တော်၏ ပါရမီရှင်အချို့က လုမင်ကို အနှစ်ငါးဆယ်ကြာ အမှုထမ်းမည်ဟု လောင်းကြေးထပ်ပြီး ရှုံးနိမ့်ခဲ့ဖူးသည်။ ယခု နဂါးမဟာမိတ်ကို ထူထောင်လိုက်သောအခါတွင် ၎င်းတို့က သဘာဝအတိုင်း ပူးပေါင်းပါဝင်လာခဲ့ပေသည်။
ခရမ်းရောင်မီးလျှံအိမ်တော်မှ ရောက်ရှိလာပြီးနောက် အခြားလူတစ်စုက ထပ်မံရောက်ရှိလာပြီး လူတိုင်း၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။
"အဲဒါ ရှေးဟောင်းရှန့်မျိုးနွယ်ပဲ"
တစ်ယောက်ယောက်က အော်လိုက်သည်။
ရှေးဟောင်းရှန့်မျိုးနွယ်က မဟာမိတ်တစ်စုဖြစ်ပြီး လူတစ်ရာကျော်ရှိ၏။ ယခုအချိန်မှာတော့ သူတို့အားလုံးက ရောက်ရှိလာကြပြီ။ သို့သော်လည်း ၎င်းတို့ကို အစီရင်ဓာတ်ပြားဖြင့် ဖွဲ့စည်းထားသည့် အလင်းမျက်နှာပြင် အပြင်ဘက်တွင် ပိတ်ဆို့ထားခဲ့သည်။
လုမင်က သူတို့ကို မဝင်စေချင်လျှင် ဝင်လို့မရပေ။
"လုမင်၊ ဘာဖြစ်လို့လဲ။ နင်က ငါတို့ကို ဝင်ခွင့်မပေးဘူးလား"
ရှဲ့နျန်ကျွင်းက ပြုံးလျက် ရှေ့ကိုထွက်လာခဲ့သည်။
"မင်းက ငါ့ကိုဂုဏ်ပြုဖို့ ရောက်လာတာလား"
လုမင်၏အသံကို ကြားရသည်။
"မဟုတ်ပါဘူး"
ရှဲ့နျန်ကျွင်းက အဓိပ္ပာယ်ရှိစွာ ပြုံးပြီး ခေါင်းယမ်းလိုက်၏။ သူက ဆက်ပြောလိုက်သည်။
"ငါတို့က နဂါးမဟာမိတ်ကို ပါဝင်ဖို့အတွက် ရောက်လာတာ"
"ဘယ်လို"
လူများစွာတို့ အံ့ဩသွားကြသည်။
ရှေးဟောင်းရှန့်မျိုးနွယ်က နဂါးမဟာမိတ်သို့ ပူးပေါင်းရန် ရောက်ရှိလာခြင်း ဖြစ်မည်လော။
တစ်ချို့လူများက ဝမ်းသာသွားကြသည်။
ရှေးဟောင်းရှန့်မျိုးနွယ်၏ စွမ်းအားက အလွန်တုန်လှုပ်ချောက်ချားစရာပင်။ ထို့အပြင် ရှေးဟောင်းရှန့်မျိုးနွယ်စုနှင့် မဟာမိတ်ဖွဲ့ထားသည့် ဘုရင်ခန္ဓာနှင့် လူအနည်းငယ်လည်း ရှိသည်။ ရှေးဟောင်းရှန့်မျိုးနွယ်က နဂါးမဟာမိတ်တွင် ပါဝင်ခဲ့မည်ဆိုလျှင်၊ နဂါးမဟာမိတ်၏ အင်အားက အလွန်အားကောင်းလာပေမည်။ ၎င်းက နတ်မီးလျှံမဟာမိတ်ကိုပင် ကျော်လွန်ပြီး ကောင်းကင်ဧကရာဇ်မဟာမိတ်ပြီးပါက ဒုတိယ ဖြစ်နိုင်သည်။
