← Chapters

အခန်း ၁၉၃၁

Vol. 129 Ch. 1931

အခန်း ၁၉၃၁

Vol. 129 Ch. 1931

အပိုင်း ( 1931 ) ကောင်းကင်ဧကရာဇ်၏ပုံရိပ်။

မဟာဧကရာဇ်သုံးပါးစလုံး ပြန်ပေါ်လာသောကြောင့် ဟန်မိသားစု၏ မဟာဧကရာဇ်နှင့် တာ့လော့ကောင်းကင်ဂိုဏ်း၏ မဟာဧကရာဇ်ကြီးမှာ ဟဲမိသားစု၏ မဟာဧကရာဇ်ကို မည်သို့မျှ မစွမ်းဆောင်နိုင်ခဲ့ကြောင်း ထင်ရှားသည်။

ကောင်းကင်ဧကရာဇ်တောင်မှ ထွက်ခွာသွားပြီးနောက် အပြင်ဘက်တွင် အဆင့်တူ မဟာဧကရာဇ်နှစ်ပါးအတွက် ခွန်အားကွာခြားချက် အလွန်ကြီးမားခြင်းမရှိလျှင် အခြား မဟာဧကရာဇ်တစ်ပါးကို သတ်ရန် မလွယ်ပေ။

ဟဲမိသားစု၏ လူများမှာလည်း ဟဲမိသားစု၏ မဟာဧကရာဇ်ကြီး ဘာမျှမဖြစ်ကြောင်း မြင်လိုက်ရမှ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။

ယခုအချိန်တွင်၊ မဟာဧကရာဇ်သုံးစလုံးက ကောင်းကင်မှ ပုံရိပ်ကြီးကို ကြည့်နေလေသည်။

"ကောင်းကင်ဧကရာဇ်ရဲ့အရိပ်"

ဟန်မိသားစု၏ မဟာဧကရာဇ်ကြီးက လေးနက်သော်လည်း မျှော်လင့်ချက်တို့ ပြည့်နှက်နေသော အမူအရာဖြင့် ပြောလိုက်သည်။

ဤအခိုက်အတန့်တွင်၊ လုမင်တို့ ရှိနေသည့်ဘက်မှ ဟင်းလင်းပြင်စွမ်းအား အတက်အကျများ ဖြစ်ပေါ်လာသည်။

လုမင်နှင့် အခြားသူများ အံ့သြသွားကြ၏။ ဤပုဂ္ဂိုလ်မှာ ယွမ်တောင် မြင့်မြတ်သောကျောင်းတော်၏ မဟာဧကရာဇ်ဝူရှန်းပင်။

ယွမ်တောင် မြင့်မြတ်သောကျောင်းတော်မှ ဆရာများနှင့် ကျောင်းသားများက အရိုအသေပြုရန် ဟန်ပြင်ကြသော်လည်း သူက မလိုအပ်ကြောင်း လက်ကာပြလိုက်သည်။

ထိုအချိန်တွင်၊ ကောင်းကင်မှ ရုပ်သွင်က ပို၍ ပီပြင်လာသည်။ လူတိုင်း တုန်လှုပ်သွားကြ၏။

ကောင်းကင်ဧကရာဇ်က ရှင်ပြန်ထမြောက်တော့မည်လော။ သို့တည်းမဟုတ် ဒါက ကောင်းကင်ဧကရာဇ် ချန်ထားခဲ့သည့် အမှတ်အသားတစ်ခုပင်လော။

ယနေ့ကိစ္စက သူတို့မျှော်လင့်ထားသည်ထက် များစွာကျော်လွန်နေပုံရသည်။

"ဝှစ်"

ကောင်းကင်ဧကရာဇ်၏ အရိပ်က အလွန်အမင်း ပီပြင်လာသောအခါတွင် သူ၏ရုပ်သွင်က ကောင်းကင်ဧကရာဇ်တောင်ဆီသို့ ရုတ်တရက် ပျံသန်းသွားပြီး ထိုထဲသို့ ပျောက်ကွယ်သွားသည်။

"ဝုန်း"

နောက်အခိုက်အတန့်တွင်၊ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကောင်းကင်ဧကရာဇ်တောင်တစ်ခုလုံး ပေါက်ကွဲသွား၏။

