← Chapters

အခန်း ၁၉၂၆

Vol. 129 Ch. 1926

အခန်း ၁၉၂၆

Vol. 129 Ch. 1926

အပိုင်း ( 1926 ) လက်စားချေခြင်း စတင်ပြီ။

"ဟဲကောင်း၊ မင်းက ငါတို့ ဟန်မိသားစုရဲ့ ကပ်ဘေးဖြတ်ကျော်ခြင်း နတ်ဘုရားဝတ်ရုံကို လှည့်ကွက်တွေနဲ့ ရယူချင်နေတာပဲ။ မင်း သေတဲ့အထိ ဒါကို အသုံးမပြုနိုင်မှာကို သတိထားပါ"

ဟန်မိသားစု၏ အစစ်အမှန်ဧကရာဇ်တစ်ပါးက အော်လိုက်သည်။ သူ၏ အားကောင်းသော အရှိန်အဝါက ဟဲကောင်းအပေါ်သို့ ကျရောက်လာ၏။

"လုမင်ကို ဖမ်းမမိဘဲ ငါတို့ရဲ့ ကပ်ဘေးဖြတ်ကျော်ခြင်း နတ်ဘုရားဝတ်ရုံကို ရယူဖို့ အရည်အချင်းမရှိဘူး။ အဲဒါကို ပြန်ပေးပါ"

ဟန်မိသားစုမှ ဆံဖြူ အစစ်အမှန်ဧကရာဇ်ကလည်း အားကောင်းသော အရှိန်အဝါတို့ကို ထုတ်လွှတ်လာသည်။ ဟဲကောင်းက မလွှဲပေးလျှင် သူက အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီ။

ကပ်ဘေးဖြတ်ကျော်ခြင်း နတ်ဘုရားဝတ်ရုံက အလွန်အဖိုးတန်ပြီး ကံကောင်းမှသာ တွေ့ရှိနိုင်သည်။ ထို့ပြင် ၎င်းက တစ်ကြိမ်သုံး ဖြစ်၏။ ကပ်ဘေးကို တစ်ကြိမ်ဖြတ်ကျော်ပြီးလျှင် နောက်တစ်ကြိမ် အသုံးမဝင်တော့ပါ။

လုမင်ကို ဖမ်းယူပြီး ကောင်းကင်ဧကရာဇ်၏ဓားကို ရယူနိုင်ပါက အဆင်ပြေသည်။

ယခုမူ လုမင်နှင့် ကောင်းကင်ဧကရာဇ်၏ဓားကို မရရှိနိုင်တော့ပါ။ သူတို့က ကပ်ဘေးဖြတ်ကျော်ခြင်း နတ်ဘုရားဝတ်ရုံကို မည်သို့ပေးအပ်နိုင်မည်နည်း။

ဟဲကောင်းက မျက်နှာပျက်သွားသည်။ သူကလည်း ရရှိထားသော ရတနာကို လက်မလွှတ်လိုတော့ပါ။

"ကောင်းပြီ၊ ငါ မင်းတို့ကို ပြန်ပေးမယ်။ ဒါပေမဲ့ ငါ အချက်အလက်တွေ ပေးခဲ့ရတာကြောင့် ငါ့ကို လျော်ကြေးပေးသင့်တယ်"

ဟဲကောင်းက အေးစက်စွာ ပြောလိုက်သည်။

"လျော်ကြေးလား၊ မင်း ဘာလိုချင်သလဲ"

ဆံပင်ဖြူ အစစ်အမှန်ဧကရာဇ်က‌ မေးသည်။

"အစစ်အမှန် ဧကရာဇ်လက်နက်"

ဟဲကောင်းက ပြော၏။

"အစစ်အမှန်ဧကရာဇ်လက်နက်လား"

ဟန်မိသားစုမှ အစစ်အမှန် ဧကရာဇ်နှစ်ပါးက တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်ကြသည်။

"ကောင်းပြီ၊ ငါတို့ သဘောတူတယ်"

ဆံပင်ဖြူ အစစ်အမှန်ဧကရာဇ်က ပြောလိုက်သည်။ အစစ်အမှန်ဧကရာဇ်လက်နက်က အဖိုးတန်သော်လည်း ကပ်ဘေးဖြတ်ကျော်ခြင်း နတ်ဘုရားဝတ်ရုံထက် များစွာ နိမ့်ကျသေးသည်။

"ကောင်းပြီ၊ ငါ မင်းကို ဝတ်ရုံပြန်ပေးလိုက်မယ်"

