← Chapters

အခန်း ၁၉၁၉

Vol. 128 Ch. 1919

အခန်း ၁၉၁၉

Vol. 128 Ch. 1919

အပိုင်း ( 1919 ) ဟဲကောင်း၏ ရည်ရွယ်ချက်အမှန်။

နောက်ရက်အနည်းငယ်အတွင်း၊ ရေခဲနဂါးတောင်ကြားသခင်က ခြံဝင်းထဲတွင် လမ်းလျှောက်ရင်း မြေအနေအထားကို အကဲခတ်ကာ ဟဲမိသားစုမှ လွတ်မြောက်ရန် နည်းလမ်းရှာခဲ့သည်။

သို့ရာတွင်၊ ဟဲမိသားစုက မည်မျှ စွမ်းအားကြီးသနည်း။ ကျွမ်းကျင်သူများက ကောင်းကင်ယံမှ တိမ်များကဲ့သို့ဖြစ်ပြီး နေရာတိုင်းတွင် ဝိညာဉ်အသိများ ရှိကြသည်။ ဟဲမိသားစုမှ ထွက်သွားချင်လျှင် ဟဲမိသားစုကို သတိမပြုမိစေဘဲ မဖြစ်နိုင်ပေ။

ယနေ့တွင်၊ ရေခဲနဂါးတောင်ကြားသခင်က အခြားအိမ်တစ်လုံးအနားသို့ ရောက်လာသည်။

'ဒါက... ဟဲကောင်းရဲ့အိမ်ပဲ'

ရေခဲနဂါးတောင်ကြားသခင်က အံ့ဩသွားပြီး သူ့အရှိန်အဝါများကို မသိစိတ်မှ ထိန်းချုပ်လိုက်မိသည်။

ထို့နောက် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အမျိုးသမီးငယ်နှစ်ဦးကို ဟဲကောင်း၏ အိမ်ထဲသို့ ခေါ်ဆောင်သွားကြောင်း တွေ့လိုက်ရ၏။

"အကြီးအကဲ ဟဲကောင်းက မိန်းမပျိုလေးတွေကို စေလွှတ်ခိုင်းနေတာက ဘာကြောင့်လို့ ထင်တာလဲ။ ပြီးတော့ သူက သူတို့ကို ပြုစုပျိုးထောင်ပေးနေတာတဲ့လား"

တံခါးကို လူလတ်ပိုင်းအရွယ် လူနှစ်ယောက်က စောင့်ကြပ်နေပြီး သူတို့ထဲမှတစ်ယောက်က တီးတိုးပြောလိုက်သည်။

ထိုစကားကိုကြားတော့ ရေခဲနဂါးတောင်ကြားသခင်က လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ သူက သူ့အရှိန်အဝါကို လွန်ကဲစွာ ထိန်းချုပ်လိုက်၏။ တစ်ချိန်တည်းမှာပင်၊ သူတော်စင်စွမ်းအင်ကို သူ့နားဆီသို့ ပို့လွှတ်ပြီး အသံများကို နားစွင့်လိုက်သည်။

"ကျုပ်က လျှို့ဝှက်သတင်းတစ်ခု ကြားထားတယ်။ ကျုပ်ပြောပြမယ်၊ ဒါပေမဲ့ အပြင်ကို‌ ပေါက်ကြားစေလို့တော့ မရဘူးနော်"

အခြား တံခါးစောင့်က ခပ်တိုးတိုး ပြန်ပြောသည်။

"ဘာသတင်းလဲ"

ပထမ တံခါးစောင့်က သိလိုစိတ်တို့ ပေါ်လာ၏။

"ဒီအမျိုးသမီးတွေအကုန်လုံးက အကြီးအကဲ ဟဲကောင်းရဲ့ လူသား ကျင့်ကြံရေးအရင်းမြစ်တွေလို့ ကျုပ်ကြားတယ်။ အကြီးအကဲ ဟဲကောင်းက ဒီမိန်းကလေးတွေကို ဥတုလေးလီ သိုင်းကျင့်စဉ်ရဲ့ ပြင်ဆင်ထားတဲ့မူကို လေ့ကျင့်စေတယ်။ အဲဒီမိန်းကလေးတွေက ကျင့်စဉ်အောင်မြင်တဲ့အခါ အကြီးအကဲ ဟဲကောင်းက အဲဒီမိန်းကလေးရဲ့ ယင်စွမ်းအင်ကို စုပ်ယူပြီး သူ့ရဲ့ကျင့်ကြံမှု တိုးတက်စေဖို့ ကြိုးစားတယ်တဲ့"

