← Chapters

အခန်း ၁၈၉

Vol. 19 Ch. 189

အခန်း ၁၈၉

Vol. 19 Ch. 189

အခန်း (၁၈၉) မြို့ကြီးပြကြီးတွင် ကြီးပြင်းလာသော ငှက်ကလေးတစ်ကောင်သည် တောင်ပေါ်ရွာလေးတွင် အသိုက်ဖွဲ့ပါ့မလား

ပိုင်ရှန်းမြို့နယ်၊ ကုန်စည်ထောက်ပံ့ရေးနှင့် ဈေးကွက်သမဝါယမအသင်း

လုအန်းနာသည် ဆံပင်ကို ကျစ်ဆံမြီးကျစ်ထားပြီး မိတ်ကပ်မလိမ်းခြယ်ထားဘဲ ဘွတ်ဖိနပ်အသစ်တစ်ရံကို ကိုင်ဆောင်ကာ အရပ်ရှည်ရှည်နှင့် ချောမောသော လူငယ်တစ်ဦး၏ အရှေ့၌ ရပ်နေလေသည်။

"အစ်ကိုလီ ဖိနပ်ချွတ်ပြီး စီးကြည့်ပါဦး ကွက်တိဖြစ်မလားဆိုတာကိုလေ..."

လုအန်းနာက ညင်သာစွာ ပြောလိုက်သည်။

လီလန်သည် သူမက ငွေနှင့် ဖိနပ်လက်မှတ်များကို ထုတ်၍ ဖိနပ်ဝယ်ပေးသည့် လုပ်ရပ်အပေါ် အတော်လေး အံ့အားသင့်သွားတော့သည်။

တိတိကျကျပြောရလျှင် သူသည် အံ့သြဝမ်းသာဖြစ်သွားပြီး ရင်ထဲတွင် နွေးထွေးသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။

ဤလောကတွင် မိန်းမကောင်းများ ရှိနေသေးသည်။

မိန်းမကောင်းတစ်ယောက်သည် မိမိ၏ အခက်အခဲများကို နားလည်ပြီး မိမိအပေါ်တွင် မည်သို့ ငွေကြေးသုံးစွဲရမည်ကို သိတတ်ပေသည်။

"ဆရာမလု ဒါက တန်ဖိုးကြီးလွန်းပါတယ်၊ မသင့်တော်ပါဘူး..."

လီလန်သည် ခေါင်းယမ်း၍ လက်ကို ကမန်းကတန်း ဝှေ့ယမ်းလိုက်သည်။

"ဆရာမမှာ ဒီဖိနပ်လက်မှတ်တစ်စောင်ပဲရှိတာကို ကျွန်တော့်အတွက် ဖိနပ်သစ်ဝယ်ပေးလိုက်ရင် ဆရာမအတွက်ကျတော့ ဘယ်လိုလုပ်မလဲ..."

လုအန်းနာသည် ယနေ့ သူနှင့်အတူ မြို့သို့ လိုက်လာခဲ့ခြင်းဖြစ်သည်။ ပညာတတ်လူငယ်များအတွက် နှစ်သစ်ကူးပစ္စည်းများ ဝယ်ယူခြင်းအပြင် သူမကိုယ်တိုင်အတွက်လည်း နှစ်သစ်ကူးတွင် ဝတ်ဆင်ရန် အဝတ်အစားနှင့် ဖိနပ်အသစ်များကို ဝယ်ယူလိုခြင်း ဖြစ်သည်။

သူမသည် ရှန်ဟိုင်းမှတစ်ဆင့် ကျေးလက်ဒေသဖြစ်သော ကျောက်ဘိုင်တောင်တန်းတွင် အလုပ်လုပ်ရန် ခရီးရှည်ကြီးကို ဖြတ်သန်းလာခဲ့ခြင်း ဖြစ်သည်။ ရွှမ်းရွှေရွာတွင် နှစ်ဝက်ကျော်ခန့် အလုပ်လုပ်ခဲ့ပြီးနောက် ငွေအနည်းငယ်နှင့် လက်မှတ်အချို့ကို စုဆောင်းထားနိုင်ခဲ့လေသည်။

