← Chapters

အခန်း ၁၁၇

Vol. 12 Ch. 117

အခန်း ၁၁၇

Vol. 12 Ch. 117

အခန်း - ၁၁၇

ဆွေ့ဟူစားသောက်ဆိုင်ကို ကန်ဘောင်တွင် ဆောက်လုပ်ထားခြင်းဖြစ်သည်။ ဆိုင်၏အနောက်ဘက်တွင် ရွှမ်းဟူခရိုင်၏ အကြီးဆုံးသဘာဝရေကန်ကြီးဖြစ်သော ဆွေ့ဟူကန် တည်ရှိပြီး ရှေ့ဘက်တွင်မူ ကန်ပတ်လမ်းနှင့် ကန်ကိုကာကွယ်ရန် စိုက်ပျိုးထားသော သစ်ပင်တန်းကြီး ရှိလေသည်။

ထိုသစ်ပင်ရိပ်များအောက်ရှိ အမှောင်ထဲတွင် အော်ဒီအဖြူရောင်ကားလေးတစ်စီး ရပ်တန့်ထားသည်။ ရှီလဲ့ ၊ နားကပ်တစ်ဖက်နှင့် အခြားလူနှစ်ဦးသည် ကားထဲတွင် ထိုင်ရင်း ဆွေ့ဟူဆိုင်အဝင်ဝရှိ ရှုကျူထျယ်ကို စောင့်ကြည့်နေကြသည်။

ထိုအချိန်တွင် ညခုနစ်နာရီခွဲရှိနေပြီဖြစ်ပြီး ဆွေ့ဟူဆိုင်၌ လူများဖြင့် စည်ကားနေသည်။

သူတို့သာ ရှုကျူထျယ်ကို ဆိုင်အဝင်ဝတွင် ပြဿနာရှာခွင့်ပြုလိုက်ပါက ဆွေ့ဟူဆိုင်၏ စီးပွားရေးကို သေချာပေါက် ထိခိုက်စေမည်ဖြစ်သည်။

ထိုစဉ် သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသော လူလတ်ပိုင်းအမျိုးသားတစ်ဦးသည် ရှုကျူထျယ်အနားသို့ လျှောက်လာပြီး စကားအနည်းငယ် တိုးတိုးကပ်ပြောလိုက်သည်။

ရှုကျူထျယ်က သူ့ကို မကျေမနပ် စိုက်ကြည့်လိုက်ပြီး မိမိ၏ ရောင်ကိုင်းနေသော မျက်နှာကို လက်ညှိုးထိုးပြကာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ “မန်နေဂျာချန်... ငါက မင်းကို မျက်နှာမထောက်တာမဟုတ်ဘူးနော်၊ ဒါပေမဲ့ ငါ့ကို ငါ့အိမ်တံခါးဝတင် လာဗိုလ်ကျသွားတာကွ မင်းက ငါ့ကို ဒီအတိုင်း လွှတ်ထားလိုက်စေချင်တာလား”

မန်နေဂျာချန်က အားနာဟန်ဖြင့် ပြုံးပြကာ “ညွှန်ကြားရေးမှူးရှု... ကျွန်တော် ခုနက စောင့်ကြည့်ရေးကင်မရာ ဗီဒီယိုဖိုင်ကို ထုတ်ပြီး လူကြီးမင်းဆီ ပေးဖို့ လူလွှတ်ထားပါတယ် လူကြီးမင်းအနေနဲ့ ဒါကို ပညာရေးစနစ်ထဲမှာ သွားရှာလို့ရတာပဲ လူကြီးမင်းရဲ့ ကောင်းကင်ထိအောင် ကျယ်ပြန့်တဲ့ အဆက်အသွယ်တွေနဲ့ဆိုရင် သာမန်ကျောင်းသားတစ်ယောက်ကို ရှာရတာ အေးဆေးပါ” ဟု ဆိုလိုက်သည်။

ရှုကျူထျယ်သည် ဆွေ့ဟူငါးဟင်းလျာဆိုင်၏ နောက်ခံအာဏာကို အနည်းငယ် ကြောက်ရွံ့ပုံရသည်။ သူက ခပ်ဖွဖွ နှာခေါင်းရှုံ့လိုက်ပြီး “ဗီဒီယိုဖိုင်ကို ငါ့ကိုပေး၊ ငါ့ဘာသာငါ စစ်ဆေးလိုက်မယ်” ဟု ပြောလိုက်သည်။

