← Chapters

အခန်း (၂၃၂၅-၂၃၂၆)

Vol. 233 Ch. 2325-2326

အခန်း (၂၃၂၅-၂၃၂၆)

Vol. 233 Ch. 2325-2326

အခန်း ၂၃၂၅ - အားလုံးပဲ၊ အနှစ် (၃၀) မှ ပြန်တွေ့ကြမယ်

ယခုအချိန်တွင် လုကျိုဝမ် ကို အရင်ကတည်းက သိကျွမ်းသူများဖြစ်စေ၊ တစ်ခါမျှ မကြားဖူးသူများဖြစ်စေ၊ သူ၏ ပုံပန်းသဏ္ဌာန်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရရုံသာမက သူ၏အကြောင်းကိုလည်း ပိုမိုနားလည်သဘောပေါက်လာကြသည်။

အခြားမျိုးနွယ်စု ကျောင်းတော်မှ သူတော်စင်များက ပွဲကြည့်ရင်းနှင့်ပင် မေးခွန်းတစ်ခု မေးလိုက်မိကြသည်။

“သူ့မှာ ဒီလောက်တောင် စွမ်းရည်ရှိပါလျက်နဲ့ ဘာလို့ ကောင်းကင်ငါးပါး စစ်မြေပြင်မှာ နာမည်ကို ထိန်းချုပ်ထားရတာလဲ။ သူက နေမင်းခုနှစ် ပါးခန်းမ ထဲ ဝင်ရောက်ဖို့ မလိုလားတာလား။”

“လောကမှာ ဒီလိုလူစားမျိုး ရှိတတ်ပါတယ်။ ဘယ်လို ဂုဏ်ပုဒ်ကိုမှ မလိုချင်ဘဲ တိတ်တိတ်ဆိတ်ဆိတ်ပဲ ကျင့်ကြံချင်တဲ့သူမျိုး၊ သူက အဲ့ဒီလို လူစားမျိုး ဖြစ်နိုင်တယ်။”

“ဒါဆိုရင်တော့ ရှင်းသွားပြီ။ ဒီတစ်ခါသာ သူက သူရဲ့ ကျောင်းဖော်ဘက်ဟောင်း အတွက် ထွက်မပေးခဲ့ရင် ပင်အန်းရပ်ကွက်မှာ ထိုက်ဟောင်ကျုံး ကို အဲ့ဒီလောက် အလွယ်တကူ အနိုင်ယူလိုက်မှာ မဟုတ်လောက်ဘူး။”

“ဒီနှစ်တွေအတွင်းမှာ ရှီးမျိုးနွယ်စု က လူသားမျိုးနွယ်စုတွေ လက်ထဲမှာ အရှုံးတွေ အများကြီးနဲ့ ရင်ဆိုင်ခဲ့ရတယ်နော်။ ဒီမျိုးနွယ်စုကြီး နှစ်ခုကလည်း ပုံပန်းသဏ္ဌာန်ချင်း အတော်လေး ဆင်တူနေတော့၊ လူသားမျိုးနွယ်စုက နောက်ပိုင်းမှာ ရှီးမျိုးနွယ်စုရဲ့ နေရာကို အစားထိုးဖို့ ရည်ရွယ်ထားတာများလား။”

“ဒါကတော့ နောက်ပိုင်းမှ ပြောရမယ့် စကားတွေပါ။ လူသားမျိုးနွယ်စုက အခုထက် (၁၀) ဆလောက် ပိုတော်တဲ့ ပါရမီရှင်တွေကို မွေးထုတ်နိုင်ရင်တောင် ရှီး မျိုးနွယ်စုရဲ့ အခြေခံအုတ်မြစ်ကို လိုက်မီဖို့ မလွယ်ဘူး။”

“ဟုတ်တယ်။ ရှီး မျိုးနွယ်စုက ဘယ်လောက်ကြာအောင် အခြေခံအုတ်မြစ်တွေ စုဆောင်းလာခဲ့တာလဲ။ လူသားမျိုးနွယ်စုကရော ဘယ်လောက်ကြာပြီလဲ။ အခုအချိန်မှာ ရှီး မျိုးနွယ်စုရဲ့ လူငယ်မျိုးဆက်က နည်းနည်းလေး အားနည်းသွားရင်တောင်၊ အသက်ကြီးတဲ့ မျိုးဆက်တွေက ကျောထောက်နောက်ခံ ပေးထားသေးတာပဲ မဟုတ်လား။

တခြားမဟုတ်ဘူး၊ မဟာမိတ်အဖွဲ့ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ ရှီး မျိုးနွယ်စုက အဆင့်မြင့်အရာရှိ အရေအတွက်ကိုပဲ ကြည့်။ လူသားမျိုးနွယ်စုနဲ့ ဘယ်လိုမှ မနှိုင်းယှဉ်နိုင်ဘူး။”

