← Chapters

အခန်း ၁၉၄၅

Vol. 130 Ch. 1945

အခန်း ၁၉၄၅

Vol. 130 Ch. 1945

အပိုင်း ( 1945 ) တိုင်းပြည်ကိုးခု မဟာမိတ်။

လော့ရွှေတိုင်းပြည်၏ တပ်များက အပြတ်အသတ် ရှုံးနိမ့်သွားကြသည်။

လော့ရွှေတိုင်းပြည်၏ တပ်များက တိုက်ပွဲအစီရင် ပျက်စီးသွား၏။ သူတို့အတွက် ရှုံးနိမ့်ခြင်းက အချိန်တစ်ခုသာ လိုမည်။

"ဂါး..."

အစစ်အမှန်နဂါးကြီးက ဟိန်းဟောက်ပြီး ကြီးမားသော နဂါးလက်သည်းဖြင့် ကုပ်ချလိုက်သည်။ ဤလက်သည်းကုပ်ချက်အောက်တွင် စစ်သည်အများအပြား သေဆုံးသွားပြီး သွေးများကလည်း လေထဲကို ဖြန်းပက်သွားတော့သည်။

"ပြေးကြဟေ့"

လော့ရွှေတိုင်းပြည်၏ စစ်သည်များက ကြောက်လန့်တကြား အော်ဟစ်လိုက်ကြသည်။ တိုက်ပွဲအစီရင် ပျက်စီးသွားပြီးနောက် သူတို့က နတ်နဂါးတပ်ကို ခုခံရန် မဖြစ်နိုင်တော့ပေ။ စစ်သည်များက အဆက်မပြတ် ကျဆုံးသွားပြီး ကျန်စစ်သည်များလည်း သွေးရူးသွေးတန်းဖြင့် ထွက်ပြေးကုန်ကြသည်။

"ချီးတဲ့မှပဲ၊ သတ်"

လော့ရွှေတိုင်းပြည်၏ တပ်ဖွဲ့ထံမှ ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော စစ်သူကြီးတစ်ဦးက ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတို့ကို ထုတ်လွှတ်လိုက်၏။

ထိုလူက မဟာသူတော်စင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။

လော့ရွှေတိုင်းပြည်က မင်ယန်တိုင်းပြည်ထက် ပိုအင်အားကြီးသည်။ မင်ယန်တိုင်းပြည်တွင် မဟာသူတော်စင်နယ်ပယ်မှ တော်ဝင်အကြံပေးတစ်ဦးသာရှိသော်လည်း ၎င်းတို့မှာတော့ အများအပြားရှိ၏။

"ငါ မင်းတို့နဲ့ အဖော်ပြုပေးမယ်"

လုမင်က ရှေ့ကိုထွက်သွားပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ဧရာမ လက်ဝါးကြီးတစ်ဖက်က တစ်ဖက်လူကို ဖိချလိုက်တော့သည်။

"မကောင်းတော့ဘူး"

တစ်ဖက်လူက ကြောက်ရွံ့တုန်လှုပ်သွားသည်။ သူက လွတ်မြောက်ချင်သော်လည်း လက်ဝါးရိုက်ချက်ထိမှန်ပြီး သူ့ခန္ဓာကိုယ်မှာ တိုက်ရိုက်ပေါက်ကွဲသွားတော့သည်။

နတ်နဂါးတပ်တွင်၊ ရွမ်ထျန်းကျောင်းက တိတ်တဆိတ် တုန်လှုပ်သွားခဲ့သည်။

လုမင်က ရိုးရိုးရှင်းရှင်း နားမလည်နိုင်တော့ပေ။ သူက မဟာသူတော်စင်တစ်ပါးကိုပင် ပေါ့ပေါ့ပါးပါး သတ်နိုင်သည်။ လုမင်၏ ကျင့်ကြံမှုအဆင့်က အဘယ်နည်း။

မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်လား ဒါမှမဟုတ် အန္တိမသူတော်စင်နယ်ပယ်လား။

