← Chapters

အခန်း ၁၃၄

Vol. 14 Ch. 134

အခန်း ၁၃၄

Vol. 14 Ch. 134

အခန်း - ၁၃၄

နိုဝင်ဘာလ ၈ ရက်နေ့၊ ရှီလဲ့ ဂျပန်နိုင်ငံသို့ ရောက်ရှိသည့် တတိယမြောက်နေ့တွင် ကိုအိဇူမီ အီချီရိုသည် အိမ်၌ ထိုင်ရင်း စိတ်မလုံမလဲ ဖြစ်နေခဲ့သည်။ မိမိ၏ ကားမှာ ခုံးကျော်တံတားပေါ်မှ ၁၆ မီတာခန့် အောက်သို့ ထိုးကျသွားခဲ့ကြောင်း သိလိုက်ရချိန်တွင် သူ၏ မျက်နှာမှာ ထိတ်လန့်လွန်းသဖြင့် ဖြူဖျော့သွားခဲ့ရသည်။

ပုံမှန် ယာဉ်မတော်တဆမှုတစ်ခုဟု ထင်ရသော်လည်း ဤဖြစ်ရပ်မှာ ထင်သလောက် မရိုးရှင်းနိုင်ကြောင်း သူ ခပ်ရေးရေး ခံစားမိနေသည်။

အဘယ်ကြောင့်မှန်းမသိဘဲ ကိုအီဇူမီ အီချီရိုသည် ကျန်းလင်း ရုပ်ရှင်နှင့်ဗီဒီယိုကုမ္ပဏီတွင် မြင်တွေ့ခဲ့ရသည့် ရင်းနှီးနေသော ပုံရိပ်တစ်ခုကို ပြန်လည် အမှတ်ရလာခဲ့သည်။

တိုယိုတာ ခရောင်းကားသည် ချစ်ကြည်ရေး ခုံးကျော်တံတားပေါ်မှ ပြုတ်ကျကာ မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော ကုန်တင်ကားကြီးနှင့် အပြင်းအထန် တိုက်မိခဲ့သဖြင့် မောင်းနှင်သူမှာ ထိုင်ခုံပေါ်တွင်ပင် တစ်စစီ ကြေမွသွားခဲ့ရသည်။ ထို့ကြောင့် တိုကျိုမြို့တော် ရဲတပ်ဖွဲ့သည် အစောပိုင်းတွင် ဤဖြစ်ရပ်ကို သာမန် ယာဉ်မတော်တဆမှုတစ်ခုအဖြစ်သာ သတ်မှတ်ခဲ့ပြီး အခင်းဖြစ်ပွားရာနေရာရှိ သွေးစွန်းမှုများတွင် အရက်ပျံနှုံး အလွန်မြင့်မားစွာ တွေ့ရှိရသဖြင့် အရက်မူးပြီး မောင်းနှင်မှုကြောင့်ဟုသာ ကောက်ချက်ချခဲ့သည်။

ကိုအီဇူမီ အီချီရိုသည် တိုကျိုမြို့ရှိ အဆင့်မြင့် ဗီလာဥယျာဉ်အိမ်ရာတစ်ခုတွင် တစ်ဦးတည်း နေထိုင်သည်။ သူ၏ မိခင်မှာ ဟော့ကိုင်းဒိုးတွင် သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်ပေးနေပြီး ဖခင်ဖြစ်သူမှာ ကန်နွန်ကုမ္ပဏီ၏ ရုံးလုပ်ငန်းတာဝန်များဖြင့် ကမ္ဘာအနှံ့ စီးပွားရေးခရီးစဉ်များ သွားရောက်နေရသဖြင့် အမြဲ အလုပ်ရှုပ်နေသူ ဖြစ်သည်။

ယခုအခါ သူ၏ နေအိမ်တွင် သူကိုယ်တိုင်အပြင် ကိုအီဇူမီ အီချီရို၏ လုံခြုံရေးကို အထူးတာဝန်ယူ စောင့်ရှောက်ပေးရန် ကန်နွန်ကုမ္ပဏီမှ စေလွှတ်ထားသော လုံခြုံရေးဝန်ထမ်း နှစ်ဦးလည်း ရှိနေသည်။

