← Chapters

အခန်း ၁၉၄၂

Vol. 130 Ch. 1942

အခန်း ၁၉၄၂

Vol. 130 Ch. 1942

အပိုင်း ( 1942 ) မင်းတို့ ပြီးပြီလား။

တော်ဝင်အကြံပေးက လှောင်ပြောင်ပြောဆိုလိုက်သည်။

"မင်းက ဘုရင်မင်းမြတ်ရဲ့ အမိန့်ကို နားမထောင်ဘဲ အမိန့်ကို မနာခံဘူး။ ဒါက ပုန်ကန်တာ မဟုတ်ရင် ဘာဖြစ်မလဲ။ နောက်ပြီးတော့၊ မင်းက လော့ရွှေတိုင်းပြည်နဲ့ လျှို့ဝှက်ပူးပေါင်းပြီး မင်ယန်တိုင်းပြည်ကို ပုန်ကန်ဖို့ ကြိုးစားခဲ့တဲ့သတင်းကို ငါ ရရှိထားပြီးပြီ။ ဒီအပြစ်တွေနဲ့တင် မင်းကို ကွပ်မျက်ပစ်လို့ရနေပြီ"

"လော့ရွှေတိုင်းပြည်နဲ့ ပူးပေါင်းတာလား။ ရူးနေပြီ၊ နင့်ရဲ့ တစ်ဖက်သတ်ဇာတ်လမ်းကို ဘယ်သူကယုံမှာလဲ"

ရွမ်ထျန်းကျောင်းက အော်လိုက်သည်။

"မင်းက သက်သေ လိုချင်ရင် ငါပေးမယ်။ ထွက်လာခဲ့စမ်း"

ဘုရင်မင်းမြတ်၏ အေးစက်စက်အသံကို ကြားလိုက်ရသည်။ ထို့နောက် အသက်သုံးဆယ်အရွယ်ခန့်ရှိ လူထွားကြီးတစ်ယောက် ထွက်လာ၏။

"အရှင်မင်းမြတ်ကို နှုတ်ခွန်းဆက်ပါတယ်။ တော်ဝင်အကြံပေးကို နှုတ်ခွန်းဆက်ပါတယ်"

လူထွားကြီးက ဘုရင်နှင့် တော်ဝင်အကြံပေးကို ဦးညွှတ်ပြလိုက်သည်။

"ဝမ့်ရှင်း၊ နင်က ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေတာလဲ"

ရွမ်ထျန်းကျောင်း အံ့အားသင့်သွားသည်။ ဝမ့်ရှင်းက သူ့နောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါခဲ့သော သူ၏ ကိုယ်ရံတော်တစ်ဦး ဖြစ်၏။ သို့သော်လည်း သူသည် ဝမ့်ရှင်းကို တော်ဝင်မြို့တော်သို့ လာခွင့်မပြုခဲ့ပေ။ ဝမ့်ရှင်းက နတ်နဂါးတပ်နှင့် ရှိမနေဘဲ ဤနေရာကို မည်သို့ရောက်ရှိနေသနည်း။

ရွမ်ထျန်းကျောင်း၏ နှလုံးသားထဲတွင် ဆိုးရွားသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"ဝမ့်ရှင်း၊ မင်းသိထားသမျှကို ပြောပြစမ်း"

တော်ဝင်အကြံပေးက ပြောလိုက်သည်။

ဝမ့်ရှင်းက ခေါင်းညိတ်ပြီး ပြောလိုက်၏။

"ရွမ်ထျန်းကျောင်းက လော့ရွှေတိုင်းပြည်နဲ့ ပူးပေါင်းပြီး လျှို့ဝှက်ကြံစည်နေတာ အမှန်ပါ။ အချိန်တန်ရင် သူက တိတ်တဆိတ် ပုန်ကန်ပြီး သူ့ကိုယ်သူ တိုင်းပြည်ဘုရင်မအဖြစ် ကြေငြာလိမ့်မယ်။ ဒါပေမဲ့ ကျုပ်က မင်ယန်တိုင်းပြည်ရဲ့ ပြည်သားတစ်ဦးဖြစ်ပြီး ဘုရင်မင်းမြတ်အပေါ်မှာပဲ သစ္စာစောင့်သိတယ်။ ဒီလိုအဖြစ်မျိုးကို ဘယ်လိုလုပ်ပြီး လက်ပိုက်ကြည့်နေနိုင်မှာလဲ။ ဒါကြောင့် ဒီနေ့မှာ ရွမ်ထျန်းကျောင်းရဲ့ ဆိုးရွားမှုတွေကို ဖော်ထုတ်ရအောင် ရောက်လာခဲ့တာပါ"

