← Chapters

အခန်း ၁၃၀

Vol. 13 Ch. 130

အခန်း ၁၃၀

Vol. 13 Ch. 130

အခန်း - ၁၃၀

ရှီလဲ့က နားကပ်အား တည်ငြိမ်သော မျက်နှာအမူအရာဖြင့် ကြည့်လိုက်သည်။ သူ၏ သဘာဝအလျောက် ရှိနေသော ခေါင်းဆောင်မှုအရှိန်အဝါကြောင့် နားကပ်တစ်ယောက် ချွေးစေးများ ပြန်လာခဲ့ပြီး ဘာပြန်ပြောရမှန်းမသိဘဲ ခဏတာ ကြောင်အမ်းသွားခဲ့ရသည်။

ခဏအကြာတွင်မှ နားကပ်က ထစ်ထစ်အအဖြင့် “ဆော... ဆောရီးပါ အစ်ကိုကြီးရှီ အရာအားလုံးကို အစ်ကိုကြီး စီစဉ်တဲ့အတိုင်းပဲ လုပ်ပါ့မယ်” ဟု ပြောလိုက်သည်။

ရှီလဲ့ က ပြုံးပြီး နားကပ်၏ ပခုံးကို ပုတ်ပေးလိုက်ကာ သူ၏ မျက်လုံးများထဲတွင် ချီးကျူးလိုသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ နားကပ်က ရည်မှန်းချက်ကြီးပြီး အလွန်လည်း ပါးနပ်သည်၊ ရှီလဲ့ အနေဖြင့် ဤကဲ့သို့သော လူမျိုးကို သဘောကျသည်။

အကြောင်းမှာ ရည်မှန်းချက်ကြီးသော လူများသည် ပိုမိုကြီးမားသော တွန်းအားများကို ထုတ်ဖော်နိုင်ကြသောကြောင့် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ရည်မှန်းချက်ရှိခြင်းသည် အားနည်းချက်ရှိခြင်းကိုလည်း ဆိုလိုရာ ရှီလဲ့ အနေဖြင့် သူ့ကို စိတ်အေးချမ်းသာစွာဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။

“နားကပ် မင်းကို ငါ တကယ်သဘောကျတယ်ဆိုတာ မင်းသိပါတယ်” ရှီလဲ့ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

“မင်းက အရမ်းပါးနပ်တယ်၊ ရဲစခန်းတုန်းကလည်း မင်းဒါကို သက်သေပြခဲ့ပြီးသားပါ မင်းရဲ့ အရင်က အရည်အချင်းတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ မင်းကို ‘အဖွဲ့မှူး’ အဖြစ် ငါခန့်အပ်တယ် တစ်ချိန်တည်းမှာပဲ အားမောင် ရော၊ ပြီးတော့ မင်းတို့နှစ်ယောက်လုံးပါ အဖွဲ့မှူးတွေ ဖြစ်ကြတယ်”

ရှီလဲ့ လက်ညှိုးညွှန်ပြလိုက်သော ထိုနှစ်ယောက်မှာ ‘ဓားမြှောင်’ နှင့် ‘မျောက်ချော’ ဟု အမည်ရကြသည်။ ၎င်းတို့သည် နားကပ်နောက်သို့ အစကတည်းက လိုက်ပါခဲ့ကြသူများဖြစ်ပြီး ပြီးခဲ့သည့်အကြိမ်က ချန်းမင် အား မဟုတ်မမှန် စွပ်စွဲထောင်ချောက်ဆင်ရာတွင် ရော၊ ပညာရေးဦးစီးဌာနမှ ရှုကျူထျယ် အား ဝိုင်းဝန်းရိုက်နှက်ရာတွင်ပါ ပါဝင်ခဲ့ကြသူများ ဖြစ်သည်။ ၎င်းတို့၏ သစ္စာရှိမှုမှာ သံသယဖြစ်ဖွယ် မရှိပေ။

အားမောင်၊ ဓားမြှောင် နှင့် မျောက်ချော တို့သည် တစ်ပြိုင်နက်တည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြပြီး “ကျေးဇူးတင်ပါတယ် အစ်ကိုကြီးရှီ” ဟု ချက်ချင်းပင် ပြောလိုက်ကြသည်။

