← Chapters

အခန်း ၃၀၃

Vol. 31 Ch. 303

အခန်း ၃၀၃

Vol. 31 Ch. 303

အခန်း (၃၀၃)

မွေးနေ့ပွဲ

ယောင်ရန်သည် လုံယုက သူမအား မည်သည့်အကြောင်းကြောင့် လျှို့ဝှက်ထားသည်ကို သိလိုသဖြင့် စောင့်ဆိုင်းနေစဉ် အချိန်များမှာ သူမသတိမထားမိဘဲ ကုန်ဆုံးသွားခဲ့လေသည်။

နောက်တစ်နေ့တွင် ယောင်ရန်သည် အိပ်ရာမှ နောက်ကျမှ နိုးလာခဲ့၏။ သူမသည် မနေ့ညက သူမ၏ ချစ်သူ ဘာတွေ ကြံစည်နေသနည်း ဟု တွေးတောနေမိသောကြောင့် ညဉ့်နက်မှ အိပ်ပျော်ခဲ့ခြင်းဖြစ် လေသည်။

ရေချိုးပြီးနောက် သူမသည် ထမင်းစားခန်းသို့ သွားရန် ထွက်လာခဲ့လိုက်သည်။ ဧည့်ခန်းမှ ထွက်လာစဉ် မှာပင် စီမာချန်နန်နှင့် ရှောင်ပေါင်တို့ ရောက်ရှိလာကြ၏။ ရှောင်ပေါင်မှာ ဗီလာအပျက်အစီးများထဲမှ သူမ ကယ်တင်ခဲ့သော ကလေးငယ် ဖြစ်ပေသည်။

အသက်အရွယ်တူကြသော ကလေးနှစ်ဦးမှာ လျင်မြန်စွာပင် ခင်မင်သွားကြပြီး လက်ချင်းချိတ်ကာ သူမ ဆီသို့ စိတ်လှုပ်ရှားစွာ ပြေးလာခဲ့ကြလေသည်။ ယောင်ရန်မှာ ကလေးများနှင့် သိပ်မရင်းနှီးသော်လည်း ယနေ့တွင် သူမထံသို့ တကူးတက လာကြသည်ကို တွေ့ရသဖြင့် အံ့သြသွားမိလေ၏။

သူမက ကလေးများရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ကာ မေးလိုက်လေသည်၊

"သားတို့ ဒီမှာ ဘာလုပ်နေကြတာလဲ..."

စီမာချန်နန်က ပြန်ဖြေလေသည်..။

"အန်တီ... မေမေက ဘေးဘက် ခန်းမဆောင်မှာ အန်တီ့အကူအညီ လိုနေတယ်လို့ ပြောလိုက်လို့ပါ..."

ထိုစကားကို ကြားသောအခါ ယောင်ရန်သည် သူမ၏ အိတ်ကပ်ကို အကာအကွယ်ပြု၍ နေရာလွတ်ထဲမှ နို့သကြားလုံး အချို့ကို ထုတ်ယူကာ ကလေးများကို ကမ်းပေးလိုက်၏။

သူမသည် သူတို့၏ ဦးခေါင်းများကို အသာအယာ ပွတ်သပ်ပေးရင်း ပြောလိုက်လေသည်။

"အကြောင်းကြားပေးတဲ့အတွက် ကျေးဇူးပဲ... ဒီသကြားလုံးတွေက သားတို့အတွက်... ဒါပေမဲ့ တစ်နေ့ ကို တစ်လုံးပဲ စားရမယ်နော်..."

"ဟေး... ကျေးဇူးတင်ပါတယ် အန်တီ..."

စီမာချန်နန်နှင့် ရှောင်ပေါင်တို့သည် ချိုသာသော အသံလေးများဖြင့် အော်ဟစ်ကာ စိတ်လှုပ်ရှားသွားကြ လေသည်။

ကလေးငယ်များသည် သကြားလုံးများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း ဆော့ကစားရန် ပြေး ထွက်သွားခဲ့ကြလေ၏။ သူတို့ ထွက်သွားပြီးနောက် ယောင်ရန်သည် ဘေးဘက် ခန်းမဆောင်သို့ ဦးတည် လိုက်လေသည်။

လမ်းတစ်လျှောက်တွင် သူမသည် မျက်မှောင်ကြုတ်ကာ တိုးတိုးလေး ရေရွတ်နေမိခဲ့ပေသည်..

"အရမ်းကို တိတ်ဆိတ်နေတာပဲ... လူတွေအားလုံး ဘယ်ရောက်ကုန်တာလဲ..."