ဝမ့်ရှင်း၏ အသံက နေရာအနှံ့ ပျံ့နှံ့သွားသည်။

"ဝမ့်ရှင်း၊ နင် ငါ့ကို မဟုတ်မမှန် စွပ်စွဲပြောဆိုဝံ့သလား"

ရွမ်ထျန်းကျောင်းက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။

ဝမ့်ရှင်းက တော်ဝင်အကြံပေး၏ လာဘ်ထိုးခြင်းကို ခံခဲ့ရပြီး သူ့ကို စွပ်စွဲရန် တော်ဝင်အကြံပေးနှင့် ပူးပေါင်းခဲ့သည်မှာ ထင်ရှားသည်။

သို့သော်လည်း ဝမ့်ရှင်းက သူမ၏ ကိုယ်ရံတော်တစ်ဦးပင်။ သူပြောတာကို လူတော်တော်များများက ယုံနိုင်သည်။

"ရွမ်ထျန်းကျောင်း၊ မင်းရဲ့ ပူးပေါင်းကြံစည်မှုကို ဖော်ထုတ်ပြီးပြီ။ မင်း ဘာဖြစ်လို့ အညံ့မခံသေးတာလဲ။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ မင်းက ယန်စုန့်ကို အသနားခံပြီး သူ့ကိုလက်ထပ်မယ်ဆိုရင် မင်းအသက်ကို ငါ ချမ်းသာပေးမယ်။ မင်းရဲ့ ကျင့်ကြံမှုကို ဖျက်ဆီး၊ ယန်စုန့်ကို လက်ထပ်ပြီး မင်းရဲ့ စစ်တပ်အာဏာကို လွှဲပြောင်းပေးမယ်ဆိုရင် မင်းရဲ့ပုန်ကန်မှုကို ကမ္ဘကသိအောင် ငါကြေညာမှာ မဟုတ်ဘူး။ မင်းရဲ့ အပြစ်ကင်းမှုကိုလည်း ငါကာကွယ်ပေးမယ်"

တော်ဝင်အကြံပေးက အောင်ပွဲကို သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသည့်အတိုင်း အေးစက်စွာ ပြောလိုက်သည်။

ဤကိစ္စအတွက် သူက ကြိုတင်၍ အစီအစဉ်ဆွဲထားပြီး ဖြစ်သည်။ အရာအားလုံးက ပြီးပြည့်စုံပြီး ရွမ်ထျန်းကျောင်း ချေပရန် နေရာမရှိပေ။

နောက်ဆုံးရလဒ်က တစ်ခုသာ ရှိသည်။ ၎င်းမှာ သူမ၏ ကျင့်ကြံမှုကို ဖျက်ဆီးရန်၊ သူမ၏ စစ်တပ်အာဏာကို သိမ်းယူပြီး သူ၏သားဖြစ်သူ ယန်စုန့်နှင့် လက်ထပ်ရန် ဖြစ်သည်။

ယန်စုန့်က ရွမ်ထျန်းကျောင်းနှင့် လုမင်တို့ကို အေးစက်စွာ ကြည့်လိုက်သည်။ သူ့မျက်လုံးများမှတော့ ရက်စက်မှု အရိပ်အယောင်တို့ ပေါ်လာခဲ့၏။

'လမ်းဘေးခွေးတစ်ကောင်နဲ့ ခွေးမတစ်‌ကောင်က ငါ့ကို အံတုဝံ့တယ်။ မင်းတို့ သေချင်နေကြတာပဲ'

ယန်စုန့်က ကျေနပ်စွာ ရယ်မောလိုက်သည်။

အထူးသဖြင့်၊ ရွမ်ထျန်းကျောင်း၏ ချောမောလှပသော မျက်နှာနှင့် ပြီးပြည့်စုံသော ခန္ဓာကိုယ်အချိုးအစားကို ကြည့်လိုက်သောအခါ သူ့နှလုံးသားက ပူလောင်လာသည်။ ရွမ်ထျန်းကျောင်းကို သိမ်းပိုက်ရန် သူ မစောင့်နိုင်တော့ပေ။

သို့သော်လည်း ဒါက မကြာမီဖြစ်တော့မည်ဟု သူ့ကိုယ်သူပြောနေလိုက်သည်။

"နင်... စက်ဆုပ်စရာကောင်းလိုက်တာ"

