← Chapters

အခန်း ၁၉၅၀

Vol. 130 Ch. 1950

အခန်း ၁၉၅၀

Vol. 130 Ch. 1950

အပိုင်း ( 1950 ) ပြဿနာများ ကြီးထွားလာခြင်း။

ရွှေရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးက ဦးဆောင်ထားသော လူရိပ်တစ်ဒါဇင်ကျော်က ပေါ်လာသည်။

"အကိုကြီး"

ရွှမ်လင်တိုင်းပြည်မှ အရပ်မြင့်မြင့်လူငယ်က ရွှေရောင်ဝတ်စုံဝတ်လူငယ်ကို မြင်သောအခါ အလွန်ပင် ဝမ်းသာသွားသည်။

နောက်ဆုံးမှာတော့ သူ့အစ်ကိုကြီး ရောက်လာပြီ။

သူ့အစ်ကိုသည် လွန်ခဲ့သည့် ခြောက်နှစ်ခန့်က အချိန်နတ်ဘုရားကျွန်းသို့ ရောက်ရှိလာခဲ့ပြီး အချိန်နတ်ဘုရားကျွန်း၏ သူတော်စင်ကရာဇ်တစ်ပါးမှ တပည့်အဖြစ် လက်ခံခဲ့သည်။ သူက အချိန်နတ်ဘုရားကျွန်းတွင် အဆင့်အတန်း မြင့်ပေသည်။

သူ့အစ်ကိုကြီး ရောက်ရှိလာပြီဖြစ်သောကြောင့် သူစိတ်သက်သာရာ ရသွားသည်။

"ပြဿနာပဲ"

ထိုလူငယ်ကို မြင်သောအခါ ရွမ်ထျန်းကျောင်း၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။

'လုမင်၊ သူက ရွှေရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး အချိန်မြစ်ရဲ့ အမှတ်အသားလည်း ရှိတယ်။ အဲဒါက အချိန်နတ်ဘုရားကျွန်းရဲ့ အမာခံတပည့်တစ်ယောက်ရဲ့ သင်္ကေတပဲ'

ရွမ်ထျန်းကျောင်းက လုမင်ကို အလျင်အမြန် အသံပို့လွှတ်ပြီး ပြောလိုက်သည်။

အမာခံတပည့်က အချိန်နတ်ဘုရားကျွန်းတွင် အဆင့်အမြင့်ဆုံး တပည့်ဖြစ်သည်။ အချိန်နတ်ဘုရားကျွန်းတွင် အမာခံတပည့်က အနည်းငယ်သာရှိကြပြီး တစ်ဦးစီက မြင့်မားသောအဆင့်အတန်း ရှိပေသည်။

ထိုလူငယ်က ရွှမ်လင်တိုင်းပြည်မှဖြစ်ကြောင်း ထင်ရှားသည်။ ဒါက ပြဿနာပင်။

ထိုလူငယ်၏အမည်က ရွှမ်ချွမ် ဖြစ်သည်။

ဤအခိုက်တွင်၊ ရွှမ်ချွမ်က ဒေါသတကြီးဖြစ်ကာ သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေသည်။

သူသည် ယနေ့တွင် ရွှမ်လင်တိုင်းပြည်မှ လူများကို တွေ့လိုသောကြောင့် တံခါးပိတ်လေ့ကျင့်ရာမှ ထွက်လာခြင်း ဖြစ်သည်။ သူ့ညီလေးလည်း လာခဲ့၏။ သို့သော်လည်း သူရောက်လာသည်နှင့် လုမင်က ရွှမ်လင်တိုင်းပြည်မှ ကျွမ်းကျင်သူများကို သတ်ပစ်သည်အား မြင်ရမည်ဟု မမျှော်လင့်ခဲ့ပေ။

အန္တိမသူတော်စင် ဆယ်ယောက်ကျော်... ရွှမ်လင်တိုင်းပြည်ပင်လျှင် သူတို့ကို ဆုံးရှုံးမခံနိုင်ပေ။ ၎င်းက ရွှမ်လင်တိုင်းပြည်မှ ကျွမ်းကျင်သူများ၏ ထက်ဝက်ကျော်ဖြစ်သည်။

