← Chapters

အခန်း ၁၂၃

Vol. 13 Ch. 123

အခန်း ၁၂၃

Vol. 13 Ch. 123

အခန်း - ၁၂၃

ရှီလဲ့သည် ထိုအမျိုးသမီးကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေမိခြင်းမှာ သူမ၏ အလှတရားကြောင့်တော့ မဟုတ်ပေ။ အဆုံး၌ ရှီလဲ့၏ ပတ်ဝန်းကျင်ရှိ မိန်းကလေး လေးဦးစလုံးသည် သူမထက် မည်သို့မျှ အလှအပချင်း နိမ့်ပါးခြင်းမရှိချေ။

ရှီလဲ့ ဤမျှအထိ စိုက်ကြည့်နေရသည့် အစစ်အမှန်အကြောင်းပြချက်မှာ သူ ဤအမျိုးသမီးကို သိနေခြင်းကြောင့် ဖြစ်သည်။

“မင်း... မင်းက...” ရှီလဲ့ သူမကို မှတ်မိသော်လည်း သူမ၏ အမည်ကိုမူ ခေတ္တမျှ မေ့လျော့နေခဲ့သည်။

ထိုအမျိုးသမီးက သူမ၏ ဖားပြုတ်မျက်မှန်ကြီးကို ပြန်လည်တပ်ဆင်လိုက်ပြီး အောင်နိုင်သူတစ်ဦးကဲ့သို့ ပြုံးကာ ပြောလိုက်သည်။ “ကောင်လေး... ဘယ်လိုလဲ မင်း အစ်မကြီးကို ကြွေသွားပြီမလား ဒါပေမဲ့ အစ်မကြီးက ပြောလိုက်မယ်နော်... မင်းမှာ လုံးဝ အခွင့်အရေးမရှိဘူး ဟားဟားဟား”

“မင်း ခဏစောင့်ဦး” ရှီလဲ့ သူ၏ ဖုန်းကို ထုတ်ယူကာ လီချိုင်ထံသို့ ခေါ်ဆိုလိုက်သည်။ သူ၏ ရှေ့မှောက်တွင် ရောက်ရှိနေသော ဤအမျိုးသမီးသည် အခြားသူမဟုတ်ဘဲ လီချိုင် အနှစ်သက်ဆုံး ဖြစ်သော ကမ္ဘာကျော် ကြယ်ပွင့်စူပါစတားတစ်ဦး ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် ရှီလဲ့အနေဖြင့် သူမကို အနည်းငယ် မှတ်မိနေခဲ့ခြင်း ဖြစ်ပေသည်။

“ဟယ်လို အစ်ကိုကြီးရှီ ကျင်းချန်မြို့ကို ရောက်ပြီလား” လိုင်းအခြားတစ်ဖက်မှ လီချိုင်၏ အသံ ထွက်ပေါ်လာသည်။ သူတို့ဘက်တွင် စာသင်ချိန်ကြား နားချိန်နှင့် ကွက်တိ ဖြစ်သွား၍ တော်သေးသည်၊ မဟုတ်လျှင် စာသင်ချိန်အတွင်း ဖုန်းဖြေမိပါက လီချိုင်တစ်ယောက် ဆရာမ၏ အပြစ်ပေးခြင်းကို ထပ်မံခံရပေဦးမည်။

“လီချိုင်... မင်း အကြိုက်ဆုံး အမျိုးသမီးစူပါစတား နာမည်က ဘာလဲ” ရှီလဲ့က အပိုစကားမပြောဘဲ ဒဲ့တိုးမေးလိုက်သည်။

ရှီလဲ့၏ ဘေးတွင် ရတ်နေသော ထူးဆန်းသည့် အမျိုးသမီးမှာမူ ထိုမေးခွန်းကြောင့် ချောင်းများပင် ပြင်းထန်စွာ ဆိုးလာပြီး ရှီလဲ့အား ဂြိုဟ်သားတစ်ဦးကို ကြည့်နေသည့်အလား စိုက်ကြည့်နေတော့သည်။

ဖုန်းထဲမှ လီချိုင်က အလောတကြီး ပြန်ဖြေသည်။ “ကျွန်တော် အကြိုက်ဆုံး စူပါစတားလား ဟယ်ဝမ်ချိုးလေဗျာ အစ်ကိုကြီးရှီ.. ဘာဖြစ်လို့လဲ” လိုင်းထဲမှ ဖုန်းကျသွားသည့်အသံသာ ထွက်ပေါ်လာတော့သည်။ရှီလဲ့က ဖုန်းကို ချက်ချင်း ချပစ်လိုက်ခြင်း ဖြစ်သည်။ လီချိုင် ခေါင်းကို အစွမ်းကုန် ခါယမ်းလိုက်ရင်း ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်တော့သည်။