"အကြီးအကဲ ဟဲကောင်းရဲ့ ကောင်းကင်ကပ်ဘေးက မကြာခင်ရောက်လာတော့မယ်လို့ ကျုပ်ကြားတယ်၊ ဒါပေမဲ့ သူက လွတ်မြောက်နိုင်မယ်လို့ မယုံကြည်ဘူး။ အဲဒါကြောင့် အနှစ်သုံးသိန်းမှာ တစ်ကြိမ်ဖြစ်ပေါ်တဲ့ ကပ်ဘေးဒုက္ခကို တိုက်ဖျက်ဖို့ သူ့ရဲ့ကျင့်ကြံမှု အမြန်တိုးတက်လာအောင် ဒီနည်းလမ်းကို အသုံးပြုနေတာ"

နောက်ကလူက တိုးတိုးလေးရှင်းပြလေသည်။

ထိုစကားကိုကြားတော့ ရေခဲနဂါးတောင်ကြားသခင်မှာ တုန်လှုပ်သွားသည်။ သူ့နောက်ကျောမှာလည်း ချွေးများဖြင့် အေးစက်သွားသလို ခံစားလိုက်ရ၏။

သူက‌ နောက်ဆုံးမှာတော့ ဟဲကောင်း၏ ရည်ရွယ်ချက်အမှန်ကို သိလိုက်ပြီ။

ရှန်းရှန်းကို သူ့တပည့်အဖြစ် ခေါ်ယူခြင်းက ဟန်ပြဖြစ်သည်။ သူ၏ တကယ့်ရည်ရွယ်ချက်မှာ ရှန်းရှန်းကို ဥတုလေးလီသိုင်းကျင့်စဉ် လေ့ကျင့်စေရန်ပင်။

ရှန်းရှန်း၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံက ရှင်သန်ခြင်း အသက်ခန္ဓာ ဖြစ်သည်။ သူမသည် ဟဲကောင်း၏ ဥတုလေးလီကျင့်စဉ်ကို လေ့ကျင့်ခဲ့ပါက၊ သူ၏ ယင်စွမ်းအင်သည် ဟဲကောင်းအတွက် များစွာ အထောက်အကူ ဖြစ်လိမ့်မည်။

ဒါက ဟဲကောင်း၏ တကယ့် ရည်ရွယ်ချက် ဖြစ်သည်။

ရေခဲနဂါးတောင်ကြားသခင်က ကြောက်လန့်သွားမိိသည်။ ကံကောင်းထောက်မစွာဖြင့်၊ သူသည် တစ်ခုခုမှားနေပြီဟု ခံစားခဲ့ရပြီး ရှန်းရှန်းကို ဥတုလေးလီ သိုင်းကျင့်စဉ်အား မလေ့ကျင့်စေခဲ့ပေ။ မဟုတ်လျှင်၊ အကျိုးဆက်များက မှန်းဆလို့ မရနိုင်ပါ။

'ဟဲကောင်း၊ မင်းက လူယုတ်မာပဲ။ မင်းက တကယ်ကို အကြင်နာတရားမရှိဘူး'

ရေခဲနဂါးတောင်ကြားသခင်က အံကြိတ်လိုက်သည်။

သူက လွတ်မြောက်ရန် နည်းလမ်းကို အမြန်ဆုံး တွေးတောကြံဆရတော့မည်။ ဤအတိုင်း ဆက်နေခြင်းက အန္တရာယ်များလွန်းသည်။

ရှန်းရှန်းက ဥတုလေးလီ သိုင်းကျင့်စဉ်ကို မလေ့ကျင့်လျှင်၊ ဟဲကောင်းက ရှန်းရှန်းကို လေ့ကျင့်စေရန် အခြားအရှက်မရှိသော နည်းလမ်းများကို အသုံးပြုမည်မှန်း သူဖြစ်သည်။

ရေခဲနဂါးတောင်ကြားသခင်က သူ့ခြံဝင်းထဲသို့ မသက်မသာဖြင့် ပြန်လာခဲ့သည်။

"တောင်ကြားသခင်အဘိုး... ဘာဖြစ်လို့လဲ"

ရှန်းရှန်းက ရေခဲနဂါးတောင်ကြားသခင် စိတ်မသက်မသာဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့သြစွာမေးလိုက်သည်။