"ခွေးကောင်၊ မင်းကို အသေဆိုးနဲ့ သေရအောင်လို့ ငါလုပ်မယ်။ ပင်လယ်တိုင်းပြည်ကိုးခုက မင်းတို့အားလုံးလည်း သေကြရလိမ့်မယ်"

ရွှမ်ချွမ်က လုမင်အား အေးစက်စွာ စိုက်ကြည့်လိုက်သည်။ လုမင်ကို တစ်စစီ ခုတ်ထစ်ပစ်ရန် သူ မစောင့်နိုင်တော့ပေ။

"ရွှမ်လင်တိုင်းပြည်ရဲ့လူတွေက ငါတို့နန်းတော်ကို သိမ်းပိုက်ထားတယ်။ နောက်ပြီးတော့ ရွှမ်လင်တိုင်းပြည်ရဲ့ လူတွေကပဲ ငါတို့ကို အရင်တိုက်ခိုက်တာ။ ငါတို့က ဘာဖြစ်လို့ ပြန်မတိုက်ခိုက်ဘဲ နေရမှာလဲ"

ရွမ်ထျန်းကျောင်းက အော်ပြောလိုက်သည်။

"ပါးစပ်ပိတ်ထားစမ်း"

ရွှမ်ချွမ်၏ မျက်လုံးများက အေးစက်သွားပြီး အော်‌ငေါက်လိုက်၏။

"အဲဒီလိုဆိုရင် ဘာဖြစ်သလဲ။ မင်းရဲ့နန်းတော်ကို သိမ်းပိုက်ပြီး မင်းကို အရင်သတ်ချင်နေရင်တောင် ဘာဖြစ်လဲ။ မင်းတို့ ပြန်မတိုက်ခိုက်သင့်ဘူး။ ပြန်တိုက်ခိုက်ရင် သေရမယ်"

ရွှမ်ချွမ်က အလွန်ကြီးစိုးသည်။

သူက အကြောင်းရင်းနှင့် ဖြစ်စဉ်ကို ဂရုမစိုက်ပေ။ ရလဒ်ကိုသာ ဂရုစိုက်သည်။

ရွှမ်လင်တိုင်းပြည်မှ ကျွမ်းကျင်သူများကို သတ်လိုက်လျှင် လုမင်နှင့် အခြားလူများ အားလုံး သေဆုံးရလိမ့်မည်။

"အကိုကြီး၊ အကြီးအကဲတွေအတွက် လက်စားချေရမယ်"

အရပ်မြင့်မြင့်လူငယ်လူက အော်လိုက်သည်။

"စိတ်မပူနဲ့"

ရွှမ်ချွမ်က ပြောလိုက်၏။

"ပင်လယ်တိုင်းပြည်ကိုးခုက ဥပဒေမဲ့ပြီး ရမ်းကားတယ်။ သူတို့က အချိနတ်ဘုရားကျွန်းပေါ်မှာ အခြားတိုင်းပြည်တစ်ခုရဲ့ ကျွမ်းကျင်သူတွေကို ပြောင်ပြောင်တင်းတင်း သတ်ဝံ့တယ်။ သူတို့အားလုံး သေသင့်တယ်။ အားလုံးကို သတ်ပစ်လိုက်ကြ"

"ကောင်းပြီ"

ရွှမ်ချွမ်၏ နောက်ဘပ်မှ လူအချို့ ထွက်လာကြသည်။ သူတို့ထံမှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာ၏။

ဤလူများ အားလုံးက အန္တိမသူတော်စင်နယ်ပယ် အထွတ်အထိပ်တွင် ရှိကြသည်။

သူတို့အားလုံးက အချိန်နတ်ဘုရားကျွန်းမှ ကျွမ်းကျင်သူများ ဖြစ်၏။ သူတို့၏ အမူအရာများက အေးစက်နေပြီး အမှားအမှန်ကို ဂရုမစိုက်ပေ။

