အခန်း ၁၉၃၉
Vol. 130 Ch. 1939
အပိုင်း ( 1939 ) စိတ်မရှိပါနဲ့၊ ငါ နှစ်ချက်ပိုသွားတယ်။
လုမင်၏ စကားသံကိုကြားမှ ယန်စုန့်သည် အိပ်မက်မှ လန့်နိုးလာသူတစ်ယောက်ပမာ တုံ့ပြန်ခဲ့သည်။
"မင်း... ခွေးကောင်၊ မင်းဘယ်လို မိစ္ဆာအတတ်ကို သုံးခဲ့တာလဲ။ မင်းကများ မင်ယန်တိုင်းပြည်ရဲ့ သူတော်စင်ကို ဒူးထောက်ခိုင်းဝံ့တယ်။ မင်းစောင့်နေပါ၊ ဒီကိစ္စက မပြီးသေးဘူး"
ထို့နောက် ယန်စုန့်က လှည့်၍ ထွက်သွားတော့မည်။
လုမင်က ထူးဆန်းလွန်းသည်။ သူသည် သူတော်စင်နယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦးကိုပင် ဒူးထောက်စေနိုင်စွမ်းရှိ၏။ သူက ကြောက်ရွံ့ထိတ်လန့်စွာဖြင့် သူ့အဖေကို သတင်းပို့ရန် မြို့တော်ကို ပြန်ပြေးချင်နေပြီ ဖြစ်သည်။ ထို့နောက်မှာတော့ လက်စားချေရန် ကျွမ်းကျင်သူများကို စေလွှတ်ရလိမ့်မည်။
"ငါ မင်းကို ထွက်သွားခွင့်ပေးလို့လား"
လုမင်၏ လျစ်လျူရှုသော အသံက ထွက်ပေါ်လာသည်။ သူက တစ်ချက်လှုပ်ပြီး ယန်စုန့်၏ရှေ့တွင် ပြန်ပေါ်လာ၏။ အေးစက်ပြီး ဓားတစ်လက်ကဲ့သို့ စူးရှသော သူ့အကြည့်က ယန်စုန့်၏ အမူအရာကို ပြောင်းလဲသွားစေသည်။ သူက တုန်လှုပ်စွာဖြင့် နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်သွားတော့သည်။
"မင်းဘာလုပ်ချင်လို့လဲ"
ယန်စုန့်က အော်လိုက်သည်။
"ဒူးထောက်ပြီး ကိုယ့်ပါးစပ်ကို ပြန်ရိုက်လိုက်"
လုမင်က လျစ်လျူရှုစွာ ပြောလိုက်သည်။
"မင်းလုပ်ရဲလား၊ ငါ့ကိုထိခြင်းရဲ့ အကျိုးဆက်ကို မင်းသိလား"
ယန်စုန့်က အော်ဟစ်လိုက်၏။
"အိုး၊ ဘာအကျိုးဆက်တွေလဲ"
လုမင်က ထီမထင်ဟန်ဖြင့် ပြောလိုက်သည်။
"မင်း သေချာနားထောင်စမ်း၊ ငါ့အဖေက တိုင်းပြည်ရဲ့ အကြီးအကဲဖြစ်ပြီး ငါ့အစ်မကလည်း ဘုရင်ရဲ့ အချစ်ဆုံးကိုယ်လုပ်တော်ဖြစ်တယ်။ မင်း ငါ့ကိုထိဝံ့ရင် မင်းကိုယ်တိုင် မြှုပ်နှံစရာ မြေမရှိဘဲ သေရမဲ့အပြင် မင်းရဲ့ မျိုးဆက်ကိုးခုအထိ သုတ်သင်ခံရလိမ့်မယ်"
ယန်စုန့်က အော်ဟစ်ပြီး လုမင်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ လုမင်က သူ့ကို အမှန်တကယ် ထိဝံ့မည်ဟု သူမယုံပေ။
သို့သော်လည်း သူပြောပြီးသည်နှင့် လုမင်က သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သည်။
ရိုက်ချက်က မယုံနိုင်လောက်အောင် မြန်ဆန်ပြီး ယန်စုန့်မှာ လုံးဝ မရှောင်နိုင်ပေ။
"ဖြန်း"
ပါးရိုက်သံက နေရာအနှံ့ ပဲ့တင်ထပ်သွားသည်။
