← Chapters

အခန်း ၁၈၂

Vol. 19 Ch. 182

အခန်း ၁၈၂

Vol. 19 Ch. 182

အခန်း (၁၈၂) စက်ဘီး စီးတတ်သလား၊

လီလန်သည် သူ၏အိမ်တွင် လျှပ်စစ်မီးသီး သုံးလုံး တပ်ဆင်ခဲ့သည်

ဧည့်ခန်းဆောင်တွင် တစ်လုံး၊ သူ၏အိပ်ခန်းတွင် တစ်လုံးနှင့် အဖေ့အိပ်ခန်းတွင် တစ်လုံး တပ်ဆင်ထားခြင်း ဖြစ်သည်။

ညနေခင်းတွင် ဒုတိယညီမနှင့် အငယ်ဆုံးညီမတို့သည် ပညာတတ်လူငယ်ရုံးမှ ပြန်လာပြီးနောက် တောက်ပသော လျှပ်စစ်မီးရောင်အောက်၌ လက်ရေးလေ့ကျင့်ကာ အိမ်စာများကို လုပ်ကြလေသည်။

ဆက်လက်၍...

"ဘာ... မနက်ဖြန် ငါတို့ ဈေးသွားမယ်ဆိုတာ ဆရာမလုကို နင် ပြောလိုက်တယ်ပေါ့..."

ညစာစားပြီးနောက် ညီမနှစ်ယောက်က စားပွဲတွင် အိမ်စာများကို လုပ်နေကြသည်။

လီလန်သည် နောက်ဆုံးတွင် အိမ်၌ လျှပ်စစ်မီးရရှိအောင် ခက်ခဲသော အလုပ်တစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့လေသည်။ သူသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး နောက်နေ့တွင် ညီမနှစ်ယောက်ကို မြို့သို့ ခေါ်သွားကာ လမ်းလျှောက်ထွက်ရန် စီစဉ်ထားသည်။

တရုတ်နှစ်သစ်ကူးပွဲတော် ရောက်လာတော့မည်ဖြစ်၍ ဒေသခံဈေးသို့သွားကာ ကဗျာစာတန်းများ၊ ဗြောက်အိုးများနှင့် အခြားနှစ်သစ်ကူးပစ္စည်းများကို ဝယ်ယူရန်ဖြစ်သည်။

ဤကိစ္စကို လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက ညီမနှစ်ယောက်ကို သူ ပြောပြထားခဲ့ပြီး ဖြစ်သည်။

အဖေဖြစ်သူမှာ ခါးဒဏ်ရာရထားသဖြင့် လမ်းလျှောက်ရန် ခက်ခဲသောကြောင့် ဤတစ်ကြိမ် မြို့ပေါ်ရှိဈေးသို့ သွားရာတွင် သူရယ်၊ လီထျန်းနှင့် လီရွှယ်တို့သာ သွားကြမည် ဖြစ်သည်။

နောက်နေ့တွင် ဈေးသို့သွားမည်ဖြစ်၍ လီလန်သည် ဒုတိယညီမကို ဆရာမတုံနှင့် ဆရာမလုတို့ထံမှ ခွင့်တောင်းစေလိုခဲ့သည်။

ပညာတတ်လူငယ်မလေးသည် ညီမနှစ်ယောက် ကျောင်းသွားချိန်တွင် စောင့်ရှောက်ပေးနေပြီး ၎င်းမှာ နှစ်သစ်ကူးပွဲတော် မတိုင်မီ နှစ်ရက်အလိုအထိ ဆက်လက်ရှိနေမည်ဖြစ်ရာ မနက်ဖြန် အတန်းရှိနေသောကြောင့် ခွင့်တောင်းရမည် ဖြစ်သည်။

"ဟုတ်တယ်... ဆရာမလုက သူလည်း လိုက်မယ်လို့ ပြောတယ်..."

ဒုတိယညီမ လီထျန်းသည် ခေါင်းပင်မမော့ဘဲ ခဲတံဖြင့် စာရေးရင်း ပြန်ဖြေလိုက်သည်။

"ဆရာမလုလည်း လိုက်မယ်..."

"..."

