← Chapters

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း - ၁၃၉

ယခင်ဘဝတုန်းက ကောင်းကင်တမန်ကောင်စီအတွင်းရှိ ရှီလဲ့၏ အဆင့်အတန်းသည် ရာဖေးလ်တို့ပါဝင်သော အမြင့်ဆုံးအလွှာဖြစ်သည့် ‘ကောင်းကင်တမန်ကောင်စီ၏ ဘီလူးကြီးလေးဦး’ ပြီးလျှင် ဒုတိယအဆင့်မှာသာ ရှိခဲ့သည်။

ထို ဘီလူးကြီးလေးဦးမှလွဲ၍ ရှီလဲ့၏ အဆင့်အတန်းက အမြင့်မားဆုံးဖြစ်ရာ သူသည် ရာဖေးလ်နှင့် ပတ်သက်သည့် ဒဏ္ဍာရီဆန်ဆန် သတင်းအချက်အလက်အချို့ကို အနည်းငယ် သိရှိထားခဲ့သည်။

ကောလာဟလများအရ ရာဖေးလ်သည် တစ်ချိန်က ဂျပန်နိုင်ငံမှ အလွန်အရေးကြီးသော လျှို့ဝှက်ဒေတာများကို ရရှိခဲ့ဖူးပြီး၊ ၎င်းတို့ကို ကောင်စီအဖွဲ့အစည်းထံသို့ အပ်နှံပြီးနောက်မှသာ ဘီလူးကြီးလေးဦးအဖြစ် သူ၏အဆင့်အတန်းကို ခိုင်မာစွာ တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။

ရှီလဲ့သည် ဟိုတယ်အခန်းတံခါးကို မှီလျက် စိတ်ထဲမှ တိတ်တဆိတ် တွေးတောနေမိသည်။

‘ရာဖေးလ်က အဲဒီအရေးကြီးတဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေကို ၂၀၀၆ ခုနှစ်လောက်ကတည်းက ဂျပန်မှာ ကြားဖြတ်ရယူခဲ့တာများလား အဲဒီလိုသာဆိုရင် ဆူမီဒါရပ်ကွက်ရဲ့ ရဲကွန်ရက်စနစ်ထဲမှာ သေချာပေါက် လျှို့ဝှက်ချက်တစ်ခုခု ရှိနေရမယ်’

ကောင်းကင်တမန်ကောင်စီအတွင်း ဘီလူးကြီးတစ်ဦးအဖြစ် ရာထူးတိုးမြှင့်ခံရလောက်အောင် မည်မျှအထိ အရေးကြီးပြီး ကြီးမားလှသော လျှို့ဝှက်ဒေတာမျိုး ဖြစ်နေမလဲဆိုသည်ကို ရှီလဲ့ တကယ်ပဲ စဉ်းစား၍မရနိုင်ခဲ့ပေ။

သို့သော်လည်း စဉ်းစားမရခြင်းက ရှီလဲ့တွင် အစီအစဉ်မရှိခြင်းကို မဆိုလိုပေ။

ရှီလဲ့သည် စိတ်ကို ပြတ်သားစွာ ဆုံးဖြတ်လိုက်သည်။သူသည် ရာဖေးလ်ထက် အရင်ဦးအောင် ထိုအရေးကြီးလှသော လျှို့ဝှက်စာရွက်စာတမ်းများကို သေချာပေါက် ရှာဖွေရမည် ဖြစ်သည်။

ထိုသို့တွေးရင်း ရှီလဲ့သည် သူ၏ လပ်တော့ပ်ကွန်ပျူတာကို ချက်ချင်းဖွင့်ကာ စူပါကွန်ပျူတာ ‘ယန်’ သို့ ချိတ်ဆက်လိုက်သည်။ ထို့နောက် ဆူမီဒါရပ်ကွက် ရဲကွန်ရက်စနစ်အတွင်းသို့ ကျူးကျော်ဝင်ရောက်ကာ ကွန်ရက်တစ်ခုလုံးရှိ သံသယဖြစ်ဖွယ် နေရာမှန်သမျှကို လိုက်လံရှာဖွေတော့သည်။

သို့သော်လည်း ရှီလဲ့ မည်မျှပင် အထပ်ထပ်အခါခါ ရှာဖွေစကန်ဖတ်ပါစေ ဆူမီဒါရပ်ကွက် ရဲကွန်ရက်တစ်ခုလုံးတွင် မည်သည့် သံသယဖြစ်ဖွယ် အချက်အလက်မျှ ရှိမနေဘဲ ပုံမှန်မဟုတ်သည့် အရိပ်အယောင်တစ်ခုမျှပင် မတွေ့ရပေ။

