← Chapters

အခန်း ၁၉၄၈

Vol. 130 Ch. 1948

အခန်း ၁၉၄၈

Vol. 130 Ch. 1948

အပိုင်း ( 1948 ) အချိန်နတ်ဘုရားကျွန်း။

ရွမ်ထျန်းကျောင်းမှ အဆင့်တက်သွားပြီးနောက် လုမင်သည် အန္တိမသူတော်စင်လက်နက်နှစ်ခုကို ထပ်မံပေးအပ်ခဲ့သည်။ ထိုမှသာ လုမင်က စိတ်ချနိုင်ပေသည်။

ရွမ်ထျန်းကျောင်း၏ လက်ရှိ ကျင့်ကြံမှုအခြေခံက အဆင့်နိမ့် မဟာသူတော်စင်နယ်ပယ် ဖြစ်သည်။ သူ့တွင် အလယ်အလတ် ကောင်းကင်ဝိညာဉ်ခန္ဓာရှိပြီး အန္တိမသူတော်စင်လက်နက်နှစ်ခုလည်း ရှိ၏။ ဤအင်အားဖြင့်၊ ယခုအခါ သူက အဆင့်မြင့် မဟာသူတော်စင်နယ်ပယ် ကျင့်ကြံသူကိုပင် ရင်ဆိုင်နိုင်နေပြီ ဖြစ်သည်။ အနည်းဆုံး‌၊ ပင်လယ်တိုင်းပြည်ကိုးခုတွင် သူ့ကို ရင်ဆိုင်နိုင်သူက များများမရှိတော့ပေ။ ဒါက အခြားတိုင်းပြည်များကို ခြိမ်းခြောက်နိုင်ပြီး မဟာ‌မိတ်ခေါင်းဆောင်ရာထူးကို တည်ငြိမ်စေရန် လုံလောက်သည်။

လဝက်အကြာတွင်၊ စစ်သင်္ဘောတစ်စင်းက ပျံသန်းလာပြီး ရေပြာတိုင်းပြည်၏ တော်ဝင်မြို့တော်အထက်တွင် ရပ်သွားသည်။

အချိန်နတ်ဘုရားကျွန်း၏ တမန်တော် ရောက်ရှိလာခဲ့ပြီ။

အချိန်နတ်ဘုရားကျွန်းသို့ သွားရောက်ကြမည့် လူတစ်ရာကလည်း အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။

အများစုကတော့ လူငယ်များပင်။

အချိန်နတ်ဘုရားကျွန်းသို့ ဝင်ရောက်နိုင်ပါက ထိုနေရာရှိ တန်ခိုးကြီးသော တည်ရှိမှုများထံမှ လမ်းညွှန်မှုကို ခံယူနိုင်သည်ဟု ဆိုသည်။ သူတို့က ကံကောင်းလျှင် တပည့်အဖြစ် ခေါ်ယူခံရပြီး လေ့ကျင့်ရန် ထိုနေရာတွင် နေနိုင်လိမ့်မည်။

ရွမ်ထျန်းကျောင်းကလည်း ကိုယ်စားလှည်လောင်းတစ်ဦး ဖြစ်သည်။

သူကိုယ်တိုင်က ရှားပါးပါရမီရှင်တစ်ဦးဖြစ်သောကြောင့် အချိန်နတ်ဘုရားကျွန်းသို့သွားရန် အခွင့်အရေးကို လက်လွတ်မခံချင်ခဲ့ပေ။

အားလုံးက စစ်သင်္ဘောပေါ်တက်ခဲ့ကြသည်။ ထို့နောက် စစ်သင်္ဘောက ကောင်းကင်ကိုဖြတ်၍ ပင်လယ်တိုင်းပြည်ကိုးခုမှ ထွက်ခွာသွား၏။

စစ်သင်္ဘောက အံ့မခန်း လျင်မြန်သည်။ ၎င်းက လေထဲမှ ပျံသန်းသွားချိန် အလင်းတန်းတစ်ခုလိုပင်။

ဆယ်ရက်ကျော်ကြာ ပျံသန်းပြီးနောက်၊ နောက်ဆုံးတွင် စစ်သင်္ဘော၏ အရှိန်က ရုတ်တရက် နှေးကွေးသွားသည်။