လုမင် အံ့ဩသွားခဲ့သည်။ ရှဲ့နျန်ကျွင်းက ရှေးဟောင်းရှန့်မျိုးနွယ်ကို ဦးဆောင်ပြီး နဂါးမဟာမိတ်တွင် ပါဝင်ရန် ရောက်လာမည်ဟု သူ မမျှော်လင့်ထားပေ။
ရှန်းဟွမ်တိုက်ကြီးတွင် ရှိစဉ်အခါက ရှဲ့နျန်ကျွင်းနှင့် သူသည် ကမ္ဘာ့ရန်ဘက်များ ဖြစ်ခဲ့သည်။ သူတို့ထဲက တစ်ယောက်ယောက် မသေသရွေ့ အေးချမ်းသွားမည် မဟုတ်ပေ။
ရှဲ့နျန်ကျွင်း၏ မကျေနပ်သော အမူအရာက သူ့စိတ်ထဲတွင် ထင်ရှားနေဆဲ ဖြစ်သည်။
"ဘာလဲ၊ ပါဝင်ဖို့ကို မကြိုဆိုဘူးလား၊ လုမင်... ငါတို့က မိသားစုဝင်တွေပဲလေ"
ရှဲ့နျန်ကျွင်းက ပြုံးနေဆဲပင်။
ဟိုက်...
လူတိုင်း အံ့ဩသွားကြသည်။ ချင်ယွဲ့၊ ဟွမ်လင်၊ လော့ထျန်းယီနှင့် အခြားသူများက လုမင်ကို စူးစူးစိုက်စိုက် ကြည့်ကြ၏။
လုမင်နဲ့ ရှဲ့နျန်ကျွင်းတို့က မိသားစုဝင်တွေလား။
လုမင်နဲ့ ရှဲ့နျန်ကျွင်းတို့မှာ လူမသိတဲ့ ပတ်သက်မှုတစ်ခုခု ရှိနေတာများလား။
လူတော်တော်များများက အတွေးဆိုးများပင် ဝင်လာခဲ့ကြသည်။
ရှဲ့နျန်ကျွင်းက တခစ်ခစ်ရယ်ပြီး ပြောလိုက်လေသည်။
"လုမင်၊ နင်က ငါ့ရဲ့မတ်လေ။ အခုချိန်မျိုးမှာ ငါက နင့်ဆီမှာ ခိုလှုံချင်တာ... တကယ် မကြိုဆိုဘူးလား"
(မတ် = ညီမရဲ့ လင်ယောက်ျား)
ထိုစကားကြောင့် လူများမှာ ပို၍ တုန်လှုပ်သွားကြသည်။
အထူးသဖြင့် ဟွမ်လင်၊ ချင်ယွဲ့၊ လော့ထျန်းယီနှင့် အခြားမိန်းကလေးများ...
'သခင်လေးက မိန်းကလေးနျန်ချင်းနဲ့ လက်ထပ်ပြီးပြီလား။ အရင်တုန်းကတော့ သူတို့ဟာ အရမ်းရင်းနှီးကြတယ်။ နှစ်တွေကြာလာပြီးနောက် သူတို့တွေ လက်ထပ်ခဲ့ကြတာက ပုံမှန်ပါပဲလေ။ ဒါပေမဲ့ မိန်းကလေးနျန်ချင်းကို ဘာဖြစ်လို့ မတွေ့ရတာလဲ'
ချင်ယွဲ့က စိတ်ရှုပ်ထွေးနေပြီး အနည်းငယ် ခါးသီးသွားသလို ခံစားလိုက်ရသည်။
ထို့နောက် ချင်ယွဲ့က ခေါင်းယမ်းလိုက်၏။
'ချင်ယွဲ့... နင်ဘာတွေတွေးနေတာလဲ။ သခင်လေးနဲ့ မိန်းကလေးနျန်ချင်းတို့က နတ်ဖတ်တဲ့ စုံတွဲတွေပဲ။ နင်က သခင်လေးအနားမှာနေပြီး သူ့ကို ကောင်းကောင်းအစေခံဖို့ပဲလိုတယ်။ နင်က သခင်လေးနဲ့ ဘယ်လိုထိုက်တန်မှာလဲ'
