← Chapters

အခန်း ၁၉၁၈

Vol. 128 Ch. 1918

အခန်း ၁၉၁၈

Vol. 128 Ch. 1918

အပိုင်း ( 1918 ) ရှန်းရှန်းကို တပည့်အဖြစ် ခေါ်ယူချင်တာလား။

"ဒါက ချီးကျူးတာ မဟုတ်ပါဘူး၊ ငါက အမှန်ပြောနေတာ။ ယွမ်တောင်တစ်ခုလုံးမှာ မင်းရဲ့ အောင်မြင်မှုတွေကို နှိုင်းယှဉ်နိုင်တဲ့လူက အနည်းစုပဲရှိတယ်"

ပိန်ပိန်ပါးပါး အဘိုးအို ဟဲကောင်းက ပြုံးပြီး အကြောင်းအရာကို ပြောင်းလိုက်သည်။

"ရှန်းရှန်း၊ ငါ့ကို မင်းရဲ့ဆရာအဖြစ် အသိအမှတ်ပြုဖို့နဲ့ပတ်သက်ပြီး အရင်က ငါပြောခဲ့တာကို စဉ်းစားပြီးပြီလား"

"ရှန်းရှန်းက ရှင့်ရဲ့ ကြင်နာမှုအတွက် ‌တကယ်ပဲ ကျေးဇူးတင်ပါတယ် အကြီးအကဲ၊ ဒါပေမဲ့ ရှန်းရှန်းမှာ ဆရာတစ်ယောက် ရှိပြီးသားပါ။ ဆရာ့ရဲ့ ခ္ငင့်ပြုချက်မရှိဘဲ ရှန်းရှန်းက ဆရာအသစ်ကို လက်မခံဝံ့ပါဘူး"

ရှန်းရှန်းက ဦးညွတ်ပြီး ယဉ်ကျေးစွာ ငြင်းပယ်လိုက်လေသည်။

ဟဲကောင်း၏ မျက်နှာက အနည်းငယ် တည်သွားသည်။

"ရှန်းရှန်း၊ မင်း သေချာစဉ်းစားရမယ်။ ငါက အစစ်အမှန်ဧကရာဇ်တစ်ပါးပဲ။ မင်းရဲ့ဆရာ ကျင့်ကြံမှုအဆင့်က ဘာလဲ"

"ကျွန်မရဲ့ ဆရာရဲ့ ကျင့်ကြံမှုက မမြင့်မားပေမဲ့ ရှန်းရှန်းကတော့ အနာဂတ်မှာ သူဟာ ဒီကမ္ဘာရဲ့ အထွတ်အထိပ် ကျွမ်းကျင်သူတစ်ဦး ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်"

ရှန်းရှန်းက ခိုင်မာပြတ်သားသော အကြည့်တို့ဖြင့် ပြောလိုက်၏။

သူ့နှလုံးသားထဲတွင် လုမင်က အသန်မာဆုံး ဖြစ်သည်။ သူ၏ ကျင့်ကြံမှုအဆင့်က ဟဲကောင်းကဲ့သို့ မမြင့်မားသော်လည်း ဟဲကောင်းကို အနှေးနှင့်အမြန် ကျော်လွန်သွားလိမ့်မည်။

"မိုက်မဲလိုက်တဲ့ ကလေးမရယ်၊ ယွမ်လုမှာ အထွတ်အထိပ် ကျွမ်းကျင်သူဖြစ်ဖို့ ဘယ်လိုလွယ်နိုင်ပါ့မလဲ။ နောက်ပြီး သူ့တပည့်ကိုတောင် မကာကွယ်နိုင်ဘဲ သူ့မှာ ဘာအောင်မြင်မှုတွေ ရနိုင်မှာတဲ့လဲ။ သူက အခု ကျဆုံးသွားပြီးတာတောင် ဖြစ်နိုင်တယ်။ မင်းက ငယ်ပါသေးတယ်၊ တခြားသူတွေရဲ့ ပျားရည်လို ချိုသာတဲ့ စကားတွေကြောင့် လှည့်စားမခံလိုက်နဲ့"

ဟဲကောင်းက ပြုံးပြီး ပြောလိုက်သည်။ ရှန်းရှန်းက ငယ်ရွယ်သေးသဖြင့် အသိဉာဏ်နည်းပါးခြင်းဟု သူ ထင်နေသေးသည်။