ဗီဒီယိုဖိုင်ကို ရရှိပြီးနောက် ရှုကျူထျယ်သည် ဒေါသတကြီးဖြင့် ကားပေါ်တက်ကာ အိမ်သို့ မောင်းနှင်သွားတော့သည်။

ရှုကျူထျယ်သည် ပညာရေးဌာန ဝန်ထမ်းအိမ်ရာဝင်းတွင် နေထိုင်ပြီး ဆွေ့ဟူကန်မှ မောင်းလာပါက ခုနစ်မိနစ် သို့မဟုတ် ရှစ်မိနစ်ခန့်သာ ကြာမြင့်သည်။

ရှီလဲ့က သူ့ကားနောက်မှ ကပ်လိုက်လာရင်း ကားမောင်းနေစဉ် “ခဏနေ သူ ကားရပ်လိုက်တာနဲ့ မင်းတို့ သွားပြီး သူ့ကို သင်ခန်းစာပေးလိုက်တော့” ဟု ပြောလိုက်သည်။

နားကပ်တစ်ဖက်က ခဏမျှ စဉ်းစားပြီး “အစ်ကိုရှီ... အဲဒီအမူးသမားကို ဘယ်အတိုင်းအတာအထိ ရိုက်ရမလဲ ခြေထောက်တစ်ဖက် ချိုးပစ်ရမလား ဒါမှမဟုတ် လက်တစ်ဖက်လား” ဟု မေးလိုက်သည်။

“ဟွန်း သူ့ရဲ့ တတိယခြေထောက်ကို ဖျက်ဆီးပစ်လိုက်” ရှီလဲ့၏ အသံမှာ အေးစက်လွန်းလှသည်။ “ပြီးရင် သူ့ကို သတိမေ့သွားအောင် လုပ်လိုက်ဦး၊ ငါ ကိစ္စအချို့ ရှင်းဖို့ အချိန်နည်းနည်း လိုတယ်”

လော့ဖ်အာစတပ်က ခေါင်းငြိမ့်ကာ “နားလည်ပါပြီ အစ်ကိုရှီ”

ပညာရေးဌာန ဝန်ထမ်းအိမ်ရာဝင်းမှာ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က မည်သည့်လုံခြုံရေးစနစ်မှ မရှိခဲ့သလို စောင့်ကြည့်ရေးကင်မရာများပင် မရှိချေ။ ရှီလဲ့သည် ဤအချက်အလက်များကို အလွန်အမင်း ရှင်းလင်းစွာ သိရှိထားသောကြောင့်သာ ယခုကဲ့သို့ ဗြောင်ကျကျ နောက်ယောင်ခံလိုက်ပြီး ပြစ်မှုကျူးလွန်ရဲခြင်းဖြစ်သည်။

ရှုကျူထျယ် မောင်းနှင်သောကားမှာ ဘီအမ်ဒဗလျူတစ်စီး ဖြစ်နေသည်။ ရှီလဲ့ စိတ်ထဲတွင် လှောင်ပြုံးပြုံးမိသွားသည်၊ ပညာရေးဌာန ဒုတိယညွှန်ကြားရေးမှူးတစ်ဦး၏ လစာဖြင့်ဆိုပါက အငြိမ်းစားယူသည်အထိ လုပ်လျှင်ပင် ဘီအမ်ဒဗလျူတစ်စီး ဝယ်နိုင်မည်မဟုတ်ချေ။ ဤဘီအမ်ဒဗလျူ၏ နောက်ကြောင်းမှာ တကယ့်ကို စိတ်ဝင်စားစရာ ကောင်းလှပေမည်။

ကားနှစ်စီးသည် ပညာရေးဌာန ဝန်ထမ်းအိမ်ရာဝင်းထဲသို့ တစ်စီးနောက်တစ်စီး လိုက်ဝင်လာခဲ့ကြသည်။ ရှုကျူထျယ် ကားရပ်လိုက်သောအခါ ရှီလဲ့ကလည်း ကားကို ရပ်လိုက်သည်။ နားကပ်တစ်ဖက်နှင့် အခြားလူများသည် ကားပေါ်မှ ချက်ချင်းဆင်းကာ ရှုကျူထျယ်ထံသို့ လျှောက်လှမ်းသွားကြတော့သည်။

