← Chapters

အခန်း (၂၃၂၃-၂၃၂၄)

Vol. 233 Ch. 2323-1324

အခန်း (၂၃၂၃-၂၃၂၄)

Vol. 233 Ch. 2323-1324

အခန်း ၂၃၂၃ - ဖန့်ချန်, ရှိလား

“ဆူ ကျောင်းသား၊ ဒီလောက်နဲ့ပဲ တော်လိုက်ရအောင်၊ နောက်အခါမှပဲ ပြန်တွေ့ကြတာပေါ့။”

အဆုံးမဲ့သော ဟင်းလင်းပြင်တွင် ဖန့်ချန် က အတွင်းကမ္ဘာနယ်မြေ၏ တံခါးပေါက်ရှေ့၌ ရပ်လျက် ဆူတင်ရှို့ ကို လက်ယှက် ဂါရဝပြုလိုက်သည်။

“အာ...”

ဆူတင်ရှို့ မှာ တစ်စုံတစ်ခုကို စဉ်းစားတွေးတောနေရင်းမှ ထိုစကားသံကြောင့် ရုတ်တရက် သတိဝင်လာကာ၊ အနည်းငယ် ရှုပ်ထွေးသွားဟန်ဖြင့် လက်ပြန်ယှက်၍ ဂါရဝပြုသည်။

“ရပါတယ်၊ ဒါဆိုရင်လည်း လု ကျောင်းသား၊ နောက်တစ်ကြိမ် မိတ်ဆွေအဖြစ်နဲ့ပဲ ပြန်တွေ့ကြတာပေါ့။”

ဖန့်ချန် က ပြုံး၍ ခေါင်းညိတ်လိုက်ပြီးနောက်၊ လီဝူတို့ နှစ်ဦးကို ခေါ်ဆောင်ကာ ကောင်းကင်ယံထဲသို့ ပျောက်ကွယ်သွားသည်။

ဆူတင်ရှို့ မှာ ဘာမျှမရှိတော့သည့် ကောင်းကင်ယံကို ကြည့်လျက် တိတ်ဆိတ်သွားသည်။

အချိန်ကြာမြင့်မှ သူ ရုတ်တရက် သတိပြန်ဝင်လာပြီး၊ သူ့ကိုယ်သူ အားရပါးရ ပါးရိုက်လိုက်သည်။

“လု ကျောင်းသားကို ကျေးဇူးတင်စကား ပြောဖို့ မေ့သွားတယ် ”

ထို့နောက်တွင်မူ သူ တိတ်ဆိတ်သွားပြန်ပြီး၊ အချိန်အနည်းငယ် ကြာမှ သူ၏ မျက်လုံးများတွင် မရေမရာ ဖြစ်သည့် အရိပ်အယောင်များ ပေါ်လာသည်။

“သူက တကယ်ပဲ လုကျိုဝမ် ဖြစ်ပါ့မလား”

ရွှေဟွေး ကျောင်းတော်။

ဒီဂျွန်း တောင်

ကျောင်းသား အယောက်သုံးဆယ်ခန့် စုဝေးနေကြသည်။

သူတို့ထဲတွင် မိုရှဲ့၊ ချိုင်စစ်ရှို့ နှင့် လုကျိုဝမ် ကဲ့သို့သော ဒီဂျွန်း တောင်မှ ကျောင်းသားများ ပါဝင်သည်။

အခြားသော တောင်ထိပ်များမှ ကျောင်းသားများလည်း အများအပြား ရှိကြပြီး၊ ဥပမာအားဖြင့် ကျိုကျိတောင်မှ ရွမ်းပုထုံ ကိုလည်း ချိုင်စစ်ရှို့ က ဖိတ်ခေါ်ထားသည်။

“လူကြီးမင်းတို့၊ ကျွန်တော်တို့ စွမ်းအားရှင်အဖွဲ့ ရဲ့ ရည်ရွယ်ချက်ကတော့ ဆင်းရဲနွမ်းပါးတဲ့ မိသားစုကနေ ဆင်းသက်လာတဲ့ သူတွေအတွက် အားကိုးရာတစ်ခု ရှိဖို့ပါပဲ။ အားလုံး စုစည်းပြီး အင်အားကို တစ်စုတစ်စည်းတည်း ဖြစ်အောင် လုပ်မှသာလျှင်၊ အဲ့ဒီ မိသားစုဝင် သူဌေးသားတွေနဲ့ အကန့်အသတ်ရှိတဲ့ အရင်းအမြစ်တွေကို ယှဉ်ပြိုင်နိုင်မှာပါ။”

မိုရှဲ့ က လက်ထဲမှ လက်ဖက်ရည်ခွက်ကို မြှောက်လိုက်သည်။

“ဒီနေ့ လူကြီးမင်းတို့ ဒီကို ရောက်လာတာဟာလည်း စွမ်းအားရှင်အဖွဲ့ ရဲ့ အယူအဆကို သဘောကျလို့ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဒါဆိုရင်တော့ ကျွန်တော်တို့က လမ်းစဉ်တူသူတွေပဲ၊ နောင်အခါမှာလည်း အားလုံးနဲ့အတူ လက်တွဲပြီး ဂုဏ်ကျက်သရေနဲ့ ပြည့်စုံတဲ့ အောင်မြင်မှုတွေကို ဖန်တီးနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

ထိုနေရာရှိ ကျောင်းသားများမှာလည်း လက်ဖက်ရည်ခွက်များကို မြှောက်လိုက်ကြပြီး၊ သူတို့၏ မျက်လုံးများတွင် အနာဂတ်အတွက် မျှော်လင့်ချက်များ စီးဝင်နေသည်။

စွမ်းအားရှင်အဖွဲ့ သည် သူတို့ကဲ့သို့ ဆင်းရဲနွမ်းပါးသော ကျောင်းသားများအတွက် အမှန်တကယ်ပင် အကူအညီများ ပေးနိုင်စွမ်းရှိသည်။

