← Chapters

အခန်း ၃၀၆

Vol. 31 Ch. 306

အခန်း ၃၀၆

Vol. 31 Ch. 306

အခန်း (၃၀၆)

ကျောက်စိမ်းရူယိ

လုံယု၏ စကားကို ကြားသောအခါ ယွမ်ရီဟွေး၏ အိပ်ချင်စိတ်များမှာ ချက်ချင်းပင် ပျောက်ကွယ်သွား တော့၏။

ယာဉ်တန်းတွင် ကားများ ပိုမိုများပြားလာသည်ကို သတိပြုမိသောအခါ သူက တိုက်တွန်းလိုက်လေ သည်...။

"အစ်ကိုလုံ... မြန်မြန်သွားကြရအောင်... အခုမှ အမီမလိုက်နိုင်ရင် အထဲဝင်ဖို့ မွန်းလွဲပိုင်းအထိ စောင့်နေ ရလိမ့်မယ်..."

လုံယုသည် ယွမ်ရီဟွေး အဘယ်ကြောင့် ဤမျှ အလောတကြီး ဖြစ်နေရသည်ကို အပြည့်အဝ နားမလည် သော်လည်း ကားပေါ်သို့ ပြန်တက်ကာ အင်ဂျင်နှိုးလိုက်လေသည်။ မကြာမီမှာပင် ယွမ်ရီဟွေး၏ ကားနှင့် ကုန်တင်ကားတို့သည် ဘေးတံခါးရှိ တန်းစီနေသော ယာဉ်တန်းတွင် အခြားကားများနှင့်အတူ ဝင်ရောက် တန်းစီလိုက်ကြလေသည်။

သူတို့ တဖြည်းဖြည်း ရှေ့သို့ တိုးလာစဉ် ယောင်ရန် နိုးလာခဲ့လေသည်။ သူမသည် အိပ်ချင်မူးတူးဖြင့် မျက်လုံးများကို ပွတ်သပ်ကာ အက်ရှရှ အသံဖြင့် မေးလိုက်လေ၏...၊

"အာယု... တံခါးပွင့်ပြီလား..."

လုံယုသည် ရေသန့်ဗူးကို ဖွင့်ကာ သူမအား ကမ်းပေးရင်း ပြန်ဖြေလိုက်လေသည်...။

"အင်း... အခု အထဲဝင်ဖို့ တန်းစီနေတာလေ..."

ယောင်ရန်သည် လည်ချောင်း စိုစွတ်သွားအောင် ရေအနည်းငယ် သောက်လိုက်ပြီးနောက် အပြင် ဘက်သို့ လှမ်းကြည့်လိုက်၏။

သူတို့ အလှည့်ရောက်ရန် အချိန်အနည်းငယ် လိုသေးသည်ကို မြင်သောအခါ သူမသည် ပေါက်စီ အချို့ ကို ထုတ်ယူ၍ လုံယုအား ကမ်းပေးလိုက်လေသည်။ ပေါက်စီမှာ အနံ့အသက် ပြင်းပြင်းထန်ထန် မရှိ သဖြင့် အပြင်ဘက်တွင် စားသောက်ရန် အဆင်ပြေလှပေသည်။

နာရီဝက်ခန့် ထပ်မံ တန်းစီပြီးနောက် ယွမ်ရီဟွေး၏ အလှည့်သို့ ရောက်ရှိလာခဲ့၏။ ယောင်ရန်နှင့် လုံယု တို့သည် ယွမ်ရီဟွေးက စစ်သားတစ်ဦးနှင့် စကားပြောနေသည်ကို ကြည့်နေကြသည်။ သူက သူတို့၏ ကုန်တင်ကားဘက်သို့ လက်ညှိုးထိုးပြကာ ပြောဆိုပြီးနောက် စစ်သားသည် သူတို့ထံသို့ လျှောက်လှမ်း လာခဲ့လေသည်။

စစ်သားသည် ကားတံခါးဘေးတွင် ရပ်ကာ မေးလိုက်လေ၏...။

"ရဲဘော်... အလည်လာတာလား၊ ဒါမှမဟုတ် ဒီမှာပဲ အခြေချနေထိုင်ဖို့လား..."

လုံယုက တည်ငြိမ်စွာပင် ပြန်ဖြေလိုက်လေသည်...။

"ဈေးကို လာတာပါ..."