ရှုကျူထျယ် ကားပေါ်မှ ဆင်းဆင်းချင်းပင် နားကပ်တစ်ဖက်နှင့် အခြားလူများကို မြင်လိုက်ရသည်။ သူ၏ မျက်ခွံများ တုန်လှုပ်သွားပြီး စိတ်ထဲတွင် မကောင်းသော အတိတ်နိမိတ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

နားကပ်တစ်ဖက်အပါအဝင် လူသုံးယောက်သည် ရှုကျူထျယ်ထံသို့ လျှောက်လာကြရာ သူက စိုးရိမ်တကြီးဖြင့် “မင်းတို့ ဘာလုပ်မလို့လဲ” ဟု မေးလိုက်သည်။

သူတို့သုံးယောက်က စကားမပြောဘဲ ရှုကျူထျယ်ကို တြိဂံပုံစံဖြင့် ဝိုင်းရံလိုက်ကြသည်။

“မင်းတို့ တကယ်ပဲ ဘာလုပ်ချင်နေတာလဲ ငါက ပညာရေးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးကွ၊ မင်းတို့ သတိထားရင် ကောင်းမယ်” ရှုကျူထျယ်က အနီးနားရှိလူများ ကြားစေရန် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။

သို့သော် ပညာရေးဌာန ဝန်ထမ်းအိမ်ရာ၏ ကားပါကင်မှာ လူနေအဆောင်များနှင့် မနီးလှပေ၊ ထို့အပြင် အိမ်ရာဝင်းအတွင်းရှိ သစ်ပင်ကြီးများမှာလည်း ဆယ်စုနှစ်တစ်ခုကျော် သက်တမ်းရှိပြီဖြစ်၍ အလွန်ပင် ထူထပ်လှရာ သူ၏ အော်သံမှာ လူနေအဆောင်များဆီသို့ လုံးဝ မရောက်နိုင်ချေ။

“မင်းနာမည်က ရှုကျူထျယ်ဟုတ်လား” နားကပ်တစ်ဖက်က လည်ချောင်းကို ညှစ်ကာ အသံပြောင်း၍ မေးလိုက်သည်။

ရှုကျူထျယ်က မဝန်ခံချင်သော်လည်း အားတင်းကာ “ဟုတ်တယ်၊ ငါပဲ။ မင်းတို့ တကယ်ပဲ ဘာလိုချင်လို့လဲ ပိုက်ဆံလိုချင်ရင် ငါပေးမယ်၊ အကုန်ပေးမယ်” ဟု ပြောရင်း သူ၏ ပိုက်ဆံအိတ်ကို ထုတ်ကာ အထဲမှ ယွမ်တစ်ထောင်ခန့်ကို ကမ်းပေးလိုက်သည်။

နားကပ်တစ်ဖက်က အားနာမနေဘဲ ပိုက်ဆံကို တန်းယူလိုက်ပြီးနောက် မကောင်းဆိုးဝါးအလား ပြုံးကာ “ပိုက်ဆံကိုတော့ ငါတို့ ယူလိုက်မယ်၊ ဒါပေမဲ့ မင်းကိုတော့ ဆက်ရိုက်ရမှာပဲ”

ရှိူ့ကျူတယ်က “မင်းတို့ လွန်လွန်း...”

နားကပ်တစ်ဖက်က ရှုကျူထျယ်၏ ဗိုက်ကို ကန်လိုက်သဖြင့် သူ၏ စကားလုံးများမှာ လည်ချောင်းဝတွင်ပင် တစ်ဆို့သွားတော့သည်။ ကျန်လူမိုက်နှစ်ဦးကလည်း ဝိုင်းဝန်းပူးပေါင်းကာ ရှုကျူထျယ်ကို မြေပြင်ပေါ်သို့ လဲကျသွားသည်အထိ လက်သီး၊ ခြေထောက်များဖြင့် ဆင့်ကန်လိုက်ကြတော့သည်။

သူတို့သုံးယောက်သည် လက်ပါရာတွင် အလွန်အတိုင်းအဆရှိပြီး အသက်အန္တရာယ်မစိုးရိမ်ရဘဲ အလွန်အမင်း နာကျင်စေမည့် အသားများသော နေရာများကိုသာ ရွေးချယ်ရိုက်နှက်ကြခြင်းဖြစ်သည်။

