အခန်း ၃၀၈
Vol. 31 Ch. 308
အခန်း (၃၀၈)
ရှင် ဘာလုပ်နေတာလဲ
မကြာမီမှာပင် စစ်သည်သည် လီထျန်းယုနှင့်အတူ ပြန်လာခဲ့သည်။ လီထျန်းယုသည် အဝေးမှ လုံယုကို လှမ်းမြင်လိုက်ရသောအခါ သူ၏ ခြေလှမ်းများကို သွက်လက်မြန်ဆန်စေကာ စိတ်အားထက်သန်စွာ လက်ဝှေ့ယမ်းပြလိုက်လေ၏။
လီထျန်းယု၏ စိတ်လှုပ်ရှားနေသော အမူအရာကို သတိပြုမိသောအခါ ယောင်ရန်သည် သူမ၏ ချစ်သူ ကို တစ်ချက်ကြည့်လိုက်ပြီး သံသယစိတ်ဖြင့် မေးလိုက်လေသည်...၊
"အာယု... ကပ္ပတိန်လီက ရှင့်ကို ကြည့်နေတဲ့ အကြည့်တွေက ရှင် ကျွန်မကို ကြည့်တဲ့ အကြည့်တွေနဲ့ ဘာလို့ တူနေရတာလဲလို့ ကျွန်မ ခံစားနေရတာလဲ..."
သူမ၏ စကားကြောင့် လုံယုသည် တစ်ကိုယ်လုံး တုန်တက်သွားကာ ပြန်လည် ဖြေလိုက်လေ၏...၊
"ရန်ရန်... အဓိပ္ပာယ်မရှိတာတွေ မပြောပါနဲ့... မင်း ငါ့ကို ကြောက်အောင် လုပ်နေတာပဲ..."
ထိုချစ်သူနှစ်ဦး၏ သီးသန့် စကားပြောဆိုမှုကို သတိမထားမိဘဲ လီထျန်းယုသည် ကား၏ ဒရိုင်ဘာဘက် အခြမ်းသို့ ရောက်ရှိလာကာ ဝမ်းသာအားရ ပြောလိုက်လေသည်...။
"ကပ္ပတိန်လုံ... ကျွန်တော် ခင်ဗျားကို နောက်ဆုံးတော့ ပြန်တွေ့ရပြီပေါ့... လွန်ခဲ့တဲ့ လအနည်းငယ်က တည်းက ခင်ဗျားကို ကျွန်တော် ဘယ်လောက်တောင် လိုက်ရှာနေခဲ့ရသလဲဆိုတာ ခင်ဗျား မသိပါဘူး..."
ထိုစကားကို ကြားသောအခါ ယောင်ရန်သည် သူမ၏ ချစ်သူကို တစ်ချက်ကြည့်လိုက်မိသည်။ လုံယု၏ ဆွံ့အသွားသော မျက်နှာထားကို မြင်သောအခါ သူမက တွေးနေမိလေသည်...။
*ကပ္ပတိန်လီက အာယုကို ဘာကြောင့် ဒီလောက်တောင် တွေ့ချင်နေရတာလဲဆိုတာ ကျွန်မ တကယ်ကို စိတ်ဝင်စားသွားပြီ...*
ထိုသို့တွေးရင်း ယောင်ရန်သည် လီထျန်းယုက အသေးစိတ် ရှင်းပြလာမည့် အချိန်ကို စောင့်ဆိုင်း နေလိုက်လေ၏။
လီထျန်းယု၏ ဖရိုဖရဲ ဖြစ်နေသော ပုံစံကို သတိပြုမိသောအခါ လုံယုက မေးလိုက်လေသည်...၊
"ကပ္ပတိန်လီ... လအနည်းငယ် အတွင်းမှာပဲ ခင်ဗျား ဘာလို့ ဒီလိုပုံစံ ဖြစ်သွားရတာလဲ..."
လီထျန်းယုက သက်ပြင်းချကာ ပြန်ဖြေလေသည်...၊
"အဲဒါက ပြောရရင် အရှည်ကြီးပဲ... ကျွန်တော်တို့ အထဲဝင်ပြီးမှ စကားပြောကြရင် ဘယ်လိုလဲ..."
ထိုအကြံပြုချက်ကို ကြားသောအခါ လုံယုသည် မျက်မှောင်အနည်းငယ် ကြုတ်သွား၏။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက ပြောလေသည်...။
"ခင်ဗျားမှာ ပြောစရာတွေ အများကြီး ရှိပုံရတယ်..."
လီထျန်းယုက ခေါင်းငြိမ့်ပြကာ တိုးတိုးလေး ပြောလိုက်လေ၏...၊
"အင်း... ဒီနေရာက စကားပြောဖို့ အဆင်မပြေဘူး..."
