← Chapters

အခန်း ၁၂၉

Vol. 13 Ch. 129

အခန်း ၁၂၉

Vol. 13 Ch. 129

အခန်း - ၁၂၉

ကျိုးချန်၏ လက်ရှိအခြေအနေမှာ မကောင်းလှပေ။ ကျေးလက်တောရွာတွင် နေထိုင်သော သူ၏ သက်ကြီးရွယ်အို မိဘနှစ်ပါးမှာ ဘာဝင်ငွေမျှ မရှိသလောက်ဖြစ်ပြီး သူ လစဉ်ထောက်ပံ့ပေးသော ငွေနှင့် စိုက်ပျိုးထားသော ကောက်ပဲသီးနှံလေးများဖြင့်သာ မနည်းရုန်းကန် ရပ်တည်နေကြရသည်။

ကျိုးချန်၏ ကိုယ်ပိုင်မိသားစု အခြေအနေမှာလည်း ထပ်တူထပ်မျှ ဆင်းရဲမွဲတေလှသည်။

သူနှင့် သူ၏ဇနီးသည်မှာ ငယ်ကျွမ်းဆွေများ ဖြစ်ကြပြီး စစ်တပ်တွင် တာဝန်ထမ်းဆောင်စဉ် သူ၏ဘယ်ဘက်ခြေထောက် မသန်မစွမ်း ဖြစ်သွားခဲ့သည့်တိုင်အောင် ဇနီးဖြစ်သူက သူ့ကို စွန့်ပယ်မသွားဘဲ လက်ထပ်ခဲ့ကာ သမီးလေးတစ်ယောက် ဖွားမြင်ပေးခဲ့သည်။

အသက်တစ်နှစ်ကျော်သာ ရှိသေးသည့် ၎င်းတို့၏သမီးလေးမှာ ငွေကြေးအမြောက်အမြား လိုအပ်သော အရွယ်ဖြစ်ပြီး ကျိုးချန်၏ စက်ဘီးပြင်ဆိုင်လေး တစ်ပိုင်တစ်နိုင်မှ ရသောဝင်ငွေဖြင့် မိသားစု စားဝတ်နေရေးကို မနည်းလှည့်ပတ်နေရသည်။

ရှီလဲ့ က ကျိုးချန်အား ကမ်းလှမ်းခဲ့သည့် အခြေအနေမှာ အလွန်ကောင်းမွန်လှသည်။လစဉ်လစာ ယွမ်ငါးထောင်၊ စားစရိတ်နှင့် နေထိုင်စရိတ် အခမဲ့အပြင် နှစ်လစာ ကြိုတင်ထုတ်ပေးနိုင်ခြေလည်း ရှိသည်။

ဤမျှ ရက်ရောသော အခွင့်အရေးကို ရင်ဆိုင်ရသောအခါ ကျိုးချန် တစ်ယောက် ထပ်တလဲလဲ အဖန်ဖန် စဉ်းစားတွေးတောပြီးနောက် နောက်ဆုံးတွင် ရှီလဲ့ ထံ ဝင်ရောက်ကာ သူ၏ လုံခြုံရေးကုမ္ပဏီအတွက် လုံခြုံရေးဝန်ထမ်းများကို လေ့ကျင့်ပျိုးထောင်ပေးရန် ဆုံးဖြတ်လိုက်တော့သည်။

ကျိုးချန် ဆုံးဖြတ်ချက်ချပြီးသည်နှင့် ရှီလဲ့ က သူ၏ဘဏ်အကောင့်ထဲသို့ ယွမ်တစ်သောင်း ချက်ချင်းလွှဲပေးလိုက်ပြီး နှစ်လစာ ကြိုတင်ထုတ်ပေးမည်ဟူသော ကတိကို တည်ဆောက်လိုက်သည်။

ရှီလဲ့ က ကျိုးချန်အား သူ၏မိသားစုကိစ္စရပ်များကို စီစဉ်ရန် သုံးရက်အချိန်ပေးခဲ့ပြီး ၎င်းနောက်တွင် ရွှမ်ချင်းမြို့သို့ တိုက်ရိုက်လာရန် ပြောခဲ့သည်။

