← Chapters

အခန်း ၁၉၃၃

Vol. 129 Ch. 1933

အခန်း ၁၉၃၃

Vol. 129 Ch. 1933

အပိုင်း ( 1933 ) ကြာပန်းကမ္ဘာအတွင်းမှ ပထမဆုံး တိုက်ပွဲ။

"ငါ‌နဲ့တွေ့တဲ့ကောင်တိုင်းကို ငါသတ်မယ်"

လုမင်က ရွှေကျီးကန်းမျိုးနွယ်၊ ဝမ်မျိုးနွယ်နှင့် ကောင်းကင်ဝံပုလွေမျှော်စင်တို့မှ ကျွမ်းကျင်သူများကို စူးစိုက်ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။

"ဘယ်သူသေမလဲ စောင့်ကြည့်ရအောင်"

ရွှေကျီးကန်းမျိုးနွယ်မှ ကျွမ်းကျင်သူတစ်ဦးက အေးစက်စက် ပြန်ပြော၏။ ထို့နောက် လူအားလုံးက အရှိန်ပြင်းပြင်းနှင့် ပြေးဆင်းသွားကြသည်။

တခြားအင်အားစုများကဲ့သို့ပင် သူတို့က ပြေးဆင်လာပြီးနောက် မတူညီသော ပန်းပွင့်ဖတ်များထဲ ဝင်ရောက်သွားခဲ့သည်။

သို့သော်လည်း လုမင်က တစ်စုံတစ်ခုကို သတိပြုမိသွားသည်။ ပန်းပွင့်ဖတ်ကိုးခုရှိသော်လည်း ရှစ်ခုကိုသာ ဝင်ရောက်နိုင်ပုံရပြီး ကျန်တစ်ခုကို မည်သူမျှ မရောက်ရှိသွားကြပေ။

မကြာမီ၊ လုမင်နှင့် တခြားသူများက ကြာပန်းပွင့်ဖတ်ဆီသို့ ချဉ်းကပ်လာခဲ့ကြသည်။

ကြာပန်းနှင့် နီးကပ်လာသောအခါတွင် ပြင်းထန်သော အင်အားတစ်ခုက ၎င်းတို့ကို ရစ်ပတ်ရန် ကြိုးစားလာသည်။

ဤစွမ်းအားက ဆွဲအားတစ်မျိုးဖြစ်ပြီး အလွန်ပြင်းထန်ကာ ခုခံရန်မလွယ်ပေ။ သူတို့၏ ခန္ဓာကိုယ်များက မတူညီသော ပွင့်ချပ်များဆီသို့ ဆွဲထုတ်ခံရသည်။

ချင်ယွဲ့၊ လော့ထျန်းယီ၊ ဟွမ်လင်၊ ဟွမ်လီနှင့် အခြားသူများက လုမင်နှင့် ကွဲကွာပြီး မတူညီသော ပန်းပွင့်ချပ်များထဲသို့ ဝင်ရောက်သွား၏။

"ဝှစ်"

လုမင်ကိုယ်တိုင်လည်း ပန်းပွင့်ဖတ်တစ်ခုပေါ် ရောက်သွားသည်။

"အစ်ကိုကြီးလုမင်၊ ကျွန်မ အစ်ကိုကြီးနဲ့ လိုက်ခဲ့ချင်တယ်"

ပေါင်ပေါင်၏အသံကို ကြားလိုက်ရသည်။ သူသည် မူလက အခြားပန်းပွင့်ဖတ်ဆီသို့ ဆွဲငင်ခံခဲ့ရပေသည်။ သို့သော်လည်း ပေါင်ပေါင်က ဆွဲငင်အားမှလွတ်မြောက်ရန် အချိန်ဟင်းလင်းပြင် နိယာမကို အသုံးပြုခဲ့သည်။ သူက လုမင်၏ နံဘေးသို့ ပြေးလာပြီး လုမင်နှင့်အတူအတူ ပွင့်ချပ်ထဲသို့ ဝင်သွားတော့သည်။

လုမင်က ကမ္ဘာကြီး ချာချာလည်နေသလို ခံစားလိုက်ရသည်။ နောက်အခိုက်အတန့်တွင် သူက တောအုပ်ကြီးတစ်ခုတွင် ပေါ်လာခဲ့၏။