ရှုကျူထျယ်က မြေပြင်ပေါ်တွင် လူးလှိမ့်အော်ဟစ်နေရသည်။ နားကပ်တစ်ဖက်က ညာလက်ကို မြှောက်ကာ ကျန်နှစ်ယောက်ကို ရပ်ရန် အချက်ပြလိုက်ပြီးနောက် ရှုကျူထျယ်၏ ရှေ့သို့ လျှောက်သွားကာ သူ၏ ပေါင်ကြားကို ညာဘက်ခြေထောက်ဖြင့် ပြင်းထန်စွာ နှစ်ချက် ဆင့်ကန်လိုက်တော့သည်။

“အား...” ရှုကျူထျယ် အော်ဟစ်ရင်း မျက်လုံးများ လန်တက်သွားကာ မေ့လဲသွားတော့သည်။

နားကပ်တစ်ဖက်က လက်ကို ခါလိုက်ပြီး “ကွက်တိပဲ၊ သူ့ကို သတိမေ့အောင် လုပ်‌နေရမယ့် ဒုက္ခကနေ သက်သာသွားတာပေါ့ ကဲ... လစ်ကြစို့”

သူတို့သုံးယောက် ရှီလဲ့၏ ကားဆီသို့ အမြန်ပြန်လာကြသည်။ ရှေ့ခန်းတွင် ထိုင်လိုက်ရင်း နားကပ်တစ်ဖက်က ရှီလဲ့ကို ခေါင်းငြိမ့်ပြကာ “အစ်ကိုရှီ... ကိစ္စပြတ်ပြီ အဲဒီကောင်ရဲ့ တတိယခြေထောက်တော့ ပျက်စီးသွားပြီထင်တယ်”

ရှီလဲ့ စကားမပြောပေ။ သူ အချိန်ကို စစ်ဆေးကြည့်လိုက်ရာ ည ၇ နာရီ ၄၅ မိနစ်သာ ရှိသေးသည်။ သူက ကားအင်ဂျင်ကို ချက်ချင်းနှိုးကာ နားကပ်တစ်ဖက်တို့ ငှားရမ်းထားသည့် တိုက်ခန်းငယ်ဆီသို့ မောင်းနှင်ခဲ့သည်။

နားကပ်တစ်ဖက် ငှားရမ်းထားသော တိုက်ခန်းငယ်သည် နောက်ဖေးလမ်းရှိ လမ်းကြားတစ်ခုထဲတွင် တည်ရှိပြီး လမ်းကြားအဝင်ဝတွင် လုံခြုံရေးစောင့်ကြည့်ရေးအဖွဲ့မှ တပ်ဆင်ထားသော ပြည်သူ့လုံခြုံရေးကင်မရာ တစ်လုံး ရှိလေသည်။ ရှီလဲ့သည် ဤအချက်ကို လွန်ခဲ့သောအချိန်ကတည်းက သိရှိထားပြီးဖြစ်၍ သက်ဆိုင်ရာ အစီအမံများကို ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။

အော်ဒီကားကို နားကပ်တစ်ဖက် ငှားထားသည့် တိုက်ခန်းရှေ့ဝင်းထဲတွင် ရပ်လိုက်ပြီးနောက် ရှီလဲ့က “အားလုံး နားကပ်တစ်ဖက်ရဲ့ အခန်းထဲသွားရအောင်၊ သောက်စားပြီး အောင်ပွဲခံကြမယ်” ဟု ဆိုလိုက်သည်။

အခန်းထဲတွင် ရှီလဲ့သည် ဒီဂျစ်တယ်ကင်မရာကို ချိန်ညှိရင်း “ခဏနေရင် ခုနကဖြစ်ခဲ့တဲ့ ကိစ္စကို ဘာမှမဟကြနဲ့ မှတ်ထားနော်... ငါတို့ ည ၇ နာရီခွဲကတည်းက ဒီမှာ အရက်သောက်ပြီး စကားစမြည်ပြောနေတာ၊ ရှစ်နာရီကျော်တဲ့အထိပဲ အားလုံး မှတ်မိကြလား” ဟု ရှင်းပြလိုက်သည်။