ဟဲကောင်းက ရင်နာနေသော အမူအရာဖြင့် ဆံပင်ဖြူအစစ်အမှန်ဧကရာဇ်ထံသို့ သိုလှောင်လက်စွပ်တစ်ကွင်းကို လွှင့်ပစ်လိုက်သည်။

ဆံပင်ဖြူ အစစ်အမှန်ဧကရာဇ်က လက်ကိုဝှေ့ယမ်းကာ လက်စွပ်ကို ဖမ်းယူလိုက်၏။

"ပေါက်ကွဲ"

ဟဲကောင်း၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်မှုတို့ဖြင့် တောက်ပလာသည်။

"ဝုန်း"

သိုလှောင်လက်စွပ်က ပေါက်ကွဲသွားပြီး အဖျက်စွမ်းအားတစ်ခုက ဆံပင်ဖြူ အစစ်အမှန်ဧကရာဇ်ထံ တိုးဝင်သွား၏။

အစစ်အမှန်ဧကရာဇ်နှစ်ပါး၏ ဝန်းရံမှုက ဟာကွက်တစ်ခု ပေါ်လာတော့သည်။

"ပြေး"

ဟဲကောင်းက အခွင့်အရေးကို ဆုပ်ကိုင်ကာ ဟဲမိသားစုဆီသို့ လျှပ်စီးလက်သကဲ့သို့ ပြေးသွားသည်။

"တောက်စ်၊ ဟဲကောင်း... မင်း သေချင်နေပြီ"

ဆံပင်ဖြူ အစစ်အမှန်ဧကရာဇ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဟဲမိသားစုထဲမှာ ငါပုန်းနေရင် မင်းတို့ငါ့ကို ဘာလုပ်နိုင်မှာလဲ"

ဟဲကောင်းက လှောင်ပြောင်လိုက်သည်။ သူ့အသံက အဝေးမှ ထွက်လာခဲ့၏။

ယခုအချိန်တွင်၊ သူ့အတွက် အရေးအကြီးဆုံးက ကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်ရန် ဖြစ်သည်။ သူက ကပ်ဘေးကို ရင်ဆိုင်ရရန် နှစ်တစ်ရာခန့်သာ လိုတော့သည်။ အလွန်ဆုံး၊ သူက ‌ဟဲမိသားစုတွင် နှစ်တစ်ရာခန့် ပုန်းအောင်းနေရုံသာ ဖြစ်သည်။

အနှစ်တစ်ရာက သူတို့အဆင့်များအတွက် မျက်စိတစ်မှိတ်မျှသာ ကြာလိမ့်မည်။

ဟဲမိသားစုက ဟန်မိသားစုကဲ့သို့ပင် ကျော်ကြားသည်။ ဟဲမိသားစုတွင် ပုန်းအောင်းနေပြီး အပြင်ကို မထွက်သရွေ့ ဟန်မိသားစုက သူ့ကို ဘာမျှလုပ်နိုင်မည် မဟုတ်ပါ။

သူက လျှပ်စီးလက်သကဲ့သို့ ဟဲမိသားစုထံ ပျံသန်းသွားသည်။

"ဟဲကောင်း၊ မင်းကများ ငါ့ဟန်မိသားစုရဲ့ ရတနာကို လှည့်ဖြားပြီး ခိုးယူသွားဝံ့တယ်။ မင်းတို့ တစ်မိသားစုလုံး ပြန်ပေးဆပ်ရလိမ့်မယ်"

ဟန်မိသားစု၏ အခြား အစစ်အမှန်ဧကရာဇ်ကြီးက ဟိန်းဟောက်ပြီး ဟဲကောင်း၏နောက်သို့ ပြေးလိုက်သွားကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။

ယွမ်တောင် မြင့်မြတ်သောကျောင်းတော်တွင်း၌ လုမင်၏ ရုပ်သွင် ပေါ်လာသည်။

အစစ်အမှန်ဧကရာဇ်သုံးပါးတို့ကြားမှ ဖြစ်ပျက်ခဲ့သမျှကို သူ မြင်ခဲ့ရ၏။

"ဟဲကောင်းက ငါ့ရဲ့သတင်းအချက်အလက်ကို အသုံးပြုပြီး ဟန်မိသားစုရဲ့ ရတနာကို လဲလှယ်ခဲ့ပုံရတယ်။ အခုတော့ သူတို့တွေ မအောင်မြင်ကြတော့ဘူး။ ဟဲမိသားစု... ဟန်မိသားစု၊ မင်းတို့စောင့်နေပါ။ မကြာခင်မှာ မင်းတို့ကို ပြန်ပေးဆပ်ရစေမယ်"

လုမင်၏ မျက်လုံးများက အေးစက်သော သတ်ဖြတ်လိုစိတ်တို့ဖြင့် တောက်ပလာသည်။ ထို့နောက် သူက ရှေ့တစ်လှမ်းတိုးပြီး ပျောက်ကွယ်သွားတော့သည်။

..........

