← Chapters

အခန်း ၁၉၂၈

Vol. 129 Ch. 1928

အခန်း ၁၉၂၈

Vol. 129 Ch. 1928

အပိုင်း ( 1928 ) မိသားစုနှစ်ခုကြားမှ စစ်ပွဲ။

"ငါ့ရဲ့ ကပ်ဘေးဖြတ်ကျော်ခြင်း နတ်ဘုရားဝတ်ရုံကို လိုချင်ရင် အိပ်မက်မက်နေလိုက်လေ။ မင်းတို့ ဟန်မိသားစုက ငါ့ဟဲမိသားစုရဲ့ လူတွေကိုသတ်ဖို့ လူတွေစေလွှတ်ခဲ့တာကိုရော ဘယ်လိုရှင်းပြမလဲ"

ဟဲကောင်းက အော်လိုက်သည်။

"မင်းတို့ရဲ့လူတွေကိုသတ်ဖို့ ငါတို့ ဘယ်သူ့ကိုမှ မစေလွှတ်ခဲ့ဘူး"

ဟန်မိသားစု၏ ကျွမ်းကျင်သူတစ်ဦးက ပြောသည်။

"မလိမ်နဲ့၊ ငါတို့လူတွေကို သတ်ခဲ့သူတွေက ထာဝရနွေဦးနိယာမကို အသုံးပြုခဲ့တယ်။ ငါတို့ကို ဘာမှမသိဘူးလို့ တကယ်ထင်နေတာလား"

ဟဲမိသားစုမှ ကျွမ်းကျင်သူတစ်ဦးက လှမ်းအော်လိုက်၏။

"ရယ်စရာကောင်းလိုက်တာ၊ ဟဲကောင်းက ငါတို့ရဲ့ နတ်ဘုရားဝတ်ရုံကို ယူသွားတဲ့အတွက် ငါတို့ကတောင် မလာရသေးဘူး။ မင်းတို့ ဟဲမိသားစုက အမှိုက်တချို့ကို ဆုံးရှုံးသွားတာနဲ့ စစ်ပွဲစတင်ဖို့ ရောက်လာတယ်လား"

ဟန်မိသားစုမှ ကျွမ်းကျင်သူတစ်ဦးက အေးစက်စွာပြောသည်။

ဟန်မိသားစုနှင့် ဟဲမိသားစုတို့က သေခြင်း ရန်ဘက်များ ဖြစ်သည်။ မကြာသေးမီနှစ်များအတွင်း အခြေအနေက အနည်းငယ် ပျော့ပျောင်းသွားသော်လည်း ဤသိုင်းဧကရာဇ်များက အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ကြပြီး အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြဖူးသည်။ သူတို့၏ ဒေါသက အလွယ်တကူ မဖြေရှင်းနိုင်ပေ။

နှစ်ဖက် တွေ့ဆုံကြတိုင်း တိုက်ခိုက်ကြမည် ဖြစ်သည်။

"ကောင်းတယ်၊ သိပ်ကောင်းတယ်။ မင်းတို့က ငါ့မိသားစုဝင်တွေကိုသတ်ပြီး ဒီလိုပြောနိုင်သေးတယ်။ ငါတို့က အနိုင်ကျင့်ရလွယ်ကူတယ်လို့ မင်းတို့ တကယ်ထင်နေတာလား။ ဒီလိုဆိုရင် အခုချိန်ကစပြီး မင်းတို့ ဟန်မိသားစုဝင်တွေ အပြင်ကိုမထွက်ကျရင် ပိုကောင်းမယ်။ မဟုတ်ရင်တော့... ဟားဟား"

ဟဲကောင်းက လှောင်ရယ်လိုက်သည်။ ဟန်မိသားစုက ဟဲမိသားစုကို သတ်နိုင်လျှင် သူတို့ကလည်း ထိုနည်းတူစွာ လုပ်နိုင်သည်။

"ဟဲကောင်း၊ ငါမင်းကို အရင်သတ်မယ်"

ဟန်မိသားစုမှ ဆံပင်ဖြူ အစစ်အမှန် ဧကရာဇ်က သည်းမခံနိုင်တော့ပါ။ သူက ဟဲကောင်းကိုသတ်ပြီး ကပ်ဘေးဖြတ်ကျော်ခြင်း နတ်ဘုရားဝတ်ရုံကို ပြန်ယူလိုသည်။