နားကပ်သည် သူ၏ စိတ်ထဲတွင် အလိုချင်ဆုံးဖြစ်သော ‘တပ်ခွဲမှူး’ ရာထူးကို မရရှိခဲ့သော်လည်း အဖွဲ့မှူး ရာထူးကိုတော့ ရရှိခဲ့သည်။ စိတ်ထဲတွင် အနည်းငယ် နှမြောတသဖြစ်မိသော်လည်း သူ ဘာမျှ မကျေမနပ် မပြောရဲပေ။

ရှီလဲ့ က မျှော်လင့်ချက်အပြည့်ဖြင့် စောင့်ဆိုင်းနေကြသော အခြားလူမိုက်များကို ဝေ့ကြည့်လိုက်ကာ ပြုံးလျက် ပြောလိုက်သည်။ “ဒီမှာရှိတဲ့ ညီအစ်ကို စုစုပေါင်း ၂၂ ယောက်ရှိတယ်၊ ဆိုလိုတာက ငါတို့ကုမ္ပဏီကို အဖွဲ့ ငါးဖွဲ့ ခွဲလို့ရပြီး အဲ့ဒါက တပ်ခွဲတစ်ခု ဖြစ်လာလိမ့်မယ် ဒါကြောင့် အခု လောလောဆယ် အဖွဲ့မှူး ရာထူးတစ်ခုနဲ့ တပ်ခွဲမှူး ရာထူးတစ်ခု လိုနေသေးတယ်”

ရှီလဲ့ က ‘တပ်ခွဲမှူး’ အကြောင်း ပြောလိုက်သည်ကို ကြားသောအခါ လူမိုက်များအားလုံး အသက်ရှူမှားမတတ် ဖြစ်သွားကြသည်။ တပ်ခွဲမှူးရာထူး၏ လစာအဆင့်အတန်းမှာ ဝင်ငွေမြင့်မားသူများ၏ လစာနှင့် အတူတူပင်ဖြစ်ပြီး လက်ရှိလူ့အဖွဲ့အစည်းရှိ သာမန်လူ ကိုးဆယ်ရာခိုင်နှုန်းကျော်၏ လစာထက် များစွာ သာလွန်နေသောကြောင့် ဖြစ်သည်။

နားကပ်လည်း ရင်ခုန်တုန်လှုပ်သွားပြီး တပ်ခွဲမှူး ရာထူးကို ဘယ်သူ့ကို ပေးမလဲဆိုသည်ကို စိတ်ထဲကနေ တိတ်တဆိတ် သိချင်နေမိသည်။

အားလုံး၏ ရင်ခုန်နေသော မျက်နှာအမူအရာများကို မြင်သောအခါ ရှီလဲ့ က ဆက်၍ မစနောက်တော့ဘဲ “တပ်ခွဲမှူး ရာထူးကိုတော့ အခုကစပြီး နောက်တစ်လအကြာမှာ ဆုံးဖြတ်မှာ ဖြစ်တယ် မင်းတို့ တစ်လတိတိ လေ့ကျင့်ပြီးတဲ့အခါ စုပေါင်းအဖွဲ့အလိုက် တိုက်ခိုက်ရေးပြိုင်ပွဲတစ်ခု ကျင်းပမယ် အနိုင်ရတဲ့ စုပေါင်းအဖွဲ့ရဲ့ ‘အဖွဲ့မှူး’ က တပ်ခွဲမှူးအဖြစ် ရာထူးတိုးမြှင့်ခံရလိမ့်မယ် နောက်ဆုံး ကျန်နေတဲ့ ပဉ္စမမြောက် စုပေါင်းအဖွဲ့မှူး ရာထူးအတွက်ကတော့ သင်တန်းမစတင်ခင်မှာ မင်းတို့ရဲ့ နည်းပြက တစ်ဦးချင်း ချစ်ကြည်ရေး လက်ဝှေ့ပွဲတစ်ခု စီစဉ်ပေးလိမ့်မယ်၊ အဲ့ဒီပွဲမှာ နောက်ဆုံးအနိုင်ရတဲ့သူက အဲ့ဒီ အဖွဲ့မှူး ဖြစ်လာလိမ့်မယ်” ဟု ပြောလိုက်သည်။

ရှီလဲ့ က တိတ်ဆိတ်နေသော လူမိုက်များကို စိုက်ကြည့်ကာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ “ငါတို့က လုံခြုံရေး ကာကွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်တယ်၊ ကလေးကစားစရာ ကစားနေတာ မဟုတ်ဘူး အရာအားလုံးကို အစွမ်းအစနဲ့ပဲ ဆုံးဖြတ်မယ် နိုင်တဲ့သူက ဘုရင်ပဲ၊ ရှုံးတဲ့သူကတော့ ဘာမှမဟုတ်ဘူး”