ရွမ်ထျန်းကျောင်းက စူးစမ်းချင်သော်လည်း နောက်အခိုက်တွင် သူ ခေါင်းယမ်းလိုက်သည်။ ဤအသက်အရွယ်ဖြင့် အန္တိမသူတော်စင်နယ်ပယ်က မည်သို့ဖြစ်နိုင်မည်နည်း။

လုမင်၏ ကျင့်ကြံမှုအခြေခံက မဟာသူတော်စင်နယ်ပယ် အထွတ်အထိပ် သို့မဟုတ် မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်သာ ဖြစ်နိုင်သည်ဟု သူ ခန့်မှန်းခဲ့သည်။ သို့ရာတွင်၊ ဒါကပင် အလွန်တုန်လှုပ်စရာကောင်းနေပြီ။

ဤတိုက်ပွဲက စိတ်လှုပ်ရှားစရာ မရှိတော့ပါ။ လော့ရွှေတိုင်းပြည်၏ တပ်များက အပြတ်အသတ် ရှုံးနိမ့်ခဲ့ပြီး အားလုံးနီးပါး သုတ်သင်ခံခဲ့ရသည်။ ကျန်လူများက အသက်လုပြီး ထွက်ပြေးသွား၏။ စစ်သင်္ဘောကြီးအချို့ကိုလည်း မင်ယန်တိုင်းပြည်က သိမ်းပိုက်နိုင်ခဲ့ကြပေသည်။

လော့ရွှေတိုင်းပြည်ကို နတ်နဂါးတပ်က ပြတ်ပြတ်သားသား အနိုင်ယူခဲ့သည်။ ထိုသတင်း ပျံ့နှံ့သွားပြီးနောက် တစ်တိုင်းပြည်လုံး အောင်ပွဲခံခဲ့ကြ၏။ ရွမ်ထျန်းကျောင်း၏ ဂုဏ်သတင်းကလည်း အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။

ဤအခွင့်အရေးကိုယူပြီး ရွမ်ထျန်းကျောင်းက နန်းတက်ခဲ့သည်။ သူက မင်ယန်တိုင်းပြည်၏ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးသော ဘုရင်မ ဖြစ်လာခဲ့ပေသည်။

နောက်ရက်များတွင်၊ လုမင်က တိတ်တဆိတ် လေ့ကျင့်နေခဲ့သည်။ အချိန်များကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း နောက်ထပ် လဝက်ကြာသွားပြီ။

ဤအချိန်တွင်၊ တိုင်းပြည်ကိုးခု မဟာမိတ်ဖွဲ့မည့် နောက်ဆုံးနေ့သို့ ရောက်လာသည်။

စန်းဟိုင်ပင်လယ်က ဤပင်လယ်ဒေသ၏ နာမည် ဖြစ်သည်။ ဤပင်လယ်ဒေသတွင် ပင်လယ်တိုင်းပြည်ကိုးခုဟု လူသိများသော တိုင်းပြည်ကြီးကိုးခု ရှိပေသည်။ မင်ယန်တိုင်းပြည်နှင့် လော့ရွှေတိုင်းပြည်က အဆုံးမဲ့ပင်လယ်တိုင်းပြည်ကိုးခုအနက် နှစ်ခု ဖြစ်သည်။

ဤအစည်းအဝေး၏ ရည်ရွယ်ချက်က အချိန်နတ်ဘုရားကျွန်းသို့ သွားရောက်မည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ကြရန်ပင်။

အချိန်နတ်ဘုရားကျွန်းသို့ သွားရောက်နိုင်ပါက အချိန်နတ်ဘုရားကျွန်းမှ ကျွမ်းကျင်သူများမှ တပည့်အဖြစ် လက်ခံရန် အခွင့်အလမ်း မြင့်မားသည်ဟု ဆိုသည်။

အချိန်နတ်ဘုရားကျွန်းက အဆုံးမဲ့ပင်လယ်ကမ္ဘာတွင် အသန်မာဆုံး ဖြစ်သည်။ ၎င်းက ကျင့်ကြံမှုအတွက် မြင့်မြတ်နယ်မြေတစ်ခုပင်။

