← Chapters

အခန်း ၁၉၂၀

Vol. 128 Ch. 1920

အခန်း ၁၉၂၀

Vol. 128 Ch. 1920

အပိုင်း ( 1920 ) ကစဉ့်ကလျားကျောက်။

"တစ်ရာနှစ်ဆယ်မြောက် ရတနာက အသက်မျက်ရည် တစ်စက်ပါ"

လေလံပွဲ၏ စင်မြင့်ပေါ်တွင် လေလံတာဝန်ခံ အဘိုးအိုတစ်ဦးက ကြေညာလိုက်သည်။

ထိုကြေညာသံ ထွက်လာသည်နှင့် တပြိုင်နက် တနေရာလုံး တိတ်ဆိတ်သွား၏။ လူအများ၏ မျက်လုံးများက အရောင်တလက်လက် တောက်ပလာတော့သည်။

"တကယ်ကြီး ဒါက အသက်မျက်ရည်တစ်စက်ပဲ။ အဲဒါက အဆုံးမဲ့ အသက်စွမ်းအားတွေရှိတဲ့ ပြိုင်စံရှား ရတနာတစ်ခုပဲ"

"အမှန်ပေါ့၊ ဒါက အရေးကြီးတဲ့အခိုက်အတန့်မှာ အသက်ကို ကယ်တင်နိုင်လိမ့်မယ်"

လူအများက လောဘဇောတို့ဖြင့် ဆွေးနွေးလိုက်ကြသည်။

'ဒါက တကယ်ကို အသက်မျက်ရည်ပဲ'

လုမင်၏ မျက်လုံးများလည်း တောက်ပလာသည်။ ရှမ်းဟွမ်တိုက်ကြီးတွင်ရှိစဉ်က သူသည် အသက်ရေဖြင့် သူ့ဖခင်၏ဒဏ်ရာများကို ကုစားကာ သိုင်းပညာလမ်းကြောင်းအပေါ် ပြန်လည်ခေါ်ဆောင်ပေးဖူးသည်။

နောက်ပိုင်းတွင် သူက သူ့ခန္ဓာကို အသွင်ပြောင်းရန်နှင့် အဓိပတိကျိုးယန်ကို ကူညီရန် အသက်ရေကို အသုံးပြုခဲ့၏။ သူက သူ၏ကိုယ်ပွားကို သန့်စင်ရန်အတွက်လည်း အသက်ရေကို အသုံးပြုခဲ့သည်။

အသက်၏မျက်ရည်နှင့် အသက်ရေ၊ နှစ်ခုစလုံးက တူညီသောရလဒ်များကို ရရှိစေနိုင်သည်။ သို့သော် အကျိုးသက်ရောက်မှုကတော့ မတူညီသော ကမ္ဘာနှစ်ခုပင်။

အသက်ရေကို အသက်မျက်ရည်နှင့် နှိုင်းယှဥ်ခြင်းက သံတိုသံစအား စိန်တစ်လုံးနှင့် နှိုင်းယှဉ်ခြင်းကဲ့သို့ ဖြစ်သည်။

အထူးအခန်း နံပါတ်ခြောက်တွင်... ဟဲကောင်းနှင့် လုရှန်းရှန်းတို့ ရှိနေသည်။

ထိုအချိန်တွင် လုရှန်းရှန်း၏ မျက်လုံးများက တောက်ပလာ၏။

သူမတွင် ရှင်သန်ခြင်းခန္ဓာ(အသက်ခန္ဓာ) ရှိသည်။ အသက်မျက်ရည်က သူ့အတွက် အလွန်အသုံးဝင်ပြီး သူမ၏ ကျင့်ကြံမှုအရှိန်ကို အလွန်တိုးတက်စေနိုင်သည်။

"ရှန်းရှန်း၊ မင်းက အသက်မျက်ရည်ကို ဝယ်ချင်လို့လား"