ရှီလဲ့ တည်းခိုနေသော ဟိုတယ်ခန်းအတွင်း၌မူ ယဲ့ဖုန်း နှင့် ကျန်နှစ်ဦးတို့ ပြန်လည် ဆုံတွေ့နေကြသည်။ အခန်းတွင်းရှိ နံရံပေါ်တွင် တိုကျိုမြို့ ဆူမီဒါရပ်ကွက်၏ ကြီးမားသော မြေပုံတစ်ခုကို ဒေါင်လိုက် ချိတ်ဆွဲထားသည်။ မြေပုံပေါ်ရှိ နေရာတစ်ခုကို အနီရောင် မာကာပင်ဖြင့် ဝိုင်းပြထားပြီး ၎င်းမှာ ကိုအီဇူမီ အီချီရို၏ နေအိမ်ကို ကိုယ်စားပြုခြင်း ဖြစ်သည်။

ထိုအဝိုင်းကို ဗဟိုပြု၍ ဝါး၊ စိမ်း၊ ပြာ အရောင်သုံးမျိုးဖြင့် လိုင်းများ ဆွဲသားထားပြီး ၎င်းတို့မှာ တိုက်ခိုက်မည့် လမ်းကြောင်းနှင့် ပြန်လည်ဆုတ်ခွာမည့် လမ်းကြောင်းများကို စီမံထားခြင်း ဖြစ်သည်။

“သူဌေး... ကိုအီဇူမီ အီချီရို နေထိုင်တဲ့ ဆာကူရာဥယျာဉ်အိမ်ရာကို သေချာ စုံစမ်းပြီးပါပြီ.. အဲဒါက ကာကွယ်ရေးစနစ် အလွန်တင်းကျပ်တဲ့ အဆင့်မြင့် လူနေအိမ်ရာတစ်ခုပဲ၂၄ နာရီပတ်လုံး လုံခြုံရေးတွေ ကင်းလှည့်နေသလို ဥယျာဉ်တစ်ခုလုံးကိုလည်း ကင်မရာတွေနဲ့ ထောင့်ပေါင်းစုံကနေ ကွယ်ရာမရှိအောင် စောင့်ကြည့်နေတာဗျ” ဟု ယဲ့ဖုန်းက တင်ပြလိုက်သည်။

ရှီလဲ့သည် သူ၏ လက်များကို လပ်တော့ပ် ကီးဘုတ်ပေါ်တင်ကာ ဆာကူရာဥယျာဉ်အိမ်ရာနှင့် ပတ်သက်သော အချက်အလက်များကို လျင်မြန်စွာ ရိုက်နှိပ် ရှာဖွေနေသည်။ ဆာကူရာဥယျာဉ်အိမ်ရာမှာ ဆာကူရာဂရုပိုင်ဆိုင်ခြင်းဖြစ်ပြီး ရှီလဲ့သည် ၎င်းတို့၏ တရားဝင် ဝက်ဆိုက်မှတစ်ဆင့် သက်ဆိုင်ရာ အချက်အလက်အချို့ကို ရှာဖွေတွေ့ရှိသွားသည်။

အဆင့်မြင့် လူနေအိမ်ရာတစ်ခု ဖြစ်သည့်အားလျော်စွာ ဆာကူရာဥယျာဉ်အိမ်ရာ၏ လုံခြုံရေးစောင့်ကြည့်ရေး စနစ်သည် ဆူမီဒါရပ်ကွက် ရဲဌာနချုပ်နှင့် တိုက်ရိုက်ချိတ်ဆက်ထားပြီး အချိန်မရွေး ရဲတပ်ဖွဲ့ထံ အကြောင်းကြားနိုင်ရန် စီမံထားသည်။

ဤမျှ တင်းကျပ်လှသော လုံခြုံရေးစနစ်မှာ သာမန်လူများအတွက် အထဲသို့ ခိုးဝင်ရန် လုံးဝ မဖြစ်နိုင်သော်လည်း ရှီလဲ့အတွက်မူ အလွန်ကောင်းမွန်သော သတင်းသာ ဖြစ်သည်။

လုံခြုံရေးစောင့်ကြည့်ရေး စနစ်သည် အင်တာနက်နှင့် ချိတ်ဆက်ထားခြင်းကြောင့် တစ်ဖက်လူ၏ စနစ်ကို အဝေးမှနေ၍ လှမ်းမိုးထိန်းချုပ်နိုင်မည့် အခွင့်အရေး ရှိနေသည် မဟုတ်ပါလား။