ရှီလဲ့ ဖုန်းကို အိတ်ကပ်ထဲ ထည့်လိုက်ပြီး၊ ထိုထူးဆန်းသော အမျိုးသမီးကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ “ငါ အခု သိပြီ၊ မင်းနာမည်က ဟယ်ဝမ်ချိုး မဟုတ်လား”

ဟယ်ဝမ်ချိုး စိတ်အနှောင့်အယှက် ဖြစ်သွားပြီး “အိုဘုရားသခင်... ကောင်လေး၊ နင်က အစ်မကြီးကို တကယ်ပဲ မသိတာလား”

“ကဲပါ ကိုယ့်ကိုယ်ကိုယ် အမွှန်းတင်နေတာ ရပ်လိုက်ပါတော့ မင်းက ဆယ်လီတစ်ယောက်လို့ ငါ ကြားဖူးပါတယ်၊ ဒါနဲ့ ဟိုအပြင်က စောင့်ဆိုင်းခန်းထဲက လူအုပ်ကြီးက မင်းကို စောင့်နေကြတာလား” ရှီလဲ့က စူးစမ်းစွာ မေးလိုက်သည်။ “ဆယ်လီတွေဆိုတာ လူမြင်ကွင်းမှာ ပေါ်ပေါ်ထင်ထင် နေရတာကို ကြိုက်ကြတာ မဟုတ်ဘူးလား မင်းက ဘာလို့ အဲဒီဖန်တွေကို သွားပြီး နှုတ်မဆက်တာလဲ”

ဟယ်ဝမ်ချိုးက လက်ကို ဝှေ့ယမ်းပြရင်း မတတ်နိုင်သည့် အမူအရာဖြင့် “စိတ်လျှော့ စိတ်လျှော့... အစ်မကြီးက အဲဒီလိုမျိုး လူအများကြား ပေါ်ပေါ်ထင်ထင် နေရတာ ကြိုက်တဲ့ ဆယ်လီမျိုး မဟုတ်ဘူး နင်က တကယ် စိတ်ဝင်စားဖို့ကောင်းတဲ့ ကောင်လေးပဲ၊ လာ... အစ်မကြီးက နင့်ကို အစားအသောက် တစ်နပ် လိုက်ကျွေးမယ်”

ရှီလဲ့က ငြင်းပယ်လိုက်သည်။ “စိတ်မရှိပါနဲ့၊ အစ်ကိုကြီးက အချိန်မအားဘူး ပြီးတော့... အစ်ကိုကြီးက ဒီနှစ်မှာ အသက် ၂၅ နှစ် ရှိပြီ မိန်းကလေး... မင်းက အသက် ၂၀ ပဲ ရှိဦးမှာ မဟုတ်လား”

ဟယ်ဝမ်ချိုးက ‘တောက်’ တစ်ချက် ခေါက်လိုက်ရင်း ရှီလဲ့ကို ခြေဆုံးခေါင်းဆုံး အကဲခတ်ကြည့်ကာ “အို... တော်စမ်းပါ၊ နင့်ရုပ်က ၂၅ နှစ် ရုပ်နဲ့ တူလို့လား လူတွေက ကိုယ့်ကိုယ်ကိုယ် အသက်ငယ်အောင် ဟန်ဆောင်တာပဲ ငါ မြင်ဖူးတယ်၊ အခုလို အသက်ကြီးအောင် ဟန်ဆောင်တဲ့လူကို ပထမဦးဆုံး မြင်ဖူးတာပဲ ကောင်လေး... အစ်မကြီးကို လာလိမ်ချင်ရင်တော့ နောက်ဘဝမှပဲ လာစမ်းပါ ငါ့ကို ပြန်ဖြေဦး... အစ်မကြီးက အစားအသောက် ကျွေးမယ်ဆိုတာကို နင် လိုက်မှာလား မလိုက်ဘူးလား”

ရှီလဲ့ ခေါင်းကို ထပ်မံခါယမ်းလိုက်ပြီး “မလိုက်ဘူး ဒီအစ်ကိုကြီးက အဲဒီလို လွယ်လွယ်နဲ့ လိုက်သွားတတ်တဲ့ အပျော်အပါးသမား မဟုတ်ဘူး အစ်ကိုကြီးမှာ ရည်းစား လေးယောက် တောင် ရှိနေတာ၊ ထပ်ပြီး ဖောက်ပြန်လို့ မဖြစ်ဘူး”