ဘေးဘက် ခန်းမဆောင်ထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် သူမသည် တစ်ခုခု ထူးခြားနေသည်ကို ခံစား လိုက်ရလေ၏။ သူမသည် ဗီဇအရ ခါးကြားရှ​ေ ဓားမြှောင်ကို ဆုပ်ကိုင်ရန် ပြင်လိုက်သော်လည်း ဤနေရာရှိ လူအားလုံးမှာ သူမ၏ မိတ်ဆွေများ ဖြစ်သည်ကို သတိရကာ လက်ကိုဖြုတ်လိုက်လေသည်။

“ဘုန်း...”

သူမ ဝေခွဲမရ ဖြစ်နေစဉ်မှာပင် သူမ၏ ဦးခေါင်းပေါ်မှ တစ်ခုခု ပေါက်ကွဲသွားပြီး အစအနများ ကျလာခဲ့ လေသည်။ ထို့နောက် တိတ်ဆိတ်နေသော ခန်းမဆောင်အတွင်းမှ ကြွေးကြော်သံများ ထွက်ပေါ်လာ တော့၏။

"မွေးနေ့မှာ ပျော်ရွှင်ပါစေ ယောင်ရန်..."

ဆုတောင်းသံများပြီးနောက် မီးများ လင်းလာခဲ့ရာ လူအားလုံး ထိုနေရာတွင် ရှိနေကြသည်ကို ယောင်ရန် တွေ့လိုက်ရလေသည်။

ယောင်ရန်သည် အလှဆင်ထားသော ခန်းမဆောင်ကို အံ့သြစွာ ကြည့်နေစဉ် သူမ၏ ချစ်သူမှာ မွေးနေ့ ကိတ်မုန့်ကို ကိုင်ဆောင်ကာ သူမထံသို့ လျှောက်လှမ်းလာနေသည်ကို တွေ့လိုက်ရလေ၏။ လုံယု၏ ချောမောသော မျက်နှာထက်တွင် ချစ်မြတ်နိုးဖွယ် အပြုံးတစ်ခု ရှိနေခဲ့လေသည်။

လုံယုက သူမရှေ့တွင် ရပ်ကာ ပြောလိုက်၏...။

"ရန်ရန်... ဆုတောင်းလိုက်ဦးလေ..."

ယောင်ရန်သည် သူ့ကို ခဏမျှ ငေးကြည့်နေပြီးမှ မျက်လုံးများကို မှိတ်ကာ ဆုတောင်းလိုက်လေသည်။ သူမ မျက်လုံးများ ပြန်ဖွင့်လိုက်ပြီး ဖယောင်းတိုင်များကို မှုတ်လိုက်ရာ မီးစာတိုင်များမှ မီးခိုးများ ထွက် ပေါ်လာခဲ့လေ၏။

စားပွဲရှည်ကြီးပေါ်ရှိ အလှဆင်မှုများနှင့် အစားအသောက်များကို မြင်သောအခါ လုံယုနှင့် အခြားသူ များသည် သူမအတွက် မွေးနေ့ပွဲကို လျှို့ဝှက် ပြင်ဆင်နေခဲ့ကြခြင်း ဖြစ်ကြောင်း သူမ သိလိုက်ရတော့ သည်။ သူမ၏ အဘိုးနှင့် မွေးစားအဘိုးအဘွားများမှလွဲ၍ သူမ၏ မွေးနေ့အတွက် ဤမျှ အားစိုက်ထုတ် ပေးကြသူမှာ ဤလူတစ်စုသည် ပထမဆုံးပင် ဖြစ်လေသည်။

လုံယုသည် ကိတ်မုန့်ကို စားပွဲပေါ်သို့ တင်လိုက်ပြီးနောက် သူမ၏ လက်ကို ကိုင်ကာပါးပြင်ကို အသာအ ယာ နမ်းလိုက်လေသည်။

"မွေးနေ့မှာ ပျော်ရွှင်ပါစေ ရန်ရန်... လွန်ခဲ့တဲ့ (၂၁) နှစ်က ဒီနေ့မှာ မွေးဖွားလာပေးတဲ့အတွက် ကျေးဇူးအ များကြီး တင်ပါတယ်...။"

သူက တိုးတိုးလေး ကပ်ပြောလိုက်လေသည်။

ယောင်ရန်သည် မျက်ဝန်းများ ဝင်းလက်စွာဖြင့် သူ့ကို မော့ကြည့်ကာ ပြုံးလိုက်၏...။

"ကျေးဇူးပါပဲ အာယု..."

