← Chapters

အခန်း ၁၉၃၂

Vol. 129 Ch. 1932

အခန်း ၁၉၃၂

Vol. 129 Ch. 1932

အပိုင်း ( 1932 ) ကြာပန်းကမ္ဘာ။

ဟန်မိသားစု၏ မဟာဧကရာဇ်က သိုင်းဧကရာဇ်နယ်ပယ်အောက်မှ ကျွမ်းကျင်သူအားလုံးကို စုဝေးရန် အမိန့်ပေးပြီးနောက် ထွက်ခွာသွားခဲ့သည်။

ထို့နောက်တွင်၊ ဟဲမိသားစု၏ မဟာဧကရာဇ်ကလည်း တူညီစွာ အမိန့်ပေးခဲ့၏။ သူက ဟဲမိသားစု၏ သိုင်းဧကရာဇ်နယ်ပယ်အောက်မှ ကျင့်ကြံသူအားလုံးကို စုဝေးရန် အမိန့်ပေးပြီးနောက် ထွက်ခွာသွားတော့သည်။

ထို့နောက် မဟာဧကရာဇ်ဝူရှန်းနှင့် တာ့လော့ကောင်းကင်ဂိုဏ်း၏ မဟာဧကရာဇ်ကြီးတို့လည်း ထွက်ခွာသွားကြသည်။

"သွားကြည့်ရအောင်"

မဟာဧကရာဇ်ကြီးများ ထွက်သွားပြီးနောက် အခြားသူများက ၎င်းတို့၏ စူးစမ်းလိုစိတ်ကို ထိန်းမနိုင်တော့ဘဲ ဂူထဲသို့ ပြေးဝင်သွားကြသည်။ ခဏချင်း၊ ကောင်းကင်ယံတွင် မရေမတွက်နိုင်သော လူရိပ်များ ပြည့်နှက်သွား၏။

လုမင်နှင့် အခြားလူများကလည်း လူအုပ်ကြီးနောက်သို့ လိုက်ကာ အောက်ကိုကြည့်ရန် ကောင်းကင်သို့ ပျံသန်းသွားကြသည်။

"အဲဒါက..."

လုမင် အံ့ဩသွားသည်။

မြေပြင်ပေါ်တွင် အလွန်ကြီးမားသော တွင်းကျဂူကြီးတစ်ခု ရှိ၏။ ၎င်းက မည်မျှ နက်နဲသည်ကို မည်သူမျှ မသိသော်လည်း လှိုဏ်ဂူထဲတွင် တောက်ပသော အလင်းတန်းများ ထုတ်လွှတ်နေသည်။

လှိုဏ်ဂူ၏ အနက်ရှိုင်းဆုံးအရပ်မှာတော့ ကြာပန်းတစ်ပွင့်ရှိပေသည်။ သေချာကြည့်လျှင် ကြာပန်းပွင့်ဖတ် ကိုးခုရှိကြောင်း မြင်ရမည် ဖြစ်သည်။ သို့သော်လည်း ဤကြာပန်းက အဖူးအနေအထားတွင် ရှိနေဆဲဖြစ်ပြီး မပွင့်သေးပါ။

ကောင်းကင်ယံမှ ကြာပန်းက ဤကြာပန်း၏ ပုံရိပ်ဖြစ်ကြောင်း ထင်ရှားသည်။

ထိုအခါ မဟာဧကရာဇ်ဝူရှန်း၏စကားကို လူတိုင်း ကြားယောင်လာကြသည်။

ကြာပန်းတွင် ပွင့်ဖတ်ကိုးခုပါရှိပြီး ကမ္ဘာကိုးခုကို ကိုယ်စားပြုသည်။ သို့သော်လည်း ကြာပန်းက မပွင့်သေးသဖြင့် လောလောဆယ် မဝင်နိုင်သေးပေ။

ကြာပန်းပွင့်ဖတ်ကိုးခုက ကမ္ဘာကိုးခုကို ကိုယ်စားပြုတာလား။

ဒီကမ္ဘာက ကောင်းကင်ဧကရာဇ် ချန်ရစ်ခဲ့တာလား။

လူတိုင်းက အမျိုးမျိုး တွေးလိုက်ကြသည်။ ထို့နောက် သိုင်းဧကရာဇ်နယ်ပယ်အောက်မှ ကျင့်ကြံသူများသာ ဝင်ရောက်နိုင်သည်ကို သတိရသွား၏။