ရှီလဲ့သည် ‘ယန်’ စူပါကွန်ပျူတာနှင့် ချိတ်ဆက်လိုက်ပြီး ဆူမီဒါရပ်ကွက် ရဲဌာနချုပ်၏ ရဲကွန်ရက်အတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းလိုက်သည်။ ရှီလဲ့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော စူပါကွန်ပျူတာ ‘ယန်’ သည် ဂျပန်နိုင်ငံ၏ အဆင့်အမြင့်ဆုံး ကွန်ပျူတာဖြစ်သည့်အတိုင်း ရဲကွန်ရက်အတွင်းသို့ အလွယ်တကူပင် ထိုးဖောက်ဝင်ရောက်သွားနိုင်ခဲ့သည်။

ရဲကွန်ရက်အတွင်းမှတစ်ဆင့် သူသည် ဆာကူရာဥယျာဉ်အိမ်ရာ၏ အချက်အလက်များကို ထုတ်ယူလိုက်ပြီး ရဲကွန်ရက်နှင့် ချိတ်ဆက်ထားသော ကြားခံမျက်နှာပြင်ကို လိုက်လံရှာဖွေသည်။ မိနစ်အနည်းငယ်အတွင်းမှာပင် ရှီလဲ့သည် ဆာကူရာဥယျာဉ်အိမ်ရာ၏ လုံခြုံရေးစောင့်ကြည့်ရေး စနစ်ကို ရှာတွေ့သွားခဲ့တော့သည်။

ရဲကွန်ရက်ကို အကာအကွယ်ယူ၍ ဆာကူရာဥယျာဉ်အိမ်ရာ၏ လုံခြုံရေးစနစ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ခြင်းမှာ ကျားနာတွင် အတောင်ပံ တပ်ပေးလိုက်သကဲ့သို့ပင် ဖြစ်သည်။ ရှီလဲ့သည် ဆာကူရာဥယျာဉ်အိမ်ရာ၏ စောင့်ကြည့်ရေးစနစ်ကို ဘာအင်အားမျှ စိုက်ထုတ်စရာမလိုဘဲ လွှမ်းမိုးထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်သည်။

“ယဲ့ဖုန်း... ငါ ဆာကူရာဥယျာဉ်အိမ်ရာရဲ့ စောင့်ကြည့်ရေးစနစ်ကို ထိန်းချုပ်လိုက်ပြီ ပြီးတော့ ဆာကူရာဥယျာဉ်အိမ်ရာရဲ့ တရားဝင် ဝက်ဆိုက်မှာ တင်ထားတဲ့ အိမ်ပိုင်ရှင်တွေအတွက် သတိပေးချက်တစ်ခုထဲကနေ စိတ်ဝင်စားစရာ အချက်အလက်တစ်ခုကို တွေ့ထားတယ်၊ အဲဒါက ငါတို့ကို ဆာကူရာဥယျာဉ်ထဲကို တိတ်တဆိတ် ဝင်သွားနိုင်အောင် ကူညီပေးလိမ့်မယ်” ရှီလဲ့က လပ်တော့ပ်ကို ကြည့်ရင်း ပြောလိုက်သည်။

ယဲ့ဖုန်းသည် ရှီလဲ့၏ စကားကို အနည်းငယ်မျှ သံသယမဝင်ဘဲ “သူဌေး... ကိုအီဇူမီ အီချီရိုကို ရှင်းလင်းပြီးရင် ကျွန်တော်တို့ ဘယ်လမ်းကြောင်းကနေ ဆုတ်ခွာကြမလဲ” ဟု မေးလိုက်သည်။

၎င်းတို့ စီမံထားသော ဆုတ်ခွာရေး လမ်းကြောင်း သုံးခု ရှိသည်။ လမ်းကြောင်း (A) မှာ အရှုပ်ထွေးဆုံးနှင့် အရှည်လျားဆုံး ဖြစ်သော်လည်း ခြေရာလက်ရာ အနည်းဆုံးသာ ကျန်ရစ်မည့် လမ်းကြောင်း ဖြစ်သည်။ လမ်းကြောင်း (B) မှာ အတိုဆုံးနှင့် အလုံခြုံဆုံး ဖြစ်ပြီး သံသယဝင်စရာ အနည်းဆုံး ဖြစ်သည်။ လမ်းကြောင်း (C) မှာမူ လမ်းအခြေအနေ အကောင်းဆုံး ဖြစ်ပြီး ကြားဖြတ်လမ်းခွဲများစွာ ရှိသဖြင့် အရေးပေါ်အခြေအနေ ကြုံလာပါက အေးအေးလူလူ ထွက်ပြေးတိမ်းရှောင်နိုင်သည်။