ရွမ်ထျန်းကျောင်းမှာ ဒေါသထွက်လွန်းသဖြင့် တကိုယ်လုံး တုန်ယင်နေသည်။ တော်ဝင်အကြံပေးက သူ့အား ယန်စုန့်ကို သူမကို လက်ထပ်စေချင်ရုံသာမက သူမ၏ စစ်တပ်အာဏာကိုလည်း သိမ်းယူချင်ကြောင်း နားလည်သွားခဲ့ပြီ။

ယခုအခါ အခြားသော စစ်သူကြီး လေးဦးကလည်း တော်ဝင်အကြံပေးထံ ခိုဝင်သွားခဲ့ပြီး ဖြစ်သည်။ အကယ်၍ နတ်နဂါးတပ်သာ သူ့လက်ထဲတွင် ရှိနေပါက၊ မင်ယန်တိုင်းပြည်သည် အမှန်တကယ်ပင် တော်ဝင်အကြံပေး၏ကမ္ဘာ ဖြစ်လာမည်ဖြစ်ပြီး သူ့ကိုမည်သူမျှ တားဆီးနိုင်မည် မဟုတ်တော့ပေ။

ရွမ်ထျန်းကျောင်း ဘုရင်ကို စိုက်ကြည့်လိုက်သော်လည်း ဘုရင်က သူ့ကို မကြည့်ပါ။ သူလုပ်သမျှက ကိုယ်လုပ်တော်ချင်နှင့် ရယ်မောရင်း အရက်သောက်နေတာ ဖြစ်သည်။

ရွမ်ထျန်းကျောင်း လုံးဝ စိတ်ပျက်သွားခဲ့သည်။

"နောက်ပြီးတော့ရော..."

ထိုအချိန်တွင်၊ လုမင်၏ တည်ငြိမ်သော စကားသံကို ကြားလိုက်ရသည်။

"ဘာလဲ"

တော်ဝင်အကြံပေး၊ ယန်စုန့်နှင့် အခြားသူများ အံ့အားသင့်သွားကြသည်။ လုမင်က ဘာကိုဆိုလိုမှန်း သူတို့ နားမလည်ပေ။

"မင်းတို့ စကားပြောလို့ပြီးပြီလား။ ဒါဆိုရင် အခုက ငါပြောရမဲ့အလှည့်ပဲ"

လုမင်က ပြုံးလျက် ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ကာ ပြောလိုက်သည်။

"ဒီနေ့ အဖြစ်အပျက်က ဒီလို...။ တော်ဝင်အကြံပေး၊ ယန်စုန့်နဲ့ ကိုယ်လုပ်တော်ချင်တို့က ပုန်ကန်ထကြွပြီး ဘုရင်ကို အစားထိုးဖို့ ရည်ရွယ်ချက်နဲ့ လုပ်ကြံသတ်ဖြတ်ခဲ့ကြတယ်။ အဲဒီနောက် စစ်သူကြီး ရွမ်ထျန်းကျောင်းက သူ့လူတွေနဲ့အတူ ရောက်ရှိလာပြီး သူပုန်တွေကို သတ်ပစ်ခဲ့တယ်ပေါ့။ နောက်ပိုင်း အုပ်ချုပ်သူမဲ့သွားတဲ့ တိုင်းပြည်မှာ တိုင်းသူပြည်သူတွေရဲ့ သဘောဆန္ဒအရ ရွမ်ထျန်းကျောင်းက ဘုရင်မတစ်ပါး ဖြစ်လာခဲ့တယ်"

"ဘာပြောတယ်"

တော်ဝင်အကြံပေး၊ ယန်စုန့်၊ ကိုယ်လုပ်တော်ချင်နှင့် ရွမ်ထျန်းကျောင်းအပါအဝင် လူတိုင်း အံ့ဩသွား၏။

သူတို့အားလုံး အချိန်အတော်ကြာမှ သတိပြန်ဝင်လာခဲ့သည်။

"ဟားဟားဟား၊ ဒီကောင်ကတော့ သေခါနီးလို့ သွေးရူးသွေးတန်းနဲ့ ပြောချင်ရာတွေ လျှောက်ပြောနေပြီ"

ယန်စုန့်က သူ့ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်အထိ ရယ်မောလိုက်သည်။

တော်ဝင်အကြံပေး၊ ကိုယ်လုပ်တော်ချင်နှင့် ကျန်သူများလည်း ရယ်မောလိုက်၏။ သူတို့၏ ရယ်မောခြင်းက လှောင်ပြောင်သရော်ခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။