ခမ်းနားထည်ဝါသော ကောင်းကင်ဧကရာဇ်တောင်က တိုက်ရိုက်ပေါက်ကွဲသွားခဲ့ပြီ။ ထို့နောက် ကောင်းကင်ဧကရာဇ်တောင်၏ အောက်ခြေမှ အလင်းတန်းတစ်ခုက လျင်မြန်စွာ ထိုးတက်လာပြီး ကောင်းကင်ကို ထိုးဖောက်သွားသည်။

"အဲဒါက... ပန်းတစ်ပွင့်ပဲ"

တစ်ယောက်ယောက်က အော်လိုက်သည်။

ကောင်းကင်ဧကရာဇ်တောင်အောက်မှ မီးအလင်းတန်းတစ်ခုက ကောင်းကင်ကို ပြေးတက်သွားသည်။ မီးတန်းအလယ်မှာတော့ ပန်းတစ်ပွင့် ပေါ်လာ၏။

သို့သော်လည်း ပန်းက မပွင့်သေးဘဲ အဖူးပုံသဏ္ဍာန်သာရှိသေးသည်။ ၎င်းကိုကြည့်ရသည်မှာ ကြာပန်းနှင့် အလားသဏ္ဍာန်တူသည်။

လူတိုင်း အံ့သြသွားကြသည်။ ဤနေရာတွင် ဘာဖြစ်နေသနည်း။

"ဒီပန်းက အရိပ်တစ်ခုပဲ၊ တကယ့်အရာမဟုတ်ဘူး"

"ကြည့်ကြစမ်း၊ အောက်မှာ လှိုဏ်ဂူတစ်ခုရှိနေတယ်"

ကောင်းကင်ဧကရာဇ်တောင်၏ ထူးဆန်းသော လှုပ်ရှားမှုက နေရာတိုင်းတွင် ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့သည်။

လုမင်လည်း စူစူးစိုက်ကြည့်လိုက်သည်။ အမှန်ပင်၊ ကောင်းကင်ယံမှ ပန်းပွင့်က အစစ်မဟုတ်ဘဲ အရိပ်တစ်ခုသာပင်။

မူလကောင်းကင်ဧကရာဇ်တောင်၏ အောက်ခြေတွင် ဂူတစ်ခု ရှိသည်။ အလင်းတန်းက ထိုဂူထဲမှ ထွက်ပေါ်လာခြင်းပင်။

အဲဒီဂူထဲမှာ ရတနာတွေ ရှိနေမလား။

ကောင်းကင်ဧကရာဇ်တောင်က ဒီရတနာကို အမြဲဖိနှိပ်ထားခဲ့တာလား။

ဒါကို တွေးမိသောအခါ လူတော်တော်များများ၏ မျက်လုံးများက အလင်းရောင်များ‌ တောက်ပလာခဲ့သည်။

ရတနာတစ်ခုဖြစ်ခဲ့လျှင် ကောင်းကင်ဧကရာဇ်များပင် တန်ဖိုးထားရမည့် ရတနာတစ်ခု ဖြစ်မည်မှာ အသေအချာပင်။ မဟာဧကရာဇ်များပင်လျှင် ငြိမ်သက်မနေနိုင်တော့ပါ။

အလင်းရောင်များ လက်သွားပြီး ဟန်မိသားစု၊ တာ့လော့ကောင်းကင်ဂိုဏ်း၊ ဟဲမိသားစုတို့၏ မဟာဧကရာဇ်များနှင့် မဟာဧကရာဇ်ဝူရှန်းတို့က ဂူအထက်တွင် တပြိုင်နက်တည်း ပေါ်လာသည်။

ဟန်မဟာဧကရာဇ်က ဟဲမဟာဧကရာဇ်ကို အေးစက်စွာ ကြည့်လိုက်သော်လည်း ဘာမှ မပြောပေ။

ကောင်းကင်ဧကရာဇ်တောင်က ပေါက်ကွဲသွားပြီ ဖြစ်သည်။ ကောင်းကင်ဧကရာဇ်တောင်၏ ဖိနှိပ်ခြင်းမရှိဘဲ၊ ဟဲမိသားစု၏ မဟာဧကရာဇ်ကြီးအား မသတ်နိုင်မှန်း သူသိပေသည်။