ရွှမ်ချွမ်က သတ်ရမည်ဆိုလျှင် သတ်မည်။

အချိန်နတ်ဘုရားကျွန်းတွင် ရွှမ်ချွမ်၏ အဆင့်အတန်းက ထူးထူးခြားခြား ဖြစ်သည်။ သူ့ကို သူတော်စင်ဧကရာဇ် တော်တော်များများက ဂရုစိုက်၏။ သူ၏စကားများက နိယာမနှင့် တရားဥပဒေ ဖြစ်သည်။

ရွမ်ထျန်းကျောင်းအပါအဝင် ပင်လယ်တိုင်းပြည်ကိုးခုမှ လူများမှာ ပို၍ပင် မျက်နှာပျက်လာကြတော့သည်။

အချိန်နတ်ဘုရားကျွန်းက အခြားတိုင်းပြည်များနှင့် မတူပါ။ ၎င်းတို့က အဆုံးမဲ့ပင်လယ်ကမ္ဘာတွင် အင်အားအကောင်းဆုံး ဖြစ်သည်။ သူတို့တွင် သူတော်စင်ဧကရာဇ်များ အများကြီးရှိ၏။ အကယ်၍ အချိန်နတ်ဘုရားကျွန်းကို စော်ကားမိပါက စန်းဟိုင် ပင်လယ်တိုင်းပြည်ကိုးခုစလုံး ချေမှုန်းခံရလိမ့်မည်။

လုမင်လည်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

သူက မကြောက်သော်လည်း ပင်လယ်တိုင်းပြည်ကိုးခုကို ပြန်ကြည့်နေရသေးသည်။

"ဒူးထောက်ပြီး မင်းရဲ့ ပြစ်ဒဏ်ကို လက်ခံပါ"

အထွတ်အထိပ် အန္တိမသူတော်စင်က အေးစက်စွာပြောလိုက်သည်။ သူက လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်သောအခါ ကြီးမားသော လက်ဖဝါးကြီးတစ်ခုက လုမင်ကို ဖိချလိုက်၏။

လုမင်က လက်သီးတစ်ချက်ဖြင့် ဧရာမ လက်ဖဝါးကြီးကို ဖျက်ဆီးပစ်လိုက်သည်။

ရွှမ်ချွမ်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။ လုမင်၏ တိုက်ခိုက်ရေးစွမ်းအားသည် အလွန်အားကောင်း၏။ သူက အထွတ်အထိပ် အန္တိမသူတော်စင်ကိုပင် တားဆီးနိုင်သည်။

'သူက အပြင်ကမ္ဘာကလား'

ရွှမ်ချွမ်က တိတ်တဆိတ် တုန်လှုပ်သွားသည်။

သူ့အဆင့်အတန်းအရ သူသည် အခြားသူများမသိသော အရာများစွာကို သဘာဝအတိုင်း အသည်။ ဤကာလအတွင်း၌ ပညာရှင်များစွာသည် အဆုံးမဲ့ပင်လယ်ကမ္ဘာတွင် ရုတ်တရက် ပေါ်လာသည်။ သူတို့တစ်ဦးစီတွင် နက်နဲသော ကျင့်ကြံမှုအခြေခံနှင့် အားကောင်းသော တိုက်ခိုက်နိုင်စွမ်းများ ရှိ၏။ သူတို့ထဲတွင် အများစုက အချိန်နတ်ဘုရားကျွန်း၏ သူတော်စင်ဧကရာဇ်များထက် အားမနည်းကြပေ။

ဤလူများက ပြင်ပကမ္ဘာမှ လာသူများဖြစ်နိုင်ကြောင်း အကြီးအကဲအချို့ထံမှ ကြားသိခဲ့ရသည်။

ထို့ကြောင့် ပထမတော့ သူ အလွန်တုန်လှုပ်သွားမိသည်။

လုမင်သာ ပြင်ပကမ္ဘာမှ ဖြစ်ခဲ့ပါက ပြဿနာရှိလိမ့်မည်။

ရွှမ်ချွမ်က မျက်မှောင်ကြုတ်လိုက်သည်။

'ဒါပေမဲ့ ရွှမ်လင်တိုင်းပြည်ရဲ့လူတွေက အချည်းနှီးမသေနိုင်ဘူး'

