← Chapters

အခန်း ၁၉၂၅

Vol. 129 Ch. 1925

အခန်း ၁၉၂၅

Vol. 129 Ch. 1925

အပိုင်း ( 1925 ) သတ်ဖြတ်ချင်စိတ်။

ရေခဲနဂါးတောင်ကြားသခင်က သူ၏ဝိညာဉ်ကို ကိုယ်တိုင်ဖျက်ဆီးပစ်လိုက်သည်။

စိတ်ဝိဥာဉ် ပျက်ဆီးသွားသည်နှင့် ကျင့်ကြံသူတစ်ဦးက သဘာဝအတိုင်း သေဆုံးလိမ့်မည်။

ထိုအချိန်တွင် လုမင်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာသည်။ သူခန္ဓာကိုယ်က အနှိုင်းမဲ့ အေးစက်နေသော သတ်ဖြတ်လိုစိတ်တို့ ပြည့်နေသဖြင့် တောင်နှင့်မြစ်ပန်းချီကားတစ်ခုလုံးရှိ အပူချိန်က လျင်မြန်စွာ ကျဆင်းသွား၏။

"ဟဲကောင်း... ဟဲမိသားစု၊ ငါ လုမင်က ဒါကို သေချာပေါက် လက်စားချေမယ်"

လုမင်က သူ့နှလုံးသားထဲမှ ဟိန်းဟောက်လိုက်သည်။ သူ့မျက်လုံးများမှာတော့ နီရဲနေပြီ။

ရေခဲနဂါးတောင်ကြားသခင်က လုမင်နှင့် အချိန်ကြာကြာ မရှိခဲ့သော်လည်း နူးညံ့သိမ်မွေ့သူဖြစ်ကြောင်း သူသိသည်။ သူသည် လုမင်၏ဘက်တွင် အမြဲရပ်တည်ခဲ့ပြီး တိမ်နဂါးတောင်ကြားသခင်နှင့်အတူ သူ့ကိုများစွာကူညီခဲ့ပေသည်။

သူက မျိုးဆက်သစ်လူငယ်များအတွက်သာမက နဂါးနတ်ဘုရားတောင်ကြားအတွက်ပါ စိတ်နှလုံးအကြွင်းမဲ့ နှစ်မြုပ်ထားပြီး ကြင်နာတတ်သော လူကြီးတစ်ဦးဖြစ်သည်။

ယခုတော့ နဂါးနတ်ဘုရားတောင်ကြားအတွက် မျှော်လင့်ချက်ကို ထိန်းသိမ်းထားရန် သူ့အသက်ကို အသေခံရန် ရွေးချယ်ခဲ့ချေပြီ။

သူက လုမင်နှင့် အခြားသူများကို အသေမခံနိုင်ပေ။

တစ်ဖက်မှာ ထျန်းချွေးကလည်း လက်သီးကို တင်းတင်းဆုပ်ထားသည်။ သူ၏ သတ်ဖြတ်လိုစိတ်တို့ကလည်း တုနှိုင်းမရလောက်အောင် ပြင်းထန်နေ၏။

"တောင်ကြားသခင်အဘိုး"

ရှန်းရှန်းက ရေခဲနဂါးတောင်ကြားသခင်ကို‌ တင်းတင်းကြပ်ကြပ်ပွေ့ဖက်ကာ ငိုကြွေးနေတော့သည်။

ဤနှစ်အနည်းငယ်အတွင်း၊ ရေခဲနဂါးတောင်ကြားသခင်သည် သူတို့အား အန္တရာယ်များကြားမှ လွတ်မြောက်ရန် ကူညီပေးခဲ့သည်။ အခက်အခဲများစွာတို့ကို အတူတကွ တွေ့ကြုံခဲ့ရပြီးနောက် သူတို့ကြားတွင် နက်ရှိုင်းသော သံယောဇဉ်တို့ ရစ်ပတ်နေခဲ့ပြီ။

