← Chapters

အခန်း ၁၉၄၀

Vol. 130 Ch. 1940

အခန်း ၁၉၄၀

Vol. 130 Ch. 1940

အပိုင်း ( 1940 ) အချိန်နတ်ဘုရားတောင်။

"ကျွန်မ မနက်ဖြန်ကျရင် မြို့တော်ကို ပြန်သွားတော့မယ်။ ဒီအတောအတွင်းမှာ နတ်နဂါးတပ်ကို ရှင်တို့လက်မှာပဲ အပ်ခဲ့ရမှာပဲ"

ရွမ်ထျန်းကျောင်းက ဒုစစ်သူကြီးများကို ကြည့်လိုက်သည်။

"စစ်သူကြီး၊ ဘုရင်မင်းမြတ်ကို ကျုပ်တို့ ပုန်ကန်ကြရအောင်"

ဒုစစ်သူကြီးတစ်ဦးက ပြောသည်။

"ဟုတ်တယ်၊ ဘုရင်မင်းမြတ်က အသုံးမကျဘဲ ကိုယ်လုပ်တော်ချင်ကိုပဲ စွဲလန်းနေတယ်။ တိုင်းပြည်အရေးကို ဂရုမစိုက်တော့ဘူး၊ အာဏာအားလုံးကို တော်ဝင်အကြီးအကဲကပဲ ချုပ်ကိုင်ထားတာ။ ကျုပ်တို့တွေ ဘာဖြစ်လို့ ပုန်ကန်ပြီး သူ့ကို အစားမထိုးရမှာလဲ"

"စစ်သူကြီး၊ ခင်ဗျားက စစ်နတ်ဘုရားမဖြစ်ပြီး မင်ယန်တိုင်းပြည်အတွက် အများကြီး ပံ့ပိုးပေးခဲ့တယ်။ ခင်ဗျားက သူ့နေရာကို အစားထိုးမယ်ဆိုရင် ပြည်သူတွေက သေချာပေါက် လက်ခံကြိုဆိုပေးမှာပါ"

လက်အောက်ငယ်သားအချို့က ဘုရင်ကို ပုန်ကန်ပြီး တိုင်းပြည်ကို သိမ်းယူရန် အကြံပေးလိုက်ကြသည်။

"တိတ်ကြစမ်း"

ရွမ်ထျန်းကျောင်းက အော်ငေါက်လိုက်သည်။ အားလုံးက တိတ်ဆိတ်သွား၏။

"ကျွန်မရဲ့ ရွမ်မိသားစုက မျိုးဆက်ပေါင်းများစွာ သစ္စာစောင့်သိခဲ့ကြတာ။ ကျွန်မက ဘယ်လိုလုပ်ပြီး ပုန်ကန်နိုင်မှာလဲ။ နောင်ကို ဒီကြောင်းကို ဘယ်တော့မှ ထပ်မပြောရဘူး။ မဟုတ်ရင် စစ်စည်းကမ်းနဲ့အညီ အပြစ်ပေးမယ်"

ရွမ်ထျန်းကျောင်းက အော်လိုက်သည်။ သူ့အကြည့်က လျှပ်စီးလက်နေသကဲ့သို့ စူးရှပြီး အားလုံးကို ခေါင်းငုံ့သွားစေခဲ့သည်။

"စစ်သူကြီး၊ မနက်ဖြန်ကျရင် ကျုပ် ခင်ဗျားနဲ့အတူ မြို့တော်ကို လိုက်ခဲ့မယ်။ ယန်မိသားစုက တစ်ခုခုကို ကြံစည်နေရင်လည်း ကျုပ်တို့တွေ တစ်ဦးကိုတစ်ဦး စောင့်ရှောက်လို့ရတာပေါ့"

ဒုစစ်သူကြီးတစ်ဦးက ပြောသည်။

"မလိုပါဘူး၊ ရှင်တို့ရဲ့တာဝန်က နတ်နဂါးတပ်ကို ကြီးကြပ်ဖို့ပဲ။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိတယ်"

ရွမ်ထျန်းကျောင်းက ပြောလိုက်သည်။

"မနက်ဖြန် ကျုပ် မင်းနဲ့လိုက်ခဲ့မယ်"

စကားသံကို ကြားလိုက်ရသည်။ လုမင်က လျှောက်လာတာကို မြင်လိုက်ရ၏။

ယခုလေးတင် ဖြစ်ပျက်သမျှကို လုမင် မြင်တွေ့ခဲ့ရသည်။

သူကလည်း မြို့တော်ကို သွားရောက်ရမည်ဖြစ်သောကြောင့် ရွမ်ထင်ထင်နှင့်အတူ သွားနိုင်သည်။

