← Chapters

အခန်း ၃၀၇

Vol. 31 Ch. 307

အခန်း ၃၀၇

Vol. 31 Ch. 307

အခန်း (၃၀၇)

ရှားပါးသော အခွင့်အရေး

ယောင်ရန်က ရူယိကို သဘောကျစွာ ကြည့်နေစဉ် ယွမ်ရီဟွေးက ရှင်းပြလေသည်...၊

"မယောင်ရန်... ဒီကျောက်စိမ်းရူယိက သက်တမ်း လေးထောင်ကျော် ရှိနေပါပြီ... ဒါကို ဖုမိသားစုက မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်း အမွေထိန်းသိမ်းလာခဲ့တာပါ... ပိုင်ရှင် ပြောပြချက်အရဆိုရင် ရှေးဟောင်းမင်းဆက်တစ်ခုရဲ့ ဧကရာဇ်က ရာဇပလ္လင်ထက်သို့ တက်လှမ်းခြင်းမှာ ဖုမျိုးနွယ်စုက ကူညီ ပေးခဲ့လို့ ဂုဏ်ပြုဆုအဖြစ် ချီးမြှင့်ခံခဲ့ရတာလို့ သိရပါတယ်..."

ယောင်ရန်သည် ကျောက်စိမ်းရူယိကို ၎င်း၏ ဗူးအတွင်းသို့ ပြန်လည် ထည့်သွင်းလိုက်ပြီးနောက် ယွမ်ရီဟွေး ကို ကြည့်ကာ မေးလိုက်လေ၏..၊

"ဒီကျောက်စိမ်းရူယိအတွက် သူက ဘာတွေနဲ့ လဲလှယ်ချင်တာလဲ..."

ယွမ်ရီဟွေးသည် စက္ကူတစ်ရွက်ကို ထုတ်ယူ၍ စားပွဲပုလေးပေါ်တွင် တင်ပေးလိုက်ရင်း ပြောလေ သည်...။

"ဒါက ကျွန်တော့်ရဲ့ ဖောက်သည်တွေ လိုချင်တဲ့ ပစ္စည်းစာရင်းပါ... မယောင်ရန်... တစ်ချက်လောက် ကြည့်ပေးပါဦး..."

ယောင်ရန်သည် စက္ကူကို ယူ၍ စာရင်းကို အသေအချာ ဖတ်ကြည့်လိုက်၏။ လိုအပ်သည့် ပစ္စည်းအများ စုမှာ အစားအသောက်နှင့် ဆေးဝါးများ ဖြစ်နေသည်ကို သတိပြုမိသဖြင့ သူမက ဆိုလေသည်..။

"အစားအသောက်နဲ့ တခြား ပစ္စည်းတွေကိုတော့ ကျွန်မ ပေးနိုင်ပါတယ်... ဒါပေမဲ့ ဆေးဝါးအတွက် ကတော့ ဒီစာရင်းထဲမှာ ပါတဲ့ ပမာဏရဲ့ ငါးရာခိုင်နှုန်းပဲ ကျွန်မ ပေးနိုင်မယ်..."

ထိုစကားကို ကြားသောအခါ ယွမ်ရီဟွေးသည် မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့လေ၏...၊

"မယောင်ရန်... ငါးရာခိုင်နှုန်းဆိုတာ အရမ်း မနည်းလွန်းဘူးလား... ကျွန်တော့်ရဲ့ ဖောက်သည်တွေက ဒီ ဈေးနှုန်းကို သဘောတူလိမ့်မယ် မထင်ဘူး... ပြီးတော့ နောက်မှ ဆေးဝါးတွေကို ခွဲဝေပေးဖို့ကလည်း ကျွန်တော့်အတွက် အခက်တွေ့နိုင်လို့ပါ..."

ယောင်ရန်က ခဏမျှ စဉ်းစားပြီးနောက် ပြန်လည် ဖြေလိုက်လေသည်...၊

"ရှင့်ရဲ့ စိုးရိမ်မှုကို ကျွန်မ နားလည်ပါတယ်... ဒါပေမဲ့ ဆေးဝါးထုတ်လုပ်မှု ရပ်တန့်သွားတာ တစ်နှစ်နီးပါး ရှိနေပြီဆိုတာ ရှင်လည်း သိတာပဲ... အခု ဈေးကွက်ထဲမှာ ရှိနေတဲ့ ဆေးဝါးအများစုကလည်း သက်တမ်း ကုန်နေတာ ဒါမှမဟုတ် အာနိသင် မရှိတော့ဘူးလေ..."