ပတ်ဝန်းကျင်တွင် အခြေစိုက်စခန်း ငယ်များနှင့် အလတ်စားများစွာ ရှိနေသဖြင့် စစ်သားသည် လုံယု၏ အဖြေကို သံသယ မဝင်ခဲ့ပေ။ သူက ခေါင်းငြိမ့်ပြကာ မေးလိုက်လေ၏...။

"နာမည် ဘယ်လိုခေါ်သလဲ..."

"လုံယု..."

လုံယုက ပြန်ဖြေလိုက်ပြီးနောက် ယောင်ရန်ဘက်သို့ ညွှန်ပြကာ ဆက်ပြောလေသည်... ။

"ဒါက ကျွန်တော့်ရဲ့ ချစ်သူ ယောင်ရန်ပါ..."

စစ်သားသည် သူတို့၏ အမည်များကို မှတ်တမ်းတင်နေစဉ်မှာပင် ရုတ်တရက် ရပ်တန့်သွား၏။ သူသည် လုံယုကို မယုံကြည်နိုင်သလို မော့ကြည့်ကာ မေးလိုက်လေသည်...။

"ခင်ဗျားက အထူးတပ်ဖွဲ့ရဲ့ ကပ္ပတိန်ဟောင်း လုံယုလား..."

လုံယု ပြန်မဖြေခင်မှာပင် စစ်သားသည် သူ့အား လျင်မြန်စွာ အလေးပြုလိုက်ပြီး ပြောလိုက်လေ၏...၊

"ကပ္ပတိန်လုံ... ကျွန်တော်က ကပ္ပတိန် တာဝန်ထမ်းဆောင်နေတုန်းက လေ့ကျင့်ပေးခဲ့တဲ့ စစ်သည်တွေ ထဲက တစ်ယောက်ပါ... အခုတော့ ကပ္ပတိန်လီရဲ့ လက်အောက်မှာ တာဝန်ကျနေပါတယ်... အခုလို ပြန် တွေ့ရတာ ဂုဏ်ယူမိပါတယ်..."

လုံယုက မျက်ခုံးအသာပင့်ကာ မေးလိုက်လေ၏...၊

"အဲဒါဆိုရင် မင်းက ဒုတိယတပ်မတော်က လီထျန်းယုရဲ့ လက်အောက်မှာပေါ့..."

စစ်သားက ပြန်ဖြေလေသည်...။

"ဟုတ်ကဲ့... ဒီလက ကျွန်တော်တို့ တံတိုင်းကို စောင့်ကြပ်ရမယ့် အလှည့်ပါ..."

သူသည် ရှေ့သို့ အနည်းငယ် တိုးလာကာ အသံကို နှိမ့်၍ ဆက်ပြောလိုက်လေသည်...၊

"အမှန်တော့ ကပ္ပတိန်လီက ကပ္ပတိန် လာရောက်လည်ပတ်မယ့် အချိန်ကို လွန်ခဲ့တဲ့ လအနည်းငယ် ကတည်းက စောင့်နေတာပါ... ကပ္ပတိန်လုံ... သူ့ကို သွားတွေ့ချင်လား..."

ဤအကြိမ် လာရောက်ခြင်းမှာ ရှေးဟောင်းပစ္စည်းများနှင့် ကျောက်စိမ်းများ ဝယ်ယူရန် ဖြစ်သော ကြောင့် လုံယုက ပြန်ဖြေလိုက်လေသည်...။

"ဒီကိစ္စတွေ ပြီးသွားရင်တော့ သူ့ဆီကို လာလည်ဖို့ အချိန်ရှာရမှာပေါ့..."

ထိုစကားကြောင့် စစ်သား၏ မျက်နှာမှာ ဝင်းလက်သွားကာ ပြောလိုက်လေ၏...။

"နားလည်ပါပြီ... ကပ္ပတိန်လီကို ဒီနေ့ ကပ္ပတိန် ရောက်လာတဲ့အကြောင်း သတင်းပို့လိုက်ပါ့မယ်..."

ထို့နောက် သူ၏ ရဲဘော်ဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်လေသည်...။

"သူတို့ကို အခမဲ့ ဖြတ်သန်းခွင့် ပေးလိုက်..."

"ဟုတ်ကဲ့ပါ..."