မဟာဧကရာဇ်လေးပါးသည် အောက်လှိုဏ်ဂူကို ကြည့်လိုက်ပြီးနောက် သူတို့၏မျက်နှာများတွင် အံ့အားသင့်သည့်အမူအရာများ ပေါ်လာသည်။

လူတိုင်းက လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ မဟာဧကရှာ်များကိုပင် အံ့အားသင့်စေသည့်အရာက ဘာများဖြစ်မည်နည်း။

လူတိုင်းက ကိုယ်တိုင်ကိုယ်ကျ သွားကြည့်ချင်သော်လည်း မဟာဧကရာဇ်များ ရှိနေသောကြောင့် မည်သူမျှ မလှုပ်ရှားဝံ့ပေ။

မဟာဧကရာဇ်တစ်ပါးကို ဒေါသထွက်စေပါက သေခြင်းတရားကသာ စောင့်ကြိုနေမည် ဖြစ်သည်။

"ဒါက ကောင်းကင်ဧကရာဇ် ချန်ထားခဲ့တဲ့ ကမ္ဘာပဲ။ ဒါကို ကျုပ်ရဲ့ဟန်မိသားစုကပဲ ပိုင်ဆိုင်သင့်တယ်။ ကျေးဇူးပြုပြီး သွားကြပါ"

ဟန်မိသားစု၏ မဟာဧကရာဇ်က ဟဲမိသားစု၏ မဟာဧကရာဇ်နှင့် မဟာဧကရာဇ်ဝူရှန်းတို့ကို စိုက်ကြည့်လိုက်သည်။

"ရယ်စရာပဲ၊ အဲဒါကို ကောင်းကင်ဧကရာဇ်က ချန်ထားခဲ့တာ ဟုတ်မဟုတ် ဘယ်သူမှမသိဘူး။ နောက်ပြီးတော့ ကောင်းကင်ဧကရာဇ်က ချန်ထားခဲ့ရင်တောင် မင်းတို့ ဟန်မိသားစုနဲ့ ဘာဆိုင်သလဲ။ မင်းက ကောင်းကင်ဧကရာဇ်ရဲ့ ဆင်းသက်လာသူလို့တော့ မပြောနဲ့"

ဟဲမိသားစု၏ မဟာဧကရာဇ်က လှောင်ပြောင်လိုက်သည်။

"မင်းဘာပြောချင်တာလဲ"

ဟန်မဟာဧကရာဇ်၏ မျက်လုံးများတွင် အေးစက်သော အလင်းများ လင်းလက်လာသည်။

"ရှင်းပါတယ်၊ မင်းရဲ့ ဟန်မိသားစုက ဒါကို အပိုင်မသိမ်းနိုင်ဘူး"

ဟဲမိသားစု၏ မဟာဧကရာဇ်က အေးစက်စွာ ပြောသည်။ ထို့နောက် မဟာဧကရာဇ်ဝူရှန်းကိုကြည့်ကာ မေးလိုက်၏။

"ဝူရှန်း၊ ခင်ဗျား ဘယ်လိုထင်လဲ"

"ကောင်းကင်ဧကရာဇ်က ကြွေလွင့်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ နှစ်များစွာကြာပြီးနောက် အခြေအနေကို ဘယ်သူမှ မရှင်းပြနိုင်ဘူး။ ဒါကြောင့် ကောင်းကင်ဧကရာဇ်ရဲ့ ကျန်ရစ်ခဲ့တဲ့ ရတနာတွေကို ရေစက်ပါတဲ့သူ ပိုင်ဆိုင်ပါလိမ့်မယ်"

မဟာဧကရာဇ်ဝူရှန်းက ပြောလိုက်သည်။

အဓိပ္ပါယ်က ရှင်းသည်။ ကောင်းကင်ဧကရာဇ်က ကြွေလွင့်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ။ ထို့ကြောင့် ဟန်မိသားစုက ကောင်းကင်ဧကရာဇ်၏ ဆင်းသက်လာသူ ဟုတ်၊ မဟုတ် မည်သူမျှ မသိနိုင်ပါ။

အချိန်အတော်ကြာပြီးနောက်၊ ကောင်းကင်ဧကရာဇ်မှ ကျန်ရစ်ခဲ့သော ရတနာများက ‌ကံကောင်းသူသာ ပိုင်ဆိုင်သင့်သည်။