လုအန်းနာတွင် ဖိနပ်လက်မှတ် တစ်စောင်သာ ရှိလေသည်။

လီလန်အတွက် ဖိနပ်သစ်ဝယ်ပေးလိုက်ခြင်းသည် သူမကိုယ်တိုင်အတွက် ဖိနပ်သစ်ဝယ်ရန် လက်မှတ် မရှိတော့ဟု အဓိပ္ပာယ်သက်ရောက်လေသည်။

လုအန်းနာ၏ လုပ်ရပ်များက လီလန်ကို အလွန်အမင်း စိတ်လှုပ်ရှားသွားစေခဲ့သည်။

"ကျွန်မ အဆင်ပြေပါတယ်၊ ရွှမ်းရွှေရွာကို မလာခင်ကတည်းက ဖိနပ်အများကြီး ယူလာခဲ့တာဆိုတော့ နောက်ထပ်တစ်ရံ မရှိလည်း ကိစ္စမရှိပါဘူး..."

လုအန်းနာက ခေါင်းယမ်းကာ ပြောလိုက်သည်။

"အစ်ကိုလီ မြန်မြန် ဖိနပ်ချွတ်ပြီး စီးကြည့်ပါဦး..."

သူမက တိုက်တွန်းလိုက်သည်။

လုအန်းနာသည် စကားပြောနေရင်း ဆောင့်ကြောင့်ထိုင်ချကာ ဖိနပ်အသစ်များကို လီလန်၏ ခြေထောက်နားတွင် ချထားပြီး သူ၏ဖိနပ်များကို ချွတ်ပေးရန် ပြင်လေသည်။

ထိုမြင်ကွင်းကို ကုန်စည်ထောက်ပံ့ရေးနှင့် ဈေးကွက်သမဝါယမအသင်းတွင် သွားလာနေကြသော ဖောက်သည်များနှင့် အမျိုးသမီး အရောင်းစာရေးမတို့ကပါ မြင်တွေ့သွားကြသည်။

အရောင်းစာရေးမသည် လီလန်ကို နောက်ပြောင်ကျီစယ်လိုက်သည်။

"ရဲဘော်လေး မင်းမိန်းမက မင်းကို တကယ်ချစ်တာပဲ မင်းအတွက် ဖိနပ်အသစ် ဝယ်ပေးနေတာကို ဘာလို့ ချက်ချင်း မစီးကြည့်တာလဲ..."

အရောင်းစာရေးမ၏ စကားကို ကြားလိုက်ရသောအခါ လုအန်းနာ၏ မျက်နှာမှာ နီရဲသွားပြီး နားရွက်များပါ ရဲတက်လာတော့သည်။ သူမသည် မြန်မြန်ဆန်ဆန် ခေါင်းယမ်းလိုက်ပြီး ထစ်အငေါ့ငေါ့ဖြင့် ရှင်းပြလေသည်။

"အို... မဟုတ်ပါဘူး ရှင်ထင်သလို မဟုတ်ပါဘူး အဲ့ဒီလို မဟုတ်ပါဘူး..."

"အစ်ကိုလီနဲ့ ကျွန်မရဲ့ ဆက်ဆံရေးကလေ... အဲ့ဒီလို ဆက်ဆံရေးမျိုး မဟုတ်ပါဘူး..."

"အို... အဲ့ဒီလို ဆက်ဆံရေးမျိုး မဟုတ်ဘူးဆိုတော့ မင်းက ဒီလူငယ်လေးကို တိတ်တိတ်လေး သဘောကျနေတာပေါ့..."