"မယုံဘူး"

အချို့သော ဗလာနယ်ဧကရာဇ်များနှင့် အစစ်အမှန်ဧကရာဇ်များက ဂူထဲသို့ ပြေးသွားကြသည်။ သို့သော်လည်း သူတို့က ဂူထဲသို့ ဝင်လိုက်သောအခါ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုကို ရင်ဆိုင်ခဲ့ရသည်။

သိုင်းဧကရာဇ်နယ်ပယ်အောက်ရှိ ကျင့်ကြံသူများသာ သူတို့ကိုယ်သူတို့ တည်ငြိမ်အောင် ထိန်းချုပ်နိုင်ကြပေသည်။ သို့သော်လည်း ကြာပန်းအနီးသို့ ချဉ်းကပ်သောအခါ ကြီးမားသော အင်အားတစ်ခုဖြင့် ပိတ်ဆို့ထားခဲ့သည်။

မရေမတွက်နိုင်သောလူများက ၎င်းကို စမ်းသပ်ရန် ဆင်းသွားသော်လည်း ရလဒ်မှာ အတူတူပင်။

ကြာပန်းပွင့်ချိန်ကို စောင့်နေရဆဲဖြစ်ကြောင်း လူတိုင်းသိလိုက်ကြသည်။

လုမင်နှင့် အခြားသူများကတော့ စမ်းသပ်ရန် ဆင်းမသွားကြပါ။ မဟာဧကရာဇ်ဝူရှန်းက သူတို့ကို ‌ဆင်းရန်မလိုအပ်ဟု ပြောထားသောကြောင့် စိတ်ရှည်ရှည်ထားပြီး စောင့်နေရုံဖြစ်သည်။

ထို့နောက် ယွမ်တောင် မြင့်မြတ်သောကျောင်းတော်မှ ဆရာများနောက်သို့ လိုက်ပါကြပြီး ယွမ်တောင် မြင့်မြတ်သောကျောင်းတော်ကို ပြန်ခဲ့ကြလေသည်။

ထို့နောက်တွင် ဤသတင်းဟာ ယွမ်တောင်တစ်ခုလုံးကို တောမီးကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

ကောင်းကင်ဧကရာဇ်၏ အမွေအနှစ်က မရေမတွက်နိုင်သော လူများကို လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့ပေသည်။

အင်အားကြီး အင်အားစုများက ကောင်းကင်ဧကရာဇ်မြို့တော်သို့ တစ်ခုပြီးတစ်ခု ရောက်ရှိလာကြသည်။

အခြား မြင့်မြတ်နယ်မြေကိုးခု၏ အင်အားစုများအပြင် ရှေးခေတ်မျိုးနွယ်စုအချို့ကလည်း ၎င်းတို့၏ ကျွမ်းကျင်သူများကို စေလွှတ်ခဲ့၏။

ရှေးဟောင်းလ မြင့်မြတ်နယ်မြေရှိ ဖီးနစ်နန်းတော်၊ နတ်ဆင်ဂိုဏ်း၊ ဝမ်မျိုးနွယ်၊ ကောင်းကင်ဝံပုလွေမျှော်စင်၊ ရွှေကျီးကန်းမျိုးနွယ် စသည်တို့ကလည်း ၎င်းတို့၏ ကျွမ်းကျင်သူများကို စေလွှတ်ခဲ့ကြသည်။ ၎င်းတို့ကို အစစ်အမှန်ဧကရာဇ်များနှင့် ဗလာနယ်ဧကရာဇ်များက ဦးဆောင်လာခဲ့သည်။

ဤအရာက ကောင်းကင်ဧကရာဇ်မှ ကျန်ရစ်ခဲ့သော အမွေအနှစ်တစ်ခု ဖြစ်နိုင်ချေများသည်။ လူတိုင်းက အခွင့်အလမ်းများကို လိုချင်ကြပေသည်။