ယခုတစ်ကြိမ် မဟာမိတ်တွေ့ဆုံပွဲ၏ တည်နေရာက တိုင်းပြည်ကိုးခုအနက်မှ တစ်ခုဖြစ်သော ရေပြာတိုင်းပြည်၏ မြို့တော်တွင် ဖြစ်သည်။

ရေပြာတိုင်းပြည်က တိုင်းပြည်ကိုးခုတွင် အင်အားအကြီးဆုံးဖြစ်သောကြောင့် တိုင်းပြည်ကိုးခု မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်ပင်။

ရွမ်ထျန်းကျောင်းလည်း ကျွမ်းကျင်သူအဖွဲ့ကို ရွေးချယ်ပြီး လုမင်နှင့်အတူ ရေပြာတိုင်းပြည်သို့ ခရီးထွက်ခဲ့သည်။

ဆယ်ရက်အကြာတွင် ရေပြာတိုင်းပြည်၏ မြို့တော်သို့ ရောက်ရှိခဲ့ကြ၏။

ရက်အနည်းငယ်ကြာပြီးနောက် တိုင်းပြည်ကိုးခု မဟာမိတ်ကို တရားဝင် စတင်ခဲ့ကြသည်။

ရေပြာတိုင်းပြည်၏ တော်ဝင်နန်းတော်ရှေ့မှ ရင်ပြင်တစ်ခုတွင် စားပွဲခုံတန်းများ ရှိသည်။ ထိုနေရာတွင် ပင်လယ်တိုင်းပြည်ကိုးခုမှ ဘုရင်များနှင့် အခြား ကျွမ်းကျင်သူအချို့ ထိုင်နေကြ၏။

ရေပြာတိုင်းပြည်၏ ကျွမ်းကျင်သူများကတော့ မဟာမိတ်အဖွဲ့ခေါင်းဆောင်အဖြစ် ၎င်းတို့၏ အဆင့်အတန်းကို ကိုယ်စားပြုသည့် စားပွဲထိပ်ပိုင်းတွင် ထိုင်နေကြသည်။

"ကိုင်း၊ ဒီအကြိမ်ရဲ့ မဟာမိတ်အစည်းအဝေးက အရင်အတိုင်းပါပဲ။ အချိန်နတ်ဘုရားကျွန်းကို သွားရောက်ရမဲ့ ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ပဲ။ တိုင်းပြည်ကိုးခုမှာ စုစုပေါင်း နေရာတစ်ရာပဲရှိမယ်"

ရေပြာတိုင်းပြည်ထံမှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဒါက ရေပြာတိုင်းပြည်၏ ဘုရင် ဖြစ်၏။ သူ့ကို ကြည့်ရသည်မှာ အသက်ငါးဆယ်ကျော်အရွယ်ခန့်ဟု ထင်ရသည်။ သူက ခန္ဓာကိုယ်ကြံ့ခိုင်ပြီး အရှိန်အဝါကြီးမား၏။

"ကျုပ်အမြင်အရ ဒီတစ်ကြိမ်မှာ တိုင်းပြည်ရှစ်ခုပဲ ရှိသင့်တယ်။ မင်ယန်တိုင်းပြည်က ဒီမဟာမိတ်အစည်းအဝေးမှာ ပါဝင်ဖို့ အရည်အချင်းမပြည့်မီဘူး၊ အချိန်နတ်ဘုရားကျွန်းကို သွားရောက်ဖို့လည်း အရည်အချင်းမပြည့်မီဘူး"

အစည်းအဝေး၏ ညာဘက်ခြမ်းမှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။

စကားပြောသူမှာ ပိန်ပိန်ပါးပါး လူလတ်ပိုင်းအမျိုးသားတစ်ဦး ဖြစ်၏။ သူက လော့ရွှေတိုင်းပြည်၏ ဘုရင် ဖြစ်သည်။