ရွမ်ထျန်းကျောင်းက လုမင်ကိုကြည့်ကာ ခေါင်းညိတ်လိုက်သည်။

နောက်တစ်နေ့တွင်၊ လုမင်နှင့် ရွမ်ထျန်းကျောင်းတို့က သန္ဓေပြောင်း သားရဲနှစ်ကောင်ကို စီးနင်းကာ မင်ယန်တိုင်းပြည်၏ မြို့တော်သို့ ဦးတည်သွားကြလေသည်။

ဤကျွန်းက အလွန်ကျယ်ပြောသည်။ သို့သော်လည်း သူတို့စီးနင်းသော သန္ဓေပြောင်းသားရဲများက လေအဟုန်ကဲ့သို့ လျင်မြန်မှုရှိ၏။ သုံးရက်အကြာတွင် သူတို့က မင်ယန်တိုင်းပြည်၏ မြို့တော်သို့ ရောက်ရှိခဲ့ကြသည်။

လမ်းခရီးတွင် ရွမ်ထျန်းကျောင်းက မင်ယန်တိုင်းပြည်၏ အခြေအနေကို ရှင်းပြခဲ့သည်။

မင်ယန်တိုင်းပြည်၏ လက်ရှိဘုရင်သည် ကိုယ်လုပ်တော်ချင်ကို စွဲလန်းပြီးကတည်းက တိုင်းပြည်အရေးကို လျစ်လျူရှုခဲ့သည်။ တိုင်းပြည်၏ အာဏာကို တော်ဝင်အကြီးအကဲက ထိန်းချုပ်ခဲ့ပေသည်။

တော်ဝင်အကြီးအကဲက မင်ယန်တိုင်းပြည်၏ ဘဏ္ဍာအားလုံးကို သိမ်းယူခဲ့ပြီး ပြည်သူများကို ဆင်းရဲတွင်းနက်စေခဲ့သည်။ တိုင်းပြည်၏ အင်အားကလည်း တစ်နေ့ထက်တနေ့ ဆုတ်ယုတ်ကျဆင်းလာတော့သည်။

လက်ရှိတွင်၊ တော်ဝင်အကြီးအကဲက မင်ယန်တိုင်းပြည်၏ သြဇာအရှိဆုံးပုဂ္ဂိုလ် ဖြစ်သည်။

မင်ယန်တိုင်းပြည်၏ မြို့တော်က အလွန်ကြီးမားပြီး စည်ကားသက်ဝင်သည်။ သို့သော်လည်း၊ လုမင်က ကောင်းကင်ဧကရာဇ်မြို့တော်၏ သာယာဝပြောမှုကို မြင်တွေ့ခဲ့ဖူး၏။ ကောင်းကင်ဧကရာဇ်မြို့တော်နှင့်ယှဉ်လျှင် မင်ယန်တိုင်းပြည်၏မြို့တော်က ရွာတစ်ရွာကဲ့သို့ပင်။

သူတို့နှစ်ဦးက ၎င်းတို့၏ သန္ဓေပြောင်းသားရဲများကိုစီးပြီး တော်ဝင်နန်းတော်ဆီသို့ တိုက်ရိုက်ဦးတည်သွားကြသည်။

"မင်္ဂလာပါ စစ်သူကြီးထျန်းကျောင်း"

"နတ်နဂါးတပ်ရဲ့ စစ်နတ်ဘုရားမ... မင်္ဂလာပါ"

သူတို့က မြို့တော်ထဲကို ရောက်ရှိသည်နှင့် ရွမ်ထျန်းကျောင်းကို မြင်သူတိုင်းက ဦးညွတ်ပြီး နှုတ်ဆက်လိုက်ကြသည်။

'မင်းကို ပြည်သူတွေက တော်တော်ချစ်ကြပုံရတယ်'

လုမင်က ပြုံးပြီး ရွမ်ထျန်းကျောင်းကို အသံပို့လွှတ်ကာ ပြောလိုက်သည်။

"ကျွန်မက တာဝန်ကို ကျေပွန်အောင် ထမ်းရွက်နေရုံပါ"

ရွမ်ထျန်းကျောင်းက ပြောလိုက်၏။ ထို့နောက် လူအုပ်ကို ခေါင်းညိတ်ပြကာ ရှေ့သို့ ဆက်သွားကြလေသည်။

"ဟင်း... စစ်သူကြီးထျန်းကျောင်းက ဒီလောက်ထူးချွန်ပေမဲ့ အသုံးမကျတဲ့ကောင် ယန်စုန့်ကို တကယ်လက်ထပ်ရတော့မယ်။ စိတ်မကောင်းစရာပဲ"