"ပေါင်ပေါင် မရှိတော့ဘူး"

လုမင်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ ပေါင်ပေါင်က သူ့အနားတွင် မရှိတော့ကြောင်း တွေ့လိုက်ရသည်။

လူတိုင်းက ပန်းပွင့်များကမ္ဘာသို့ ဝင်ရောက်ပြီးနောက် မတူညီသောနေရာများတွင် ကျပန်းပေါ်လာမည်ဟု မှန်းဆရပေသည်။

'ဒီနေရာက ဘာလဲ။ အရင်စူးစမ်းကြည့်ရအောင်'

လုမင်က တွေးလိုက်သည်။ သူက ကောင်းကင်သို့ ပျံတက်သွား၏။

ကောင်းကင်သို့ ပျံတက်သွားပြီးနောက် သူ အံ့ဩသွားသည်။ ကောင်းကင်တွင် လူရိပ်များစွာ ရှိနေကြကြောင်း တွေ့ရလေသည်။

သူတို့ကလည်း အပြင်မှ ဝင်ရောက်လာသူများဖြစ်ကြောင်း ထင်ရှားသည်။

"ဒါက ကျွန်းကြီးပဲ"

လုမင်က အောက်ကို ငုံ့ကြည့်လိုက်သည်။

ကောင်းကင်အမြင့် မီတာထောင်ချီမှ မတ်တတ်ရပ်လျက် ငုံ့ကြည့်လိုက်သောအခါ ၎င်းတို့အောက်တွင် ကျွန်းတစ်ကျွန်းရှိကြောင်း မြင်လိုက်ရသည်။ ကျွန်းအပြင်ဘက်မှာတော့ အဆုံးမဲ့ပင်လယ်ကြီး ရှိပေသည်။

"ဝှစ်... ဝှစ်"

ဤအခိုက်အတန့်တွင် လူရိပ်အများအပြားက လှုပ်ရှားလာပြီး လုမင်ကို ဝိုင်းရံထားလိုက်သည်။ အားကောင်းပြီး ကြောက်မက်ဖွယ်ကောင်းသော အအရှိန်အဝါများက လုမင်ကို ဖုံးအုပ်လိုက်၏။

"ဟားဟားဟား.... လုမင်၊ မင်းက ငါတို့နဲ့ တူညီတဲ့နယ်မြေထဲမှာ ရှိနေဖို့ ငါ မမျှော်လင့်ထားဘူး။ ဒီနေ့ မင်းသေနေ့စေ့ပြီ"

တစ်ယောက်က ကျယ်လောင်စွာ ရယ်လိုက်သည်။ သူ၏ လူသတ်ချင်စိတ်က အလွန်ပြင်းထန်၏။

ဤလူသည် ဧကရာဇ်တစ်ပိုင်းအဆင့် ကျင့်ကြံမှုဖြင့် ရွှေကျီးကန်းမျိုးနွယ်မှ ကျွမ်းကျင်သူ ဖြစ်သည်။

သူ့ဘေးနားမှ တခြားသူများမှာတော့ ရွှေကျီးကန်းမျိုးနွယ်ဝင်များ မဟုတ်ပါ။ ၎င်းတို့က ကောင်းကင်ဝံပုလွေမျိုးနွယ်၊ ဝမ်မျိုးနွယ်နှင့် ခရမ်းရောင်အစွန်းရောက်ဂိုဏ်းတို့မှ ဖြစ်သည်။

စုစုပေါင်း ငါးယောက်ရှိသည်။ နှစ်ယောက်က အန္တိမသူတော်စင်နယ်ပယ် အထွတ်အထိပ်သို့ ရောက်ခဲ့ပြီး နှစ်ဦးမှာ အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံမှုအဆင့် ဖြစ်၏။ ‌နောက်ဆုံးတစ်ဦးက ဧကရာဇ်တစ်ပိုင်း ဖြစ်သည်။

"မျိုးဆက်ဟောင်းတချို့က မျိုးဆက်သစ်လူငယ်လေးတစ်ယောက်နဲ့ ရင်ဆိုင်တော့မှာပဲ။ စိတ်ဝင်စားဖို့ကောင်းတယ်"

"တကယ်ကို စိတ်ဝင်စားစရာပဲ...."