ယွမ်တောင် မြင့်မြတ်သောကျောင်းတော်၏ စွမ်းအင်ကြွယ်ဝသော တောင်ထိပ်တစ်ခုပေါ်တွင် မြေပုံအသစ်တစ်ခု ပေါ်လာသည်။ ဒါက ရေခဲနဂါးတောင်ကြားသခင်၏ မြေပုံဖြစ်ပြီး လုမင်၊ ရှန်းရှန်း၊ ထျန်းချွေးနှင့် ရွယ်နင်ရှင်းတို့က မြေပုံရှေ့တွင် အရိုအသေပြုနေကြသည်။ နောက်ဘက်တွင်၊ နဂါးမဟာမိတ်မှ အခြားသူများကလည်း ဦးညွတ်ကြ၏။

အချိန်အတော်ကြာပြီးနောက် လုမင်က မတ်တပ်ထရပ်ကာ အုတ်ဂူရှေ့တွင် အရက်တစ်အိုးကို လောင်းချလိုက်သည်။

ထို့နောက် လုမင်၏ အတွေးတစ်ခုဖြင့် မြေပုံရှေ့တွင် လူရိပ်တစ်ခု ပေါ်လာ၏။

ထိုလူက ဟဲမိသားစုမှ လူတစ်ဦးဖြစ်ပြီး လုမင်မှ ဖမ်းဆီးခံခဲ့ရသူ ဖြစ်သည်။

"တောင်ကြားသခင်၊ ဒီနေ့ ခင်ဗျားကို ပူဇော်ဖို့ ဒီလူရဲ့သွေးကို အသုံးပြုမယ်။ နောင်မှာ ခင်ဗျားကို ပူဇော်ဖို့အတွက် သူ့ရဲ့ ခွေးခေါင်းကို ကျုပ်ကိုယ်တိုင် ယူလာခဲ့ပါမယ်"

လုမင်က ဓားတစ်လက်ဖြင့် ထိုလူ၏ ဦးခေါင်းကို ခုတ်ဖြတ်လိုက်သည်။

"တောင်ကြားသခင်၊ မကြာခင်မှာ ဟဲမိသားစုနဲ့ ဟန်မိသားစုက ပြန်ပြီးပေးဆပ်ရလိမ့်မယ်"

နောက်တော့ သူက ပြန်လှည့်ထွက်သွား၏။

ထိုင်ပြီး ဝမ်းနည်းနေတာက အသုံးမဝင်ပေ။ လုမင်က ဟဲမိသားစုကို လက်တွေ့လုပ်ရပ်များဖြင့် နောင်တရစေမည် ဖြစ်သည်။

လုမင်၏ နေအိမ်တွင်...

သူက ကစဉ့်ကလျားကျောက်ကို ထုတ်ယူပြီး ဂရုတစိုက် စစ်ဆေးနေသည်။

"တကယ်ပါပဲ၊ ဒါက ကစဉ့်ကလျားစွမ်းအင် ဆုံးရှုံးသွားပြီ။ နှမျောစရာကောင်းလိုက်တာ"

လုမင်က ရေရွတ်လိုက်သည်။

သူက သူတော်စင်စွမ်းအင်နှင့် ကစဉ့်ကလျားနိယာမတို့ကို ၎င်းထဲသို့ ပို့လွှတ်ခဲ့သော်လည်း တုံ့ပြန်မှုလုံးဝမရှိခဲ့ပေ။

ကစဉ့်ကလျားကျောက်တွင် ကစဉ့်ကလျားစွမ်းအင် မရှိတော့ပါ။

သို့ရာတွင်၊ ကစဉ့်ကလျားကျောက်က ကစဉ့်ကလျားကျောက်သာ ဖြစ်သည်။ ကစဉ့်ကလျားစွမ်းအင် မရှိလျှင်ပင် ဧကရာဇ်လက်နက်များကို ထုလုပ်ရန်အတွက် အဓိကပစ္စည်းအဖြစ် အသုံးပြုနိုင်သေးသည်။