ဟဲကောင်းက လုရှန်းရှန်းကိုကြည့်ပြီး နှုတ်ခမ်းကိုတွန့်ကွေးကာ ပြုံးလိုက်သည်။

"ဟုတ်၊ ဒါပေမဲ့ ရှန်းရှန်းမှာ ကျောက်ကြမ်းအများကြီးမရှိဘူး။ ထားလိုက်ပါတော့"

ရှန်းရှန်းက ပြောသည်။

"ဟားဟားဟား၊ မိုက်မဲတဲ့ကလေးမရယ်... မင်းမှာ ကျောက်ကြမ်းတွေမရှိရင် မင်းကို ငါပေးမှာပေါ့"

ဟဲကောင်းက ရယ်မောလိုက်သည်။

"မဖြစ်ပါဘူး၊ ကျွန်မက ဘာမှမလုပ်နိုင်ဘဲ လက်မခံနိုင်ဘူး"

ရှန်းရှန်းက ခေါင်းယမ်းလိုက်၏။

"ဒီလိုဆိုရင် မင်း ငါ့ဆီကနေ ခဏချေးထားတယ် သဘောထားပေါ့။ နောင်မှ မင်းငါ့ကို ပြန်ပေးနိုင်တယ်။ အခု မင်း အလိုရှိသလို ဈေးပေးလိုက်တော့... ဟုတ်ပြီလား"

ဟဲကောင်းက ပြုံးလိုက်သည်။

"အင်း၊ ဒါဆိုရင် ရှန်းရှန်းက အကြီးအကဲ ဟဲကောင်းကို အရင်ကျေးဇူးတင်လိုက်တော့မယ်"

ရှန်းရှန်းက ဟဲကောင်းအား ကျေးဇူးတင်စွာဖြင့် လက်ယှက်ပြလိုက်လေသည်။

ဟဲကောင်းကလည်း ကျေနပ်ပျော်ရွှင်သော အရိပ်အယောင်တို့ဖြင့် ပြုံးလိုက်သည်။

ဒါက လေလံပွဲတွင်ပါဝင်ရန် လုရှန်းရှန်းကို ခေါ်လာရသည့် အကြောင်းရင်းပင်။ သူက လုရှန်းရှန်းနှင့် ပိုမိုနီးစပ်ရန် ဤအခွင့်အရေးကို အသုံးချပြီး သူ့အပေါ် ကောင်းမွန်သောအမြင်တို့ တိုးပွားစေလိုသည်။ ထိုအချိန်တွင်၊ လုရှန်းရှန်းက ဥတုလေးလီ သိုင်းကျင့်စဉ်ကို လေ့ကျင့်လိမ့်မည်။

"အသက်မျက်ရည်တစ်စက်အတွက် ကြမ်းခင်းဈေးက အဆင့်မြင့်ကျောက်ကြမ်း နှစ်သိန်းတိတိပါ"

လေလံတာဝန်ခံက ကြေညာလိုက်သည်။

"နှစ်သိန်းငါးသောင်း"

"သုံးသိန်း"

"..."

အသက်မျက်ရည်၏ စျေးနှုန်းက တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။ မကြာမီ၊ ဈေးနှုန်းက ငါးသိန်းအထိ ရောက်ရှိသွား၏။

လုမင်က ခေါင်းယမ်းလိုက်သည်။ အသက်မျက်ရည်က အဖိုးတန်သော်လည်း ဤမျှဈေးကြီးကြီးပေးဝယ်စရာ မလိုပေ။

'တကယ်လို့ ရှန်းရှန်း ဒီမှာရှိရင်တော့ သူလေ့ကျင့်ရအောင် ငါဝယ်ပေးမိမှာ'

လုမင်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ ဒါကိုစဉ်းစားရင်း လုမင်က သက်ပြင်းချလိုက်လေသည်။