ရွှမ်းပုထုံ လည်း လက်ဖက်ရည်ခွက်ကို မြှောက်လိုက်သည်။ အမှန်တကယ်တွင် သူသည် ချိုင်စစ်ရှို့ ၏ ခဏခဏ ဖိတ်ခေါ်နေမှုကြောင့် ငြင်းမရတော့ဘဲ စိတ်မပါ့တပါ လာကြည့်ခြင်းသာ ဖြစ်သည်။

သို့သော် ယခုအချိန်တွင်မူ စွမ်းအားရှင်အဖွဲ့ မှာ ကလေးကစားစရာ မဟုတ်ကြောင်း သူ ရုတ်တရက် သဘောပေါက်သွားသည်။

နှစ်ပေါင်းများစွာ ကြာမြင့်လာသည့်တိုင် ဒီဂျွန်းတောင်မှ ကျောင်းသားအသီးသီးတို့၏ ကြိုးပမ်းမှုကြောင့် စွမ်းအားရှင်အဖွဲ့ တွင် အဖွဲ့ဝင်များစွာ တိုးပွားလာခဲ့သည်။

သူ သိထားသလောက်ဆိုလျှင် ကျိုကျိတောင်မှ ကျောင်းသားအချို့မှာလည်း စွမ်းအားရှင်အဖွဲ့ တင် ပါဝင်ထားကြသည်။

တောင်တစ်ခုစီမှ ဆရာများကလည်း ၎င်းကို ဆန့်ကျင်ခြင်း မရှိကြဘဲ၊ ကျောင်းတော်တွင် စွမ်းအားရှင်အဖွဲ့ မှလွဲ၍ အခြား အသေးစား အဖွဲ့အစည်းများစွာ ရှိနေသေးသည်။

သို့သော် ထိုအဖွဲ့များ၏ ဝင်ခွင့်မှာမူ အလွန်မြင့်မားသည်။

မျိုးရိုးကို ကြည့်သည်ဖြစ်စေ၊ ပါရမီကို ကြည့်သည်ဖြစ်စေ သာမန်လူတစ်ယောက်အတွက် ဝင်ရောက်ရန် ခက်ခဲလွန်းသည်။

ထိုအကြောင်းကြောင့်ပင် စွမ်းအားရှင်အဖွဲ့ ၏ အဖွဲ့ဝင် အရေအတွက်မှာ ပိုမိုအားကောင်းလာခြင်း ဖြစ်သည်။

ဘာကြောင့်ဆိုသော် စွမ်းအားရှင်အဖွဲ့ တွင် ဝင်ခွင့် မူဝါဒ မရှိသောကြောင့်ပင်...

“တကယ်တော့ စွမ်းအားရှင်အဖွဲ့ ထဲ ဝင်လိုက်တာကလည်း ရွေးချယ်မှုကောင်းတစ်ခု ဖြစ်နိုင်မလား ”

ဤအတွေးဝင်လာသည်နှင့် သူ မဖယ်ရှားနိုင်တော့ပေ။

ရွှမ်းပုထုံ သည် လက်ထဲမှ လက်ဖက်ရည်ခွက်ကို တင်းတင်းကျပ်ကျပ် ကိုင်လိုက်ပြီးနောက် ပါးစပ်နားသို့ ပို့လိုက်သည်။

ထိုအချိန်တွင် မိုရှဲ့ က ရုတ်တရက် မတ်တပ်ထရပ်လိုက်ကာ အံ့ဩဝမ်းသာစွာဖြင့် ပြောသည်။

“လူကြီးမင်းတို့၊ ကျွန်တော်တို့ ဒီဂျွန်းတောင်ရဲ့ ချန် ဆရာ ရောက်လာပါပြီ ”

လူအများမှာ အံ့ဩသွားကြသည်။ အဖွဲ့ဝင် အခမ်းအနားတစ်ခုအတွက် ဒီဂျွန်းတောင်မှ ချန် ဆရာ ကိုယ်တိုင် ကြွရောက်လာလိမ့်မည်ဟု မထင်ထားကြပေ။

သူတို့သည် မိုရှဲ့ နှင့်အတူ မတ်တပ်ထရပ်လိုက်ကြသည်။ ရွှမ်းပုထုံ လည်း မတ်တပ်ထရပ်ကာ လူများနှင့်အတူ ဦးတည်ရာတစ်ခုဆီသို့ ကြည့်လိုက်သည်။

ပုံပန်းသဏ္ဌာန် သာမန်၊ အသွင်အပြင် သာမန်ဖြစ်ပြီး၊ ထူထဲသော မုတ်ဆိတ်မွေးများနှင့် အပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် အသက်လတ်ပိုင်း အမျိုးသားတစ်ဦး ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည်။

“ချန် ဆရာ”

မိုရှဲ့ က ရှေ့ဆုံးမှ ထွက်၍ ဂါရဝပြုသည်။

ချိုင်စစ်ရှို့ နှင့် လုကျိုဝမ် တို့လည်း အနောက်မှ လိုက်ပါ ဂါရဝပြုကြသည်။

အခြား ကျောင်းသားများမှာမူ လက်ယှက် ဂါရဝပြုကြသည်။ သူတို့သည် ဒီဂျွန်းတောင်မှ ကျောင်းသားများ မဟုတ်ကြသည့်အတွက် မိုရှဲ့ တို့နှင့် မတူညီပေ။

ချန် ဆရာ က ခေါင်းညိတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ အရှိန်အဝါကို အပြည့်အဝ ထိန်းချုပ်ထားသော်လည်း၊ ကမ္ဘာကြီး သူတော်စင် အဆင့်တို့၏ ထူးခြားသော အရှိန်အဝါမှာ ကျောင်းသားများအားလုံးကို ဖိအားပေးနေဆဲပင်။