ရှီလဲ့သည် ကီးဘုတ်ပေါ်တွင် လက်ကိုတင်ထားရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ ‘ဒါက ယုတ္တိမရှိဘူး လုံးဝ ယုတ္တိမရှိတာ အကယ်လို့ ဆူမီဒါရပ်ကွက် ရဲကွန်ရက်က ဘာပြဿနာမှ မရှိဘူးဆိုရင် ရာဖေးလ်လို ကမ္ဘာ့ထိပ်တန်းဟက်ကာတစ်ယောက်က ဘာကိစ္စနဲ့ ကျူးကျော်ဝင်ရောက်ရမှာလဲ’ ဟု ရှီလဲ့ တိတ်တဆိတ် စဉ်းစားနေမိသည်။

သူသည် လပ်တော့ပ်မှတစ်ဆင့် စူပါကွန်ပျူတာ ‘ယန်’ ကို ထိန်းချုပ်ကာ ဆူမီဒါရပ်ကွက် ရဲကွန်ရက်ကို အကြိမ်ကြိမ် ပြန်လည်စစ်ဆေးရန် ဒေတာစီးဆင်းမှု များကို ‌ယောက်ယက်ခတ်စေခဲ့သည်။ ထို ဒေတာစီးဆင်းမှုများသည် ရဲကွန်ရက်တစ်ခုလုံးကို အခါခါ စစ်ဆေးပြီး ဖြစ်သည်။

ရှီလဲ့သည် သူ၏ ဦးနှောက်ထဲတွင် ရဲကွန်ရက်၏ အခြေခံတည်ဆောက်ပုံစနစ်တစ်ခုလုံးကိုပင် ပြန်လည်ပုံဖော်နိုင်လောက်သည့်အထိ ဖြစ်နေပြီ ဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် ရှီလဲ့သည် ရဲကွန်ရက်စနစ်တစ်ခုလုံးကို အပိုင်တွက်မိနေပြီ ဖြစ်သည်။

ထိုစဉ် ရဲကွန်ရက်အတွင်း၌ ထူးဆန်းသော ဒေတာစီးဆင်းမှုတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ ရှီလဲ့သည် ထိုဒေတာစီးဆင်းမှုကို ချက်ချင်း ကော်ပီကူးယူကာ မိမိ၏ လပ်တော့ပ်ကွန်ပျူတာထဲသို့ ဆွဲထုတ်လိုက်ပြီး ၎င်းတွင် ပါဝင်သော အချက်အလက်များကို ပြန်လည်ဖော်ထုတ်လိုက်တော့သည်။

ထို ဒေတာစီးဆင်းမှုတစ်ခုလုံးတွင် အချက်အလက်တစ်ခုတည်းသာ ပါဝင်ပြီး ၎င်းမှာ ‘ဓာတ်ပုံတစ်ပုံ’ ဖြစ်သည်။

ဓာတ်ပုံထဲတွင် အသက်လတ်ပိုင်း အမျိုးသားတစ်ဦးသည် တိုက်အဆောက်အအုံတစ်ခုကို ခိုးကြောင်ခိုးဝှက် ချောင်းမြောင်းကြည့်ရှုနေပြီး သူ၏လက်ထဲတွင် ဒီဂျစ်တယ်ကင်မရာတစ်လုံးကို ကိုင်ဆောင်ထားသည်။

‘ဒီဓာတ်ပုံက ဘာကို ဆိုလိုတာလဲ ပုံစံအရဆိုရင် ဒါက လုံခြုံရေးစောင့်ကြည့်ကင်မရာ တစ်ခုကနေ ဖမ်းယူထားတဲ့ ဓာတ်ပုံပဲ ဖြစ်ရမယ်’ ရှီလဲ့က စိတ်ထဲမှ ဆန်းစစ်လိုက်သည်။ ‘ဒါက ရဲကွန်ရက်ဆီကို တိုက်ရိုက် ပေးပို့နိုင်တယ်ဆိုကတည်းက အဲဒီလုံခြုံရေးကင်မရာက အင်တာနက်နဲ့ ချိတ်ဆက်ထားတာ သေချာတယ်’