ဧကရာဇ်အဆင့် ကျွမ်းကျင်သူများ မဆင်းနိုင်သောကြောင့် အကောင်းဆုံးရွေးချယ်မှုမှာ ဧကရာဇ်တစ်ပိုင်း ဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ ကောင်းကင်ဧကရာဇ်မြို့တော်သို့ ကျွမ်းကျင်သူများ ပိုပြီး‌ ရောက်ရှိလာကြသည်။

အချိန်ကြာလာသည်နှင့်အမျှ ကြာပန်းကလည်း တဖြည်းဖြည်း ပွင့်အာလာ၏။

တစ်လကြာမြင့်ပြီး... ကြာပန်းပွင့်ခါနီးအချိန်တွင် မရေမတွက်နိုင်သောလူများက ဤနေရာတွင် စုရုံးရောက်ရှိလာလာကြသည်။ တစ်ချက်ကြည့်လိုက်လျှင် လူဘယ်နှစ်ယောက်ရှိမှန်း မပြောနိုင်တော့ပေ။

၎င်းတို့အနက် အများစုမှာ သူတော်စင်နယ်ပယ်နှင့် ဧကရာဇ်တစ်ပိုင်းများ ဖြစ်ကြသည်။

"ထွက်သွားကြစမ်း"

ကျယ်လောင်သော ငေါက်ငမ်းသံနှင့်အတူ ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ ထွက်ပေါ်လာသည်။ လူအုပ်ကြီးက ချက်ချင်း ဘေးကိုရှဲသွားကြ၏။

၎င်းတို့က အစစ်အမှန်ဧကရာဇ်များ ဦးဆောင်ပြီး လူတစ်ရာကျော်ရှိသော ဟန်မိသားစု၏အဖွဲ့ ဖြစ်သည်။

ဟန်မိသားစုက ကြီးစိုးနေသော်လည်း လူအများက ဘာမှ မပြောရဲကြပေ။

ဟန်မိသားစုမှာ မဟာဧကရာဇ်အဆင့် အင်အားစု ဖြစ်သည်။ မဟာဧကရာဇ်မင်းတစ်ပါးနှင့်အတူ၊ ၎င်းတို့ကို မည်သူက စော်ကားဝံ့မည်နည်း။

"ဟန်မိသားစုက တကယ်ကို အရှိန်အဝါကြီးတာပဲ"

အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ဟဲမိသားစု၏အဖွဲ့ ရောက်လာကြ၏။ ဟန်မိသားစုက ကြီးစိုးသော်လည်း သူတို့လည်းအလားတူပင် ဖြစ်သည်။ အစစ်အမှန်ဧကရာဇ်တစ်ပါး၏ ဦးဆောင်လမ်းပြခြင်းဖြင့် လူအုပ်ကြီးက လမ်းဖွင့်ပေးခဲ့ရပေသည်။

ထို့နောက် တာ့လော့ကောင်းကင်ဂိုဏ်း၏ ကျွမ်းကျင်သူများ ရောက်ရှိလာသည်။ အစွမ်းထက်သော ရှေးဟောင်း မျိုးနွယ်စုများစွာတို့လည်း ရောက်ရှိလာကြ၏။

ယွမ်တောင် မြင့်မြတ်သောကျောင်းတော်မှ ဆရာများကလည်း ပါရမီရှင် လူငယ်တစ်စုနှင့်အတူ ရောက်ရှိလာခဲ့သည်။

"ဝှစ်... ဝှစ်"

ရုတ်တရက်၊ ဂူအနီးရှိ လေဟာနယ်က ကွဲအက်သွားသည်။ ထိုနေရာတွင် လူရုပ်သွင်တချို့ ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများ ထုတ်လွှတ်လိုက်၏။ ဤသည်မှာ မဟာဧကရာဇ်၏ အရှိန်အဝါ ဖြစ်သည်။

လူတိုင်းက နောက်ကိုဆုတ်သွားရသည်။

မဟာဧကရာဇ်ကြီးများက အောက်ဘက်ရှိ ကြာပန်း၏ အခြေအနေကို စောင့်ကြည့်နေကြ၏။

နေ့ဝက်အကြာတွင် ကြာပန်းက အပြည့်အဝ ပွင့်လန်းလာတော့သည်။။

"ဆင်းကြတော့"