ယန်စုန့်က လေထဲတွင် လေးငါးပတ်လည်ပြီး လွင့်စဉ်သွား၏။ ထို့နောက် သူသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားခဲ့သည်။ သူ့မျက်နှာတစ်ခြမ်းက ရောင်ရမ်းနေပြီး သူ့သွားအားလုံး ကျွတ်ကျသွားတော့သည်။
ယန်စုန့် အံ့သြသွားသည်။
အခြားသူများလည်း လန့်ဖျတ်သွား၏။
လုမင်က ယန်စုန့်ကို အမှန်တကယ် ရိုက်ဝံ့သည်။
သူက တကယ်ကို အသည်းကောင်းပေသည်။
"အား... ခွေးမသား၊ မင်းငါ့ကို ဘယ်လိုရိုက်ရဲတာလဲ။ ငါမင်းကို သေစေချင်တယ်။ မင်းကို အသက်ရှင်လျက် အရေခွံနွှာပစ်ချင်တယ်"
ယန်စုန့်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
ယခုလေးတင် သူက လုမင်ကိုသတ်ရန် အရှိန်အဝါအပြည့်ဖြင့် ရောက်လာခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင် ဘာရယ်ကြောင့်မှန်းမသိဘဲ သူ၏ လက်အောက်ငယ်သားများက လုမင်ရှေ့၌ ဒူးထောက်သွားကြ၏။ ယခုဆိုလျှင်၊ လုမင်က သူ့ကိုပင် ပါးရိုက်ဝံ့ချေပြီ။
ဒါက ကြီးစွာသော အရှက်ရခြင်း ဖြစ်သည်။ လုမင်ကို တစ်စစီလုပ်ချင်နေပြီ။
"ရိုက်လိုက်စမ်း"
လုမင်က အေးစက်စွာပြောပြီး လေထဲကို ရိုက်လိုက်သည်။ သူတော်စင်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော လက်ဝါးတစ်ဖက်က ယန်စုန့်၏ ပါးကို ဖြတ်ရိုက်လိုက်၏။
ယန်စုန့်၏ ခန္ဓာကိုယ်က လေထဲသို့ တစ်ဖန်လွင့်သွားပြန်တော့သည်။ သို့သော်လည်း လုမင်၏ ထိန်းချုပ်မှုအောက်တွင် သူက မြေပြင်ပေါ်သို့ ဒူးထောက်လျက် ပြုတ်ကျသွားခဲ့သည်။
"မင်းကို ဆယ်ဆ ပြန်ပေးဆပ်စေမယ်လို့ ငါပြောခဲ့တယ်။ ဒါကြောင့် ငါ မင်းကို ဆယ်ခါရိုက်ရမယ်"
လုမင်က အေးစက်စွာ ပြောလိုက်သည်။ သူ့လက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းပြီး ဆယ်ကြိမ်တိတိ ရိုက်ထုတ်လိုက်၏။
ဆယ်ကြိမ်ဆက်တိုက် ရိုက်နှက်ပြီးနောက် ယန်စုန့်၏ မျက်နှာက ဝက်ခေါင်းပုံအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ့မျက်နှာက မွေးသမိခင် မှတ်မမိနိုင်လောက်အောင် ရောင်ရမ်းနေခဲ့ပြီ။
"စိတ်မရှိပါနဲ့၊ မင်းကို ပါးနှစ်ချက်ပိုရိုက်လိုက်မိတယ်"
လုမင်က နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။
ယခင် ရိုက်ချက်အပြင် စုစုပေါင်း ဆယ့်နှစ်ချက်တိတိ ရိုက်နှက်ခဲ့ပေသည်။
ဖူး...
ယန်စုန့်မှာ ဒေါသထွက်လွန်းသဖြင့် သွေးများအန်ထွက်လာခဲ့သည်။
လွန်လွန်းလှချေသည်။
"ဝှစ်..."