"ငါအဆင်ပြေပါတယ်... အဆင်ပြေပါတယ်"

ရေခဲနဂါးတောင်ကြားသခင်က ခေါင်းယမ်းလိုက်လေသည်။

ဤအကြောင်းကို ရှန်းရှန်းအား ပြန်မပြောနိုင်ပါ။ သူက ရှန်းရှန်းကို ပြောပြမိလျှင်၊ ရှန်းရှန်းက ဒေါသတကြီးဖြင့် ဟဲကောင်းကို ပြန်မေးမည် ဖြစ်သည်။ ထိုအခါ ဟဲကောင်းက ချက်ချင်း အကြမ်းဖက်လာနိုင်ဖွယ် ရှိသည်။

ဤကိစ္စကို သူ့စိတ်ထဲတွင် ဖုံးကွယ်ထားကာ လျှို့ဝှက်စွာ စီစဉ်ရမည်။

"ရှန်းရှန်း၊ မင်း ဥတုလေးလီ သိုင်းကျင့်စဉ်ကို မလေ့ကျင့်ရဘူးနော်"

ရေခဲနဂါးတောင်ကြားသခင်က ထပ်မံသတိပေးလိုက်သည်။ ရှန်းရှန်းက နာခံစွာ ခေါင်းညိတ်ပြတာကို မြင်ရတော့မှ ရေခဲနဂါးတောင်ကြားသခင်လည်း စိတ်သက်သာရာရသွားလေသည်။

အချိန်များက မြန်စွာ ကုန်လွန်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ တစ်လကျော်ကြာသွားပြီ။

"ရှန်းရှန်း‌ရေ၊ နှစ်ရက်ကြာရင် ကောင်းကင်ဧကရာဇ်မြို့တော်မှာ လေလံပွဲကြီးတစ်ခု ကျင်းပလိမ့်မယ်။ အဲဒီအခါကျရင် မင်း အမြင်ကျယ်ရအောင် ငါ ခေါ်သွားပေးမယ်"

ဟဲကောင်းက ရှန်းရှန်းကို လာတွေ့ပြီး နူးညံ့ကြင်နာစွာပြုံးလိုက်သည်။

"ကောင်းလိုက်တာ"

ရှန်းရှန်းက ပျော်ရွှင်သွား၏။ သူက ဟဲမိသားစုတွင် တချိန်လုံး လေ့ကျင့်နေရသောကြောင့် အပြင်ထွက်ပြီး လမ်းလျှောက်ချင်နေတာ ကြာပြီ။

"ငါ ရှန်းရှန်းကို လမ်းလျှောက်ရအောင် ခေါ်သွားလိုက်မယ်"

ဟဲကောင်းက ရေခဲနဂါးတောင်ကြားသခင်နှင့် ထျန်းချွေးကို ပြောဆိုပြီး ရှန်းရှန်းနှင့်အတူ ထွက်သွားခဲ့သည်။

ရေခဲနဂါးတောင်ကြားသခင်က စိုးရိမ်ပူပန်နေသော်လည်း ဘာမှမတတ်နိုင်တော့ပေ။

...............

ယွမ်တောင်မြင့်မြတ်သောကျောင်းတော်တွင်၊ လုမင်ကလည်း အပြင်သို့ထွက်ရန် စီစဉ်ထားသည်။

ဤအချိန်ကာလတွင်၊ သူက လူအချို့၏ ဝိညာဉ်ခန္ဓာကို သန့်စင်ရန် ကူညီပေးခဲ့ပြီး သူတော်စင်ဆေး ပမာဏများစွာကို သောက်သုံးခဲ့ရသည်။ ဟွမ်လင်နှင့် တခြားသူများမှာပင် ဆေးဝါးများ သိပ်မကျန်တော့ပါ။ ထို့ကြောင့် အပြင်ထွက်၍ သူတော်စင်ဆေးဝယ်ယူရန် စိတ်ကူးခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဟန်မိသားစုက ယွမ်တောင် မြင့်မြတ်သောကျောင်းတော်၏ ပတ်ဝန်းကျင်တွင် စောင့်ကြပ်ရန် ကျွမ်းကျင်သူများကို စေလွှတ်ခဲ့သည်မှာ တစ်နှစ်ကျော်ရှိပြီ။ လုမင်က ထွက်သွားဝံ့သရွေ့ ချက်ချင်း တိုက်ခိုက်မည် ဖြစ်သည်။