ဤသုံးရက်အတွင်း ရှီလဲ့သည်လည်း ဂျပန်သို့ သွားရောက်ရန် စီစဉ်ထားသည်။

ဗီဇာကိစ္စကို ချန်းယွဲ့၏ မိသားစုလုပ်ငန်းမှတစ်ဆင့် စီးပွားရေးဖိတ်ခေါ်စာ ထုတ်ပေးထားပြီးဖြစ်သောကြောင့် မမျှော်လင့်ထားသော ဖြစ်ရပ်များ မရှိလျှင် ဗီဇာမှာ ပြဿနာရှိမည်မဟုတ်ပေ။

ရေချိုးခန်းမှန်ရှေ့တွင် ဝတ်စုံပြည့်ဖြင့် မတ်တပ်ရပ်နေသော ရှီလဲ့ မှာ ထူးခြားခန့်ညားပြီး ခေါင်းဆောင်မှုအရှိန်အဝါ အပြည့်ရှိနေသည်။

မှန်ထဲက ခပ်ပြုံးပြုံးဖြစ်နေသော မိမိကိုယ်ကိုယ် ပြန်ကြည့်ရင်း ရှီလဲ့ က “အရာအားလုံးက အစီအစဉ်အတိုင်း ချောချောမွေ့မွေ့ ဖြစ်နေတာပဲ၊ ဒါပေမဲ့ ငါ့ရဲ့အင်အားက အခုထိ အားနည်းလွန်းသေးတယ်” ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။

သူ့ရဲ့ အတိတ်ဘဝတုန်းက သူ့အပေါ် သစ္စာဖောက်ခဲ့တဲ့ အဖွဲ့အစည်းကို ယှဉ်ပြိုင်ဖို့အတွက် ရှီလဲ့ ရဲ့ လက်ရှိဩဇာအာဏာက လုံးဝ မလုံလောက်သေးပေ။

ဆန်းကြယ်ပြီး နက်နဲလှတဲ့ အဲ့ဒီအဖွဲ့အစည်းကို ယှဉ်ပြိုင်နိုင်ဖို့ အခွင့်အရေးလေးတစ်ခု ရဖို့အတွက်တောင် သူဟာ သူ့ရဲ့အင်အားကို အသည်းအသန် ချဲ့ထွင်ရလိမ့်မည်။

သူ၏ အော်ဒီကားဖြူလေးကို မောင်းနှင်ရင်း ရှီလဲ့သည် ရွှမ်ချင်းမြို့ရှိ ဂျပန်နိုင်ငံရုံးသို့ ဦးတည်ထွက်ခွာခဲ့သည်။

သူ၏ ကျွမ်းကျင်လှသော ဂျပန်ဘာသာစကားနှင့် ချန်ယွဲ့မိသားစု၏ စီးပွားရေးဖိတ်ခေါ်စာတို့ကြောင့် ဗီဇာလျှောက်ထားမှုလုပ်ငန်းစဉ်မှာ အလွန်ပင် ချောမွေ့စွာ ပြီးဆုံးသွားခဲ့သည်။

ဂျပန်နိုင်ငံအတွက် ဗီဇာရရှိပြီးနောက်တွင် ရှီလဲ့ က ချက်ချင်းထွက်ခွာရန် မစီစဉ်သေးပေ။

၎င်းအစား ရွှမ်းဟူခရိုင်သို့ ပြန်လာပြီး ရွှမ်းဟူခရိုင် စီမံခန့်ခွဲရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဦးစီးဌာနတွင် “လုံခြုံရေး မဟာဗျူဟာ” ဟုအမည်ရသော ကုမ္ပဏီတစ်ခုကို မှတ်ပုံတင်ခဲ့သည်။

စိတ်ဝင်စားစရာကောင်းသည်မှာ “လုံခြုံရေး မဟာဗျူဟာ ကုမ္ပဏီ” ၏ စီးပွားရေးလုပ်ငန်း နယ်ပယ်ကို ဖြည့်စွက်ရာတွင် ရှီလဲ့ က တစ်ခုနှင့်တစ်ခု မသက်ဆိုင်လှသော နယ်ပယ်နှစ်ခုကို ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

ပထမတစ်ခုမှာ “ကွန်ရက်လုံခြုံရေး” ဖြစ်ပြီး ဒုတိယတစ်ခုမှာ “ကာကွယ်ရေး” ဖြစ်ကာ ၎င်းမှာ လုံခြုံရေးဝန်ဆောင်မှုပေးသည့် ကုမ္ပဏီတစ်ခု ဖြစ်သည်ဟု ဆိုလိုသည်။