“ဖူး” ဟယ်ဝမ်ချိုးသည် မည်မျှပင် ‘မြေခွေးမလေး’ စရိုက်မျိုး ရှိသည်ဆိုစေဦး ရှီလဲ့၏ စကားကြောင့် ဆွံ့အသွားရတော့သည်။ ရည်းစား လေးယောက်တောင် ထားထားပြီးတော့မှ မိမိကိုယ်မိမိ အပျော်အပါးသမား မဟုတ်ဘူးဟု ပြောရဲသေးသည်လား။

“ကောင်လေး... ငါ နင့်ကို တကယ် စိတ်ဝင်စားသွားပြီ အစ်မကြီး အခု သွားရတော့မယ်၊ နောက်မှ နင့်ကို လာရှာပြီး ကစားမယ်နော်” ဟယ်ဝမ်ချိုး လှည့်ထွက်သွားပြီး တက္ကစီတစ်စီးပေါ်သို့ တက်ကာ ကားစီးကြောင်းကြီးအတွင်း ပျောက်ကွယ်သွားခဲ့တော့သည်။

ဟယ်ဝမ်ချိုးနှင့် စနောက်ခဲ့ပြီးနောက်၊ မိန်းကလေး လေးယောက်၏ သံယောဇဉ် ကိစ္စရပ်များကြောင့် မှိုင်းညို့နေခဲ့သော ရှီလဲ့၏ စိတ်အခြေအနေမှာ ပြန်လည်၍ လန်းဆန်းတောက်ပလာခဲ့သည်။ ရှီလဲ့သည် ကျင်းချန်မြို့သို့ လာမည့်အကြောင်းကို ပတ်ထရီးရော့ကုမ္ပဏီထံ ကြိုတင်အကြောင်းကြားခြင်း မရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူ လုပ်ဆောင်ရမည့် ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ကိစ္စတစ်ခု ရှိနေသဖြင့် ပတ်ထရီး‌ရော့ကုမ္ပဏီသာ ရှိနေပါက အဆင်ပြေမည် မဟုတ်သောကြောင့် ဖြစ်သည်။

ရှီလဲ့သည် ပြီးခဲ့သည့် ဘဝတုန်းက ကျင်းချန်မြို့သို့ ရောက်ရှိဖူးပြီး ဤနေရာတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ဖူးသဖြင့် ပတ်ဝန်းကျင်ဒေသများကို အတော်ပင် ကျွမ်းကျင်လှသည်။ သူ တက္ကစီတစ်စီးကို စီးကာ ရှီးယန်ခရိုင်၊ အရှေ့ဘက် တတိယပတ်လမ်းသို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာရှိ လူသူမသိသော လမ်းကြားလေးတစ်ခုအတွင်းတွင် ‘တရားမဝင် အင်တာနက်ကဖေး’ တစ်ခုကို သူ ရှာဖွေတွေ့ရှိခဲ့သည်။

၂၀၀၆ ခုနှစ်တွင် ထိုကဲ့သို့သော တရားမဝင် အင်တာနက်ကဖေးများမှာ အလွန်ပင် ခေတ်စားလှပေသည်။ ၎င်းအင်တာနက်ကဖေးများမှာ လုပ်ငန်းလိုင်စင်မရှိဘဲ သီးသန့်ဖွင့်လှစ်ထားခြင်းဖြစ်ရာ၊ အင်တာနက်အသုံးပြုသူများ၏ အချက်အလက်များကို မှတ်ပုံတင်ရန် မလိုဘဲ အဓိကအားဖြင့် အသက်မပြည့်သေးသော လူငယ်များကို ပစ်မှတ်ထား ဝန်ဆောင်မှုပေးခြင်း ဖြစ်သည်။

ရှီလဲ့သည် အသစ်ဝယ်ယူလာသော ဘေ့စ်ဘောဦးထုပ်ကို ဆောင်းကာ အင်တာနက်ကဖေး၏ ထောင့်စွန်းတစ်နေရာတွင် ထိုင်လိုက်သည်။ ကွန်ပျူတာကို စတင်မောင်းနှင်ပြီးနောက် သူသည် ဂျပန် အပြာဝက်ဆိုက် တစ်ခုကို ဖွင့်လိုက်တော့သည်။