ယခုမှသာ ရေခဲနဂါးတောင်ကြားသခင်ကို ဟဲကောင်းက ဝိညာဉ်စားပိုးကောင်ဖြင့် ချိတ်ပိတ်ထားခဲ့ကြောင်း သူ နားလည်လာခဲ့သည်။ သို့သော်လည်း သူမကို တစ်ခါမျှ ဖွင့်မပြောဘဲ သူမအတွက် တိတ်ဆိတ်စွာ ခံစားနေခဲ့ရှာပေသည်။

ယခင်က သူသည် ထိုအကြောင်းကို လုံးဝ မသိခဲ့ပေ။

ယခုတစ်ကြိမ်မှာလည်း ရေခဲနဂါးတောင်ကြားသခင်သည် နာကျင်မှုကို မခံနိုင်သောကြောင့် မဟုတ်ဘဲ၊ သူတို့အတွက် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ရွေးချယ်သွားခဲ့သည်။

ထိုအကြောင်းများကို တွေးမိသောအခါ ရှန်းရှန်း၏ ရင်ထဲမှာ ပို၍ နာကျင်လာတော့သည်။

"ဒီအမုန်းတရားကို လက်စားချေရမယ်"

လုမင်က အံကိုတင်းတင်းကြိတ်ပြီး အတွေးတစ်ခုဖြင့် တောင်နှင့်မြစ် ပန်းချီကားအတွင်းမှ ပြန်ထွက်ခဲ့သည်။ ထို့နောက် အစွမ်းကုန်သုံးကာ ယွမ်တောင် မြင့်မြတ်သောကျောင်းတော်သို့ ပြေးသွား၏။

ယခုအချိန်က ဝမ်းနည်းနေရမည့်အချိန်မဟုတ်ကြောင်း သူနားလည်သည်။ ရေခဲနဂါးတောင်ကြားသခင်က သူတို့အတွက် သူ့ကိုယ်သူ သတ်သေသွားခဲ့ပြီ။ ရေခဲနဂါးတောင်ကြားသခင်၏ စွန့်လွှတ်အနစ်နာခံမှုကို သူတို့ မပျက်စီးစေနိုင်ပေ။

လုမင်က လျင်မြန်စွာ ပျံသန်းနေပြီး ယွမ်တောင် မြင့်မြတ်သောကျောင်းတော်သို့ နီးကပ်လာခဲ့သည်။

ဟဲမိသားစုတွင်၊ ဟဲကောင်း၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။

"ဒီခွေးအိုကြီးက တကယ်ပဲ သူ့ကိုယ်သူ သတ်သေခဲ့တာပဲ။ ဒါပေမဲ့ ဒီအဘိုးကြီးရဲ့ လက်ထဲကနေ မလွတ်မြောက်နိုင်ဘူး"

ဟဲကောင်းက ဒေါသတကြီး အော်ဟစ်ပြီး ဟန်မိသားစု၏ အစစ်အမှန်ဧကရာဇ်နှစ်ပါးကို ပြောလိုက်သည်။

"လုမင်က ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ကို ထွက်ပြေးနေပြီ၊ ငါတို့ မြန်မြန်လိုက်ရမယ်"

"ဝှစ်... ဝှစ်... ဝှစ်"

အစစ်အမှန်ဧကရာဇ်သုံးပါးတို့က နေရာမှ ဖျတ်ခနဲ ပျောက်ကွယ်သွားပြီး လုမင်နောက်သို့ လိုက်သွားကြတော့သည်။

လုမင်က အရှိန်အပြည့်ဖြင့် ပျံသန်းသွားသော်လည်း ယွမ်တောင် မြင့်မြတ်သောကျောင်းတော်သို့ တိုက်ရိုက်မဝင်ဘဲ အခြားဘက်မှ ပျံသန်းသွားခဲ့သည်။