ရှီလဲ့သည် မာကာပင်ကို ကိုင်ကာ နံရံတွင် ချိတ်ထားသော ဆူမီဒါရပ်ကွက် မြေပုံကို သေချာစွာ ကြည့်ရှုလိုက်သည်။ ထို့နောက် လမ်းကြောင်း (A) ပေါ်တွင် ကြက်ခြေခတ် (X) တစ်ခု ဆွဲလိုက်ပြီး “လမ်းကြောင်း (A) က အရမ်းရှုပ်ထွေးပြီး မရေရာတဲ့ အချက်တွေ အများကြီး ရှိနေတယ်၊ ပြီးတော့ လမ်းမကြီး စောင့်ကြည့်ရေးစနစ် မိတာကလည်း ၃၀ ရာခိုင်နှုန်းတောင် မရှိဘူး ဒါကို ပယ်လိုက်” ဟု ပြောလိုက်သည်။

ယဲ့ဖုန်းနှင့် ကျန်နှစ်ဦးကလည်း သဘောတူညီစွာ ခေါင်းငြိမ့်ကြသည်။ လမ်းမကြီး စောင့်ကြည့်ရေးစနစ် မလုံလောက်ပါက ရှီလဲ့အနေဖြင့် အဝေးမှ အကူအညီ ပေးနိုင်မည် မဟုတ်ပေ။

“လမ်းကြောင်း (B) ရော လမ်းကြောင်း (C) ရောက အဆင်ပြေပါတယ် အရင်ဆုံး ကိုအီဇူမီ အီချီရိုကို ရှင်းလိုက်ပြီးမှ လက်တွေ့ အခြေအနေပေါ်မူတည်ပြီး ဘယ်လမ်းကြောင်း သုံးမလဲဆိုတာ ဆုံးဖြတ်ကြတာပေါ့” ရှီလဲ့သည် လမ်းကြောင်း (B) နှင့် (C) ထဲမှ တစ်ခုကို မရွေးချယ်ရသေးပေ၊ အကြောင်းမှာ နှစ်ခုစလုံးက ဆုတ်ခွာရန် အလွန် အဆင်ပြေသောကြောင့် ဖြစ်သည်။

“ကဲ... အခု တာဝန်တွေ ခွဲဝေကြမယ် ငါတို့ တစ်ယောက်တစ်လမ်းစီ ခွဲပြီး လှုပ်ရှားကြမယ်၊ ပြီးတော့ ညနေ ၆ နာရီမတိုင်ခင် အားလုံး ဟိုတယ်ကို ပြန်ရောက်နေရမယ် ကြားကြလား” ရှီလဲ့သည် ယဲ့ဖုန်းနှင့် ကျန်နှစ်ဦးကို စူးစိုက်ကြည့်ကာ ပြတ်သားစွာ ပြောလိုက်သည်။

“ကြားပါတယ် သူဌေး” သုံးဦးစလုံးက ပြိုင်တူ ပြန်လည်ဖြေကြားသည်။

“ယဲ့ဖုန်း... မင်း ရုပ်ဖျက်ပြီးတော့ တိုကျိုရေပေးဝေရေးကုမ္ပဏီရဲ့ ဝန်ထမ်းဝတ်စုံ သုံးစုံနဲ့ အလုပ်သမား ကတ်ပြားအတုတွေကို သွားဝယ်လိုက် သတိထားရမှာက မင်းရဲ့ တကယ့်အမှတ်အသား ဖြစ်ဖြစ်၊ မင်းရဲ့ဒီကအမှတ်အသားဖြစ်ဖြစ် ဘယ်တစ်ခုကိုမှ အမိမခံရစေနဲ့၊ ဖုံးကွယ်ထားတာ အကောင်းဆုံးပဲ” ရှီလဲ့က ယဲ့ဖုန်းကို ညွှန်ကြားလိုက်သည်။

ယဲ့ဖုန်းက အကြောင်းရင်းကို ထပ်မမေးဘဲ ခေါင်းငြိမ့်ကာ “စိတ်ချပါ သူဌေး၊ တာဝန်ကို အောင်မြင်အောင် ထမ်းဆောင်ခဲ့ပါ့မယ်” ဟုသာ တိုတိုတုတ်တုတ် ပြောလိုက်သည်။