ထိုအချိန်တွင် လူတစ်ယောက်က ပျံသန်းလာပြီး ဟန်မိသားစု၏ အကျော်အမော်၏ဘေးတွင် ဆင်းသက်လိုက်သည်။

"အစစ်အမှန်ဧကရာဇ်အရှင်၊ မကောင်းတော့ဘူး။ ဟဲမိသားစုက ကျုပ်တို့လူတွေကို တိတ်တဆိတ် သတ်နေတယ်။ အခုလေးတင် မဟာသူတော်စင်နှစ်ယောက်နဲ့ အန္တိမသူတော်စင်တစ်ပါး အသတ်ခံခဲ့ရပြီ"

ထိုလူက ပြောလိုက်၏။

"ဘာ၊ သေသင့်တဲ့ကောင်တွေ"

ဟန်မိသားစု၏ အစစ်အမှန်ဧကရာဇ်ကြီးမှာ ဒေါသအိုးပေါက်ကွဲတော့သည်။

ဟဲမိသားစုက အပေါ်ယံတွင် သူတို့ကို ဖြေရှင်းချက်တောင်းရန် ရောက်ရှိလာပုံရသော်လည်း နောက်ကွယ်မှာတော့ သူတို့၏လူများကိုသတ်ရန် လူများကို စေလွှတ်ခဲ့သည်။ စက်ဆုပ်ဖွယ်ကောင်းလွန်းပေသည်။

"မဟုတ်တာမပြောနဲ့၊ မင်းတို့လူတွေကိုသတ်ဖို့ ဘယ်သူ့ကိုမှ စေလွှတ်ထားတာ မရှိဘူး"

ဟဲမိသားစုမှ အဘိုးအိုတစ်ယောက်က မျက်မှောင်ကြုတ်လိုက်သည်။

"သူတို့က ဥတုလေးလီနိယာမကို ရှင်းရှင်းလင်းလင်း အသုံးပြုခဲ့တာ၊ သူတို့က ဟဲမိသားစုက မဟုတ်ဘူးလို့ ဘယ်လိုပြောရဲတာလဲ"

သတင်းပို့သူက အော်ဟစ်လိုက်၏။

ဟဲမိသားစု၏အမွေက ဥတုလေးလီ နိယာမဖြစ်ပြီး ဟန်မိသားစု၏ ထာဝရနွေဦးနိယာမနှင့် ဆင်တူသည်။ ရှေးယခင်က၊ ဟဲမိသားစုသည် ကောင်းကင်ဧကရာဇ်၏ သားမြေးများဟု အခိုင်အမာဆိုခဲ့ကြသောကြောင့် ဟန်မိသားစုနှင့် သေခြင်းရန်သူတို့ ဖြစ်ခဲ့ကြပင်။

"တောက်စ်၊ မင်းတို့က ငါ့ဟန်မိသားစုရဲ့ ကပ်ဘေးဖြတ်ကျော်ခြင်း နတ်ဘုရားဝတ်ရုံကို ယူသွားတယ်။ အခုလည်း ငါ့ဟန်မိသားစုရဲ့ လူတွေကိုသတ်ဖို့ လူတွေကို စေလွှတ်လိုက်ပြန်ပြီ။ ငါ့ဟန်မိသားစုက အနိုင်ကျင့်ဖို့ လွယ်ကူတယ်လို့ မင်းတို့ထင်နေကြတာလား။ ဒီနေ့ မင်းတို့အားလုံး ဒီမှာပဲနေရမယ်"

ဟန်မိသားစု၏ အစစ်အမှန်ဧကရာဇ်က ဒေါသတကြီး ပြောလိုက်သည်။ သူက ကမ္ဘာ့အင်အားကို အသက်သွင်းပြီး ဟဲမိသားစုမှ ကျွမ်းကျင်သူများထံသို့ ဓားအလင်းတစ်ခု ထုတ်ဖော်လိုက်၏။

"မင်းတို့က စစ်ပွဲစချင်ရင်တောင် ဟဲမိသားစုက ကြောက်နေမယ်လို့ မထင်နဲ့"

ဟဲမိသားစုမှ အစစ်အမှန်ဧကရာဇ်ကလည်း ဒေါသတကြီး တုံ့ပြန်သည်။

"တိုက်ခိုက်ကြ"