သို့ရာတွင်၊ လုမင်ကတော့ မကြောက်ပါ။

သူ့တွင် နတ်အရှိန်အဝါကျင့်စဉ်ရှိပြီး သူ၏အသွင်အပြင်နှင့် အရှိန်အဝါတို့ကို ပြောင်းလဲနိုင်သည်။ သူ၏ လက်ရှိကျင့်ကြံမှုဖြင့် သိုင်းဧကရာဇ်တစ်ပါး၏ရှေ့တွင် ရပ်နေလျှင်ပင် သူ့ကို မှတ်မိနိုင်မည်မဟုတ်ပေ။

ယခင်က အပြင်မထွက်ခဲ့သော အကြောင်းရင်းမှာ အပြင်မထွက်ချင်တာကြောင့် ဖြစ်သည်။ တကယ်တမ်းတွင်၊ သူ အပြင်ထွက်ချင်ပါက အချိန်မရွေး ထွက်ခွာနိုင်သည်။

လုမင်၏ အသွင်အပြင်က ပြောင်းလဲသွားပြီး အသားဖြူဖြူ လူငယ်လေးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာပင် သူက အဖြူရောင် ၀တ်စုံကို ပြောင်းလဲကာ ခေါက်ယပ်တောင်ကို ကိုင်ထားလိုက်၏။ သူက ခဏချင်းမှာပင် အထက်တန်းစား သခင်လေးတစ်ယောက် ဖြစ်လာတော့သည်။

သူ့အရှိန်အဝါများပင် ပြောင်းလဲသွားခဲ့သည်။

လုမင်က ပြုံးပြီး ယွမ်တောင် မြင့်မြတ်သောကျောင်းတော်၏ တံခါးဆီသို့ ပျံသန်းသွားခဲ့သည်။ ထို့နောက်မှာတော့ သူသည် ယွမ်တောင် မြင့်မြတ်သောကျောင်းတော်၏ တံခါးဝမှ ရင်ကော့ကာ ထွက်သွားတော့သည်။

ယွမ်တောင် မြင့်မြတ်သောကျောင်းတော်၏ အပြင်ဘက်တွင် ဟန်မိသားစုမှ သိုင်းဧကရာဇ်နှစ်ပါးက စောင့်ကြပ်နေသည်။ လုမင် ထွက်လာတာကို တွေ့လိုက်သောအခါ သူတို့၏ ဝိညာဉ်အသိက လုမင်၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွား၏။ သို့သော်လည်း မည်သည့်မူမမှန်မှုကိုမှ မတွေ့သောကြောင့် သူ့ကို ဂရုမစိုက်ကြတော့ပါ။

ယွမ်တောင် မြင့်မြတ်သောကျောင်းတော်က ပါရမီရှင်များ၏ စုရုံးရာနေရာ ဖြစ်သည်။ နေ့စဉ်နှင့်အမျှ လူငယ်များ ဝင်ထွက်သွားလာကြပေသည်။

'သာမန်သိုင်းဧကရာဇ်တွေက ငါ့ကို တကယ်မမြင်နိုင်ဘူး'

လုမင်က နှုတ်ခမ်းတွန့်ရုံပြုံးပြီး ယွမ်တောင် မြင့်မြတ်သောကျောင်းတော်မှ ထွက်ခွာသွားသည်။

သူက လူစည်ကားသောနေရာကို ရောက်လာပြီး မကြာမီတွင်၊ ယနေ့ ကောင်းကင်ဧကရာဇ်မြို့တော်မှာ လေလံပွဲတစ်ခု ကျင်းပမည်ဖြစ်ကြောင်း သိလိုက်ရသည်။ ထိုအချိန်တွင်၊ ရှားပါးရတနာများစွာကို လေလံတင်ရောင်းချမည်ဖြစ်ပြီး သိုင်းဧကရာဇ်များပင် ရောက်လာကြလိမ့်မည်။

လုမင်လည်း စိတ်ဝင်စားလာပြီး လေလံအိမ်ဆီသို့ ချက်ချင်း လျှောက်သွားသည်။

အခကြေးငွေ ပေးဆောင်ပြီးနောက် လေလံအိမ်အတွင်းသို့ ဝင်ရောက်သွားလေသည်။

"လူတွေအများကြီးပဲ"