ထိုအချိန်တွင် အလင်းတန်းတစ်ခုက အဝေးမှ ပျံသန်းလာပြီး ဆင်းသက်လိုက်သည်။ ဒါက ရွမ်ထျန်းကျောင်းပင်။
သတင်းကြားသိရသည်နှင့် တပြိုင်နက် သူ အမြန်ပြေးလာခြင်း ဖြစ်သည်။
ယန်စုန့်က လုမင်ကို အမှန်တကယ် ရန်စဝံ့သည်။ ဒါက သူတောင်းဆိုခြင်း ဖြစ်၏။ သို့သော်လည်း လုမင် အန္တရာယ်ဖြစ်မည်ကို စိုးရိမ်သောကြောင့် ပြေးလာခြင်း မဟုတ်ပါ။ လုမင်က ဒေါသထွက်ကာ ယန်စုန့်ကို သတ်ပစ်မည်အား စိုးရိမ်သောကြောင့် ဖြစ်သည်။
ယန်စုန့်က တိုင်းပြည် အကြီးအကဲ၏ သား ဖြစ်သည်။ သူ သေသွားပါက ဒုက္ခရောက်လိမ့်မည်။
"ထျန်းကျောင်း၊ မင်းရောက်လာတာက ကောင်းတယ်။ လုမင်က သူလျှိုတစ်ယောက်ပဲ။ သူက ငါတို့ မင်ယန်တိုင်းပြည်ရဲ့ ကျွမ်းကျင်သူတွေကို တိုက်ခိုက်ဝံ့တယ်။ မင်းရဲ့လူတွေကို သူ့ကို ဖမ်းခိုင်းလိုက်ပါ။ သူ့ရဲ့ ကျင့်ကြံမှုကို ဖျက်ဆီးပြီး ဖမ်းခေါ်သွားရမယ်"
ယန်စုန့်က ရွမ်ထျန်းကျောင်းကို မြင်သောအခါ ချက်ချင်း အော်ဟစ်လိုက်သည်။
ရွမ်ထျန်းကျောင်းက ခေါင်းကို အနည်းငယ်ခါယမ်းလိုက်လေသည်။ ယန်စုန့်က ယခုအချိန်ထိ ခေါင်းမာနေဆဲ ဖြစ်သည်။
"ယန်စုန့်၊ လုမင်က ကျွန်မရဲ့ ဧည့်သည်ဖြစ်ပြီး သူလျှိုမဟုတ်ဘူးလို့ ရှင့်ကို အရင်က ပြောထားပြီးသားပဲ။ နောက်ပြီး ရှင်က ဒါကို အရင်စခဲ့တာ၊ ဒီအတွက် ကိုယ်ကိုယ်ကိုယ်ပဲ အပြစ်တင်ရမယ်"
ရွမ်ထျန်းကျောင်းက ပြတ်သားစွာ ပြောလိုက်သည်။
"ဘာ... မင်းဘာပြောလိုက်တယ်။ ငါက တောင်းဆိုခဲ့တာလား။ ရွမ်ထျန်းကျောင်း၊ မင်းတို့ လူယုတ်မာတွေ... မင်းတို့စောင့်နေပါ"
ယန်စုန့်က ဒေါသပေါက်ကွဲသွားသည်။ သူက ကြိမ်းမောင်းပြောဆိုပြီးနောက် အဝေးကို ပြေးထွက်သွားတော့သည်။
"ထွက်သွား"
လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ မြေပေါ်တွင် ဒူးထောက်နေသူများလည်း သတိပြန်ဝင်လာကြသည်။ သူတို့ကလည်း ရှက်ရွံ့စွာဖြင့် ကတိုက်ကရိုက် ထွက်ပြေးသွားတော့သည်။
"လုမင်၊ ယန်စုန့်ကို မသတ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"
ရွမ်ထျန်းကျောင်းက လုမင်ကို လက်ယှက်ပြလိုက်သည်။ လုမင်က သူ့ကြောင့် ယန်စုန့်ကို မသတ်ခဲ့ကြောင်း သူမ သိပေသည်။