“ဒါလည်း ဟုတ်တာပဲ။ လူသားမျိုးနွယ်စုထဲက ချင်းမင် သံတမန် အဖြစ် တာဝန်ထမ်းဆောင်သူ အရေအတွက်က ရှီး မျိုးနွယ်စုထက် အများကြီး နည်းတယ်။ တခြား အရေးကြီးတဲ့ ဌာနတွေမှာဆိုရင် လူသားမျိုးနွယ်စုရဲ့ အရိပ်အယောင်တောင် မမြင်ရဘူး။”

……

“အားလုံးပဲ၊ အဲ့ဒီလူကိုတော့ ကျွန်တော် ခေါ်သွားပါပြီ။ အနှစ် (၃၀) ပြည့်ရင် ခင်ဗျားတို့ လူသားမျိုးနွယ်စု ကျောင်းတော်က သူတော်စင် တစ်ယောက်ယောက်ကို လွှတ်ပြီး လာခေါ်လိုက်ပါ။”

ဤကိစ္စကို တာဝန်ယူထားသည့် ချင်းမင် သံတမန်က လွှဲပြောင်းရေး လုပ်ငန်းစဉ်ကို ပြီးမြောက်အောင် လုပ်ဆောင်ပြီးနောက်၊ ထျန်လန် သူတော်စင် တို့အား လက်ယှက်နှုတ်ဆက်သည်။ အောက်ဝူဖား ကိုလည်း နှုတ်ဆက်လိုက်ပြီးနောက် လုကျိုဝမ် ကို ခေါ်ဆောင်၍ ထွက်ခွာသွားသည်။

လုကျိုဝမ် သည် ထိုအချိန်တွင်မှ သတိပြန်ဝင်လာသည်။ စိတ်ထဲတွင် တစ်ခုခု ပြောချင်သော်လည်း မည်သို့ ပြောရမှန်း မသိဖြစ်နေသည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ထွက်ခွာတော့မည်ကို မြင်သောအခါ၊ ရုတ်တရက် တည်ငြိမ်သော အမူအရာဖြင့် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး လက်ကို ဖြည်းညင်းစွာ ခါယမ်းလိုက်သည်။

“အားလုံးပဲ၊ အနှစ် (၃၀) မှ ပြန်တွေ့ကြမယ် ”

သူသည် အစမှအဆုံးထိ ဘာမျှ ရှင်းပြမသွားခဲ့ပါ။ အနှစ် (၃၀) ထောင်ချခံရမည်ကို သိသော်လည်း သူ ရှင်းပြရန် စိတ်ကူးမရှိခဲ့ပေ။

တကယ်တမ်းတွင်မူ အခုနက ဖြစ်ပျက်သွားသည့် အရာများမှာ အိပ်မက်ဆန်လွန်းသောကြောင့် သူ နစ်မွန်းနေမိခြင်းဖြစ်သည်။

ဒီလိုအဖြစ်မျိုးက တစ်ဘဝမှာ တစ်ခါလောက်ပဲ ကြုံရနိုင်သည်မို့ သူသည် ထို အပြစ်ခံရသူ နေရာကို ဆက်လက်ယူထားရန် ဆန္ဒရှိနေသည်။

“လု အစ်ကိုကြီး ဂရုစိုက်ပါ”

လူသားမျိုးနွယ်စု ကျောင်းသား အတော်များများက လေးနက်သော အမူအရာဖြင့် သူ့ကို လိုက်လံ ပို့ဆောင်ပေးကြသည်။

သို့သော် တောင်အသီးသီးမှ ခေါင်းဆောင်များ၏ အမူအရာမှာမူ အမျိုးမျိုး ကွဲပြားနေသည်။

သူတို့သည် ကမ္ဘာကြီး သူတော်စင် များဖြစ်ကြသည့်အတိုင်း ပိုမိုနက်ရှိုင်းစွာ တွေးတောနေကြသည်။

ဒီဂျွန်းတောင်မှ ခေါင်းဆောင်ပင်လျှင် ယခုအချိန်တွင် အတွေးလွန်နေဟန် ရှိသည်။

“ကိစ္စကတော့ အဆုံးသတ်သွားပြီ။”

ထျန်လန် သူတော်စင် က သက်ပြင်းချလိုက်ပြီးနောက်၊ ချင်ဂွေ့ တို့ကို နှုတ်ဆက်ခြင်းမရှိဘဲ သူ၏ နားရွက်ကြီးများကို ခါယမ်း၍ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ လူအမြင်အာရုံမှ ပျောက်ကွယ်သွားသည်။

“ဖန့် အစ်ကိုကြီး၊ လု အစ်ကိုကြီးရဲ့ စွမ်းအားက နေမင်းခုနှစ်ပါး အဆင့်အထိ ရောက်နေလိမ့်မယ်လို့ မထင်ထားမိဘူး။ သူက အရင်က ဘယ်လိုလုပ်ပြီး သူ့ရဲ့ စွမ်းအားတွေကို အမြဲတမ်း ဖုံးကွယ်ထားနိုင်တာလဲ။”