လေလံပွဲသို့ လျှောက်သွားလိုက်သည်နှင့် အလွန်ကျယ်ဝန်းသော ခန်းမတစ်ခုကို သူတွေ့လိုက်ရသည်။ ခန်းမထဲတွင် လူများ ပြည့်နေ၏။ အကြမ်းဖျင်းအားဖြင့် လူပေါင်း ရာနှင့်ချီပြီး ရှိကြသည်။

ခန်းမပတ်လည်မှာတော့ အထူးအခန်းများ ရှိသည်။ တန်ခိုးကြီးသူများ သို့မဟုတ် ချမ်းသာပြီး အသွင်ဝှက်လိုရှိသူများအတွက် ပြင်ဆင်ထားခြင်း ဖြစ်ပေသည်။

လူအများစုကတော့ ခန်းမထဲတွင်သာ နေနိုင်သည်။

လုမင်လည်း ခန်းမထဲမှ ထိုင်ခိုင်တစ်ခုတွင် ထိုင်လိုက်သည်။

အချိန်ကြာလာသည်နှင့်အမျှ လူအရေအတွက်က တိုးလာ၏။

တစ်နာရီခန့်ကြာပြီးနောက် လေလံပွဲကို စတင်သည်။

ပထမဆုံး လေလံပစ္စည်းက လုမင်၏ မျက်လုံးများကို ပြူးကျယ်စေခဲ့သည်။

အကြောင်းမူ၊ ၎င်းက ဧကရာဇ်လက်နက် ဖြစ်သောကြောင့်ပင်။

လုမင် သက်ပြင်းချလိုက်တယ်။ ကောင်းကင်ဧကရာဇ်မြို့တော်၏ လေလံပွဲက အမှန်ပင် ထူးခြားပေသည်။ ပထမဆုံး လေလံတင်ရောင်းချသည့်ပစ္စည်းမှာ အမှန်တကယ်ပင် ဧကရာဇ်လက်နက် ဖြစ်သည်။

သို့သော်လည်း လုမင်က ၎င်းကို မက်မောသည့်တိုင် ဧကရာဇ်လက်နက်၏ စျေးနှုန်းမှာ ခေါင်ခိုက်နေသည်။ ထို့အပြင် လူတစ်စုက ၎င်းအတွက် ပြိုင်ဆိုင်နေကြသောကြောင့် စျေးနှုန်းက ကြောက်မက်ဖွယ်အဆင့်သို့ တက်လာခဲ့၏။ လုမင်လည်း ဤမြင်ကွင်းများကိုကြည့်ရင်း သက်ပြင်းကိုသာချနိုင်သည်။ နောက်ဆုံးတွင်၊ ဧကရာဇ်လက်နက်ကို အထူးအခန်းထဲမှ လူတစ်ယောက်က ကြောက်စရာကောင်းတဲ့ဈေးနှုန်းဖြင့် ဝယ်ယူသွားပေသည်။ ထိုသူက သိုင်းဧကရာဇ်အဆင့် အကျော်အမော်တစ်ဦးဟုပင် ထင်ရသည်။

လေလံပွဲကို ဆက်လက်ကျင်းပခဲ့သည်။ ဒုတိယ လေလံပစ်သည့် ပစ္စည်း၏ တန်ဖိုးကတော့ ဧကရာဇ်လက်နက်ထက် များစွာတန်ဖိုးနည်းပေသည်။

သို့သော်လည်း ဒါက သဘာဝ ဖြစ်သည်။ လေလံပွဲတစ်ခုတွင် အနည်းဆုံးရတနာ ရာနှင့်ချီရှိသည်။ ဧကရာဇ်လက်နက်ကဲ့သို့ တန်ဖိုးရှိသော ရတနာများက အများအပြားပါဝင်ရန် မဖြစ်နိုင်ပေ။

သို့တိုင်၊ ဒုတိယလေလံပစ္စည်းက ရှားပါးရတနာတစ်ခုအဖြစ် ရှိနေဆဲပင်။

လူတိုင်းက စိတ်အားထက်သန်စွာဖြင့် လေလံဆွဲကြပြီး ရတနာတစ်ခုပြီးတစ်ခု ဝယ်ယူသွားကြသည်။

ထိုအထဲတွင် လုမင်လိုချင်သော ရတနာများစွာရှိသော်လည်း စျေးများလွန်းသောကြောင့် လက်လျှော့လိုက်ရသည်။ သူက အကြိမ်အနည်းငယ် လေလံဆွဲပြီး သူတော်စင်ဆေးကောင်းများစွာကိုသာ ဝယ်ယူခဲ့လေသည်။

All Chapters