ဟန်မဟာဧကရာဇ်၏ မျက်နှာက ရှုံ့မဲ့သွားသည်။ သူ့တွင် တာ့လော့ကောင်းကင်ဂိုဏ်းမှ မဟာဧကရာဇ်ကြီး၏ အကူအညီရှိသော်လည်း ဟဲမိသားစု၏ မဟာဧကရာဇ်နှင့် မဟာဧကရာဇ်ဝူရှန်းတို့ကို မည်သို့မျှ မတတ်နိုင်ပါ။

ထို့ပြင် ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ကို မဟာဧကရာဇ်ကြီးသုံးပါးက တည်ထောင်ခဲ့သည်။ အခြားသော မဟာဧကရာဇ်များက လူလုံးထွက်မပြသေးသော်လည်း သတိထားရသေးသည်။

"ဒီလိုဆိုမှတော့ ကျုပ်တို့ရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ ဆုံးဖြတ်ရအောင်"

ဟန်မိသားစု၏ မဟာဧကရာဇ်က အေးစက်စွာ ပြောလိုက်သည်။ ထို့နောက်၊ ချက်ခြင်းပင် အောက်လှိုဏ်ဂူထဲသို့ ပြေးဝင်သွား၏။

တာ့လော့ကောင်းကင်ဂိုဏ်း၏ မဟာဧကရာဇ်၊ ဟဲမိသားစု၏ မဟာဧကရာဇ်နှင့် မဟာဧကရာဇ်ဝူရှန်းတို့လည်း အောက်လှိုဏ်ဂူထဲသို့ တပြိုင်နက်တည်း ပြေးဝင်သွားကြတော့သည်။ သူတို့၏ ရုပ်ပုံများက ဂူထဲသို့ ခဏချင်း ပျောက်ကွယ်သွားသည်။

အပြင်ဘက်တွင်၊ တခြားသူများက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ မဟာဧကရာဇ်လေးပါး ဝင်ရောက်သွားသောကြောင့် တခြားသူများမှာ မလိုက်ဝံ့ကြပေ။ နေရာတွင် စောင့်ကြည့်ရုံသာ တတ်နိုင်သည်။

"ဝုန်း... ဝုန်း... ဝုန်း... ဝုန်း"

ထိုအချိန်တွင် မြေအောက်ဂူထဲမှ ပြင်းထန်သော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ ထိုနေရာမှ လေပြင်းများ တိုက်ခတ်နေပုံရသည်။ ထွက်ပေါ်လာသော အလင်းတန်းများက ပို၍ပင် တောက်ပလာတော့သည်။

ထို့နောက် ဂူထဲမှ လူရိပ်လေးခု ပြေးထွက်လာကြသည်။ မဟုတ်သေး၊ သူတို့ဘာသာ အလျင်စလို ထွက်လာခြင်းမဟုတ်ပါ။ သူတို့က လေပြင်းကြောင့် လွင့်ထွက်သွားပုံရသည်။

လူတိုင်း တုန်လှုပ်သွားကြသည်။ မဟာဧကရာဇ်များကိုပင် ဖိနှိပ်‌နိုင်သော လှိုဏ်ဂူထဲတွင် အဘယ်အရာ ရှိသနည်း။ ထို့ပြင် မဟာဧကရာဇ်လေးပါးစလုံး ဖြစ်သည်။ ကြောက်စရာကောင်းလွန်းပေသည်။

မဟာဧကရာဇ်လေးပါးတို့က မှုန်မှိုင်းသော မျက်နှာထားဖြင့် ကောင်းကင်တွင် ရပ်လိုက်ကြသည်။

ခဏအကြာတွင်၊ ဟန်မိသားစု၏ မဟာဧကရာဇ်က လက်မလျှော့လိုဟန်ဖြင့် ပြေးဝင်သွားသည်။ သို့သော်လည်း မကြာမီ တစ်ဖန်လွင့်စဉ်လာပြန်တော့သည်။

"မင်း ဆင်းကြည့်စမ်း"

ဟန်မိသားစု၏ မဟာဧကရာဇ်က ဟန်မိသားစုမှ အစစ်အမှန်ဧကရာဇ်ကို ပြောလိုက်သည်။

"မင်းသွားကြည့်စမ်း"