"ထုတ်လုပ်မှုတွေ ဘယ်တော့ ပြန်စမလဲဆိုတာလည်း ကျွန်မတို့ မသိနိုင်ဘူး... ကျွန်မနဲ့ ကျွန်မရဲ့ သူငယ် ချင်းတွေအတွက်လည်း ဆေးဝါးတချို့ ချန်ထားဖို့ လိုတယ်... ဒီစာရင်းထဲက ငါးရာခိုင်နှုန်း ပေးမယ်ဆို တာတောင် ကျွန်မဘက်က အတတ်နိုင်ဆုံး ပေးတာပါ..."

သူမ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ယွမ်ရီဟွေးသည် အတွေးနက်ကာ တိတ်ဆိတ်သွားခဲ့လေ ၏။ ယောင်ရန်ကလည်း သူ့ကို နှောင့်ယှက်ခြင်း မပြုဘဲ သူမ၏ လက်ဖက်ရည်ကိုသာ အေးအေး ဆေးဆေး သောက်နေလိုက်လေသည်။

ခဏအကြာတွင် ယွမ်ရီဟွေးက ပြောလိုက်လေသည်...၊

"မယောင်ရန်... အစ်မက ဆေးဝါး ငါးရာခိုင်နှုန်းပဲ ပေးနိုင်မယ်ဆိုရင်တော့ ဒီရှေးဟောင်းပစ္စည်း ပိုင်ရှင်က အရောင်းအဝယ်ကို ဖျက်သိမ်းလိုက်နိုင်တယ်... အဲဒါကြောင့်..."

သူက စကားကို အဆုံးမသတ်သော်လည်း ယောင်ရန်က သူ ဘာကို ဆိုလိုသည်ကို နားလည်ပေသည်။

ယောင်ရန်သည် သူမ၏ နေရာလွတ်ကို အမြန်ဆုံး အဆင့်မြှင့်တင်ရန်အတွက် ရှေးဟောင်းပစ္စည်းများ လိုအပ်နေ၏။ သူမ၏ နေရာလွတ်မှာ အမြင့်ဆုံးအဆင့်သို့ မရောက်မီ နောက်ဆုံးအကြိမ် အဆင့်မြှင့် တင်ခြင်း တစ်ခုသာ ကျန်ရှိတော့သည်ဟု သူမ ခံစားနေခဲ့ရလေသည်။

ဤအရောင်းအဝယ်အတွက် လုံလောက်သော ဆေးဝါးများ သူမထံတွင် ရှိနေသော်လည်း ထုတ်ပေးရန် ယောင်ရန် တွန့်ဆုတ်နေမိခြင်းဖြစ်လေသည်။ လိုအပ်သည့် ပမာဏမှာ အလွန်များပြားလှသဖြင့် မသမာ သူ တစ်ဦးဦးက သူမထံတွင် ရှေးဟောင်းပစ္စည်းများနှင့် လဲလှယ်နိုင်သော ဆေးဝါးများစွာ ရှိသည်ကို သိ သွားပါက၊ သူမတွင် ပိုမို၍ ဝှက်ထားသည်ဟု

ယူဆကာ သူမအား ပစ်မှတ်ထားလာနိုင်ပေသည်။ သို့သော်လည်း ဤရှားပါးသော အခွင့်အရေးကို သူမ လက်လွှတ်မခံလိုပေ။

ဟိုင်ချန် ကမ်းခြေကို ဆူနာမီ လှိုင်းကြီးများ ရိုက်ခတ်ပြီးနောက် ကမ္ဘာတစ်ဝှမ်းတွင် ငလျင်များ ပိုမို ဖြစ် ပွားလာခဲ့လေ၏။

ထိုငလျင်ငယ်များ ဖြစ်ပွားသည့် အကြိမ်အရေအတွက်မှာ တစ်ခုနှင့်တစ်ခု ပိုမို စိပ်လာခဲ့ရာ၊ ယောင်ရန် က မကြာမီ အနာဂတ်တွင် ဤပေဖန်းပြည်နယ်၌ အင်အားပြင်း ငလျင်ကြီးတစ်ခု ဖြစ်ပွားလာနိုင်သည်ဟု ခန့်မှန်းထားခဲ့လေသည်။ ထိုအချိန်ရောက်ပါက ရှေးဟောင်းပစ္စည်းများ အားလုံးမှာ အပျက်အစီးများ အောက်တွင် နစ်မြုပ်သွားခြင်း၊ သို့မဟုတ် ရှုပ်ထွေးမှုများကြားတွင် ပျောက်ဆုံးသွားခြင်းတို့ ဖြစ်သွားနိုင် ပေသည်။

အကျိုးအမြတ်ကို ချိန်ဆပြီးနောက် သူမသည် ယွမ်ရီဟွေးကို ကြည့်ကာ ပြောလိုက်လေ၏...။

"ကျွန်မ အများဆုံး ဆယ့်ငါးရာခိုင်နှုန်းအထိ ပေးနိုင်ပါတယ်..."