လော့ရွှေတိုင်းပြည်က နှစ်ပေါင်းများစွာ စီစဉ်ခဲ့ရပြီး စေ့စပ်သေချာသော အစီအစဉ်က ပျက်သုဉ်းသွားခဲ့ရသည်။ မဟာသူတော်စင်အနည်းငယ်ကလည်း ဆက်တိုက်သေဆုံးသွားခဲ့၏။ သူတို့၏ခွန်အားကလည်း အလွန်အားနည်းသွားသေးသည်။ ဤအချိန်တွင် မင်

န်တိုင်းပြည်ကို မည်သို့ပစ်မှတ်မထားဘဲနေမည်နည်း။

"ကျွန်မရဲ့ မင်ယန်တိုင်းပြည်က မဟာမိတ်အစည်းအဝေးမှာ ပါဝင်ဖို့ အရည်အချင်းမပြည့်မီတယ်၊ မမီဘူး ဆုံးဖြတ်ရအောင် ရှင်က ဘယ်သူမို့လဲ"

ရွမ်ထျန်းကျောင်းက အေးစက်စွာ ပြောသည်။

"ဒါက ကျုပ်အထူးပြောစရာမလိုပါဘူး။ မင်းက ဝံပုလွေတစ်ကောင်လို ရည်မှန်းချက်ကြီးပြီး တော်လှန်ပုန်ကန်ခဲ့တယ်။ မင်းက မင်ယန်တိုင်းပြည်ရဲ့ ဘုရင်ကိုသတ်ပြီး သူ့နေရာမှာ အစားထိုးလာသူပဲ။ ဒီလိုလူက မဟာမိတ်အစည်းအဝေးမှာ ပါဝင်ဖို့ ဘယ်လိုအရည်အချင်းရှိနိုင်မလဲ"

လော့ရွှေတိုင်းပြည်၏ ဘုရင်က အေးစက်စက်ဖြင့် ဆက်ပြောလိုက်၏။

"ပင်လယ်တိုင်းပြည်ကိုးခုက ရှည်လျားတဲ့ သမိုင်းကြောင်းရှိပြီး တိုင်းပြည်တစ်ခုစီမှာ တော်ဝင်မိသားစုနဲ့ မြင့်မြတ်တဲ့ မျိုးရိုးရှိတယ်။ မင်း ရွမ်ထျန်းကျောင်းက ဘယ်သူလဲ။ မင်ယန်တိုင်းပြည်ကို အုပ်ချုပ်ရအောင် မင်းကိုယ်မင်း ဘယ်သူလို့ထင်လို့လဲ"

"ဟားဟားဟား၊ ရှင့်ရဲ့ လော့ရွှေတိုင်းပြည်က ကျွန်မရဲ့ မင်ယန်တိုင်းပြည်က တော်ဝင်အကြံပေးနဲ့ ပူးပေါင်းပြီး ဘုရင်ကို လှည့်ဖြားခဲ့တယ်။ ဒီအတွက် မင်ယန်တိုင်းပြည်က ဆင်းရဲတွင်းနက်ပြီး တိုင်းသူပြည်သားတွေလည်း ဒုက္ခရောက်ခဲ့ကြရတယ်။ နောက်ပိုင်းမှာ ကျွန်မကိုတောင် ဒုက္ခပေးချင်ခဲ့သေးတယ်။ ဒါကို ကျွန်မက မတားဆီးရဘဲ နေရမှာလား"

ရွမ်ထျန်းကျောင်းက ရယ်မောလိုက်သည်။

"ဘယ်လိုပဲပြောပြော ပုန်ကန်တာက ကုန်ကန်တာပဲ။ မင်းဟာမင်း ဘာပဲဖြစ်ဖြစ်... မင်းက ပုန်ကန်သူဆိုတဲ့အချက်ကို မဖယ်ရှားနိုင်ဘူး"