“မှတ်မိပါပြီ” နားကပ်တစ်ဖက်က အမြန်ခေါင်းငြိမ့်ပြပြီး ကျန်လူမိုက်နှစ်ဦးကလည်း ခေါင်းကို အပြင်းအထန် ငြိမ့်ပြကြသည်။ သူတို့နှလုံးသားထဲတွင် ရှီလဲ့သည် လွန်ခဲ့သောအချိန်ကတည်းက ဆရာကြီးအဆင့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူတို့က ရှီလဲ့ကို ကြောက်ရွံ့ခြင်း၊ အထင်ကြီးခြင်းနှင့် ရိုသေလေးစားခြင်းများဖြင့် စိုက်ကြည့်နေကြသည်။

ရှီလဲ့က ဒီဂျစ်တယ်ကင်မရာကို ဖွင့်လိုက်ပြီး လေးယောက်သား လော့ဖ်အာစတပ်၏ အခန်းထဲတွင် ထိုင်ကာ အသင့်စား အစားအစာများကို စားရင်း ဘီယာများကို တစ်ဗူးပြီးတစ်ဗူး သောက်လိုက်ကြသည်။

နာရီဝက်ကျော်ခန့် ဗီဒီယိုရိုက်ကူးပြီးနောက် ရှီလဲ့က ရိုက်ကူးမှုကို ရပ်ဆိုင်းလိုက်ပြီး ကင်မရာထဲမှ မန်မိုရီကတ်ကို ထုတ်ယူကာ နောက်တစ်ကြိမ် ထပ်မံသတိပေးလိုက်သည်။ “မှတ်ထား... ငါတို့ ဒီနေ့ ဘယ်မှမသွားဘူး ည ၇ နာရီခွဲကနေ ၈ နာရီကျော်အထိ ဒီမှာပဲ ရှိနေခဲ့တာ ငါ ဘာအမှားအယွင်းမှ ဖြစ်လာတာကို မလိုချင်ဘူး၊ နားလည်လား”

ပြောပြီးနောက် ရှီလဲ့ အချိန်ကို စစ်ဆေးကြည့်လိုက်ရာ ည ၈ နာရီ ၂၀ မိနစ်ကျော်နေပြီဖြစ်သည်။ သူသည် ချက်ချင်းပင် ဂျင်းယာဥယျာဉ်သို့ ကားမောင်းပြန်လာခဲ့တော့သည်။

အိပ်ခန်းထဲသို့ ရောက်သောအခါ ရှီလဲ့သည် ဒီဂျစ်တယ်ကင်မရာ၏ မန်မိုရီကတ်ကို နံပါတ် (၁) ဆာဗာသို့ ချိတ်ဆက်လိုက်သည်။ သူသည် ပရိုဂရမ်တည်းဖြတ်စနစ် ကို ဖွင့်ကာ ကုဒ်လိုင်း များကို ရေးသားတည်းဖြတ်လိုက်သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ရှီလဲ့သည် သူရေးသားထားသော ပရိုဂရမ်အသေးစားလေးကို စမ်းသပ်မောင်းနှင် လိုက်ပြီး ၎င်းပရိုဂရမ်ဖြင့် မန်မိုရီကတ်ရှိ ဗီဒီယိုဖိုင်ကို ဖွင့်ကာ ဗီဒီယိုဖိုင်၏ အချိန်အချက်အလက်များကို စတင်ပြင်ဆင်လိုက်သည်။

မူလဗီဒီယို ရိုက်ကူးထားသည့်အချိန်မှာ ည ၇ နာရီ ၅၀ မိနစ်ကျော်မှ ၈ နာရီ ၂၀ မိနစ်ကျော်အထိ ဖြစ်သော်လည်း ရှီလဲ့က ၎င်းကို ည ၇ နာရီခွဲမှ ၈ နာရီတိတိအထိ ပြောင်းလဲပစ်လိုက်ရာ မိနစ် ၂၀ ကျော်ခန့် ရှေ့သို့ တိုးပစ်လိုက်ခြင်း ဖြစ်ပြီး ထိုအချိန်မှာ သူတို့ ရှုကျူထျယ်ကို ရိုက်နှက်ခဲ့သည့် အချိန်ကို ဖုံးကွယ်ပစ်လိုက်ခြင်းပင် ဖြစ်သည်။