ဖန့်ကျစ်ရွှယ် ဖန့်ချန် ၏ ဘေးတွင် ရပ်လျက် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။

ဝမ်ချုံးစန်း တို့ကလည်း အလွန်ပင် ခံစားချက်များ ရှုပ်ထွေးနေကြသည်။

သူတို့သာဆိုလျှင် ဒီလောက်စွမ်းအားရှိပါက မည်သို့လျှင် ဖုံးကွယ်ထားနိုင်ပါ့မလဲ။

“လု ကျောင်းသားက ဂုဏ်ပုဒ်တွေကို မက်မောတဲ့သူ မဟုတ်လို့ ဖြစ်မှာပါ။”

ဖန့်ချန် က ပြုံး၍ ပြောသည်။

ဖန့်ကျစ်ရွှယ် တွေးတောရင်း တိုးတိုးလေးရေရွတ်လိုက်သည်။

“ဂုဏ်ပုဒ်ကို မမက်မောရင်တောင်မှပဲ၊ နေမင်းခုနှစ် ပါး ခန်းမက စင်ကြယ်သော ဗောဓိသီး က ကောင်းတဲ့အရာတွေပဲ၊ ဒီအတိုင်း ဘယ်လိုလုပ် စွန့်လွှတ်နိုင်မှာလဲ...”

သူမ နားမလည်နိုင်သလို၊ မည်သူကမျှလည်း သူမကို ရှင်းပြပေးနိုင်မည် မဟုတ်ပေ။

လုကျိုဝမ် ကို ခေါ်ဆောင်သွားပြီးနောက်၊ နေရာရှိ သူတော်စင်များလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။

ထွက်ခွာသွားကြသောအခါတွင်မူ ဖန့်ချန် နှင့် ဖန့်ကျစ်ရွှယ် ဘက်သို့ မကြာခဏဆိုသလို လှည့်ကြည့်သွားကြသည်။

သူတို့သည် ယခု လူသားမျိုးနွယ်စု ကျောင်းတော်မှာ လုကျိုဝမ် တစ်ယောက် ပေါ်လာသည်ကို သိချင်နေကြသည်။

အကယ်၍သာ ထိုသူနှင့် ဖန့်ချန် တို့ ယှဉ်ပြိုင်ကြလျှင် မည်သူက ပို၍ စွမ်းအားကြီးမားမည်နည်း။

ဘာကြောင့်ဆိုသော် ထိုက်ဟောင်ကျုံး နှင့် ရင်ဆိုင်ရသည့်အခါ နှစ်ယောက်လုံးတွင် တစ်ကွက်တည်းဖြင့် အနိုင်ယူခဲ့သည့် စွမ်းဆောင်ရည် ရှိထားကြသည် မဟုတ်ပါလား။

“ငါလည်းပြန်ပြီး ကျင့်ကြံ တော့မယ်။”

ဖန့်ချန် က ဖန့်ကျစ်ရွှယ် နှုတ်ဆက်ပြီးနောက် သူ၏ ဂူလှိုဏ်ဂူ ဆီသို့ ပျံသန်းသွားသည်။

လူအများလည်း ထိုမြင်ကွင်းကို မြင်လျှင် အသီးသီး ထွက်ခွာသွားကြသည်။

……

အတွင်းကမ္ဘာနယ်မြေ

“ မှန်လေးငါ ဒီ ယင်‌လောကဝင် အမွှေးတိုင် ကို ထွန်းလိုက်တာနဲ့တင် ယင်လောကဆီ သွားလို့ရပြီလား။

အဲ့ဒီအခါကျရင် ငါက ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်နဲ့ သွားမှာလား၊ ဒါမှမဟုတ်...”

ယင်လောကဝင် အမွှေးတိုင် သည် ဖန့်ချန် ၏ ရှေ့တွင် လွင့်မျောနေပြီး မထွန်းရသေးပေ။

သူသည် ဒီတစ်ခါ ယင်လောက ဆီ သွားမည့် ကိစ္စနှင့် ပတ်သက်၍ အသေးစိတ်ကို ပြင်ဆင်နေရခြင်းဖြစ်ပြီး၊ အဲ့ဒီအခါကျမှ ပြဿနာ ဖြစ်မှာကို မလိုလားပေ။

“မင်းမှာ ငရဲမင်းတံ ရှိနေတာပဲ၊ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နဲ့ သွားလို့ရတာပေါ့။”

မှန်လေး က ပြောသည်။

မှန်လေး၏ စကားကို ကြားလိုက်ရမှ ဖန့်ချန် လည်း ယုံကြည်မှု နည်းနည်း တိုးလာသည်။

သို့သော်...