"ဒါပေမဲ့လည်း အခု ယန်မိသားစုက အင်အားကြီးလွန်းတာကြောင့် ဘုရင်မင်းမြတ်ကတောင် သူတို့စကားကို နားထောင်နေရတာ၊ ကျုပ်တို့က ဘာလုပ်နိုင်မှာလဲ"

"စစ်သူကြီး ထျန်းကျောင်းအတွက် တကယ်ကို စိတ်မကောင်းဘူး"

လုမင်က တိုင်းသူပြည်သားများ၏ သက်ပြင်းချသံနှင့် ဆွေးနွေးသံကို ကြားနေခဲ့ရသည်။

မကြာမီ၊ သူတို့က နန်းတော်တစ်ခုရှေ့ကို ရောက်လာကြသည်။ ဤသည်မှာ တော်ဝင်နန်းတော် ဖြစ်၏။ သို့သော်လည်း သူတို့ကို တော်ဝင်နန်းတော်အပြင်ဘက်တွင် ဟန့်တားခံခဲ့ရသည်။

"စစ်သူကြီးထျန်းကျောင်း၊ ကျုပ်တို့ကို ခွင့်လွှတ်ပါ။ ဘုရင်မင်းမြတ်က နောက်နှစ်ရက်အတွင်း ဘယ်သူ့ကိုမှ မတွေ့ဖို့ အမိန့်ပေးခဲ့တယ်"

တံခါးစောင့် စစ်သည်တစ်ယောက်က လက်ယှက်ပြပြီး ပြောလိုက်သည်။

"ကျွန်မ ပြန်လာတဲ့အကြောင်း သတင်းသွားပို့လိုက်ပါ"

ရွမ်ထျန်းကျောင်းက မျက်မှောင်ကြုတ်ကာ ပြောသည်။

"စစ်သူကြီးထျန်းကျောင်း ပြန်လာရင်လည်း သတင်းပေးစရာ မလိုဘူးလို့ ဘုရင်မင်းမြတ်က မိန့်ကြားခဲ့ပါတယ်။ သုံးရက်ကြာရင် ဘုရင်မင်းမြတ်က ခင်ဗျားကို ကြိုဆိုဖို့ ပွဲကျင်းပပေးလိမ့်မယ်။ စစ်သူကြီးက သုံးရက်ကြာမှ ပြန်လာခဲ့ပါ"

တံခါးစောင့် စစ်သည်က ပြောလိုက်၏။

ရွမ်ထျန်းကျောင်းလည်း မျက်မှောင်ကြုတ်လိုက်ပြီးနောက် ဘာမျှမပြောတော့ဘဲ လုမင်နှင့်အတူ ပြန်ထွက်လာတော့သည်။

များမကြာမီတွင် 'ရွမ်အိမ်တော်'ဟူသော စာလုံးကြီးများ ရေးထိုးထားသော အိမ်ကြီးတစ်ခုရှေ့သို့ ရောက်ရှိလာကြသည်။

ဤသည်မှာ တော်ဝင်မြို့တော်ရှိ ရွမ်ထျန်းကျောင်း၏ အိမ်တော်ပင်။

လုမင်က ရွမ်မိသားစုတွင် ခေတ္တတည်းခိုခဲ့သည်။

လုမင်အတွက် အခန်းတစ်ခန်း စီစဉ်ပြီးနောက် ရွမ်ထျန်းကျောင်းက ရွမ်မိသားစုမှ ထွက်သွား၏။ သူ ဘယ်နေရာကို သွားရောက်မှန်းတော့ မည်သူမျှမသိပေ။

နောက်တစ်ရက်တွင်၊ ရွမ်ထျန်းကျောင်းက ပြန်ရောက်လာခဲ့သည်။

"လုမင်၊ ရှင်သိချင်တဲ့ ရှေးဟောင်းအပျက်အယွင်းတွေအကြောင်း အချက်အလက်ကို ကျွန်မ ယူလာခဲ့တယ်"

ရွမ်ထျန်းကျောင်းက လုမင်ကို လာတွေ့ပြီး ကျောက်စိမ်းပြားတစ်ခုကို ပေးလိုက်သည်။

လုမင်က လက်ခံယူပြီး ဝိညာဉ်အသိဖြင့် ဖတ်ရှုလိုက်၏။ မျှော်လင့်ထားသည့်အတိုင်း၊ အဆုံးမဲ့ပင်လယ်ကမ္ဘာ၏ ရှေးဟောင်းအပျက်အယွင်းတချို့ကို မှတ်တမ်းတင်ထားကြောင့် တွေ့လိုက်ရသည်။