ရှီလဲ့သည် ရဲကွန်ရက်အတွင်း ထိုဓာတ်ပုံ စတင်ထွက်ပေါ်လာရာ ဇစ်မြစ်ကို ချက်ချင်း ရှာဖွေလိုက်သည်။ ရဲကွန်ရက်စနစ်အတွင်း အပြင်းအထန် ရှာဖွေပြီးနောက် နောက်ဆုံးတွင် ရှီလဲ့သည် မှတ်တမ်းကို ရှာဖွေတွေ့ရှိသွားခဲ့သည်။

ထို ဓာတ်ပုံ၏ ဇစ်မြစ်မှာ အမှန်စင်စစ်အားဖြင့် လျှို့ဝှက်ဆက်သွယ်ရေးကွန်ရက်တစ်ခုမှ လာခြင်း ဖြစ်သည်။ ရဲကွန်ရက်စနစ်အတွင်း၌ပင် ဤကွန်ရက်ကို ထည့်သွင်းထားခြင်းမရှိဘဲ ၎င်းသည် ရဲကွန်ရက်စနစ်နှင့် သီးခြားခွဲထုတ်ထားသော အခွဲမော်ဂျူး တစ်ခုအဖြစ်သာ တည်ရှိနေသည်။ ရဲကွန်ရက်နှင့် ချိတ်ဆက်ရန် လိုအပ်သည့် အချိန်ကျမှသာ ထို အခွဲမော်ဂျူးက ဝင်ရောက်ချိတ်ဆက်ခြင်း ဖြစ်သည်။

အကယ်၍ ထိုအခွဲမော်ဂျူးသည် ရဲကွန်ရက်စနစ်နှင့် တိုက်တိုက်ဆိုင်ဆိုင် လာရောက်ချိတ်ဆက်ချိန် မဟုတ်ခဲ့လျှင် သော်လည်းကောင်း၊ ရှီလဲ့က ရဲကွန်ရက်စနစ်တစ်ခုလုံးကို အဆက်မပြတ် မလျှော့သောဇွဲဖြင့် လိုက်လံမရှာဖွေခဲ့လျှင် သော်လည်းကောင်း ထိုထူးဆန်းသော ဒေတာစီးဆင်းမှုကို မည်သို့မျှ တွေ့ရှိနိုင်မည် မဟုတ်ပေ။

ထိုသို့သာ မဟုတ်ပါက ရဲကွန်ရက်စနစ်မှ သီးခြားခွဲထုတ်ထားသော ဤလျှို့ဝှက်ဆက်သွယ်ရေးကွန်ရက် အခွဲမော်ဂျူးကို ရှာဖွေတွေ့ရှိရန်မှာ လုံးဝ မဖြစ်နိုင်သည့် ကိစ္စပင် ဖြစ်သည်။

‘ဒီလို လျှို့ဝှက်ဆက်သွယ်ရေးကွန်ရက် အခွဲမော်ဂျူးမျိုးက ဘာနဲ့ ချိတ်ဆက်ထားတာလဲ’ ရှီလဲ့က တိတ်တဆိတ် စဉ်းစားရင်း စူပါကွန်ပျူတာ ‘ယန်’ ကို အသုံးပြုကာ ရဲကွန်ရက်တစ်ခုလုံးကို ဖြန့်ခွဲဆန်းစစ်ပြီး ထို ဆက်သွယ်ရေးကွန်ရက် အခွဲမော်ဂျူး၏ ကန့်သတ်ချက်တန်ဖိုးများကို လိုက်လံရှာဖွေတော့သည်။

စူပါကွန်ပျူတာ ‘ယန်’ ၏ အလွန်မြန်ဆန်လှသော တွက်ချက်မှုအရှိန်ဖြင့်ပင် ရဲကွန်ရက်စနစ်တစ်ခုလုံးကို အပြီးတိုင် ဆန်းစစ်ကာ ထို ဆက်သွယ်ရေးကွန်ရက် အခွဲမော်ဂျူး၏ တည်နေရာကို ရှာဖွေရန် ဆယ်မိနစ်ကျော်ခန့် အချိန်ယူခဲ့ရသည်။

ရှီလဲ့သည် လှည့်စားတတ်သော သတင်းစကား တစ်ခုကို ပေးပို့ကာ ထို ဆက်သွယ်ရေး အခွဲမော်ဂျူးကို ခေတ္တမျှ ထိန်းချုပ်လိုက်ပြီးနောက် ဓာတ်ပုံ ပေးပို့လာသည့် IP လိပ်စာနောက်သို့ ပြောင်းပြန်ခြေရာခံ လိုက်တော့သည်။