လုပ်ငန်းနယ်ပယ်များမှာ အနည်းငယ် မကိုက်ညီသော်လည်း ကုမ္ပဏီကို အောင်မြင်စွာ မှတ်ပုံတင်ခြင်းကို မဟန့်တားနိုင်ခဲ့ပေ။ မှတ်ပုံတင်မတည်ရင်းနှီးငွေ ယွမ်နှစ်သိန်းမျှသာ ရှိသော်လည်း အနည်းဆုံးတော့ တရားဝင်ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။

စီမံခန့်ခွဲရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဦးစီးဌာနတွင် မှတ်ပုံတင်ပြီးနောက် ကုမ္ပဏီ၏ လက်မှတ်စာရွက်စာတမ်း အားလုံးကို ရရှိရန် ရုံးဖွင့်ရက် ငါးရက်ခန့် လိုအပ်သေးသည်။ ဒါက ရှနိုင်ငံရဲ့ အလုပ်လုပ်ပုံ စွမ်းဆောင်ရည်ပဲဖြစ်သည်။ အထူးအဆက်အသွယ် မရှိရင်တော့ မြန်ဆန်ဖို့ကို မေ့ထားလိုက်ရုံပင်။

စီမံခန့်ခွဲရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဦးစီးဌာနမှ ထွက်ခွာပြီးနောက် ရှီလဲ့ က ပထမဦးစွာ ဘဏ်သို့သွား၍ ဂျပန်ယန်းငွေအချို့ကို လဲလှယ်ခဲ့သည်။

ထို့နောက် သူ၏ ဖုန်းနံပါတ်ကို ဖုံးကွယ်ခြင်းမရှိဘဲ နားကပ်တစ်ဖက်ထံ တိုက်ရိုက်ဖုန်းခေါ်ဆိုကာ “နားကပ် ညီအစ်ကိုတွေအားလုံးကို စုစည်းပြီး လမ်းကြားထဲမှာ ငါ့ကို စောင့်နေ” ဟု ညွှန်ကြားလိုက်သည်။

ရွှမ်းဟူခရိုင် ရဲစခန်း၏ နည်းပညာဌာနသည် ဤဖုန်းခေါ်ဆိုမှုကို ကြားဖြတ်နားထောင်မိပြီးနောက် ချက်ချင်းပင် တင်းမာသွားခဲ့သည်။

အထူးသဖြင့် ချန်ကွမ်းလျန် က ရှီလဲ့ တစ်ယောက် လူမိုက်တွေအားလုံးကို စုစည်းပြီး အခု ဘာလုပ်ဖို့ ကြံစည်နေတာလဲဟု လျှို့ဝှက်စွာ တွေးတောမိသည်။

“ထောက်ကျွင်း၊ ဟွာချန်း... မင်းတို့ တစ်ယောက်ကို ရဲဝန်ထမ်း သုံးယောက်စီ ခေါ်သွားပြီး ရှီလဲ့ တို့အဖွဲ့ကို စောင့်ကြည့်ဖို့ လမ်းကြားထဲကို သွားကြ” ဟု ချန်ကွမ်းလျန် က အမိန့်ပေးလိုက်သည်။

ဟွာချန်း နှင့် ထောက်ကျွင်း တို့မှာ ဝါရင့်ရဲအရာရှိများ ဖြစ်ကြသဖြင့် ဤကဲ့သို့ ခက်ခဲသော တာဝန်များမှာ ၎င်းတို့အပေါ်သို့ သဘာဝကျကျ ကျရောက်လာခြင်းဖြစ်သည်။

ရှီလဲ့ သည် သူ၏ အော်ဒီကားလေးကို လမ်းမကြီးပေါ်မှ လမ်းကြားဆီသို့ လျင်မြန်စွာ မောင်းနှင်လာခဲ့သည်။

သူ ရောက်ရှိလာသောအခါ နားကပ် နှင့် အခြားသူများက လမ်းကြားတွင် သူ့ကို စောင့်ဆိုင်းနေကြသည်။