အရောင်းစာရေးမက ကောင်တာကို မှီ၍ နောက်ပြောင်လိုက်သည်။

ထိုစကားကို ကြားရသောအခါ လုအန်းနာ၏ မျက်နှာသည် ရှန်းရှီးပြည်နယ်မှ ဖူဂျီပန်းသီးနီများကဲ့သို့ ပို၍ပင် နီရဲသွားတော့သည်။ (ဖူဂျီပန်းသီးဆိုတာက ၁၉၃၀ ပြည့်လွန်နှစ်တွေမှာ ဂျပန်နိုင်ငံ၊ အာအိုမိုရီပြည်နယ်မှာ သုတေသနလုပ်ခဲ့ပြီး ၁၉၆၂ခုနှစ်မှာ ဈေးကွက်ထဲ စတင်မိတ်ဆက်တာပါတဲ့)

[ဒင်... လုအန်းနာ၏ နှစ်သက်ခြင်းအမှတ် +၂၀၀၀]

[ဒင်... လုအန်းနာ၏ နှစ်သက်ခြင်းအမှတ် +၂၀၀၀]

လုအန်းနာသည် ခေါင်းကို ငုံ့ထားပြီး လီလန်ကို မကြည့်ရဲတော့ပေ။

ထို့နောက် အရောင်းစာရေးမသည် လီလန်ဘက်သို့ လှည့်ကာ ပြောလေသည်။

"ရဲဘော် မင်းမှာ ဒီလောက် ဂရုစိုက်တတ်ပြီး ချစ်တတ်တဲ့ အဖော်မျိုး ရထားတာဆိုတော့ တန်ဖိုးထားဖို့ မှတ်ထားပါဦး..."

လီလန်၏ နှုတ်ခမ်းများမှာ မသိမသာ တွန့်ကွေးသွားပြီး အတင်းအကျပ် ပြုံးကာ ရှင်းပြလိုက်သည်။

"ရဲဘော်… ခင်ဗျား နားလည်မှုလွဲနေပြီ၊ ဆရာမလုနဲ့ ကျွန်တော်က သာမန်သူငယ်ချင်းတွေပါ..."

ထိုစကားကို ကြားလိုက်ရသောအခါ ခေါင်းငုံ့ထားသော လုအန်းနာသည် ရုတ်တရက် အထီးကျန်ဆန်သွားသကဲ့သို့ ဖြစ်သွားလေသည်။

"သာမန်သူငယ်ချင်းတွေပါတဲ့လား..."

ထင်ရှားသော မျက်နှာကျရှိသည့် အရပ်ရှည်ရှည်နှင့် ထိုအမျိုးသားကို ကြည့်ရင်း သူမသည် ရုတ်တရက် ဝမ်းနည်းမှုတစ်ခုကို ခံစားလိုက်ရသည်။

"ဆရာမလု ဖိနပ်တွေကို ပြန်ပေးလိုက်ပါ ဆရာမရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်..."

လီလန်က လုအန်းနာကို ကြည့်ကာ ပြောလိုက်သည်။

သူသည် လူမိုက်တစ်ယောက် မဟုတ်ပေ။ စနစ်၏ သတိပေးသံနှင့် လုအန်းနာက သူမ၏ တစ်ခုတည်းသော ဖိနပ်လက်မှတ်ကို အသုံးပြု၍ သူ၏အတွက် ဖိနပ်သစ်ဝယ်ပေးခြင်းတို့ကို ထောက်ရှုကြည့်လျှင် လုအန်းနာသည် သူ့အပေါ် စိတ်ဝင်စားနေကြောင်း ထင်ရှားနေလေသည်။

သို့သော် လုအန်းနာသည် ကျောက်ဘိုင်တောင်တန်းရှိ ကျေးလက်ဒေသသို့ အလုပ်လုပ်ရန် စေလွှတ်ခြင်းခံရသော မြို့မှ ပညာတတ်လူငယ်မလေးတစ်ဦးသာဖြစ်သည်။ သူမသည် သူတို့၏ ရွှမ်းရွှေရွာတွင် နှစ်အနည်းငယ်မျှသာ နေထိုင်ရမည်ဖြစ်သည်။