ဟွမ်ချန်က ချောင်းတစ်ချက်ဟန့်ကာ ပြောလိုက်လေသည်... ။

"အဟမ်း…ကဲ... ယောင်ရန်လည်း ဆုတောင်းပြီးပြီဆိုတော့ အားလုံး စားကြရအောင်... ငါတော့ ဗိုက်အရမ်းဆာနေပြီ..."

ယောင်ရန်က သူတို့ကို ကြည့်ကာ နွေးထွေးစွာ ပြုံးပြလိုက်လေ၏...။

"အားလုံးကို ကျေးဇူးတင်ပါတယ်နော်..."

ရှီရွှမ်းက ရယ်မောကာ စနောက်လိုက်လေ၏...၊

"ကျေးဇူးတင်ချင်ရင် ခေါင်းဆောင်ကိုပဲ ကျေးဇူးတင်ပါ... သူ ဒီပွဲအတွက် နှစ်ရက်တောင် ပြင်ဆင်ခဲ့တာ လေ... ဒီစက္ကူ ပန်းပွင့်ဖတ်လေးတွေကိုလည်း သူကိုယ်တိုင် လုပ်ထားတာ... ကိတ်မုန့်ကိုလည်း သူကိုယ် တိုင် ဖုတ်ထားတာ..."

ရှီရွှမ်း၏ စနောက်မှုကို နားထောင်ရင်း ယောင်ရန်သည် သူမ၏ ချစ်သူကို ကြည့်ကာ စိတ်ရင်းဖြင့် ပြော လိုက်လေသည်...၊

"အာယု... ကျေးဇူးပဲနော်... ကျွန်မ အရမ်း ပျော်တာပဲ..."

သူမ၏ ပျော်ရွှင်နေသော မျက်နှာကို ကြည့်ရင်း လုံယုသည် ယနေ့ပွဲအတွက် လိုအပ်သည်များကို ရှာဖွေ ရာတွင် ကြုံတွေ့ခဲ့ရသော အခက်အခဲများမှာ တန်ဖိုးရှိလှသည်ဟု ခံစားလိုက်ရတော့သည်။

သူသည် ချစ်သူကို ဖက်လိုက်ရင်း ပြောလိုက်သည်၊

"ပွဲစကြရအောင်..."

လုံယု၏ ဦးဆောင်မှုဖြင့် လူတိုင်းသည် စကားစမြည်ပြောဆိုရင်း အစားအသောက်များကို သုံးဆောင် ကြတော့သည်။ ဘေးတွင် ရပ်နေသော ဟယ်ယွိဖန်သည် ယောင်ရန် ပျော်ရွှင်စွာ ပြုံးနေသည်ကို ကြည့်ကာ၊ပြောလိုက်လေသည်။

"ဥက္ကဋ္ဌယောင်သာ မြေးမလေး အခုလို ပျော်နေတာကို မြင်ရင် စိတ်အေးသွားမှာ သေချာတယ်..."

"အင်း..."

လီချန်ကျွင်းက ခေါင်းငြိမ့်ကာ ထောက်ခံလိုက်၏။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဟယ်ယွိဖန်က ပြောလိုက်လေသည်...၊

"ဦးလေးကု... အစ်ကိုချန်ကျွင်း... ကျွန်တော်တို့လည်း အတူတူ စားကြရအောင်..."

ကုကျောက်ယန်က ခေါင်းငြိမ့်ပြလိုက်လေ၏...၊

"ကောင်းပြီလေ..."

ထိုနေ့တွင် လူတိုင်းမှာ ရှားပါးလှသော အပန်းဖြေချိန်နှင့် အရသာရှိသော အစားအသောက်များကို သုံး ဆောင်ခဲ့ကြလေသည်။ ညနေပိုင်းတွင် လုံယုသည် ယောင်ရန်ကို သူမ၏ အခန်းထဲအထိ လိုက်ပို့ကာ အနက်ရောင် ဗူးလေးတစ်ဗူးကို ကမ်းပေးလိုက်လေသည်။

"ဒါက ဘာလဲဟင်..." ဟု ယောင်ရန်က စူးစမ်းစွာ မေးလိုက်သည်။

လုံယုက ပြုံးကာ ပြန်ဖြေလိုက်လေ၏...၊

"ဒါက မင်းအတွက် မွေးနေ့လက်ဆောင်လေ... ငါ ထွက်သွားပြီးမှ ဖွင့်ကြည့်နော်..."

ယောင်ရန်သည် ပို၍ စိတ်ဝင်စားသွားသော်လည်း နားထောင်မှုရှိစွာပင် ခေါင်းငြိမ့်ပြလိုက်လေ၏၊

"ကောင်းပါပြီ..."