“ချန် ဆရာ၊ သူတို့ကတော့ အခုမှ စွမ်းအားရှင်အဖွဲ့ ထဲ ဝင်ထားတဲ့ ကျောင်းသားသစ်တွေပါ။”

မိုရှဲ့ က ပျော်ရွှင်စွာဖြင့် ပြောသည်။

ချန် ဆရာ က ကျောင်းသားများကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ခေါင်းညိတ်သည်။

“စွမ်းအားရှင်အဖွဲ့ ရဲ့ ရည်ရွယ်ချက်ကို မိုရှဲ့ မင်းတို့ကို ပြောပြီးလောက်ပါပြီ။ ငါတို့ ဒီဂျွန်းတောင်ကလည်း စွမ်းအားရှင်အဖွဲ့ ကို အပြည့်အဝ ထောက်ခံပါတယ်။

နောင်အခါမှာ အခက်အခဲ တစ်စုံတစ်ရာ ရှိခဲ့ရင် အချင်းချင်း အကူအညီ တောင်းနိုင်ပါတယ်။”

လူအများမှာ ထိုစကားကို ကြားပြီးနောက် မျက်လုံးများတွင် ဝမ်းမြောက်သည့် အရိပ်အယောင်များ ပေါ်လာသည်။

စွမ်းအားရှင်အဖွဲ့ မှာ ကောလာဟလအတိုင်းပင် ဒီဂျွန်းတောင်မှ ဆရာများ၏ ထောက်ခံမှုကို ရရှိထားခြင်း ဖြစ်သည်။

ချန် ဆရာ ပြောပြီးသည့်အခါ သူ၏ အကြည့်မှာ ရုတ်တရက် လုကျိုဝမ် ပေါ်သို့ ကျရောက်သွားကာ အကြည့်မှာ ထူးဆန်းနေသည်။

လုကျိုဝမ် မှာ ကြောင်အသွားသည်။ အစပိုင်းတွင် ဘာမှ မဖြစ်ဟု ထင်ထားသော်လည်း၊ ချန် ဆရာ က သူ့ကို ဆယ်စက္ကန့်ကျော်ကြာအောင် စိုက်ကြည့်နေပြီး စကားမပြောသဖြင့် သူ၏ ရင်ထဲတွင် တဒုတ်ဒုတ် ခုန်လာသည်။

သူ ဒီရက်ပိုင်းအတွင်း ဘာမှ မကောင်းတာ မလုပ်မိပါဘူးလေ။

ဖြည်းဖြည်းချင်းပင် ထိုနေရာရှိ လူအများကလည်း တစ်စုံတစ်ခု မမှန်ကြောင်း သတိထားမိသွားကြသည်။

သူတို့သည် လုကျိုဝမ် ကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

လုကျိုဝမ် တစ်ယောက် ပခုံးပေါ်ရှိ ဖိအားများမှာ တဖြည်းဖြည်း ပိုမိုလေးလံလာသလို ခံစားရသည်။

ချန် ဆရာ ၏ အကြည့်ကို မခံနိုင်တော့မည့် ဆဲဆဲတွင် ချန် ဆရာ က စကားစလာသည်။

သူသည် လည်ချောင်းရှင်းလိုက်ပြီး အနည်းငယ် ပေါ့ပေါ့ပါးပါးဖြင့် မေးလိုက်သည်။

“လုလေး၊ မင်း ဒီရက်ပိုင်း ဒီဂျွန်းတောင်မှာပဲ ရှိနေတာလား ”

လုကျိုဝမ် မှာ ကြောင်အသွားပြီးနောက် စိတ်မကောင်းစွာဖြင့် ပြောသည်။

“ချန် ဆရာ... ကျွန်တော်... ဒီနေ့မှ ပြန်ရောက်တာပါ။”

“အော်”

ချန် ဆရာ ၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု လက်သွားသည်။

“ဒါဆို မင်း အဲ့ဒီမတိုင်ခင်က ဘယ်သွားနေတာလဲ”

“...”

လုကျိုဝမ် မှာ အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက်၊ သွားကို တင်းတင်းကြိတ်ကာ တိုးတိုးလေး ပြောလိုက်သည်။

“သွား၊ သွားပြီးတော့ ကျောင်းသား တစ်ယောက်နဲ့ ပန်းကြည့်နေတာပါ...”

“...”

မိုရှဲ့ တို့မှာ အံ့ဩသွားကြသည်။ ပန်းကြည့်တာလား ဒါဆိုရင်တော့ မိန်းကလေး ကျောင်းသားနဲ့ ဖြစ်ရမယ်။

သူတို့၏ အကြည့်များတွင် အပြစ်တင်သည့် အရိပ်အယောင်များ ပိုမိုပါဝင်လာသည်။ ချစ်သူရည်းစား ရထားတာကို ဘာလို့ သူတို့ကို မပြောပြဘဲ ဝှက်ထားရသလဲပေါ့။

“ပန်းကြည့်တာသက်သက်ပဲလား”

ချန် ဆရာ က မျက်မှောင်ကြုတ်လိုက်သည်။

လုကျိုဝမ် မှာ ရုတ်တရက် ဒူးထောက်ကျသွားသည်။

“ချန် ဆရာ၊ ကျွန်တော်နဲ့ ချန် ကျောင်းသား တို့က တကယ်ပဲ ပန်းကြည့်တာပါ၊ ဘာမှ မလုပ်ပါဘူး၊ ချန် ဆရာ အထင်မလွဲပါနဲ့"

ထိုမြင်ကွင်းမှာ မိုရှဲ့ တို့ကိုသာမက ချန် ဆရာ ကိုပါ အံ့အားသင့်သွားစေသည်။

ချန် ကျောင်းသား

ဒါဆိုရင်တော့...