ငရဲမင်းတံဆိပ် က ဒီနေရာမှာလည်း အာနိသင်ရှိသေးတာလား။

ဖန့်ချန် စိတ်ထဲတွင် တွေးလိုက်သည်နှင့် လက်ထဲတွင် တံဆိပ်ပြား တစ်ခုရုတ်တရက် ပေါ်လာသည်။

ဤ ငရဲမင်းတံဆိပ် ထဲတွင် ယင်သက်တမ်းများ စုဆောင်းထားသေးသော်လည်း အရေအတွက်မှာ နည်းပါးလှပြီး နှစ်ထောင်ချီသာ ကျန်ရှိတော့သည်။

ထို့အပြင် ၁၈ ထပ် ငရဲမျှော်စင် နှင့်အပြစ်ဒဏ်ပေးတုတ တို့လည်း ဆက်တိုက် ပေါ်လာသည်။

ဤပစ္စည်းနှစ်ခုသည် ငရဲမင်းတံဆိပ် ကဲ့သို့ပင် နယ်မြေကိုးခု ယင်လောက ၏ ထိပ်တန်းရတနာ (၁၀) ပါးထဲမှ တစ်ခုစီဖြစ်သည်။

လီဝူ သည် ထိုအရာများကို မြင်လျှင် စပ်စုစွာဖြင့် နီးကပ်လာသည်။

၁၈ ထပ် ငရဲမျှော်စင် နှင့် အပြစ်ဒဏ်ပေးတုတ် ကို သူ ဂရုမစိုက်သော်လည်း ငရဲမင်းတံဆိပ် ပေါ်မှ ထွက်ပေါ်နေသော အငွေ့အသက်က သူ့ကို အနည်းငယ် တုန်လှုပ်သွားစေသည်။

“မှန်လေး ငရဲမင်းဆံပ်ပြား က ချင်းမင် ယင်လောက မှာ အာနိသင်ရှိလား။”

ဖန့်ချန် က စပ်စုစွာ မေးလိုက်သည်။

“ညီကို မင်းက အခု ချင်းမင် နယ်မြေမှာ ရှိနေတာပဲ၊ တချို့အရာတွေက ငါ ပြောစရာမလိုဘဲ တခြား သူတော်စင်တွေဆီကနေ မင်း ကိုယ်တိုင် မေးလို့ရတယ်။ ဒါကြောင့် ကံကြမ္မာ အကျိုးသက်ရောက်မှု က သိပ်မများဘူး၊ ငါ ပြောပြပေးမယ်။

ဒီ ငရဲမင်းတံဆိပ်ပြား မှာ နယ်မြေ သတ်မှတ်ချက် ရှိတယ်။

အရင်က နယ်မြေကိုးခု ယင်လောက က သူ့ရဲ့ နယ်မြေပေါ့။

ဒါကြောင့် မင်းမှာ ငရဲမင်းတံဆိပ်ပြား ရှိနေရင် နယ်မြေကိုးခု ယင်လောက ရဲ့ တစ်ဦးတည်းသော ငရဲမင်း ဖြစ်ပြီး ဝမ်ချွမ်းမြစ်ကို ဖြတ်ပြီး ယင်လောက နဲ့ လူသားနယ်မြေကြားမှာ သွားလာလို့ ရတယ်။”

“ဒါပေမဲ့”

မှန်လေး က စကားကို ရပ်လိုက်သည်။

“ချင်းမင် ယင်လောက မှာတော့ ငရဲမင်းတံဆိပ်ပြား က ရှိနှင့်ပြီးသား၊ သူကိုယ်တိုင်လည်း ငရဲမင်းတစ်ပါး စိုးမိုးထားတာပဲ။ မင်းရဲ့ တံဆိပ်ပြားက ဒီနေရာမှာ လုပ်နိုင်တဲ့ ထူးခြားတဲ့ စွမ်းဆောင်ရည်က အလွန်နည်းပါးသွားတယ်။

ဝိညာဥ်တွေကို တရားဝင် အဆင့်မြှင့်ပေးဖို့တောင် ခိုးကြောင်ခိုးဝှက် လုပ်ရမယ်၊ ဟိုတံဆိပ်ပြားက သိသွားလို့ မဖြစ်ဘူး။

နောက်တစ်ခုက မင်းကို ရုပ်ပိုင်းဆိုင်ရာနဲ့ သွားခိုင်းတာကပဲ အခုလက်ရှိ သူ လုပ်နိုင်တဲ့ အကြီးဆုံး အလုပ်ပဲ။

ချင်းမင် ယင်လောက ရဲ့ ဝမ်ချွမ်းမြစ်ကတော့ မင်းသဘောအတိုင်း သွားလာလို့ မရဘူး၊ တခြားလူတွေလိုပဲ စည်းကမ်းကို လိုက်နာရလိမ့်မယ်။”

“ငရဲမင်းတံဆိပ်ပြား မှာ... နယ်မြေ သတ်မှတ်ချက် ရှိတာလား ဒီမှာလည်း အမိန့်စာ တစ်ခု ရှိနေတာပေါ့လေ။”