ရှီလဲ့သည် ယခင် အထူးကင်းထောက်စစ်သည်ဟောင်းဖြစ်ပြီး တစ်ကိုယ်တော် တိုက်ခိုက်ရေးစွမ်းရည် အလွန်မြင့်မားလှသော မာလျန်ဘက်သို့ လှည့်ကာ “မာလျန်... မင်းက လှုပ်ရှားမှုလုပ်နေတုန်း ငါတို့ လေးယောက် အပြန်အလှန် ဆက်သွယ်လို့ရအောင် ကြိုးပါတဲ့ နားကြပ်အစုံတွေကို သွားရှာလိုက် မင်းလည်း အလားတူပဲ... ကိုယ့်အမှတ်အသားကို အမိမခံနဲ့” ဟု ပြောလိုက်သည်။

ပြောပြီးနောက် ရှီလဲ့သည် ဂျပန်ယန်းငွေ နှစ်သိန်းကို ထုတ်ယူကာ မာလျန်ထံ ကမ်းပေးရင်း “ဒီလောက်ဆို လောက်ပါ့မလား” ဟု မေးလိုက်သည်။

မာလျန်က အားနာမနေဘဲ ယန်းငွေကို လှမ်းယူလိုက်ပြီး “သူဌေး... ဒီလောက်ဆို ပိုတောင် ပိုပါသေးတယ်” ဟု ပြန်ပြောလိုက်သည်။

“စန်းဖောင်... မင်းရဲ့တာဝန်ကတော့ အလေးလံဆုံးပဲ ငါတို့နှစ်ယောက် ပူးပေါင်းပြီး ဆူမီဒါရပ်ကွက်ထဲမှာ အရန်အကူအညီအနေနဲ့ အချိန်ကိုက်ဗုံး သုံးလုံး သွားထောင်ကြမယ်” ရှီလဲ့သည် ကျန်းစန်းဖောင်၏ မျက်လုံးများကို တည့်တည့်စူးစိုက်ကြည့်ကာ “ဘာပြဿနာရှိလဲ” ဟု မေးလိုက်သည်။

ကျန်းစန်းဖောင်က ခေါင်းခါကာ “သူဌေး... ဘာပြဿနာမျှ မရှိပါဘူး” ဟု ဖြေသည်။

ရှီလဲ့က ခေါင်းငြိမ့်ကာ ကျန်းစန်းဖောင်၏ ပခုံးကို ပုတ်ပေးလိုက်ပြီး “ယဲ့ဖုန်း၊ မာလျန်... မင်းတို့နှစ်ယောက် စပြီး လှုပ်ရှားတော့ နောက်ဆုံး ညနေ ၆ နာရီထက် နောက်မကျစေနဲ့၊ စောစောပြန်လာနိုင်ရင် စောစောပြန်လာခဲ့ကြ” ဟု မှာကြားလိုက်သည်။

“ကောင်းပါပြီ” ယဲ့ဖုန်းနှင့် မာလျန်တို့ အပြင်သို့ ထွက်ခွာသွားကြသည်။

ထို့နောက် ရှီလဲ့သည် အနီရောင် မာကာပင်ကို ပြန်လည်ကောက်ကိုင်ကာ ဆူမီဒါရပ်ကွက် မြေပုံပေါ်တွင် နေရာသုံးနေရာကို အဝိုင်းဆွဲလိုက်သည်။ ထိုနေရာ သုံးနေရာသည် မြေပုံပေါ်တွင် အနားညီတြိဂံပုံစံ ဖြစ်ပေါ်နေပြီး နေရာတိုင်းမှာ လူဦးရေ အလွန်ထူထပ်သော နေရာများ ဖြစ်ကြသည်။

“စန်းဖောင်... လာကြည့်ဦး ဒီနေရာ သုံးနေရာမှာ ဗုံးသွားထောင်ဖို့ မင်း ယုံကြည်မှု ရှိရဲ့လား” ရှီလဲ့က မေးလိုက်သည်။ ထိုနေရာ သုံးနေရာစလုံးမှာ လူအဝင်အထွက် အလွန်များပြားသော ကုန်တိုက်ကြီးများ ဖြစ်ကြသည်။