လီလန်မှာ လုံးဝ ဇဝေဇဝါ ဖြစ်သွားတော့သည်။

မြို့သို့သွားရန် ကီလိုမီတာ သုံးဆယ်ရှည်လျားသော တောင်ပေါ်လမ်းကို ဖြတ်ရမည်ဖြစ်၍ ကျန်းဝေမင်ထံမှ စက်ဘီးတစ်စီး ငှားရမည်ဖြစ်သည်

ဤစက်ဘီးမှာ ရှေ့ဘားတန်းနှင့် နောက်ခုံပါရှိပြီး အများဆုံး လူနှစ်ယောက်သာ စီးနိုင်လေသည်။

ဆရာမလုပါ လိုက်မည်ဆိုလျှင် သူမအနေဖြင့် မည်သို့ လိုက်ပါရမည်ကို စဉ်းစားမရဖြစ်နေသည်။

"ဆရာမလုက မြို့ကို ဘာသွားလုပ်မှာလဲ..."

လီလန်က မေးလိုက်သည်။

သို့သော် မကြာမီမှာပင် သူ၏အမေးမှာ အဓိပ္ပာယ်မရှိကြောင်း သူ သိလိုက်ရသည်။

မိန်းမတစ်ယောက် မြို့ကိုသွားလျှင် ဘာလုပ်စရာရှိမည်နည်း။ အင်္ကျီလှလှလေးများ၊ ဖိနပ်လှလှလေးများနှင့် နှင်းဆီရေမွှေးအလှဆီ ဝယ်ရန်သာ ဖြစ်ပေမည်။

"မသိဘူးလေ... ဆရာမလုက ဘာမှမပြောဘူး... ဒါပေမဲ့ အစ်ကို မြို့ပေါ်ကဈေးကို သွားမယ်ဆိုတာ ကြားတာနဲ့ သူလည်း လိုက်ချင်တယ်လို့ ချက်ချင်း ပြောတာပဲ..."

လီထျန်းက တုံ့ဆိုင်းခြင်းမရှိဘဲ

ပြန်ဖြေလိုက်သည်။

"အော်... အဲဒီလိုလား..."

"အိမ်စာတွေကို မြန်မြန်လုပ်ပြီး အိပ်ကြတော့..."

"အစ်ကို... မီးသီးက တအားလင်းတာပဲနော်..."

"ဒါဆိုရင် စာလုံးသစ်တွေကို နောက်ထပ် အခေါက်ရေ နည်းနည်းလောက် ထပ်ကူးရေးလိုက်အုံး..."

"မရေးချင်ပါဘူး..."

"..."

နောက်တစ်နေ့တွင် လီလန်က စောစောထလေသည်။

သွားတိုက်၊ မျက်နှာသစ်ပြီး နံနက်စာ စားပြီးနောက် အချိန်ကျပြီဖြစ်ကြောင်း မြင်သဖြင့် ကျန်းဝေ့ကော်၏ အိမ်သို့ သွားလိုက်သည်။

ကျန်းဝေ့ကော်သည် ကျန်းဝေမင်၏ တူဖြစ်ပြီး သူတို့မိသားစုများမှာ အိမ်နီးချင်းများ ဖြစ်ကြသည်။

ကျန်းဝေ့ကော်၏ အိမ်သို့သွားခြင်းမှာ ကျန်းဝေမင်၏ အိမ်သို့သွားခြင်းနှင့် အတူတူပင် ဖြစ်သည်။

ကျန်းဝေမင်သည် မနေ့က မြို့သို့သွားခဲ့ပြီး ထိုနေရာတွင် ဘာသွားလုပ်ခဲ့မှန်း မသိရပေ။ သူ ပြန်လာသောအခါ မူးယစ်နေပြီး လမ်းဘေးရှိ မြောင်းထဲသို့ စက်ဘီးပေါ်မှ ပြုတ်ကျမတတ် ဖြစ်ခဲ့ရသည်။

ကံကောင်းထောက်မစွာဖြင့် သူသည် မပြုတ်ကျမီ လန့်နိုးသွားကာ စက်ဘီးလက်ကိုင်ကို ဆုပ်ကိုင်နိုင်ခဲ့သဖြင့် မြောင်းထဲသို့ ကျမည့်ဘေးမှ သီသီလေး လွတ်မြောက်သွားခဲ့သည်။

အရက်သောက်ပြီး စက်ဘီးမစီးရ။ အရက်သောက်လျှင် စက်ဘီးမစီးရပေ။

အလွန်အေးခဲသော ဆောင်းရာသီ၊ သုညအောက် အပူချိန် ဆယ်ဂဏန်းခန့်ရှိနေချိန်တွင် လူသူကင်းမဲ့သော နေရာ၌ ပြုတ်ကျခဲ့ပါက ရေခဲချောင်းအဖြစ် အေးခဲသွားပေလိမ့်မည်။