လုမင်က ပြုံးပြီး ပြောလိုက်သည်။
"ယန်စုန့်ကို ငါရိုက်လိုက်တာက မင်းအတွက် အနှောင့်အယှက် မဖြစ်ဘူးလား"
"မဖြစ်ပါဘူး၊ ကျွန်မက မင်ယန်တိုင်းပြည်ရဲ့ စစ်သူကြီးငါးယောက်ထဲက တစ်ယောက်ပဲ။ ယန်စုန့်က ကျွန်မကို ဘာမှမလုပ်နိုင်ဘူး"
ရွမ်ထျန်းကျောင်းက ခေါင်းယမ်းလိုက်၏။
ကိစ္စက ဤအတိုင်း ပြီးသွားသည်။ ထို့နောက် လုမင်က နေ့စဉ်လေ့ကျင့်နေချိန် ရွမ်ထျန်းကျောင်းက သူမ၏တပ်ကို ဆက်လေ့ကျင့်ပေးခဲ့ပေသည်။ ဆယ်ရက်ကျော်ကြာပြီးနောက် သူက ရွယ်ထျန်းကျောင်းနှင့်အတူ မြို့တော်သို့ သွားတော့မည် ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာ ခုနစ်ရက်ကြာသွားပြီ။
ထိုနေ့တွင် မြို့တော်မှ တစ်စုံတစ်ဦးက ဘရင့်အမိန့်ပြန်တမ်းဖြင့် ရောက်ရှိလာသည်။
ရွမ်ထျန်းကျောင်းက သူ့လူများနှင့်အတူ အမိန့်ပြန်တမ်းကို လက်ခံရယူရန် ထွက်ခဲ့၏။
အမိန့်ပြန်တမ်းကို ယူဆောင်လာသူမှာ ပိန်ပိန်ပါးပါး အဘိုးအိုတစ်ဦး ဖြစ်သည်။ သူက ရွမ်ထျန်းကျောင်းကို မြင်သောအခါ ပြုံးပြီး ပြောလိုက်လေသည်။
"ဂုဏ်ယူပါတယ် စစ်သူကြီးထျန်းကျောင်း၊ ဘုရင်မင်းမြတ်က ခင်ဗျားကို သခင်လေးယန်စုန့်နဲ့ ထိမ်းမြားလက်ထပ်ဖို့ အမိန့်ပေးခဲ့တယ်။ ရက်အနည်းငယ်ကြာတဲ့အခါ မင်္ဂလာပွဲကျင်းပလိမ့်မယ်"
"ဘာ"
ထိုစကားများက ရွမ်ထျန်းကျောင်းနှင့် သူ၏ လက်အောက်ငယ်သားများကို အံ့အားသင့်စေခဲ့သည်။
ဘုရင်မင်းမြတ်က ရွမ်ထျန်းကျောင်းကို ယန်စုန့်နှင့် ထိမ်းမြားလက်ထပ်ပေးတော့မည်။ ဒါက မည်သို့ဖြစ်နိုင်ပါမည်နည်း။
"ချောင်သခင်၊ ရှင် တစ်ခုခုမှားနေတာများလား။ ကျွန်မက စစ်သူကြီးတစ်ယောက်လေ။ ဘုရင်မင်းမြတ်က ဘာကြောင့် ဒီလောက် လွယ်လွယ်နဲ့ လက်ထပ်ခွင့် ပေးရတာလဲ"
ရွမ်ထျန်းကျောင်းက မေးလိုက်သည်။
ချောင်သခင်၏မျက်နှာက မှုန်ကုပ်သွားသည်။
"ဘုရင်မင်းမြတ်ကိုယ်တိုင်က အမိန့်ပြန်တမ်းထုတ်ပြီး တိုင်းပြည်ထဲမှာ ကြေငြာလိုက်တာ၊ ဘယ်လိုမှားယွင်းနိုင်မှာလဲ"
"ချီးပဲ၊ ဒါက ယန်စုန့်ပဲဖြစ်ရမယ်။ သူက ဘုရင်ကို ဘာပြောလိုက်သလဲမသိဘူး"
"ဖြစ်နိုင်တာကတော့ သူ့အစ်မ ကိုယ်လုပ်တော်ချင်ပဲ။ သူက ဘုရင်မင်းမြတ်ကို တိုက်တွန်းခဲ့တာ"