ကျန်းစန်းဖောင်က ခေတ္တမျှ စဉ်းစားပြီးနောက် “သူဌေး... ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ တကယ်လို့ ဗုံးကို ထောင်ရုံတင်ထောင်ပြီး ဖောက်ခွဲဖို့ မလိုဘူးဆိုရင်တော့ လုံးဝ အဆင်ပြေပါတယ်” ဟု မေးလိုက်သည်။

“ဖောက်ခွဲဖို့ မလိုပါဘူး ငါတို့က အကြမ်းဖက်သမားတွေမှ မဟုတ်တာ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ မလုပ်ဘူး ငါတို့က ဒီဗုံးတွေကို အရေးပေါ် အခြေအနေတွေအတွက် အရန်အနေနဲ့ပဲ သုံးမှာ တကယ်လို့ လှုပ်ရှားမှုက မအောင်မြင်ခဲ့ရင် ဆူမီဒါရပ်ကွက် ရဲဌာနချုပ်ရဲ့ အာရုံကို ဘယ်လိုလွှဲမလဲ၊ သဘောပေါက်လား” ရှီလဲ့က ရှင်းပြလိုက်ရာ ကျန်းစန်းဖောင်၏ စိတ်ထဲမှ သံသယများ လွင့်ပြယ်သွားခဲ့သည်။

“နားလည်ပါပြီ သူဌေး တကယ်လို့ ခြိမ်းခြောက်ရုံတင်ဆိုရင်တော့ ဗုံးတွေကို အိမ်သာတွေရဲ့ လေဝင်လေထွက် ပိုက်လိုင်းတွေထဲမှာ သွားထားလိုက်ရင် အဆင်ပြေတယ်” ကျန်းစန်းဖောင်က စိတ်ပေါ့ပါးစွာဖြင့် ပြောလိုက်သည်။

“ကောင်းပြီ ဒါဆို ငါတို့လည်း စပြီး လှုပ်ရှားကြစို့ ငါ မင်းအတွက် ကုန်တိုက်တွေရဲ့ စောင့်ကြည့်ရေးစနစ်တွေကို ပိတ်ပေးထားမယ် လှုပ်ရှားမှုလုပ်နေတုန်း အမိမခံရစေနဲ့ဦးနော်” ရှီလဲ့က သတိပေးလိုက်သည်။

“စိတ်ချပါ သူဌေး... အားလုံး အဆင်ပြေသွားမှာပါ” ကျန်းစန်းဖောင်က ခေတ္တမျှ စဉ်းစားပြီးနောက် “သူဌေး... ကျွန်တော် ပြင်ဆင်ဖို့အတွက် နှစ်နာရီလောက် လိုမယ် နှစ်နာရီကြာမှ လှုပ်ရှားမှု စကြမလား” ဟု မေးသည်။

“ပြဿနာမရှိဘူး ငါ အရင်ဆုံး ကုန်တိုက် သုံးခုရဲ့ စောင့်ကြည့်ရေးစနစ်တွေကို သွားပြီး ထိန်းချုပ်ထားလိုက်မယ်” ရှီလဲ့က ပြုံးလျက် သဘောတူလိုက်သည်။

နှစ်နာရီ ကြာပြီးနောက် ရှီလဲ့သည် ကုန်တိုက် သုံးခုစလုံး၏ စောင့်ကြည့်ရေးစနစ်များကို လုံးဝ ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်သည်။ လပ်တော့ပ် စခရင်ပေါ်တွင် ကုန်တိုက် သုံးခုစလုံး၏ လုံခြုံရေး စောင့်ကြည့်ဗီဒီယိုများ ပေါ်ထွက်နေသည်။

ရှီလဲ့သည် မှတ်ပုံမတင်ထားသည့် အသင့်သုံးဖုန်းကို ကောက်ကိုင်ကာ ကျန်းစန်းဖောင်၏ ဖုန်းနံပါတ်သို့ ခေါ်ဆိုလိုက်ပြီး ဘလူးတုနားကြပ်ကို တပ်ဆင်လိုက်သည်။

“စန်းဖောင်... ပြင်ဆင်မှုတွေ ပြီးပြီလား” ရှီလဲ့က မေးလိုက်သည်။

ကျန်းစန်းဖောင်က “သူဌေး... ပြင်ဆင်မှုတွေ ပြီးပါပြီ၊ အချိန်မရွေး လှုပ်ရှားလို့ရတယ် အခု ကျွန်တော် ကင်မရာမမိတဲ့ တစ်နေရာမှာ ရောက်နေပြီ နောက်ထပ် ဘာလုပ်ရမလဲ ညွှန်ကြားပေးပါဦး” ဟု ပြန်ပြောလိုက်သည်။