အလွန်အမင်း မူးယစ်နေသည့်တိုင်အောင် ကျန်းဝေမင် အိမ်သို့ ဘေးကင်းစွာ ပြန်ရောက်နိုင်ခဲ့ခြင်းမှာ အမှန်တကယ်ပင် ကောင်းချီးတစ်ခု ဖြစ်တော့သည်။

လီလန်သည် ကျန်းဝေမင်ထံမှ စက်ဘီးတစ်စီး ငှားလိုက်သည်။

"တူလေး... မင်း စက်ဘီး စီးတတ်ရဲ့လား... လမ်းက ချောတယ်... မချော်လဲစေနဲ့အုံး..."

လီလန် စက်ဘီးငှားပြီးနောက် ကျန်းဝေမင်သည် သူ့လိုမျိုး မြောင်းထဲသို့ ချော်ကျသွားမည်ကို စိုးရိမ်သဖြင့် ကမန်းကတန်း လိုက်သွားလေသည်။

"ဦးလေးဝေမင်... ဘာတွေ ပြောနေတာလဲ... ကျွန်တော်က စက်ဘီးမှ မစီးတတ်ရင် ဦးလေးဆီက ဘာလို့ ငှားရမှာလဲ..."

"ဒါကို စီးရတာက လွယ်တဲ့ကိစ္စပါ..."

ထိုသို့ပြောရင်း လီလန်သည် ခြေလှမ်းကျယ်ကျယ် လှမ်းကာ စက်ဘီး၏ နောက်ခုံတွင် ထိုင်လိုက်သည်။

လက်နှစ်ဖက်ဖြင့် စက်ဘီးကိုယ်ထည်ကို ဆုပ်ကိုင်ကာ စက်ဘီးကို ငြိမ်အောင်ထားပြီးနောက် ခြေထောက်ဖြင့် တွန်းထွက်လိုက်သည်။

"သွားကြစို့..."

စက်ဘီးအိုကြီးမှာ ရှေ့သို့ အံ့သြဖွယ်ကောင်းလောက်အောင် တည်ငြိမ်စွာ ချောမွေ့စွာ ရွေ့လျားသွားလေသည်။

ကျန်းဝေ့ကော်သည် မယုံနိုင်စွာ ကြည့်နေရင်း "အစ်ကိုလန် ဘယ်တုန်းက စက်ဘီးစီး သင်သွားတာလဲ..." ဟု အံ့သြတကြီး ထပ်ခါတလဲလဲ ရေရွတ်နေလေသည်။

ကျန်းဝေ့ကော်မှာ အံ့သြမှင်တက်သွားတော့သည်။

သူသည် အားလပ်ချိန်တိုင်း ဦးလေးဖြစ်သူ၏ စက်ဘီးအိုကြီးကို ခိုးစီးလေ့ရှိသော်လည်း မည်မျှပင် လေ့ကျင့်စေကာမူ စီးတတ်ရန် အဆင်မပြေခဲ့ပေ။

ရှောင်လန်သည် ပထမဆုံးအကြိမ် ကြိုးစားမှုမှာပင် စက်ဘီးစီးတတ်သွားခဲ့ခြင်း ဖြစ်လေသည်။

ဤသည်မှာ မည်သို့သော ပါရမီမျိုး ဖြစ်မည်နည်း။

အဘိုးကျန်းသည် မြေးဖြစ်သူ၏ ခေါင်းကို ရိုက်လိုက်ပြီး

“သူ့ကိုကြည့်စမ်း... ပြီးတော့ မင်းကိုယ်မင်း ပြန်ကြည့်အုံး... မင်း ဦးလေးရဲ့ စက်ဘီးကို ခိုးစီးတာ အကြိမ်နှစ်ဆယ်၊ သုံးဆယ်လောက်တော့ ရှိနေပြီ မဟုတ်လား..."

"အကြိမ်ကြိမ် ကြိုးစားပြီးတာတောင် မင်း နည်းစနစ်ကို မကျွမ်းကျင်သေးဘူး မဟုတ်လား..."

"မင်း ရှက်ရကောင်းမှန်း မသိဘူးလား..."

