← Chapters

အခန်း ၁၇၄

Vol. 18 Ch. 174

အခန်း ၁၇၄

Vol. 18 Ch. 174

အခန်း (၁၇၄) တစ်ငုံသောက်ရုံဖြင့် မူးယစ်သွားစေခြင်း၊ မုဆိုးမပိုင်က သမင်လိင်အင်္ဂါအရက်ကို ခိုးသောက်လေပြီ

လီလန်သည် ချိတ်ဆွဲထားသော ဆိတ်ကလီစာများကို ဖြုတ်ချလိုက်ပြီး ထက်မြက်သော ဓားတစ်ချောင်းကို အသုံးပြုကာ ဆိတ်အသည်း၊ နှလုံးနှင့် အူတစ်ဝက်ခန့်ကို လှီးဖြတ်လိုက်သည်။

အလေးချိန်အားဖြင့် သုံးကျင်းခန့်ရှိပြီး ဆိတ်ကလီစာစွပ်ပြုတ်အိုးကြီးတစ်အိုး ချက်လိုက်ပါက သူတို့ငါးယောက်အတွက် လုံလောက်ပေသည်။

"ရှောင်လန် အစ်မ ဆေးပေးမယ်လေ..."

ပိုင်ကျဲ့သည် သူ့ထံမှ ဇလုံကို ယူရန် ကြိုးစားလိုက်၏။

"အစ်မ လက်တွေမှာ နှင်းကိုက်နာတွေ ဖြစ်နေတာပဲ၊ ကျွန်တော်ပဲ ဆေးပေးပါ့မယ်..."

လီလန်က ခေါင်းခါရင်း ပြောလိုက်သည်။

ပိုင်ကျဲ့သည် အိမ်တွင် အဝတ်လျှော်ခြင်း၊ ပန်းကန်ဆေးခြင်းနှင့် အိမ်သန့်ရှင်းရေးလုပ်ခြင်း စသည့် အိမ်မှုကိစ္စများစွာကို လုပ်ကိုင်ရသူဖြစ်သည်။ သူမ၏ လက်များသည် ရေအေးနှင့် မကြာခဏ ထိတွေ့နေရသဖြင့် နှင်းကိုက်နာ အနည်းငယ် ဖြစ်ပေါ်နေလေသည်။

နှင်းကိုက်နာများမှာ သိပ်မကြီးမားသော်လည်း မြင်ရသူအဖို့ ရင်နာစရာပင်ဖြစ်သည်။

သူမ၏ လက်များကို ကြည့်ရုံမျှဖြင့် ပိုင်ကျဲ့သည် ကိုယ်ကျင့်တရားကောင်းမွန်ပြီး အလုပ်ကြိုးစားသော အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိနိုင်ပေသည်။

နှင်းကိုက်နာများကိုကြည့်ရင်း လီလန်က ထပ်ပြောလိုက်သည်။

"ဒီတစ်ကြိမ် ဆိတ်တစ်ကောင်ပေါ်လို့ ဆိတ်ဆီ သုံးလေးကျင်းလောက် ရထားတယ်၊ အိမ်ပြန်ရင် နည်းနည်းယူသွား၊ ဆီကြိတ်ပြီး အစ်မလက်က နှင်းကိုက်နာတွေအတွက် လိမ်းလိုက်ပါ၊ အနာမြန်မြန်ကျက်ဖို့ အထောက်အကူဖြစ်လိမ့်မယ်..."

"ကောင်းပါပြီ..."

ပိုင်ကျဲ့၏ ရင်ထဲတွင် နွေးထွေးသွားပြီး ဆန်စေ့ကို ကောက်ဆိတ်နေသော ကြက်ကလေးတစ်ကောင်ပမာ ခေါင်းညိတ်ပြလိုက်သည်။

"အိုး ပိုင်ကျဲ့ ရောက်နေတာလား..."

ထိုအချိန်တွင် လီတာ့ဟိုင်သည် ရေနွေးဇလုံတစ်လုံးကို ကိုင်ဆောင်ကာ မီးဖိုချောင်ထဲမှ ထွက်လာပြီး ပိုင်ကျဲ့ကို မြင်သောအခါ ဦးစွာ နှုတ်ဆက်လိုက်သည်။

"ဦးလေးတာ့ဟိုင် နားလိုက်ပါ၊ ကျွန်မပဲ လုပ်လိုက်ပါ့မယ်..."