လူအများက လုကျိုဝမ် ဤမျှထိ စိတ်မအေးမသာ ဖြစ်နေသည်ကို မြင်သောအခါ၊ ရုတ်တရက် တစ်စုံတစ်ခုကို ရိပ်မိသွားကြသည်။

ချန် ဆရာ က အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက် အေးဆေးစွာ ပြောသည်။

“အော်... ငါ့သမီးနဲ့ ပန်းကြည့်သွားတာ ကိုး။”

“...”

လုကျိုဝမ် မှာ ခေါင်းကို ငုံ့ထားလျက် ဘာမှ ပြန်မပြောရဲတော့ပေ။

“မင်း ပင်အန်းရပ်ကွက် ကို မသွားခဲ့ဘူးလား”

ချန် ဆရာ က ကွေ့ဝိုက်မနေတော့ဘဲ တိုက်ရိုက်ပင် မေးလိုက်သည်။

“ပင်အန်းရပ်ကွက် အဲ့ဒါ ဘယ်နေရာလဲ”

လုကျိုဝမ် ၏ မျက်လုံးများမှာ ဝေဝါးနေသည်။

“ရွှမ်ရှင်းပင်လယ်က ပင်အန်းရပ်ကွက်လေ၊ မင်း မသိဘူးလား ”

ချန် ဆရာ က မျက်ခုံးပင့်လိုက်သည်။

“သွားခဲ့ရင်လည်း ပွင့်ပွင့်လင်းလင်း ပြော၊ ငါ မင်းကို အပြစ်မတင်ပါဘူး။”

“ဆရာ... ရွှမ်ရှင်းပင်လယ်က ကျောင်းတော်နဲ့ အလွန်ဝေးပါတယ်၊ လု ကျောင်းသားက ဒီရက်ပိုင်း ကျောင်းတော်ကနေ တစ်ခါမှ မထွက်ခဲ့ပါဘူး၊ သူ ပင်အန်းရပ်ကွက်ကို သွားဖို့ အခွင့်အရေး လုံးဝ မရှိပါဘူး...”

မိုရှဲ့ က အလိုအလျောက် ပြောလိုက်သည်။

ချန် ဆရာ က သူ့ကို ဂရုမစိုက်ဘဲ လုကျိုဝမ် ကိုသာ စိုက်ကြည့်နေသည်။

လုကျိုဝမ် မှာ လုံးဝ နားမလည်စွာဖြင့်

“ဆရာ၊ ကျွန်တော် ပင်အန်းရပ်ကွက် ကို မသွားခဲ့ပါဘူး...”

“ဟုတ်သားပဲ၊ ငါ့မိတ်ဟောင်း ပေးတဲ့ သတင်းက မှားနေတာပဲ။

အဲ့ဒီလူက ဘယ်သူမဆို ဖြစ်နိုင်ပေမဲ့၊ မင်း လုကျိုဝမ် တော့ လုံးဝ မဟုတ်ဘူး။”

ချန် ဆရာ က သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ဘာမှ ဆက်မပြောတော့ဘဲ ထွက်ခွာသွားသည်။

လူအများ ကြောင်အမ်းအမ်း ဖြစ်နေကြစဉ်မှာပင် သူ၏ အသံမှာ လေထဲတွင် လွင့်ပါလာသည်။

“ငါ့သမီးနဲ့ နောက်တစ်ခါ ပန်းမကြည့်ရဘူး။”

“ဟုတ်ကဲ့”

လုကျိုဝမ် က ခါးသီးစွာဖြင့် ဖြေလိုက်သည်။

သူ့စိတ်ထဲတွင်မူ တစ်စုံတစ်ခု ထူးဆန်းနေသလို ခံစားရသည်။

ရွှမ်ရှင်းပင်လယ်၊ ပင်အန်းရပ်ကွက်

ပြီးတော့ ချန် ဆရာ ရှေ့က ပြောသွားတဲ့ စကားရဲ့ အဓိပ္ပာယ်က ဘာလဲ။

သူက ဘယ်သူမဆို ဖြစ်နိုင်ပေမဲ့၊ သူ လုကျိုဝမ် တော့ လုံးဝ မဟုတ်ဘူးတဲ့လား။

ထိုအချိန်တွင်ပင်

ထျန်လန် သူတော်စင် မှာလည်း ဖန့်ချန် ၏ ဂူလိုဏ်ဂူ အရှေ့သို့ ရောက်ရှိလာသည်။

“ဖန့်ချန်၊ ရှိလား မင်း ရှိလား ရှိလားလို့”

ထျန်လန် သူတော်စင် ၏ နောက်တွင်မူ ချင်ဂွေ့ ၊ နာလန်ချိုဟုန် တို့ကဲ့သို့သော ကာကွယ်ရေးဆရာ အချို့လည်း လိုက်ပါလာကြသည်။

ကရစ်

ဂူလိုဏ်ဂူ တံခါးမှာ ရုတ်တရက် ပွင့်သွားပြီး ဖန့်ချန် က နားမလည်သလို မျက်နှာဖြင့် ကြည့်သည်။

“အကြီးကဲတို့... ဘာကိစ္စများ ရှိပါသလဲ”

အခန်း ၂၃၂၄ - လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားသူ လုကျိုဝမ်

“အော်... မင်း ရှိနေတာပဲကိုး။”

ထျန်လန် သူတော်စင် က နားရွက်ကို ခါယမ်းလိုက်ပြီးနောက်၊ ချင်ဂွေ့ တို့ဘက်သို့ လှည့်ကြည့်လိုက်သည်။

“သူက ကျောင်းတော်ထဲမှာ ရှိနေတယ်ဆိုတော့ ပင်အန်းရပ်ကွက်က လူက သူ မဟုတ်ဘူးပေါ့။”

“အင်း”

ကာကွယ်ရေးဆရာ စုအဝေးက ခေါင်းညိတ်လိုက်ကြသည်။

“ပင်အန်းရပ်ကွက်”