မြို့ကြီးပြကြီးတွင် ကြီးပြင်းလာကြသော ဤငှက်ကလေးများသည် နောက်ဆုံးတွင် မြို့သို့ ပြန်လည်ပျံသန်းသွားကြမည်သာ ဖြစ်သည်။ တောင်တန်းများနှင့် သစ်ပင်များသာရှိသော ဝေးလံခေါင်ဖျားသည့် တောင်ကြားရွာလေးများတွင် သူတို့ နေထိုင်ကြမည် မဟုတ်ပေ။

ရွာတွင် အခြေမချမည့် အမျိုးသမီးများသည် သင့်ကို မည်မျှပင် သဘောကျနေပါစေ သူတို့ ပြန်နိုင်သည့်အချိန်ရောက်လျှင် သင့်ကိုရော ထိုတောင်ပေါ်ရွာလေးကိုပါ စွန့်ပစ်သွားကြမည်သာဖြစ်သည်။

သူ၏ ယခင်ဘဝတွင် လီလန်သည် ဆင်းရဲသော ရွာလေးများတွင် နှစ်အနည်းငယ် နေထိုင်ပြီးနောက် မိမိတို့၏ ဇနီးနှင့် သားသမီးများကိုဖြစ်စေ၊ ခင်ပွန်းနှင့် သားသမီးများကိုဖြစ်စေ စွန့်ပစ်ကာ မြို့သို့ ပြန်သွားကြသည့် ပညာတတ်လူငယ် အများအပြားကို မြင်တွေ့ခဲ့ဖူးသည်။

ချမ်းသာကြွယ်ဝမှုနှင့် ဇိမ်ကျကျ နေထိုင်လိုမှုသည် လူသားတို့၏ သဘာဝပင် ဖြစ်လေသည်။

မိမိတို့ လာရာအရပ်သို့ မိမိတို့ နောက်ဆုံးတွင် ပြန်သွားကြရစမြဲပင်။

လုအန်းနာသည် ထိုသို့သော လူစားမျိုး ဟုတ်မဟုတ်ကို လီလန်က အာမမခံနိုင်ပေ။ ထို့ပြင် လုအန်းနာသည် သူနှင့် တကယ်တမ်း ပေါင်းဖက်သွားခဲ့လျှင်တောင်မှ နောက်ပိုင်းတွင် မြို့မှ သူမကို ပြန်ခေါ်ပါက သူမ ပြန်သွားမည်လား။ သို့မဟုတ် သူ၏အနားတွင် နေရစ်မည်လားဆိုသည်ကို သူ အာမမခံနိုင်ပါချေ။

မည်သို့မျှ အာမခံနိုင်မည် မဟုတ်ပေ။

အာမမခံနိုင်သည့်အတွက် ဤဖြစ်နိုင်ခြေကို အစကတည်းက ဖြတ်တောက်ပစ်လိုက်ခြင်းကသာ အကောင်းဆုံး ဖြစ်သည်။

လီလန်သည် လုအန်းနာနှင့် မတူပေ။ သူ၏ ဘိုးဘေးများသည် ကျောက်ဘိုင်တောင်ခြေတွင် မျိုးဆက်ပေါင်းများစွာ နေထိုင်ခဲ့ကြသည်။ ကျောက်ဘိုင်တောင်တန်းက သူ့ကို ကျွေးမွေးပြုစုခဲ့ပြီး သူ၏ ဘဝတစ်သက်တာလုံးတွင် ကျောက်ဘိုင်တောင်ခြေရှိ အိမ်ခြေအနည်းငယ်မျှသာရှိသော ထိုတောင်ပေါ်ရွာလေးတွင်သာ နေထိုင်ကာ အမဲလိုက်၊ ငါးဖမ်းရင်း သူ၏ ညီမနှစ်ယောက်ကို ပြုစုပျိုးထောင်ကာ ဖခင်ဖြစ်သူကို စောင့်ရှောက်သွားမည် ဖြစ်သည်။