သို့သော်၊ ရှန်းရှန်း၏ မျက်နှာက အနည်းငယ်တည်သွားပြီး ပြောလိုက်သည်။

"အကြီးအကဲ ဟဲကောင်း... ရှင်က ရှန်းရှန်း၊ တောင်ကြားသခင် အဘိုးနဲ့ ဂိုဏ်းတူဦလေး ထျန်းချွေးတို့ကို ကယ်တင်ခဲ့တာကြောင့် ရှန်းရှန်းက တကယ်ပဲ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ဆရာကို စော်ကားလို့မရဘူး။ မဟုတ်ရင် ရှန်းရှန်းက ထွက်သွားရလိမ့်မယ်"

"ကောင်းပြီ... ကောင်းပြီ... ကောင်းပြီ၊ ငါ မင်းကို အတင်းအကြပ်မလုပ်တော့ဘူး။ မင်း ဖြည်းဖြည်းချင်း စဉ်းစားလို့ရတယ်။ ဒါပေမဲ့ ငါမင်းကို သင်ပေးထားတဲ့ ဥတုလေးလီ သိုင်းကျင့်စဉ်က မင်းရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ အင်မတန် လိုက်ဖက်တယ်။ ဒါက မင်းရဲ့ စွမ်းရည်ကို အတိုင်းအတာတစ်ခုအထိ လှုံ့ဆော်ပေးနိုင်တယ်။ မင်းရဲ့ ပင်ကိုယ်စွမ်းရည်က ပြိုင်စံရှားတယ်လေ၊ ဒါကို ကောင်းကောင်းအသုံးမပြုရင် နှမြောစရာဖြစ်လိမ့်မယ်"

ဟဲကောင်းက သက်ပြင်းချလိုက်သည်။ သို့သော်၊ သူ့မျက်လုံးများ၏ နက်နဲရာတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်လာသည်ကို မည်သူမျှ သတိမထားမိခဲ့ပေ။

"ကောင်းပါပြီ"

ရှန်းရှန်းက‌ ခေါင်းညိတ်လိုက်သည်။ သူ့မျက်နှာကလည်း ပြန်ကြည်လင်လာလေသည်။

"ရှန်းရှန်း၊ မင်းနဲ့ မင်းရဲ့ ဂိုဏ်းတူဦးလေး ထျန်းချွေးတို့ အရင်ပြန်သွားသင့်တယ်။ ငါ ‌မင်းရဲ့ တောင်ကြားသခင်အဘိုးနဲ့ ဆွေးနွေးစရာရှိတယ်"

ဟဲကောင်းက ပြုံးလိုက်သည်။

"ဟုတ်၊ ဒါဆိုရင် နှုတ်ဆက်ပါတယ် အကြီးအကဲ ဟဲကောင်း၊ တောင်ကြားသခင်အဘိုးကိုလည်း နှုတ်ဆက်ပါတယ်"

ဟဲကောင်းက နာခံစွာ ခေါင်းညိတ်လိုက်သည်။ ဟဲကောင်းနှင့် ရေခဲနဂါးတောင်ကြားသခင်တို့ကို နှုတ်ဆက်ပြီးနောက် သူက ကောင်းကင်သို့ ပျံတက်ကာ ထျန်းချွေးနှင့်အတူ ထွက်ခွာသွားလေသည်။

ရှန်းရှန်းနှင့် ထျန်းချွေးတို့ ထွက်ခွာသွားပြီးနောက် ဟဲကောင်း၏ မျက်နှာက တည်ရာမှ တင်းမာလာခဲ့သည်။ သူက ရေခဲနဂါးတောင်ကြားသခင်ကို အေးစက်စွာ စိုက်ကြည့်လိုက်၏။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုကလည်း ထွက်ပေါ်လာတော့သည်။

ရေခဲနဂါးတောင်ကြားသခင်၏ ခန္ဓာကိုယ်က တုန်လှုပ်သွားပြီး နောက်ကိုဆုတ်သွားလိုက်ရသည်။ သူ့မျက်နှာကလည်း ဖြူဖျော့သွား၏။

ဟဲကောင်းက အစစ်အမှန်ဧကရာဇ်ဖြစ်သောကြောင့် ရေခဲနဂါးတောင်ကြားသခင်မှာ လုံးဝ မခုခံနိုင်ပေ။

