← Chapters

အခန်း ၁၉၄၄

Vol. 130 Ch. 1944

အခန်း ၁၉၄၄

Vol. 130 Ch. 1944

အပိုင်း ( 1944 ) ဘုရင်မ။

ဘုရင်ကိုသတ်လိုက်ပြီးနောက် လုမင်က ကိုယ်လုပ်တော်ချင်ကို ကြည့်လိုက်သည်။

လုမင်ကိုကြည့်ရင်း ကိုယ်လုပ်တော်ချင်၏ မျက်လုံးများက ကြောက်ရွံ့မှုတို့ ပြည့်လာသည်။ နောက်အခိုက်တွင်၊ သူက ရုတ်တရက် ပြုံးပြီး ပြောလိုက်၏။

"သခင်လေး... ရှင်က ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုကျင့်ကြံမှုမျိုးရှိတာ ကျွန်မ တကယ်ပဲ လေးစားမိပါတယ်"

"ဪ"

လုမင်က ရိုးရိုးလေးသာ တုံ့ပြန်သည်။

"ယန်ခွေ့နဲ့ သူ့သားက သစ္စာဖောက်ပြီး ဘုရင်ကို သတ်ခဲ့ကြတယ်။ ‌ကံကောင်းထောက်မလို့ ရှင်ရောက်လာပြီး ဘုရင်အတွက် လက်စားချေဖို့ သူတို့ကို သတ်နိုင်ခဲ့တယ်လေ။ သခင်လေးရဲ့ ခွန်အားနဲ့ဆိုရင် မင်ယန်တိုင်းပြည်ကို ကောင်းကောင်း ဦးဆောင်နိုင်မှာပါ။ သခင်လေးက နန်းတက်မယ်ဆိုရင် ကျွန်မက စိတ်ရောကိုယ်ပါ အမှုဆောင်ဖို့ ကူညီပေးချင်ပါတယ်"

ကိုယ်လုပ်တော်ချင်က သာယာနာပျော်ဖွယ် အသံမျိုးဖြင့် ပြောလိုက်သည်။ သူမ၏ အချိုးအစားကျသော ခန္ဓာကိုယ်ကို ပိုထင်ရှားစေရန် ယိမ်းနွဲ့ရင်း လုမင်အနီးသို့ ချဉ်းကပ်လာ၏။ သူမ၏ ပျော့ပျောင်းသော လက်နှစ်ဖက်က လုမင်ကို ပွေ့ဖက်တော့မည်။ တစ်ချိန်တည်းမှာပင် သူက လုမင်၏ မျက်လုံးများကို ထူးဆန်းသော အရိပ်အယောင်တို့ဖြင့် စိုက်ကြည့်လိုက်သည်။

"ငါ့ကို သွေးဆောင်ဖို့ ကြိုးစားနေတာလား။ မင်းက ကိုယ့်ကိုကိုယ် အထင်ကြီးနေတာပဲ"

လုမင်က အေးစက်စွာ ပြောလိုက်သည်။ နောက်ဆုံးစကားကို ပြောလိုက်ချိန်တွင် လုမင်၏မျက်လုံးများက ကြယ်ကလေးများကဲ့သို့ တောက်ပသွား၏။

ကိုယ်လုပ်တော်ချင်က နာကျင်စွာ‌ အော်ဟစ်ရင်း လွင့်စဉ်သွားတော့သည်။ သူ့ပါးစပ်ထဲမှ သွေးများအန်ထွက်လာပြီး မျက်နှာမှာလည်း သွေးဆုတ်ဖြူရော်သွားခဲ့သည်။

သူမ၏ ကျင့်ကြံမှုအခြေခံက ပျက်စီးသွားခဲ့ပြီ။

လုမင်က နှုတ်ခမ်းကိုမဲ့ပြီး ပြုံးလိုက်သည်။ ဤအမျိုးသမီးက သူ့ကို သွေးဆောင်ရန် အမှန်တကယ် ကြိုးစားဝံ့၏။ လုမင်က အနည်းငယ်မျှသာ တုံ့ပြန်ခဲ့ပြီး တန်ပြန်အင်အားက သူမ၏ ကျင့်ကြံမှုအခြေခံကို ဖျက်ဆီးပစ်ခဲ့သည်။

လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ တော်ဝင်အကြံပေး၏ အထက်တွင် ရပ်လိုက်သည်။ သူက တော်ဝင်အကြံပေးကို ငုံ့ကြည့်ပြီး ပြောလိုက်၏။

"မင်းရဲ့ အစီအမံက မဆိုးပါဘူး၊ ဒါပေမဲ့ ကံမကောင်းချင်တော့ မင်းရဲ့ခွန်အားက အားနည်းလွန်းတယ်"

"မိုးကောင်းကင်က ငါ့ကို တကယ်ပဲ မကူညီတော့တာလား"

တော်ဝင်အကြံပေးက အော်ဟစ်လိုက်သည်။ သူ့အသံက အက်ကွဲနေပြီး သူ့မျက်လုံးများမှာလည်း စိတ်ပျက်အားငယ်မှုတို့ ပြည့်နေတော့သည်။

ဤထောင်ချောက်ကို ပြင်ဆင်ရန် သူ အစွမ်းကုန် ကြိုးစားခဲ့ရသည်။ ၎င်းက ပြီးပြည့်စုံသည်ဟု ယူဆရပြီး ရွမ်ထျန်းကျောင်းအတွက် ကစားပွဲကို ပြောင်းပြန်လှန်ရန် အခွင့်အရေး မရှိပေ။

အနာဂတ်တွင်၊ မင်ယန်တိုင်းပြည်က သူ့လက်ထဲသို့ ကျိန်းသေပေါက် ကျရောက်လာမည် ဖြစ်သည်။

လုမင်က လမ်းတစ်ဝက်တွင် ပေါ်လာပြီး သူ၏ အစီအစဉ်အားလုံးကို အကြွင်းမဲ့အင်အားဖြင့် ဖျက်ဆီးလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

အကြွင်းမဲ့အင်အား၏ ရှေ့တွင် အစီအစဥ်အားလုံးက ရယ်စရာ ဖြစ်ခဲ့သည်။

လုမင်က အစီအစဉ်တလျှောက်လုံးတွင် စကားတစ်ခွန်းမှ မပြောဘဲ အဘယ်ကြောင့် အေးအေးဆေးဆေး အရက်သောက်နေရသည်ကို သူ နားလည်သွားခဲ့ပြီ။

သူက လူရွှင်တော်များကို ကြည့်နေသကဲ့သို့ သူတို့ကို ကြည့်နေခြင်း ဖြစ်သည်။

လုမင်က သူတို့ကို ပျော်ခွင့်ပေးထားခဲ့သည်။ အခြေအနေက တည်ငြိမ်သွားသည်ဟု သူတို့ထင်သောအခါမှ၊ လုမင်က သူတို့၏ အကြံအစည်၊ ကြိုးစားအားထုတ်မှုနှင့် အစီအစဉ်များအားလုံးကို အလွယ်တကူ ဖျက်ဆီးပစ်လိမ့်မည်။

မိုးကောင်းကင်က သူ့ကို မကူညီသည့်အတွက် ကံကြမ္မာကိုသာ အပြစ်တင်နိုင်သည်။ လုမင်ကဲ့သို့ အကျော်အမော်တစ်ဦးက အဘယ်ကြောင့် ရုတ်တရက် ပေါ်လာရသနည်း။

"မင်း ဘယ်သူလဲ၊ တိုင်းပြည်ကိုးခုမှာ မင်းလိုလူမျိုး မရှိဘူး"

တော်ဝင်အကြံပေးက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မင်းမှာ ငါဘယ်သူလဲဆိုတာ သိပိုင်ခွင့်မရှိဘူး"