ဖြတ်သန်းခွင့်လက်မှတ် ရရှိပြီးနောက် လုံယုသည် စစ်သားကို ကျေးဇူးတင်စကား ပြောကြားကာ ကျွင်းချန် စစ်အခြေစိုက်စခန်း၏ ထူထဲမြင့်မားသော တံတိုင်းကြီးများကို ဖြတ်ကျော်၍ မောင်းနှင်လာ ခဲ့တော့သည်။

အခြေစိုက်စခန်းအတွင်းသို့ ရောက်ရှိလာသောအခါ ယောင်ရန်သည် အတိတ်ကို လွမ်းဆွတ်သော ခံစား ချက်ကို ရရှိလိုက်၏။ သူမ နောက်ဆုံးအကြိမ် လာရောက်ခဲ့သည်မှာ နှစ်အနည်းငယ်သာ ရှိသေးသော် လည်း ဝေဝါးနေသော အမှတ်ရစရာများကြောင့် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်သွားသလို သူမ ခံစား နေခဲ့ရလေသည်။

သူမ အတွေးများထဲတွင် နစ်မြောနေသည်ကို သတိပြုမိသောကြောင့် လုံယုသည် ဝင်ရောက် မနှောင့် ယှက်ဘဲ ယွမ်ရီဟွေး၏ နောက်မှ တိတ်တဆိတ် လိုက်ပါလာခဲ့လေသည်။

ကားသုံးစီး ယှဉ်မောင်းနိုင်လောက်အောင် ကျယ်ဝန်းလှသော လမ်းမကြီးအတိုင်း မောင်းနှင်လာစဉ် ကျွင်းချန် စစ်အခြေစိုက်စခန်း၏ အခင်းအကျင်းမှာ သူမ မှတ်မိနေသည်နှင့် ကွဲပြားနေကြောင်း ယောင်ရန် သတိပြုမိလိုက်လေသည်။

မိနစ်နှစ်ဆယ်ခန့် ထပ်မံ မောင်းနှင်ပြီးနောက် ယွမ်ရီဟွေးသည် သူ၏ ကားကို ဗီလာတစ်ခုရှေ့တွင် ရပ် လိုက်လေသည်။ လုံယုသည်လည်း ကုန်တင်ကားကို ထိုကားနောက်တွင် ရပ်လိုက်ပြီးနောက် သူနှင့် ယောင်ရန်တို့သည် လက်နက်များနှင့် ကျောပိုးအိတ်များကို ကိုင်ဆောင်ကာ အပြင်သို့ ထွက်လာခဲ့ကြ၏။

သူတို့ထံသို့ လျှောက်လာရင်း ယွမ်ရီဟွေးက ပြောလိုက်လေသည်...။

"အစ်ကိုလုံ... မယောင်ရန်... အထဲကို ကြွပါဦး..."

သူတို့နှစ်ဦးစလုံး ခေါင်းငြိမ့်ပြကာ ယွမ်ရီဟွေး၏ နောက်မှ ဗီလာအတွင်းသို့ လိုက်ပါသွားခဲ့ကြလေ၏။ အထဲတွင် ရှိနေကြသော လူများသည် ယွမ်ရီဟွေးကို မြင်သောအခါ တစ်ယောက်ပြီး တစ်ယောက် နှုတ်ဆက်ခဲ့ကြလေသည်...။

"အစ်ကိုယွမ်..."

ယွမ်ရီဟွေးသည် သူတို့ကို ပြန်လည် ခေါင်းငြိမ့်ပြရင်း ယောင်ရန်နှင့် လုံယုကို ဧည့်ခန်းဆောင်သို့ ခေါ် ဆောင်သွားခဲ့လေသည်။ ဧည့်ခန်းဆောင်သို့ ရောက်သောအခါ သူသည် လူငယ်တစ်ဦးကို ခေါ်ကာ ခိုင်းလိုက်၏...။

"ကောင်လေး... အစ်ကိုလုံနဲ့ မယောင်ရန်အတွက် ရေနဲ့ စားစရာတွေ ယူခဲ့ပေးဦး..."

လူငယ်က ခေါင်းငြိမ့်ပြကာ၊

"ဟုတ်ကဲ့ အစ်ကိုယွမ်..."

လူငယ်လေး ထွက်သွားပြီးနောက် ယွမ်ရီဟွေးက ပြောလိုက်လေသည်...၊

"အစ်ကိုလုံ... မယောင်ရန်... ခဏလောက် စောင့်ပေးပါဦး... ကျွန်တော် ရှေးဟောင်းပစ္စည်းတွေ သွားယူ လိုက်ပါဦးမယ်..."

လုံယုက ခေါင်းငြိမ့်ပြလိုက်လေ၏...၊

"ကောင်းပြီလေ..."