လူအယောက် နှစ်ဆယ်ကျော် စုဆောင်းထားခဲ့သည်။

ရှီလဲ့ ကားပေါ်က ဆင်းလာသည်နှင့်နားကပ်က ရိုရိုသေသေဖြင့် “အစ်ကိုကြီး ရှီ” ဟု နှုတ်ဆက်လိုက်သည်။

လက်အောက်ငယ်သား အယောက် နှစ်ဆယ်ကျော်ကလည်း “အစ်ကိုကြီး ရှီ” ဟု ဟစ်အော်ကြတော့သည်။

ရှီလဲ့ က လမ်းတစ်ဖက်တွင် ပုံမှန်ကင်းလှည့်နေသယောင် ဆောင်နေကြသော ဟွာချန်း နှင့် ထောက်ကျွင်း တို့ကို တစ်ချက်လှမ်းကြည့်ကာ စိတ်ထဲတွင် လှောင်ပြုံးပြုံးလိုက်မိသည်။ “ရွှမ်းဟူရဲစခန်းက ငါ့ဖုန်းတွေကို တကယ်ပဲ စောင့်ကြည့်နေတုန်းပဲ ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ တစ်ချိန်ကျရင် သူတို့ကို လမ်းလွဲသွားအောင် သတင်းအမှားတချို့ ပေးလိုက်လို့ရတာပဲ”

ဟွာချန်း နှင့် ထောက်ကျွင်း တို့ကို မသိမသာ တစ်ချက်ကြည့်ပြီးနောက် ရှီလဲ့ က ခေါင်းလှည့်ကာ “နားကပ်၊ ငါတို့နောက်ကို တကယ်လိုက်မယ့်လူ စုစုပေါင်း ဘယ်နှစ်ယောက်ရှိလဲ” ဟု မေးလိုက်သည်။

နားကပ်က အသံတိုးတိုးဖြင့် “အစ်ကိုကြီး ရှီ၊ ကျွန်တော်နဲ့ အားမောင် အပြင်၊ ညီအစ်ကို ရှစ်ယောက်ပဲ ကျွန်တော်တို့နောက်ကို တကယ်စိတ်နှစ်ပြီး လိုက်မှာပါ ကျန်တဲ့ ဆယ်ယောက်ကျော်ကတော့ တခြားရည်ရွယ်ချက်တွေ ရှိကြတယ်၊ သူတို့က ကုမ္ပဏီရဲ့ ခံစားခွင့်တွေကိုပဲ စိတ်ဝင်စားကြတာ” ဟု ပြောလိုက်သည်။

ရှီလဲ့ ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး ထိုလူမိုက် အယောက် နှစ်ဆယ်ကျော်ကို အကဲခတ်လိုက်သည်။ ၎င်းတို့အနက် အများစုမှာ အသက် နှစ်ဆယ်ဝန်းကျင် အရွယ်များဖြစ်ကြပြီး လူငယ်သွေး အပြည့်ရှိနေကြသည်။

“လျှောက်ပြောနေတာပဲ ကုမ္ပဏီဆိုတာ အရည်အချင်းမျိုးစုံ လိုအပ်တယ် ကုမ္ပဏီရဲ့ ခံစားခွင့်တွေကိုပဲ လိုချင်တဲ့သူတွေအတွက်လည်း သက်ဆိုင်ရာ အလုပ်အစီအစဉ်တွေ ရှိမှာပါ” ဟု ရှီလဲ့ က အေးအေးဆေးဆေး ပြောလိုက်သည်။

“သွားကြစို့၊ ငါ အားလုံးကို နေ့လယ်စာ ကျွေးမယ်၊ ပြီးတော့ ကုမ္ပဏီရဲ့ စည်းမျဉ်းတွေကို ဆွေးနွေးကြတာပေါ့”

အယောက် နှစ်ဆယ်ကျော်ပါသော အဖွဲ့သည် ဆိုင်တစ်ဆိုင်ထဲသို့ ဆူဆူညံညံ ဝင်ရောက်သွားကြသဖြင့် ဆိုင်ပိုင်ရှင်မှာ ရှီလဲ့ တို့အဖွဲ့က အလကားလာစားပြီး ပြေးမည့်သူများ ဖြစ်မည်ကို စိုးရိမ်ကာ စိတ်ထဲတွင် ထိတ်လန့်သွားခဲ့သည်။