ဖန့်ချန် က မေးခွန်းထုတ်ဟန်ဖြင့် မေးလိုက်သည်။

“ထျန်လန် သူတော်စင်၊ ခင်ဗျားတို့ ဘာတွေ ပြောနေကြတာလဲ ”

“မင်း ရွှမ်ရှင်းပင်လယ်က ပင်အန်းရပ်ကွက်အကြောင်း သိလား ”

ထျန်လန် သူတော်စင် က မေးသည်။

ဖန့်ချန် က ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်သည်။

“ကျွန်တော် ရွှမ်ရှင်းပင်လယ်ဘက်ကို တစ်ခါမှ မသွားဖူးသလို၊ အဲ့ဒီဘက်အကြောင်းလည်း သိပ်မသိပါဘူး။”

“အင်း”

ထျန်လန် သူတော်စင် က ခေါင်းအနည်းငယ် ညိတ်လိုက်သည်။

“ငါ မင်းရဲ့ ကျောင်းတော် ဝင်/ထွက် မှတ်တမ်းတွေကို စစ်ဆေးကြည့်ပြီးပြီ။ မင်း ကျောင်းတော်ကို တက်လာတဲ့အချိန်ကစပြီး နှစ်ကြိမ်ပဲ ထွက်ဖူးတယ်။ တစ်ကြိမ်က ကျန်းတောက်ယွဲ့ နဲ့ အတူသွားတာ၊ နောက်တစ်ကြိမ်က ကော်ယန်လီ နဲ့ သွားတာပါ။”

သူ ခဏရပ်လိုက်ပြီး -

“ဒီ ပင်အန်းရပ်ကွက် ဆိုတာက ရွှမ်ရှင်းပင်လယ်ရဲ့ ထိပ်တန်းဈေးတန်း (၃) ခုထဲက တစ်ခုပါ။ သူ့နောက်ကွယ်က အကြီးအကဲပိုင်ရှင်က ယန်တန်းမျိုးနွယ်စု က ထိပ်သီးပုဂ္ဂိုလ်ကြီးပဲ။

မကြာခင်ကပဲ ငါတို့ လူသားမျိုးနွယ်စု ကျောင်းတော်က သင်ယူခြင်းကာလ မပြီးမြောက်သေးတဲ့ ဆူတင်ရှို့ ဆိုတဲ့ ကျောင်းသားတစ်ယောက် အဲ့ဒီနေရာမှာ အနိုင်ကျင့်ခံခဲ့ရတယ်။

အဲ့ဒီနောက်မှာ လုကျိုဝမ် လို့ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်တဲ့ ကျောင်းသားတစ်ယောက် ထွက်လာပြီး သူ့အတွက် တရားမျှတမှု ရှာပေးခဲ့တယ်။”

“လုကျိုဝမ် လု ကျောင်းသား ကိုတော့ ကျွန်တော် သိပါတယ်။ သူ ပင်အန်းရပ်ကွက်ကို သွားခဲ့တာလား”

ဖန့်ချန် က ခေါင်းညိတ်သည်။

(အရှေ့ ပိုင်းတွေမှာ ဖိန်းအန်း လို့ ရေးခဲ့ပါတယ် အခုပင်အန်း ဆက်ရေးမယ်နော် )

ချင်ဂွေ့ တို့ ထိန်းသိမ်းစောင့်ရှောက်သူ အဖွဲ့က တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး နာလန်ချိုဟုန် က ပြုံး၍ -

“သူ မဟုတ်ပါဘူး။ သူက ကျောင်းတော်ထဲမှာပဲ ရှိနေတာ၊ တစ်လှမ်းတောင် မခွာခဲ့ဘူး။

ပြီးတော့လည်း သူ ဖြစ်ဖို့ အကြောင်းမရှိဘူး။

ဒီတစ်ခါ တန်လင် ကျောင်းတော်က နေမင်းနှစ်ခုပါး ပါး အဆင့် ကျောင်းသား ထိုက်ဟောင်ကျုံး လည်း ပင်အန်းရပ်ကွက်ကို ရောက်နေတယ်။

ကိုယ့်ကိုယ်ကိုယ် လုကျိုဝမ် လို့ ခေါ်တဲ့ ကျောင်းသားက သူနဲ့ ယှဉ်ပြိုင်တဲ့အခါ တစ်ကွက်တည်းနဲ့တင် ထိုက်ဟောင်ကျုံး ကို တောင်းပန်ခိုင်းလိုက်နိုင်တယ်လေ။”

“ဒီလိုဆိုရင်တော့ တစ်ယောက်ယောက်က လု ကျောင်းသားအဖြစ် ဟန်ဆောင်နေတာပေါ့”

ဖန့်ချန် က စဉ်းစားဟန်ဖြင့် -

“ကျွန်တော် ထိုက်ဟောင်ကျုံး နဲ့ ယှဉ်ပြိုင်ဖူးပါတယ်။ သူ့ပါရမီက သာမန်ပါ၊ ဒါပေမဲ့လည်း သာမန် သူတော်စင်တွေကတော့ အလွယ်တကူ တုံ့ပြန်နိုင်မှာ မဟုတ်ဘူး။”

“ပါရမီက သာမန်တဲ့လား...”