ရှန်းရှန်းနှင့် အခြားသူများ မည်သို့ရှိနေမည်မှန်း သူသိချင်မိသည်။

ထိုအချိန်က ရေခဲနဂါးတောင်ကြားသခင်သည် ရွယ်နင်ရှင်း၊ ထျန်းချွေးနှင့် ရှန်းရှန်းတို့ကို ခေါ်ဆောင်ပြီး ထွက်ပြေးသွားခဲ့သည်။ နောက်ပိုင်းမှာတော့ သူတို့က အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရပြီး ရွယ်နင်ရှင်းမှာ ရှန်းရှန်းတို့နှင့် လူစုကွဲသွားခဲ့ပေသည်။ ယခု သူတို့တတွေ မည်သို့ရှိမလဲ သူသိလိုမိသည်။

သို့သော်လည်း ယွမ်တောင်က အလွန်ကျယ်ပြောသည်။ သူတို့ကို ဘယ်မှာ သွားရှာရမည်မှန်း သူ မတွေးတတ်ပါ။

အသက်မျက်ရည်၏ စျေးနှုန်းက ဆက်လက်မြင့်တက်ခဲ့သည်။ သိပ်မကြာခင်မှာပဲ အဆင့်မြင့်ကျောက်ကြမ်း ရှစ်သိန်းအထိ ရောက်ရှိသွား၏။

"အဆင့်မြင့် ကျောက်ကြမ်း ဆယ်သိန်း"

ထိုအချိန်တွင် ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

ထိုအသံကို ကြားလိုက်ရသောအခါ လုမင်၏ နှလုံးသားက ရုတ်တရက် တုန်လှုပ်သွား၏။

'ဒါ.... ဒါက ရှန်းရှန်းရဲ့ အသံလား'

လုမင်က အထူးအခန်း နံပါတ်ခြောက်ကို လှမ်းကြည့်လိုက်မိသည်။

သူ့မှတ်ဥာဏ်ထဲမှ လုရှန်းရှန်း၏အသံထက် ဤအသံက ပိုရင့်ကျက်ပြီ အပြောင်းအလဲတချို့ရှိသော်လည်း၊ လုမင်သည် ဤအသံက ရှန်းရှန်း၏အသံဖြစ်ကြောင်း ပြောနိုင်သေးသည်။

'ရှန်းရှန်းက ဒီကို ဘယ်လိုရောက်နေတာလဲ။ နောက်ပြီး အထူးအခန်းထဲကို ဘယ်လိုလုပ် ရောက်နေနိုင်မှာလဲ။ ငါ သူ့ကို သတိရလွန်းလို့ ကြားမိကြားရာ ကြားနေတာများလား'

လုမင်၏ စိတ်ထဲတွင် အတွေးများ တစ်ခုပြီးတစ်ခု ပေါ်လာသည်။

"ဆယ့်တစ်သိန်း"

အထူးအခန်း နံပါတ်ခြောက်က စျေးခေါ်ပြီးနောက်တွင် စျေးတိုးမြှင့်ပေးသူ အရေအတွက် သိသိသာသာ လျော့ကျသွားသော်လည်း ဈေးပေးသူများ ရှိနေဆဲပင်။ ဈေးနှုန်းမှာ ဆယ့်တစ်သိန်းအထိ မြင့်တက်သွားခဲ့သည်။

"ဆယ့်နှစ်သိန်း"

ကြည်လင်သောအသံက အထူးအခန်းနံပါတ်ခြောက်မှ ထပ်မံထွက်ပေါ်လာသည်။

'ရှန်းရှန်း... ဒါက ရှန်းရှန်းရဲ့အသံဆိုတာ သေချာတယ်'

လုမင်က ရှန်းရှန်း၏အသံဖြစ်ကြောင်း ပိုသေချာလာသည်။

ရှန်းရှန်းက သူ့အသံကို မကျက်မိခြင်းမှာတော့ သူက အသံဖျက်ထားသောကြောင့် ဖြစ်သည်။ ဤနေရာတွင် သူ့အသံကို မှတ်မိနိုင်သော ဟန်မိသားစု ကျွမ်းကျင်သူများ ရှိမရှိကို မည်သူသိမည်နည်း။

ထို့နောက် အသက်မျက်ရည်၏ စျေးနှုန်းက အဆင့်မြင့်‌ ကျောက်ကြမ်း ဆယ့်ငါးသိန်းအထိ မြင့်တက်လာပြီး ရှန်းရှန်းမှ အနိုင်ရခဲ့ပေသည်။