ထို ဆက်သွယ်ရေး အခွဲမော်ဂျူးမှတစ်ဆင့် ချိတ်ဆက်လိုက်ရာ ရှီလဲ့အနေဖြင့် လုံခြုံရေးစောင့်ကြည့်စနစ် တစ်ခုကို ရှာဖွေတွေ့ရှိရန် များစွာ အားစိုက်ထုတ်စရာ မလိုခဲ့ပေ။ ထို လုံခြုံရေးစောင့်ကြည့်စနစ်မှတစ်ဆင့် ရှီလဲ့ တွေ့ရှိလိုက်ရသည်မှာ ၎င်းသည် ရိုးရှင်းလှသော ‘နှစ်ထပ်တိုက်အဆောက်အအုံ’ တစ်ခုကိုသာ ကာကွယ်ထားခြင်း ဖြစ်သည်ဟူ၍ ဖြစ်သည်။

အကယ်၍ ဤလုံခြုံရေးစောင့်ကြည့်စနစ်သာ မရှိခဲ့လျှင် သော်လည်းကောင်း၊ ဆူမီဒါရပ်ကွက် ရဲကွန်ရက်စနစ်အတွင်းရှိ ဆန်းပြားလှသော ဤဆက်သွယ်ရေးကွန်ရက် အခွဲမော်ဂျူးသာ မရှိခဲ့လျှင် သော်လည်းကောင်း ဤအဆောက်အအုံမှာ သာမန်အိမ်အိုလေးတစ်လုံးမျှသာ ဖြစ်သည်ဟု ရှီလဲ့ သေချာပေါက် ယုံကြည်မိလိမ့်မည် ဖြစ်သည်။

သို့သော်လည်း ယခုမူ အခြေအနေက ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ဤ သာမန်ဟု ထင်ရသော နှစ်ထပ်တိုက်လေးသည် သေချာပေါက် သာမန်မဟုတ်ပေ။

ရှီလဲ့သည် လုံခြုံရေးစောင့်ကြည့်စနစ်မှတစ်ဆင့် ထိုတိုက်ငယ်လေးကို သေသေချာချာ စစ်ဆေးလိုက်ပြီးနောက် IP လိပ်စာကို အသုံးပြုကာ သက်ဆိုင်ရာ ကွန်ရက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီထံမှ တကယ့် လိပ်စာအမှန်ကို ရှာဖွေတွေ့ရှိသွားခဲ့သည်။ ရှီလဲ့သည် ထိုလိပ်စာကို စိတ်ထဲ၌ သေသေချာချာ မှတ်သားထားလိုက်၏။ ကျူးကျော်မှု သဲလွန်စအားလုံးကို ရှင်းလင်းပြီးနောက် ရှီလဲ့သည် မတ်တပ်ရပ်ကာ အကြောဆန့်လိုက်တော့သည်။

ရာဖေးလ် ‘တစ်ချိန်က’ ရှာဖွေတွေ့ရှိခဲ့သော လျှို့ဝှက်ချက်ကို နောက်ဆုံးတွင် ရှာဖွေတွေ့ရှိခဲ့သဖြင့် ရှီလဲ့သည် စိတ်လှုပ်ရှားတက်ကြွနေခဲ့သည်။ မူလက ယနေ့ ရွှမ်ချင်းမြို့သို့ ပြန်ရန် စီစဉ်ထားသော်လည်း ရှီလဲ့သည် ခရီးစဉ်ကို တစ်ရက် ရွှေ့ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။ ကျန်းစန်းဖောင် တပ်ဆင်ထားခဲ့သော အချိန်ကိုက်ဗုံး သုံးလုံးကို အသုံးပြု၍ ဆူမီဒါရပ်ကွက်အတွင်း ပရမ်းပတာဖြစ်အောင် ဖန်တီးကာ၊ ထိုအခွင့်အရေးကို အသုံးချလျက် အထူးတပ်ဖွဲ့ဝင်ဟောင်းများအနက် ထောက်လှမ်းရေးအကျွမ်းကျင်ဆုံးဖြစ်သည့် မာလျန်ကို ထိုနေရာသို့ သွားရောက်စုံစမ်းခိုင်းရန် ပြင်ဆင်လိုက်တော့သည်။

ဆုံးဖြတ်ချက်ချပြီးနောက် ရှီလဲ့သည် သူ၏ လပ်တော့ပ်ကို အသုံးပြုကာ ချန်ယွဲ့တို့၏ အီးမေးလ်လိပ်စာထံသို့ အသံဖြင့် စကားပြောနိုင်မည့် လိပ်စာတစ်ခုကို ပေးပို့လိုက်သည်။