ဟန်မိသားစုမှ အခြား ကျွမ်းကျင်သူများကလည်း တိုက်ခိုက်ကြသည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းများ ထွက်ပေါ်လာပြီး ဟဲမိသားစုမှ ကျွမ်းကျင်သူများဆီသို့ ဖြတ်သန်းသွား၏။

သို့ပေသော်ငြား၊ ဟဲမိသားစုမှ ကျွမ်းကျင်သူများကလည်း အစစ်အမှန် ဧကရာဇ်အဆင့်တွင် ရှိကြသည်။ သူတို့ကလည်း တန်ပြန်တိုက်ခိုက်ကြတော့သည်။

ဤနယ်မြေတွင် ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကောင်းကင်ဧကရာဇ်မြို့တော်တစ်ခုလုံး တုန်လှုပ်သွားပုံရ၏။

အစစ်အမှန်ဧကရာဇ်များကြားမှ တိုက်ပွဲက ကြောက်စရာကောင်းလွန်းသည်။ တော်တော်များများက တုန်လှုပ်သွားပြီး ကြည့်ရှုရန် ပြေးလာကြလေသည်။

"ဟင်၊ အဲဒါက ဟန်မိသားစုနဲ့ ဟဲမိသားစုရဲ့ ကျွမ်းကျင်သူတွေပဲ"

“အနှစ်တစ်ထောင်ပြီး‌နောက်မှာ မျိုးနွယ်စုနှစ်ခုက ထပ်ပြီး စစ်ဖြစ်တော့မှာလား"

အဝေးတွင်၊ လူများစွာက တုန်လှုပ်စွာ ပြောဆိုလိုက်ကြသည်။

အဝေးမှ ကောင်းကင်ယံတွင်၊ လုမင်ကလည်း အသားမည်းမည်း လူငယ်တစ်ယောက်အဖြစ် ပြောင်းလဲထားပြီး တိုက်ပွဲကို စောင့်ကြည့်နေသည်။

လုမင်၏ နှုတ်ခမ်းများက အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွား၏။

အမှန်က သူ့အစီအစဥ်သည် ဤမျှကြီးမားတာ မဟုတ်ပေ။ သူသည် ကစဉ့်ကလျားနိယာမ၏ ပြောင်းလဲနိုင်စွမ်းကို အသုံးပြုပြီး ဟဲမိသားစုနှင့် ဟန်မိသားစုတို့၏ အဖွဲ့ဝင်များအဖြစ် ပြောင်းလဲပြီး မိသားစုနှစ်ခုကြား ပဋိပက္ခကို လှုံ့ဆော်ပေးခဲ့ရုံဖြစ်သည်။

မိသားစုနှစ်ခုက စိတ်အေးအေးထားပြီး ဆွေးနွေးညှိနှိုင်းကြသရွေ့ အဖြေမှန်ကို ရှာတွေ့နိုင်ရန် မခက်ပေ။ လုမင်ဟုပင် သံသယဖြစ်မိနိုင်သည်။

သို့သော်လည်း မိသားစုနှစ်ခုကြား ရန်ငြိုးဖွဲ့မှုက အစိုင်အခဲ ကြီးမားနေပြီဖြစ်ပြီး မီးပွားအနည်းငယ်မျှဖြင့် မီးတောက်ကြီးအဖြစ် ဟုန်းခနဲ ထတောက်နိုင်သည်။

ထို့အပြင်၊ ဟဲကောင်း၏ အခြေအနေကြောင့် မိသားစုနှစ်ခုက ကောင်းကောင်းထိုင်ပြီး စကားပြောရန် မဖြစ်နိုင်တော့ပေ။ အမှန်ပင် သူတို့က ချက်ချင်း တိုက်ခိုက်ခဲ့ကြသည်။

"ဝုန်း... ဝုန်း"

ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတို့က ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားသည်။ ဟင်းလင်းပြင်က အဆက်မပြတ် အက်ကွဲနေပြီး ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် လေဟာနယ်ကြီး ဖြစ်ပေါ်လာရ၏။