လုမင်က သူတို့အားလုံးကို သတ်ပစ်ခဲ့ပြီး ရွမ်ထျန်းကျောင်းကို ဘုရင်မအဖြစ် တင်မြှောက်ချင်တာလား။

ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။

ဒါက လုံးဝ အဓိပ္ပာယ်မရှိပေ။

တော်ဝင်အကြံပေးနှင့် ကျန်လူများက ခေါင်းယမ်းလိုက်ကြသည်။

လုမင်က တော်ဝင်အကြံပေးနှင့် အခြားသူများ၏ သူများ၏ အပြုအမူကို သတိပြုမိပုံမရပါ။ ထိုအစား သူက ရွမ်ထျန်းကျောင်းကိုကြည့်ပြီး ပြောလိုက်သည်။

"ထျန်းကျောင်း၊ ကျုပ်ရဲ့စိတ်ကူးကို ဘယ်လိုထင်လဲ"

"အာ..."

ရွမ်ထျန်းကျောင်းက ဆွံ့အနေပြီး ချက်ချင်း ပြန်မဖြေနိုင်ပေ။

"ကျုပ်နားလည်ပါတယ်၊ ဒါကို မင်းမလုပ်နိုင်ဘူး။ ဒီလိုဆိုမှတော့ ကျုပ်လုပ်ပါရစေ"

လုမင်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ ထို့နောက် မတ်တပ်ထရပ်ပြီး ယန်စုန့်ဆီသို့ လျှောက်သွားလိုက်၏။

"ဒီကောင်က ရူးနေပြီပဲ။ သူ့ကိုသတ်ပစ်လိုက်ကြ"

ယန်စုန့်က အော်လိုက်သည်။

"ခေါင်းမကောင်းတဲ့ကောင်လေး၊‌‌ သေပေတော့"

စစ်သူကြီး တစ်ယောက်က အော်ငေါက်ပြီး ရှေ့ကို လှမ်းလိုက်သည်။ သူ့ခန္ဓာကိုယ်က ထွားကျိုင်းပြီး ကျွဲကြီးတစ်ကောင်ကဲ့သို့ လုမင်ထံ ပြေးဝင်သွား၏။ သူ၏ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါက လုမင်အပေါ် ဖိအားပေးလာတော့သည်။

သို့သော်၊ လုမင်က စစ်သူကြီး လှုပ်ရှားနေသည်ကို မမြင်ရသကဲ့သို့ ငြိမ်သက်နေသည်။ သူက တိုက်ခိုက်မှုကို လျစ်လျူရှုထား၏။

"သတိထား"

ရွမ်ထျန်းကျောင်းက အော်လိုက်သည်။ သို့သော်၊ သူ ကူညီရန် များစွာ နောက်ကျသွားခဲ့ပြီ။

"ခွေးကောင်၊ ငရဲကိုသွားစမ်း"

ယန်စုန့်က အော်ဟစ်လိုက်သည်။ သူ့မျက်လုံးများမှာတော့ ခက်ထန်မှုတို့ ပြည့်နှက်နေ၏။ မိန်းမတစ်ယောက်အတွက် သူနဲ့တိုက်ခိုက်ဖို့ ကြိုးစားနေတာလား။ သေချင်နေတာပဲဖြစ်မယ်။

ထိုအချိန်တွင် လုမင်က စစ်သူကြီးကို တစ်ချက်ကြည့်လိုက်သည်။ အနက်ရောင်အလင်းတန်းနှစ်ခုက သူ့မျက်လုံးများမှ ပြေးထွက်သွား၏။

ထို့နောက်တွင်တော့ စစ်သူကြီး၏ ခန္ဓာကိုယ်က တုန်ယင်သွားကာ‌ မြေပြင်ပေါ်သို့ လဲကျသွားသည်ကို လူတိုင်းတွေ့လိုက်ရသည်။ သူ အသက်လည်းမရှူတော့ပေ။

သေပြီ။

စစ်သူကြီးက ရုတ်ချည်းဆိုသလို လဲကျသေဆုံးသွားခဲ့သည်။ စစ်သူကြီးက မည်သို့မည်ပုံ သေဆုံးသွားတာကို ဘယ်သူမှမမြင်ခဲ့သလို လုမင် တိုက်ခိုက်တာကိုလည်း မည်သူမှ မမြင်ခဲ့ကြပါ။