ပတ်ဝန်းကျင်ရှိလူတိုင်းက လုမင်ကို ဘေးမှ လှမ်းကြည့်လိုက်ကြသည်။

သို့သော်လည်း လုမင်ကို မည်သူမျှ မသိကြပေ။

ယခုတစ်ကြိမ် ဤနေရာသို့ ဝင်ရောက်လာသူအားလုံးမှာ မတူကွဲပြားသော အင်အားစုများမှ အန္တိမသူတော်စင်များနှင့် ဧကရာဇ်တစ်ပိုင်းများ ဖြစ်သည်။ ၎င်းတို့က မတူညီသော မြင့်မြတ်နယ်မြေများနှင့် မတူညီသော အင်အားစုများမှ လာကြခြင်း ဖြစ်၏။ လုမင်ကို မြင်တွေ့ဖူးသူက အလွန်နည်းသည်။ သဘာဝအတိုင်း၊ ထိုလူများဟာ လုမင်ကို တစ်ခါမှ မမြင်ဖူးကြပေ။

"မင်းလို လူငယ်တစ်ယောက်ကလည်း ဒီနေရာကို ဝင်လာရဲတာပဲ။ မင်း ကိုယ့်ကိုကိုယ် အထင်ကြီးနေပုံရတယ်"

အဘိုးအိုတစ်ဦးက သူ၏ မုတ်ဆိတ်ရှည်များကို ပွတ်သပ်ရင်း ပြောသည်။ သူက ဧကရာဇ်တစ်ပိုင်းအဆင့် ဖြစ်၏။

ယခုတစ်ကြိမ်တွင် ကြာပန်းကမ္ဘာထဲသို့ ဝင်ရောက်လာသူ အားလုံးနီးပါးမှာ အန္တိမသူတော်စင်များ ဖြစ်ကြသည်။ ဧကရာဇ်တစ်ပိုင်းများပင် မနည်းလှပေ။ သူ့လို လူငယ်တစ်ယောက်က ရတနာတွေကို ဝင်လုချင်နေလား။ ဒါက သူ့ကိုယ်သူ အထင်ကြီးနေတာပဲ မဟုတ်လား။

"သိပ်ကောင်းတယ်"

လုမင်က တစ်ချက်ဝေ့ကြည့်ပြီး ပြောလိုက်သည်။

"ဘာကိုသိပ်ကောင်းတာလဲ"

ရွှေကျီးကန်းမျိုးနွယ်မှ ကျွမ်းကျင်သူက အံ့ဩသွားသည်။

"မင်းတို့က သေဖို့အတွက် ဒီနေရာကို ကိုယ်တိုင်ရောက်လာပေးတာ ကောင်းတာပေါ့"

လုမင်က ဆက်ပြောလိုက်၏။

"ဟားဟားဟား... ငါတို့သေဖို့ရောက်နေတာတဲ့လား။ ကောင်လေး၊ မင်းက ဘယ်လိုနှိမ့်ချရမှန်း တကယ်မသိဘူးပဲ။ အခု မင်း ငါတို့ကို ဘယ်လိုသတ်မလဲ ကြည့်ရအောင်"

ဝမ်မျိုးနွယ်မှ ကျွမ်းကျင်သူတစ်ဦးက ရယ်မောလိုက်သည်။ သူသည် အန္တိမသူတော်စင်နယ်ပယ် အထွတ်အထိပ်တွင် ရှိ၏။ သူ၏ အတွေးတစ်ခုဖြင့် သူတော်စင်လက်နက်များ ပျံထွက်လာတော့သည်။ ကြောက်မက်ဖွယ်ကောင်းသော လက်နက်စွမ်းအင်က စုရုံးကာ တိုက်ခိုက်ခဲ့သည်။

"လက်နက်တစ်သောင်းတာအိုကျမ်းကို မင်း သိပ်မတတ်ဘူးသေးပါဘူး"