ရွှမ်ချွမ်က လက်သီးကို တင်းတင်းဆုပ်လိုက်၏။

သူက ပြင်ပကမ္ဘာကဖြစ်လျှင်ပင် ဘာဖြစ်သေးသနည်း။ အချိန်နတ်ဘုရားကျွန်းက မကြောက်ပေ။

"အတူတူတိုက်ခိုက်ကြ"

သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ၊ အခြား အထွတ်အထိပ်အဆင့် အန္တိမသူတော်စင်များက လုမင်ကို ထပ်မံတိုက်ခိုက်လိုက်ကြသည်။ သူတို့အားလုံးက အသေသတ်တိုက်ကွက်များကို အသုံးပြုကြ၏။

"မင်းတို့က တကယ်သေချင်နေတာပဲ"

လုမင်က အေးစက်စွာ ပြောလိုက်သည်။ သူက အချိန်နတ်ဘုရားကျွန်းကို မျက်နှာသာပေးလိုသော်လည်း ထိုလူများက အတင်းတိုးဝင်နေသည်။

ထိုသို့သောလူများကို မျက်နှာသာပေးခြင်းက အသုံးမဝင်ကြောင်း သူသိလိုက်သည်။ သူတို့ကို ကြောက်ရွံ့စေရန် အင်အားသုံးခြင်းက ပိုကောင်းမည်။

"ဒုန်း"

လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူက လက်သီးချက်ထုတ်ဖော်လိုက်သောအခါ ငရဲဖိနှိပ်ကျောက်စာတိုင်ပုံရိပ်က ပေါ်လာပြီး အထွတ်အထိပ် အန္တိမသူတော်စင်တစ်ဦးကို ဖိနှိပ်လိုက်၏။

ထိုသူ၏ တိုက်ခိုက်မှုက ငရဲဖိနှိပ်ကျောက်စာတိုင် ပုံရိပ်အောက်တွင် ချက်ခြင်းပြိုကျသွားသည်။ ထိုမျှသာမကဘဲ၊ နာကျင်စွာ အော်ဟစ်သံနှင့်အတူ သူ့ခန္ဓာကိုယ်က ပေါက်ကွဲသွား၏။

ထို့နောက်၊ လုမင်က လက်သီးချက်ကို ထပ်မံထုတ်ဖော်ပြီး အခြား အထွတ်အထိပ် အန္တိမသူတော်စင်ကို သတ်ပစ်လိုက်တော့သည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

ရွှမ်ချွမ်က အော်လိုက်သည်။ လုမင်၏ တိုက်ခိုက်နိုင်စွမ်းသည် အလွန်ကြောက်စရာကောင်း၏။ သူက အထွတ်အထိပ် အန္တိမသူတော်စင်ကိုပင် သတ်နိုင်သည်။

အရပ်မြင့်မြင့်လူငယ်နှင့် ရွှမ်လင်တိုင်းပြည်မှ အခြားသူများလည်း မျက်နှာပျက်သွားကြတော့သည်။

သူတို့၏ မျက်လုံးထဲတွင် လုမင်က သေမင်းနတ်ဘုရားတစ်ပါး ဖြစ်လာသည်။

"အချက်ပြချက်ကို လွှတ်တင်... အချက်ပြချက်ကို လွှတ်တင်လိုက်ပါ။ အချိန်နတ်ဘုရားကျွန်းရဲ့ ကျွမ်းကျင်သူအားလုံးကို စုစည်းရမယ်"

ရွှမ်ချွမ်က အော်ဟစ်ပြီး နောက်ဆုတ်သွားသည်။

"သတ်"

လုမင်က လေထဲသို့ လှမ်းဝင်ကာ ရွှမ်ချွမ်ဆီသို့ ဦးတည်လိုက်သည်။ သူက တိုက်ခိုက်ပြီးပြီမို့ အားလုံးကို သတ်ပစ်ရမည်။

"လုမင်၊ ဒါက မင်းပဲ။ သတ်"

ထိုအချိန်တွင် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတစ်ခုက အဝေးမှ ဖြတ်သန်းလာ၏။ ၎င်းက အလွန်ကြောက်စရာကောင်းပြီး အချိန်နတ်ဘုရားကျွန်းကို ထက်ခြမ်းခွဲသွားတော့မလို ထင်ရသည်။