သို့သော်လည်း ဤသည်မှာ ဟန်မိသားစု ဖြစ်သည်။

စတင်တိုက်ခိုက်သည်နှင့် တပြိုင်နက်၊ ဟန်မိသားစုမှ အားကောင်းသော ရောင်ဝါများ ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော ကျွမ်းကျင်သူများက တံခါးပိတ်လေ့ကျင့်ရာမှ နိုးထလာပြီး တိုက်ပွဲတွင် ပါဝင်လာကြ၏။

ဟဲမိသားစုမှ အစစ်အမှန်ဧကရာဇ်များက အရေးနိမ့်လာတော့သည်။

"ဟဲမိသားစုကို ပြန်ဆုတ်ကြ"

ဟဲမိသားစုမှ အစစ်အမှန်ဧကရာဇ်တစ်ပါးက အော်ပြောလိုက်သည်။ ယခုအချိန်တွင် ဟဲမိသားစုမှ အစစ်အမှန်ဧကရာဇ်ငါးပါးရှိပြီး ပြင်းထန်စွာ ပူး‌ပေါင်းတိုက်ခိုက်လိုက်၏။

သို့သော်လည်း ဟန်မိသားစု၏ အစစ်အမှန်ဧကရာဇ်များက ပိုများလာသည်။ သူတို့က အားနည်းချက်ရှိခဲ့ပြီး မဖောက်ထွက်နိုင်တော့ပေ။

"ဟန်မိသားစုရဲ့ အခြားသူတွေကို တိုက်ခိုက်ကြ"

ဟဲကောင်း၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်မှုတို့ ပေါ်လာပြီး ဓားချက်များ ထုတ်ဖော်လိုက်သည်။ သို့ရာတွင်၊ အစစ်အမှန်ဧကရာဇ်များကို မရည်ရွယ်ဘဲ ဟန်မိသားစု၏ အဆောက်အဦများကို ပစ်မှတ်ထား၏။

"လူယုတ်မာ"

ဟန်မိသားစု၏ အစစ်အမှန်ဧကရာဇ်တစ်ပါးက ဟိန်းဟောက်လိုက်သည်။ အစစ်အမှန်ဧကရာဇ်နှစ်ပါးက ကာကွယ်ရန် အမြန်ပြေးထွက်ခဲ့သော်လည်း နောက်ကျသွား၏။

ဟဲကောင်း၏ ဓားအလင်းက မိုင်ရာနှင့်ချီရှည်လျားသည်။ ဟန်မိသားစု၏ မြောက်များစွာသော မိသားစုဝင်များက ဤဓားအလင်းကြောင့် သေဆုံးသွား၏။ မိုင်တစ်ရာ ရှည်လျားသော အက်ကွဲကြောင်းကြီးက ဟန်မိသားစု၏ အဆောက်အဦများစွာ ပျက်စီးသွားကြတော့သည်။

"ဟဲကောင်း၊ မင်း သေချင်နေတာပဲ"

ဟန်မိသားစု၏ အစစ်အမှန်ဧကရာဇ်များက ဒေါသတကြီးဖြင့် ဟဲကောင်းကိုသတ်ရန် ကြိုးစားလိုက်ကြသည်။

သို့သော်၊ ဟဲကောင်း၏ အမူအရာက အေးစက်နေပြီး နောက်ထပ် ဓားအလင်းတချို့ကို ထုတ်ဖော်လိုက်၏။ အစစ်အမှန်ဧကရာဇ်များလည်း သူတို့၏ တိုက်ခိုက်မှုများကို ရပ်တန့်ရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။

သာမာန်အားဖြင့် အစစ်အမှန်ဧကရာဇ်များက အားနည်းသူများကို မတိုက်ခိုက်ပါ။

သို့သော်လည်း ဟဲကောင်းက ယခုအချိန်တွင် ကျရောက်လာတော့မည့် ကပ်ဘေးကြီးကြောင့် အသိစိတ်ပျောက်လုနီးနေပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် စည်းမျဥ်းများကို ဂရုမစိုက်ဘဲ စိတ်ထင်တိုင်းကြဲနေတော့သည်။

ဟန်မိသားစု၏ အစစ်အမှန်ဧကရာဇ်များစွာက အိမ်တော်များကို ကာကွယ်ရန် ထွက်သွားသောကြောင့် ဝန်းရံမှုတွင် ဟာကွက်တစ်ခု ပေါ်လာသည်။ ဟဲကောင်းနှင့် အခြားသော အစစ်အမှန်ဧကရာဇ်များက ပြေးထွက်လာပြီး ဟဲမိသားစုဆီသို့ ပြန်ပြေးသွားကြတော့သည်။