ဟဲမိသားစု၏ မဟာဧကရာဇ်က ဟဲမိသားစု၏ အစစ်အမှန်ဧကရာဇ်ကို ပြောသည်။ မဟာဧကရာဇ်ဝူရှန်းကလည်း ယွမ်တောင် မြင့်မြတ်သောကျောင်းတော်မှ ဆရာတစ်ဦးကို တောင်းဆိုလိုက်၏။

အစစ်အမှန်ဧကရာဇ်သုံးပါးတို့က ရှေ့ကိုထွက်လာပြီး ဂူထဲသို့ ပြေးဝင်သွားကြသည်။ သို့သော်လည်း သိပ်မကြာခင်မှာပင် သူတို့ရှေ့က မဟာဧကရာဇ်လေးပါးလို အင်အားတစ်ခု၏ တွန်းထုတ်ခြင်း ခံလိုက်ရတော့သည်။

ထို့နောက် မဟာဧကရာဇ်ကြီးများက ဧကရာဇ်ငယ်ဖြစ်သည့် ဗလာနယ်ဧကရာဇ်များကို စေလွှတ်ခဲ့သော်လည်း တွန်းထုတ်ခံရဆဲ ဖြစ်သည်။

ထို့နောက် ဧကရာဇ်တစ်ပိုင်းအချို့ကို ဆင်းသက်ရန် တောင်းဆိုလိုက်ကြသည်။ သို့ရာတွင်၊ ဧကရာဇ်တစ်ပိုင်းများက ဤတစ်ကြိမ်တွင် တွန်းထုတ်ခြင်းမခံရပေ။ ထိုအစား၊ ၎င်းတို့သည် အောက်ဘက်မှ အင်အားတစ်ခု၏ ပိတ်ဆို့ခြင်းကိုသာ ခံလိုက်ရသည်။

ဆင်းသက်သူ၏ ကျင့်ကြံမှုအဆင့်အရ ဂူအတွင်းရှိ စွမ်းအားက ပြောင်းလဲသွားပုံရပေသည်။

ကျင့်ကြံမှုအဆင့်က သန်မာလေလေ၊ ဂူထဲမှ တွန်းအားက ပိုအားကောင်းလေ ဖြစ်သည်။

"ဂူထဲမှာ ဘာရှိတာလဲ။ မဟာဧကရာဇ်တွေက ဘာဖြစ်လို့ ဒီလောက်တောင် တုံ့ပြန်မှုရှိရတာလဲ"

လူတော်တော်များများက သိချင်တာ တစ်ပိုင်းသေနေပြီ။

"မဟာဧကရာဇ်အရှင်၊ ဂူအောက်ခြေမှာ ကျုပ်တို့ကို ဟန့်တားနေတဲ့ အင်အားတစ်ခုရှိပုံရတယ်။ ကျုပ်တို့ ဝင်လို့မရဘူး"

ဟန်မိသားစု၏ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူတစ်ဦးက ဟန်မိသားစု၏ မဟာဧကရာဇ်ထံ သတင်းပို့လိုက်သည်။ လူတိုင်းက နားစွင့်ပြီး နားထောင်ကြ၏။

"ဒီကြာပန်းမှာ ပွင့်ချပ်ကိုးခုရှိပြီး ပွင့်ချပ်တစ်ခုစီက ကမ္ဘာတစ်ခုကို ကိုယ်စားပြုတယ်။ အခုချိန်မှာ ကြာပန်းက မပွင့်သေးတဲ့အတွက် ဝင်ဖို့အချိန်မတန်သေးဘူး"

မဟာဧကရာဇ်ဝူရှန်းက ပြောလိုက်သည်။ သူက အသံကို ဖုံးကွယ်မထားသောကြောင့် အားလုံး ကြားကြရပေသည်။

လူတိုင်း တုန်လှုပ်သွားကြသည်။ ဂူအောက်မှာ ကမ္ဘာငယ်လေး ရှိနေတာလား။

"ဟန်မိသားစုရဲ့ သိုင်းဧကရာဇ်အဆင့်အောက်က ကျင့်ကြံသူအားလုံးကို စုဝေးစေ"

ဟန်မိသားစု၏ မဟာဧကရာဇ်ကြီးက ပြောလိုက်သည်။

All Chapters