နေ့လယ်စာ စားပြီးနောက် ရှီလဲ့ က နားကပ်အား ရွှမ်းဟူခရိုင် ပတ်ဝန်းကျင်ရှိ ကျေးရွာများနှင့် မြို့နယ်များတွင် သင့်တော်သော လေ့ကျင့်ရေးကွင်းတစ်ခု သွားရောက်ရှာဖွေရန် သီးသန့်တာဝန်တစ်ခု ပေးအပ်လိုက်သည်။ ဒါက သူ့ရဲ့ ပထမဆုံး တာဝန်အဖြစ် သတ်မှတ်ခံရခြင်းပင်။

အဆောင်သို့ ပြန်ရောက်သောအခါ ရှီလဲ့ က သူ၏ နားထင်များကို နှိပ်လိုက်မိသည်။ ကြီးမားလှသော စီမံကိန်းကြီးက သူ့ကို စိတ်ပိုင်းဆိုင်ရာအရ အနည်းငယ် ပင်ပန်းနွမ်းနယ်စေခဲ့သည်။ အမှန်တော့ သူက ဟက်ကာ တစ်ယောက်သာ ဖြစ်ပြီး ပရိယာယ်ကြွယ်ဝသော ပူးပေါင်းကြံစည်မှု မာစတာတစ်ယောက် မဟုတ်ပေ။

မွန်းလွဲ တစ်နာရီကျော်တွင် ရှီလဲ့ က လင်းယွီမော့ထံ ဖုန်းခေါ်ဆိုပြီး သူ ဂျပန်သို့ သွားတော့မည်ဖြစ်ကြောင်း ပြောပြခဲ့သည်။

လင်းယွီမော့က ရှီလဲ့ တစ်ယောက် ဘာကြောင့် ရုတ်တရက် ဂျပန်ကို သွားရတာလဲဟု အလွန် စူးစမ်းလိုစိတ်ဖြင့် မေးမြန်းခဲ့သည်။

လင်းယွီမော့ စိတ်မပူစေရန်အတွက် ရှီလဲ့ က ကုမ္ပဏီ၏ စီးပွားရေးဆွေးနွေးပွဲတစ်ခုအတွက် ဂျပန်သို့ သွားရောက်ရမည့် တာဝန်တစ်ခုဖြစ်ကြောင်း အကြောင်းပြချက်တစ်ခု လုပ်ကြံဖန်တီးကာ ရှင်းပြခဲ့သည်။

ပတ်ထရီးရော့ကုမ္ပဏီကို အကာအကွယ်အဖြစ် အသုံးပြုလိုက်ခြင်းက နောက်ဆုံးတွင် လင်းယွီမော့ကို သံသယမဝင်စေရန် တားဆီးနိုင်ခဲ့သည်။

ရှီလဲ့ က အဆောင်ရှိ ကွန်ပျူတာကို ဖွင့်လိုက်ပြီး ချန်ယွဲ့၏ အီးမေးလ်အကောင့်ထဲသို့ အီးမေးလ်တစ်စောင် ပေးပို့ကာ ယဲ့ဖုန်း ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်ကို တောင်းခံခဲ့သည်။ ထို့နောက် ရွှမ်ချင်းတက္ကသိုလ်၏ အများသုံးဆာဗာမှတစ်ဆင့် မိုဘိုင်းဝန်ဆောင်မှု အခြေစိုက်စခန်းတစ်ခုထဲသို့ ဝင်ရောက်ကာ ဖုန်းနံပါတ်ကို ကြားခံချိတ်ဆက် လိုက်သည်။ သူ၏ ကိုယ်ပိုင်ဖုန်းမှာ ရွှမ်းဟူရဲစခန်း၏ စောင့်ကြည့်ခြင်းကို ခံနေရဆဲဖြစ်ရာ ယဲ့ဖုန်း နှင့် သူ၏ ဆက်သွယ်မှုကို ထိုရဲအရာရှိများ လုံးဝ မသိရှိနိုင်စေရန် ပြုလုပ်ရခြင်းဖြစ်သည်။

အကယ်၍ ထိုရဲအရာရှိများ သိရှိသွားသည့်တိုင်အောင် ရှီလဲ့ အား ဘာမျှ မလုပ်နိုင်သော်လည်း အိုးရန်ရှန်း ကို ရှင်းပြရန် ခက်ခဲလိမ့်မည်ဖြစ်သည်။