လုမင်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်၏။

ထို့နောက် လုမင်က ရွမ်ထျန်းကျောင်းကိုကြည့်ကာ ပြောလိုက်သည်။

"ထျန်းကျောင်း၊ ဒါကို ဘယ်လိုဖြေရှင်းချင်သလဲ"

ထိုအခါမှ ရွမ်ထျန်းကျောင်းမှာ အိပ်မက်မှ နိုးထလာပုံရသည်။ လုမင်မှ ပေးအပ်ခဲ့သော တုန်လှုပ်မှုက ပြင်းထန်လွန်းပေသည်။

လုမင်၏ရှေ့တွင် မည်သည့်အင်အားမဆို အသုံးမဝင်ပေ။ သူ့လက်ကို မှောက်လှန်လိုက်သလို အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည်။ သူမ တကယ်ကို တုန်လှုပ်ခဲ့ရပေသည်။

"သတ်... သူတို့အားလုံးကို သတ်ရမယ်"

ရွမ်ထျန်းကျောင်းက အေးစက်စွာ ပြောလိုက်သည်။ အခြေအနေက ဤအဆင့်ထိ ရောက်လာပြီမို့ နောက်ကြောင်းပြန်လှည့်စရာ မရှိတော့ပေ။

ဆုံးဖြတ်ချက်ချပြီးနောက်၊ ရွမ်ထျန်းကျောင်းက‌ သွေးပင်လယ်ထဲမှ စစ်သူကြီးအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။ သူက ရှေ့ကို လျှောက်လာခဲ့၏။ ဓားအလင်းများ လက်ဖြာသွားပြီး တော်ဝင်အကြံပေး၊ ယန်စုန့်၊ ကိုယ်လုပ်တော်ချင်နှင့် အခြား တော်ဝင်မိသားစုဝင်တချို့ကို သတ်ပစ်လိုက်တော့သည်။

ထို့နောက်တွင်၊ ရွမ်ထျန်းကျောင်းက သေမင်းနတ်ဘုရားတစ်ပါးကဲ့သို့ ပြောင်းလဲသွားပြီး တော်ဝင်နန်းတော်၏ နက်နဲရာသို့ ဝင်ရောက်သွားသည်။ သူက တော်ဝင်မိသားစုမှ ထိပ်တန်းပညာရှင်အားလုံးကို သတ်ဖြတ်ခဲ့၏။

အဖြစ်အပျက်များက ဤအထိ ရောက်လာပြီမို့ ရွမ်ထျန်းကျောင်းသည် နောက်ကြောင်းပြန်လှည့်စရာမရှိကြောင်း သိလိုက်သည်။

ထို့နောက် ရွမ်ထျန်းကျောင်းက လော့ရွှေတိုင်းပြည်မှ ဓားသူတော်စင်၏ အလောင်းကိုဆွဲယူကာ တော်ဝင်မြို့တော်၏ မျှော်စင်အထက်တွင် ရပ်လိုက်သည်။ သူက ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့၏။

တော်ဝင်အကြံပေးက ပုန်ကန်ပြီး ထီးနန်းကိုလုယူရန် ကိုယ်လုပ်တော်ချင်၊ စစ်သူကြီးလေးဦးနှင့် ပူးပေါင်းကာ ဘုရင်နှင့် တော်ဝင်မိသားစု၏ အဓိကအဖွဲ့ဝင်များကို သတ်ခဲ့သည်။

နောက်ပိုင်းတွင် ရွမ်ထျန်းကျောင်းက ရောက်ရှိလာပြီး တော်ဝင်အကြံပေးနှင့် ပုန်ကန်သူများကို သတ်ဖြတ်ခဲ့သည်။ ကံမကောင်းစွာဖြင့်၊ အလွန်နောက်ကျသွားပြီ။

ဤသတင်း ထွက်လာချိန်တွင် တိုင်းပြည်တစ်ခုလုံး တုန်လှုပ်သွားခဲ့ရသည်။

ရက်အနည်းငယ်ကြာပြီးနောက်၊ နတ်နဂါးတပ်က မြို့တော်သို့ ရောက်ရှိလာပြီး တိုင်းပြည်ကို သိမ်းပိုက်ခဲ့သည်။