အီးမေးလ် ပေးပို့ပြီးနောက် ရှီလဲ့သည် စကားပြောခန်းကို ဖွင့်ကာ ယဲ့ဖုန်း ဝင်ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။ ဖုန်းဖြင့် တိုက်ရိုက်မဆက်သွယ်ဘဲ စကားပြောခန်းကို အသုံးပြုရခြင်းမှာ ရှီလဲ့၏ ငွေဖြည့်ဆင်းမ်ကတ်မှာ ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သောကြောင့် ဖြစ်သည်။ ပြီးတော့ ယခုအချိန်တွင် သဲလွန်စ ကျန်ရစ်နိုင်မည့် အခြားဆင်းမ်ကတ်အသစ်များကို လိုက်လံဝယ်ယူခြင်းဖြင့် မလိုအပ်ဘဲ အန္တရာယ်မဖိတ်ခေါ်ချင်သောကြောင့် ဖြစ်သည်။

ယဲ့ဖုန်းသည် ရှီလဲ့ကို ကြာမြင့်စွာ စောင့်ဆိုင်းခိုင်းခြင်းမရှိဘဲ မိနစ်အနည်းငယ်အတွင်းမှာပင် စကားပြောခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။

“သူဌေး.. ဘာကိစ္စရှိလို့လဲ”

ယဲ့ဖုန်း၏ အသံသည် လပ်တော့ပ်၏ စပီကာမှတစ်ဆင့် ထွက်ပေါ်လာသည်။

ရှီလဲ့သည် စပီကာ၏ အသံပမာဏကို အနည်းငယ် လျှော့ချလိုက်ပြီး ပြောလိုက်သည်။ “မမျှော်လင့်ထားတဲ့ အခြေအနေတစ်ခု ဖြစ်လာလို့ လျန်ဇီနဲ့ စန်းဖောင်တို့ကော အနားမှာ ရှိလား”

“သူဌေး... ကျွန်တော်တို့ ရှိပါတယ်”

မာလျန်၏ အသံလည်း ထွက်ပေါ်လာခဲ့သည်။

“လျန်ဇီ... ငါ မင်းကို ပေးစရာ တာဝန်တစ်ခု ရှိတယ်” ရှီလဲ့သည် အများသုံး စာရိုက်ခန်းထဲတွင် ထိုနှစ်ထပ်တိုက်ငယ်၏ လိပ်စာကို ရိုက်နှိပ်ပေးလိုက်ပြီးနောက် ပြောလိုက်သည်။

“လျန်ဇီ... ငါ ခဏနေရင် ဆူမီဒါရပ်ကွက်ထဲမှာ ကိစ္စအကြီးကြီးတစ်ခု ဖန်တီးပြီး ဆူမီဒါရပ်ကွက်နဲ့ အနီးနားက ရဲအင်အားအားလုံးကို ဆွဲခေါ်သွားလိမ့်မယ် မင်း အဲဒီအခွင့်အရေးကို အသုံးချပြီး အခုငါပေးတဲ့ လိပ်စာက နေရာကို သွားရောက်စုံစမ်းပြီး အခြေအနေ ဘယ်လိုရှိလဲဆိုတာ ကြည့်ပေးပါ ကိုယ့်ကိုယ်ကိုယ် ဘေးကင်းအောင် အမြဲသတိထား၊ အန္တရာယ်ရှိရင် ချက်ချင်း ဆုတ်ခွာခဲ့”

မာလျန်က ခေါင်းညိတ်လိုက်ပြီး

“နားလည်ပါပြီ” ဟု ပြန်ဖြေသည်။

“စန်းဖောင်... မင်းကတော့ လျန်ဇီကို အချိန်မရွေး ကူညီပံ့ပိုးပေးနိုင်ဖို့ အဆင်သင့်ပြင်ထား အဲဒီတိုက်ငယ်လေးက လုံးဝ သာမန်မဟုတ်ဘူးလို့ ငါ သံသယရှိတယ်၊ ဒါကြောင့် မင်းတို့နှစ်ယောက်လုံး သေချာပေါက် သတိထားကြပါ”

ရှီလဲ့က ထပ်မံသတိပေးလိုက်သည်။

ယဲ့ဖုန်းက ကြားဖြတ်မေးမြန်းသည်။ “ကျွန်တော်ကော ဘာလုပ်ရမလဲ”