“အိုကေ အခု အရှေ့တံခါးမကြီးကနေ ဝင်လိုက်တော့ ငါ ကင်မရာ နှစ်လုံးကို ထိန်းချုပ်ထားပြီး တံခါးမကြီးဘက်ကို မလှည့်အောင် လုပ်ထားတယ်။ တံခါးမကြီးကနေ ဝင်ပြီးရင် အရှေ့တည့်တည့်ကို မီတာတစ်ရာလောက် လျှောက်သွား၊ ပြီးရင် ဘယ်ဘက်က ဓါတ်လှေကားကို စီးပြီး ဒုတိယထပ်ကို တက်သွားလိုက်”

ကျန်းစန်းဖောင်သည် ဘေ့စ်ဘောဦးထုပ်ကို ဆောင်းကာ ကျောပိုးအိတ်ကို လွယ်လျက် ဒုတိယထပ်သို့ ရောက်ရှိသွားပြီးနောက် “ရောက်ပါပြီ” ဟု တိုးညှင်းစွာ ပြောလိုက်သည်။

“ဘယ်ဘက်ကိုသွား... အမျိုးသမီးအတွင်းခံဆိုင် နှစ်ဆိုင်ကို ဖြတ်သွားပြီးရင် ဘယ်ဘက်ကို ထပ်ကွေ့၊ ပြီးရင် ဓါတ်လှေကားစီးပြီး တတိယထပ်ကို တက်သွားလိုက်” ရှီလဲ့က ကျန်းစန်းဖောင်ကို လမ်းညွှန်ပေးနေသည်။

ကျန်းစန်းဖောင်သည် ရှီလဲ့၏ ညွှန်ကြားချက်အတိုင်း လျင်မြန်စွာ လိုက်နာကာ အမျိုးသမီးအတွင်းခံဆိုင် နှစ်ဆိုင်ကို အမြန်ဖြတ်ကျော်ပြီး တတိယထပ်သို့ တက်မည့် ဓါတ်လှေကားပေါ်သို့ မည်သူ့ကိုမျှ သံသယမဝင်စေဘဲ တက်လှမ်းသွားခဲ့သည်။

“သတ်မှတ်ထားတဲ့ နေရာကို ရောက်ပါပြီ၊ နောက်ထပ် ဘာလုပ်ရမလဲ ညွှန်ကြားပေးပါဦး” ကျန်းစန်းဖောင်က တိုးညှင်းစွာ ပြောသည်။

“ညာဘက်ကိုလှည့်... လမ်းအဆုံးအထိ လျှောက်သွားပြီးရင် အမျိုးသားအိမ်သာထဲကို ဝင်လိုက်တော့ အဲဒီနောက်ပိုင်းကတော့ မင်းအပေါ်မှာပဲ မူတည်ပြီနော် တတိယထပ်က အမျိုးသမီးဝတ်စုံ သီးသန့်အရောင်းထပ်ဖြစ်လို့ အမျိုးသားအိမ်သာကို သုံးတဲ့လူက အနည်းဆုံးပဲ ငါ မင်းအတွက် အပြင်က အခြေအနေကို ကင်မရာနဲ့ အမြဲ စောင့်ကြည့်ပေးထားမယ် တကယ်လို့ လူတစ်ယောက်ယောက် ဝင်လာရင် မင်းကို ကြိုပြီး သတိပေးမယ်” ရှီလဲ့က ရှင်းပြလိုက်သည်။

သို့သော် ကျန်းစန်းဖောင်က ပြုံးလျက် “သူဌေး... ကျွန်တော့်ကို သတိပေးစရာတောင် မလိုပါဘူးဗျာ” ဟု ပြောလိုက်သည်။