သို့ရာတွင်၊ အခြားသော စစ်သူကြီးလေးဦး၏ တပ်များကလည်း ၎င်းက ရွမ်ထျန်းကျောင်း၏ အစီအစဥ်ဖြစ်ကြောင်း ကမ္ဘာကို ကြေညာခဲ့ပေသည်။ ရွမ်ထျန်းကျောင်းက ထီးနန်းကို လုယူရန်အတွက် တော်ဝင်အကြံပေးနှင့် ဘုရင်ကို သတ်ပစ်ခဲ့သည်။ ထို့ကြောင့် သူတို့က ဘုရင်အတွက် လက်စားချေရန် ရည်ရွယ်ချက်ဖြင့် နတ်နဂါးတပ်ကို တိုက်ခိုက်ခဲ့၏။

သို့သော် တပ်လေးခုက စစ်သူကြီးများကဲ့သို့ ကျွမ်းကျင်သူများကို ဆုံးရှုံးခဲ့ရပြီး ၎င်းတို့၏ စည်းလုံးညီညွတ်မှုမှာ အလွန်အားနည်းသွားခဲ့သည်။

ထို့ပြင်၊ နတ်နဂါးတပ်က အစစ်အမှန်နဂါးတိုက်ပွဲဝင်အစီရင်ကို လေ့ကျင့်ထားကာ အလွန်အစွမ်းထက်သည်။ သူတို့က တပ်လေးခုကို အလွယ်တကူ အနိုင်ယူပြီး ချေမှုန်းနိုင်ခဲ့ပေသည်။ ယခုအခါတွင်၊ မင်ယန်တိုင်းပြည်က ရွမ်ထျန်းကျောင်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။

ရက်အနည်းငယ်ကြာသောအခါ... တိုင်းပြည်တစ်ခုတွင် အုပ်ချုပ်သူမရှိဘဲ မရပ်တည်နိုင်သောကြောင့် နတ်နဂါးတပ်မှ ရွမ်ထျန်းကျောင်းကို နန်းတက်ရန် တောင်းဆိုခဲ့သည်။ သို့သော်လည်း ရွမ်ထျန်းကျောင်းက ၎င်းတို့ကို ငြင်းပယ်ခဲ့သည်။

နောက်ထပ် ရက်အနည်းငယ်အကြာတွင် ဒုစစ်သူကြီးများက ထပ်မံတောင်းဆိုသော်လည်း ရွမ်ထျန်းကျောင်းက ဆက်လက်ငြင်းဆိုခဲ့၏။

တတိယအကြိမ်တွင် ဒုစစ်သူကြီးများသာမက၊ သာမန်ပြည်သူလူထုများသည်ပင် ရွမ်ထျန်းကျောင်းကို နန်းတက်ပြီး မင်ယန်တိုင်းပြည်ကို အုပ်ချုပ်ရန် တောင်းဆိုလာကြတော့သည်။

ယခင်က မင်ယန်တိုင်းပြည်တွင်း၌ တော်ဝင်အကြံပေး ဩဇာကြီးမားခဲ့ချိန်တွင်... တစ်တိုင်းပြည်လုံး ဒုက္ခရောက်ခဲ့သည်။ ယခုတော့ တော်ဝင်အကြံပေးက သေဆုံးသွားပြီမို့ လူတိုင်း ဝမ်းသာခဲ့ကြပေသည်။

တစ်ဖက်မှာတော့၊ ရွမ်ထျန်းကျောင်းကို တိုင်းပြည်၏ စစ်နတ်ဘုရားမဟု လူသိများသည်။ တိုင်းသူပြည်သားများ၏ အချစ်တော် ဖြစ်၏။ သဘာဝအတိုင်း၊ ရွမ်ထျန်းကျောင်းကို မင်ယန်တိုင်းပြည်ကိုအုပ်ချုပ်ရန် မျှော်လင့်ခဲ့ကြသည်။