တရားမဝင် အင်တာနက်ကဖေးပိုင်ရှင်သည် ဝန်းကျင်ကို တစ်ချက်လှည့်ပတ်စစ်ဆေးရင်း ရှီလဲ့ကို မြင်သောအခါ နားလည်မှုရှိသော အပြုံးတစ်ခု ပြုံးပြကာ ဆက်လက် စောင့်ကြည့်ခြင်း မပြုတော့ချေ။ ဤအရာက ရှီလဲ့၏ လှည့်ကွက်တစ်ခု ဖြစ်သည်၊ အပြာဝဘ်ဆိုက်ကို အသုံးပြု၍ သူ၏ အစစ်အမှန် ရည်ရွယ်ချက်ကို ဖုံးကွယ်ထားခြင်း ဖြစ်ပေသည်။

ရှီလဲ့သည် ပတ်ဝန်းကျင်ကို သတိရှိရှိဖြင့် အကဲခတ်ကြည့်ရာ စီစီတီဗွီ (CCTV) ကင်မရာများ၏ ခြေရာလက်ရာကို မတွေ့ရချေ။ သူသည် ချက်ချင်းပင် ဤကွန်ပျူတာမှတစ်ဆင့် ရွှမ်ချင်းမြို့၊ ဂျင်းယာဥယျာဉ်ရှိ ဆာဗာနံပါတ် (၁) သို့ ချိတ်ဆက်လိုက်သည်။ ဆာဗာနံပါတ် (၁) ၏ စစ်ဆေးအတည်ပြုမှုကို ကျော်ဖြတ်ပြီးနောက် ရှီလဲ့သည် ဆာဗာအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ပြီး အဆင့်မြင့်ကွန်ပျူတာ ‘ယန်’ ကို အဝေးမှ ထိန်းချုပ်မောင်းနှင် လိုက်တော့သည်။

ပြီးခဲ့သော ဘဝတုန်းက ရှီလဲ့သည် သူ၏ မိဘအရင်းများကို လိုက်လံရှာဖွေသည့် လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းခဲ့ပြီးနောက်၊ နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းကာ ပုန်းကွယ်နေသော သဲလွန်စအချို့ကို ဖော်ထုတ်နိုင်ခဲ့သည်။ ၎င်းတို့အနက် တစ်ခုမှာ ကျင်းချန်မြို့ရှိ သုတေသနအဖွဲ့အစည်း တစ်ခုနှင့် သက်ဆိုင်နေခဲ့သည်။ သို့သော် ထိုသုတေသနအဖွဲ့အစည်း၏ ကွန်ရက်လုံခြုံရေး ကာကွယ်ရေးစနစ်မှာ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန လက်အောက်ရှိ ‘ကွန်ရက်လုံခြုံရေး ထောက်လှမ်းရေးဌာနခွဲ’(NS) နှင့် ချိတ်ဆက်ထားခြင်း ဖြစ်သည်။ ထိုဌာန၏ စနစ်တကျ ကာကွယ်ပေးထားမှုကြောင့် ရှီလဲ့အနေဖြင့် ထိုစနစ်ကို ဖောက်ထွင်းနိုင်ရန် ယုံကြည်ချက် မရှိခဲ့ချေ။

ပြန်လည်မွေးဖွားလာပြီးနောက်တွင်လည်း ရှီလဲ့သည် ဤသဲလွန်စကို လုံးဝ မထိတွေ့ခဲ့ချေ၊ ထိုအကြောင်းရင်းမှာလည်း NS ကြောင့်ပင် ဖြစ်သည်၊ အကယ်၍ NS ၏ ပစ်မှတ်ထားခြင်းကို ခံရပါက သေချာပေါက် ပျော်စရာကောင်းသည့် ကိစ္စတစ်ခု ဖြစ်လာလိမ့်မည် မဟုတ်ချေ။

ရှီလဲ့သည် ဤတရားမဝင် အင်တာနက်ကဖေးကို ရွေးချယ်ကာ ထိုသုတေသနအဖွဲ့အစည်း၏ အခြေအနေကို စမ်းသပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်၊ ၎င်း၏ လုံခြုံရေးစနစ်ကို ၂၀၀၆ ခုနှစ်တွင် NS ထံသို့ လွှဲပြောင်းပေးထားခြင်း ရှိမရှိကို သိရှိနိုင်ရန် ဖြစ်ပေသည်။ အကယ်၍ NS က ကာကွယ်ထားပြီးသား ဖြစ်နေပါက သူသည် ဤအင်တာနက်ကဖေး ကွန်ပျူတာကို ချက်ချင်း စွန့်ပစ်လိုက်ရုံသာ ရှိတော့သည်၊ အရှုံးနည်းနည်းဖြင့် အနိုင်ရအောင် လုပ်ဆောင်ခြင်း ပင် ဖြစ်သည်။