ဒီစကားကို တခြားလူက ပြောရင်တော့ နားထဲမှာ နည်းနည်း ဆူးသလို ဖြစ်ပေလိမ့်မည်။

သို့သော် ထိုစကားက ဖန့်ချန် ၏ ပါးစပ်မှ ထွက်လာသည့်အတွက် ကျန်သူတော်စင်များလည်း လက်ခံနိုင်သည်ဟု သဘောထားလိုက်ကြသည်။

ဖန့်ချန် ၏ ပါရမီနှင့် နှိုင်းယှဉ်လိုက်လျှင် ထိုက်ဟောင်ကျုံး ဆိုသူမှာ အမှန်တကယ်ပင် သာမန်ထက် သာလွန်ခြင်း မရှိဟု ဆိုရမည်။

“ဟုတ်တယ်။ ထိုက်ဟောင်ကျုံး ရဲ့ ပါရမီက ဘယ်လောက်ပဲ သာမန်ဖြစ်ပါစေ၊ သာမန် သူတော်စင်တွေ အလွယ်တကူ အနိုင်ယူနိုင်မယ့် လူစားမျိုးတော့ မဟုတ်ဘူး။

အဲ့ဒီအချိန်တုန်းက လုကျိုဝမ် လို့ ခေါ်တဲ့ သူတော်စင်က သူ့လိုပဲ စွမ်းအင်စုစည်းခြင်း အလယ်အဆင့် ပဲ ရှိတယ်။

ဒါပေမဲ့ သူက တစ်ကွက်တည်းနဲ့တင် ထိုက်ဟောင်ကျုံး ကို အနိုင်ယူလိုက်နိုင်တာ။

ဒီအချက်ကို ကြည့်ရင် အဲ့ဒီလူကလည်း နေမင်းခုနှစ်ပါး အဆင့် ကျောင်းသားတစ်ယောက် ဖြစ်ဖို့ ရာခိုင်နှုန်းများပြီး၊ သူ့ရဲ့ အဆင့်သတ်မှတ်ချက် ကလည်း နိမ့်မှာ မဟုတ်ဘူး။”

ချင်ဂွေ့ က -

“နေမင်းခုနှစ်ပါး အဆင့် ကျောင်းသား နှစ်ယောက်က သူတို့ရဲ့ သတ်မှတ်နယ်မြေမှာ မယှဉ်ပြိုင်ဘဲ အပြင်မှာ ခွင့်ပြုချက်မရှိဘဲ တိုက်ခိုက်တာဟာ မဟာမိတ်အဖွဲ့ရဲ့ စည်းမျဉ်းကို ချိုးဖောက်တာပဲ။ ဒါကို အပြစ်ပေးရမယ်၊ ထောင်ဒဏ် (၃၀) နှစ် ချမှတ်ရမယ်။

ထိုက်ဟောင်ကျုံး ကတော့ ချင်းမင် သံတမန်တွေ ဖမ်းဆီးသွားပြီ။ အခုလည်း ချင်းမင် သံတမန်တွေက ငါတို့ ကျောင်းတော်ကို ရောက်လာပြီး လူလွှဲပေးဖို့ တောင်းဆိုနေတယ်။”

“ခင်ဗျားတို့က အဲ့ဒီလူက ကျွန်တော်လို့တော့ မထင်ကြဘူး မဟုတ်လား ”

ဖန့်ချန် က ထူးဆန်းသော မျက်နှာပေးဖြင့် မေးသည်။

“မလာခင်ကတော့ အဲ့ဒီလို တွေးမိခဲ့တာပေါ့။ မင်း ဖြစ်နေရင်တောင်မှပဲ ကိစ္စမရှိဘူး၊ ထောင်ဒဏ် (၃၀) နှစ်ပဲလေ၊ အဲ့ဒါက ဘာမှ မဟုတ်ပါဘူး။”

ထျန်လန် သူတော်စင် က သက်ပြင်းချကာ -

“ဘယ်သူကများ မင်း ဖြစ်နေမယ်လို့ တွေးမိပါ့မလဲ။ မင်းရဲ့ အဆင့်နဲ့ဆိုရင် ရွှမ်ရှင်းပင်လယ်နဲ့ ရွှေဟွေး ကျောင်းတော်ကြားကို ဒီလောက်မြန်မြန် ခရီးသွားနိုင်ဖို့ အကြောင်းမရှိဘူးလေ။

အခုတော့ ကိစ္စက ပိုပြီး ရှုပ်ထွေးသွားပြီ။

ဒီ လုကျိုဝမ် ကို ဘယ်မှာ ရှာပြီး ချင်းမင်သံတမန်တွေကို လွှဲပေးရမလဲ။

အချိန်နည်းနည်းပေးဖို့ တောင်းဆိုတာကိုလည်း လက်မခံဘူး၊ ချက်ချင်း လူလွှဲပေးဖို့ပဲ တောင်းဆိုနေတာ။”

“ဖန့်ချန်၊ ဒီကိစ္စက တကယ်ပဲ မင်း လုပ်တာ မဟုတ်ဘူးလား”

ချင်ဂွေ့ က ရုတ်တရက် မေးလိုက်သည်။

ဖန့်ချန် မဖြေခင်မှာပဲ သူက သူ့ဘာသာ ဆက်ပြောသည်။

“လူသားမျိုးနွယ်စု ကျောင်းတော်က ကျောင်းသားအတွက် ထွက်ပေးတယ်ဆိုတော့ တဖက်လူကလည်း လူသားမျိုးနွယ်စု သူတော်စင် ဖြစ်ဖို့ ရာခိုင်နှုန်းများတယ်။

ပြီးတော့ မင်းနဲ့ တစ်နှစ်တည်းဝင်တဲ့ လုကျိုဝမ် အဖြစ် ဟန်ဆောင်ထားပြီး၊ ထိုက်ဟောင်ကျုံး ကို တစ်ကွက်တည်းနဲ့ အနိုင်ယူနိုင်တဲ့ စွမ်းရည်လည်း ရှိတယ်။

ကျောင်းတော်ထဲမှာ ဟိုရှာဒီရှာ လုပ်ကြည့်တာလည်း ဒုတိယမြောက်လူ မရှိတော့ဘူးလေ။”

“တကယ် မဟုတ်ပါဘူး။”

ဖန့်ချန် က ခေါင်းခါလိုက်သည်။

“တော်ပြီ။ လူက ဒီမှာ ရှိနေတာကို သူ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလား။

အားလုံး စဉ်းစားကြပါဦး၊ ဘယ်လို လုပ်ကြမလဲ”