"အချိန်နတ်ဘုရားကျွန်းကို ရောက်တော့မယ်"

အချိန်နတ်ဘုရားကျွန်း၏ တမန်တော်က ပြောလိုက်သည်။

"ကျုပ်တို့ ရောက်တော့မှာလား"

အားလုံး အံ့ဩသွားကြ၏။ ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း ကျွန်း၏ အရိပ်အယောင် မတွေ့ရပေ။ တစ်ချက်ကြည့်လိုက်ပါက အဆုံးမရှိသော ပင်လယ်ပြင်ကြီးကိုသာ မြင်ရသည်။ ကျွန်းနှင့်တူတာ ဘာမျှမရှိပေ။

"ဝမ်"

ထိုအချိန်တွင် စစ်သင်္ဘောက အတားအဆီးတစ်မျိုးမျိုးကို ဖြတ်ကျော်သွားသကဲ့သို့ အနည်းငယ် တုန်ခါသွားသည်။ နောက်အခိုက်အတန့်တွင်၊ အားလုံးက အံ့သြမှုကြောင့် မျက်လုံးများ ပြူးသွားကြ၏။

အကြောင်းမူ၊ သူတို့ရှေ့တွင် ကြီးမားသော ကျွန်းကြီးတစ်ခု ပေါ်လာသောကြောင့်ပင်။ ဤကျွန်းက လေထဲမှာ အမှန်တကယ် လွင့်မျောနေခဲ့သည်။

'ဒီကျွန်းမှာ အစီရင်တစ်ခု ရှိတာပေါ့'

လုမင်က အနည်းငယ် ပြုံးလိုက်သည်။ ဤပင်လယ်ဒေသတွင် ကြီးမားသော အစီရင်တစ်ခုကို တည်ဆောက်ထားခဲ့သည်။ အထူးနည်းလမ်းမရှိဘဲ၊ အချိန်နတ်ဘုရားကျွန်းကို မဝင်ရောက်နိုင်ပေ။ မြင်တွေ့ရန်ပင် မဖြစ်နိုင်ပါ။

အချိနတ်ဘုရားကျွန်း၏ ခွင့်ပြုချက်မရှိလျှင် အချိနတ်ဘုရားကျွန်းကို မည်သူမျှ ရှာမတွေ့နိုင်ကြောင်း ကောလဟာလများ ရှိခဲ့သည်မှာ အံ့သြစရာ မဟုတ်ပါချေ။

စစ်သင်္ဘောက အချိန်နတ်ဘုရားကျွန်းသို့ ပျံသန်းလာပြီး နေရာလွတ်တစ်ခုတွင် ရပ်သွားခဲ့သည်။ အားလုံးက စစ်သင်္ဘောပေါ်မှ ဆင်းလိုက်ကြ၏။

"ကျုပ်နောက်ကနေ လိုက်ခဲ့ပါ။ ခင်ဗျားတို့ရဲ့ နေအိမ်ကို လိုက်ပို့ပေးမယ်။ ရက်အနည်းငယ်ကြာရင် ခင်ဗျားကို စမ်းသပ်ဖိုပ အချိနတ်ဘုရားကျွန်းက ကျွမ်းကျင်သူတွေ ရောက်လာလိမ့်မယ်"

ထိုသို့ပြောဆိုပြီးနောက် တမန်တော်က ရှေ့မှလျှောက်သွားသည်။

လူတိုင်းက နောက်မှလိုက်သွားကြပြီး မကြာမီတွင် ဘုံဗိမာန်များ ပြည့်နှက်နေသော အရပ်သို့ ရောက်ရှိလာကြ၏။

တစ်ချက်ကြည့်လိုက်လျှင် ကြီးမားသော နန်းတော်များစွာရှိသည်။ နန်းတော်တစ်ခုစီက တိကျသောအကွာအဝေးဖြင့် ခြားနားထားပြီး အလွန်ခမ်းနားပေသည်။

"ဒီမှာရှိတဲ့ နန်းတော်တိုင်းကို နာမည်တပ်ထားပြီး ပင်လယ်တိုင်းပြည်ကိုးခုမှာလည်း ကိုယ်ပိုင်နန်းတော်ရှိတယ်။ ဒါကိုတော့ ကိုယ်တိုင် သွားရှာလိုက်ကြပါ"

တမန်တော်က ထိုသို့ပြောဆိုပြီးနောက် လေထဲသို့ ပျံတက်ကာ ဤနေရာမှ ထွက်ခွာသွားခဲ့သည်။

လူတိုင်းက ဆင်းလာပြီး နန်းတော်များကြားတွင် စတင် ရှာဖွေကြလေသည်။

ပင်လယ်တိုင်းပြည် ခြောက်ခု။

ပင်လယ်တိုင်းပြည် သုံးခု။

.........