လုံယုသည် သူမကို ခဏမျှ စိုက်ကြည့်နေပြီးနောက် အသာအယာ နမ်းလိုက်ကာ ပြောလိုက်လေသည်။

"ရန်ရန်... ကောင်းသောညပါ... ငါ့အကြောင်းကို အိပ်မက်မက်ဖို့ မမေ့နဲ့ဦးနော်..."

"ကောင်းသောညပါ အာယု..."

သူတို့နှစ်ဦး အချိန်အတော်ကြာ နမ်းရှိုက်ပြီးနောက် ယောင်ရန်သည် အခန်းထဲသို့ ဝင်ခဲ့လေသည်။ သူမ သည် ကုတင်ပေါ်တွင် ထိုင်ကာ ဗူးလေးကို သေချာစွာ ဖွင့်ကြည့်လိုက်ရာ အနီရောင် ကတ္တီပါစပေါ်တွင် တင်ထားသော စိန်စေ့စပ်လက်စွပ်တစ်ကွင်းကို တွေ့လိုက်ရလေသည်။

သူမ ခဏမျှ မှင်တက်သွားပြီးမှ လက်စွပ်ကို ယူ၍ သေချာစွာ ကြည့်လိုက်မိ၏။ လက်စွပ်၏ အတွင်း ဘက်တွင် သူမနှင့် လုံယု၏ အမည်များကို ထွင်းထားခဲ့ခြင်းဖြစ်လေသည်။ လက်ရာမှာ မညီမညာ ဖြစ်နေ သည်ကို ကြည့်ခြင်းဖြင့် လုံယုကိုယ်တိုင် ထွင်းထားခြင်း ဖြစ်ကြောင်း သိသာလှပေသည်။

ထိုအချက်ကို မြင်သောအခါ ယောင်ရန်မှာ စိတ်လှုပ်ရှားမှုကြောင့် မျက်ဝန်းများ နီမြန်းလာခဲ့တော့လေ သည်။

သူမသည် အသာအယာ ရယ်မောလိုက်ပြီး လက်စွပ်ကို သူမ၏ ဘယ်ဘက် လက်သူကြွယ်တွင် စွပ်လိုက် ရင်း တိုးမကျေမနပ်ဖြင့် တိုးတိုးလေး ရေရွတ်လိုက်လေသည်။

"သူကိုယ်တိုင် စွပ်ပေးသင့်တာကို..."

ယောင်ရန်၏ မွေးနေ့ပြီးနောက် လူတိုင်းမှာ မိမိတို့၏ လုပ်ငန်းဆောင်တာများကို ပြန်လည် လုပ်ဆောင် ကြတော့သည်။ အချိန်များ ကုန်ဆုံးသွားပြီးနောက် အပူချိန်မှာ (၂၅ )ဒီဂရီ ဆဲလ်စီးယပ်စ်တွင် တည်ငြိမ် သွားသဖြင့် အသက်ရှင်ကျန်ရစ်သူများမှာ အနားယူရန်နှင့် စားနပ်ရိက္ခာများ ပြန်လည် စုဆောင်းရန် အခွင့်အရေး ရရှိခဲ့ကြလေသည်။

နှစ်ပတ်ခန့် ကြာပြီးနောက် ယွမ်ရီဟွေးသည် သူတို့ထံသို့ ရုတ်တရက် ရောက်ရှိလာခဲ့၏။

ခန်းမဆောင်ရှိ စားပွဲရှည်ကြီးတွင် ထိုင်နေရင်း ယောင်ရန်က ယွမ်ရီဟွေး၏ ပြုံးရွှင်နေသော မျက်နှာကို ကြည့်ကာ မေးလိုက်လေ၏။

"ရှင်က ကျွန်မတို့ဆီကို ဒီအတိုင်း လာလည်တာတော့ မဟုတ်လောက်ဘူးနော်..."

ယွမ်ရီဟွေးက ရယ်မောကာ ပြန်ဖြေလိုက်လေသည်...။

"မင်းကို ဘာမှ ဖုံးကွယ်လို့ မရပါလားနော်... မင်းခန့်မှန်းတဲ့အတိုင်းပဲ... ငါ ဒီကို လာတာက မင်းတို့ဆီ လာလည်ရုံတင် မကဘူး... စီးပွားရေး အခွင့်အလမ်း တစ်ခုလည်း ယူလာခဲ့တယ်..."

ထိုစကားကြောင့် ယောင်ရန် စိတ်ဝင်စားသွားခဲ့လေ၏။

"ဘယ်လို စီးပွားရေးမျိုးလဲ..." ဟု သူမက မေးလိုက်လေသည်။

All Chapters