အဆင့်မြင့်ကွန်ပျူတာ ‘ယန်’ ၏ ပံ့ပိုးမှုဖြင့် ရှီလဲ့သည် ထိုသုတေသနအဖွဲ့အစည်း၏ အင်တာနက်လိပ်စာကို အွန်လိုင်းပေါ်တွင် ရှာဖွေလိုက်သည်။ ခေတ္တမျှအကြာတွင် ရှီလဲ့ ပစ်မှတ်ကို အောင်မြင်စွာ ရှာဖွေတွေ့ရှိခဲ့သည်။ အဆင့်မြင့်ကွန်ပျူတာ ‘ယန်’ ၏ စွမ်းဆောင်ရည်မြင့်မားမှုက စတင်အသက်ဝင်လာခဲ့ပြီး၊ ရှီလဲ့၏ ပထမဦးဆုံးအကြိမ် စမ်းသပ်တိုက်ခိုက်မှု သည် တစ်ဖက်လူ၏ ပထမဆုံး လုံခြုံရေးအလွှာကို အောင်မြင်စွာ ဖောက်ထွင်းသွားနိုင်ခဲ့သည်။

သို့သော် တစ်ဖက်လူသည် ရုတ်ချည်းပင် ပြင်းထန်လွန်းလှသော အရှိန်အဟုန်ဖြင့် တန်ပြန်တိုက်ခိုက်လာခဲ့ရာ ရှီလဲ့ ထိတ်လန့်တုန်လှုပ်သွားရတော့သည်။ ထိုသုတေသနအဖွဲ့အစည်း၏ ကွန်ရက်လုံခြုံရေးစနစ်ကို နိုင်ငံတော်လုံခြုံရေးဌာန၏ ကွန်ရက်လုံခြုံရေးဌာနခွဲ (NS) ထံသို့ အမှန်တကယ် လွှဲပြောင်းပေးထားပြီး ဖြစ်ပုံရပေသည်။

ရှီလဲ့သည် မျက်နှာစာနှစ်ဖက်လုံးတွင် တစ်ပြိုင်နက်တည်း အလုပ်လုပ်နေရသည်၊ သုတေသနအဖွဲ့အစည်း၏ ဖိုင်းယားဝေါလ်ကို တိုက်ခိုက်နေရသလို တစ်ဖက်မှလည်း NS ၏ ခြေရာခံမှုကို ခုခံကာကွယ်နေရသည်။ ကံကောင်းထောက်မစွာဖြင့် အဆင့်မြင့်ကွန်ပျူတာ ‘ယန်’ ရှိနေသောကြောင့် ရှီလဲ့သည် NS ၏ တိုက်ခိုက်မှုကို သီသီလေး ခုခံနိုင်ခဲ့ခြင်း ဖြစ်သည်။

ကျင်းချန်မြို့ရှိ လျှို့ဝှက်သုတေသနအဖွဲ့အစည်းအတွင်း ရုတ်တရက် အရေးပေါ်အချက်ပေးသံများ ကျယ်လောင်စွာ မြည်ဟည်းလာခဲ့သည်။ ၎င်းတို့၏ စနစ်အတွင်းမှ အသံချဲ့စက်မှတစ်ဆင့် သုတေသနအဖွဲ့အစည်း၏ ကွန်ရက်စနစ်မှာ ဟက်ကာ၏ တိုက်ခိုက်ခြင်းကို ခံနေရသဖြင့် အရေးကြီးသော သုတေသနအချက်အလက် အားလုံးကို အင်တာနက်ကွန်ရက်မှတစ်ဆင့် လျှပ်စစ်ပိုင်းဆိုင်ရာ ချက်ချင်း ဖြတ်တောက်ရန် သတိပေးချက် ထွက်ပေါ်လာခဲ့သည်။

လျှို့ဝှက်သုတေသနအဖွဲ့အစည်းသည် စနစ်တကျဖြင့် အချက်အလက် ကာကွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကြစဉ်၊ ရှီလဲ့သည်လည်း အဖွဲ့အစည်း၏ ဖိုင်းယားဝေါလ်ကို ရူးသွပ်စွာ ဖျက်ဆီးနေခဲ့သည်။ တစ်ချိန်တည်းမှာပင် NS သည်လည်း ရှီလဲ့၏ အိုင်ပီလိပ်စာကို ရူးသွပ်စွာ ခြေရာခံနေခဲ့သည်။