ဖန့်ချန် ၏ မျက်လုံးများ အရောင်တောက်သွားသည်။ ဒီအရာနဲ့ ပတ်သက်ပြီး သူ နားလည်ထားတာ အလွန်နည်းကြောင်း သတိရမိသည်။ ဒီတစ်ခါ ကံကြမ္မာ အကျိုးသက်ရောက်မှု မကြီးဘူးဆိုတော့ မှန်လေး ဆီကနေ အများကြီး သိခွင့်ရတော့မည်။

“အင်း၊ အတွင်းကမ္ဘာ ကျောက်တုံး (၁၀၀) ပေးပါ၊ မင်းရဲ့ မေးခွန်းတွေကို ငါ ဖြေပေးမယ်၊ ဒါက စည်းကမ်းပဲ ညီကို။”

မှန်လေး က အနည်းငယ် အားနာစွာ ပြောသည်။

“ငါ နားလည်ပါတယ်”

ဖန့်ချန် က ပြုံး၍ ခေါင်းညိတ်ပြီးနောက် အတွင်းကမ္ဘာကျောက်တုံး (၁၀၀) ကို ထုတ်ယူ၍ မှန်လေး ထံ ပစ်ပေးလိုက်သည်။

ထိုကျောက်တုံးများကို စားသုံးပြီးနောက် မှန်လေး၏ အငွေ့အသက်မှာ ပို၍ အားကောင်းလာပြီး စိတ်ဓာတ်လည်း ပိုမို တက်ကြွလာသည်။

“ငရဲမင်းတံဆိပ်ပြား က အမြဲတမ်း တစ်ခုတည်းသော ထိပ်တန်းရတနာ မဟုတ်ဘူး။

သေချာတာကတော့ ကောင်းကင်ငါးပါး အတွင်းမှာ ငရဲမင်းတံဆိပ်ပြား နဲ့ စင်ကြယ်သော ဗောဓိသီး တို့ကို ကျင့်စဉ် ရတနာ လို့ ခေါ်ကြတယ်။ ဒီအရာကလည်း ဟင်းလင်းပြင် နေ လာတာပဲ။

အခုလက်ရှိ ကောင်းကင်ငါးပါးလအတွင်းမှာ ငရဲမင်းငါပါး လက်ထဲမှာ ရှိတဲ့ တံဆိပ်ပြားတွေအပြင်။

အပြင်မှာ လွင့်စင်နေတဲ့ ငရဲမင်းတံဆိပ်ပြား တွေ အများကြီး ရှိသေးတယ်။ ဒါပေမဲ့ အဲ့ဒါတွေကို ရထားတဲ့သူတွေက ဒီအရာရဲ့ မူလရင်းမြစ်ကို နားလည်ချင်မှ နားလည်မယ်။

ကောင်းကင်ငါးပါး ဆိုတာက ကြီးမားလွန်းတဲ့အတွက် ကောင်းကင်ဘုံ တစ်ခုလုံးကို စိုးမိုးနိုင်ဖို့ မဖြစ်နိုင်ဘူး။

ငရဲမင်းငါးပါး လည်း အတူတူပဲ၊ သူတို့ စိုးမိုးနိုင်တာက ကောင်းကင်ငါးပါး အောက်က ယင်လောက လောက်ပဲ ရှိတယ်။

ပုရွက်ဆိတ် အသိုက် ရဲ့ ယင်လောက က အကယ်၍ ပိုင်ရှင်မဲ့ ဖြစ်နေရင် မင်းလက်ထဲက ငရဲမင်းတံဆိပ်ပြားက သူ့နဲ့ ဆက်သွယ်မှု ဖြစ်လာပြီး ပိုင်ရှင်အဖြစ် ပြန်လည် စိုးမိုးနိုင်လိမ့်မယ်။

ပိုင်ရှင်ရှိ ၊ မရှိကို ဘယ်လို ခွဲခြားမလဲဆိုရင် အဲ့ဒီဘက်မှာ ငရဲမင်းတံဆိက်ပြား က နယ်မြေကို ကြိုတင် သတ်မှတ်ထားပြီးသား ရှိ ၊ မရှိ ဆိုတာကိုပဲ ကြည့်ရမှာ။

အရင်တုန်းက နယ်မြေကိုးခု ယင်လောက က ပိုင်ရှင်မဲ့ ဖြစ်ခဲ့လို့ မင်းလက်ထဲက ငရဲမင်းတံဆိပ်ပြား က စွမ်းအားအစစ်အမှန်ကို ထုတ်ပြနိုင်ခဲ့တာပဲ။”

အခန်း ၂၃၂၆ - ဆုန်းချိခရိုင်

“ဒါဆိုရင်တော့ ဒီလောကမှာရှိတဲ့ ငရဲမင်းတံဆိပ်ပြားတွေက အခုလို တစ်ခု၊ နှစ်ခုတင်မကဘဲ၊ တချို့ဆိုရင် ၁၀ ခု၊ ၂၀ ခုလောက်အထိတောင် ရှိနေနိုင်တာပေါ့လေ။”