နန်းတော်တိုင်း၏ အပြင်ဘက်တွင် မတူညီသော အမှတ်အသားများ ရှိနေသည်ကို သူတို့မြင်ရသည်။

မကြာမီ၊ နန်းတော်တစ်ခုဆီသို့ ရောက်သွားသည်။ နန်းတော်တံခါးဝတွင် ရေးထားသော စကားလုံးများမှာ ပင်လယ်တိုင်းပြည်ကိုးခု ဖြစ်၏။

သူတို့၏နန်းတော်သို့ ရောက်ခဲ့ကြပြီ။

သို့သော်လည်း နန်းတော်ဝင်ပေါက်ကို ဖွင့်ထားသည်။ ယင်းက သူတို့ကို အနည်းငယ် အံ့အားသင့်သွားစေသည်။

ယုတ္တိဗေဒအရ၊ သူတို့ မဝင်ရသေးသောကြောင့် နန်းတော်တံခါးကို ပိတ်ထားသင့်သည်။

လူတိုင်းက စူးစမ်းလိုစိတ်ဖြင့် ဝင်ရောက်သွားကြပေသည်။

အထဲကို လှမ်းဝင်လာပြီးနောက် ခြံဝင်းထဲတွင် လက်ဖက်ရည်သောက်ရင်း ထိုင်နေသော လူတစ်ချို့ကို တွေ့လိုက်ရသည်။ လုမင်နှင့် အခြားလူများ ဝင်လာသည်ကိုမြင်သောအခါ စူးရှသောအကြည့်များဖြင့် လှမ်းကြည့်ကြ၏။

"ဒီနေရာကို ငါတို့ယူလိုက်ပြီ။ အခု ပြန်ထွက်သွားကြတော့"

အရပ်မြင့်မြင့် လူငယ်တစ်ယောက်က သာမန်ကာလျှံကာဟန်ဖြင့် သူ့လက်ကိုဝှေ့ယမ်းလိုက်သည်။

သူ့စကားနှင့် အမူအရာက ပင်လယ်တိုင်းပြည်ကိုးခုမှ လူများ၏ မျက်နှာများကို အကြည့်ရဆိုးစေခဲ့ပေသည်။

"လူတိုင်းပဲ၊ ဒီမှာ ပင်လယ်တိုင်းပြည်ကိုးခုလို့ ရေးထားတယ်။ ရှင်တို့ အမှတ်မှားနေပြီထင်ပါတယ်"

ရွမ်ထျန်းကျောင်းက လက်ယှက်ပြီး ပြောလိုက်သည်။

"မင်းက ငါတို့ကို မျက်ကန်းတွေလို့ ထင်လို့လား။ ဒါက တိုင်းပြည်ကိုးခုရဲ့ နန်းတော်ဖြစ်မှန်း ငါသိတယ်။ ဒါပေမဲ့ အခု ရွှမ်လင်တိုင်းပြည်ရဲ့ နန်းတော်ဖြစ်သွားပြီ။ ငါတို့လူတွေ အရမ်းများတာကြောင့် မူလနန်းတော်က ငါတို့အားလုံး နေလို့မရဘူး။ ဒါကြောင့် မင်းတို့တွေ အခြားနေစရာတစ်ခုကို သွားရှာလိုက်ကြတော့"

အရပ်မြင့်မြင့်လူငယ်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

ရွမ်ထျန်းကျောင်းနှင့် အခြားသူများက မျက်နှာပျက်သွားကြတော့သည်။

သို့သော်လည်း တစ်ချိန်တည်းမှာပင် သူတို့က ထိတ်လန့်တုန်လှုပ်သွားကြသည်။

ရွှမ်လင်တိုင်းပြည်က အလွန်အင်အားကြီးပြီး ကျယ်ပြောသော ဒေသတစ်ခုကို အုပ်စိုးထားသော တိုင်းပြည်တစ်ခု ဖြစ်သည်။