နားကပ်၊ အားမောင် နှင့် ရှီလဲ့ အပေါ် သစ္စာရှိသော အခြားလူမိုက်များက ရှီလဲ့ နှင့်အတူ စားပွဲတစ်ခုတည်းတွင် ထိုင်ကြသည်။

ဟင်းပွဲများ မရောက်လာမီ ရှီလဲ့ က လက်ခုပ်တီးကာ “ညီအစ်ကိုတို့၊ ခဏလောက် ငြိမ်ပေးကြပါဦး၊ ငါ ကြေညာစရာ တစ်ခုရှိတယ်” ဟု ပြောလိုက်သည်။

လူမိုက်အားလုံး ငြိမ်သက်သွားပြီး ရှီလဲ့ ကို ကြည့်လိုက်ကြသည်။ ၎င်းတို့၏ မျက်လုံးများထဲတွင် အားကျမှုနှင့် ကြောက်ရွံ့ရိုသေမှုများ ပြည့်နှက်နေသည်။

“ငါ လုံခြုံရေးကုမ္ပဏီတစ်ခု တည်ထောင်ပြီး မင်းတို့ကို အဲ့ဒီထဲ ထည့်သွင်းဖို့ စီစဉ်ထားတာ မင်းတို့ ကြားဖူးကြမှာပါ ဒီနေ့မှာတော့ ဒီကုမ္ပဏီကို စီမံခန့်ခွဲရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဦးစီးဌာနမှာ တရားဝင် မှတ်ပုံတင်ပြီးပါပြီ၊ ကုမ္ပဏီအမည်က ‘လုံခြုံရေး မဟာဗျူဟာ ကုမ္ပဏီ’ ဖြစ်တယ်...

ဒါက ဘာကို ဆိုလိုတာလဲဆိုတော့ ဒီနေ့ကစပြီး မင်းတို့ဟာ လမ်းဘေးလူမိုက်တွေ မဟုတ်တော့ဘဲ ကုမ္ပဏီရဲ့ ဝန်ထမ်းတွေ လုံခြုံရေး ဝန်ထမ်းတွေ ဖြစ်သွားပြီ”

ရှီလဲ့ ၏ အသံတွင် ဆွဲဆောင်မှုတစ်မျိုး ပါရှိနေသဖြင့် လူမိုက်များမှာ ဝမ်းသာအားရ ဖြစ်သွားကြသည်။ နားကပ်ပင်လျှင် သွားဖြဲကာ အားရပါးရ ပြုံးလိုက်မိသည်။

လူမိုက်ဆိုတာလည်း လူသားတွေပဲဖြစ်ပြီး လူမိုက်တွေမှာလည်း အိမ်မက်တွေ ရှိကြသည်။ ရွေးချယ်ခွင့်သာရှိရင် ဘယ်သူက တစ်သက်လုံး လူမိုက်လုပ်ချင်ပါ့မည်နည်း။

“ကုမ္ပဏီက ခုမှ စတင်တည်ထောင်တာဆိုတော့ အစပိုင်းမှာ အလုပ် သိပ်မရှိသေးဘူး ဖြစ်နိုင်တယ်၊ ဒါပေမဲ့ မင်းတို့ အပျင်းတစ်နေရမှာတော့ မဟုတ်ဘူး ဘာလို့လဲဆိုတော့ မင်းတို့ကို လေ့ကျင့်ပေးဖို့အတွက် ငါ နည်းပြတစ်ယောက် သီးသန့် ငှားရမ်းထားလို့ပဲ ငါ ကြိုပြောထားမယ်၊ အဲ့ဒီနည်းပြက တစ်ချိန်က အထူးတပ်ဖွဲ့ဝင် စစ်သားတစ်ယောက် ဖြစ်ခဲ့ဖူးတယ်၊ သူ စီစဉ်မယ့် လေ့ကျင့်ခန်းတွေက အရမ်းပြင်းထန်လိမ့်မယ်.. မခံနိုင်ဘူးလို့ ထင်တဲ့လူတွေ အခုကတည်းက လက်လျှော့နိုင်တယ်” ဟု ရှီလဲ့ က တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။