ဖန့်ချန် ၏ မျက်လုံးများ အရောင်တောက်သွားသည်။

“ဘယ်လောက်ရှိတယ်ဆိုတာတော့ ငါ့ဆီမှာပဲ ရှိမယ်၊ တခြားဘယ်သူမှ တိတိကျကျ မပြောနိုင်ဘူး။ မင်း တကယ်သိချင်တယ်ဆိုရင် အတွင်းကမ္ဘာ ကျောက်တုံး (၉၉,၉၉၉,၀၀၀) ကို ငါ့ပေး၊ ငါ ပြောပြမယ်။”

မှန်လေး က ပြောသည်။

“သိပ်ပြီးတော့လည်း မသိချင်ပါဘူး။”

ဖန့်ချန် က စကားလမ်းကြောင်း လွှဲလိုက်သည်။

“‘ရှင်ဘုရင်တစ်ပါးနှင့် တစ်ပါး မတွေ့ဆုံသင့်’ ဆိုတဲ့ စကားပုံတစ်ခု ရှိတယ်။ ငါ့မှာ ငရဲမင်းတံဆိပ်ပြား ပါလာရင် ချင်းမင် ယင်လောက ကို သွားတဲ့အခါ အဲ့ဒီ ယင်လောကကို စိုးမိုးထားတဲ့ ငရဲမင်းက ငါ့ကို အာရုံခံမိပြီး ပိတ်ဆို့ထားမှာလား။”

“ညီကို၊ ဘာ ရှင်ဘုရင်လဲ။ မင်းက အခု ငရဲမင်းတံဆိပ်ပြား ကိုင်ထားတဲ့ သာမန်လူတစ်ယောက်ပဲ။ ယင်လောကမှာလည်း ဘယ်ရာထူး ဘယ်အဆင့်မှ မရှိသေးဘူးလေ...”

မှန်လေး က ရယ်မော၍ ပြောသည်။

“မင်းသာ ပုန်ကန်ပြီး တောင်ပေါ်မှာ ဘုရင်လုပ်မယ်လို့ ကြံစည်ရင်တော့ ငရဲမင်းတံဆိပ်ပြား ကို သုံးပြီး ချင်းမင် ယင်လောက ကို လုယူဖို့ ကြိုးစားမှ ချင်းမင် ယင်လောက ရဲ့ ငရဲမင်း သိသွားမှာပါ။ အဲ့ဒီအချိန်အထိတော့ ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး။

ငရဲမင်းတံဆိပ်ပြားတွေကြားမှာ ပုံမှန်ဆိုရင် အပြန်အလှန် အာရုံခံမိမှာ မဟုတ်ဘူး။”

“ဒါဆိုရင်တော့လည်း ကောင်းတာပေါ့...”

ဖန့်ချန် သက်ပြင်းချလိုက်နိုင်သည်။ ချင်းမင် ယင်လောက ရဲ့ ငရဲမင်း ဆိုတာကလည်း ကောင်းကင်ဘုံရှင် အဆင့်ကို ရရှိထားတဲ့ အစွမ်းထက်သူတစ်ယောက် ဖြစ်မှာ သေချာသည်။

ပြီးတော့ သူက ဟော်ဆွေ့ဘိုးဘေး လိုမျိုး အသစ်တက်လာတဲ့သူတွေထက် အဆပေါင်းများစွာ ပိုမိုစွမ်းအားကြီးမားသည်။

လက်ရှိ သူ့ရဲ့ အခြေခံအုတ်မြစ်နဲ့ဆိုရင် တဖက်လူရဲ့ ခြေမွှေးလောက်တောင် မမီသေးသည်မို့ ဘာမှ ပတ်သက်မှု မရှိဘဲ နေနိုင်တာက အကောင်းဆုံးပင်။

ထိုအချိန်တွင် ဖန့်ချန် ၏ အကြည့်က အပြစ်ဒဏ်ပေးတုတ် နှင့် ၁၈ ထပ် ငရဲမျှော်စင် တို့အပေါ် ကျရောက်သွားသည်။

“မှန်လေး၊ ဒီရတနာနှစ်ခုက...”

“ဒီ ချင်းမင်ဘက်မှာတော့ သူတို့ကို ရတနာ လို့ မခေါ်နဲ့တော့။ ဒီပစ္စည်းနှစ်ခုက နယ်မြေကိုးခု ယင်လောက မှာ ပေါက်ဖွားလာတာ။

ပိုပြီး တိတိကျကျ ပြောရရင် သူတို့ရဲ့ ပေါက်ဖွားခြင်းက မင်းလက်ထဲက ငရဲမင်းတံဆိပ်ပြား နဲ့ မကင်းမကွာ ဖြစ်နေတယ်။ ငရဲမင်းတံဆိပ်ပြား က ယင်လောကကို စိုးမိုးထားပြီး အဲ့ဒီထဲက ယင်စွမ်းအင် တွေကို အဆက်မပြတ် သွန်းလောင်းပေးလို့ ပေါ်လာတာပဲ။