'လုမင်မှာ မိန်းမရှိနေပြီပေါ့။ ဒါပေမဲ့ ဘာဖြစ်လို့ ငါ့ကို မပြောတာလဲ'
ဟွမ်လင်မှာ သူ့စိတ်ထဲမှတွေးရင်း အနည်းငယ် စိတ်ပျက်သွားမိသည်။
လော့ထျန်းယီ၏ မျက်လုံးများမှာတော့ ထူးဆန်းသော အကြည့်များ ပေါ်လာ၏။
လူအုပ်ကြားတွင် လုံချန်တစ်ဦးသာ အတည်ငြိမ်ဆုံး ဖြစ်သည်။ သူက ရှဲ့နျန်ကျွင်း၏ တကယ့်မတ်တစ်ဦးပင် မဟုတ်လော။
လုမင်က မချိသွားဖြဲ ပြုံးလိုက်သော်လည်း ရှဲ့နျန်ကျွင်း၏စကားကို မချေပနိုင်ပေ။
ရှဲ့နျန်ချင်းနှင့် သူ၏ ဆက်ဆံရေးကြောင့် သူတို့လက်မထပ်ခင် အချိန်တစ်ခုသာလိုသည်။ ရှဲ့နျန်ကျွင်းက ရှဲ့နျန်ချင်း၏ အစ်မဖြစ်သောကြောင့် သူ့ကို'မတ်'ဟုခေါ်ခြင်းက မမှားပေ။
"နဂါးမဟာမိတ်ကို ပါဝင်ဖို့ မင်း တကယ်ရောက်လာတာလား"
လုမင်က စေ့စေ့ကြည့်ပြီး မေးလိုက်သည်။
"ဟုတ်ပါတယ်၊ အခု ယွမ်တောင် မြင့်မြတ်သောကျောင်းတော်က ဖရိုဖရဲဖြစ်နေပြီ။ နောက်ပြီးတော့ နင်က ငါ့ရဲ့ မိသားစုဝင်ဖြစ်ပြီး ငါနဲ့ အရင်းနှီးဆုံးသူပဲလေ။ ဒါကြောင့် သဘာဝအတိုင်း နင့်ဆီကို လာခဲ့တာ"
ရှဲ့နျန်ကျွင်းက ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။
"ငါ့ကို ဒီလိုစကားမျိုးနဲ့ အချိုမသတ်နဲ့။ အရင်ကဆိုရင် မင်းက ငါ့ကိုသတ်ချင်နေခဲ့တာ... အခု မင်းရောက်လာတဲ့ ရည်ရွယ်ချက်ကိုတောင် ငါ သံသယဖြစ်မိတယ်"
လုမင်က အေးစက်စွာ ပြောသည်။
"လူမှန်ရင် အပြောင်းအလဲတော့ ရှိမှာပေါ့လေ။ အဲဒီတုန်းက ငါဟာ အမြင်ကျဉ်းလွန်းခဲ့တယ်။ အခု လောကသဘာဝကို ငါ နားလည်နေပါပြီ။ ဒီကမ္ဘာကြီးမှာ အမြဲတမ်းရန်သူ မရှိဘူး"
ရှဲ့နျန်ကျွင်းက သူ့သဘောထားကို ဂရုမစိုက်ဘဲ ပြုံးနေဆဲ ဖြစ်သည်။ ယခင်က မာနကြီးပြီး လျစ်လျူရှုထားတတ်သော သဘောထားနှင့် နှိုင်းယှဉ်လျှင် မိုးနှင့်မြေပမာ ကွာခြားလှပေသည်။
"မင်း နဂါးမဟာမိတ်ကို ဝင်နိုင်ပါတယ်၊ ဒါပေမဲ့ နဂါးမဟာမိတ်မှာ ကိုယ်ပိုင်စည်းမျဉ်းတွေရှိတယ်။ မင်းက စည်းကမ်းတွေ ဖောက်ဖျက်ရင် ငါ ကြင်နာမှုပြမှာ မဟုတ်ဘူး"
လုမင်က ပြောလိုက်သည်။
"နားလည်ပါတယ်"