သူ၏ သံသယမှာ မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် လုံယုက ပြောလိုက်လေသည်...။
"အဲဒါဆိုရင်တော့ လမ်းပြပါဦး..."
"ကောင်းပါပြီ..."
လီထျန်းယုသည် ကင်းစောင့်တဲသို့ ပြန်သွားကာ အမိန့်ပေးလိုက်လေ၏...၊
"အတားအဆီးတွေကို ဖယ်လိုက်..."
"ဟုတ်ကဲ့ ကပ္ပတိန်လီ..."
စစ်သည်သည် သံချွန်များပါသော အတားအဆီးကို ဘေးသို့ အမြန် ဆွဲဖယ်လိုက်ကာ ပြောလိုက်လေ သည်...။
"ဖြတ်လို့ ရပါပြီ..."
လုံယုသည် အင်ဂျင်နှိုးကာ တပ်စခန်းအတွင်းသို့ မောင်းဝင်ခဲ့သည်။ စစ်သည်ဘေးမှ ဖြတ်သွားသောအခါ စစ်သည်၏ ခြောက်သွေ့နေသော နှုတ်ခမ်းများနှင့် ချိုင့်ဝင်နေသော ပါးပြင်များကို သူ သတိပြုမိလိုက်၏။
လုံယု မျက်မှောင်ကြုတ်နေသည်ကို မြင်သောအခါ ယောင်ရန်က ဆိုလေသည်..၊
"အက်ဆစ်မိုး ရွာပြီးနောက်ပိုင်းမှာ မြေဆီလွှာနဲ့ ရေတွေက ညစ်ညမ်းကုန်တာလေ... ရေစွမ်းအင် ဒါမှမ ဟုတ် သစ်စွမ်းအင် စွမ်းအားရှင်တွေ မရှိဘဲနဲ့ သောက်ရေနဲ့ အစားအသောက် ရှာဖို့က အရမ်း ခက်ခဲလှပါ တယ်..."
လုံယုသည် ဤအချက်ကို သိရှိပြီး ဖြစ်သော်လည်း စစ်သည်၏ ဆိုးရွားလှသော အခြေအနေကို ကိုယ် တိုင် မြင်တွေ့လိုက်ရသဖြင့် စိတ်မကောင်း ဖြစ်မိလေသည်။ သူ၏ အတွေးများကို နားလည်သောကြောင့် ယောင်ရန်က သူ၏ လက်ကို လှမ်းကိုင်လိုက်လေ၏။
သူမက ပြုံးလျက်...၊
"ရှင် သူတို့ကို ကူညီချင်တယ်ဆိုရင် ကျွန်မကို ပြောပါ... ကျွန်မ တတ်နိုင်သလောက် ကူညီပေးပါ့မယ်..."
"ကျေးဇူးတင်ပါတယ် ရန်ရန်..."
လုံယုက သူမကို ချစ်မြတ်နိုးစွာ ကြည့်ရင်း တိုးတိုးလေး ပြောလိုက်လေသည်။
သူ၏ စိတ်ခံစားချက် ပြန်လည် ကောင်းမွန်လာသည်ကို ခံစားမိသောအခါ သူမက တည်ငြိမ်စွာပင် စနောက်လိုက်လေ၏...၊
"ကျွန်မတို့ကြားမှာ ကျေးဇူးတင်စရာ မလိုပါဘူး... ရှင် ကျွန်မကို စေ့စပ်လက်စွပ်တောင် ပေးပြီးပြီပဲ... ဘာလို့ ကျွန်မအပေါ် ဒီလောက်တောင် ယဉ်ကျေးနေသေးတာလဲ... ကျွန်မတို့ တစ်ယောက်ကို တစ် ယောက် လင်မယားလို့ စပြီး ခေါ်ရမယ့် အချိန် ရောက်ပြီလို့ ရှင် မထင်ဘူးလား..."
ထိုစကားကြောင့် လုံယုမှာ မျက်နှာရဲသွားကာ သူမ၏ အကြည့်ကို ရှောင်ဖယ်လိုက်လေသည်။ သူ၏ နားရွက်များမှာလည်း နီရဲကာ ပူထူနေခဲ့လေ၏။ ထိုအခြင်းအရာကို မြင်သောအခါ ယောင်ရန်သည် တခစ်ခစ် ရယ်မောလိုက်ပြီး သူ့ကို ထပ်မံ မစနောက်တော့ရန် ဆုံးဖြတ်လိုက်လေသည်။
တပ်စခန်းအတွင်းသို့ ရောက်ရှိပြီးနောက် လီထျန်းယုသည် လုံယုကို ကားပါကင်သို့ လမ်းပြခဲ့လေသည်။ လုံယု ကားရပ်ပြီးသောအခါ သူက ပြောလိုက်လေသည်...၊
"ကပ္ပတိန်လုံ... မယောင်ရန်... ကျွန်တော့် နေရာကို သွားကြရအောင်..."