ထျန်လန် သူတော်စင် က စိတ်မရှည်စွာဖြင့် -

“အဲ့ဒီ ချင်းမင် သံတမန်ကလည်း အတော်ကို အနှောင့်အယှက် ပေးတာပဲ။ တစ်ယောက်ယောက်ကို အမြန်လွှဲပေးပြီး ကိစ္စပြတ်အောင် လုပ်မှ။

ဘယ်လိုပဲဖြစ်ဖြစ် ထောင်ဒဏ် (၃၀) နှစ်ပဲလေ၊ မျက်လုံးမှိတ်ပြီး နေလိုက်ရင် ကုန်သွားမှာပါ။ ခင်ဗျားတို့ မြန်မြန် ဆုံးဖြတ်ချက် ချပေးကြပါ။”

“ဒါဆိုရင်လည်း လုကျိုဝမ် ကိုပဲ လွှဲပေးလိုက်ကြတာပေါ့။”

ထိန်းသိမ်းစောင့်ရှောက်သူ တစ်ဦးက -

“တဖက်လူက လုကျိုဝမ် ရဲ့ နာမည်ကို သုံးထားတာဆိုတော့ ကျွန်တော်တို့က လုကျိုဝမ် ကို လွှဲပေးတာကလည်း အကြောင်းပြချက် ခိုင်လုံပါတယ်။ မဟာမိတ်အဖွဲ့ဘက်က တစ်ခုခု မေးလာရင် သူတို့ဘာသာသူတို့ စုံစမ်းခိုင်းလိုက်ပေါ့။”

“ဒါလည်း ဖြစ်နိုင်တာပဲ၊ ဒါပေမဲ့ မဟာမိတ်အဖွဲ့က တကယ်ပဲ ဝင်စွက်ဖက်လာရင် ကျွန်မတို့ လူသားမျိုးနွယ်စု ကျောင်းတော်အတွက် ဘယ်လောက်ထိ သက်ရောက်မှု ရှိမလဲဆိုတာ စဉ်းစားမိလား ”

နာလန်ချိုဟုန် က မေးသည်။

“ဒါဆို ဘာတတ်နိုင်မှာလဲ ကျွန်တော်တို့မှာ အဲ့ဒီ လုကျိုဝမ် ကို ရှာမပေးနိုင်တဲ့အတွက်၊ ဒီဂျွန်းတောင်က လုကျိုဝမ် ကိုပဲ လွှဲပေးရမှာပေါ့။”

“မြန်မြန် လုပ်ကြပါ။”

ထျန်လန် သူတော်စင် က အတင်းတိုက်တွန်းသည်။

ချင်ဂွေ့ က ခေါင်းညိတ်သည်။

“လုကျိုဝမ် ပဲ ဖြစ်ပါစေ။ သူ့ကို (၃၀) နှစ်လောက် ဒုက္ခခံခိုင်းလိုက်ပါ။ ဒါပေမဲ့ ထိုက်ဟောင်ကျုံး ကို တစ်ကွက်တည်းနဲ့ အနိုင်ယူနိုင်တဲ့ နာမည်ကောင်းကို အလကားရသွားတာဆိုတော့ သူ့အတွက် လျော်ကြေးလို့ပဲ သဘောထားလိုက်ကြတာပေါ့။”

“ကောင်းပြီ၊ ဒါဆို အဲ့ဒီအတိုင်း ဆုံးဖြတ်လိုက်ကြတာပေါ့။”

ထျန်လန် သူတော်စင် က ဆုံးဖြတ်ချက် ချလိုက်ပြီး ကာကွယ်ရေးဆရာ အဖွဲ့ကို ခေါ်ဆောင်ကာ ထွက်ခွာသွားသည်။

ဖန့်ချန် သည် သူတို့က သူ့ရှေ့မှာတင် စကားပြောဆိုရင်း ‘လုကျိုဝမ်’ ကို အလွယ်တကူ စတေးလိုက်ကြသည်ကို မြင်ရသောအခါ စိတ်ထဲတွင် ရှုပ်ထွေးသွားသည်။

ဒီလိုမှန်း သိရင်တော့ သူ ကျိလင် နာမည်ကိုပဲ ဟန်ဆောင်လိုက်မိမှာပါ။

ကံကောင်းစွာနဲ့ပဲ ဒီကိစ္စက သူ့အပေါ် သက်ရောက်မှု ရှိနိုင်တာကို သူ ကြိုသိထားလို့ ရွှေဟွေး ကျောင်းတော်ကို ကြိုရောက်နေခဲ့တာ ဖြစ်သည်။

မဟုတ်ရင်တော့ သူက ပထမဆုံး သံသယအခံရဆုံးသူ ဖြစ်လာမှာပါ။

နာရီအနည်းငယ် အကြာတွင် လူသားမျိုးနွယ်စု ကျောင်းတော်မှာ အလွန်ပင် ဆူညံသွားသည်။

ဒီဂျွန်းတောင်မှ လုကျိုဝမ် က ရွှမ်ရှင်းပင်လယ်၊ ပင်အန်းရပ်ကွက်တွင် ထိုက်ဟောင်ကျုံး ကို တစ်ကွက်တည်းနှင့် အနိုင်ယူခဲ့သည်ဆိုသော သတင်းမှာ ပျံ့နှံ့သွားသည်။

လူသားမျိုးနွယ်စုနှင့် ရင်းနှီးသော ကျောင်းတော်များမှ သူတော်စင်များစွာ ရောက်လာကြပြီး သတင်း၏ အမှန်၊အမှား ကို လာရောက် စုံစမ်းကြသည်။

လူသားမျိုးနွယ်စုနှင့် မတည့်သော မျိုးနွယ်စုများမှ သူတော်စင်များပင်လျှင် ပွဲကြည့်ရန် ရောက်လာကြသည်။