ကြားခံချိတ်ဆက်ထားသော ဖုန်းနံပါတ်ကို အသုံးပြု၍ ရှီလဲ့က ချန်ယွဲ့ပေးထားသော ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။ ရှီလဲ့ အား ကြာရှည်စွာ မစောင့်ခိုင်းဘဲ ယဲ့ဖုန်း က ဖုန်းကို ချက်ချင်း လက်ခံဖြေကြားခဲ့သည်။

“ယဲ့ဖုန်း၊ အဲ့ဒီ ခွေးကောင်လေးရဲ့ အခြေအနေ ဘယ်လိုရှိလဲ” ဟု ရှီလဲ့ က စုံစမ်းမေးမြန်းလိုက်သည်။

လင်းယွီမော့နှင့် မုရွှမ်း တို့၏ လုံခြုံရေးနှင့် ပတ်သက်၍ ရှီလဲ့ အနေဖြင့် အမြဲ သတိရှိနေရမည်ဖြစ်သည်။ အကယ်၍ တိရစ္ဆာန်ကဲ့သို့ ယုတ်မာသော ကိုအိဇုမိ အိချီရို သာ အကြပ်ရိုက်သွားပြီး တစ်ခုခု တကယ်လုပ်ဆောင် အောင်မြင်သွားခဲ့မည်ဆိုလျှင် ရှီလဲ့ တစ်ယောက် ငိုချင်းရိုက်လို့ပင် ဆုံးမည်မဟုတ်ပေ။

“ကိုအိဇုမိ အိချီရို က အခု လောလောဆယ် တိုကျိုမြို့က ဒေသခံဂိုဏ်းတွေနဲ့ ခဏခဏ ဆက်သွယ်နေတယ် မာလျန် နဲ့ စန်းဖောင် တို့ ပို့ပေးတဲ့ သတင်းအချက်အလက်တွေရဲ့ ခွဲခြမ်းစိတ်ဖြာချက်အရ ကိုအိဇုမိ အိချီရို တစ်ယောက် လှုပ်ရှားတော့မယ် ထင်တယ်” ဟု ယဲ့ဖုန်း က အမှန်အတိုင်း အစီရင်ခံခဲ့သည်။

ရှီလဲ့ က သူ၏ မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်ပြီး သူ၏ မျက်မှန်မှန်ဘီလူးများ နောက်ကွယ်တွင် အေးစက်လှသော အကြည့်များ ဖြတ်ပြေးသွားသည်။ “ဟွန်း အဲ့ဒီခွေးကောင်လေးက သေတွင်းတူးနေတာပဲ ငါ ခဏနေရင် ထွက်လာခဲ့မယ်၊ ဒီညဘက်လောက်ဆိုရင် ဂျပန်နိုင်ငံ တိုကျိုမြို့ကို ရောက်လိမ့်မယ် ငါ ဟိုတယ်တစ်ခုမှာပဲ ကိုယ့်ဘာသာကိုယ် တည်းခိုလိုက်မယ်၊ ပြီးမှ ပြန်ဆက်သွယ်ကြတာပေါ့”

“နားလည်ပါပြီ” ဟု ယဲ့ဖုန်း က ပြတ်သားပြီး စွမ်းဆောင်ရည်ရှိစွာ တုံ့ပြန်ခဲ့သည်။

ဖုန်းချပြီးနောက် ရှီလဲ့ က ကြိုတင်လဲလှယ်ထားသော ဂျပန်ယန်း လေးသိန်းကို ယူဆောင်ကာ တက္ကစီတစ်စီးငှား၍ ပေယွီခရိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အပြေးအလွှား သွားခဲ့လိုက်သည်။ ဂျပန်ယန်း လေးသိန်းဆိုသည်မှာ တာ့ရှားငွေ ယွမ်နှစ်သောင်းငါးထောင်ခန့်နှင့် ညီမျှသဖြင့် ယခု ဂျပန်ခရီးစဉ်အတွက် လုံးဝ လုံလောက်လှသည်။

ရွှမ်ချင်းမြို့မှ တိုကျိုမြို့သို့ တိုက်ရိုက်ပျံသန်းသော လေကြောင်းလိုင်း လေယာဉ်သည် ခြောက်နာရီကျော် ပျံသန်းပြီးနောက် တိုကျိုမြို့ရှိ ဟာနေဒါ လေဆိပ်သို့ ဆိုက်ရောက်ခဲ့သည်။ ရှီလဲ့ သည် ပင်ပန်းနွမ်းနယ်နေသော သူ၏ ခန္ဓာကိုယ်ကို ဆွဲခေါ်ရင်း တွေ့ရာ ဟိုတယ်တစ်ခုတွင် ဝင်ရောက် တည်းခိုလိုက်သည်။