လော့ရွှေတိုင်းပြည်၏ ဘုရင်က အေးစက်စွာ ပြောလိုက်သည်။ ထို့နောက်တွင် သူက ရေပြာတိုင်းပြည်၏ ဘုရင်ကိုကြည့်ကာ မေးလိုက်၏။

"အစ်ကိုစန်း၊ မင်ယန်တိုင်းပြည်ရဲ့ ရွမ်ထျန်းကျောင်းက မဟာမိတ်အစည်းအဝေးမှာ ပါဝင်ဖို့ အရည်အချင်းပြည့်မီလား။ သူက အချိန်နတ်ဘုရားကျွန်းကိုသွားဖို့ကော အရည်အချင်း ပြည့်မီရဲ့လား"

ရေပြာတိုင်းပြည်၏ ဘုရင်က တည်ငြိမ်စွာ ပြောလိုက်သည်။

"အချိန်နတ်ဘုရားကျွန်းက မြင့်မြတ်တဲ့ နေရာတစ်ခုဖြစ်တယ်။ ပုန်ကန်သူတွေက အဲဒီနေရာကိုသွားဖို့ အရည်အချင်း မရှိဘူး။ ဒါကြောင့် မင်ယန်တိုင်းပြည်ကလူတိုင်းပဲ... ကျေးဇူးပြု၍ ပြန်လိုက်ကြပါ"

ရေပြာတိုင်းပြည်၏ ဘုရင်က လော့ရွှေတိုင်းပြည်ဘက်တွင် ရပ်တည်နေကြောင်း ထင်ရှားသည်။ ဒါက ရွမ်ထျန်းကျောင်းကို မျက်နှာပျက်သွားစေခဲ့သည်။

အခြားတိုင်းပြည်မှ လူများကမူ စိတ်ဝင်စားစွာဖြင့် ကြည့်နေကြ၏။

မင်ယန်တိုင်းပြည် ထွက်ခွာသွားပါက သူတို့အတွက် ပြိုင်ဘက်တစ်ဦးလျော့သွားမည် ဖြစ်သည်။ သဘာဝအတိုင်း၊ သူတို့က စိတ်ကျေနပ်ကာ ဝင်မစွတ်ဖက်ကြပေ။

"ဟားဟားဟား"

ဤအခိုက်တွင် လုမင်က ရယ်မောလိုက်သည်။ မထီမဲ့မြင်ပြုသော ရယ်မောသံက နေရာအနှံ့ ပျံ့နှံ့သွား၏။

"မင်းက ဘယ်သူလဲကွ။ ဘုရင်တွေ စကားပြောနေချိန်မှာ မင်းဝင်ပြောဖို့ အလှည့်မကျသေးဘူး"

လော့ရွှေတိုင်းပြည်၏ဘုရင်က လုမင်ကို စိုက်ကြည့်ပြီး ကြိမ်းမောင်းလိုက်သည်။

သို့သော်လည်း လုမင်က လော့ရွှေတိုင်းပြည်၏ဘုရင်ကို လျစ်လျူရှုထားကာ ဖုတ်လေသည့်ငါးပိ ရှိသည်ဟု မထင်ပေ။

"မင်း ဘာရယ်တာလဲ"

ရေပြာတိုင်းပြည်၏ဘုရင်က လုမင်ကိုကြည့်ကာ အေးစက်စွာ မေးသည်။

"ပုန်ကန်တဲ့အကြောင်းကိုပြောရရင် တိုင်းပြည်ကိုးခုရဲ့ ဘယ်မင်းဆက်က ပုန်ကန်ခဲ့သူ မဟုတ်လို့လဲ။ ပုန်ကန်သူတွေ မရှိဘူးဆိုရင် ဒီနေ့ တိုင်းပြည်ကိုးခုက ဘယ်လိုရှိလာနိုင်မှာလဲ"

လုမင်က ပြောလိုက်၏။

လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက စန်းဟိုင်ပင်လယ်ဒေသတွင် တိုင်းပြည်ကိုးခု မရှိပါ။ စန်းဟိုင်တိုင်းပြည်တစ်ခုသာ ရှိခဲ့သည်။