ဆာဗာနံပါတ် (၁) ဆီမှ တက်လာသော အန္တရာယ်အချက်ပေးချက်များကို ကြည့်ရင်း ရှီလဲ့ မတတ်နိုင်သည့်အလား ခေါင်းခါလိုက်မိပြီး၊ တရားမဝင် အင်တာနက်ကဖေး ကွန်ပျူတာနှင့် ဆာဗာနံပါတ် (၁) ကြားရှိ ချိတ်ဆက်မှုကို အမြန်ဆုံး ဖြတ်တောက်လိုက်ကာ ကွန်ပျူတာအတွင်းရှိ အသုံးပြုခဲ့သော မှတ်တမ်း အားလုံးကို ရှင်းလင်းဖျက်ဆီးပြီး ထွက်ခွာခဲ့တော့သည်။

အင်တာနက်ကဖေးပြင်ပသို့ ထွက်လာပြီးနောက် ရှီလဲ့ သူ၏ ဖုန်းကို ထုတ်ကြည့်လိုက်ရာ မျက်နှာပြင်ပေါ်တွင် ရဲရဲနီနေသော အစက်အပြောက် အမြောက်အမြားရှိသော မြေပုံတစ်ခု ပေါ်လာခဲ့သည်။ အစက်တစ်ခုချင်းစီမှာ လမ်းဘေး လုံခြုံရေးကင်မရာ သို့မဟုတ် ပြည်သူ့လုံခြုံရေး ကင်မရာများကို ကိုယ်စားပြုပြီး ဖုန်းပေါ်တွင် အားလုံးကို အသေးစိတ် ပြသထားခြင်း ဖြစ်သည်။

ရှီလဲ့သည် ကင်မရာများကို ပါးနပ်စွာ ရှောင်ကွင်းရင်း လမ်းကြားအချို့ကို ဖြတ်သန်းလျှောက်လှမ်းခဲ့ပြီးနောက် တက္ကစီတစ်စီးပေါ်သို့ တက်ကာ ပတ်ထရီးရော့ကုမ္ပဏီ၏ လိပ်စာကို ပေးလိုက်တော့သည်။

သူ ရှီးယန်ခရိုင်ရှိ တရားမဝင် အင်တာနက်ကဖေးမှ ထွက်ခွာသွားပြီး မကြာမီမှာပင် အရပ်ဝတ်ရဲဝန်ထမ်း လေးဦး ရောက်ရှိလာခဲ့သည်။ သူတို့သည် အင်တာနက်ကဖေးအတွင်းသို့ အလောတကြီး ပြေးဝင်ကာ ရှီလဲ့ကို ဖမ်းဆီးရန် ကြိုးပမ်းခဲ့ကြသော်လည်း သူသည် ကြိုတင်၍ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

၎င်းတို့သည် အင်တာနက်ကဖေးပိုင်ရှင်ကို စစ်ဆေးမေးမြန်းခဲ့သော်လည်း အသုံးဝင်သော အချက်အလက် တစ်စုံတစ်ရာ မရရှိခဲ့သဖြင့် နောက်ဆုံးတွင် လမ်းဘေးကင်မရာစနစ်နှင့် ပြည်သူ့လုံခြုံရေး စနစ်ကိုသာ အသုံးပြု၍ ရှာဖွေရန် ဆုံးဖြတ်ခဲ့ကြရတော့သည်။

တက္ကစီနောက်ခန်းတွင် ထိုင်နေသော ရှီလဲ့သည် အတွေးနက်နေခဲ့သည်။

‘အဲဒီသုတေသနအဖွဲ့အစည်းက တကယ်ပဲ ဘာတွေလုပ်နေလို့ လုံခြုံရေးစနစ်က ဒီလောက်အထိ တင်းကျပ်နေရတာလဲ’

လွန်ခဲ့သော နှစ်ရက်ခန့်က ဂျပန်နိုင်ငံရှိ NHK ရုပ်သံလိုင်းကို အကြိမ်ကြိမ် ထိုးဖောက်တိုက်ခိုက်ခဲ့သည့်တိုင်အောင် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေးဗျူရို၏ တုံ့ပြန်မှုမှာ ယခု ရှနိုင်ငံ၏ နိုင်ငံတော်လုံခြုံရေးဌာန ကွန်ရက်လုံခြုံရေးဌာနခွဲ (NS) ကဲ့သို့ ဤမျှအထိ ရူးသွပ်ပြီး ပြင်းထန်ခြင်းမရှိခဲ့ချေ။

NS ၏ အစွမ်းသတ္တိကို ခုနတင်ပဲ ထိပ်တိုက်ရင်ဆိုင်ခဲ့ရသဖြင့် ရှီလဲ့အနေဖြင့် ၎င်းတို့၏ အင်အားစုအားလုံးကိုပင် စေလွှတ်လိုက်ပြီလားဟု တွေးတောမိသည်။ ၎င်းတို့သည် အဆင့်မြင့်ကွန်ပျူတာ ‘ယန်’ ၏ စွမ်းဆောင်ရည်ကို အလွန်လျင်မြန်စွာ နှိမ်နင်းနိုင်ခဲ့ပြီး သူ၏ အိုင်ပီလိပ်စာကိုပင် အတိအကျ ဖော်ထုတ်နိုင်ခဲ့ကြသည်။