သူ၏ ရုံးခန်းသို့ မဟုတ်ဘဲ သူ နေထိုင်ရာ နေရာသို့ သွားမည်ဟု ကြားသောအခါ လုံယုမှာ ပို၍ပင် စူးစမ်း လိုစိတ် ဖြစ်ပေါ်လာတော့၏။ လီထျန်းယု ဆွေးနွေးလိုသော ကိစ္စမှာ ကြီးမားသော လျှို့ဝှက်ချက်များ ပါဝင်နေပုံရလေသည်။
"ကောင်းပါပြီ..."
လုံယုက ခဏမျှ စဉ်းစားပြီးနောက် သဘောတူလိုက်၏။
လုံယုနှင့် ယောင်ရန်တို့သည် သူတို့၏ ကျောပိုးအိတ်များနှင့် လက်နက်များကို ကိုင်ဆောင်ကာ လီထျန်းယု ၏ နောက်မှ နေထိုင်ဆောင်များဆီသို့ လိုက်ပါသွားခဲ့ကြလေသည်။
လီထျန်းယုသည် ကပ္ပတိန် တစ်ဦး ဖြစ်သောကြောင့် အခြားသူများနှင့် အခန်း မျှဝေသုံးစွဲရန် မလိုဘဲ သူ၏ ကိုယ်ပိုင် တိုက်ခန်းငယ်လေး ရှိလေသည်။ သူသည် သော့ကို ထုတ်၍ တံခါးဖွင့်ကာ အထဲသို့ ဝင်ခဲ့၏။
"ကြွကြပါ... ဒီနေရာမှာ ဘယ်သူမှ မရှိဘူးဆိုတော့ စိတ်အေးလက်အေး နေကြပါ..."
သူက ပြောရင်း ဖိနပ်စင်မှ အိမ်စီးဖိနပ် နှစ်ရံကို ထုတ်ပေးလိုက်လေသည်။
လုံယုနှင့် ယောင်ရန်တို့သည် အထဲသို့ ဝင်ကာ အိမ်စီးဖိနပ်များ လဲလှယ်လိုက်ကြ၏။ လီထျန်းယု နေထိုင် ရာ နေရာကို မြင်လိုက်ရသောအခါ သူတို့နှစ်ဦးစလုံး မှင်တက်သွားကြလေသည်။
ဤနေရာကို တိုက်ခန်းဟု ခေါ်ဆိုရန်ပင် လွန်အမင်း ချဲ့ကားပြောဆိုရာ ရောက်ပေလိမ့်မည်။ ရေချိုးခန်း အဖြစ် အသုံးပြုထားသော အခန်းငယ်လေးမှလွဲ၍ တိုက်ခန်းတစ်ခုလုံးကို တစ်ချက်ကြည့်ရုံနှင့် မြင်နိုင် ပေသည်။
ထောင့်တစ်နေရာတွင် ခေါက်ကုတင် တစ်လုံး ရှိပြီး အခန်းအလယ်တွင် ကုလားထိုင် လေးလုံးပါသော စားပွဲငယ် တစ်လုံး ရှိလေသည်။ ကုတင်နှင့် မျက်နှာချင်းဆိုင်တွင် မီးဖိုချောင်အဖြစ် အသုံးပြုသော စားပွဲငယ် တစ်လုံး ရှိပြီး ထိုနေရာတွင် လီထျန်းယုက ရေနွေးခွက် သုံးခွက်ထဲသို့ ရေငှဲ့နေလေသည်။
လုံယုနှင့် ယောင်ရန်တို့ တံခါးဝတွင် အားနာစွာ ရပ်နေသည်ကို မြင်သောအခါ သူက ဆိုသည်...၊
"အဲဒီမှာ ရပ်မနေပါနဲ့... ထိုင်ကြပါဦး..."
ထိုင်ပြီးသောအခါ လုံယုက မေးလိုက်၏...၊
"ခင်ဗျား ကျွန်တော့်ကို ဘာကြောင့် ရှာနေတာလဲ..."
လီထျန်းယုက ပြောလိုက်လေသည်...၊
"မစခင်မှာ... ခင်ဗျားဆီမှာ စီးကရက် ရှိသေးလား... ခင်ဗျား ပြီးခဲ့တဲ့ အကြိမ်က ပေးခဲ့တဲ့ အထုပ်က ကုန်သွားတာ ကြာပြီလေ..."