မင်းသိတဲ့ တခြား ရတနာတွေလည်း ငရဲမိဖုရားတံဆိပ် ကလွဲရင် အဲ့ဒီလိုပဲ ပေါ်လာတာပါ။ ငရဲမင်းတံဆိပ်ပြား က စိုးမိုးထားတဲ့ ယင်လောက နယ်မြေ အရွယ်အစားက ဒီ ကျင့်စဉ်ရတနာ တွေရဲ့ စွမ်းအားကို ဆုံးဖြတ်ပေးတယ်။

ဒါပေမဲ့ ဝိညာဉ်မျိုးနွယ်စု တွေအတွက်တော့ ဒီရတနာနှစ်ခုက အနည်းငယ်တော့ ထိန်းချုပ်နိုင်စွမ်း ရှိတယ်။ ဟင်းလင်းပြင် ကွပ်မျက်သူတွေကိုလည်း အနည်းငယ် ထိန်းချုပ်နိုင်တယ်။ မင်း ဒီတစ်ခါ ယင်လောက ဆီ သွားတဲ့အခါ သူတို့ပါသွားရင် ပိုပြီး လုံခြုံမှု ရှိတာပေါ့။”

မှန်လေး က ပြောသည်။

သူ ခဏရပ်ပြီး -

“ဒါပေမဲ့ ဒီ အပြစ်ဒဏ်ပေးတုတ် က စွမ်းအားပြည့်ဝဖို့ဆိုရင် သူ့ထဲကို ယင်သက်တမ်း တွေ ထည့်သွင်းပေးဖို့ လိုတယ်။ အခုတော့ သူ့ထဲမှာ သက်တမ်း အရမ်းနည်းနေတော့ တကယ် သုံးရင်တောင် စွမ်းအား မပြည့်ဝဘူး။ မင်း သုံးချင်ရင်တော့ ယင်သက်တမ်း ကို ကြိုတင် ပြင်ဆင်ထားမှ ရမယ်။”

“ဒီနေရာက နယ်မြေကိုးခု ယင်လောက နဲ့ မတူဘူး၊ ငါ့ရဲ့ နယ်မြေလည်း မဟုတ်တော့ ယင်သက်တမ်း ကို ရှာဖို့ဆိုတာ လွယ်မှာ မဟုတ်ဘူး။”

ဖန့်ချန် တွေးတောရင်း ပစ္စည်းသုံးခုစလုံးကို သူ့ခန္ဓာကိုယ်ထဲ သိမ်းဆည်းလိုက်သည်။

သူ့ရဲ့ ရည်ရွယ်ချက်ကတော့ တိတ်တိတ်သွား၊ တိတ်တိတ်ပြန်လုပ်ရန် ဖြစ်ပြီး ဘယ်သူနဲ့မှ ပတ်သက်မှု မရှိအောင် နေဖို့ပင်။

အပြစ်ဒဏ်ပေးတုတ် အတွက် ယင်သက်တမ်း ဖြည့်ဖို့ဆိုပြီး အပိုကိစ္စတွေ ရှာနေစရာ မလိုပါ။

“မင်း ယင်လောက ကို ရောက်ရင် ရနံ့ တစ်မျိုးကို ထပ်ရှာရဦးမယ်။ ဒီရနံ့ကို ဟွမ်ရွှီး လို့ ခေါ်တယ်။ ဒီရနံ့ ရှိရင် ဟင်းလင်းပြင် ကွပ်မျက်သူတွေ မင်းကို မမြင်နိုင်တော့ဘူး။ ဒါပေမဲ့ ဟွမ်ရွှီး ဆိုတာကလည်း ယင်လောကမှာ ရှားပါးပြီး ရှာရခက်တယ်။ ဒီတစ်ခါ မင်း မရှာနိုင်ရင် ငါတို့ရဲ့ အစီအစဉ်ကို နောက်ဆုတ်လိုက်မယ်။

ဟွမ်ရွှီး ကို ရမှပဲ (၂၁) ထပ် ဟင်းလင်းပြင် ထဲက အတွင်းကမ္ဘာ တားမြစ်နယ်မြေ ဆီ သွားမယ်။”

မှန်လေး က နောက်ဆုံး အသေးစိတ် အချက်အလက်များကို ဖြည့်စွက် ပြောကြားသည်။

“ဟွမ်ရွှီး ဒီအရာက လူ့လောကမှာ မရှိဘူးလား။”

ဖန့်ချန် စပ်စုလိုက်သည်။

“လူ့လောကမှာ ရှိရင်တောင် ယင်လောက ထက် ရှာရ ပိုခက်လိမ့်မယ်။ ဒီအရာက တကယ်တော့ ဟင်းလင်းပြင် ကွပ်မျက်သူတွေကို အရည်ဖျော်ပြီး လုပ်ထားတာ။ ယင်လောက က ဒီနှစ်တွေအတွင်း ကွပ်မျက်သူတွေနဲ့ အကြိမ်ကြိမ် တိုက်ခိုက်ဖူးတော့ အပိုပစ္စည်းလေး နည်းနည်း ပါးပါး ရှိနေတာပေါ့။”