ပိုင်ကျဲ့က ပြုံးလျက် နှုတ်ဆက်ရန် သွားရင်း ပြောလိုက်သည်။

"ကောင်းပြီလေ ဒါဆိုရင်လည်း ဦးလေး နားပြီး သမီး ချက်မယ့် ဆိတ်ကလီစာစွပ်ပြုတ်ကို စောင့်နေမယ်..."

"သမီးချက်တဲ့ ဆိတ်ကလီစာစွပ်ပြုတ်ကို ဦးလေးစားချင်နေတာ နှစ်ပေါင်းများစွာ ကြာနေပြီ..."

လီတာ့ဟိုင်သည် ဇလုံကို ချထားလိုက်ပြီး ပိုင်ကျဲ့ကို လက်မထောင်ပြလိုက်သည်။

ပိုင်ကျဲ့၏ မျက်လုံးများမှာ အနည်းငယ် ဝေဝါးသွားပြီး…

"ဦးလေးက မှတ်မိနေတုန်းပဲလား..."

"ဘယ်လိုလုပ် မေ့နိုင်မှာလဲ၊ အဲဒါက သမီးအမေ..."

"အဖေ..."

လီတာ့ဟိုင် စိတ်လှုပ်ရှားသွားချိန်တွင် လီလန်က ရုတ်တရက် လှမ်းခေါ်လိုက်သည်။

ဤအဘိုးကြီးမှာ တကယ့်ကို ပြောစရာမလိုသည်များကို အမြဲတမ်း ထုတ်ပြောတတ်လေသည်။

ပိုင်ကျဲ့၏ မိခင် ဆုံးပါးသွားခဲ့သည်မှာ နှစ်အတော်ကြာပြီ ဖြစ်သည်။ ဤဇာတ်လမ်းကို ပြန်လည်ပြောဆိုခြင်းမှာ အနာဟောင်းကို ပြန်ဆွနေခြင်းပင် ဖြစ်၏။

"ဒုက္ခပါပဲ ငါ့ပါးစပ်ကို ကြည့်စမ်း၊ ရှောင်ကျဲ့ စိတ်ထဲ မထားပါနဲ့ကွယ်..."

ပိုင်ကျဲ့က နှာခေါင်းရှုံ့လိုက်ပြီး…

"ကိစ္စမရှိပါဘူး..."

"ဦးလေး ခါးစည်းကို ပေးပါ ကျွန်မ ဟင်းချက်နေတုန်း ဦးလေး နားနေလိုက်ပါ..."

ပိုင်ကျဲ့က သူမ၏ လက်ကို ကမ်းပေးလိုက်သည်။

"ငါ့တူမကြီးက တကယ့်ကို အသိရှိပြီး သူတစ်ပါးကို ဂရုစိုက်တတ်တာပဲ..."

လီတာ့ဟိုင်သည် ပိုင်ကျဲ့ကို ကြည့်ကာ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ထိုမျှ ကောင်းမွန်သော မိန်းကလေးတစ်ယောက် ဖြစ်ပါလျက် သူမ၏ ဘဝမှာ အလွန်ခက်ခဲကြမ်းတမ်းပြီး ကံကြမ္မာက ရက်စက်လွန်းလှပေသည်။

လီတာ့ဟိုင်သည် သူ၏ ခါးစည်းစကို ချွတ်၍ ပိုင်ကျဲ့ထံသို့ ကမ်းပေးလိုက်ရာ သူမက ယူဆောင်ပြီး အတွင်းခန်းထဲသို့ ဝင်သွားလေသည်။

သူမသည် အထူစား ချည်ကုတ်အင်္ကျီကို ဝတ်ဆင်ထားသဖြင့် အလုပ်လုပ်ရာတွင် အဆင်မပြေဖြစ်စေသည်။ အလုပ်မစမီ ၎င်းကို ချွတ်ရန်နှင့် ခါးစည်းစကို ဝတ်ဆင်ရန် အတွင်းခန်းသို့ ဝင်ရခြင်းဖြစ်သည်။

ပိုင်ကျဲ့သည် ခါးစည်းစကို ယူကာ အတွင်းခန်းဖြစ်သော လီလန်၏အိပ်ခန်းထဲသို့ ဝင်သွားသည်။ သူမသည် ပန်းပွင့်ပုံအင်္ကျီကို ချွတ်လိုက်ပြီး လီလန့် ကန်းပေါ်တွင် ပေါ့ပေါ့ပါးပါးပင် တင်ထားလိုက်သည်။