ထိုအရာက အရေးအကြီးဆုံးကိစ္စဖြစ်သည်။

ရှန်ဟိုင်းကဲ့သို့သော မြို့ကြီးများနှင့် ပတ်သက်၍မူ သူ လုံးဝ ဆန္ဒမရှိပါချေ။

လုအန်းနာက သူ့အတွက် ရွှမ်းရွှေရွာတွင် အခြေချနေထိုင်မည်ဆိုလျှင်တော့ တစ်မျိုးပေါ့။

ထိုအခါ အမျိုးသမီး အရောင်းစာရေးမ အချို့သည် လုအန်းနာ၏ အမူအရာ ထူးဆန်းနေသည်ကို သတိထားမိသွားကြပြီး အသံနေအသံထားကို အမြန်ပြောင်းလဲလိုက်ကြသည်။

"ဒါတွေက ကျွန်မတို့ ကုန်စည်ထောက်ပံ့ရေးနှင့် ဈေးကွက်သမဝါယမအသင်းမှာ အရောင်းရဆုံး သိုးသားရေဘွတ်ဖိနပ်တွေပါ၊ မွန်ဂိုလီးယားစစ်စစ်က သိုးမွေးတွေနဲ့ လုပ်ထားတာဆိုတော့ အနွေးဓာတ်ထိန်းပေးတဲ့နေရာမှာ အထူးကောင်းမွန်ပါတယ်..."

" ကောင်လေး ဒီမိန်းကလေး စကားကိုနားထောင်ပြီး စီးကြည့်လိုက်ပါဦး..."

အရောင်းစာရေးမသည် ဘွတ်ဖိနပ်အသစ်များကို စိတ်အားထက်သန်စွာ အရောင်းမြှင့်တင်လေသည်။

လုအန်းနာသည် စကားတစ်ခွန်းမျှ မဟဘဲ ခေါင်းကို ငုံ့ထားကာ ဖိနပ်လက်မှတ်ဖြင့် လီလန်အတွက် သူမ ဝယ်ပေးထားသော ဘွတ်ဖိနပ်အသစ်များကိုသာ လှပသော မျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။

လီလန်သည် သက်ပြင်းချလိုက်သည်။

"ဆရာမလု ဒီဖိနပ်တွေက ဘယ်လောက်လဲ၊ ငွေနဲ့ လက်မှတ်ကို ကျွန်တော် ပြန်ပေးပါ့မယ်..."

စကားပြောနေရင်း လီလန်သည် သူ၏အိတ်ကပ်ထဲသို့ လက်နှိုက်ကာ ငွေနှင့် လက်မှတ်ကို ထုတ်ယူရန် ပြင်လိုက်သည်။

သူ့တွင် ဖိနပ်လက်မှတ်တစ်စောင် ကျန်ရှိနေသေးသဖြင့် လုအန်းနာကို ပြန်ပေးနိုင်လေသည်။

လုအန်းနာသည် ခေါင်းယမ်းလိုက်ပြီး မည်သို့ပင်ဖြစ်စေ လက်ခံရန် ငြင်းဆန်နေတော့သည်။

"အစ်ကိုလီ..."

သူမက စကားပြောရန် ပြင်လိုက်သည်။

ရုတ်တရက် ကုန်စည်ထောက်ပံ့ရေးနှင့် ဈေးကွက်သမဝါယမအသင်း၏ အဝင်ဝမှ တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်လေသည်။

"အန်းနာ..."

"အန်းနာ တကယ်ပဲ မင်းကိုး မြို့ကို ဘာကိစ္စနဲ့ လာတာလဲ..."

အရပ်ရှည်ရှည် လူတစ်ယောက်သည် ကုန်စည်ထောက်ပံ့ရေးနှင့် ဈေးကွက်သမဝါယမအသင်း၏ တံခါးခုံကို ကျော်ဖြတ်၍ ဝင်ရောက်လာလေသည်။

သူသည် တောင့်တင်းသန်မာပုံရပြီး မျက်ခုံးထူထူ၊ မျက်လုံးပြူးပြူးဖြင့် သူရဲကောင်းဆန်သော အသွင်အပြင်ရှိလေသည်။ သူသည် မုဆိုးတစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားကာ ခါးတွင် ဓားအိမ်တစ်အိမ်ကို တပ်ဆင်ထားပြီး လက်ထဲတွင် တောယုန်အချို့ကို ကိုင်ဆွဲထားသည်။