ဟဲကောင်းက အနည်းငယ် ပြုံးလိုက်သည်။ အဆင့်မြင့် ကျောက်ကြမ်း ဆယ့်ငါးသိန်းက သူ့အတွက် ရေပုံးထဲမှ ရေတစ်စက်မျှသာ ဖြစ်သော်လည်း၊ ရှန်းရှန်းကို အထင်မြင်ကောင်း ဝင်စေနိုင်လျှင် ပေးဆပ်ရကျိုးနပ်ပေသည်။

လေလံဆွဲခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့သော်လည်း လုမင်က စိတ်မတည်ငြိမ်နိုင်တော့ပါ။

သူက ရှန်းရှန်းအစစ်အမှန် ဟုတ်၊မဟုတ် ကြည့်ရန် အထူးအခန်း နံပါတ်ခြောက်သို့ ချက်ချင်းသွားလိုလှပြီ ဖြစ်သည်။

နောက်ဆုံးမှာတော့ လူတူမရှား၊ နာမည်တူမရှားသကဲ့သို့ အသံတူသူများလည်း ရှိကောင်းရှိနိုင်သည်။

သို့သော်လည်း လေလံမပြီးသေးသဖြင့် မနည်းသည်းခံကာ စောင့်ဆိုင်းနေရပေသည်။

လေလံပွဲကို ဆက်လက်ကျင်းပခဲ့သည်။ လုမင်ကတော့ နောက်ဆက်တွဲ လေလံပွဲများကို အာရုံစိုက်ရန် ဆန္ဒမရှိတော့ပါ။ သူက အထူးအခန်း နံပါတ်ခြောက်ကိုသာ လှည့်ကြည့်လှည့်ကြည့် ဖြစ်နေသည်။

"နှစ်ရာတစ်ဆယ့်ခြောက်ခုမြောက် လေလံပစ္စည်းက ကစဉ့်ကလျားကျောက်တစ်ခုပါ"

ထိုစဉ်၊ လေလံပွဲတာဝန်ခံ အဘိုးအို၏ အသံက လုမင်ကို ကိုင်လှုပ်လိုက်သည်။

'ကစဉ့်ကလျားကျောက်တွေ တကယ်ရှိတယ်'

လုမင်၏ မျက်လုံးများက တောက်ပလာ၏။

သူသာမကဘဲ အခြားသူများ၏ မျက်လုံးများလည်း အရောင်တဖိတ်ဖိတ် တောက်ပလာတော့သည်။

ကစဉ့်ကလျားကျောက်များက ရှေးဦးကစဉ့်ကလျားတွင် မွေးဖွားခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့တွင် ကစဉ့်ကလျားချီများ ပါဝင်ပြီး ရှားပါးရတနာများ ဖြစ်၏။ ဤလေလံပွဲတွင် အမှန်တကယ် တစ်ခု ရှိသလော။

လူတိုင်းက လေလံတာဝန်ခံအဘိုးအိုကို စိတ်လှုပ်ရှားသော အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။

အထူးအခန်းအားလုံးရှိ သိုင်းဧကရာဇ်များသည်ပင် လောဘအရိပ်အယောင်များ ပေါ်‌လွင်နေပြီး သူတို့၏ ခံစားချက်များကို မဖိနိုင်ကြတော့ပေ။

အကယ်၍ ၎င်းတို့က ကစဉ့်ကလျားကျောက်ကို သူတို့၏ကမ္ဘာငယ်များအတွက် သန့်စင်နိုင်လျှင်၊ ၎င်းတို့၏ ကမ္ဘာငယ်လေးများက ပိုခိုင်မာကာ တည်ငြိမ်ပြီး ပိုအားကောင်းလာစေမည် ဖြစ်သည်။

"ဒါပေမဲ့..."