"ရှန်းရှန်းက ငါ့ကို သူ့ဆရာအဖြစ် လက်ခံအောင် တိုက်တွန်းပေးဖို့ မင်းကိုငါပြောခဲ့တယ်။ အခုတော့ မင်းက မလုပ်သလိုပဲ"

ဟဲကောင်းက မှုန်ကုပ်ကုပ်ဖြင့် ပြောလိုက်သည်။

"ဆရာအဖြစ် တင်မြှောက်ဖို့က ရှန်းရှန်းရဲ့ ကိုယ်ပိုင်ဆန္ဒအပေါ် မူတည်ပါတယ်၊ ကျုပ်က သူ့ကို ဆွဲဆောင်ဖို့ ကြိုးစားရင်တောင် ဘာထူးသလဲ။ သူက ခင်ဗျားကို သူ့ဆရာအဖြစ် အသိအမှတ်ပြုချင်ရင် ဘယ်လိုကြောင့် ဆွဲဆောင်စရာလိုဦးမှာလဲ"

ရေခဲနဂါးတောင်ကြားသခင်က ပြောလိုက်သည်။

"ဟမ့်"

ဟဲကောင်းက နှာခေါင်းတစ်ချက်ရှုံ့ပြီး ဆက်ပြောလိုက်၏။

"ရှန်းရှန်းကို ဥတုလေးလီ သိုင်းကျင့်စဉ်ကို လေ့ကျင့်စေဖို့ ငါမင်းကို ပြောထားတာကျတော့ရော၊ မင်း သူ့ကို ဆွဲဆောင်ခဲ့လို့လား"

ရေခဲနဂါးတောင်ကြားသခင်၏ မျက်လုံးများက ထူးဆန်းသော အလင်းရောင်တစ်ခု လင်းလက်သွားသည်။ သူက ဟဲကောင်းကို စိုက်ကြည့်ပြီး ပြောသည်။

"ရှန်းရှန်းက ဥတုလေးလီ သိုင်းကျင့်စဉ်ကို ဘာကြောင့် လေ့ကျင့်ဖို့လိုတာလဲ"

"ဒါကို ဂရုစိုက်‌စရာမလိုဘူး၊ သူ့ကို လေ့ကျင့်ဖို့ပဲ ဆွဲဆောင်ပါ"

ဟဲကောင်းက ပြောလိုက်၏။

ရေခဲနဂါးတောင်ကြားသခင်က လှောင်ပြောင်လိုက်သည်။

"ခင်ဗျား ကျုပ်ကို သတ်ချင်ရင်လည်း သတ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ကျုပ်က ရှန်းရှန်း မလုပ်ချင်တဲ့အရာကို လုပ်ခိုင်းမှာမဟုတ်ဘူး"

"မင်းက သေချင်နေတာလား၊ ဒါက မလွယ်ဘူး"

ဟဲကောင်း၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်သွား၏။

ထို့နောက်တွင် ရေခဲနဂါးတောင်ကြားသခင်၏ ခန္ဓာကိုယ်က အဆုံးမရှိသော နာကျင်မှုကို ခံစားနေရသကဲ့သို့ တုန်လှုပ်သွားတော့သည်

"အား..."

ခဏအကြာတွင်၊ ရေခဲနဂါးတောင်ကြားသခင်၏ တည်ငြိမ်မှုဖြင့်ပင် မထိန်းနိုင်တော့ဘဲ နာကျင်စွာ အော်ဟစ်လိုက်သည်။ ကြီးစွာသော နာကျင်မှုကြောင့် သူ့မျက်နှာကလည်း ရှုံ့မဲ့နေတော့သည်။

"အား... အား..."

ရေခဲနဂါးတောင်ကြားသခင်က ဟိန်းဟောက်လိုက်သည်။ သူ့တကိုယ်လုံးက အေးစက်သော ချွေးများဖြင့် ရွှဲစိုနေ၏။ သူက သူ့ကိုယ်သူ ပြန်ကုပ်ခြစ်လိုသော်လည်း မမြင်နိုင်သော စွမ်းအားတစ်ခုဖြင့် သူ့ကို ထိန်းချုပ်ထားသလို လှုပ်ရှားရခက်စေသည်။