လုမင်က ကစဉ့်ကလျားကျောက်ကို သူတော်စင်လက်နက်ဖြင့် တိုက်ခိုက်ခဲ့သော်လည်း ခြစ်ရာမျှပင် မထင်ကျန်ခဲ့ပေ။

လုမင်က ၎င်းကို သန့်စင်ထားလိုက်သည်။ အရေးကြီးသောအခိုက်အတန့်တွင် ရန်သူ၏တိုက်ခိုက်မှုကို တားဆီးရန် ကာကွယ်ရေးရတနာအဖြစ် အသုံးပြုနိုင်လိမ့်မည်။

ထို့နောက် လုမင်က မျက်လုံးကိုမှိတ်ထားပြီး သူ့ကိုယ်သူ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်လိုက်သည်။ သုံးရက်အကြာတွင်၊ လုမင်က သူ၏ အထွတ်အထိပ်သို့ ပြန်ရောက်ခဲ့ပေသည်။ ထို့နောက်တွင် လုမင်က နတ်အရှိန်အဝါပညာရပ်ဖြင့် သူ့အသွင်အပြင်ကို ပြောင်းလဲကာ ယွမ်တောင် မြင့်မြတ်သောကျောင်းတော်မှ ထွက်ခဲ့သည်။

ယွမ်တောင် မြင့်မြတ်သောကျောင်းတော် အပြင်ဘက်မှာတော့ ဟန်မိသားစုမှ ကျွမ်းကျင်သူများ စောင့်ကြပ်နေဆဲပင်။ လုမင် ထွက်လာတာကို တွေ့လိုက်သည့်အခါ သူတို့၏ ဝိညာဉ်အသိက လုမင်အား စူးစမ်းလာကြသည်။ သို့ရာတွင်၊ ဘာမျှ ထူးထူးခြားခြား မတွေ့ခဲ့ရပေ။

လုမင်က ရင်ကော့ပြီး ထွက်သွားသည်။

ဤတစ်ကြိမ် ထွက်ခွာခြင်း‌ကတော့ ကလဲ့စားချေရန်မှတပါး အခြား အကြောင်းပြချက် မရှိတော့ပေ။

သူ့တွင် ဟဲမိသားစုနှင့် ဟန်မိသားစုတို့ကို တိုက်ခိုက်ရန် ခွန်အားမရှိသော်လည်း နှောင့်ယှက်ခြင်းမျိုးတော့ ပြုနိုင်သေးသည်။

လုမင်၏ ပထမဆုံး ဦးတည်ရာမှာ အသင်္ချေဖော်ဆောင်ခြင်း မျှော်စင် ဖြစ်သည်။

ပထမဦးစွာ လုမင်က အသင်္ချေဖော်ဆောင်ခြင်း မျှော်စင်တွင် ဟဲမိသားစုနှင့် ဟန်မိသားစုတို့၏ အချက်အလက်အားလုံးကို ဝယ်ယူခဲ့သည်။ သူသည် မျိုးနွယ်စုနှစ်ခု၏ အရေးပါသော တည်ရှိမှုအချို့၏ အချက်အလက်များကိုပင် ဝယ်ယူခဲ့၏။

ဟုတ်သည်၊ ဤအတွက် သူက ငွေကြေးအမြောက်အများ အသုံးပြုခဲ့ရသည်။

လုမင်က မျိုးနွယ်စုနှစ်ခု၏ အရေးပါသော တည်ရှိမှုများ၏ အချက်အလက်များကို ရယူပြီးနောက် ၎င်းတို့ကို ဂရုတစိုက်လေ့လာခဲ့သည်။

သုံးရက်အကြာတွင်၊ လုမင်က အသင်္ချေဖော်ဆောင်ခြင်း မျှော်စင်သို့ ထပ်မံရောက်ရှိလာသည်။ အသင်္ချေဖော်ဆောင်ခြင်း မျှော်စင်တွင် ဟဲမိသားစုနှင့် ဟန်မိသားစုတို့အကြောင်း အချက်အလက်အချို့ကို မေးမြန်းခဲ့သည်။

အင်မော်တယ်ယစ်မူး စားသောက်ဆိုင်...