ဂျပန်စံတော်ချိန် ည ဆယ့်တစ်နာရီခန့်တွင် ရှီလဲ့ က ဟိုတယ်ဖုန်းကို အသုံးပြု၍ ယဲ့ဖုန်း ၏ ဖုန်းနံပါတ်သို့ ခေါ်ဆိုကာ ၎င်းတို့အား ဟိုတယ်လိပ်စာ ပေးခဲ့ပြီး မနက်ဖြန်မနက်တွင် ကိစ္စရပ်များကို အတူတကွ ဆွေးနွေးရန် လာခဲ့ကြဖို့ ပြောလိုက်သည်။

ဂျပန်နိုင်ငံ၏ လူကြီးကြည့် အနုပညာရုပ်ရှင် လုပ်ငန်းမှာ အလွန်ပင် ထွန်းကားလှသည်။ ရှီလဲ့ သည် ဖုန်းဖြင့် လာရောက်နှောင့်ယှက်မှု အကြိမ်ကြိမ်ကို ကြုံတွေ့ခဲ့ရသဖြင့် နောက်ဆုံးတွင် မတတ်သာသည့်အဆုံး ဖုန်းလိုင်းကြိုးကိုသာ ဆွဲဖြုတ်ထားလိုက်ရတော့သည်။

ညတာသည် တိတ်ဆိတ်စွာ ကုန်ဆုံးသွားခဲ့သည်။ ဒုတိယမြောက်နေ့ မနက်တွင် ယဲ့ဖုန်း သည် မာလျန် နှင့် ကျန်းစန်းဖောင် တို့ကို ခေါ်ဆောင်၍ ရှီလဲ့ တည်းခိုရာ ဟိုတယ်သို့ ရောက်ရှိလာခဲ့သည်။ ရှီလဲ့ မှာလည်း ခုမှ နိုးကာ ဂျပန်သတင်းများကို ကြည့်ရှုနေဆဲဖြစ်သည်။

၎င်းတို့ သုံးယောက် ရောက်ရှိလာပြီးနောက် ရှီလဲ့ က ရုပ်မြင်သံကြား သတင်းကို ပိတ်လိုက်ပြီး မာလျန် အား “မာလျန်၊ မင်း အဲ့ဒီ ခွေးကောင်လေးရဲ့ လှုပ်ရှားမှုတွေကို စုံစမ်းလို့ ရပြီလား” ဟု မေးလိုက်သည်။

မာလျန် က တိုကျိုမြို့၏ ကြီးမားလှသော မြေပုံတစ်ခုကို ထုတ်ယူကာ ဟိုတယ်ကြမ်းပြင်ပေါ်တွင် တိုက်ရိုက် ဖြန့်ခင်းလိုက်သည်။ မြေပုံပေါ်တွင် အနီ၊ အဝါ၊ အပြာ နှင့် အစိမ်း ဟူသော အရောင်လေးမျိုးဖြင့် လမ်းကြောင်းအချို့ကို မှတ်သားထားသည်။

“သူဌေး ၊ နှစ်ရက်တိုင်တိုင် ခြေရာခံပြီးတဲ့နောက် ကိုအိဇုမိ အိချီရို ဟာ အခြေခံအားဖြင့် ဘား သုံးခုနဲ့ ရုပ်ရှင်ရိုက်ကူးရေး ကုမ္ပဏီတစ်ခု ပတ်ဝန်းကျင်မှာပဲ လှည့်လည်သွားလာနေတာကို တွေ့ရတယ်” မာလျန် ၏ ရှီလဲ့ အပေါ် သူဌေး ဟု ခေါ်ဆိုလိုက်ခြင်းက ရှီလဲ့ အား အနည်းငယ် အံ့ဩသွားစေခဲ့သည်။