ဗီဒီယို၏ အချိန်မှတ်တမ်းကို ပြင်ဆင်ပြီးနောက် ရှီလဲ့သည် ဝက်ဘ်ဘရောက်ဆာကို ဖွင့်ကာ ရွှမ်းဟူခရိုင်၏ လမ်းပန်းဆက်သွယ်ရေးမြေပုံကို ရှာဖွေလိုက်သည်။

သူသည် မြေပုံကို သေချာစွာ စစ်ဆေးကြည့်သည်။ သူသည် နံပါတ် (၁) ပါရဂူဘွဲ့ကြိုအဆောင်မှ ည ၇ နာရီ ၂၀ မိနစ်တွင် ထွက်ခွာခဲ့ပြီး ကျောင်းဝင်းလမ်းမှတစ်ဆင့် လမ်းနောက်ဘက်ထိပ်သို့ ရောက်ရှိကာ နားကပ်တစ်ဖက်နှင့် အခြားလူများကို တင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် သူတို့သည် လမ်းမကြီးထဲသို့ ဝင်ရောက်ကာ ကန်ပတ်လမ်းမှတစ်ဆင့် ပညာရေးဌာန ဝန်ထမ်းအိမ်ရာဝင်းသို့ ရောက်ရှိခဲ့သည်။ ဤလမ်းကြောင်းတစ်လျှောက်တွင် လမ်းဘေးစောင့်ကြည့်ရေးစနစ်မှ ဗီဒီယိုသက်သေအထောက်အထားများစွာကို သေချာပေါက် ရိုက်ကူးထားမိမည်ဖြစ်ရာ ရှီလဲ့အနေဖြင့် ၎င်းတို့ကို ဖျက်ဆီးပစ်ရမည် ဖြစ်သည်။

ခုနက လှုပ်ရှားခဲ့သည့် လမ်းကြောင်းကို ထပ်မံအတည်ပြုပြီးနောက် ရှီလဲ့သည် နံပါတ် (၁) ဆာဗာကို ရွှမ်ချင်းတက္ကသိုလ်၏ အများသုံးဆာဗာသို့ ချိတ်ဆက်စေပြီး တက္ကသိုလ်ဆာဗာ၏ စနစ်အရင်းအမြစ်များကို အသုံးပြုကာ ရွှမ်းဟူခရိုင် လမ်းဘေးစောင့်ကြည့်ရေးစနစ်ထဲသို့ ဟက်ဝင်လိုက်သည်။

ဤတစ်ကြိမ် ဟက်ခြင်းသည် ယဲ့ဖုန်းနှင့် အခြားလူများကို ကူညီခဲ့သည့် ပြီးခဲ့သည့်တစ်ခေါက်ကကဲ့သို့ လမ်းဘေးစောင့်ကြည့်ရေးစနစ်ကို တိုက်ရိုက်ဖျက်ဆီးပစ်ခြင်းမျိုး မဟုတ်ပေ။ ထို့အစား သူသည် လမ်းဘေးစောင့်ကြည့်ရေးစနစ်အတွင်း၌ သူခုနက အတည်ပြုထားသော လမ်းကြောင်းနှင့် အနီးစပ်ဆုံးအချိန်များအတိုင်း မိမိ၏ အော်ဒီကားကို ရိုက်ကူးမိထားသည့် လမ်းဘေးကင်မရာပုံရိပ်များကို တိတ်တဆိတ် လိုက်လံရှာဖွေခဲ့သည်။

လမ်းဘေးကင်မရာများတွင် ရိုက်ကူးမိထားသော မည်သည့်သက်သေအထောက်အထားကိုမဆို ရှီလဲ့က တိတ်တဆိတ် ဖျက်ဆီးပစ်ခဲ့ပြီး ဖျက်ဆီးခဲ့သည့် လုပ်ဆောင်ချက်မှတ်တမ်းများကိုပါ ရှင်းလင်းပစ်ခဲ့သည်။

ထိုအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ရှီလဲ့သည် လူမှုလုံခြုံရေးစောင့်ကြည့်ရေးအဖွဲ့၏ စနစ်ထဲသို့ ဝင်ရောက်ကာ လမ်းနောက်ဘက်ရှိ နားကပ်တစ်ဖက်ငှားရမ်းထားသော တိုက်ခန်းငယ်ဆီသို့ ဦးတည်သည့် လမ်းကြားအဝင်ဝမှ ပြည်သူ့လုံခြုံရေးကင်မရာကို ရှာဖွေလိုက်သည်။