လေလံတာဝန်ခံ အဘိုးအိုက စကားကို ခဏရပ်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။

"ဒါပေမဲ့ အကြောင်းတစ်ခုခုကြောင့်၊ ဒီကစဉ့်ကလျားကျောက်ရဲ့ ကစဉ့်ကလျားချီက ခန်းခြောက်သွားပြီ"

"ဘာကြီး၊ ကစဉ့်ကလျားချီက မရှိတော့ဘူးလား"

"ကစဉ့်ကလျားချီမရှိတဲ့ ကစဉ့်ကလျားကျောက်က သာမန်ကျောက်တုံးတစ်တုံးနဲ့ မခြားဘူး။ အဲဒါက အသုံးမဝင်တော့ဘူးလေ"

"ဘာမှလည်းမဟုတ်ဘဲနဲ့"

လူတော်တော်များများက ခေါင်းယမ်းလိုက်ကြသည်။ ကစဉ့်ကလျားကျောက်တွင် ကစဉ့်ကလျားချီက အဖိုးတန်ဆုံး ဖြစ်သည်။ ကစဉ့်ကလျားချီမရှိလျှင် ၎င်း၏တန်ဖိုးက အဆပေါင်းများစွာ ကျဆင်းသွားလိမ့်မည်။

လုမင်လည်း နှမြောတသဖြစ်သွားမိသည်။

"လူတိုင်းပဲ၊ ကစဉ့်ကလျားချီမရှိရင်တောင် ကစဉ့်ကလျားကျောက်က လက်နက်တွေကိုသန့်စင်ဖို့အတွက် ရှားပါးတဲ့ ပစ္စည်းတစ်ခု ဖြစ်နေတုန်းပါပဲ။ ဒါက အင်မတန်မာကျောတာကြောင့် အဓိက ပစ္စည်းအနေနဲ့ အသုံးပြုမယ်ဆိုရင် ဧကရာဇ်လက်နက်ကိုတောင် ထုလုပ်နိုင်လိမ့်မယ်"

လေလံပွဲတာဝန်ခံကက ထပ်ပြောလိုက်သည်။

လူတော်တော်များများကတော့ ခေါင်းကို အနည်းငယ်ခါယမ်းလိုက်ကြလေသည်။ ၎င်းက ဧကရာဇ်လက်နက်ကို ထုလုပ်နိုင်သော ပါဝင်ပစ္စည်းတစ်ခုမျှသာ ဖြစ်သည်။ ထိုအစား ဧကရာဇ်လက်နက်တစ်ခုကို တိုက်ရိုက်ဝယ်လိုက်ခြင်းက ပိုကောင်းမည်။

သိုင်းဧကရာဇ်များကလည်း ခေါင်းယမ်းကာ ကစဉ့်ကလျားကျောက်ကို စိတ်ဝင်စားမှု မရှိတော့ပါ။

'ငါ ဒီကစဉ့်ကလျားကျောက်ကို ရရမယ်'

လုမင်က သူ့စိတ်ထဲမှ တွေးနေမိသည်။

လုမင်က ကစဉ့်ကလျားနိယာမကို လေ့ကျင့်သူ ဖြစ်သည်။ ကစဉ့်ကလျားကျောက်တွင် ကစဉ့်ကလျားချီ မရှိလျှင်ပင် သူ့အတွက် အသုံးဝင်သေးသည်။

"ကောင်းပြီ၊ ကစဉ့်ကလျားကျောက်အတွက် ကြမ်းခင်းဈေးက အဆင့်မြင့် ကျောက်ကြမ်းနှစ်သိန်းပါ"

လေလံပွဲတာဝန်ခံက ကြေညာလိုက်သည်။

"နှစ်သိန်းငါးသောင်း"

တစ်ယောက်ယောက်က ချက်ချင်း ဈေးပေးလိုက်၏။

ကစဉ့်ကလျားကျောက်က ကစဉ့်ကလျားချီ မရှိတော့သော်လည်း ရှားပါးရတနာတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။ ထို့ကြောင့် တချို့လူများက စူးစမ်းလေ့လာချင်ကြသည် သို့မဟုတ် သိမ်းဆည်းရန်အတွက် ဝယ်ချင်ကြလေသည်။

All Chapters