သူမက ကမ်းလှမ်းချက်ကို ဆယ်ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးလိုက်သဖြင့် ယွမ်ရီဟွေးသည် ထပ်မံ၍ ဈေးမဆစ်တော့ဘဲ လက်ခံလိုက်လေသည်။

"သဘောတူပါတယ်..."

ညှိနှိုင်းမှု ပြီးဆုံးသွားသောအခါ ယောင်ရန်က ပြောလိုက်လေသည်...၊

"အရင်ဆုံး ရှေးဟောင်းပစ္စည်းတွေကို ကျွန်မ စစ်ဆေးကြည့်ချင်တယ်..."

"ကောင်းပါပြီ..."

ယောင်ရန် ရှေးဟောင်းပစ္စည်းများကို စစ်ဆေးနေစဉ် လုံယုက ပြောလိုက်လေ၏...၊

"အစ်ကိုယွမ်... ပစ္စည်းတွေကို စပြီး ချကြရအောင်..."

ယွမ်ရီဟွေးက ခေါင်းငြိမ့်ပြကာ သူ၏ လူနှစ်ဦးကို ညွှန်ကြားလိုက်သည်...၊

"မင်းတို့နှစ်ယောက် မယောင်ရန် ရွေးချယ်လိုက်တဲ့ ရှေးဟောင်းပစ္စည်းတွေကို သေချာ ထုပ်ပိုးပေး လိုက်..."

"ဟုတ်ကဲ့ အစ်ကိုယွမ်..."

ထို့နောက် ယွမ်ရီဟွေးက လုံယုဘက်သို့ လှည့်ကာ ပြောလေသည်။

"အစ်ကိုလုံ... ကြွပါ..."

လုံယုသည် ယောင်ရန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပစ္စည်းများ ချရန်အတွက် ယွမ်ရီဟွေး၏ နောက်မှ လိုက်ပါသွားခဲ့လေသည်။ ပစ္စည်းအားလုံးကို ရွှေ့ပြောင်းကာ ရေတွက်ရန် နှစ်နာရီခန့် ကြာမြင့် ခဲ့လေသည်။

ယွမ်ရီဟွေး၏ လူများက နောက်ဆုံး ရှေးဟောင်းပစ္စည်း သေတ္တာကို ကုန်တင်ကားပေါ်သို့ တင်၍ တံခါး ကို ပိတ်လိုက်သောအခါ လုံယုက ယွမ်ရီဟွေးကို ပြောလိုက်လေသည်။

"အစ်ကိုယွမ်... ကျွန်တော်တို့ တခြား လုပ်စရာ ကိစ္စတွေ ရှိသေးလို့ အခုပဲ ခွင့်ပြုပါဦး..."

ယွမ်ရီဟွေးသည် မူလက သူတို့ကို နေ့လယ်စာ ကျွေးရန် စီစဉ်ထားသော်လည်း သူတို့တွင် အခြား ကိစ္စ များ ရှိနေသည်ကို ကြားသောအခါ ပြုံး၍ နှုတ်ဆက်လိုက်လေသည်။

"ကောင်းပါပြီ... နောက်မှ ပြန်တွေ့ကြတာပေါ့..."

"နောက်မှ ပြန်တွေ့မယ်..."

ကုန်တင်ကား မောင်းထွက်သွားသည်ကို ကြည့်ရင်း ယွမ်ရီဟွေးက အမိန့်ပေးလိုက်လေ၏...၊

"ရှေးဟောင်းပစ္စည်းတွေ ရောင်းလိုက်ပြီဖြစ်ကြောင်း ငါတို့ရဲ့ ဖောက်သည်တွေကို သတင်းသွားပို့လိုက်... ပြီးတော့ လိုအပ်တဲ့ ပစ္စည်းတွေကို လာယူဖို့ ပြောလိုက်ဦး..."

"ဟုတ်ကဲ့ အစ်ကိုယွမ်..."

သူ၏ လူများမှာ အမိန့်ကို နာခံကာ တာဝန်ကို ချက်ချင်းပင် လုပ်ဆောင်ကြတော့သည်။

ကုန်တင်ကား၏ ရှေ့ခန်းတွင် ထိုင်နေသော ယောင်ရန်က မေးလိုက်လေ၏...၊

"အာယု... ရှင် ကပ္ပတိန်လီ ဆီကို သွားတွေ့မလို့လား..."