အဘိုးအို၏ ဆူပူမှုကို ခံရပြီးနောက် ကျန်းဝေ့ကော်သည် ရှက်ရွံ့မှုကြောင့် မျက်နှာနီရဲသွားလေသည်။ သူသည် နောက်သို့ ဆုတ်သွားပြီး ပြန်မပြောဝံ့တော့ချေ။ အဝေးသို့ ရောက်နေပြီဖြစ်သော လီလန်ကို လှမ်းကြည့်ရင်း မနာလိုစိတ်များ ပြည့်နှက်လာတော့သည်။

"ဟင်း... အဲ့ကောင်လေးက တော်တော်ကျွမ်းကျင်တာပဲ... အသုံးမကျတဲ့ ဝေ့ကော်ထက် အများကြီးသာတယ်..."

လီလန်က စက်ဘီးကို တည်ငြိမ်စွာ စီးသွားသည်ကိုကြည့်ရင်း ကျန်းဝေမင်သည် တူဖြစ်သူ ကျန်းဝေ့ကော်ကို မသိမသာ လှမ်းကြည့်လိုက်သည်။

သူသည် မင်း၏ ဦးလေးဖြစ်သည် မဟုတ်လော။ သူ ငါ၏စက်ဘီးကို ခိုးစီးသည်ဆိုလျှင် ငါက ဘယ်လိုလုပ် မသိဘဲ နေမည်နည်း။

မင်း၏ဦးလေးက အလွန်တရာ အစွမ်းထက်လှပေသည်။

"ဦးလေးကလည်း... စက်ဘီးစီးတာလေးများ ဘာအရေးကြီးလို့လဲ... အစ်ကိုလန် ပြန်လာရင် ကျွန်တော့်ကို သင်ပေးခိုင်းလိုက်မယ်..."

ကျန်းဝေ့ကော်က ခါးကို မတ်လိုက်ပြီး ခေါင်းမာစွာဖြင့် ပြောလိုက်သည်။

မည်သို့ပင်ဖြစ်စေ ရှောင်လန်က စက်ဘီးစီးတတ်နေပြီဖြစ်ရာ သူ့ကိုသာ သင်ခိုင်းလိုက်မည် ဖြစ်သည်။

အစ်ကိုလန်နောက်ကို လိုက်လျှင် အသားစားရမည်။ ဟင်းရည်သောက်ရမည်။ လျှပ်စစ်မီး သုံးရမည်ဖြစ်ပြီး စက်ဘီးစီးရန်ပင် သင်ယူနိုင်ပေမည်။

အလွန်ပျော်စရာကောင်းလှ၏။

"အသုံးမကျတဲ့ကောင်..."

အဘိုးကျန်းသည် မြေးဖြစ်သူ၏ ခေါင်းကို ထပ်မံရိုက်လိုက်ပြန်သည်။

ကျန်းဝေမင်သည် ခေါင်းခါမ်းလျက် မှတ်ချက်တစ်ခုပေးကာ အိပ်ရာဆက်အိပ်ရန် သူ၏အခန်းသို့ ပြန်သွားလေသည်။

“ငါတို့ ကျန်းမိသားစုက မင်းလို အသုံးမကျတဲ့ကောင်မျိုးကို ဘယ်လိုများ မွေးထုတ်လိုက်မိပါလိမ့်..."

ကျန်းဝေ့ကော်မှာ စကားပင် မဆိုနိုင်တော့ချေ။

သူက အစ်ကိုလန်ဖြစ်သည်။ တောဝက်ဘုရင်ကြီးကို သေနတ်သုံးချက်ဖြင့် သတ်ခဲ့ပြီး အမွှေးဖြူဝံပုလွေဘုရင်ကို ဓားတစ်ချက်တည်းဖြင့် သတ်ခဲ့သူ ဖြစ်သည်။ သူ့အနေဖြင့် မည်သို့ နှိုင်းယှဉ်နိုင်ပါမည်နည်း။

သူ့အနေဖြင့် ထိုသူနှင့် မည်သို့မျှမယှဉ်နိုင်ပေ။

အခြားတစ်ဖက်တွင်မူ လီလန်သည် သူ၏ ယခင်ဘဝက မှတ်ဉာဏ်များကို အားကိုးလျက် ကျန်းဝေမင်၏ စက်ဘီးအိုကြီးကို တည်ငြိမ်စွာ စီးနင်းကာ ရွာလမ်းလေးအတိုင်း အိမ်ဆီသို့ ဦးတည်သွားလေသည်။

အိမ်တံခါးဝသို့ မရောက်မီ ခပ်လှမ်းလှမ်းအကွာမှပင်…

ရင်းနှီးနေသော သူတစ်ယောက်ကို သူ မြင်လိုက်ရလေသည်။

All Chapters