မြင်ကွင်းက ရုတ်တရက် ငြိမ်သက်သွားသည်။

တော်ဝင်အကြံပေး၏ မျက်လုံးများမှာလည်း အနည်းငယ် ကျဉ်းမြောင်းသွား၏။ သူ့မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာတော့သည်။

"စစ်သူကြီးကို ဘယ်လိုတောင် သတ်ဝံ့တာလဲ။ ဒါက တိုင်းပြည်ကို ပုန်ကန်မှုပဲ။ အတူတူတိုက်ခိုက်ပြီး ဒီလူကို သတ်လိုက်ကြ"

ကိုယ်လုပ်တော်ချင်က အော်လိုက်သည်။

"ဝုန်း... ဝုန်း... ဝုန်း"

အခြား စစ်သူကြီး သုံးဦးက တစ်ချိန်တည်းတွင် တိုက်ခိုက်ခဲ့ကြသည်။ သူတို့ သုံးယောက်စလုံးက တောက်ပသော သူတော်စင်နယ်ပယ်တွင် ရှိနေကြ၏။ သူတို့က အတူတူ တိုက်ခိုက်ကြသည့်အခါ အရှိန်အဟုန်က ကြောက်စရာကောင်းလွန်းသည်။ သူတို့က လုမင်ကို ချက်ချင်း သတ်လိုကြပေသည်။

"သေ"

လုမင်က စစ်သူကြီးသုံးဦးကို တစ်ချက်ပင် မကြည့်ပါ။ သူက ယန်စုန့်ကို စိုက်ကြည့်နေရင်းမှ စကားတစ်ခွန်း ပြောလိုက်သည်။

နတ်ဘုရားဓားကျင့်စဉ်၏ ဓားများက သူ့အသံနှင့်အတူ ထွက်ပေါ်လာပြီး စစ်သူကြီး သုံးဦး၏ ခန္ဓာကိုယ်ထဲသို့ ပြေးဝင်လာ၏။

စစ်သူကြီး သုံးဦးလည်း ယခင်စစ်သူကြီးကဲ့သို့ သူတို့၏ ခန္ဓာကိုယ်များက အနည်းငယ် တုန်ခါသွားကာ ပစ်လဲကျသွားတော့သည်။ သူတို့၏ ဝိညာဉ်များကို လုမင်က ဖျက်ဆီးပစ်လိုက်သည်။ သူတို့၏ ခန္ဓာကိုယ်များက မြေပြင်ပေါ်သို့ လဲကျသွားပြီး အသက်မရှူကြတော့ပါ။

သေပြီ၊ သေသွားကြပြန်ပြီ။

မင်ယန်တိုင်းပြည်၏ ထိပ်တန်း ကျွမ်းကျင်သူ စစ်သူကြီးလေးဦးက တခဏချင်းပင် သေဆုံးသွားခဲ့သည်။ ထို့ပြင် သူတို့ မည်သို့မည်ပုံ သေသွားကြမှန်း သိရှိလိုက်သူ မရှိပါ။

နေရာတွင် အပ်ကျသံကြားအောင် တိတ်ဆိတ်သွားခဲ့သည်။

လုမင်ထံမှ 'သေ' ဟူသော စကားကိုသာ ကြားလိုက်ရပြီး စစ်သူကြီး သုံးဦး သေဆုံးသွားခဲ့သည်။

ဒါက ကြောက်စရာကောင်းလွန်း၏။ ၎င်းက မည်သို့သောစွမ်းရည်မျိုး ဖြစ်သနည်း။

လုမင်က‌ မရဏမင်းကဲ့သို့ပင်။ သူ အလိုရှိသူက ချက်ချင်း သေရသည်။

ယန်စုန့်၏ မျက်နှာအမူအရာက ပြောင်းလဲသွားပြီး စက္ကူကဲ့သို့ ဖျော့တော့သွားသည်။ သူ့မျက်လုံးများမှာလည်း ကြောက်ရွံ့မှုတို့ ပြည့်သွား၏။

တော်ဝင်အကြံပေးနှင့် ကိုယ်လုပ်တော်ချင်တို့၏ မျက်နှာများသည်လည်း အမူအရာပြောင်းလဲသွားပြီး အလွန်လေးနက်လာတော့သည်။

လွန်စွာ ကြောက်မက်ဖွယ်ကောင်းပြီး စွမ်းအားကြီးသော ပြိုင်ဘက်ကို ကြုံတွေ့ရပြီဖြစ်ကြောင်း သူတို့သိလိုက်သည်။

All Chapters