ယဲ့ဖုန်း က ရှီလဲ့ အံ့ဩသွားသည်ကို မြင်သောအခါ “ရှီလဲ့... လျန်ဇီ၊ စန်းဖောင် နဲ့ ကျွန်တော်တို့ဟာ မင်းအတွက် တစ်ဘဝလုံး အလုပ်လုပ်ပေးဖို့ စီစဉ်ထားကြတာပါ အနာဂတ်မှာ မင်းအနေနဲ့ လျန်ဇီ နဲ့ စန်းဖောင် တို့ရဲ့ မိဘတွေကို စောင့်ရှောက်ပေးဖို့ပဲ ကျွန်တော်တို့ မျှော်လင့်ပါတယ် ဒါက သူငယ်ချင်းတစ်ယောက်အနေနဲ့ မင်းကို ငါနောက်ဆုံးအကြိမ် တောင်းဆိုတာပဲ ဒီနေ့ကစပြီး မင်းက ငါတို့ရဲ့ သူဌေးပဲ” ဟု ရှင်းပြခဲ့သည်။

ရှီလဲ့ က မတ်တပ်ရပ်ကာ ယဲ့ဖုန်း ၏ ဘေးသို့ လျှောက်သွားပြီး ယဲ့ဖုန်း ၏ ပုခုံးကို တည်ကြည်စွာဖြင့် ပုတ်ပေးလိုက်သည်။ “စိတ်မပူပါနဲ့၊ ငါ ဒါကို သေချာပေါက် လုပ်ပေးမှာပါ”

မာလျန် နှင့် ကျန်းစန်းဖောင် တို့ကလည်း စိတ်လှုပ်ရှားစွာဖြင့် ပြုံးပြကြပြီး “ကျေးဇူးတင်ပါတယ် ဆရာကြီး” ဟု ပြောလိုက်ကြသည်။

“ကဲ... ဒါဆိုရင် အဲ့ဒီခွေးကောင်လေးကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ စီစဉ်ကြတာပေါ့” ရှီလဲ့ က လက်ခုပ်တီးကာ မြေပုံကို ဦးဆောင်ကြည့်လိုက်သည်။ “ဘားတွေကိုတော့ ဖယ်ထုတ်လိုက်ပါ။ သူတို့ရဲ့ တည်နေရာက သတ်သတ်မှတ်မှတ် ရှိလွန်းတယ်၊ ခရိုင်အဆင့် ရဲဌာနချုပ်က ဒီကနေ မီတာ တစ်ထောင်သုံးရာပဲ ဝေးတာ”

မာလျန် ကလည်း ခေါင်းညိတ်ပြကာ “ဆရာကြီး ပြောတာ မှန်ပါတယ် ဘားတွေက တကယ်ကို မသင့်တော်ဘူး အဲ့ဒီမှာ သွားလာရေးလမ်းကြောင်းက အရမ်းကျဉ်းမြောင်းတယ် အကယ်၍ ဂျပန်ရဲတွေက နည်းနည်းလေးတောင် တုံ့ပြန်မှု မြန်ဆန်သွားခဲ့ရင် ငါတို့ လုံးဝ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး” ဟု ပြောလိုက်သည်။

ရှီလဲ့ က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ “ဂျပန်ရဲတွေရဲ့ တုံ့ပြန်မှုနှုန်းက ငါတို့နိုင်ငံထက် သေချာပေါက် ပိုမြန်တယ် ဘားတွေကို လက်လျှော့လိုက်”

ကျန်းစန်းဖောင် က ဘား-B ကို လက်ညှိုးညွှန်ပြကာ “သူဌေး၊ ဘား-B ကလည်း နည်းနည်း မသင့်တော်ဘူး ဒီနေရာမှာ တိုကျိုမြို့ရဲ့ ဒေသခံဂိုဏ်းသားတွေ အများကြီးရှိပြီး သူတို့မှာ သေနတ်တွေ ရှိတယ် အကယ်၍ ငါတို့ လှုပ်ရှားတဲ့အချိန်မှာ သူတို့နဲ့ ပဋိပက္ခဖြစ်ရင် အရမ်း အခက်အခဲတွေ့လိမ့်မယ်” ဟု သတိပေးလိုက်သည်။

ရဲ့ဖုန်း က နောက်ဆုံး ရုပ်ရှင်ရိုက်ကူးရေး ကုမ္ပဏီကို ညွှန်ပြခဲ့သည်။

“ဒါက တိုက်ခိုက်ဖို့ အကောင်းဆုံးနေရာပဲ ပတ်ဝန်းကျင် သွားလာရေးလမ်းကြောင်းက အဆင်ပြေပြီး အနီးဆုံး ရဲစခန်းက ခြောက်ကီလိုမီတာ ဒါမှမဟုတ် ခုနစ်ကီလိုမီတာလောက် ဝေးတယ် တိုကျိုမြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှု အခြေအနေအရ ရဲတွေ ဒီနေရာကို ရောက်ဖို့ ၁၂ မိနစ်ကနေ ၁၅ မိနစ်လောက် ကြာလိမ့်မယ် ငါတို့အနေနဲ့ ကိုအိဇုမိ အိချီရိုကို ကိုင်တွယ်ဖို့ မိနစ်ပိုင်းပဲ လိုအပ်ပြီး ဆုတ်ခွာဖို့အတွက် ဆယ်မိနစ်ကျော် အချိန်ရလိမ့်မယ်”