ရှဲ့နျန်ကျွင်းက ပြုံးလိုက်လေသည်။ ရှေးဟောင်း ရှန့်မျိုးနွယ်တွင် သူ၏ အထောက်အထားက ထူးခြားပုံရပြီး အခြား ရှန့်မျိုးနွယ်ဝင်များက သူ့စကားကို နားထောင်ပုံရသည်။
လုမင်က ရှဲ့နျန်ချင်းကို လျှော့မတွက်ဝံ့ပေ။
ဤအမျိုးသမီးကို ယွမ်လုတွင် ပြန်တွေ့ချိန်မှစ၍ လုမင်ကို အန္တရာယ်များ ပေးခဲ့သည်။ သူက လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းမရပေ။
လုမင်က သူမ၏ ခန္ဓာကိုယ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ကိန်းအောင်းနေသည်ဟု ခံစားမိသည်။ ၎င်းက ပေါက်ကွဲထွက်လာသည်နှင့် မိုးနှင့်မြေ ပြိုကျရလိမ့်မည်။
ရှဲ့နျန်ချင်းကိုလည်း အလားတူပင် သူ ခံစားမိခဲ့သည်။
ထို့နောက်တွင် လုမင်က အစီရင်ဓာတ်ပြားကို ထိန်းချုပ်ပြီး ရှေးဟောင်းရှန့်မျိုးနွယ်ဝင်များကို ဝင်ခွင့်ပေးလိုက်သည်။
"ကောင်းပြီ၊ မဟာမိတ်ဖွဲ့ကြရအောင်"
လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
သို့သော်လည်း ဤသည်မှာ ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ဖြစ်သောကြောင့် အခြေအနေများက အကန့်အသတ်ရှိသည်။ မဟာမိတ်ဖွဲ့ခြင်း လုပ်ငန်းစဉ်က အလွန်ရိုးရှင်းပေသည်။ အားလုံးက လုမင်ကို နှုတ်ဆက်ပြီး ဂုဏ်ပြုလိုက်ကြသည်။
လူတိုင်းက စားသောက်နေကြစဉ်၊ အစီရင်ဧရိယာ အပြင်ဘက်မှာ အခြားလူတစ်စု ထပ်မံရောက်ရှိလာကြသည်။
"တစ်ခုတည်းသောနတ်နန်းတော်ရဲ့လူတွေ"
လုမင်က လှမ်းကြည့်လိုက်သည်။
တစ်ခုတည်းသော နတ်နန်းတော်မှ ပါရမီရှင်များက အလင်းမျက်နှာပြင် အပြင်ဘက်တွင် ရပ်နေကြသည်။ ခေါင်းဆောင်က ယုကျစ် ဖြစ်ချေသည်။
"ယုကျစ်၊ မင်းက ကောင်းကင်ဧကရာဇ်မဟာမိတ်ကို ဝင်ရောက်ပြီးတာ ကြာပြီမဟုတ်လား။ ဒီနေ့ နဂါးမဟာမိတ်ကို ဘာကိစ္စအတွက် လာတာလဲ"
အိုးရန်ဝူရွှမ့်၏ အသံကို ကြားလိုက်ရသည်။
"မင်းက သစ္စာခံပြောင်းလဲပြီး နဂါးမဟာမိတ်မှာ ပါဝင်ချင်လို့လား။ နဂါးမဟာမိတ်က ဗလောင်းဗလဲနဲ့ စိတ်အပြောင်းအလဲမြန်သူတွေကို လက်မခံဘူး"