ရွမ်ထျန်းကျောင်း၏ လက်အောက်ငယ်သား အားလုံးက ဒေါသထွက်ခဲ့ကြသည်။
ဒါက ယန်စုန့်၏ စနက်ဖြစ်ကြေုင်း တွေးနေစရာ မလိုပေ။
ယန်စုန့်က ရွမ်ထျန်းကျောင်းကို ပိုးပန်းနေသော်လည်း ရွမ်ထျန်းကျောင်းကတော့ ယန်စုန့်ကို စိတ်မဝင်စားခဲ့ပါ။ လွန်ခဲ့သော ခုနစ်ရက်ကဆိုလျှင် လုမင်က ယန်စုန့်ကို သင်ခန်းစာတစ်ခု ပေးခဲ့သည်။ ဒါကို သူက အငြိုးထားရမည်။ ထို့ကြောင့် မြို့တော်ကို ပြန်ရောက်ပြီးနောက် ဘုရင်ကို တစ်ခုခုပြောခဲ့ခြင်း ဖြစ်မည်။ မဟုတ်လျှင်၊ ဘုရင်မင်းမြတ်က အဘယ်ကြောင့် ရုတ်တရက် လက်ထပ်ရန် အမိန့်ထုတ်ရမည်နည်း။
"စစ်သူကြီး ရွမ်ထျန်းကျောင်း၊ အမိန့်ကိုလက်ခံပြီး ကြင်နာမှုအတွက် ဘုရင်မင်းမြတ်ကို ကျေးဇူးတင်စကား မဆိုသေးဘူးလား"
အဘိုးအိုက အေးစက်စွာ ပြောလိုက်သည်။
"ချောင်သခင် ကျေးဇူးပြုပြီး ပြန်သွားပါ၊ ဒီအမိန့်ကို လက်မခံနိုင်ဘူး"
ရွမ်ထျန်းကျောင်းက မျက်နှာထား ခပ်တည်တည်ဖြင့် ပြောလိုက်သည်။
"ဘာ၊ အမိန့်ကို လက်မခံဘူးလား။ ရွမ်ထျန်းကျောင်း... ခင်ဗျားက အမိန့်ကိုဖီဆန်မှာလား"
အဘိုးအိုက အေးစက်စွာ အော်ဟစ်လိုက်သည်။
"အမိန့်ကို ဖီဆန်တော့ရော ဘာဖြစ်လဲ။ အသုံးမကျတဲ့ဘုရင်က ပိုပိုပြီးတော့ ရဲတင်းလာတယ်"
ဒုစစ်သူကြီးတစ်ဦးက အေးစက်စွာ ပြောသည်။
"မင်း ဘုရင်မင်းမြတ်ကို ဘယ်လိုတောင် စော်ကားဝံ့သလဲ၊ ဒါ ကြီးလေးတဲ့ ပြစ်မှုပဲ"
အဘိုးအိုက ထိုလူကို လက်ညှိုးထိုးပြီး အော်ဟစ်လိုက်၏။
"ကျုပ်ကတော့ ခင်ဗျား အရင်ဆုံးသေလိမ့်မယ်ထင်တယ်"
ထိုလူက လုံးဝမကြောက်ဘဲ အဘိုးအိုကို စိုက်ကြည့်ရင်း အေးစက်စက် သတ်ဖြတ်လိုစိတ်တို့ကို ထုတ်လွှတ်လိုက်သည်။
အဘိုးအိုက တုန်လှုပ်သွားသည်။ သူ့မျက်နှာက ဖြူဖျော့လာပြီး အေးစက်သော ချွေးများက တစ်ကိုယ်လုံး ထွက်လာတော့သည်။
ရွမ်ထျန်းကျောင်းက ဒေါသထွက်ပြီး သတ်လိုက်ပါက အလကားသက်သက် သူသေရဦးမည် ဖြစ်သည်။
"ချောင်သခင်၊ ကျေးဇူးပြုပြီး ပြန်သွားလိုက်ပါ။ ဒီအမိန့်ကို ကျွန်မ လက်မခံဘူး။ ကျွန်မကိုယ်တိုင် မြို့တော်ကိုပြန်ပြီး ဘုရင်မင်းမြတ်ကို တင်လျှောက်မယ်"
ရွမ်ထျန်းကျောင်းက အေးစက်စွာ ပြောလိုက်သည်။ အဘိုးအိုလည်း သုတ်ချေတင် ပြန်ပြေးသွားတော့သည်။