"ဝိဥာဉ်စားပိုးကောင်တွေက မင်းရဲ့ဝိညာဉ်ကို အဆက်မပြတ်ကိုက်ဖြတ်နေပြီး မင်းကို စာဖွဲ့မရအောင် နာကျင်မှုကို ခံစားရစေနိုင်တယ်။ အဲဒါက ရုပ်ခန္ဓာထက် ဆယ်ဆ ဒါမှမဟုတ် အဆတစ်ရာ ပိုနာကျင်စေတာပေါ့။ မင်း ကောင်းကောင်း ခံစားလိုက်ပါ"

ဟဲကောင်းက အေးစက်စွာ ပြောလိုက်သည်။

"မင်း... မင်း အရမ်းရွံစရာကောင်းတာပဲ။ ရှန်းရှန်းသိရင် ထွက်သွားလိမ့်မယ်"

ရေခဲနဂါးတောင်ကြားသခင်က အော်ဟစ်လိုက်သည်။

"သူ ထွက်သွားချင်တာနဲ့ မင်းသေချိန်တန်ပြီပဲ"

ဟဲကောင်းက အေးစက်စက် ပြော၏။

ရေခဲနဂါးတောင်ကြားသခင်က နာကျင်စွာ အော်ဟစ်ရပြန်သည်။ သူ့ဝိညာဉ်ကို ပိုးကောင်များစွာက ကိုက်ခဲနေပြီး အဆုံးမရှိသော နာကျင်မှုကြား နစ်မြှုပ်သွားသည်ဟုပင် သူခံစားမိပေသည်။

ခဏအကြာတွင်၊ ဟဲကောင်းက သူ့လက်ကို ဝှေ့ယမ်းကာ ဝိညာဉ်စားပိုးကောင်များ ကိုက်ခြင်းကို ရပ်တန့်ရန် ထိန်းချုပ်လိုက်သည်။ ရေခဲနဂါးတောင်ကြားသခင်လည်း ထိုအခါမှ အော်ဟစ်ခြင်း ရပ်တန့်သွားခဲ့သည်။ သူ့တကိုယ်လုံးက ချွေးဒီးဒီးကျကာ မောဟိုက်နေတော့သည်။

"ရှန်းရှန်းကို ငါ့တပည့်ဖြစ်အောင် ဆွဲဆောင်ပြီး ဥတုလေးလီ သိုင်းကျင့်စဉ်ကို လေ့ကျင့်စေဖို့ မင်းကို နောက်ထပ် နှစ်လ အချိန်ပေးမယ်။ မဟုတ်ရင်တော့ မင်း သေတာထက်ပိုဆိုးတဲ့ ကံကြမ္မာကို ခံစားရလိမ့်မယ်"

"နောက်ပြီးတော့ ရှန်းရှန်းကို ဒီအကြောင်းတွေ ပြန်ပြောဖို့ မကြိုးစားနဲ့ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့လည်း မကြိုးစားပါနဲ့။ မဟုတ်ရင် ရှန်းရှန်းနဲ့ ထျန်းချွေးတို့လည်း သေကြရလိမ့်မယ်"

ဟဲကောင်းက အေးစက်စွာ ပြောလိုက်သည်။ ထို့နောက်တွင် သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။

ရေခဲနဂါးတောင်ကြားသခင်က အတန်ကြာအောင် အသက်ပြင်းပြင်းရှူပြီးနောက် တင်ပျဉ်ခွေထိုင်ကာ သူ့ကိုယ်သူ ကုသလိုက်သည်။ နာရီဝက်ကြာပြီးမှ သူ ပြန်ထနိုင်ပေသည်။

'ဟဲကောင်းက ရှန်းရှန်းကို ဥတုလေးလီသိုင်းကျင့်စဉ် လေ့ကျင့်စေဖို့ ဘာဖြစ်လို့ စိတ်အားထက်သန်နေရတာလဲ။ ဒီလူက ကောက်ကျစ်တယ်၊ သူပြောသလို ရှန်းရှန်းရဲ့ ကိုယ်ကျိုးအတွက်လုပ်တာ မဟုတ်တာတော့ သေချာတယ်။ အခု ငါ ဘာဆက်လုပ်ရမလဲ'

ရေခဲနဂါးတောင်ကြားသခင်က မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။

ဟဲကောင်းက ရှန်းရှန်း၏ရှေ့တွင် ဖော်ရွေပြီး တည်ကြည်သော အသွင်ကို အမြဲဆောင်ထားသည်။ သို့သော်လည်း ရှန်းရှန်း ထွက်သွားပြီးနောက် သူသည် သူ၏ ဇာတိရုပ်ကို ပြသလာတော့သည်။