ဟန်မိသားစု၏ မဟာဧကရာဇ်က ပြောလိုက်သည်။

ဟန်မိသားစုမှ ကျွမ်းကျင်သူများက ဂူထဲသို့ ပြေးဆင်းသွားကြ၏။ ဟုတ်သည်၊ သူတို့အားလုံးက သိုင်းဧကရာဇ်နယ်ပယ်အောက်တွင်သာ။ အများစုမှာ ဧကရာဇ်တစ်ပိုင်းနှင့် အန္တမသူတော်စင်များ ဖြစ်ကြသည်။

ထို့နောက် ဟဲမိသားစုမှ ကျွမ်းကျင်သူများကလည်း တာ့လော့ကောင်းကင်ဂိုဏ်းမှ ကျွမ်းကျင်သူများနှင့်အတူ ဂူထဲသို့ အမြန်ဆင်းသွားကြသည်။ တာ့လော့ကောင်းကင်ဂိုဏ်း၏ ကျွမ်းကျင်သူများထဲတွင် လုမင်သည် လော့စန်းချုံးနှင့် လော့ဖိုခုန်းတို့ကို တွေ့ခဲ့ရပေသည်။

"သွားရအောင်"

အခြားအင်အားစုများကလည်း ကြွေးကြော်ပြီးနောက် စုရုံးကာ ဂူထဲသို့ ပြေးဆင်းသွားကြသည်။

မဟာဧကရာဇ်များကလည်း သူတို့ကို မတားပေ။ တစ်ယောက်ပြီးတစ်ယောက် ဂူထဲကို ဝင်ရောက်ပျောက်ကွယ်သွားကြသည်။

"မင်းတို့လည်း သွားကြပါ"

ယွမ်တောင် မြင့်မြတ်သောကျောင်းတော်မှ ဆရာက လုမင်နှင့် အခြားသူများကို ကြည့်လိုက်သည်။

အမှန်တော့ ယွမ်တောင် မြင့်မြတ်သောကျောင်းတော်မှ ဆရာများ၏နောက်တွင် ပါရမီရှင်များစွာ မရှိပေ။

ပါရမီရှင်အများစုက အင်အားစုကြီး အသီးသီးမှ လာရောက်ခြင်းဖြစ်၍ အရေးကြီးသောအခိုက်တွင် သက်ဆိုင်ရာ အင်အားစုများသို့ ပြန်သွားခဲ့ကြသည်။ ၎င်းတို့ထဲမှ အနည်းငယ်သာ ယွမ်တောင် မြင့်မြတ်သောကျောင်းတော်တွင် ဆက်လက်နေထိုင်ခဲ့ပေသည်။

လုမင်နှင့် အခြားသူများ က ခေါင်းညိတ်ကာ ဂူထဲသို့ ပြေးဝင်သွားကြသည်။

ဂူက ကြီးမားသည်။ မရေမတွက်နိုင်သော လူများက တစ်ချိန်တည်းတွင် ပျံဆင်းသွားသော်လည်း ပြည့်ကြပ်ပုံမရပါ။

"အဲဒါက..."

လုမင်နှင့် အခြားသူများက ငုံ့ကြည့်လိုက်သည်။ လူများက ကြာပန်းအနားသို့ နီးလာပြီးနောက် သူတို့၏ခန္ဓာကိုယ်များ ကျုံ့သွားတာကို တွေ့လိုက်ရ၏။ ထို့နောက် ပန်းပွင့်ဖတ် တစ်ခုဆီသို့ ပြေးသွားကာ ပန်းပွင့်ဖတ်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

သို့သော်လည်း နေရာက ကျပန်းဖြစ်ပုံရသည်။ လူတိုင်းက အလိုရှိရာနေရာကို မသွားနိုင်ဘဲ ကျပန်း ပွင့်ဖတ်တစ်ခုဆီသို့ ပို့လွှတ်ခံခဲ့ရပေသည်။

အင်အားစုကြီးများမှ လူများစွာသည် ပျံတက်သွားပြီး မတူညီသော ပန်းပွင့်ဖတ်များထဲသို့ ဝင်ရောက်ခဲ့ကြသည်။