ပင်လယ်တိုင်းပြည်ကိုးခုစလုံး ပေါင်းစည်းမည်ဆိုလျှင်ပင် ၎င်းတို့နှင့်ယှဥ်ရန် ဝေးကွာနေဦးမည်။

"လူတိုင်းပဲ၊ ဒါက ပင်လယ်တိုင်းပြည်ကိုးခုအတွက် အချိန်နတ်ဘုရားကျွန်းက ပေးအပ်ထားတာပါ။ ဒီလိုမျိုး သိမ်းပိုက်ထားတာက မကောင်းဘူး။ ဒီအကြောင်းကို အချိနတ်ဘုရားကျွန်းကို သတင်းပို့လိုက်မယ်ဆိုရင် ရွှမ်လင်တိုင်းပြည်ကတောင် ရှင်းပြဖို့ခက်ပါလိမ့်မယ်"

ရွမ်ထျန်းကျောင်းက မျက်နှာပျက်စွာ ပြောလိုက်သည်။

"မင်း ငါ့ကို ခြိမ်းခြောက်နေတာလား"

ရွမ်ထျန်းကျောင်းကို စူးစိုက်ကြည့်ရင်း အရပ်မြင့်မြင့်လူငယ်၏ မျက်လုံးအကြည့်များက စူးရှလာသည်။

"ကျွန်မ မဝံ့ရဲပါဘူး"

ရွမ်ထျန်းကျောင်းက ပြောသည်။

"မဝံ့ရင် ထွက်သွားလိုက်တော့"

အရပ်မြင့်မြင့် လူငယ်က ကြိမ်းမောင်းလိုက်၏။

"ဒီလိုဆိုမှတော့ ကျွန်မတို့က အချိန်နတ်ဘုရားကျွန်းရဲ့ တမန်တော်ကို‌ တွေ့ဆုံဖို့ပဲ ရှိ‌ပါတော့တယ်"

ရွမ်ထျန်းကျောင်းက အေးစက်စွာပြောပြီး လှည့်ထွက်လိုက်သည်။

"မင်း လုပ်ဝံ့လား"

အရပ်မြင့်မြင့် လူငယ်က အော်ဟစ်ပြီး ရုတ်တရက် ထရပ်လိုက်သည်။ သူ့ထံမှ အားကောင်းသော အရှိန်အဝါတစ်ခုက ပေါက်ကွဲထွက်လာခဲ့သည်။

"မင်းတို့ တကယ်သတ္တိကောင်းတာပဲ။ ပင်လယ်တိုင်းပြည်ကိုးခုလို အမှိုက်တွေက ငါ့ကို ဘယ်လိုတောင် ခြိမ်းခြောက်ဝံ့တာလဲ"

စကားသံအဆုံးတွင် အရပ်မြင့်မြင့် လူငယ်က ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ သူ့အရှိန်အဝါက ပိုမိုအားကောင်းလာ၏။ ပင်လယ်တိုင်းပြည်ကိုးခုမှ လူများက မျက်နှာပျက်သွားကြတော့သည်။

မဟာသူတော်စင်နယ်ပယ်။

အရပ်မြင့်မြင့် လူငယ်လေးက ငယ်ရွယ်ပုံရသော်လည်း မဟာသူတော်စင်နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဒါက တကယ်ကို တုန်လှုပ်စရာပင်။ သူက ရွှမ်လင်တိုင်းပြည်မှ ကျင့်ကြံသူတစ်ဦး ဖြစ်ထိုက်သည်။

အရပ်မြင့်မြင့်လူငယ်က ထူးခြားမှုမရှိသော အမူမရာဖြင့် ရွမ်ထျန်းကျောင်းကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

"မိန်းကလေး၊ မင်းက တော်တော်ကြည့်လို့ကောင်းတာပဲ။ ငါမင်းကို အခွင့်အရေးတစ်ခု ပေးမယ်။ မင်းအမှားကို ဝန်ခံပြီး ဒူးထောက်လိုက်ပါ။ ပြီးတော့ ငါ့ဆီမှာ ရက်အနည်းငယ်လောက် အစေခံပေး...၊ ဒါဆိုရင် ဒီကိစ္စကို ငါခွင့်လွှတ်လိုက်မယ်"