နားကပ်က ချက်ချင်းပင် “ကျွန်တော်တို့ လက်မလျှော့ပါဘူး ဒီလို အခွင့်အရေးကောင်းကို ဘယ်လိုလုပ် လက်လျှော့ရမှာလဲ လစာလည်းရတယ်၊ ကုမ္ပဏီရဲ့ သင်တန်းလည်း တက်ရတယ် ဒါက ကောင်းကင်က ပေးတဲ့ ဆုလာဘ်ပဲ” ဟု ပြောလိုက်သည်။

အားမောင် ကလည်း “ကျွန်တော်တို့ အစ်ကိုကြီးရှီ နောက်ကို အခေါင်းထဲအထိ သစ္စာရှိရှိ လိုက်ပါ့မယ်” ဟု ဝင်ပြောသည်။

အခြားလူမိုက်များကလည်း ထပ်တူထပ်မျှ ကျယ်လောင်စွာ အော်ဟစ်ကြသဖြင့် မီးဖိုချောင်ထဲရှိ ဆိုင်ပိုင်ရှင်မှာ ရှီလဲ့ တို့အဖွဲ့က ဂိုဏ်းတစ်ခုခု ဖွဲ့နေကြသည်ဟု ထင်ကာ ပို၍ပင် ထိတ်လန့်သွားတော့သည်။

“ဘယ်သူမှ လက်မလျှော့ဘူးဆိုရင်တော့ ငါ ကုမ္ပဏီရဲ့ ခံစားခွင့်တွေကို အရင် ရှင်းပြမယ်” ရှီလဲ့ ၏ စိတ်ထဲတွင် ကြီးမားသော မျှော်မှန်းချက်တစ်ခု ရှိနေသည်။သူသည် လုံခြုံရေး မဟာဗျူဟာ ကုမ္ပဏီ ကို ကြီးမားသော လုံခြုံရေးအုပ်စုကြီးတစ်ခုအဖြစ် ထူထောင်ပြီး မိမိလက်ထဲတွင် အစွမ်းထက်သော အင်အားစုတစ်ခုအဖြစ် ပြောင်းလဲပစ်ရန် စီစဉ်ထားသည်။

ရှနိုင်ငံသည် သေနတ်ကိုင်ဆောင်မှုကို တင်းကျပ်စွာ ထိန်းချုပ်ထားသော နိုင်ငံဖြစ်ပြီး ပုဂ္ဂလိက သေနတ်ကိုင်ဆောင်မှုမှာ ရာဇဝတ်မှုဖြစ်သည်။

ရှီလဲ့ သည် ဘဏ်ငွေပို့ယာဉ်များကို စောင့်ရှောက်သည့် လုံခြုံရေးကုမ္ပဏီများကဲ့သို့ပင် လုံခြုံရေးကုမ္မဏီ ပုံစံဖြင့် နိုင်ငံတော်က အသိအမှတ်ပြုထားသော သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်များကို နောက်ဆုံးတွင် ရရှိရန် ရည်ရွယ်ထားသည်။

အကယ်၍ သူသာ သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်များကို တကယ်ရရှိခဲ့မည်ဆိုလျှင် လုံခြုံရေး မဟာဗျူဟာ ကုမ္ပဏီ သည် ရှီလဲ့ ၏ အစွမ်းထက်ဆုံး လက်နက်တစ်ခု ဖြစ်လာလိမ့်မည်။

အနားရှိ လူမိုက်များသည် ခံစားခွင့်များအကြောင်း ကြားရသောအခါ ချက်ချင်းပင် တည်ကြည်သွားကြသည်။

ရှီလဲ့ က အေးအေးဆေးဆေး စကားကို ဆက်လိုက်သည် “ငါတို့ရဲ့လုံခြုံရေး မဟာဗျူဟာ ကုမ္ပဏီဟာ အနာဂတ်အတွက် အရမ်းကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိတယ် ဒါကြောင့် ငါတို့မှာ တင်းကျပ်တဲ့ ရာထူးအဆင့်ဆင့်ကို သတ်မှတ်ထားတယ်...

