အခန်း ၁၉၃၈
Vol. 130 Ch. 1938
အပိုင်း ( 1938 ) ဒူးထောက်။
ဤကာလအတွင်း ယန်စုန့်မှာ အလွန် စိတ်ဓာတ်ကျနေပြီး ဒေါသထွက်လည်းထွက်နေသည်။
ယန်စုန့်၏ တဲထဲတွင်... သူက စားပွဲကို ဝုန်းခနဲ ရိုက်ချလိုက်၏။ အားပါသော လက်ဝါးရိုက်ချက်က စားပွဲကို တစ်စစီ ကျိုးပဲ့သွားစေခဲ့သည်။
"သောက်ခွေးမ"
ယန်စုန့်က အော်ဟစ်လိုက်သည်။ သူ့မျက်နှာက အလွန်ခက်ထန်ပြီး လူသတ်ချင်စိတ်များ ပြည့်နှက်နေတော့သည်။
ဤအချိန်အတောအတွင်း ရွမ်ထျန်းကျောင်းကို ရှာဖွေရန်သွားတိုင်း တပ်သားများ၏ တားဆီးခြင်းကို ခံရသည်။ ရွမ်ထျန်းကျောင်းက စစ်တပ်ကို လေ့ကျင့်ပေးနေရသဖြင့် သူ့ကိုတွေ့ရန် အချိန်မရှိဘူးဟု ဆိုသည်။
သို့သော်လည်း ယန်စုန့်သည် ရွမ်ထျန်းကျောင်းက လုမင်နှင့် နေ့တိုင်း တွဲနေသည်ဟူသော သတင်းကို ရရှိခဲ့ပေသည်။
"သခင်လေး၊ ရွမ်ထျန်းကျောင်းက လုမင်ကို စွဲလန်းနေပုံရတယ်။ အဲဒီကောင်လေးက ရွမ်ထျန်းကျောင်းကို ဘာဆေးတွေများ တိုက်ထားသလဲ မသိဘူး"
"ဟုတ်တယ်၊ ဒါတွေအားလုံးက လုမင်ကြောင့်ပဲ။ သူ့ကို စတွေ့ကတည်းက သူက လူကောင်းမဟုတ်ဘူးဆိုတာ ကျုပ်သိတယ်။ အဲဒီကောင်ကြောင့်သာမဟုတ်ရင် ရွမ်ထျန်းကျောင်းက သခင်လေးရဲ့ ရင်ခွင်ထဲကို ရောက်နေလောက်ပြီ"
ယန်စုန့်၏ လက်အောက်ငယ်သားများကလည်း ယမ်းပုံထဲ မီးစထည့်ပေးနေသဖြင့် ယန်စုန့်မှာ ပို၍ ဒေါသထွက်လာတော့သည်။
"ဒီကောင် သေရမယ်"
ယန်စုန့်က အေးစက်စွာ ပြောလိုက်သည်။ သူက ဆက်ပြောလိုက်၏။
"အဲဒီကောင်ကို စောင့်ကြည့်ခိုင်းထားတယ် မဟုတ်လား၊ သူ အခုဘယ်မှာလဲ"
"သခင်လေး၊ သူက သူ့တဲကို ပြန်သွားပြီလို့ အခုလေးတင် သတင်းရပါတယ်"
တစ်ယောက်က ပြန်ဖြေသည်။
"ကောင်းပြီ၊ သွားကြရအောင်။ ဒီကောင်လေးကို ဆိုးဆိုးရွားရွား သေစေချင်တယ်"
ယန်စုန့်၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်တို့ ပေါ်လာခဲ့သည်။ သူက သူ၏ နောက်လိုက်များကို ဦးဆောင်ပြီး လုမင်၏တဲဆီသို့ လျှောက်သွားတော့သည်။
လုမင်၏ တဲတွင် သူက လေ့ကျင့်နေသည်။ ရုတ်တရက်၊ အပြင်ဘက်တွင် ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခုကို ကြားလိုက်ရ၏။