"ထျန်းကျောင်း၊ အဆုံးမဲ့ပင်လယ်ကမ္ဘာရဲ့ အကျော်ကြားဆုံး အပျက်အယွင်းက ဘာလဲ"

ခဏလောက်ကြည့်ပြီးနောက် လုမင်က မေးလိုက်သည်။

"အဲဒါက အချိန်နတ်ဘုရားတောင်ပဲ။ ဒဏ္ဍာရီအရ၊ အချိန်နတ်ဘုရားတောင်ဟာ မရေမတွက်နိုင်တဲ့ နှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့ပြီး အင်မော်တယ်တစ်ပါးက ချန်ရစ်ခဲ့တာတဲ့"

ရွမ်ထျန်းကျောင်းက ပြောသည်။

"အင်မော်တယ်လား"

လုမင်က ရေရွတ်လိုက်၏။

ဤကာလအတွင်း၌ သူသည် အဆုံးမဲ့ပင်လယ်ကမ္ဘာ၏ သိုင်းပညာလမ်းစဉ်နှင့် ကျင့်ကြံမှုအဆင့်များအကြောင်းကို လေ့လာထားခဲ့သည်။

အဆုံးမဲ့ပင်လယ်ကမ္ဘာရှိ နယ်ပယ်နှင့် အဆင့်တချို့က ပြင်ပကမ္ဘာနှင့် အတူတူပင်။ ၎င်းတို့မှာ သိုင်းအုပ်ချုပ်သူ၊ တောက်ပသောသူတော်စင်၊ မဟာသူတော်စင်နှင့် အန္တိမသူတော်စင်တို့ ဖြစ်ကြသည်။

သို့သော်လည်း အန္တိမသူတော်စင်နယ်ပယ်သို့ ရောက်ရှိပြီးနောက် အပြောင်းအလဲများ ရှိခဲ့သည်။

အဆုံးမဲ့ပင်လယ်ကမ္ဘာတွင် အန္တိမသူတော်စင်နယ်ပယ်၏အထက်မှ ကျင့်ကြံမှုအဆင့်ကို သူတော်စင်ဧကရာဇ်နယ်ပယ်ဟု ခေါ်သည်။

လုမင်သည် သူတော်စင်ဧကရာဇ်များက ပြင်ပကမ္ဘာရှိ ဧကရာဇ်တစ်ပိုင်းအဆင့်နှင့် တူညီသည်ဟု မှန်းဆခဲ့သည်။

မင်ယန်တိုင်းပြည်ရှိ ရှေးဟောင်းမှတ်တမ်းများနှင့် ဒဏ္ဍာရီများအရ သူတော်စင်ဧကရာဇ်များက ဤကမ္ဘာပေါ်တွင် အမြင့်ဆုံးနယ်ပယ်ပင်။

သူ့အထက်က အင်မော်တယ် ဖြစ်သည်။

အင်မော်တယ်များက အဆုံးမဲ့သက်တမ်းရှိပြီး မသေနိုင်ပေ။

သို့သော်လည်း ၎င်းက အဆုံးမဲ့ပင်လယ်ကမ္ဘာရှိ ဒဏ္ဍာရီတစ်ခုသာ ဖြစ်သည်။ ယခင်က တစ်ခါမျှ မပေါ်ထွန်းခဲ့ဖူးပါ။

လုမင်သည် အဆုံးမဲ့ပင်လယ်ကမ္ဘာရှိ အင်မော်တယ်က ပြင်ပကမ္ဘာတွင် သိုင်းဧကရာဇ်နယ်ပယ်ဖြစ်ကြောင်း မှန်းဆခဲ့သည်။

အချိန်နတ်ဘုရားတောင်ကို အင်မော်တယ်မှ ချန်ရစ်ခဲ့သည်။ ဒါက ကောင်းကင်ဧကရာဇ် ဖြစ်မည်လော။

လုမင်၏ မျက်လုံးများက တောက်ပလာခဲ့သည်။

အချိန်နတ်ဘုရားတောင်ကို သူ သွားရတော့မည်။ ထိုနေရာတွင်‌ ကောင်းကင်ဧကရာဇ်နှင့် ပတ်သက်မှုတစ်ခုခု ရှိနိုင်သည်။

"အချိန်နတ်ဘုရားတောင်ကို ဘယ်လိုသွားရမလဲ"

လုမင်က မေးလိုက်သည်။

"ကျွန်မ မသိဘူး"