ထိုအချိန်တွင် စန်းဟိုင်တိုင်းပြည်က လက်ရှိတိုင်းပြည်ကိုးခု၏ နယ်မြေအားလုံးကို အုပ်ချုပ်ခဲ့၏။ နောက်ပိုင်းတွင်၊ တိုင်းပြည်ကိုးခု၏ ဘိုးဘေးများက စုပေါင်းပုန်ကန်ပြီး စန်းဟိုင်တိုင်းပြည်ကို ဖျက်ဆီးခဲ့ကြသည်။

ထို့ကြောင့် တိုင်းပြည်ကိုးခု၏ ဘိုးဘေးများ အားလုံးကို ပုန်ကန်သူများဟု ဆိုနိုင်သည်။

"မင်း စော်ကားလှချေလား"

"မင်းကတော့ တကယ်သေချင်နေပြီပဲ"

"ဘိုးဘေးတွေကို ဘယ်လိုတောင် စော်ကားဝံ့တာလဲ။ ဒီအတွက် ကရုဏာမရှိဘဲ သတ်ရမယ်"

တိုင်းပြည်ကိုးခု၏ ဘုရင်များက ဒေါသတကြီး အော်ငေါက်လိုက်ကြသည်။ သူတို့ထံမှ အားကောင်းသော အရှိန်အဝါများက လုမင်ကို ဖိအားပေးလိုက်ကြ၏။

"မင်းတို့အားလုံးက ပုန်ကန်သူတွေပဲ။ မင်ယန်တိုင်းပြည်ကို ဘာပြောစရာရှိလို့လဲ။ မင်ယန်တိုင်းပြည်က အရည်အချင်းမပြည့်မီရင် မင်းတို့ထဲမှာ ဘယ်သူမှ အရည်အချင်းမပြည့်မီဘူး"

လုမင်က တည်ငြိမ်စွာ ပြောလိုက်သည်။ သူ့အသံမှာတော့ အထင်မြင်သေးမှုတို့ ပြည့်နေတော့သည်။

"မင်းက တကယ်ကို သေချင်နေတာပဲ"

ရေပြာတိုင်းပြည်ဘက်မှ အဘိုးကြီးတစ်ယောက်က ပြေးထွက်လာသည်။ သူ့ထံမှ ဖုံးကွယ်မထားသော အေးစက်စက် သတ်ဖြတ်ချင်စိတ်တို့ ဖြာထွက်နေ၏။ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းတစ်ခုကလည်း လုမင်ဆီသို့ ဖြတ်သန်းသွားတော့သည်။

ထိုလူက တောက်ပသောသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံမှု ရှိသည်။

"ထွက်သွား"

လုမင်က အော်လိုက်သည်။ အဘိုးအို၏ ဓားအလင်းက ပြိုကျသွားပြီး သူ့ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွား၏။ သူက ပြေးဝင်လာသည့်အရှိန်ထက် ပိုမြန်သော အမြန်နှုန်းဖြင့် လွင့်စဉ်သွားကာ သွေးများအန်ထွက်လာတော့သည်။

တိုင်းပြည်အသီးသီးမှ ဘုရင်များနှင့် အခြား ကျွမ်းကျင်သူများအားလုံး မျက်မှောင်ကြုတ်သွားကြသည်။ သူတို့၏ မျက်လုံးများတွင် လေးနက်မှု အရိပ်အယောင်တို့ ပေါ်လာ၏။

တောက်ပသော သူတော်စင်နယ်ပယ် ပြီးပြည့်စုံမှုအဆင့် ကျွမ်းကျင်သူကို ငေါက်ငမ်းသံတစ်ချက်ဖြင့် ဒဏ်ရာရစေနိုင်သည်။ ဤလူငယ်က ငယ်ငယ်ရွယ်ရွယ်ဖြင့် မဟာသူတော်စင်နယ်ပယ်ကို ရောက်ရှိနေခြင်း ဖြစ်မည်လော။

All Chapters