ဟန်မိသားစု၏ ဧကရာဇ်များက ယွမ်တောင် မြင့်မြတ်သောကျောင်းတော် အဝင်ဝတွင် စောင့်ကြပ်နေ၏။ ဟန်မိသားစု၏ ဧကရာဇ်ကြီးများက သတင်းရပြီး သူ့ကို တားဆီးထားလျှင် ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ကို ဝင်ရောက်နိုင်မည် မဟုတ်ပေ။

ရှေ့တွင် ယွမ်တောင်မြင့်မြတ်သောကျောင်းတော်ကို မြင်နေရပြီ ဖြစ်သည်။

လုမင်က သူတော်စင်စွမ်းအင်ကို အပြည့်အဝ ပေါက်ကွဲစေပြီး ယွမ်တောင် မြင့်မြတ်သောကျောင်းတော်သို့ ပြေးသွားသည်။

"ဝမ်"

ထိုအချိန်တွင်၊ လုမင်၏ နောက်ကွယ်မှ လေဟာနယ်က အက်ကွဲသွားပြီး လူရိပ်တချို့ ထွက်ပေါ်လာသည်။ ၎င်းတို့မှာ ဟဲကောင်းနှင့် ဟန်မိသားစု၏ အစစ်အမှန်ဧကရာဇ်နှစ်ပါးပင်။

ဟဲကောင်းက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် အရှိန်အဟုန်ဖြင့် ပျံသန်းနေသော လုမင်ကို တွေ့လိုက်ရသည်။

"လုမင်၊ ဒီကိုပြန်လာစမ်း"

ဟဲကောင်းက ဟိန်းဟောက်လိုက်သည်။ သူ့လက်တစ်ဖက်ကိုဆန့်ပြီး ဖမ်းဆုပ်လိုက်သောအခါ ဧရာမ လက်ကြီးတစ်ဖက်က လုမင်အား ဖမ်းဆုပ်လိုက်၏။

"ပေါက်ကွဲ... ပေါက်ကွဲ... ပေါက်ကွဲစမ်း"

လုမင်က ဟိန်းဟောက်လိုက်၏။ သူ့ခန္ဓာကိုယ်တွင်းမှ သူတော်စင်စွမ်းအင်က ပေါက်ကွဲထွက်လာသည်။ ထိုအခါ သူ့အရှိန်က အလွန်တရာ တိုးတက်လာပြီး ယွမ်တောင် မြင့်မြတ်သောကျောင်းတော်အတွင်းသို့ ပြေးဝင်သွားတော့သည်။

သို့ရာတွင်၊ ဤနည်းလမ်းက ကြာရှည်မခံပါ။ အချိန်တိုအတွင်းသာ အသုံးပြုနိုင်ပြီး ခန္ဓာကိုယ်အတွက် အလွန်အန္တရာယ်များသည်။

သို့သော်လည်း ယခုအချိန်မှာတော့ လုမင်က ဂရုမစိုက်နိုင်တော့ပေ။

လုမင်၏ အရှိန်က တဟုန်ထိုး တိုးတက်လာခဲ့သည်။ သူက ဟဲကောင်း၏ လက်ဖဝါးကြီး လွှမ်းမိုးထားသော ဧရိယာကို ဖြတ်ကျော်ပြီး ယွမ်တောင် မြင့်မြတ်သောကျောင်းတော်အတွင်းသို့ ပြေးဝင်သွား၏။

"မကောင်းတော့ဘူး၊ သူက ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ထဲကို ရောက်သွားပြီ။ ဘယ်လိုလုပ်ကြမလဲ"

ဟန်မိသားစု၏ အစစ်အမှန်ဧကရာဇ်နှစ်ပါးက မျက်စိမျက်နှာပျက်သွားကြသည်။

လုမင်က ယွမ်တောင် မြင့်မြတ်သောကျောင်းတော်အတွင်းသို့ ဝင်ရောက်သွားပြီဖြစ်သောကြောင့် ကျောင်းတော်မှ ကာကွယ်ပေးထားတော့မည်။