ခရမ်းရောင်မီးလျှံအိမ်တော်မှ ပါရမီရှင်က လှောင်ပြောင်ပြောဆိုလိုက်သည်။
"ဟမ့်၊ ဘယ်သူကဝင်မယ်လို့ ပြောလို့လဲ။ ဒီနေ့ ငါတို့ရောက်လာတာက ဂိုဏ်းတူညီမလေးအတွက်ပဲ"
ယုကျစ်က အသံကျယ်ကျယ်ဖြင့် ပြောဆိုပြီး ချင်ယွဲ့ကို တစ်ဖန်ကြည့်လိုက်သည်။
"ဂိုဏ်းတူညီမလေး ချင်ယွဲ့၊ ငါတို့နဲ့အတူ ကောင်းကင်ဧကရာဇ်မဟာမိတ်ကို ပြန်လိုက်ခဲ့ပါ။ မင်း နဂါးမဟာမိတ်မှာ ဆက်နေမယ်ဆိုရင် အနှေးနဲ့အမြန် ဒုက္ခရောက်လိမ့်မယ်"
"လော့စန်းချုံးက နင့်ကို လွှတ်လိုက်တာလား"
ချင်ယွဲ့က လျစ်လျူရှုစွာ ပြောလိုက်သည်။
"မှန်ပါတယ်၊ လော့စန်းချုံးက ငါတို့ကို လွှတ်ခဲ့တာ... ဒါပေမဲ့ ဒါက ငါတို့ရဲ့ ကိုယ်ပိုင်စိတ်ဆန္ဒကြောင့်လည်း ပါတယ်။ နဂါးမဟာမိတ်မှာ ဆက်နေတာက မင်းအတွက် အကျိုးမရှိဘူး"
ယုကျစ်က ပြောသည်။
"ထွက်သွား"
ချင်ယွဲ့က အေးစက်စွာ ငေါက်ငမ်းလိုက်၏။
ယုကျစ်၏ မျက်နှာအမူအရာက ပြောင်းလဲသွားပြီးနောက် မှုန်ကုပ်သွားသည်။
"ချင်ယွဲ့၊ သိပ်ပြီး မာနကြီးမနေပါနဲ့။ လော့စန်းချုံးက မဟာဧကရာဇ်ကြီးရဲ့ မြေးတစ်ယောက်ပဲ။ မင်း ဒီလိုမျိုး သူ့ကိုဆန့်ကျင်နေရင် တစ်ခုတည်းသော နတ်နန်းတော်နဲ့ မင်းရဲ့ဆရာကိုပါ ငြိစွန်းစေလိမ့်မယ်"
"ဟားဟားဟား၊ မင်းက စကားပြောဖို့တော့ တကယ်တတ်တယ်။ မျိုးဆက်သစ်တွေရဲ့ ပြဿနာကြောင့် တစ်ခုတည်းသောနတ်နန်းတော်နဲ့ အစစ်အမှန်ဧကရာဇ်ကြီးတွေ ပါဝင်လာမယ်ပေါ့။ ဒါက ရယ်စရာမကောင်းဘူးလား"
လုမင်က အထင်မြင်သေးစွာ ပြောလိုက်သည်။
"ယုကျစ်၊ အပိုတွေလျှောက်မပြောနေပါနဲ့။ ဒါကို နင့်သဘောနဲ့နင်လုပ်နေတာ၊ ငါ့ကို ကောင်းကင်ဧကရာဇ်မဟာမိတ်ကို ခေါ်နိုင်မယ်ဆိုရင် လော့စန်းချုံးက နင့်ကို ကောင်းကောင်းဆုချီးမြှင့်မယ် မဟုတ်လား"
ချင်ယွဲ့က လှောင်ပြောင်ပြောဆိုလိုက်သည်။
"မင်းတို့..."
ယုကျစ်၏မျက်နှာက နီရဲသွားသည်။
"မင်းတို့က မထွက်သွားချင်ဘူးလား၊ ဒါဆိုရင် အထဲကို ဝင်သောက်ကြ"
ဟွမ်လီက လေထဲကို ပျံတက်သွား၏။ သူ့မျက်လုံးများက စူးရှသော အလင်းများ ထွက်ပေါ်လာတော့သည်။