အကယ်၍ အဆင့်မြင့်ကွန်ပျူတာ ‘ယန်’ သာ ကြားက ခံပြီး မပိတ်ဆို့ပေးထားခဲ့လျှင် ရှီလဲ့တစ်ယောက် သေချာပေါက် အဖမ်းခံရပြီး ဖြစ်ပေလိမ့်မည်။ သူ စဉ်းစားမိရင်း ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ကျန်ရှိနေဆဲ ဖြစ်သည်။

နံနက် ၁၁ နာရီကျော်ခန့်တွင် တက္ကစီသည် ပတ်ထရီးရော့ကုမ္ပဏီသို့ ဆိုက်ရောက်ခဲ့သည်။ ရှီလဲ့ ကားခရှင်းပေးပြီး ပတ်ထရီးရော့ရုံးချုပ်ဆီသို့ လျှောက်လှမ်းခဲ့သည်။ ပတ်ထရီးရော့ကုမ္ပဏီ၏ ရုံးချုပ်မှာ ကျုံးခိုင်ရွာတွင် တည်ရှိသည်။ ရှီလဲ့ ပတ်ထရီးရော့ရုံးချုပ်၏ ဧည့်ခန်းမအတွင်းသို့ ဝင်ရောက်လိုက်စဉ် အပြင်သို့ အလောတကြီး ထွက်လာသော ကျုံးမုယွမ်နှင့် ကွက်တိ ဆုံတွေ့ခဲ့ရသည်။ ကျုံးမုယွမ်မှာ အလွန် အရေးကြီးသောအလုပ်တစ်ခု ရှိနေသည့်အလား အလျင်စလို ဖြစ်နေခဲ့သည်။

“အစ်ကိုကြီးကျုံး” ရှီလဲ့က လှမ်းခေါ်လိုက်သည်။

ကျုံးမုယွမ် မော့ကြည့်လိုက်ရာ ရှီလဲ့ကို မြင်သောအခါ မျက်နှာတွင် ဝမ်းသာအားရ ဖြစ်သွားပြီး “ညီလေး ရှီလဲ့... မင်းက ဘာလို့ တစ်ခွန်းမှ မပြောဘဲ ရုတ်တရက် ရောက်လာရတာလဲ” ဟု မေးလိုက်သည်။

ရှီလဲ့ ပြုံးလိုက်ရင်း “အစ်ကိုကြီးကျုံး... ကြိုတင်အကြောင်းကြားရင် အစ်ကိုကြီးအတွက် ပိုပြီး အလုပ်ရှုပ်သွားမှာစိုးလို့ပါဗျာ ဒါနဲ့... အစ်ကိုကြီးက ဘယ်သွားမလို့လဲ”

“ညီလေး ရှီလဲ့... မင်း ရောက်လာတာ အချိန်ကိုက်ပဲ ငါတို့နဲ့အတူ ဒစ်ဂျစ်တယ်ကင်မရာနှင့် အလင်းဆိုင်ရာ နည်းပညာဌာနခွဲကို အတူတူ သွားရအောင်၊ ငါတို့ရဲ့ အပြုံးဖမ်းယူမှု ပရိုဂရမ်နဲ့ ကင်မရာစနစ်က ဘာလို့ အမြဲတမ်း အဆင်မပြေ ဖြစ်နေရလဲဆိုတာကို ကူညီပြီး ကြည့်ပေးပါဦး” ကျုံးမုယွမ်က အနည်းငယ် စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်သည်။

“ပြဿနာမရှိပါဘူး” ရှီလဲ့ လိုလိုလားလားပင် သဘောတူလိုက်သည်။ “ဒါနဲ့... တစ်ပတ်နီးပါး ကြာသွားပြီဖြစ်တာတောင် မင်းတို့ အပြုံးဖမ်းယူမှု ပရိုဂရမ်ကို ဒစ်ဂျစ်တယ်ကင်မရာထဲ အောင်မြင်အောင် မထည့်သွင်းနိုင်သေးဘူးလား”