သူမ ခါးစည်းစကို စည်းရန် ပြင်လိုက်ချိန်တွင် ကန်းဘေးရှိ ဗီဒိုပေါ်မှ ဆေးရည်ပုလင်း အချို့ကို သူမ၏ စူးရှသော မျက်လုံးများက သတိပြုမိသွားတော့သည်။ (ဒီဘက်ခေတ်အခေါ်ဆို အေပရွန်ပါနော်၊ ကျေးလက်မှာကျ ခါးစည်းစ၊ ခါးပတ်စဘာညာဆိုပြီး ခေါ်ပါတယ်)

"ဒါက ဘာတွေလဲ..."

ပိုင်ကျဲ့သည် ဘယ်ဘက်ရှိ ဆေးရည်ပုလင်းကို ကောက်ကိုင်လိုက်သည်။

ဆေးရည်ပုလင်းမှာ သာမန်ပုံပေါက်သော်လည်း အတွင်း၌မူ ပုံပန်းသဏ္ဌာန် ထူးဆန်းသော အရာတစ်ခုကို စိမ်ထားလေသည်။

ပိုင်ကျဲ့သည် ဆေးရည်ပုလင်းကို ဂရုတစိုက် ကိုင်ဆောင်လိုက်ပြီး အဆို့ကို ဖွင့်ကာ အနံ့ခံရန် ငုံ့လိုက်သည်။

အရက်၏ ပြင်းရှရှ ရနံ့က နှာခေါင်းထဲသို့ ချက်ချင်းပင် လွှမ်းခြုံဝင်ရောက်လာတော့သည်။

အရက်နံ့အပြင် တရုတ်တိုင်းရင်းဆေးဖက်ဝင် အပင်များကဲ့သို့ ညှီစော်နံသော အနံ့တစ်မျိုးလည်း ပါဝင်နေသည်။

"အဟွတ် အဟွတ်..."

ပိုင်ကျဲ့သည် အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်ပြီးနောက် ပါးပြင်ကို စမ်းကြည့်လိုက်ရာ အကြောင်းပြချက်မရှိဘဲ အနည်းငယ် နီရဲနေသည်ကို တွေ့လိုက်ရသည်။

"ဒါက ဘာအရက်လဲ..."

"အနံ့လေး ခံကြည့်ရုံနဲ့တင် နည်းနည်းမူးလာသလိုပဲ၊ အရမ်းပူလာတယ်..."

ပိုင်ကျဲ့၏ မျက်နှာပေါ်တွင် နီမြန်းသော အရောင်များ ပေါ်လာပြီး ပါးစပ်များ ခြောက်သွေ့ကာ ခန္ဓာကိုယ်မှာလည်း အနည်းငယ် ပူနွေးလာလေသည်။

ဤအရက်က မည်သို့သော အရက်မျိုးနည်း၊ အနံ့ခံရုံဖြင့်ပင် မူးယစ်သွားစေသလော။

ပြင်းရှရှ အရက်နံ့နှင့် ညှီစော်မှာ အတော်ပင် မူးယစ်စေသော်လည်း ၎င်းသည် ပိုင်ကျဲ့ကို ဆွဲဆောင်နိုင်သော မှော်ဆန်သည့် စွမ်းအားတစ်ခု ရှိနေပုံရသည်။

ပိုင်ကျဲ့သည် ပုလင်းအဆို့ကို ဖယ်ရှား၍ နောက်တစ်ကြိမ် အနံ့ခံလိုက်ရာ သူမ၏ မျက်နှာမှာ ပို၍ပင် နီရဲလာပြီး မြောက်ပိုင်း ရှန်းရှီးပြည်နယ် နုန်းမြေကုန်းပြင်မြင့်မှ လူများတွင် တွေ့ရလေ့ရှိသော အမြင့်ပိုင်းဒေသ၏ နီမြန်းသည့် မျက်နှာအဆင်းအရောင်နှင့်ပင် တူနေလေတော့သည်။

"တစ်... တစ်ငုံလောက်ပဲ..."