ရုတ်တရက်၊ လုမင်က အန္တရာယ်တစ်ခု ရောက်လာသည်ဟု ခံစားလိုက်ရသည်။

"ဝှစ်"

ကြောက်မက်ဖွယ်ကောင်းသော ရွှေရောင်အလင်းတန်းတစ်ခုက သူ၏ညာဘက်မှ လုမင်ဆီသို့ ရောက်ရှိလာ၏။

လုမင်က မျက်မှောင်ကြုတ်ပြီး ညာဘက်သို့ လက်သီးဖြင့် ထိုးလိုက်သည်။

"ဝုန်း"

ရွှေရောင်အလင်းက တိုက်ရိုက်ပြိုကွဲသွားတော့သည်။

ထို့နောက် လုမင်သည် ရွှေရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူတစ်စုက သူ့အား အေးစက်စွာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"ဒါက ရွှေကျီးကန်းမျိုးနွယ်ရဲ့ ကျွမ်းကျင်သူတွေပဲ"

တစ်ဖက်မှ ဟွမ်လင်က ပြောလိုက်သည်။

"ရွှေကျီးကန်းမျိုးနွယ်"

လုမင်၏ မျက်လုံးများက လူသတ်ချင်စိတ်များ ပြည့်နှက်လာသည်။ ၎င်းတို့က ရွှေကျီးကန်းမျိုးရိုး၏ အန္တိမသူတော်စင်နှင့် ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများပင်။

လုမင်ကို အစောပိုင်းက ခိုးဝင်တိုက်ခိုက်ခဲ့သူမှာ ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်စင် ဖြစ်သည်။

"ရွှေကျီးကန်းမျိုးနွယ်ရဲ့ ကျွမ်းကျင်သူတစ်ဦးက အငယ်တစ်ယောက်ကို အလစ်တိုက်ခိုက်ဝံ့တယ်။ မင်းတို့ ဒီလောက်တိုက်ချင်ရင် တိုက်ကြရအောင်"

ဟွမ်လင်၏ဘေးတွင် လူကြီးတစ်ယောက်က အေးစက်စွာပြောလိုက်သည်။

ဤလူကြီးက ဖီးနစ်နန်းတော်၏ ကျွမ်းကျင်သူပင်။

ဖီးနစ်နန်းတော်နှင့် နတ်ဆင်ဂိုဏ်းမှ ကျွမ်းကျင်သူများက လုမင်တို့နှင့်အတူ ဤနေရာသို့ ရောက်လာခဲ့ကြသည်။

"လုမင်၊ မင်းက ရွှေကျီးကန်းမျိုးနွယ်ရဲ့ အိမ်ရှေ့မင်းသားကို သတ်လိုက်တယ်။ ဒီအကြွေးကို သင်ပုန်းချေလို့မရဘူး။ ကောင်းကင်ဧကရာဇ်ရဲ့ ကျန်ရစ်ကမ္ဘာကို မင်းဝင်ရောက်လာတဲ့အခါ ငါတို့နဲ့မတွေ့မိစေဖို့ ငါမျှော်လင့်တယ်"

ရွှေကျီးကန်းမျိုးနွယ်မှ ကျွမ်းကျင်သူတစ်ဦးက အေးစက်စွာ ပြောလိုက်သည်။

"သူ အမြဲတမ်း ကံကောင်းနေမယ်လို့ မျှော်လင့်ပါတယ်"

နောက်ထပ် အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။ ရွှေကျီးကန်းမျိုးနွယ်မှ မဟုတ်ဘဲ အခြားအင်အားတစ်ခုမှ လာခဲ့ခြင်းပင်။

ဝမ်မျိုးနွယ်စုဝင်များ ဖြစ်ကြသည်။

သူတို့အပြင် ကောင်းကင်ဝံပုလွေမျှော်စင်နှင့် အခြား အင်အားစုများမှ လူများလည်း ရှိ၏။ သူတို့အားလုံးက လုမင်အား အေးစက်သော သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ကြည့်နေကြတော့သည်။

All Chapters