ကျုံးမုယွမ်က မချိပြုံး ပြုံးလိုက်ရင်း “ထည့်သွင်းတာကတော့ ထည့်သွင်းပြီးပါပြီ ဒါပေမဲ့ အသေးစား ပြဿနာလေးတွေ ရှိနေလို့ပါ၊ ဥပမာ... ဖမ်းယူမှု မအောင်မြင်တာနဲ့ ဖမ်းယူမှုနှုန်း အလွန်နှေးကွေးတာမျိုးပေါ့ ဘာဖြစ်လို့လဲဆိုတာကိုလည်း ငါတို့ နည်းပညာရှင်တွေအားလုံး စဉ်းစားလို့ မရအောင် ခေါင်းခဲနေကြတယ်”

“အော်... ဟုတ်လား” ရှီလဲ့ စိတ်ထဲမှ ပတ်ထရီးရော့၏ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာန၏ စွမ်းဆောင်ရည်ကို တိတ်တဆိတ် အပြစ်တင်မိသည်။ ဤမျှ ရိုးရှင်းသော ကိစ္စရပ်လေးကိုပင် အခုထက်ထိ မဖြေရှင်းနိုင်သေးခြင်းမှာ တကယ်ပင် ထိရောက်မှု မရှိလွန်းလှချေ။

ကျုံးမုယွမ် ကားမောင်းပြီး ရှီလဲ့က ဘေးထိုင်ခုံတွင် လိုက်ပါလာခဲ့ကာ၊ ၎င်းတို့နှစ်ဦးသည် ပတ်ထရီးရော့၏ ဒစ်ဂျစ်တယ်ကင်မရာနှင့် အလင်းဆိုင်ရာ နည်းပညာကို အထူးပြုသော ဌာနခွဲသို့ ရောက်ရှိလာခဲ့ကြသည်။

နည်းပညာ သုတေသနဓာတ်ခွဲခန်းအတွင်းသို့ ဝင်ရောက်ပြီးနောက်၊ ရှီလဲ့သည် ‘လူအိုကြီး‌ေရှာင်’ နှင့်အတူ အပြုံးဖမ်းယူမှု ပရိုဂရမ် ထည့်သွင်းထားသော ပတ်ထရီးရော့ ဒစ်ဂျစ်တယ်ကင်မရာကို စစ်ဆေးကြည့်ရှုလိုက်သည်။

ဓာတ်ပုံ နှစ်ပုံခန့် စမ်းသပ်ရိုက်ကူးပြီးနောက် ရှီလဲ့ ခေါင်းခါလိုက်မိသည်။ ပထမဆုံးပုံတွင် အပြုံးဖမ်းယူမှု၏ Auto-focus မှာ အလွန်နှေးကွေးလွန်းပြီး အသိအမှတ်ပြုမှု စွမ်းဆောင်ရည်မှာ အလွန် နိမ့်ပါးလွန်းလှသည်။ ဒုတိယပုံတွင်မူ မျက်နှာပြင်ပေါ်၌ အနီရောင်သေတ္တာကွက်တစ်ခု ပေါ်လာခဲ့ပြီး အပြုံးဖမ်းယူမှု လုံးဝ မအောင်မြင်ကြောင်း ပြသနေခဲ့သည်။

ရှီလဲ့ မချိပြုံး ပြုံးလိုက်ရင်း “အစ်ကိုကြီးကျုံး... မေးပါရစေဦး၊ မင်းတို့ ငါ့ကို တကယ်ပဲ ယုံကြည်ရဲ့လား” ဟု မေးလိုက်သည်။

ပတ်ထရီးရော့ကုမ္ပဏီသည် ရှီလဲ့၏ အခြားအမည်တစ်ခုဖြစ်သော မစ္စတာအမ်နှင့် ပူးပေါင်းဆောင်ရွက်ရန် ပြင်ဆင်နေချိန် ဖြစ်သည်။ မစ္စတာအမ်၏ ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ကျုံးမုယွမ်သည် ရှီလဲ့ကို ယုံကြည်နေဆဲ ဖြစ်သည်၊ သူသည် ပတ်ထရီးရော့ကုမ္ပဏီကို ထိခိုက်စေမည့်အရာများကို လုပ်ဆောင်လိမ့်မည် မဟုတ်ပေ၊ ဟုတ်သည်မဟုတ်ပါလား။

“သဘာဝကျကျပါပဲ ညီလေး ရှီလဲ့ကို ငါတို့ ယုံကြည်တာပေါ့ ညီလေး ရှီလဲ့... ဘာများ ပြောချင်လို့လဲ”

ရှီလဲ့ ပြတ်သားစွာ ပြောလိုက်သည်။

“ငါ မင်းတို့ရဲ့ ဒစ်ဂျစ်တယ်ကင်မရာစနစ်ရဲ့ ‘ရင်းမြစ်ကုဒ်’ တွေကို ကြည့်ချင်တယ်”

All Chapters