လုကျိုဝမ် သည် ဟင်းလင်းပြင်တွင် ရပ်လျက် ပတ်ဝန်းကျင်မှ ရေတွက်မရသော မျက်နှာများကို ကြည့်နေသည်။ သူတို့၏ သံသယဖြစ်ဖွယ် အကြည့်များကို ခံစားနေရသောအခါ သူ အိပ်မက်ထဲတွင် ရှိနေသလိုမျိုး၊ အရာအားလုံးက မဟုတ်ကဟုတ်က ဖြစ်နေသလို ခံစားရသည်။

သူ့ဘေးတွင် ချင်းမင် သံတမန် တစ်ဦးက ချင်ဂွေ့ တို့နှင့်အတူ လူလွှဲပြောင်းရေး ကိစ္စကို လုပ်ဆောင်နေသည်။

လူသားမျိုးနွယ်စု ကျောင်းတော်၏ ကြီးကြပ်ရေးမှူး အောက်ဝူဖား ပင်လျှင် ဤနေရာသို့ ရောက်ရှိလာပြီး ပါဝင်ဆောင်ရွက်သည်။

“လု အစ်ကိုကြီးက တကယ့်ကို သူရဲကောင်းပဲ၊ လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားနိုင်တာ...”

ဒီဂျွန်းတောင်မှ ကျောင်းသားသစ်များသာမက၊ ကျောင်းသားဟောင်းများပါမကျန် လုကျိုဝမ် ကို ကြည်ညိုလေးစားသော အကြည့်များဖြင့် ကြည့်နေကြသည်။

လုကျိုဝမ် နှင့် တစ်နှစ်တည်းဖြစ်သော ကျောင်းသားများမှာမူ တချို့က ကြောင်တောင်တောင် ဖြစ်နေကြပြီး တချို့မှာမူ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

သူတို့ အလွန်ရင်းနှီးခဲ့သော လုကျိုဝမ် သည် ဘယ်လိုလုပ်ပြီး နေမင်းခုနှစ်ပါး အဆင့် ကျောင်းသားကိုတောင် တစ်ကွက်တည်းနဲ့ အနိုင်ယူနိုင်တဲ့ ထိပ်သီးပုဂ္ဂိုလ်ကြီး ဘယ်လို ဖြစ်သွားရတာလဲ။

“ချိုင်စစ်ရှို့၊ မင်းနဲ့ လုကျိုဝမ် က အမြဲတမ်း ရင်းနှီးကြတာလေ၊ ကရုဏာတောင် ကနေ အတူတူ ထွက်လာကြတာမဟုတ်လား၊ ပြောပါဦး... လု ကျောင်းသားမှာ တကယ်ပဲ အဲ့လောက် စွမ်းရည် ရှိတာလား”

တစ်စုံတစ်ယောက်က ဘေးနားရှိ ချိုင်စစ်ရှို့ ကို လေးနက်စွာ မေးသည်။

“မသိဘူး... တကယ်ကို မသိတာပါ...”

ချိုင်စစ်ရှို့ က တိုးတိုးလေး ရေရွတ်သည်။

ထိုအချိန်တွင် သူသည် သူ့ရှေ့မှ လုကျိုဝမ် ကို အလွန်ပင် စိမ်းသက်နေသလို ခံစားရသည်။

နေမင်းခုနှစ်ပါး အဆင့် ကျောင်းသားကို အနိုင်ယူပြီး ချင်းမင် သံတမန်တွေရဲ့ ဖမ်းဆီးခြင်းကို ခံရတယ်။

သူ့အတွက်တော့ ဒီလိုကိစ္စမျိုးက လုကျိုဝမ် နဲ့ ဘယ်လိုမှ မသက်ဆိုင်နိုင်ဟု ထင်သည်။

သို့သော် အဖြစ်အပျက်က အမှန်တကယ် ဖြစ်နေပြီဆိုတော့ သူ ဘာများ ထပ်ပြောနိုင်ဦးမှာလဲ၊

“ငါ ပြောပြမယ်၊ လု ကျောင်းသားက ငါတို့နဲ့ တစ်နှစ်တည်း ကျောင်းဝင်လာတာ၊ အဲ့ဒီတုန်းကတည်းက သူက ထူးခြားတယ်ဆိုတာ ငါ သိတယ်။ သူတင်မကဘူး၊ သူ့ဘေးနားက ချိုင်စစ်ရှို့ ကလည်း လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားတဲ့ သူရဲကောင်း တစ်ယောက်ပဲ ဖြစ်မယ်လို့ ငါ သံသယရှိတယ် ”

“အော် အသေးစိတ် ပြောပြပါဦး ”

အလားတူ တိုးတိုးတိတ်တိတ် စကားသံများက ကျောင်းတော်အတွင်း နေရာအနှံ့ ထွက်ပေါ်လာသည်။

လင်ဖုန်း က လုကျိုဝမ် ကို ကြည့်ကာ -

“လု ညီလေးက တကယ့်ကို လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားနိုင်တာပဲ။”

ဝမ်ချုံးစန်း ၊ ချန်ဖေးဖေး ၊ ချန်အင်းရွှယ် ၊ ရှဲ့အာမန်၊ ပိုင်ချန်းမင် ၊ ဟွမ်ချင်းကျူ တို့သည်လည်း လုကျိုဝမ် တစ်ချိန်က ကရုဏာတောင် တွင် တပည့်ခံခဲ့ဖူးကြောင်း ကြားဖူးကြသည်။ လမ်းခရီးမှာ တောင်ထိပ် မပြောင်းခဲ့လျှင် သူတို့၏ အစ်ကိုကြီး ဖြစ်လာမည့်သူပင်။

သူတို့လည်း အလွန်ပင် အံ့အားသင့်သွားကြပြီး လူသားမျိုးနွယ်စု ကျောင်းတော်ထဲမှာ ဒီလောက် အရည်အချင်းရှိတဲ့သူ ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ပေ။

All Chapters