ဤဗီဒီယိုမှတ်တမ်းအတွက်မူ ရှီလဲ့က ဖျက်ပစ်ခြင်းမပြုလုပ်ခဲ့ပေ။ ထို့အစား သူသည် ၎င်းကို ထုတ်ယူကာ ရုပ်ထွက်အင်ဂျင်နီယာစနစ်သို့ လွှဲပြောင်းပေးလိုက်ပြီး ဆော့ဖ်ဝဲလ်ကို အသုံးပြု၍ အော်ဒီကား လမ်းကြားထဲသို့ ဝင်ရောက်လာသည့် အချိန်ကို ည ၇ နာရီ ၂၅ မိနစ်အဖြစ် ပြင်ဆင်လိုက်သည်။

ထို့နောက် သူသည် ပြင်ဆင်ပြီးသော မှတ်တမ်းကို လူမှုလုံခြုံရေးစောင့်ကြည့်ရေးအဖွဲ့၏ ပြည်သူ့လုံခြုံရေးစနစ်ထဲသို့ ပြန်လည်သိမ်းထားလိုက်တော့သည်။

ဤကဲ့သို့သော လုပ်ဆောင်ချက်အမျိုးမျိုးမှတစ်ဆင့် ရှီလဲ့သည် ပြီးပြည့်စုံသော အခင်းဖြစ်ပွားချိန်တွင် အခြားနေရာ၌ ရှိနေကြောင်း သက်သေပြချက်ကို တည်ဆောက်လိုက်နိုင်ပြီ ဖြစ်သည်။

ရှီလဲ့နှင့် နားကပ်တစ်ဖက်တို့အဖွဲ့သည် ရှုကျူထျယ်ကို ည ၇ နာရီခွဲမှ ၇ နာရီ ၄၅ မိနစ်အထိ သင်ခန်းစာပေးခဲ့ပြီးနောက် ၇ နာရီ ၅၀ မိနစ်တွင် နားကပ်တစ်ဖက် ငှားရမ်းထားသော တိုက်ခန်းငယ်သို့ ပြန်လာကာ ဗီဒီယိုရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

သို့သော် ရှီလဲ့ ပြင်ဆင်လိုက်သော ဗီဒီယိုမှတ်တမ်းအရမူ သူတို့သည် ည ၇ နာရီခွဲမှ ၈ နာရီကျော်အထိ တိုက်ခန်းငယ်တွင်သာ တစ်ချိန်လုံး ရှိနေခဲ့ကြောင်း ဒီဂျစ်တယ်ကင်မရာ သက်သေဖြင့် ပြသနေသည်။

လမ်းကြားအဝင်ဝရှိ လူမှုလုံခြုံရေးစောင့်ကြည့်ရေးအဖွဲ့၏ ပြည်သူ့လုံခြုံရေးကင်မရာမှတ်တမ်း သက်သေနှင့်ပါ ပေါင်းစပ်လိုက်ပါက ရှီလဲ့နှင့် နားကပ်တစ်ဖက်တို့အဖွဲ့တွင် ပြီးပြည့်စုံသော အခင်းဖြစ်ပွားချိန်တွင် အခြားနေရာ၌ ရှိနေကြောင်း သက်သေပြချက် ရရှိသွားပြီ ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ ပညာရေးဌာန ဝန်ထမ်းအိမ်ရာဝင်းအတွင်း မြေပြင်ပေါ်တွင် မေ့လဲနေသော ရှုကျူထျယ်ကို နောက်ဆုံးတွင် လူတစ်ဦးက တွေ့ရှိသွားပြီး ရဲတပ်ဖွဲ့ထံ ဖုန်းဆက်တိုင်ကြားခဲ့သဖြင့် သူ့ကို ဆေးရုံသို့ ပို့ဆောင်လိုက်ကြသည်။

ရှုကျူထျယ်သည် ရာဇဝတ်ကောင်များ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသော နိုင်ငံတော်နိုင်ငံ့ဝန်ထမ်းတစ်ဦး ဖြစ်သောကြောင့် ရွှမ်းဟူရဲစခန်း၏ အမှုကြီးနှိမ်နင်းရေးအဖွဲ့က အမှုကို လွှဲပြောင်းရယူခဲ့ပြီး ၎င်းကို အလွန်အမင်း အရေးကြီးသည့်ကိစ္စအဖြစ် သတ်မှတ်ကာ တစ်ညလုံး အပြင်းအထန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြတော့သည်။