ပိုင်ကျဲ့သည် ပုလင်းဝကို သူမ၏ ပါးစပ်နှင့် တေ့ကာ ခေါင်းကို နောက်သို့ ဆုတ်၍ တစ်ငုံခန့် သောက်လိုက်သည်။

ထို့နောက် သူမသည် ပုလင်းကို ဗီဒိုပေါ်သို့ အမြန်ပြန်တင်ထားလိုက်သည်။

တစ်ငုံခန့် သောက်ပြီးသည်နှင့် သူမ၏ ခန္ဓာကိုယ်မှာ မီးဖိုထဲတွင် ရှိနေသကဲ့သို့ ပူလောင်လာတော့သည်။

"အရမ်းပူတာပဲ..."

"အရမ်းကို ပူလောင်နေတာပဲ..."

"ဒါက ဘာအရက်ပါလိမ့်..."

ပိုင်ကျဲ့သည် သူမ၏ ဆွယ်တာအင်္ကျီကို ချွတ်လိုက်ရင်း နဖူးမှ ချွေးများကို သုတ်ကာ ပြောလိုက်သည်။

အပြင်ဘက်ရှိ အေးခဲနေသော ရာသီဥတုနှင့် မတူဘဲ အိမ်ထဲတွင် မီးဖိုတစ်ခု လောင်ကျွမ်းနေသဖြင့် နွေးထွေးနေကာ ဆွယ်တာအင်္ကျီ ဝတ်ထားလျှင်ပင် အအေးဒဏ်ကို မခံစားရပေ။

သို့သော် ဆေးရည်ကို အကြိမ်အနည်းငယ် အနံ့ခံပြီး တစ်ငုံခန့် သောက်ပြီးနောက် တစ်စုံတစ်ခု မှားယွင်းနေသကဲ့သို့ ခံစားလိုက်ရသည်။

ဤအရက်မှာ အလွန်ပြင်းလွန်းလှသည်။

ပိုင်ကျဲ့သည် သူမ၏ မျက်နှာနှင့် ခန္ဓာကိုယ်မှာ အလွန်ပူလောင်နေကြောင်း ခံစားရပြီး မျက်နှာမှာလည်း နီရဲကာ ပူထူနေလေသည်။

ပုရွက်ဆိတ် ရာပေါင်းများစွာက ခန္ဓာကိုယ်အနှံ့ တွားသွားနေသကဲ့သို့ ခံစားရပြီး မယုံနိုင်လောက်အောင် ယားယံနေတော့သည်။

"ရှောင်လန် …ရှောင်လန် နင်... နင် မြန်မြန် ဝင်လာခဲ့..."

ပိုင်ကျဲ့သည် လတ်ဆတ်သော လေကောင်းလေသန့် ရရှိရန် ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး ဆိတ်ကလီစာများကို ဆေးကြောနေသော လီလန့်ကို လှမ်းခေါ်လိုက်သည်။

အေးမြသောလေက သူမကို ပို၍ နေလို့ကောင်းသွားစေသည်။

"အစ်မ ဘာဖြစ်လို့လဲ..."

လီလန်သည် ပိုင်ကျဲ့၏ အသံမှာ ထူးဆန်းနေသည်ကို ကြားလိုက်ရသဖြင့် ဇလုံကို အမြန်ချထားကာ လက်မှ ရေများကို ခါထုတ်လိုက်ပြီး သူ၏ အိပ်ခန်းဆီသို့ ပြေးသွားလေသည်။

လီလန် အိပ်ခန်းထဲသို့ ဝင်လိုက်သည်နှင့် ဆွယ်တာအင်္ကျီကို ချွတ်ထားပြီး အင်္ကျီတစ်ထပ်တည်းသာ ဝတ်ဆင်ထားကာ မျက်နှာ နီရဲနေသော ပိုင်ကျဲ့ကို တွေ့လိုက်ရသည်။

"အစ်မ ဘာဖြစ်လို့လဲ..."

လီလန်သည် ဗီဒိုဆီသို့ လှည့်ကြည့်လိုက်ရာ သပ်ရပ်စွာ စီစဉ်ထားသော သမင်လိင်အင်္ဂါအရက်မှာ ယခုအခါ အခြားနေရာတစ်ခုသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

ပုလင်းအဆို့ကို ဖွင့်ထားလေပြီ။

"အစ်မ ကျွန်တော့်ရဲ့ သမင်လိင်အင်္ဂါအရက်ကို သောက်လိုက်တာလား..."

လီလန်က မေးလိုက်သည်။

"ဟင်..."

"အဲဒါက ဘာလဲ..."