လုမင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူ့လက်ထဲတွင် အန္တိမသူတော်စင်လက်နက် ဓားတစ်လက် ပေါ်လာပြီး ခုတ်ချလိုက်၏။

"ဝုန်း"

ပြင်းထန်သော ပေါက်ကွဲသံများနှင့်အတူ အကန့်အသတ်မရှိသော ဓားစွမ်းအင်က အရပ်ရပ်သို့ ပျံ့နှံ့သွားတော့သည်။

"ဝှစ်"

အဝေးတွင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ပေါ်လာခဲ့သည်။

သူ့ခန္ဓာကိုယ်ပေါ်တွင် အလင်းစက်များ တောက်ပနေပြီး ရာနှင့်ချီသော သူတော်စင်လက်နက်များက သူ့ပတ်ပတ်လည်တွင် ပျံဝဲနေ၏။ တစ်ချိန်တည်းမှာပင် သူ့အား နိယာမမြစ်တစ်စင်းက ဝိုင်းရံထားသည်။

"ဝမ်မျိုးနွယ်"

လုမင်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။

အဆုံးမဲ့ပင်လယ်ကမ္ဘာသို့ ဝင်ရောက်ခဲ့သော ကျွမ်းကျင်သူများစွာက သူကဲ့သို့ပင် အချိန်နတ်ဘုရားကျွန်းကို ရောက်လာပုံရသည်။ သူတို့က အချိန်နတ်ဘုရားတောင်ကို စူးစမ်းရန် ဤနေရာသို့ ရောက်ရှိလာကြောင်း ထင်ရှားပေသည်။

"နိယာမမြစ်၊ အဲဒါက... သူတော်စင်ဧကရာဇ်ပဲ"

"ဘုရားရေ၊ သူတော်စင်ဧကရာဇ်ကြီး ပေါ်လာပြီ"

"သူက အချိန်နတ်ဘုရားကျွန်းရဲ့ သူတော်စင်ဧကရာဇ်ကြီးများလား"

အာမေဋိတ်သံများ ထွက်ပေါ်လာခဲ့သည်။

အဆုံးမဲ့ပင်လယ်ကမ္ဘာတွင် ဧကရာဇ်တစ်ပိုင်းကို သူတော်စင်ဧကရာဇ်ဟု လူသိများသည်။ သူတို့က အဆုံးမဲ့ပင်လယ်ကမ္ဘာတွင် အသန်မာဆုံး ကျွမ်းကျင်သူများပင်။

အဆုံးမဲ့ပင်လယ်ကမ္ဘာတွင် သိုင်းဧကရာဇ်များ မရှိပါ။ ထို့ကြောင့် အင်မော်တယ်နယ်ပယ်က ဒဏ္ဍာရီတစ်ခုသာ ဖြစ်သည်။

ရွမ်ထျန်းကျောင်းနှင့် အခြားသူများလည်း ထိတ်လန့်သွားကြသည်။

သူတော်စင်ဧကရာဇ် ပေါ်ထွန်းလာသောအခါ လုမင်က ရင်ဆိုင်နိုင်ပါဦးမလား။

"ဝေါင်း..."

ထိုအချိန်တွင် ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာသည်။ တောင်လုံးတမျှ ကြီးမားသော ဝံပုလွေကြီးတစ်ကောင်က လေထဲမှ လျှောက်လာနေ၏။

ဤဝံပုလွေကြီးကိုလည်း နိယာမမြစ်တစ်စင်းက ဝိုင်းရံထားသည်။

"ဝှစ်..."

ထို့နောက်တွင်၊ အခြားတစ်ဖက်မှ ခရမ်းရောင်အလင်းတစ်ခု လင်းလက်သွားပြီး ခရမ်းရောင်ဝတ်စုံဝတ် အကြီးအကဲတစ်ဦး ထွက်ပေါ်လာခဲ့သည်။ သူ့ခန္ဓာကိုယ်ကို ခရမ်းရောင်အလင်းများက ဖုံးလွှမ်းထား၏။ သူ့ကိုလည်း နိယာမမြစ်တစ်စင်းက လှည့်ပတ်နေတော့သည်။

All Chapters