ရွမ်ထျန်းကျောင်းက ခေါင်းယမ်းလိုက်၏။

"ဒဏ္ဍာရီအရ၊ အချိန်နတ်ဘုရားတောင်ဟာ အချိန်နတ်ဘုရားကျွန်းမှာ ရှိနေတယ်လို့ ဆိုထားပေမဲ့ အချိန်နတ်ဘုရားကျွန်းကို ဘယ်သူမှ မရှာတွေ့နိုင်ဘူး"

"အရင်က ဘယ်သူမှ မရှိဘူးလား"

လုမင် မျက်မှောင်ကြုတ်လိုက်သည်။

"အတိအကျတော့ မဟုတ်ပါဘူး။ သုံးနှစ်တစ်ကြိမ်ဆိုသလို အချိန်နတ်ဘုရားကျွန်းက လူတစ်စုကို လေ့ကျင့်ဖို့ အချိန်နတ်ဘုရားကျွန်းကို ခေါ်ဆောင်ရအောင် သံတမန်တွေ စေလွှတ်လေ့ရှိတယ်။ အချိန်နတ်ဘုရားကျွန်းမှာ ထူးခြားတဲ့ ကျင့်ကြံမှုအခြေအနေတွေ ရှိတယ်တဲ့။ ဒါက မြင့်မြတ်တဲ့ သိုင်းလမ်းစဥ်ကျွန်းတစ်ခုဖြစ်ပြီး အဆုံးမဲ့ပင်လယ်ကမ္ဘာရဲ့ မရေမတွက်နိုင်တဲ့ လူတွေ တောင့်တနေရတဲ့နေရာပဲ"

"နောက်ပြီးတော့ ကျွန်မတို့တွေ အချိန်နတ်ဘုရားကျွန်းကို နောက်တစ်ကြိမ် သွားကြရမဲ့အချိန်က မဝေးတော့ဘူး။ မကြာခင် ပင်လယ်တိုင်းပြည်ကိုးခုက အချိန်နတ်ဘုရားကျွန်းကို သွားရမဲ့လူတွေ ရွေးချယ်ဖို့အတွက် မဟာမိတ်ဖွဲ့လိမ့်မယ်။ ကျွန်မတို့ မင်ယန်တိုင်းပြည်လည်း ပါဝင်တယ်။ လုမင်... ရှင် အချိန်နတ်ဘုရားကျွန်းကို သွားချင်တယ်ဆိုရင် ဒါက အခွင့်အရေးပဲ"

ရွမ်ထျန်းကျောင်းက ရှင်းပြလိုက်သည်။

"တိုင်းပြည်ကိုးခု မဟာမိတ်"

လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။ အချိန်နတ်ဘုရားတောင်ကို သူသွားရမည်။

လုမင်သည် ပြင်ပကမ္ဘာမှလာသော ကျွမ်းကျင်သူများကလည်း အချိန်နတ်ဘုရားတောင်သို့ သွားဖွယ်ရှိသည်ဟု မှန်းဆခဲ့သည်။

နောက်ဆုံးတွင်၊ ၎င်းကို ကောင်းကင်ဧကရာဇ်မှ ချန်ထားခဲ့နိုင်ချေများသည်။

မျက်စိတစ်မှိတ်အတွင်း သုံးရက်ကြာသွားပြီ။

သုံးရက်အကြာတွင်၊ လုမင်နှင့် ရွမ်ထျန်းကျောင်းတို့က တော်ဝင်နန်းတော်သို့ သွားကြသည်။ ဤတစ်ကြိမ်မှာတော့ တစ်စုံတစ်ယောက်က သူတို့ကို နန်းတော်ထဲသို့ ကြိုဆိုသွားပြီး တစ်နေရာကို ရောက်လာကြလေသည်။

ဤနေရာသည် လှပသောတောင်များ၊ ကြည်လင်သောရေကန်များဖြင့် သာယာဝပြောပြီး အလွန်လှပသည်။

ယခုအချိန်တွင်၊ နှစ်ဖက်စလုံးမှာ ဧည့်ခံစားပွဲများ ပြင်ဆင်ထား၏။ လုမင်နှင့် ရွမ်ထျန်းကျောင်းတို့ ရောက်ရှိလာသောအခါတွင် လူများစွာ ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

လုမင်က သူရောက်လာသောအခါ အေးစက်သောအကြည့်တစ်ခုကို ခံစားလိုက်ရသည်။ လုမင်က ကြည့်လိုက်သောအခါ ယန်စုန့်က သူ့အား သတ်ဖြတ်လိုစိတ်တို့ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရ၏။

လုမင်က နှုတ်မ်းတွန့်ရုံ ပြုံးလိုက်သည်။ သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ယန်စုန့်ကို ဂရုမစိုက်တော့ပေ။

All Chapters