ပိုင်ကျဲ့သည် ရှက်သွေးဖြာသွားပြီး သူမ၏ မျက်နှာမှာ ပို၍ပင် နီရဲလာတော့သည်။

"အမည်းရောင်နဲ့ ကြည့်မကောင်းတဲ့ အရာကလေ…အဲဒါ အဲဒါ..."

ပိုင်ကျဲ့၏ အသံမှာ တဖြည်းဖြည်း တိုးဝင်သွားလေသည်။

သူမသည် လီလန့်ကို ဆွဲဆောင်မှုရှိသော မျက်လုံးများဖြင့် ကြည့်ကာ ပါးစပ်များ ခြောက်သွေ့လျက် မေးလိုက်သည်။

"အခု… အခု ငါတို့ ဘယ်လိုလုပ်ကြမလဲ..."

အခြားဘာလုပ်နိုင်မည်နည်း။

"ဘယ်သူက အစ်မကို ကျွန်တော့်အရက်ကို ထိခိုင်းလို့လဲ..."

လီလန်သည် ပိုင်ကျဲ့၏ မျက်နှာအမူအရာကြောင့် ရယ်ချင်သွားလေသည်။

"ဒီအရက်ကို အရင်က မမြင်ဖူးလို့ စပ်စုချင်စိတ်နဲ့ တစ်ငုံလောက် သောက်ကြည့်လိုက်တာပါ..."

ပိုင်ကျဲ့က ခေါင်းငုံ့ကာ အနည်းငယ် နာကျင်နေပုံရသော အသံဖြင့် ပြောလိုက်သည်။

"တစ်ငုံတည်းလား… အဲဒီထက် ပိုမယ်ထင်တယ်နော်..."

လီလန်က နောက်ပြောင်လိုက်သည်။

"တကယ်ပြောတာ… ငါ…ငါ တကယ်ပဲ တစ်ငုံတည်း သောက်လိုက်တာပါ..."

အစ်မပိုင်ကျဲ့သည် သူမ၏ လက်ညှိုးတစ်ချောင်းကို ထောင်ပြလိုက်ရာ နားရွက်များမှာ နီရဲနေပြီး ဇနီးသည်ငယ်လေးတစ်ဦးပမာ ရှက်ရွံ့နေပုံရသည်။

ပိုင်ကျဲ့၏ မျက်နှာအမူအရာကို ကြည့်ရသည်မှာ လိမ်ညာနေပုံမရသဖြင့် လီလန်မှာ မအံ့ဩဘဲ မနေနိုင်တော့ပေ။

ဤသမင်လိင်အင်္ဂါအရက်၏ အာနိသင်မှာ အံ့မခန်း ကောင်းမွန်နေသည်လော။

ဤသည်မှာ ကျောက်ကပ်ကို အားဖြည့်ပေးခြင်းနှင့် အမျိုးသားစွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်းသာမကတော့ဘဲ ထိုထက်ပင် ပို၍ လွန်ကဲနေလေပြီ။

သို့သော် စဉ်းစားကြည့်ပါကလည်း အဓိပ္ပာယ်ရှိပေသည်။ ဤသမင်လိင်အင်္ဂါအရက်သည် မာလောင်တ၏ တန်ဖိုးထားရသော ပိုင်ဆိုင်မှုတစ်ခုဖြစ်ပြီး ပုလင်းအနည်းငယ်သာ ရှိလေသည်။ ၎င်းတွင် သမင်လိင်အင်္ဂါသာမက ဆိတ်ချိုနွယ်၊ ဂိုချီဘယ်ရီသီးနှင့် တရုတ်ဆေးမြစ်စသည့် အာဟာရဖြစ်စေသော တရုတ်တိုင်းရင်းဆေးဖက်ဝင် အပင်များစွာလည်း ပါဝင်ပေသည်။

ဤဆေးဖက်ဝင်အပင် တစ်မျိုးစီကို သီးခြားစီ စားသုံးပါကလည်း အလွန်အာဟာရဖြစ်စေသော အစားအစာတစ်ခု ဖြစ်သည်။

ထို့အပြင် ဤသည်မှာ ဆေးစိမ်အရက်ဖြစ်ပြီး ပိုင်ကျဲ့မှာလည်း အရက်သောက်နိုင်သူ မဟုတ်ပေ။ သူမသည် ငယ်စဉ်ကတည်းက တစ်အောင်စ၊ နှစ်အောင်စခန့် သောက်ရုံဖြင့်ပင် မူးဝေတတ်သူ ဖြစ်သည်။

ဤအချက်များအားလုံး ပေါင်းစပ်သွားသောအခါ သူမသည် ဆေးကျွေးခံထားရသူတစ်ဦးပမာ ပြုမူလာစေတော့သည်။

"ရှောင်…ရှောင်လန်…အစ်မ..အစ်မ နင့်ကို လိုချင်တယ်..."