ရှီလဲ့ က ထိုရုပ်ရှင်ရိုက်ကူးရေး ကုမ္ပဏီကို ကြည့်ကာ ကောက်ကျစ်သော အပြုံးတစ်ခုကို ပြသလိုက်ပြီး ကိုအိဇုမိ အိချီရို တစ်ယောက် ထိုနေရာသို့ လူကြီးကြည့် အနုပညာရုပ်ရှင် သွားရောက်ရိုက်ကူးနေခြင်း ဖြစ်မလားဟု စိတ်ထဲတွင် တွေးတောမိသည်။

“ယဲ့ဖုန်း၊ မင်းတို့ တိုကျိုမြို့မှာ သေနတ်တွေ ရနိုင်မလား” ဟု ရှီလဲ့ က မေးလိုက်သည်။ အကယ်၍ ၎င်းတို့တွင် သေနတ်မရှိလျှင် ကိုအိဇုမိ အိချီရိုကို သတ်ရန် အနည်းငယ် ပို၍ အခက်အခဲရှိနိုင်သည်။

ယဲ့ဖုန်း က သူ၏ ခါးနောက်ဘက်မှ အသံတိတ်ပြောင်း တပ်ဆင်ထားသော ဂလော့ခ်-၁၈ အော်တိုပစ္စတိုသေနတ် တစ်လက်ကို တိုက်ရိုက် ထုတ်ယူလိုက်ပြီး ပြုံးလျက် “လျန်ဇီက မှောင်ခိုဈေးကွက်ကနေ ပစ္စတိုသေနတ် သုံးလက် ဝယ်ယူထားပြီးသားပါ တိုကျိုမြို့ရဲ့ မှောင်ခိုဈေးကွက်က တင်းကျပ်စွာ ထိန်းချုပ်ခံထားရလို့ စနိုက်ပါရိုင်ဖယ် မရတာပဲ နှမြောဖို့ကောင်းတယ် မဟုတ်ရင် စန်းဖောင်က ကိုအိဇုမိ အိချီရို ကို အဝေးကနေ စနိုက်ပါနဲ့ ပစ်သတ်လို့ ရတယ်” ဟု ပြောလိုက်သည်။

ရှီလဲ့ က ဂလော့ခ်-၁၈ ကို ကြည့်လိုက်သည်။ ဤပစ္စတိုသေနတ်မှာ သူ၏ အတိတ်ဘဝတုန်းက အကျွမ်းကျင်ဆုံး အသုံးပြုခဲ့သော လက်နက်များထဲမှ တစ်ခုဖြစ်ပြီး ဂလော့ခ်-၁၈ ကို အသုံးပြုခြင်း၏ တိကျမှုမှာ အတော်လေး မြင့်မားလှသည်။

“ဂလော့ခ် ကိုး ငါ ဒီသေနတ်ကို သဘောကျတယ်” ရှီလဲ့ က ရဲ့ဖုန်း ၏ လက်ထဲမှ ဂလော့ခ်-၁၈ ကို ယူလိုက်ပြီးနောက် သူ၏ လက်ချောင်းများက လျင်မြန်စွာ လှုပ်ရှားသွားကာ ဂလော့ခ်-၁၈ ကို အစိတ်အပိုင်းများအဖြစ် ကျွမ်းကျင်စွာ ဖြုတ်လိုက်ပြီးနောက် ပြန်လည် တပ်ဆင်လိုက်တော့သည်။

ယဲ့ဖုန်း သည် ဤအရာကို ကြည့်ရင်း သူ၏ စိတ်ထဲတွင် အလွန်အမင်း တုန်လှုပ်သွားခဲ့ရသည်။ ရှီလဲ့ က သာမန် ကျောင်းသားတစ်ယောက်သာ ဖြစ်သည်၊ သူက ဘာကြောင့် သေနတ်အကြောင်းကို သိနေရတာလဲ။ သေနတ်ကို ဤကဲ့သို့ ကျွမ်းကျင်စွာ ဖြုတ်ကိရိယာ ဆင်နိုင်သည့် အတတ်ပညာမျိုးမှာ တက္ကသိုလ်ကျောင်းသားတစ်ဦးတွင် လုံးဝ ရှိမနေသင့်သော အရာပင် ဖြစ်သည်။