"လုမင်၊ ထွက်လာခဲ့စမ်း"
သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် အော်ငေါက်သံက လုမင်ကို မျက်မှောင်ကြုတ်သွားစေသည်။
ဒါက ယန်စုန့်၏ အသံဖြစ်သည်ကို သူသိသည်။
လုမင်၏ မျက်လုံးများတွင် စူးရှသော အလင်းတန်းတစ်ခု လင်းလက်လာသည်။ သူက ထရပ်ပြီး တဲထဲမှ ထွက်လာခဲ့၏။ အပြင်ဘက်တွင် ယန်စုန့်နှင့် သူ၏ လက်အောက်ငယ်သားအချို့က လုမင်အား အေးစက်စွာကြည့်နေသည်ကို မြင်လိုက်ရသည်။
နတ်နဂါးတပ်၏ စစ်သည်တချို့လည်း တုန်လှုပ်သွားပြီး စောင့်ကြည့်ရန် ဝိုင်းလာခဲ့ကြသည်။ သို့သော်လည်း ယန်စုန့်၏ အဆင့်အတန်းကြောင့် မည်သူမျှ ဝင်မပြောဝံ့ပေ။
"ဘာကိစ္စရှိလို့ ငါ့ကိုရှာနေတာလဲ"
လုမင်က လျစ်လျူရှုစွာ ကြည့်လိုက်သည်။
"ကောင်လေး၊ ငါ မင်းကို အခွင့်အရေးပေးခဲ့ပေမဲ့ မင်းက တန်ဖိုးထားရကောင်းမှန်း မသိဘူး။ ငါ့မိန်းမကို ချဉ်းကပ်ဝံ့တယ်၊ မင်း တကယ်သေချင်နေတာပဲ"
ယန်စုန့်က အေးစက်စွာ ပြောသည်။
"မင်းက ငါ့ကို အခွင့်အရေးပေးခဲ့တာလား"
လုမင်က ခေါင်းယမ်းလိုက်၏။ ထိုစဉ်က အခွင့်အရေးပေးခဲ့သူမှာ မည်သူနည်း။
"မင်းလိုခွေးက ငါ့ရှေ့မှာ ဘယ်လိုတောင် ထောင်ထောင်နဲ့ သွားလာနေဝံ့တာလဲ။ တကယ်ဆိုရင် မင်းလို ခွေးတစ်ကောင်က ငါ့ရှေ့မှာ ဒူးထောက်ပြီး ကရုဏာထားဖို့ တောင်းပန်သင့်တယ်...၊ နားလည်လား။ အခု သူ့ကို သတ်လိုက်ကြတော့"
ယန်စုန့်က အော်ဟစ်ကြိမ်းမောင်းပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဝုန်း... ဝုန်း"
သူတော်စင်တစ်ပိုင်းအဆင့် ပညာရှင်နှစ်ဦးက ရှေ့သို့တိုးလာသည်။ သူတို့က အားကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်လိုက်၏။ ထို့နောက် လုမင်ကို တိုက်ခိုက်ကြတော့မည်။
"သခင်လေးယန် ရပ်လိုက်ပါ၊ လုမင်က စစ်သူကြီးရဲ့ သူငယ်ချင်းတစ်ယောက်ပဲ။ ခင်ဗျားက လုမင်ကို ဒီလိုမျိုးဆက်ဆံမယ်ဆိုရင် စစ်သူကြီးကို ပြန်မရှင်းပြနိုင်မှာ ကြောက်ရတယ်"
ထိုအချိန်တွင် လူထွားကြီးတစ်ယောက်က ပြေးလာပြီး အော်ပြောလိုက်သည်။ သူက နတ်နဂါးတပ်၏ ဒုစစ်သူကြီးတစ်ဦးပင်။ ဤကာလအတွင်း၌ သူသည် လုမင်နှင့် အတော်လေး ရင်းနှီးလာခဲ့သည်။