“ယဲ့ဖုန်း... မင်း သွားပြီး ကြိုးမဲ့ဆက်သွယ်ရေးပစ္စည်း အသစ်တစ်စုံ သွားဝယ်လိုက်ဦး ငါတို့ ဆက်သွယ်မှုရအောင် ကြိုးမဲ့စနစ်ကိုပဲ သုံးကြမယ် မင်းနဲ့ လျန်ဇီတို့ အရင်ဆုံး သွားဝယ်လိုက်ကြ၊ အချိန် ဘယ်လောက်ကြာမလဲ၊ ငွေကော လောက်ရဲ့လား” ရှီလဲ့က မေးလိုက်၏။

မာလျန်က ဝင်ပြောသည် “သူဌေး.. မနေ့က သုံးခဲ့တဲ့ ကြိုးမဲ့ဆက်သွယ်ရေးပစ္စည်းတွေကို ကျွန်တော်တို့ မဖျက်ဆီးရသေးပါဘူး ကျွန်တော် ဒါတွေကို ပုံစံအသစ် ပြန်ပြင်ထားပြီး သုံးစွဲခဲ့တဲ့ သဲလွန်စတွေကိုလည်း အကုန်ဖျက်ပစ်ထားလို့ ပြန်သုံးလို့ ရပါတယ်ဗျာ”

ရှီလဲ့က ချောင်းတစ်ချက်ဟန့်လိုက်ရင်း— “ငါ့ရဲ့ ကြိုးမဲ့နားကြပ်ကတော့ ဖျက်ဆီးပစ်လိုက်ပြီလေ”

“သူဌေး... ကျွန်တော်တို့ဆီမှာ အပို ကြိုးမဲ့နားကြပ်တစ်လုံး ရှိပါသေးတယ် ကျွန်တော် အဲဒါကို လာပို့ပေးမယ်၊ သူဌေး အခု ဘယ်မှာလဲ” မာလျန်က ပြုံးလျက် မေးလိုက်သည်။

ရှီလဲ့က သူတည်းခိုနေသည့် ခီဒါဟိုတယ် ၏ လိပ်စာကို ပေးလိုက်ပြီးနောက် “မြန်မြန်လုပ်ကြ မင်းနဲ့ စန်းဖောင်တို့ အတူတူလာခဲ့၊ ပြီးရင် ငါတို့ ဒီကနေပဲ တိုက်ရိုက် လှုပ်ရှားကြမယ်” ဟု ပြောလိုက်၏။

“နားလည်ပါပြီ” မာလျန်က ပြန်ထူးသည်။

“ယဲ့ဖုန်း... ဒီစစ်ဆင်ရေးအတွက် မင်းကတော့ မမျှော်လင့်ထားတဲ့ အရေးပေါ်အခြေအနေတွေကို ကိုင်တွယ်ဖို့ နောက်ကွယ်က အရန်အင်အားအဖြစ် တာဝန်ယူပေး” ရှီလဲ့က ထပ်မံဖြည့်စွက်ပြောကြားလိုက်သည်။ “စစ်ဆင်ရေးအစီအစဉ် စတင်ပြီ”

ယဲ့ဖုန်းနှင့် အဖွဲ့သားများသည် အဲဒိုဂါဝါရပ်ကွက်နှင့် ကပ်လျက်ရှိသော ခတ်ဆုရှိကာရပ်ကွက်တွင် နေထိုင်ကြခြင်း ဖြစ်သည်။ မာလျန်နှင့် ကျန်းစန်းဖောင်တို့သည် တက္ကစီတစ်စီးကို စီးနင်းကာ ဆယ်မိနစ်ကျော်အတွင်းမှာပင် ရှီလဲ့ တည်းခိုနေသော ခီဒါဟိုတယ်၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့ကြသည်။

ရှီလဲ့သည် လပ်တော့ပ်ကို ကိုင်ဆောင်ကာ ဟိုတယ်အပြင်ဘက်တွင် မာလျန်တို့နှင့် ဆုံတွေ့လိုက်ပြီး

“လျန်ဇီ... မင်းတို့နှစ်ယောက် အရင်ဆုံး ပစ်မှတ်ဧရိယာဆီကို သွားပြီး အဝေးကနေ အခြေအနေကို စောင့်ကြည့်ထောက်လှမ်းထားကြ စစ်ဆင်ရေး စတင်တာနဲ့ ငါ မင်းတို့ကို ကြိုးမဲ့နားကြပ်ကနေတစ်ဆင့် အကြောင်းကြားလိမ့်မယ်”