လုံယုက ခေါင်းငြိမ့်ပြလိုက်လေ၏...၊

"အင်း... ဟူပင်းရေကန်မှာတုန်းက သူ ငါ့ကို ပေးခဲ့တဲ့ သတိပေးချက်ကို မင်း မှတ်မိလား..."

ယောင်ရန်က ခဏမျှ စဉ်းစားကြည့်ရာ၊ ကျွင်းချန် စစ်အခြေစိုက်စခန်း၏ ပထမအဆင့် တည်ဆောက် ရေး မပြီးမချင်း အထဲသို့ မဝင်လာရန် လီထျန်းယုက လုံယုကို အကြံပေးခဲ့သည်ကို သတိရသွားခဲ့၏။

"ကျွန်မ မှတ်မိပါတယ်..." ဟု သူမက ဆိုလေသည်။

"လီထျန်းယုက ငါ့ကို ရှာနေတာ လပေါင်းများစွာ ကြာပြီလို့ ဟိုစစ်သားက ပြောတယ်လေ... သူ ဘာများ လိုအပ်နေတာလဲဆိုတာ ငါ သိချင်လို့ ဒီနေ့ပဲ သူ့ဆီ သွားတွေ့ဖို့ ဆုံးဖြတ်လိုက်တာပါ..." ဟု လုံယုက ရှင်းပြလေသည်။

သူ၏ ရှင်းပြချက်ကို ကြားသောအခါ ယောင်ရန်က နားလည်ကြောင်း ခေါင်းငြိမ့်ပြလိုက်လေ၏...၊

"သိပါပြီ... ရှင်က သူ့ဆီက သတင်းအချက်အလက်တွေ သွားယူမှာဆိုတော့ အဆင်ပြေအောင် တစ်ခုခု ပြင်ဆင်သွားရမလား..."

လုံယုက စဉ်းစားကြည့်ပြီးနောက် ခေါင်းငြိမ့်ကာ၊

"ကောင်းသားပဲ... စီးကရက် နည်းနည်းလောက်ပဲ ပြင်ပေးပါ..."

ထိုစကားကြောင့် ယောင်ရန်သည် သူမ၏ နေရာလွတ်ထဲမှ ဈေးကြီးသော စီးကရက် အထုပ်အချို့ကို ထုတ်ယူကာ လုံယု၏ ကျောပိုးအိတ်အတွင်းသို့ ထည့်ပေးလိုက်လေသည်။

လုံယုသည် မှတ်ဉာဏ်အတိုင်း ကားမောင်းလာခဲ့ရာ တပ်စခန်းသို့ ရောက်ရှိလာပြီး အဓိက ဝင်ပေါက် ရှေ့တွင် ကားရပ်လိုက်လေသည်။

သူ ကားပေါ်မှ ဆင်းလိုက်သည်နှင့် တစ်ပြိုင်နက် ကင်းစောင့်တဲအတွင်းမှ စစ်သားတစ်ဦး ထွက်လာကာ သူ့ထံသို့ လျှောက်လှမ်းလာပြီး ပြောလိုက်လေ၏...။

"ရဲဘော်... ဒီနေရာမှာ ကားရပ်လို့ မရပါဘူး..."

လုံယုက ပြန်လည် ဖြေလိုက်လေသည်..၊

"ရဲဘော်... ကပ္ပတိန် လီထျန်းယုက ကျွန်တော့်ကို ရှာနေတယ်လို့ ကြားလို့ပါ... ဒီနေ့ သူ့ကို လာတွေ့တာ ပါ..."

"နာမည် ဘယ်လိုခေါ်လဲ..." ဟု စစ်သားက မေးလိုက်၏။

"လုံယု..."

သူ၏ အမည်ကို မှတ်သားပြီးနောက် စစ်သားက ပြောလိုက်လေသည်...၊

"ကပ္ပတိန်လီကို သတင်းသွားပို့တဲ့အထိ ခဏလောက် စောင့်ပေးပါ... ခင်ဗျားတို့ရဲ့ ကားကိုတော့ ဘေး ဘက်ကို ခဏလောက် ရွှေ့ထားပေးပါ..."

လုံယုက ခေါင်းငြိမ့်ပြလိုက်လေ၏...၊

"ကောင်းပါပြီ..."

စစ်သား အထဲသို့ ဝင်သွားသောအခါ လုံယုသည် ကုန်တင်ကားကို လမ်းဘေးတွင် ရပ်လိုက်ပြီး ယောင်ရန် နှင့်အတူ ကားထဲမှနေ၍ စောင့်ဆိုင်းနေလိုက်တော့သည်။

All Chapters