"ဟမ့်၊ သူက ဝင်သွားရုံနဲ့ လွတ်ပြီထင်တာလား။ ငါသူ့ကိုဖမ်းလိုက်မယ်"

ဟဲကောင်း၏ မျက်နှာက ရက်စက်ကြမ်းကြုတ်ပြီး အေးစက်သော သတ်ဖြတ်လိုစိတ်တို့ ပြည့်နေသည်။

လုမင်က ရှန်းရှန်းကို လုယူသွားဝံ့၏။ သူက တကယ်ကို သေသင့်သည်။

ရှန်းရှန်းသည် လာမည့်ကောင်းကင်ကပ်ဘေးကို သူ ဖြတ်ကျော်ခြင်းအတွက် ကြီးမားသော အကျိုးသက်ရောက်မှုရှိသည်။ ဒါက အခြားအရာများထက် ပိုအရေးကြီး၏။ လုမင်က သူ့ကို တားဆီးဝံ့သောကြောင့် လုမင်အား အမှုန့်ကြိတ်ပစ်ချင်စိတ်တို့ တဖွားဖွား ဖြစ်ပေါ်နေတော့သည်။

ထို့ပြင် ထိုခွေးအိုကြီး ရေခဲနဂါးက သူ့ကိုယ်သူ အမှန်တကယ် သတ်သေသွားသည်။ အဲဒါက သူ့အတွက် လွယ်လွန်းပေသည်။

"ဝှစ်..."

ဟဲကောင်းက ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ထဲသို့ တိုက်ရိုက် ပြေးဝင်သွားသည်။ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ဧရာမလက်ကြီးတစ်ဖက်က လုမင်အား တစ်ဖန် ဖမ်းဆုပ်လိုက်၏။

ဤလက်ဝါးကြီးက နေကိုကာထားပြီး ကောင်းကင်ကိုပင် ဖုံးအုပ်ထားသည်။

ဤတစ်ကြိမ်မှာတော့ လုမင်က လုံးဝ မလွတ်မြောက်နိုင်တော့ပေ။

သို့သော်လည်း ဤအချိန်တွင် ယွမ်တောင် မြင့်မြတ်သောကျောင်းတော်၏ အနက်ရှိုင်းဆုံးအရပ်မှ နတ်အလင်းတစ်ခု ထွက်ပေါ်လာသည်။ ထိုနတ်အလင်းက ဓားတစ်လက်ကဲ့သို့ဖြစ်ပြီး ဟဲကောင်းမှ ဖန်တီးလိုက်သော ဧရာမလက်ဝါးကြီးကို ခွဲချလိုက်၏။ ကြောက်မက်ဖွယ်ကောင်းသော နတ်အလင်းက ထိုမျှနှင့်မရဘဲ ဟဲကောင်းဆီသို့ ဆက်လက် ဖြတ်သွားတော့သည်။

"ဝုန်း"

ဟဲကောင်းက အစွမ်းကုန်ကြိုးစားပြီး ခုခံရန်ကြိုးစားသော်လည်း အသုံးမဝင်ပေ။ သူက ယွမ်တောင် မြင့်မြတ်သောကျောင်းတော်မှ တိုက်ရိုက်လွင့်စဉ်သွားခဲ့သည်။ သူ့မျက်နှာက စက္ကူတစ်ရွက်ကဲ့သို့ ဖြူဖျော့နေပြီး သွေးများ အန်ထွက်လာ၏။ သူ၏ အရှိန်အဝါကလည်း သိသိသာသာ အားနည်းသွားတော့သည်။

သူ့ရင်ဘတ်တွင် အပေါက်ကြီးတစ်ခု ပေါ်လာခဲ့သည်။ ထိုမျှသာမကဘဲ ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားက သူ့‌အသွေးအသားတို့ကို အဆက်မပြတ် တိုက်စားနေသေးသည်။

"မဟာဧကရာဇ်"