လုမင်က အေးစက်စွာ ပြောလိုက်သည်။ သူ့လက်ထဲတွင် အန္တိမသူတော်စင်လက်နက် ဓားတစ်လက်‌ ပေါ်လာသည်။ သူက ဓားချက်ထုတ်ဖော်လိုက်သောအခါ ဝမ်မျိုးနွယ်မှ ကျွမ်းကျင်သူ၏ လက်နက်စွမ်းအင်က ပျက်စီးသွား၏။ဓားအလင်းက ရပ်တန့်မသွားဘဲ ဆက်လက်ဖြတ်သန်းသွားသည်။

"ရွှပ်"

ဝမ်မိသားစု၏ ကျွမ်းကျင်သူမှာ ပြန်လည်တိုက်ခိုက်ရန်ပင် စွမ်းအားမရှိဘဲ လုမင်၏ဓားဖြင့် ထက်ခြမ်းခွဲခံရကာ ချက်ချင်း သေဆုံးသွားတော့သည်။

လုမင်က သူ့လက်ကို ဝှေ့ယမ်းကာ ဝမ်မိသားစုမှ ကျွမ်းကျင်သူ၏ သူတော်စင်လက်နက်နှင့် သိုလှောင်လက်စွပ်ကို ယူလိုက်သည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

အခြားသူများ တုန်လှုပ်သွားကြသည်။ သူတို့၏ မျက်လုံးများက ပန်းကန်လုံးတမျှ လျင်မြန်စွာ ပြူးပျယ်လာ၏။

စွမ်းအားကြီးသော ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်စင်တစ်ဦးကို လုမင်က ဓားတစ်ချက်တည်းဖြင့် သတ်ပစ်လိုက်သည်။ ဤခွန်အားမျိုးက ကြောက်စရာကောင်းလွန်းပေသည်။

အခြားအင်အားစုများမှ လူများလည်း တုန်လှုပ်သွားကြသည်။

"သူက ဒီလောက်ငယ်ရွယ်ပေမဲ့ သန်မာလွန်းတယ်။ သူက ဘယ်သူလဲ"

"ကြည့်ရတာ ယွမ်တောင်မြင့်မြတ်သောကျောင်းတော်ရဲ့ ပါရမီရှင်တစ်ဦးဖြစ်မယ်"

သူတို့က လုမင်ကို လျှော့မတွက်ရဲတော့ပါ။

"အတူတူလှုပ်ရှားပြီး သူ့ကိုသတ်ကြရအောင်"

ရွှေကျီးကျန်းမျိုးနွယ်မှ ကျွမ်းကျင်သူက အော်ပြောလိုက်သည်။ သူ့ထံမှ နိယာမမြစ်ကြီးတစ်စင်း ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်အင်အားမျိုးဖြင့် လုမင်ကို တိုက်ခိုက်လိုက်၏။

တစ်ချိန်တည်းမှာပင် အခြားလူအနည်းငယ်ကလည်း လုမင်ကို တိုက်ခိုက်ခဲ့သည်။

လုမင်၏ လက်ထဲမှ ဓားက ပျံထွက်သွားသည်။ ၎င်းက အလင်းတန်းတစ်ခုကဲ့သို့ လှုပ်ရှားပြီး တိုက်ခိုက်မှုအားလုံးကို ဖျက်ဆီးပစ်လိုက်၏။

"ရွှပ်"

လုမင်၏ ဓားအလင်းက အန္တိမသူတော်စင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ ဦးခေါင်းကို ဖြတ်သွားတော့သည်။

ထို့နောက် လုမင်က အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသုံးပြုပြီး လက်သီးနှစ်ဖက်စလုံးဖြင့် အဆက်မပြတ် ထိုးကြိတ်ခဲ့သည်။ ငရဲဖိနှိပ်ကျောက်စာချပ် ပုံရိပ်များက လူတိုင်းကို ဖိနှိပ်လိုက်၏။

ကျန်သော အန္တိမသူတော်စင်နှစ်ပါးက ငရဲဖိနှိပ်ကျောက်စာချပ်၏ ဖိနှိပ်မှုအောက်တွင် လုံးဝ မခုခံနိုင်ပေ။ နာကျင်စွာ အော်ဟစ်သံနှင့်အတူ သူတို့၏ ခန္ဓာကိုယ်များ ကွဲအက်သွားသည်။

ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူသာလျှင် ခုခံနိုင်ခဲ့ပေသည်။

"ဝုန်း... ဝုန်း"

ရွှေကျီးကန်းမျိုးနွယ်၏ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူက ကြောက်မက်ဖွယ်ကောင်းသော မီးတောက်များအဖြစ် ပြောင်းလဲသွားပြီး နေအစင်းအနည်းငယ် ပေါ်လာသည်။ ၎င်းတို့က ငရဲဖိနှိပ်ကျောက်စာချပ်ပုံရိပ်နှင့် တိုက်မိပြီး နှစ်ခုစလုံး ပြိုကွဲသွား၏။

သို့သော်လည်း သူ့ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါကာ ဆက်တိုက် ဆုတ်ခွာသွားရသည်။ သူ့မျက်လုံးများက ကြောက်ရွံ့တုန်လှုပ်မှုတို့ ပြည့်နေတော့သည်။

သူက ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူ ဖြစ်သည်။ သူသည် နိယာမတစ်မျိုးကို ပြီးပြည့်စုံသည့်အထိ နားလည်သဘောပေါက်ပြီး နိယာမမြစ်ကို ဖွဲ့စည်းထားနိုင်သူ ဖြစ်၏။ သူကား သိုင်းဧကရာဇ်ဖြစ်လာရန် ခြေတစ်လှမ်းသာ ဝေးတော့သည်။

သို့သော်လည်း သူက လုမင်ကို အနိုင်မယူနိုင်သည့်အပြင်၊ ဤတိုက်ခိုက်မှုမှာ သူ၏ နိယာမမြစ်က ကျိုးပေါက်သွားတော့မည်ကဲ့သို့ ယောင်ဝါးဝါး ခံစားခဲ့ရသည်။

"ဒီကောင်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သန်မာနိုင်တာလဲ"

ရွှေကျီးကန်းမျိုးနွယ်၏ ဧကရာဇ်တစ်ပိုင်းက အသက်ပြင်းပြင်းရှူကာ ရုတ်တရက် ထွက်ပြေးသွားသည်။

ဆက်လက်တိုက်ခိုက်နေလျှင် ဤနေရာတွင် သေရမည်ဟု သူခံစားရပေသည်။

"မင်းက အခုမှ ထွက်သွားချင်နေရင် ရမယ်ထင်လား။ ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း"

လုမင်၏ အေးစက်သော အသံ ထွက်ပေါ်လာသည်။ သူက လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး လေထဲကို ညွှန်ပြလိုက်၏။

တိမ်တိုက်များက လွင့်သွားပြီး ဧရာမလက်ချောင်းကြီးတစ်ချောင်းက ကောင်းကင်တွင် ဖွဲ့စည်းကာ ရွှေကျီးကန်းမျိုးနွယ်၏ ဧကရာဇ်တစ်ပိုင်းအပေါ် ဖိချလိုက်တော့သည်။

ရွှေကျီးကန်းမျိုးနွယ်၏ ဧကရာဇ်တစ်ပိုင်းက မလွတ်မြောက်နိုင်မှန်း သိသသောအခါ ဟိန်းဟောက်ပြီး သူ၏ပုံစံအစစ်အမှန်သို့ ပြောင်းလဲလိုက်သည်။ မီတာရာနှင့်ချီ ကြီးမားကျယ်ပြောသော အတောင်ပံများကို ဖြန့်ကျက်လိုက်သည်။

နိယာမမြစ်ကြီးက သူ့အားဝန်းရံထားပြီး ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းဆီသို့ သူ၏ အသန်မာဆုံးတိုက်ခိုက်မှုကို ထုတ်ဖော်လိုက်၏။

သို့သော်...

"ဝုန်း"

ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။ ရွှေကျီးကန်းမျိုးနွယ်၏ ဧကရာဇ်တစ်ပိုင်းမှာ မြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်းဖြင့် ပြုတ်ကျသွားတော့သည်။

All Chapters