ကုမ္ပဏီရဲ့ အနိမ့်ဆုံး ဝန်ထမ်းအဆင့်ကတော့ ‘အပြင်စည်းအဖွဲ့ဝင်’ ဖြစ်ပြီး လစဉ်လစာ ယွမ်ခြောက်ရာ ရရှိမှာဖြစ်ပြီး ကုမ္ပဏီက နေ့လယ်စာ ကျွေးတာကလွဲရင် တခြားဘာခံစားခွင့်မှ မရှိသလောက်ပဲ”

လူမိုက်အချို့သည် ဤခံစားခွင့်ကို ကြားလိုက်ရသောအခါ မျက်လုံးများ လှုပ်ခတ်သွားပြီး စိတ်ပြောင်းချင်သလို ဖြစ်သွားကြသည်။

ရှီလဲ့ က ၎င်းတို့ကို ဂရုမစိုက်ဘဲ ဆက်ပြောသည်။ “ဒုတိယအဆင့်ကတော့ ‘တရားဝင်အဖွဲ့ဝင်’ ဖြစ်ပြီး လစဉ် ယွမ်တစ်ထောင် ရမယ် ကုမ္ပဏီက နေစရာနဲ့ သုံးနပ်စာ ကျွေးပါမယ် တခြား အားလပ်ရက်တွေအတွက်လည်း ကုမ္ပဏီရဲ့ ဘဏ္ဍာရေး အခြေအနေအရ ခံစားခွင့်တွေ ခွဲဝေပေးသွားမှာပါ”

၂၀၀၆ ခုနှစ်တွင် သာမန်လူများ၏ ပျမ်းမျှ လစဉ်လစာမှာ ယွမ်တစ်ထောင်ဝန်းကျင်သာ ရှိသဖြင့် ဤလစာအဆင့်အတန်းမှာ အတော်လေး ဆွဲဆောင်မှုရှိလှသည်။

“တတိယအဆင့်ကတော့ ‘အဖွဲ့ခေါင်းဆောင်’ ဖြစ်တယ် ငါတို့ကုမ္ပဏီကို လေးယောက်တစ်ဖွဲ့ အဖွဲ့ငယ်လေးတွေ ဖွဲ့စည်းမှာဖြစ်ပြီး အဖွဲ့ခေါင်းဆောင် တစ်ယောက်စီ ခန့်အပ်မှာပါ အဖွဲ့ခေါင်းဆောင်တွေက လစဉ်လစာ ယွမ်ထောင့်ငါးရာ ရရှိမှာဖြစ်ပြီး ကုမ္ပဏီက စားစရိတ်နဲ့ နေထိုင်စရိတ် ပေးမှာဖြစ်တဲ့အပြင် ခံစားခွင့်အားလုံးဟာ တရားဝင်အဖွဲ့ဝင်တွေထက် နှစ်ဆယ်ရာခိုင်နှုန်း ပိုများပါလိမ့်မယ်”

‘အဖွဲ့ခေါင်းဆောင်’ ရာထူးအကြောင်း ကြားရသောအခါ နားကပ်၊ အားမောင် နှင့် ရှီလဲ့ အပေါ် အကြွင်းမဲ့ သစ္စာရှိသော လူမိုက် ရှစ်ယောက်၏ မျက်လုံးများ ဝင်းပသွားကြသည်။ လစဉ်လစာ ယွမ်ထောင့်ငါးရာ ဆိုသည်မှာ အငယ်တန်း ရုံးဝန်ထမ်းတစ်ဦး၏ ဝင်ငွေနှင့် အကြမ်းဖျင်း တူညီနေပြီဖြစ်သည်။

ရှီလဲ့ က နားကပ်ကို တစ်ချက်ကြည့်ကာ ဆက်ပြောသည်။ “အဖွဲ့ခေါင်းဆောင်ရဲ့ အပေါ်မှာတော့ ‘အဖွဲ့မှူး’ ရှိတယ် အဖွဲ့ငယ် ငါးဖွဲ့ကို စုပေါင်းအဖွဲ့တစ်ခုအဖြစ် ဖွဲ့စည်းပြီး အဖွဲ့မှူး တစ်ယောက် ခန့်အပ်မယ် အဖွဲ့မှူးတွေက လစဉ်လစာ ယွမ်ငါးထောင် ရရှိမှာဖြစ်ပြီး ခံစားခွင့်အားလုံးဟာ တရားဝင်အဖွဲ့ဝင်တွေရဲ့ နှစ်ဆ ဖြစ်ပါလိမ့်မယ်၊ ပြီးတော့ ကုမ္ပဏီက အဖွဲ့မှူးတွေအတွက် အာမခံအမျိုးမျိုးနဲ့ အိမ်ရာရန်ပုံငွေတွေကိုပါ ပေးဆောင်ပေးသွားမှာပါ”