"ထွက်သွား"
ယန်စုန့်က အော်ဟစ်ပြီး လူထွားကြီးကို ပါးရိုက်လိုက်သည်။ လူထွားကြီးက မရှောင်ဝံ့သောကြောင့် ရိုက်ချက်က ပြင်းထန်စွာ ကျရောက်လာ၏။
"မင်းကိုယ်မင်း ဘယ်သူလို့ထင်လို့လဲ။ ငါ ဘာပဲလုပ်လုပ် မင်း မှတ်ချက်ပေးစရာမလိုဘူး။ ဒီတစ်ခါ ထပ်ရှုပ်ဝံ့ရင် မင်းကိုလည်း သတ်မယ်"
ယန်စုန့်က လူထွားကြီးကို အေးစက်စွာ ကြည့်လိုက်လိုက်သည်။ လူထွားကြီး၏ မျက်နှာက ဖြူဖျော့သွားပေသည်။
"မကောင်းတော့ဘူး၊ ယန်စုန့်က လုမင်ကို သတ်ချင်နေတယ်။ မြန်မြန်သွားပြီး စစ်သူကြီးကို အကြောင်းကြားလိုက်တော့"
ပတ်ဝန်းကျင်တွင် လူတချို့က တီးတိုး ပြောလိုက်သည်။ ထို့နောက် တစ်စုံတစ်ယောက်က ရွမ်ထျန်းကျောင်းကို အကြောင်းကြားရန် အမြန်ထွက်ခွာသွားတော့သည်။
"ဒီလက်ဝါးအတွက် ဆယ်ဆပြန်ပေးဆပ်ရလိမ့်မယ်"
လုမင်၏ မျက်နှာက အေးစက်သွားသည်။
"ဟားဟားဟား၊ အရှက်မရှိ ကြွားလုံးထုတ်နေလိုက်တာ။ တိုက်ခိုက်ကြစမ်း"
ယန်စုန့်က လှောင်ရယ်လိုက်သည်။
"ကောင်လေး၊ အရင် ဒူးထောက်စမ်း"
သူတော်စင်တစ်ပိုင်းအဆင့် ပညာရှင်နှစ်ယောက်က လုမင်ဆီသို့ ဘေးနှစ်ဖက်မှ ပြေးဝင်သွားကြသည်။ သူတို့က လုမင်ကို ဖိနှိပ်ရန် လက်လှမ်းလိုက်၏။ သူတို့က လုမင်ကို မသတ်ခင် ယန်စုန့်၏ရှေ့မှာ ဒူးထောက်ခိုင်းချင်သည်။
"မင်းက ဒူးထောက်တာကို ဒီလောက်ကြိုက်နေမှတော့... ဒူးထောက်"
လုမင်က ငေါက်လိုက်သည်။ သူက နောက်ဆုံး စကားလုံးနှစ်လုံးတွင် ဝိညာဉ်ပုံရိပ်ယောင်ပညာရပ်ကို အသုံးပြုခဲ့၏။
ဤအခိုက်အတန့်တွင်၊ လုမင်က သူတော်စင်နှစ်ပါး၏ အမြင်မှာ နတ်ဆိုးနတ်ဘုရားအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။ သူက ဤလောကကို အုပ်စိုးပြီး သေဆုံးခြင်းနှင့် ရှင်သန်ခြင်းအပေါ် အကြွင်းမဲ့ ထိန်းချုပ်ထားပုံရ၏။ ကြောက်စရာကောင်းသော ရောင်ဝါက သူတို့နှစ်ယောက်ကို လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွားစေသည်။
သူတို့၏ ခန္ဓာကိုယ်များက တုန်ယင်လာပြီး လုမင်၏ရှေ့တွင် ဒူးထောက်လိုက်တော့သည်။
"ဒါ..."