ဟဲကောင်းက ခပ်တိုးတိုးပြောလိုက်သည်။ ပြင်းပြသော ကြောက်ရွံ့မှုတို့က သူ့မျက်လုံးများတွင် ပေါ်လာ၏။

"ဂုဏ်သိက္ခာရှိတဲ့ အစစ်အမှန်ဧကရာဇ်တစ်ပါးက ငါ့ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ရဲ့ တပည့်တစ်ဦးကို တိုက်ခိုက်ဝံ့တယ်။ အရင်က ငါပြောခဲ့တဲ့ စကားတွေကို စကားသံသက်သက်လို့ မင်း တကယ်ထင်နေတာလား"

ယွမ်တောင် မြင့်မြတ်သောကျောင်းတော်၏ နက်နဲရာမှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ နောက်ဆုံးစကားသံတွင် အသံလှိုင်းတစ်ခုက ဟဲကောင်းနှင့် ဟန်မိသားစု၏ အစစ်အမှန်ဧကရာဇ်နှစ်ပါးထံသို့ ပြေးဝင်သွား၏။

သုံးယောက်စလုံး၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်။ သူတို့က အသည်းအသန် ဆုတ်သွားသော်လည်း သူတို့၏ ခန္ဓာကိုယ်များက ပြင်းထန်စွာ တုန်ခါနေသေးသည်။ သူတို့က ဒဏ်ရာအပြင်းအထန်ရခဲ့ကြသည်။

အထူးသဖြင့် ဟဲကောင်း၏ ဒဏ်ရာများက ပိုပြင်းထန်နေတော့သည်။

"နောက်တစ်ခါဆိုရင် သေရမယ်"

မဟာဧကရာဇ်ကြီး၏ အသံက တစ်ဖန် ငြိမ်သက်သွားခဲ့သည်။

"ချီးပဲ"

ဟဲကောင်းက ဒေါသတကြီးဖြင့် အံကြိန်လိုက်သည်။ သူက လက်မခံလိုဟန်ဖြင့် ယွမ်တောင် မြင့်မြတ်သောကျောင်းတော်အတွင်းမှ လုမင်ကို လှမ်းကြည့်လိုက်၏။

လုမင်က ရှန်းရှန်းကို ထိုကဲ့သို့ ခေါ်ဆောင်သွားခဲ့သည်။ သူ့အကြံအစည်က ပျက်စီးသွားပြီ။

ထို့ပြင် မဟာဧကရာဇ်၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရခဲ့သည်။ သူ၏ အသက်ဓာတ်က လွန်စွာ ထိခိုက်သွား၏။ နောင်အချိန် ကပ်ဘေးကြီးကို ရင်ဆိုင်ရသောအခါ သူ၏ အသက်ရှင်ရန် အခွင့်အရေးက ပို၍နည်းပါးမည်ကို သူကြောက်သည်။

သူ့စိတ်ထဲတွင် အလွန်အမင်း မကျေမနပ်ဖြစ်ပြီး လုမင်ကို အမှုန့်ကြိတ်လိုသော်လည်း ယွမ်တောင် မြင့်မြတ်သောကျောင်းတော်အတွင်းကိုတော့ မဝင်ဝံ့တော့ပေ။

မဟာဧကရာဇ်၏အမိန့်က ပြင်းထန်သည်။ သူ ထပ်မံဝင်ရောက်ဝံ့လျှင် မဟာဧကရာဇ်က သူ့ကို သတ်ပစ်မည်မှာ မြေကြီးလက်ခတ်မလွဲပင်။

"ခွေးအိုကြီး ဟဲကောင်း၊ မင်းမသေနဲ့ဦး။ တစ်ရက်ကျရင် မင်းရဲ့ ခွေးခေါင်းကို ငါကိုယ်တိုင်ဖြတ်ယူမယ်"