နားကပ် တစ်ယောက် အသက်ရှူမှားမတတ် ဖြစ်သွားသည်။ လစဉ်လစာ ယွမ်ငါးထောင် လွန်ခဲ့သည့်ရက်ပိုင်းက ရှီလဲ့ က သူ့ကို ယွမ်တစ်သိန်း ပေးခဲ့ပြီး သူက မိမိအတွက် ငါးသောင်း ချန်ထားခဲ့သော်လည်း ထိုအရာမှာ ယာယီဖြေရှင်းချက်သာဖြစ်ပြီး ရေရှည်အတွက် မဟုတ်ပေ။

ရှီလဲ့ က အံ့ဩမှင်သက်နေသော လူမိုက်များကို ဂရုမစိုက်ဘဲ ဆက်ပြောသည်။ “စုပေါင်းအဖွဲ့ ငါးဖွဲ့ကို တပ်ရင်းတစ်ခုအဖြစ် ဖွဲ့စည်းမှာဖြစ်ပြီး လူတစ်ရာပါတဲ့ တပ်ရင်းတစ်ခုမှာ တပ်ရင်းမှူး တစ်ယောက် ခန့်အပ်မှာပါ တပ်ရင်းမှူးရဲ့ ခံစားခွင့်တွေကိုတော့ လောလောဆယ် မကြေညာသေးပါဘူး... ဟွန်း မင်းတို့ရဲ့ လက်ရှိအဆင့်နဲ့ဆိုရင် တပ်ရင်းမှူး ဖြစ်ဖို့ လိုအပ်ချက်တွေနဲ့ အလှမ်းဝေးပါသေးတယ် ဒါပေမဲ့ တပ်ရင်းမှူး ဆိုတာ အဆုံးသတ် မဟုတ်ပါဘူး၊ တပ်ရင်းမှူးရဲ့ အထက်မှာ ဒုတိယညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူးနဲ့ ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်ချမှတ်သူတွေအထိ ရှိပါသေးတယ် မင်းတို့မှာ အရည်အချင်းသာ ရှိမယ်ဆိုရင် ဘာမဆို ဖြစ်နိုင်ပါတယ်”

ရှီလဲ့ က ကြီးမားသော မျှော်လင့်ချက်များကို ပုံဖော်ပြကာ ဤလူမိုက်များကို မျှော်လင့်ချက်၊ အိမ်မက်နှင့် တွန်းအားများ ပေးလိုက်သည်။ ကုမ္ပဏီနှင့်အတူ ရှိနေပြီး ကြိုးစားအားထုတ်သရွေ့ အောင်မြင်လိမ့်မည်ဟု သူတို့ကို ယုံကြည်စေခဲ့သည်။

ဒါက လူတွေရဲ့ နှလုံးသားကို သိမ်းပိုက်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး လူမိုက်များကို လုံခြုံရေး မဟာဗျူဟာ ကုမ္ပဏီ နှင့် ရှီလဲ့ ၏ ခြေလှမ်းများနောက်သို့ စိတ်ရောကိုယ်ပါ လိုက်ပါစေကာ အတူတကွ သန်မာလာစေရန် ပြုလုပ်ခြင်းဖြစ်သည်။

အသေအချာ စဉ်းစားပြီးနောက် နားကပ် က “အစ်ကိုကြီး ရှီ၊ ကျွန်တော်တို့က ဘယ်အဆင့်မှာ ရှိတာလဲ” ဟု တိုးတိုးလေး မေးလိုက်သည်။

သူသည် စုပေါင်းအဖွဲ့မှူး ရာထူးကို အတော်လေး တောင့်တနေမိသည်။ အကယ်၍ သူသာ ထိုအဆင့်ကို ရောက်ရှိခဲ့မည်ဆိုလျှင် သူ၏ ဘဝမှာ လုံးဝ ပြောင်းလဲသွားပြီး ဇာတိမြေသို့ ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်လိမ့်မည် ဖြစ်သည်။

ရှီလဲ့ က သူ့ကို အေးတိအေးစက် တစ်ချက်ကြည့်ကာ “မင်းက ဘယ်အဆင့်ကို လိုချင်လို့လဲ” ဟု ပြန်မေးလိုက်လေသည်။

All Chapters