ယန်စုန့် အံ့ဩသွားသည်။ အခြား နောက်လိုက်နှစ်ဦးလည်း အံသြသွား၏။
နတ်နဂါးတပ်မှ တပ်သားများလည်း အံ့အားသင့်သွားကြတော့သည်။
ဘာတွေဖြစ်နေသနည်း။
ယန်စုန့်၏ သူတော်စင်တစ်ပိုင်းအဆင့် ပညာရှင်နှစ်ဦးက လုမင်၏ရှေ့တွင် အဘယ်ကြောင့် ရုတ်တရက် ဒူးထောက်လိုက်ရသနည်း။
လုမင်က လှုပ်တောင် မလှုပ်ပါ။ စကားအနည်းငယ်သာပြောရပြီး ဒူးထောက်လိုက်ကြခြင်း ဖြစ်သည်။
ဤသူတော်စင်တစ်ပိုင်းနှစ်ဦးက သူတော်စင်ဖြစ်လာရန် မဝေးတော့ပေ။
လုမင်က တကယ်ပဲ သူတော်စင်တစ်ပါး ဖြစ်နေပြီလား။
လူအုပ်ကြီးက ခန့်မှန်းလိုက်ကြသည်။
"မင်းရဲ့ လက်အောက်ငယ်သားနှစ်ယောက်က သူတို့မှားမှန်းသိပြီး ချမ်းသာပေးဖို့ ဒူးထောက်နေကြပုံရတယ်။ တကယ်လို့ မင်းလည်း ဒူးထောက်မယ်ဆိုရင် မင်းရဲ့အသက်ကို ချမ်းသာပေးဖို့ ငါစဉ်းစားပေးနိုင်တယ်"
လုမင်က ယန်စုန့်ကို လျစ်လျူရှုစွာ ကြည့်လိုက်သည်။
"ခွေးတိရစ္ဆာန်၊ မင်း ဘယ်လိုပြန်တိုက်ခိုက်ဝံ့တာလဲ။ မင်းက သူလျှိုဆိုတာ သေချာတယ်။ သူ့ကိုသတ်"
ယန်စုန့်က သတိပြန်ဝင်လာပြီး ဒေါသတကြီး အော်လိုက်သည်။
"သတ်"
ယန်စုန့်၏ အနားတွင် အဘိုးအိုတစ်ယောက် ထွက်လာသည်။ သူက ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါကို ထုတ်လွှတ်လိုက်၏။
ဤအဘိုးအိုက တောက်ပသော သူတော်စင်နယ်ပယ် အဆင့်နိမ့်အဆင့် ပညာရှင် ဖြစ်သည်။ သူက မင်ယန်တိုင်းပြည်၏ ကျော်ကြားသော ထိပ်တန်း ကျွမ်းကျင်သူတစ်ဦးပင်။
အဘိုးအို၏ ရောင်ဝါက လူများစွာ၏ မျက်နှာကို သိသိသာသာ ပြောင်းလဲစေခဲ့သည်။
၎င်းက မင်ယန်တိုင်းပြည်၏ ထိပ်တန်း အကျော်အမော်တစ်ဦးပင်။ သူတော်စင်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများကို သူနှင့် မနှိုင်းယှဉ်နိုင်ပါ။
"စစ်သူကြီးက ဘာဖြစ်လို့ မရောက်လာသေးတာလဲ"
လူတစ်ချို့က လုမင်ကို စိုးရိမ်လာကြသည်။
လုမင်က မည်သည့်နည်းလမ်းကို အသုံးပြုပြီး သူတော်စင်တစ်ပိုင်းအဆင့် ပညာရှင်နှစ်ဦးကို ဒူးထောက်စေခဲ့မှန်း မသိသော်လည်း သူတော်စင်တစ်ပိုင်းအဆင့်နှင့် သူတော်စင်ကြား ကွာခြားချက်မှာ အလွန်ကြီးမားသည်။
အဘိုးအို၏ အားကောင်းသော အရှိန်အဝါက လုမင်ဆီသို့ ဖိအားပေးလာခဲ့သည်။