ရွှမ်းဟူခရိုင် အထွေထွေရောဂါကု ဆေးရုံကြီး၏ အဆင့်မြင့်လူနာဆောင်တွင် ရှုကျူထျယ် တက်ရောက်ကုသမှု ခံယူနေရသည်။

ရွှမ်းဟူရဲစခန်း အမှုကြီးနှိမ်နင်းရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ချန်ကွမ်းလျန် သည် အိုးရန်ရှန်းကို ခေါ်ဆောင်ကာ အခြေခံအချက်အလက်အချို့ကို မေးမြန်းရန် ဆေးရုံသို့ ရောက်ရှိလာခဲ့သည်။

ရှုကျူထျယ်သည် အိုးရန်ရှန်းကို ရွံရှာဖွယ်ကောင်းသော အပြုံးများ၊ရမ္မက်မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ သူသည် ချန်ကွမ်းလျန်၏ မေးမြန်းမှုများကို ဂရုမစိုက်ဘဲ ထူးဆန်းစွာ ပြောလိုက်သည်မှာ “အရာရှိအိုးရန်... ရဲဝန်ထမ်းအလုပ်က အရမ်းအန္တရာယ်များတယ်လို့ ကျွန်တော် ကြားထားပါတယ် အရာရှိအနေနဲ့ ပညာရေးစနစ်ထဲကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားမှု ရှိမလား ကျွန်တော်က ပညာရေးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးပါ၊ အရာရှိသာ ဆန္ဒရှိမယ်ဆိုရင် ကျွန်တော် အရာရှိကို ပညာရေးဌာနဆီ ပြောင်းပေးလို့ရပါတယ်”

အိုးရန်ရှန်းက မျက်မှောင်ကြုတ်လိုက်ပြီး ရှုကျူထျယ်ကို ရွံရှာစက်ဆုပ်စွာ တစ်ချက်ကြည့်လိုက်သည်။ “အဖွဲ့ခေါင်းဆောင်ချန်... ရှင်ပဲ သူ့ကို ဆက်မေးလိုက်တော့၊ ကျွန်မ အပြင်ထွက်ပြီး လေညှင်းခံဦးမယ်”

ချန်ကွမ်းလျန်က ခေါင်းငြိမ့်ပြပြီး ရှုကျူထျယ်ကို ထပ်မံမေးမြန်းလိုက်သည်။ “ညွှန်ကြားရေးမှူးရှု... လူကြီးမင်းကို တိုက်ခိုက်ပြီး လုယက်သွားတဲ့သူတွေက ဘယ်သူတွေလဲဆိုတာ အဲဒီအချိန်က သေချာမြင်လိုက်ရလား”

ရှုကျူထျယ်က ခေါင်းခါပြလိုက်သည်။ ပညာရေးဌာန ဝန်ထမ်းအိမ်ရာ၏ ကားပါကင်မှာ ဟင်းလင်းပြင်ကြီးဖြစ်ပြီး ကင်မရာလည်းမရှိ၊ လုံခြုံရေးဝန်ထမ်းလည်းမရှိသလို လမ်းမီးတိုင်များပင် အလွန် ကျဲပါးလှပေသည်။

“ညွှန်ကြားရေးမှူးရှု... မကြာသေးခင်က လူကြီးမင်း ရန်ငြိုးဖွဲ့ထားမိတဲ့သူ ရှိလား ဒါမှမဟုတ် မကြာသေးခင်က လူကြီးမင်းကို ခြိမ်းခြောက်ထားတဲ့သူကော ရှိလား” ချန်ကွမ်းလျန်က လုပ်ထုံးလုပ်နည်းအတိုင်း မေးမြန်းလိုက်သည်။

ရှုကျူထျယ် ခဏမျှ စဉ်းစားလိုက်ပြီး သူ၏မျက်ဝန်းများ တုန်လှုပ်သွားရင်း ပြောလိုက်သည်မှာ “ရန်ငြိုးဖွဲ့ထားတဲ့သူအကြောင်း ပြောရမယ်ဆိုရင်တော့... ငါ တကယ်ပဲ တစ်ယောက်နဲ့ ရန်ငြိုးဖွဲ့ထားမိတယ်”

All Chapters