ဟု မှာကြားလိုက်သည်။

မာလျန်က ခေါင်းညိတ်ကာ “နားလည်ပါပြီ” ဟု ပြန်ပြော၏။

နှစ်ဖက်စလုံး လမ်းခွဲပြီးနောက် ရှီလဲ့သည် လပ်တော့ပ်ကို သယ်ဆောင်ကာ ကော်ဖီဆိုင်တစ်ဆိုင်အတွင်းသို့ လျှောက်လှမ်းဝင်ရောက်သွားခဲ့သည်။ သူသည် ရဲအရာရှိ ဖူဂျီအိုကာထံသို့ ကော်ဖီအတူသောက်ရန် လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်သည့် အီးမေးလ်တစ်စောင်ကို ပေးပို့လိုက်သည်။ အီးမေးလ် ပေးပို့ပြီးနောက် ရှီလဲ့သည် အချိန်ကို စစ်ဆေးလိုက်ပြီး သမုဒ္ဒရာကုန်တိုက် အတွင်းရှိ အချိန်ကိုက်ဗုံးကို အဝေးမှ စတင်လှုပ်ရှားစေလိုက်သည်။ ထို့နောက် ဆူမီဒါရပ်ကွက် ရဲဌာနချုပ်ထံသို့ သမုဒ္ဒရာကုန်တိုက်အတွင်း၌ အချိန်ကိုက်ဗုံးတစ်လုံး ရှိနေကြောင်း အမည်မသိ သတင်းပေးစာတစ်စောင်ကို ပေးပို့လိုက်တော့သည်။

လမ်းမပေါ်တွင် လှည့်ကင်းလှည့်နေသော ရဲအရာရှိ ဖူဂျီအိုကာသည် သူ၏ မိုဘိုင်းလ်ဖုန်း တုန်ခါလာသဖြင့် အီးမေးလ်ဝင်လာကြောင်း သိရှိလိုက်ရသည်။ ဖုန်းကို ဖွင့်ကြည့်လိုက်ရာ ရှီလဲ့ထံမှ ပေးပို့သော အီးမေးလ်ဖြစ်နေသည်ကို မြင်သောအခါ ဖူဂျီအိုကာသည် ပြုံးလိုက်မိပြီးနောက် ယဉ်ကျေးစွာဖြင့် ငြင်းပယ်ရန် ပြင်လိုက်သည်။

သို့သော်လည်း ရှီလဲ့က သူ့ကို ထပ်မံ၍ အတင်းအကျပ် ဖိတ်ခေါ်နေခဲ့သည်။ အဆင့်နိမ့် လှည့်ကင်းရဲအရာရှိတစ်ဦးအနေဖြင့် ဖူဂျီအိုကာသည် လှည့်ကင်းလှည့်သည့် အကြောင်းပြချက်ဖြင့် ခေတ္တမျှ တာဝန်ပျက်ကွက်ရန် အကြောင်းပြချက် ရှာဖွေနိုင်ပေသည်။ ထို့ကြောင့် ဖူဂျီအိုကာသည် ရှီလဲ့ ရှိနေသော ကော်ဖီဆိုင်သို့ ရောက်ရှိလာခဲ့တော့သည်။

“မစ္စတာဖူဂျီအိုကာ... မင်္ဂလာပါဗျာ၊ ကျွန်တော်တို့ ပြန်ဆုံကြပြန်ပြီနော်”

ဖူဂျီအိုကာက ယဉ်ကျေးစွာဖြင့် “မစ္စတာရှီ... ခင်ဗျားက အရမ်းအားနာတတ်တာပဲဗျာ ဒီနေ့ ဘာဖြစ်လို့ ရှီဘူယာ ဒါမှမဟုတ် ဂင်ဇာကို သွားပြီး မလည်ပတ်တာလဲ” ဟု မေးလိုက်သည်။

ရှီလဲ့က စိတ်မကောင်းဟန်ဖြင့် “ကျွန်တော် မနက်ဖြန် ပြန်ရတော့မှာလေ ဒါကြောင့် ဂျပန်နိုင်ငံရဲ့ အလှအပတွေကို တိတ်တဆိတ် လိုက်ကြည့်ဖို့ ပြင်နေတာပါ နှမြောစရာကောင်းတာက နောက်တစ်ခေါက် ဘယ်တော့မှ ပြန်လာခွင့်ရဦးမလဲ မသိတာပဲ” ဟု ပြောလိုက်၏။

“မစ္စတာရှီ... စိတ်မကောင်းမဖြစ်ပါနဲ့ဗျာ ခင်ဗျားတို့ ရှနိုင်ငံမှာ ပြောသလိုပေါ့... လှပတဲ့ အရာမှန်သမျှက ခဏတာပဲ တည်မြဲတတ်တာမျိုးလေ” ဖူဂျီအိုကာက ပြုံးလျက်