သို့သော်လည်း လုမင်က အဘိုးအိုကို မမြင်ရသလို မလှုပ်မယှက် ရပ်နေသေးသည်။
"လျှို့ဝှက်ဆန်းကျယ်သလို ဟန်ဆောင်းနေသေးတယ်။ ငရဲကိုသွားစမ်း"
အဘိုးအို၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်မှုတို့ ပေါ်လာခဲ့သည်။ သူ့လက်ချောင်းများက ဓားကဲ့သို့ဖြစ်ပြီး လုမင်ကို ကုပ်ချလိုက်၏။
"ဒူးထောက်"
ဤအခိုက်တွင်၊ လုမင်က ထပ်မံပြောလိုက်သည်။ သူ့အသံက မကျယ်သော်လည်း အဘိုးအို၏ နားထဲမှာတော့ မိုးကြိုးထစ်ချုန်းသကဲ့သို့ပင်။
ထိုအချိန်တွင် သူ၏ဝိညာဉ်က ကြောက်မက်ဖွယ်ကောင်းသော ဖိအားအောက်တွင် ကျရောက်သွားသည်။ သူ့ခန္ဓာကိုယ်ထဲမှ ခွန်အားကို အနည်းငယ်မျှ မထုတ်နိုင်တော့ပေ။
"ဒုတ်"
ယခင် သူတော်စင်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူနှစ်ယောက်ကဲ့သို့ပင် လုမင်၏ရှေ့မှာ ဒူးထောက်ထိုင်လိုက်သည်။
မြင်ကွင်းက ရုတ်ချည်း တိတ်ဆိတ်သွားသည်။ ဤအခိုက်တွင် အချိန်နှင့်နေရာက အေးခဲသွား၏။
လူတိုင်း အံသြသွားကြသည်။ သူတို့က လုမင်နှင့် အဘိုးအိုအား တုန်လှုပ်စွာဖြင့် တစ်လှည့်စီ ကြည့်လိုက်ကြသည်။
သူတော်စင်တစ်ပါးက လုမင်၏ရှေ့တွင် ဒူးထောက်လိုက်ချေပြီ။
မကြာသေးမီက သူသည် အရှိန်အဝါအပြည့်ဖြင့် လုမင်ကို သတ်ပစ်ချင်ခဲ့သည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာတော့ လုမင်၏ရှေ့တွင် ဒူးထောက်ထိုင်လိုက်ပြီ။
ဘာတွေဖြစ်နေလဲ။
လူများစွာက ဉာဏ်အလင်းပွင့်သွားသလို ခံစားလိုက်ရသည်။ ဒီလိုအဖြစ်မျိုး သူတို့ တစ်ခါမှ မမြင်ဖူးပေ။
သူတော်စင်အဆင့် ကျွမ်းကျင်သူတစ်ဦးကို တိုက်ခိုက်ခြင်းမပြုဘဲ ဒူးထောက်ခိုင်းခဲ့သည်။ ဒါက မည်သို့သောနည်းလမ်း ဖြစ်သနည်း။
ယန်စုန့်လည်း တုန်လှုပ်သွားသည်။ သူ့ပါးစပ်က အဟောင်းသားဖြစ်နေပြီး မျက်လုံးကလည်း အဆမတန် ပြူးကျယ်နေ၏။ စကားတစ်လုံးမျှ သူ မပြောနိုင်တော့ပေ။
"မင်းရဲ့ လက်အောက်ငယ်သားတွေက တော်တော်ဥာဏ်ကောင်းပုံရတယ်။ သူတို့အမှားတွေကို နားလည်ပြီး ဝန်ခံဖို့ ချက်ချင်း ဒူးထောက်ထိုင်ကြတယ်။ အခု မင်းကော ဘာဖြစ်လို့ ဒူးမထောက်ရမှာလဲ"
လုမင်က ယန်စုန့်ကိုကြည့်ပြီး လျစ်လျူရှုစွာ ပြောလိုက်သည်။