လုမင်က ဟဲကောင်းကို အဝေးမှ စူးစူးရဲရဲကြည့်ရင်း ပြောလိုက်သည်။

"မင်းကလား...၊ မင်းအတွက်လည်း ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ထဲမှာပဲ အမြဲတမ်းနေပြီး အပြင်ကိုမထွက်ရင် ပိုကောင်းမယ်"

ဟဲကောင်းက အေးစက်စွာ ပြောလိုက်သည်။

"ခွေးအိုကြီး မင်းစောင့်နေပါ။ ဒီကိစ္စက မပြီးသေးဘူး"

လုမင်က အေးစက်စက် ပြောလိုက်သည်။ ထို့နောက် သူက ထွက်ခွာသွား၏။

"ဟမ့်၊ ခွေးကောင်လေး... မင်း ကံကောင်းသွားတယ်လို့ မှတ်ပါ"

ဟဲကောင်းက နှာခေါင်းရှုံ့ပြီး ဟဲမိသားစုသို့ ပြန်သွားရန် ဟန်ပြင်လိုက်သည်။

သို့သော်... ထိုအချိန်တွင် ဟန်မိသားစု၏ အစစ်အမှန်ဧကရာဇ်နှစ်ပါးက လှုပ်ရှားလာပြီး ဟဲကောင်း၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်ကြသည်။

"ဒါက ဘာသဘောလဲ"

ဟဲကောင်းက အေးစက်စက်ဖြင့် မေးလိုက်သည်။

"ဒါက ဘာသဘောတဲ့လား။ ငါတို့က လုမင်ကို ဖမ်းမမိခဲ့ဘူး။ ဒါကြောင့် ကပ်ဘေးဖြတ်ကျော်ခြင်း နတ်ဘုရားဝတ်ရုံကို ပြန်ပေးဖို့ အချိန်တန်ပြီ"

ဟန်မိသားစု၏ ဆံပင်ဖြူ အစစ်အမှန်ဧကရာဇ်က အေးစက်စွာ ပြောသည်။

"မင်းတို့ကို ပြန်ပေးရမှာလား။ ရယ်စရာကောင်းလိုက်တာ...။ လုမင်ရဲ့ အချက်အလက်တွေကို ငါ မင်းကို ပေးထားခဲ့ပြီးသား... လုမင်ကိုလည်း မင်းတို့တွေ တွေ့ခဲ့ရပြီးပြီ။ ဒါကြောင့် ကပ်ဘေးဖြတ်ကျော်ခြင်း နတ်ဘုရားဝတ်ရုံက ငါ့ဟာပဲ၊ မင်းတို့တွေ လုမင်ကို ဖမ်းမိခြင်း မမိခြင်း‌က ငါနဲ့မဆိုင်ဘူး"

ဟဲကောင်းက ငြင်းဆန်လိုက်၏။

သူက ရှန်းရှန်းကို ဆုံးရှုံးခဲ့သည့်အပြင် မဟာဧကရာဇ်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ သူ့အတွက် နောင်လာမည့်ကပ်ဘေးတွင် လွတ်မြောက်ရန် အခွင့်အလမ်းက အလွန်နည်းပါးသွားခဲ့ပြီ။

ယခုအခါ၊ ကပ်ဘေးဖြတ်ကျော်ခြင်း နတ်ဘုရားဝတ်ရုံက သူ၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည်။ ဟန်မိသားစုထံ မည်ကဲ့သို့ ပြန်ပေးအပ်နိုင်မည်နည်း။

အကယ်၍ သူက ကပ်ဘေးဖြတ်ကျော်ခြင်း နတ်ဘုရားဝတ်ရုံကို လွှဲပြောင်းပေးအပ်ခဲ့မည်ဆိုလျှင် လာမည့်ကပ်ဘေးကို သေချာပေါက် ရှင်သန်နိုင်မည် မဟုတ်ပေ။ ကပ်ဘေးအတွင်း၌ သေရမည် ဖြစ်သည်။

ဒါက သူ၏ သေရေးရှင်ရေးကိစ္စပင်။

All Chapters