ထိုမှသာ ရွမ်ထျန်းကျောင်းက ထီးနန်းကို ဆက်ခံရန် သဘောတူပြီး ဘုရင်မတစ်ပါး ဖြစ်လာခဲ့ပေသည်။

နန်းတက်ပွဲအတွက် ပြင်ဆင်နေကြစဉ် မင်ယန်တိုင်းပြည်တစ်ခုလုံးက လူသူလှုပ်ရှားမှုများဖြင့် စည်ကားသက်ဝင်နေခဲ့သည်။

လုမင်ကတော့ သဘာဝအတိုင်း ဤကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။ သူသည် လမ်းသွားလမ်းလာတစ်ဦးသာဖြစ်ပြီး မင်ယန်တိုင်းပြည်မှ မကြာမီ ထွက်ခွာသွားတော့မည် ဖြစ်သည်။ ယခုအခါ၊ သူက အချိန်နတ်ဘုရားတောင်ကို စူးစမ်းရန် အချိန်နတ်ဘုရားကျွန်းသို့ မသွားရောက်မီ တိုင်းပြည်ကိုးခု မဟာမိတ်ကို စောင့်ဆိုင်းရန်သာ လိုအပ်သည်။

ဤကာလတွင်း၌ သူသည် တိတ်တဆိတ် လေ့ကျင့်နေခဲ့လေသည်။

သို့သော်လည်း များမကြာမီ သတင်းတစ်ခု ထွက်ပေါ်လာသည်။

လော့ရွှေတိုင်းပြည်က ကြီးမားသော စစ်အင်အားကို စုစည်းပြီး မင်ယန်တိုင်းပြည်ကို တိုက်ခိုက်ရန် စစ်သင်္ဘောများကို စေလွှတ်ခဲ့၏။

ထိုသတင်းထွက်ပေါ်လာသောအခါ မင်ယန်တိုင်းပြည်တစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။ လော့ရွှေတိုင်းပြည်၏ အင်အားက မင်ယန်တိုင်းပြည်ထက် အမြဲတမ်းသာလွန်သည်။ သူတို့က မင်ယန်တိုင်းပြည်ကို သိမ်းပိုက်လိုသောကြောင့် လွန်ခဲ့သည့် နှစ်အနည်းငယ်ကတည်းက နှစ်နိုင်ငံ စစ်ဖြစ်ခဲ့ဖူးပေသည်။

ဤသတင်းထွက်လာသောအခါ၊ ရွမ်ထျန်းကျောင်းက လော့ရွှေတိုင်းပြည်ကို တိုက်ခိုက်ရန်အတွက် တပ်မဟာကို စုစည်းရန် အမိန့်ထုတ်ခဲ့သည်။

လုမင်လည်း တပ်မဟာနှင့်အတူ လိုက်ပါခဲ့၏။

မင်ယန်တိုင်းပြည်၏ မြောက်ပိုင်းသို့ ရောက်ရှိသောအခါ ကြီးမားသော စစ်သင်္ဘောတချို့က ၎င်းတို့ဆီသို့ ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။ စစ်သင်္ဘောများ၏ ရှေ့ဘက်မှာတော့ ထူးဆန်းသော သားရဲမျိုးစုံကို စီးနင်းလိုက်ပါလာသည့် စစ်တပ်ကြီးတစ်ခု ရှိသည်။ တစ်ချက်ကြည့်ရုံဖြင့် တစ်ဖက်အင်အားက မည်မျှကြောက်စရာကောင်းသည်ကို သိနိုင်ပေသည်။

"လော့ရွှေတိုင်းပြည်နဲ့ မင်ယန်တိုင်းပြည်ဟာ အမြဲတမ်း ဆက်ဆံရေးကောင်းမွန်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ သစ္စာဖောက်တွေက တိုင်းပြည်ကို သိမ်းပိုက်ခဲ့ကြပြီ။ ဒါက လက်ခံနိုင်စရာမရှိဘူး။ အဲဒီအတွက် ဒီနေ့မှာ လော့ရွှေတိုင်းပြည်က မင်ယန်တိုင်းပြည်ရဲ့ ရှင်ဘုရင်အတွက် လက်စား‌ချေဖို့ ရောက်ရှိလာခဲ့တာပဲ"