ထိုစကားကြောင့် လုံယုသည် ကျောပိုးအိတ်ကို ဖွင့်ကာ စီးကရက် တစ်ထုပ်ကို ထုတ်၍ လီထျန်းယု၏ ရှေ့တွင် တင်ပေးလိုက်လေသည်။
စီးကရက်ကို မြင်သည်နှင့် လီထျန်းယု၏ မျက်ဝန်းများမှာ ဝင်းလက်သွား၏။ သူသည် ဗူးကို ဖွင့်ကာ သူ ၏ ဆေးလိပ်တောင့်တမှုကို ဖြေဖျောက်ရန် အနံ့ကို အားရပါးရ ရှူရှိုက်လိုက်ပြီးနောက် အဖိုးတန် ရတနာ တစ်ခုကဲ့သို့ သေချာစွာ သိမ်းဆည်းထားလိုက်လေတော့သည်။
သူ စီးကရက်ကို တရိုတသေ ဆက်ဆံနေသည်ကို ကြည့်ရင်း ယောင်ရန်သည် သူမ၏ ချစ်သူကို
တစ်ချက်ကြည့်ကာ တွေးလိုက်မိလေသည်...။
*အာယုက ဘာလို့ စီးကရက်တွေ ပြင်ထားခိုင်းတာလဲဆိုတာ မဆန်းတော့ပါဘူး... ကပ္ပတိန်လီက ဆေးလိပ် အရမ်းသောက်တဲ့လူ ဖြစ်နေတာကိုး...*
ဆေးလိပ်တောင့်တမှုကို ထိန်းချုပ်လိုက်ပြီးနောက် လီထျန်းယုက မေးလိုက်လေသည်...၊
"ကပ္ပတိန်လုံ... ခင်ဗျားမှာရော စွမ်းအားတွေ ရှိလား..."
ထိုသို့ မေးလိုက်သောအခါ ယောင်ရန်နှင့် လုံယု နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း မျက်မှောင်ကြုတ်သွား ခဲ့ ကြလေ၏။ သူတို့၏ တုံ့ပြန်မှုကို သတိပြုမိသောအခါ လီထျန်းယုက တည်ငြိမ်စွာ ပြောလိုက်လေသည်။
"ကျေးဇူးပြုပြီး ခင်ဗျား တို့ရဲ့ သတ်ဖြတ်ချင်တဲ့ စိတ်တွေကို လျှော့လိုက်ပါဦး..."
ထို့နောက် သူက လက်ဖဝါးကို ဖြန့်ပြလိုက်ရာ လေဟာနယ်ထဲမှ မြေဆီလွှာ အစုအဝေးလေး တစ်ခု ပေါ်ထွက်လာခဲ့လေသည်။
ထိုအခြင်းအရာကို မြင်သောအခါ လုံယု၏ မျက်ဝန်းများမှာ ခဏမျှ ဝင်းလက်သွားပြီးနောက် ပြောလိုက် လေ၏...။
"ခင်ဗျားမှာ မြေစွမ်းအင် ရှိတာပဲ..."
လီထျန်းယုက ခေါင်းငြိမ့်ပြကာ...၊
"ဟုတ်ပါတယ်..."
"ခင်ဗျား ဒီစွမ်းအားကို ဘယ်တုန်းက ရခဲ့တာလဲ..." ဟု လုံယုက မေးလိုက်လေသည်။
လီထျန်းယုက ခဏမျှ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်လေသည်...။
"လွန်ခဲ့တဲ့ သုံးလလောက်ကပါ..."
ယောင်ရန်က မှတ်ချက်ပေးလိုက်၏...။
"ဒါက သတင်းကောင်းပဲ... စွမ်းအား ရှိတာက ရှင်သန်နိုင်စွမ်းကို ပိုပြီး မြင့်မားစေတာပေါ့..."
လီထျန်းယုသည် သူမကို ကြည့်ကာ သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်ပြီးနောက် ထိုင်ရာမှ ထရပ် လိုက်ပြီး သူ၏ ယူနီဖောင်းကို စတင် ချွတ်လိုက်လေသည်။ ထိုအခြင်းအရာကို မြင်သောအခါ လုံယု သည် လျင်မြန်စွာပင် သူ၏ လက်ဖဝါးကြီးဖြင့် ယောင်ရန်၏ မျက်လုံးများကို ကာကွယ်ပေးလိုက်ကာ လီထျန်းယုကို ဒေါသတကြီး စိုက်ကြည့်လိုက်လေ၏။
"ကပ္ပတိန်လီ... ခင်ဗျား ဘာလုပ်နေတာလဲ..."
သူက မကျေမနပ် ဖြစ်စွာဖြင့် အက်ရှရှ အသံဖြင့် မေးလိုက်လေသည်။