"ဟဲမိသားစု၊ မင်းတို့ရဲ့သွေးနဲ့ ပြန်ပေးဆပ်ရစေမယ်ကွ"

ဟန်မိသားစုမှ အစစ်အမှန်ဧကရာဇ်က ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်သည်။

အဝေးမှာတော့ လုမင်က ကျေနပ်စွာ ရယ်မောလိုက်လေသည်။ ထို့နောက်တွင် သူက ယွမ်တောင် မြင့်မြတ်သောကျောင်းတော်သို့ ပြန်သွားခဲ့သည်။

ယခုအခါ သူက စောင့်ကြည့်ရန်သာလိုပြီး ဘာမှလုပ်စရာ မလိုတော့ပေ။

မိသားစုနှစ်ခုကြားတွင် စစ်ပွဲတစ်ခုက မဖြစ်မနေ ပေါ်ပေါက်လာတော့မည် ဖြစ်သည်။

လုမင်က ယွမ်တောင် မြင့်မြတ်သောကျောင်းတော်သို့ ပြန်ရောက်ပြီးနောက် မကြာလိုက်ပါ...

ကောင်းကင်ဧကရာဇ်မဟာမိတ်အဖွဲ့၏ ဟန်ရှင်းဟဲက ဓားတစ်လက်ကို ကိုင်ဆောင်ကာ နတ်မီးလျှံမဟာမိတ်ကို တိုက်ခိုက်ခဲ့သည်။ သူသည် နတ်မီးလျှံမဟာမိတ်အဖွဲ့မှ ဘုရင်ခန္ဓာဖြင့် ဟဲမိသားစု၏ နံပါတ်တစ်ပါရမီရှင်ကို သတ်ပစ်ခဲ့၏။

ဤကိစ္စက ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ကို တုန်လှုပ်စေခဲ့သည်။

ဟဲမိသားစုမှ ပါရမီရှင်က သူတော်စင်ဘုရင်စာရင်းတွင် ထိပ်တန်းဆယ်ယောက်အတွင်း ပါဝင်သည်။ သူသည် နတ်မီးလျှံမဟာမိတ်တွင် ဒုတိယအဆင့် တည်ရှိမှုဖြစ်သော်လည်း ထိုကဲ့သို့ပင် အသတ်ခံခဲ့ရသည်။

ဟန်ရှင်းဟဲကို နတ်မီးလျှံမဟာမိတ်မှ မည်သူမျှ မတားဆီးနိုင်ခဲ့ပေ။

ထိုသတင်းကို ကြားရပြီးနောက် ဟဲမိသားစုက ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့သည်။

သူသည် ဟဲမိသားစု၏ နံပါတ်တစ်ပါရမီရှင်ဖြစ်ပြီး အားကောင်းသော ဘုရင်ခန္ဓာနှင့် ပြိုင်စံရှား အရည်အချင်းများရှိသူ ဖြစ်သည်။ သူက ဟဲမိသားစု၏ မျှော်လင့်ချက်ဖြစ်ပြီး မဟာဧကရာဇ်ဖြစ်လာရန် အလားအလာရှိသူလည်း ဖြစ်၏။ ယခုမူ၊ ဟန်ရှင်းဟဲက သူ့ကို သတ်ပစ်လိုက်ပြီ။

"စစ်ပွဲ စတင်ကြစို့"

ဟဲမိသားစုမှ ဒေါသတကြီး အော်ဟစ်သံ ထွက်လာသည်။

"စစ်ပွဲ စတင်ကြစို့"

ဟန်မိသားစုမှာလည်း အလားတူပင် ဖြစ်၏။

ထိုနေ့တွင် ဟဲမိသားစုနှင့် ဟန်မိသားစုတို့က သူတို့၏ ကျွမ်းကျင်သူများကို စေလွှတ်ခဲ့ကြသည်။ သူတို့က မိသားစုကြီးနှစ်ခုကြား အလယ်နေရာတွင် တွေ့ဆုံကြ၏။ နှစ်ဖက် ထိပ်တိုက်တွေ့ဆုံသည်နှင့် အပိုစကားများ မဆိုဘဲ တိုက်ပွဲကြီးကို စတင်လိုက်တော့သည်။

All Chapters