လီလန်သည် ထိုအမျိုးသားကို တစ်ချက် ကြည့်လိုက်ပြီး သူက လုအန်းနာကို သိနေသည်ကို မြင်သောအခါ အနည်းငယ် အံ့သြသွားလေသည်။

မည်သို့ပင်ဆိုစေကာမူ လုအန်းနာသည် ရှန်ဟိုင်းမှ ပညာတတ်လူငယ်မလေးတစ်ဦး ဖြစ်သည့်အတွက် အရှေ့မြောက်ပိုင်း ကျေးလက်ဒေသသို့ စေလွှတ်ခြင်းခံရသော သူမ၏ အတန်းဖော်များနှင့် သူငယ်ချင်းများစွာ ရှိနေနိုင်ပေသည်။ ဤ မုဆိုးသည် သူမ၏ အသိဟောင်းတစ်ယောက် ဖြစ်နိုင်ချေရှိလေသည်။

လီလန်သည် ထိုအမျိုးသား၏ နောက်ခံကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်လေသည်။

တောင်ပေါ်တွင် အချိန်အများစုကို အမဲလိုက်ရင်း ကုန်ဆုံးလေ့ရှိသော သူတို့ကဲ့သို့ မုဆိုးများသည် ဓားနှင့် သေနတ်များကို မကြာခဏ ကိုင်တွယ်ရလေ့ရှိသဖြင့် လက်များတွင် အသားမာများ တက်နေတတ်သည်။ တောင်တက်စဉ် ချွန်ထက်သော ချုံပုတ်များကြောင့် လက်မောင်းများတွင် ခြစ်ရာများ မကြာခဏ ရတတ်ပြီး လက်နှင့် မျက်နှာများတွင် ဒဏ်ရာရခြင်းမှာ သာမန်ကိစ္စရပ်တစ်ခုသာ ဖြစ်သည်။ နေပူမိုးရွာ မရှောင် သွားလာရသဖြင့် သူတို့၏ မျက်နှာအသားအရေမှာလည်း ပို၍ ကြမ်းတမ်းတတ်ပေသည်။

ဤမုဆိုး၏ လက်များတွင် အသားမာများ မရှိဘဲ သန့်ရှင်းသပ်ရပ်နေလေသည်။ သူသည် ဓားကိုင်၍ သေနတ်လွယ်ထားသော မုဆိုးတစ်ယောက်နှင့် လုံးဝ မတူပါချေ။

"သူတို့ကရော မြို့ကြီးပြကြီးတွေကလာတဲ့ ပညာတတ်လူငယ်တွေပဲလား..."

လီလန်က သုံးသပ်လိုက်သည်။

လုအန်းနာသည် တစ်စုံတစ်ယောက်က သူမကို ခေါ်လိုက်သံကို ကြားသောအခါ တံခါးပေါက်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။ ထိုသူကို မြင်လိုက်ရသောအခါ သူမ၏ လှပသော မျက်ခုံးများမှာ ချက်ချင်းပင် တွန့်ချိုးသွားပြီး မျက်နှာမှာလည်း အေးစက်သွားတော့သည်။

သူမသည် အေးစက်ကာ ခပ်ခွာခွာနေပုံရပြီး စောစောက လီလန်အား "အစ်ကိုလီ" ဟူ၍လည်းကောင်း၊ "အစ်ကိုလီ၊ ဒီဖိနပ်တွေကို စီးကြည့်ပါဦး" ဟူ၍လည်းကောင်း ခေါ်ဝေါ်ပြောဆိုခဲ့သည့်ပုံနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေလေသည်။

လီလန်၏ စိတ်များ အလျင်အမြန် အလုပ်လုပ်သွားပြီး လုအန်းနာ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို သူက ထက်မြက်စွာ သတိပြုမိလိုက်လေသည်။

"ကျွတ်... ကျွတ်... ဆရာမလုက သူ့ကို သိပ်သဘောကျပုံ မပေါ်ဘူးပဲ..."

All Chapters