သူ အလောတကြီး ထွက်သွားသည်ကို ကြည့်ရင်း ယောင်ရန်နှင့် လုံယုတို့သည် နူးညံ့လှသော ဆိုဖာပေါ် တွင် ထိုင်လိုက်ကြ၏။ သူတို့ စောင့်ဆိုင်းနေစဉ်မှာပင် လူငယ်လေးသည် လက်ဖက်ရည်အိုးနှင့် အသစ် စက်စက် ဖုတ်ထားသော ပေါင်မုန့် တစ်ပန်းကန်ကို ယူဆောင်လာခဲ့လေသည်။ သူသည် လက်ဖက်ရည် ငှဲ့ပေးကာ စားပွဲပုလေးပေါ်တွင် ပေါင်မုန့်ပန်းကန်ကို တင်ပေးပြီးနောက် လျင်မြန်စွာပင် ထွက်ခွာသွား ခဲ့လေတော့သည်။

ကျယ်ဝန်းလှသော ဧည့်ခန်းဆောင်အတွင်း သူတို့နှစ်ဦးတည်း ကျန်ရှိသောအခါ ယောင်ရန်သည် လက် ဖက်ရည်ကို သောက်ကာ ပေါင်မုန့်တစ်တုံးကို ယူ၍ စားကြည့်လိုက်၏။ အရသာကို ခံစားကြည့်ပြီး နောက် သူမက မှတ်ချက်ပေးလိုက်လေသည်...။

"ဒီပေါင်မုန့်ကို ဖုတ်တဲ့လူက တကယ့်ကို လက်ရာကောင်းတာပဲ..."

သူ၏ ချစ်သူ လက်ဖက်ရည်နှင့် ပေါင်မုန့်ကို နှစ်သက်စွာ သုံးဆောင်နေသည်ကို မြင်သောအခါ လုံယု သည် ပေါင်မုန့်ပန်းကန်ကို သူမအနားသို့ ပိုတိုးပေးလိုက်ပြီး သူမ၏ လက်ဖက်ရည်ခွက်ကိုလည်း အမြဲ ပြန်ဖြည့်ပေးနေခဲ့လေသည်။

ယွမ်ရီဟွေးသည် ရှေးဟောင်းပစ္စည်း သေတ္တာများကို သယ်ဆောင်၍ ပြန်ရောက်လာသည့် အချိန်တွင် ယောင်ရန်မှာ ပေါင်မုန့်နှစ်တုံး စားပြီး၍ လက်ဖက်ရည် အတော်များများ သောက်ပြီးနေပြီ ဖြစ်၏။

"သေတ္တာတွေကို ဖွင့်လိုက်ကြ..." ဟု ယွမ်ရီဟွေးက အမိန့်ပေးလိုက်လေသည်။

သူ၏ လူများက သေတ္တာများကို ဖွင့်လိုက်ကြစဉ် ယွမ်ရီဟွေးသည် ရှည်လျားသော ဗူးငယ်လေး တစ်ဗူး ကို ထုတ်ယူလိုက်၏။ သူသည် လုံယုနှင့် ယောင်ရန်၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး ဗူးကို ဖွင့်ကာ ယောင်ရန်၏ ရှေ့တွင် ချပေးလိုက်လေသည်။

ယောင်ရန်သည် ကျောက်စိမ်းရူယိကို မြင်လိုက်ရသောအခါ အံ့သြလွန်းသဖြင့် မျက်ဝန်းများ ဝိုင်းစက် သွားတော့၏။ သူမသည် ၎င်းကို ယူလိုက်ပြီး သေချာစွာ စစ်ဆေးကြည့်လိုက်လေသည်။

ရူယိ တစ်ခုလုံးကို သိုးဆီကျောက်စိမ်း တစ်တုံးတည်းမှ ထွင်းထုထားခြင်း ဖြစ်၏။ ထိပ်ပိုင်းတွင် ရစ်ပတ် နှောင်ဖွဲ့ထားသော နဂါးနှစ်ကောင်မှာ နဂါးပုလဲလုံး တစ်လုံးကို အလယ်တွင် ကိုင်ဆောင်ထားကြ လေသည်။

ရူယိ၏ ကိုယ်ထည်ပေါ်တွင်မူ မင်္ဂလာရှိသော တိမ်တိုက်များနှင့် အတောင်ပံများ ဖြန့်ကားနေသော ဖီးနစ် ငှက်တစ်ကောင်ကို အနုစိတ် ထွင်းထုထားလေ၏။ အနားသတ်များနှင့် ထွင်းထုထားသော နေရာများကို ရွှေရောင်များဖြင့် အလှဆင်ထားသဖြင့် ကြည့်ရသည်မှာ အလွန်ပင် ခန့်ညားထည်ဝါပြီး တင့်တယ်လှပ လွန်းလှပေသည်။

All Chapters