ပိုင်ကျဲ့သည် ရုတ်တရက် ပြေးဝင်လာပြီး သူမ၏ ပူနွေးသော အသက်ရှူငွေ့များက လီလန်၏ လည်ပင်းကို ရိုက်ခတ်သွားလေသည်။

လီလန်သည် လက်ကို ဆန့်ထုတ်၍ ပိုင်ကျဲ့၏ သွယ်လျသော ခါးလေးကို ဖက်ထားလိုက်ပြီး သူမ၏ ရင်ဘတ်ဆီသို့ ငုံ့ကြည့်လိုက်ရာ နို့နံ့သင်းသင်းလေးကို ရရှိလိုက်သည်။

"ရက်အနည်းငယ်အတွင်းမှာပဲ နည်းနည်း ပိုကြီးလာတာပဲ..."

လီလန်က အံ့ဩသွားလေသည်။

မီးဖိုတစ်ခုပမာ ပူလောင်နေသော သူမ၏ ခန္ဓာကိုယ်သည် မြွေတစ်ကောင်ကဲ့သို့ လီလန့်အပေါ် လူးလွန့် လိမ်ကောက်နေတော့သည်။

"ရှောင်လန်… အစ်မကို နမ်းပါ…အစ်မကို နမ်းပါ..."

ပိုင်ကျဲ့၏ ဆွဲဆောင်မှုရှိသော နှုတ်ခမ်းနီနီလေးများသည် လီလန့် နားရွက်ဆီသို့ တိုးကပ်လာကာ သူ့ကို ကြက်သီးထသွားစေသည်။

လီလန်က တံခါးပိတ်ရန် ပြင်လိုက်ချိန်တွင် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။

"ရှောင်လန်…သမီးပိုင်ကျဲ့ အဆင်ပြေရဲ့လား..."

"ဘာမှမဖြစ်ပါဘူး…ဘာမှမဖြစ်ပါဘူး၊ အစ်မက ခြေကျင်းဝတ် နည်းနည်း လည်သွားလို့ပါ..."

လီလန်သည် ထိုစကားများကြောင့် လန့်ဖြန့်သွားကာ အော်ပြောလိုက်သည်။

သူသည် ပူလောင်နေသော ပိုင်ကျဲ့ကို တစ်ချက်ကြည့်လိုက်ပြီး ကုတင်ပေါ်သို့ ပွေ့ချီသွားလေသည်။

အိပ်ခန်းထဲမှ ထွက်ကာ တံခါးကို ပိတ်လိုက်သည်။

"သား သမီးလေး ခြေကျင်းဝတ် လည်သွားတာလား သူ အဆင်ပြေရဲ့လား..."

ထိုစဉ်အဘိုးကြီးက အတွင်းခန်းထဲသို့ ဝင်လာလေသည်။

"နည်းနည်းတော့ ဆိုးတယ် အိမ်မှာ လိမ်းဆေးမရှိဘူး ဒါပေမဲ့ အစ်မပိုင်ကျဲ့က သူ့ဆီမှာ ရှိတယ်လို့ ပြောတယ်၊ အဖေ သွားယူပေးလို့ ရမလား..."

"ကောင်းပြီ အဖေ အခုချက်ချင်း သွားလိုက်မယ်..."

လီတာ့ဟိုင်သည် ခေါင်းညိတ်လိုက်ပြီး သူ၏ အလုပ်များကို ချထားကာ ခြံထဲမှ အလျင်စလို ပြေးထွက်သွားလေသည်။

အဖေဖြစ်သူ ထွက်သွားသည်ကို မြင်သောအခါ လီလန်သည် သက်ပြင်းချလိုက်သည်။

“ဟူး..”

သူသည် သူ၏ အဝတ်အစားများအားလုံးကို အမြန်ချွတ်ချလိုက်ပြီး အိပ်ခန်းထဲသို့ ပြေးဝင်သွားတော့သည်။

All Chapters