ရှီလဲ့ က ပစ္စတိုသေနတ်ကို ခဏမျှ ကစားလိုက်ပြီးနောက် “ယဲ့ဖုန်း၊ မင်းမှာ သံသယတွေ ရှိနေမယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမဲ့ ဒါက လျှို့ဝှက်ချက်တစ်ခုပါ” ဟု ပြောလိုက်သည်။

“နားလည်ပါပြီ” ဟု ယဲ့ဖုန်း က ခေါင်းညိတ်ပြကာ ဆက်၍ မစူးစမ်းတော့ပေ။

“သူဌေး၊ ငါတို့ ဒီရုပ်ရှင်ကုမ္ပဏီမှာပဲ လှုပ်ရှားကြမလား”

မာလျန် နှင့် ကျန်းစန်းဖောင် တို့ကလည်း ရှီလဲ့ ၏ နောက်ဆုံး ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းရင်း ရှီလဲ့ အား ကြည့်လိုက်ကြသည်။

ရှီလဲ့ က ပြုံးလျက် “လောစရာ မလိုပါဘူး စန်းဖောင်၊ မင်း မိုင်း ရနိုင်မယ့် နည်းလမ်းကို ရှာကြည့်ပါ မာလျန်၊ မင်းကတော့ ကိုအိဇုမိ အိချီရိုကို ဆက်ပြီး စောင့်ကြည့်နေပါ ယဲ့ဖုန်း၊ မင်းကတော့ အရင်ဆုံး ရှောင်လင်းကို သွားရောက် စောင့်ရှောက်ပေးပါ ငါ ဆုံးဖြတ်ချက်မချခင် အဲ့ဒီ ရုပ်ရှင်ကုမ္ပဏီကို သွားပြီး အခြေအနေကို အရင် စူးစမ်းလေ့လာဖို့ စီစဉ်ထားတယ်” ဟု ပြောလိုက်သည်။

၎င်းတို့ လေးယောက်လုံး ဟိုတယ်မှ အတူတကွ ထွက်ခွာခဲ့ကြသည်။ ရှီလဲ့ က တက္ကစီတစ်စီးစီးကာ “ကျန်းလင်း” ဟု ခေါ်သော ရုပ်ရှင်နှင့် ဗီဒီယို ရိုက်ကူးရေး ကုမ္ပဏီသို့ ဦးတည် ထွက်ခွာခဲ့သည်။

ကျန်းလင်း ရုပ်ရှင်နှင့် ဗီဒီယို ရိုက်ကူးရေး ကုမ္ပဏီမှာ သေးငယ်သော နှစ်ထပ်တိုက် အဆောက်အအုံလေး တစ်ခုဖြစ်သည်။ ရှီလဲ့ ရောက်ရှိလာပြီးနောက် သူသည် ရည်ရွယ်ချက်ရှိရှိဖြင့် ကာမဂုဏ် လိုက်စားလိုသော မျက်နှာအမူအရာကို ဖန်တီးကာ အတွင်းသို့ လျှောက်လှမ်းဝင်ရောက်သွားပြီး ကျွမ်းကျင်လှသော ဂျပန်ဘာသာစကားဖြင့် “ဟဲလို၊ ဒါ ကျန်းလင်း ရုပ်ရှင်နှင့် ဗီဒီယို ရိုက်ကူးရေး ကုမ္ပဏီ လားခင်ဗျာ” ဟု မေးလိုက်သည်။

ဧည့်ကြိုစားပွဲရှိ ဂျပန်အမျိုးသမီးတစ်ဦးက ရှီလဲ့ အား အေးစက်စွာ ကြည့်ပြီး ခေါင်းညိတ်ပြကာ “ဟုတ်ပါတယ်” ဟု ပြန်ပြောသည်။

“အားနာလိုက်တာဗျာ၊ မင်းတို့ ဒီမှာ လူကြီးကြည့် အနုပညာရုပ်ရှင်တွေ ရိုက်ကူးတာလား ကျွန်တော် မင်းသားနေရာအတွက် လာရောက် လျှောက်ထားချင်လို့ပါ” ဟု ရှီလဲ့ က ဟန်မူပိုပိုဖြင့် ပြောလိုက်တော့သည်။

All Chapters