လော့ရွှေတိုင်းပြည်၏ တပ်မဟာထံမှ အသံထွက်လာသည်။

"အရှက်မရှိချက်က ကမ်းကုန်ပဲ"

ရွမ်ထျန်းကျောင်းက ခေါင်းယမ်းလိုက်သည်။

လော့ရွှေတိုင်းပြည်နှင့် မင်ယန်တိုင်းပြည်က အချိန်အတော်ကြာ စစ်ဖြစ်နေခဲ့သည်။ လော့ရွှေတိုင်းပြည်က မင်ယန်တိုင်းပြည်ကို ကျူးကျော်ရန်အတွက် အမြဲကြိုးစားနေခဲ့၏။ ယခုတော့၊ လော့ရွှေတိုင်းပြည်၏ ပါးစပ်တွင် နှစ်နိုင်ငံကြား ဆက်ဆံရေး ကောင်းမွန်လာခဲ့သည်။

"နင်တို့ ငါ့တိုင်းပြည်ကို ကျူးကျော်ဖို့ အကြောင်းပြချက်ရှာချင်ရင်လည်း ပိုကောင်းတဲ့ အကြောင်းပြချက်ကို ရှာသင့်တယ်။ ဒီအကြောင်းပြချက်မျိုးက တကယ်ရယ်စရာကောင်းတယ်"

ရွမ်ထျန်းကျောင်းက အော်ပြောလိုက်သည်။

"သစ္စာဖောက်မ၊ မင်းကများ ကျိုးကြောင်းဆီလျော်မှုကို ပြောဝံ့သေးတယ်။ ဒီနေ့တော့ မင်း သေနေ့စေ့ပြီသာမှတ်။ တိုက်ခိုက်ကြ‌"

လော့ရွှေတိုင်းပြည်၏ စစ်သူကြီးက ကြိမ်းမောင်းပြီး အမိန့်ပေးလိုက်သည်။ တပ်မဟာက တိုက်ပွဲအစီရင်ကို ဖွဲ့စည်းပြီး မင်ယန်တိုင်းပြည်မှ တပ်များကို စတင်တိုက်ခိုက်လိုက်၏။

"အစီရင်တည်ထောင်ပြီး ရန်သူတွေကို သတ်ကြ"

ရွမ်ထျန်းကျောင်းကလည်း အမိန့်ပေးလိုက်သည်။ နတ်နဂါးတပ်က အစီရင်ကို တည်ဆောက်လိုက်သောအခါ အစစ်အမှန်နဂါးကြီးတစ်ကောင်က ပေါ်လာပြီး ကောင်းကင်ဆီသို့မော့ကာ ဟိန်းဟောက်လိုက်တော့သည်။

"ဒီလို အစီရင်ကြီးမျိုး..."

လော့ရွှေတိုင်းပြည်၏ စစ်သူကြီးက အံ့သြသွားခဲ့သည်။

"ဝုန်း"

ထိုအချိန်တွင်၊ နှစ်နိုင်ငံတပ်များက ပြင်းထန်စွာ တိုက်မိခဲ့ကြသည်။

နတ်နဂါးတပ်က လူအင်အား နည်းပါးသည်။ သို့ရာတွင်၊ အစစ်အမှန်နဂါး တိုက်ပွဲဝင်အစီရင်က အလွန်အားကောင်း၏။ အစစ်အမှန်နဂါးကြီးက ဟိန်းဟောက်ပြီး လက်သည်းဖြင့် ကုပ်ခြစ်လိုက်သောအခါ တစ်ဖက်ရန်သူများ၏ တိုက်ပွဲအစီရင်မှာ ချက်ချင်း ဆုပ်ဖြဲခံလိုက်ရတော့သည်။

All Chapters