ဟဲကောင်းက ရှန်းရှန်းကို ဆွဲဆောင်စေရန်အတွက် သူ့ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်စားပိုးကောင်ကို ထည့်သွင်းထားခဲ့သည်။

ရေခဲနဂါးတောင်ကြားသခင်က ရှန်းရှန်းကို ဟဲကောင်း၏တပည့်ဖြစ်ခွင့် ဘယ်သောအခါမှ ခွင့်မပြုပါ။ သို့သော်လည်း ဤသည်မှာ ဟဲမိသားစု ဖြစ်သည်။

ဟဲမိသားစုတွင် သန်မာသော ကျင့်ကြံသူများစွာ ရှိခဲ့သည်။ ဟဲမိသားစုမှ မည်သူမဆို သူကဲ့သို့ အဆင့်နိမ့် အန္တိမသူတော်စင်တစ်ပါးကို အလွယ်တကူ သတ်နိုင်သည်။

သူက ရှန်းရှန်းတို့ကို အဝေးသို့ ခေါ်သွားလိုသော်လည်း ဘာမှမတတ်နိုင်ပေ။ သူ့ကြောင့် ရှန်းရှန်းနှင့် အခြားသူများကိုပင် ညိစွန်းစေနိုင်သည်။

သူက စိတ်မသက်မသာဖြင့် နေအိမ်သို့ ပြန်လာခဲ့လေသည်။

သူတို့၏ နေထိုင်ရာက ကြီးမားသော‌ ခြံဝင်းတစ်ခုတွင် ဖြစ်သည်။ သို့သော်လည်း အိမ်တော်ကို အစွမ်းထက် ပညာရှင်များက စောင့်ကြပ်ထားကာ ယင်ကောင်တစ်ကောင်ပင် မထွက်သွားနိုင်ပေ။

"တောင်ကြားသခင်အဘိုး၊ အကြီးအကဲ ဟဲကောင်းက ရှင့်ကို ဘာပြောတာလဲ"

ရေခဲနဂါးတောင်ကြားသခင်က ခြံဝင်းသို့ ပြန်ရောက်သည်နှင့် ရှန်းရှန်းက စိတ်ဝင်စားစွာ မေးလိုက်သည်။

“ဘာမှမဟုတ်ပါဘူး။ လုမင်နဲ့ တခြားသူတွေက ဘယ်ရောက်နေသလဲလို့ မေးတာ"

ရေခဲနဂါးတောင်ကြားသခင်က အဆင်ပြေရာ အကြောင်းပြချက်တစ်ခု ပေးလိုက်သည်။ ထို့နောက် သူ့မျက်နှာက တစ်ချက်တည်သွားပြီး မေးလိုက်၏။

"ရှန်းရှန်း၊ မင်းက ဟဲကောင်းပေးခဲ့တဲ့ ဥတုလေးလီသိုင်းကျင့်စဉ်ကို လေ့ကျင့်ခဲ့ပြီးပြီလား"

"တောင်ကြားသခင်အဘိုးက မလေ့ကျင့်နဲ့ဆိုလို့ ကျွန်မ မလေ့ကျင့်ရသေးပါဘူး"

ရှန်းရှန်းက ခေါင်းယမ်းပြီး ပြောလိုက်သည်။

"ကောင်းတယ်၊ အဲဒါကို မလေ့ကျင့်နဲ့။ မင်းရဲ့ဆရာ ပေးအပ်ထားတဲ့ ပညာရပ်ကိုပဲ လေ့ကျင့်ပဲ"

ရေခဲနဂါးတောင်ကြားသခင်က ထပ်မံသတိပေးလိုက်သည်။

"ဟုတ်၊ ရှန်းရှန်း နားလည်ပါတယ်"

ရှန်းရှန်းက ခေါင်းညိတ်လိုက်သည်။ ရေခဲနဂါးတောင်ကြားသခင်က သူ့အား ဥတုလေးလီသိုင်းကျင့်စဉ်ကို မလေ့ကျင့်ရန် အဘယ်ကြောင့် တားမြစ်နေမှန်း သိလိုသော်လည်း၊ ရေခဲနဂါးတောင်ကြားသခင်က သူ့ကို အန္တရာယ်ဖြစ်စေမည်မဟုတ်ကြောင်း ယုံကြည်သောကြောင့် မငြင်းဆန်တော့ပေ။

All Chapters