ဒါက ကောင်းကင်ဧကရာဇ်မြို့တော်တွင် အလွန်ကျော်ကြားသော စားသောက်ဆိုင်တစ်ခု ဖြစ်သည်။

အကြောင်းမှာ၊ အင်မော်တယ်ယစ်မူး စားသောက်ဆိုင်ရှိ မိန်းမပျိုလေးများက အလွန်လှပကြသောကြောင့်ပင်။ ထို့ပြင် အင်မော်တယ်များကိုပင် ယစ်မူးစေနိုင်သော အရက်ကောင်းများလည်း ရှိသည်။

ထို့ကြောင့် ဤနေရာက ကောင်းကင်ဧကရာဇ်မြို့တော်ရှိ အင်အားစုကြီးများစွာ ထူးချွန်ထက်မြက်သော လူငယ်များ စုစည်းရာနေရာတစ်ခုလည်း ဖြစ်လာခဲ့ပေသည်။ လူငယ်မျိုးဆက်မှ ပါရမီရှင်များသာမက မျိုးဆက်ဟောင်းများပင် လာရောက်တတ်ကြသည်။

ဟဲယုထန်မှာ ဟဲမိသားစု၏ မျိုးဆက်သစ် လူငယ်များအနက် ထိပ်တန်း ပါရမီရှင်တစ်ဦး ဖြစ်သည်။ သူသည် ငယ်ရွယ်သော်လည်း ဟဲမိသားစုတွင် အရေးပါသော အဆင့်အတန်းတစ်ခု ရှိ၏။ သူ့တွင် ဘုရင်ခန္ဓာမရှိသော်လည်း ဘုရင်ခန္ဓာပြီးနောက် ဒုတိယလိုက်သည်။

ယခုဆိုလျှင် သူ၏ ကျင့်ကြံမှုက မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ။

သို့သော်လည်း ဤကာလအတွင်း သူ အလွန်စိတ်ဓာတ်ကျနေသည်။

သူသည် ယွမ်တောင် မြင့်မြတ်သောကျောင်းတော်တွင် လေ့ကျင့်နေသော်လည်း ဟဲမိသားစု၏ ပါရမီရှင်များမှာ အောင်မြင်မှုများစွာ မရရှိခဲ့ပေ။ ယွမ်တောင် မြင့်မြတ်သောကျောင်းတော်တွင်း၌ သူတို့က အနိုင်ကျင့်ခံရသည်။ အစီရင်ဓာတ်ပြားလေးခုကိုလည်း ဟဲမိသားစုက တစ်ခုမျှ မရရှိခဲ့ပါ။ အဆုံးတွင်၊ သူတို့က နတ်မီးလျှံမဟာမိတ်သို့ ဝင်ရောက်ရန်သာ ရွေးချယ်နိုင်ခဲ့သည်။

ထို့ကြောင့် သူဟာ အလွန်အမင်း စိတ်မချမ်းသာဖြစ်နေပြီး ယွမ်တောင် မြင့်မြတ်သောကျောင်းတော်မှ ထွက်ခွာသွားခြင်း သို့မဟုတ် အပန်းဖြေရန် အင်မော်တယ်ယစ်မူး စားသောက်ဆိုင်ကို လာရောက်တတ်သည်။

အင်မော်တယ်ယစ်မူး စားသောက်ဆိုင်တွင် ကြေးမုံပြင်ကဲ့သို့ ရေကန်တစ်ခုရှိသည်။ ရေကန်ပေါ်တွင် ရွက်လှေများစွာတို့ မျောပါနေကြ၏။ ရေကန်၏ ကမ်းစပ်မှာတော့ အဆောင်များ ရှိသည်။

ယခုအချိန်တွင်၊ ဟဲယုထန်က အဆောင်တစ်ခုအတွင်း၌ လဲလျောင်းနေသည်။ သူ့အနားမှာတော့ ချောမောလှပသော မိန်းကလေး နှစ်ယောက် ရှိ၏။ တစ်ယောက်က သူ့ပခုံးများကို နှိပ်နယ်နေပြီး ကျန်တစ်ယောက်က သူ့လက်နှစ်ဖက်ကို နှိပ်ပေးနေသည်။

ဤအခိုက်တွင်၊ သူက မျက်လုံးကိုမှိတ်ပြီး နွေးထွေးပြီး သာယာမှုတွင် စီးမျောနေလေသည်။

"ဟဲယုထန်၊ ထွက်လာခဲ့စမ်း"

ထိုအချိန်တွင် ကျယ်လောင်သော ဟိန်းဟောက်သံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

All Chapters