“ဟင်” ရှီလဲ့ အံ့သြစွာဖြင့် အသံထွက်မိသွားသည်။

ကျန်းစန်းဖောင်သည် အမျိုးသားအိမ်သာထဲသို့ ဝင်ရောက်သွားပြီး မည်သူမျှ မရှိကြောင်း အတည်ပြုပြီးနောက် သူ၏ ကျောပိုးအိတ်ကို အလျင်အမြန် ချလိုက်သည်။ ထို့နောက် အိတ်ထဲမှ အဝါရောင် ‘ပြင်ဆင်နေပါသဖြင့် ခေတ္တပိတ်ထားပါသည်’ ဆိုသည့် ဆိုင်းဘုတ်ကို ထုတ်ယူကာ တံခါးကိုဖွင့်၍ အိမ်သာအပြင်ဘက်တွင် သွားရောက်ချိတ်ဆွဲထားလိုက်သည်။

ရှီလဲ့သည် စောင့်ကြည့်ရေးကင်မရာမှတစ်ဆင့် ၎င်းကို မြင်တွေ့လိုက်ရသဖြင့် သဘောကျစွာ ပြုံးမိသွားသည်။ ကျန်းစန်းဖောင်သည် အိမ်သာတံခါးကို ပြန်ပိတ်လိုက်ပြီး ကျောပိုးအိတ်ကို အရှေ့ဘက်သို့ လွယ်ကာ အထဲမှ တြိဂံပုံစံ သစ်သားတုံးလေးတစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းကို အိမ်သာတံခါးအောက်ခြေနှင့် ကြမ်းပြင်ကြားရှိ ကွာဟချက်ထဲသို့ ရိုက်ညှပ်လိုက်ရာ တံခါးမှာ လုံးဝ ပိတ်ဆို့သွားပြီး ပြင်ပမှ လူများ အမှတ်မထင် ဝင်ရောက်လာခြင်းကို တားဆီးလိုက်နိုင်သည်။

တံခါးကို ပိတ်ဆို့ပြီးနောက် ကျန်းစန်းဖောင်သည် ကျောပိုးအိတ်ထဲမှ ခေါက်ကုလားထိုင်လေးတစ်ခုကို ထုတ်ယူကာ လေဝင်လေထွက် ပိုက်လိုင်းအောက်တွင် ချထားလိုက်သည်။ ၎င်းပေါ်သို့ တက်ရပ်ကာ ပိုက်လိုင်း၏ ဇကာကွက်ကို ဖြုတ်လိုက်ပြီးနောက် ကြိုတင်ပြင်ဆင်ထားသော ပလတ်စတစ် ဖောက်ခွဲရေးပစ္စည်းကို ထုတ်ယူ၍ လေဝင်လေထွက် ပိုက်လိုင်း၏ အတွင်းဘက်နံရံတွင် ကပ်လိုက်သည်။

ကျန်းစန်းဖောင်သည် ပလတ်စတစ် ဖောက်ခွဲရေးပစ္စည်း၏ အဖုံးပေါ်တွင် မိနစ် ၃၀ အချိန်ကိုက်စနစ်ကို သတ်မှတ်လိုက်ပြီး ဇကာကွက်ကို ပြန်မပိတ်မီ အဝေးထိန်းစနစ်ကို ဖွင့်လှစ်လိုက်သည်။ ထိုမိနစ် ၃၀ အချိန်ကိုက်စနစ်မှာ ချက်ချင်း အလုပ်လုပ်ဦးမည် မဟုတ်ဘဲ အဝေးထိန်းခလုတ်ဖြင့် နှိပ်မှသာ စတင် အလုပ်လုပ်မည် ဖြစ်သည်။

မူလအတိုင်း ပြန်လည်ဖြစ်သွားသော လေဝင်လေထွက် ပိုက်လိုင်းဇကာကွက်ကို တစ်ချက်ကြည့်ပြီးနောက် ကျန်းစန်းဖောင်သည် ခေါက်ကုလားထိုင်ကို သိမ်းဆည်းကာ တြိဂံသစ်သားတုံးကို ဖြုတ်လိုက်ပြီး ‘ပြင်ဆင်နေပါသဖြင့် ခေတ္တပိတ်ထားပါသည်’ ဆိုသော ဆိုင်းဘုတ်ကိုပါ ပြန်လည်သိမ်းဆည်းလိုက်သည်။ ထို့နောက် သူသည် ထိုကုန်တိုက်၏ တတိယထပ်ရှိ အမျိုးသားအိမ်သာထဲမှ လျင်မြန်စွာ ထွက်ခွာလာခဲ့တော့သည်။

“သူဌေး... ပစ်မှတ်နံပါတ်တစ်ကိုတော့ ထောင်လို့ ပြီးပါပြီ”

All Chapters