“ဒီလို ခဏတာပဲဖြစ်လို့လည်း မစ္စတာရှီအနေနဲ့ ဂျပန်နိုင်ငံရဲ့ ကောင်းမွန်တဲ့အချက်တွေကို ပိုပြီး သဘောပေါက်တာလည်း ဖြစ်နိုင်တာပဲ” ဟု ပြောလိုက်သည်။

“အမှန်ပါပဲ” ရှီလဲ့က ကော်ဖီခွက်ကို မြှောက်လိုက်ရင်း “မစ္စတာဖူဂျီအိုကာ... ခင်ဗျား တာဝန်ကျနေတာ နှမြောစရာကောင်းတယ်ဗျာ၊ မဟုတ်ရင် ကျွန်တော်တို့ ဘားတစ်ခုခုကို သွားပြီး အရက်တူတူ သောက်ကြရင် ကောင်းမှာ” ဟု ပြောလိုက်၏။

ဖူဂျီအိုကာလည်း စိတ်မကောင်း ဖြစ်မိသည်။ ရှီလဲ့၏ အပြုအမူနှင့် စရိုက်မှာ သူနှင့် အလွန်ကိုက်ညီလှပြီး သူသည် ရှီလဲ့နှင့် သူငယ်ချင်းအစစ်အမှန် ဖြစ်ချင်မိသည်။ “မစ္စတာရှီ... ဒီညတော့...”

“ဝီ ဝီ ဝီ” ဖူဂျီအိုကာ၏ ခါးချိတ် ကြိုးမဲ့စကားပြောစက်မှ ရုတ်တရက် အသံ ထွက်ပေါ်လာခဲ့သည် “ရဲအရာရှိအားလုံး သတိပြုရန် ဆူမီဒါရပ်ကွက်နှင့် အနီးနားတစ်ဝိုက်ရှိ အရာရှိအားလုံး သမုဒ္ဒရာကုန်တိုက်သို့ ချက်ချင်း သွားရောက်ကြရန် ထိုနေရာတွင် အချိန်ကိုက်ဗုံးတစ်လုံးကို ရှာဖွေတွေ့ရှိထားတယ်၊အရာရှိအားလုံး သမုဒ္ဒရာကုန်တိုက်သို့ သွားရောက်ပြီး စနစ်တကျ ထိန်းသိမ်းကြရန်”

စကားပြောစက်မှ ထိုသတင်းစကားကို သုံးကြိမ်တိုင်တိုင် အဆက်မပြတ် ကြေညာပြီးမှ ရပ်တန့်သွားခဲ့သည်။

ဖူဂျီအိုကာသည် ရှီလဲ့ကို အားနာဟန်ဖြင့် ကြည့်ကာ “မစ္စတာရှီ... ကျွန်တော့်ရဲ့ တာဝန် ရောက်လာပြီဗျာ ခင်ဗျားအနေနဲ့လည်း သတိထားပါဦး၊ အဲဒိုဂါဝါရပ်ကွက်ထဲမှာပဲ နေတာ အကောင်းဆုံးပါပဲ ဆူမီဒါရပ်ကွက်က မကြာသေးခင်ကတည်းက တော်တော်လေး ပရမ်းပတာ ဖြစ်နေလို့ပါ” ဟု ပြောလိုက်သည်။

ရှီလဲ့က ခေါင်းညိတ်ပြလိုက်ရင်း “ဟုတ်ကဲ့ပါ မစ္စတာဖူဂျီအိုကာလည်း သေချာပေါက် သတိထားပါဦး”

“စိတ်ချပါ အားလုံး အဆင်ပြေသွားမှာပါ” ဖူဂျီအိုကာသည် လျင်မြန်စွာပင် လှည့်ထွက်သွားခဲ့တော့သည်။

ရှီလဲ့သည် ထွက်ခွာသွားသော သူ၏ ကျောပြင်ကို ကြည့်ရင်း အေးစက်စွာ ပြုံးလိုက်မိသည်။

‘ငါ့အတွက် အပြစ်မရှိကြောင်း သက်သေ တစ်ခု ဖန်တီးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အဲဒီကျေးဇူးကို တုံ့ပြန်တဲ့အနေနဲ့... တစ်ခုခု သေချာပေါက် ဖြစ်ပျက်သွားစေရမယ်၊ ပြီးတော့ အဲဒါက ကိစ္စအကြီးကြီး တစ်ခုလည်း ဖြစ်စေရမယ်’

All Chapters