"တောက်စ်"

မင်ယန်တိုင်းပြည်မှ လူငယ်အချို့က ဒေါသထွက်လာခဲ့ကြသည်။

၎င်းတို့နေထိုင်ရာနေရာကို တစ်ဖက်လူက ဦးစွာ သိမ်းပိုက်ခဲ့သည်။ ထို့နောက်၊ ရွမ်ထျန်းကျောင်းက တမန်တော်ကို တွေ့ချင်သည်ဟုသာ ပြောခဲ့သော်လည်း သူမကို စော်ကားပြောဆိုခဲ့၏။

သူတို့က ဘာအမှားကိုလုပ်မိပါသနည်း။ အားလုံးက တစ်ဖက်လူများ၏အပြစ် ဖြစ်သည်။

"မင်းက ဘာကိုတက်ခေါက်တာလဲ။ မင်းသေချင်နေတာလား"

အရပ်မြင့်မြင့် လူငယ်က မင်ယန်တိုင်းပြည်မှ လူငယ်လေးကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။ ထို့နောက်၊ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လျှပ်စီးလက်သကဲ့သို့ တိုက်ခိုက်လိုက်၏။ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတစ်ခုက လူငယ်ထံ ဖြတ်သန်းသွားတော့သည်။

အသေသတ်တိုက်ကွက်မျိုး ဖြစ်သည်။ ဤတိုက်ခိုက်မှုကို ခံရလျှင် ထိုလူငယ်က သံသယဖြစ်ဖွယ်မရှိဘဲ သေရလိမ့်မည်။

အရပ်မြင့်မြင့်လူငယ်က ကြီးစိုးလွန်းသည်။ သ‌ဘောထားကွဲလွဲမှုတစ်ခုဖြင့် လူတစ်ယောက်ကို သတ်ရန်ကြိုးစား၏။

ထိုအချိန်တွင် ရွမ်ထျန်းကျောင်းက လှုပ်ရှားလိုက်သည်။ သူ့လက်ထဲမှ ဓားအလင်းက ဖြာထွက်လာပြီး အရပ်မြင့်မြင့် လူငယ်လေး၏ ဓားအလင်းကို ဖြချေဖျက်လိုက်သည်။

"ထန်"

ဓားနှစ်လက်က တိုက်မိသွား၏။ အရပ်မြင့်မြင့်လူငယ်၏ ခန္ဓာကိုယ်က တုန်ခါကာ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားခဲ့ရသည်။ ရွမ်ထျန်းကျောင်းက သူ၏ တိုက်ခိုက်မှုကို တားဆီးခဲ့သည်။

"မင်း ဘယ်လိုတောင် ပြန်တိုက်ခိုက်ဝံ့တာလဲ။ ငါမင်းကိုအရင်သတ်မယ်"

အရပ်မြင့်မြင့်လူငယ်က အေးစက်စွာ အော်လိုက်သည်။ ကြောက်စရာကောင်းသော တိုက်ခိုက်မှုများက ရွမ်ထျန်းကျောင်းထံ ဖြတ်သန်းသွား၏။ သူက တခဏချင်းမှာပင်၊ အကြိမ်ရာနှင့်ချီ ခုတ်ထစ်ခဲ့သည်။ ရွမ်ထျန်းကျောင်းကို ဓားအလင်းများက လွှမ်းမိုးသွားတော့သည်။

သို့သော်လည်း ရွမ်ထျန်းကျောင်း၏ အမူအရာက တည်ငြိမ်သည်။ နဂါးဟိန်းသံက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။ သူက ဓားချက်ထုတ်ဖော်လိုက်သောအခါ ဓားအလင်းက ကြီးမားသော နဂါးအရိပ်အဖြစ်သို့ ပြောင်းလဲသွားရသည်။

နဂါးအရိပ်က ပြေးထွက်သွားပြီး ဓားအလင်းအားလုံးကို ဖြိုခွဲပစ်လိုက်သည်။ အရပ်မြင့်မြင့်လူငယ်လေးက ခြေလှမ်း ဆယ်လှမ်းကျော် နောက်သို့ ဆုတ်သွားခဲ့၏။ သူက သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရတော့သည်။

All Chapters