မှန်လေး က ပြောသည်။

ကွပ်မျက်သူတွေကို အရည်ဖျော်ပြီး လုပ်ထားတာတဲ့လား။

ဖန့်ချန် စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်သွားသည်။

“ရွှေဟွေး ကျောင်းတော် နဲ့ ဆက်စပ်နေတဲ့ ယင်လောက နယ်မြေကို ဆုန်းချိခရိုင် လို့ ခေါ်တယ်။ အဲ့ဒီမှာ ဝိညာဉ်မျိုးနွယ်စုတွေ အများကြီး စုဝေးနေကြပြီး ဝိညာဉ်််််််််ဖမ်းတမန် တွေလည်း ပေါများတယ်။ မင်း ယင်လောက ဆီ သွားမယ်ဆိုရင်တော့ အချိန်အခါကောင်း၊ မြေနေရာကောင်း တွေ လိုအပ်တယ်။ အခုကစပြီး ပြင်ဆင်ထားပါဦး။ ငါ ခိုင်းမှပဲ သွားရမယ်။”

မှန်လေး က မှာကြားသည်။

ဖန့်ချန် ခေါင်းညိတ်သည်။

“ကောင်းပါပြီ၊ မင်းပြောတဲ့အတိုင်းပဲ ပေါ့”

အချိန်တွေ တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားသည်။

သတိမထားမိလိုက်ခင်မှာပင် သုံးနှစ်တောင် ကြာမြင့်သွားခဲ့သည်။

သုံးနှစ်အကြာ တစ်နေ့တွင် မှန်လေး က ရုတ်တရက်

“ယင်လောက ဆီ စသွားတော့။”

ဖန့်ချန် လည်း မြင်သည်နှင့် ယင်လောကဝင် အမွှေးတိုင် ကို ချက်ချင်း မီးညှိလိုက်သည်။

မီးညှိလိုက်သည်နှင့် မရေမရာ ဖြစ်နေသည့် ဂတ်စ်တစ်မျိုးမှာ ချက်ချင်း ပျံ့နှံ့သွားသည်။

ဤဂတ်စ်မှာ လူ့လောက ပစ္စည်းတစ်ခုနှင့် မတူဘဲ၊ အနံ့အသက်လည်း မရှိသလို၊ လက်နှင့် ထိကိုင်ရန်ပင် ခက်ခဲနေသည်။

နောက်တစ်စက္ကန့်တွင် ထိုမီးခိုးငွေ့များသည် ပိုမိုထူပြောလာပြီး ဖန့်ချန် တစ်ယောက်လုံးကို ဝါးမြိုသွားတော့သည်။

“ဒီနောက်ပိုင်း ဆုန်းချိခရိုင် ကလည်း ပိုပြီး ရှုပ်ထွေးလာပြီနော်၊ ပိုင်ဇီ မျိုးနွယ်စု နဲ့ မင်လော့း မျိုးနွယ်စု က တကယ်ပဲ ဘယ်လောက်ကြာကြာ တိုက်ခိုက်ကြဦးမှာလဲ။”

“ငါကြည့်ရသလောက်တော့ နှစ်ပေါင်း (၇) သောင်း၊ (၈) သောင်း ကြာရင်တောင် ဒီကိစ္စ ပြီးဆုံးမှာ မဟုတ်ဘူး။ နှစ်ဖက်စလုံးက အပြန်အလှန် အငြင်းပွားနေကြတာကိုး။ တစ်ဖက်ဖက်က ငရဲမင်းကြီးရဲ့ အပြစ်ပေးမှုကို လက်ခံမှပဲ ပြီးမှာလေ။ ဒါက ကိုယ်ကျိုးအတွက် လုပ်တာဆိုတော့ ငရဲမင်းကြီး အမုန်းဆုံးအလုပ်ပဲ။”

“တောက်၊ ငါတော့ သတင်းကြားသလိုပဲ၊ ဒီကိစ္စက လူသားမျိုးနွယ်စု နဲ့လည်း နည်းနည်း ပတ်သက်နေတယ်တဲ့။”

“လူသားမျိုးနွယ်စု မင်း လေမပေါက်နဲ့၊ ဒီလောက် အားနည်းတဲ့ မျိုးနွယ်စုက ပိုင်ဇီ နဲ့ မင်လော့ ကို ဘယ်လိုလုပ် ပတ်သက်နိုင်မှာလဲ။ သူတို့ရဲ့ ခြေမွှေး တစ်ချောင်းတောင် လူသားမျိုးနွယ်စုရဲ့ အခြေခံအုတ်မြစ်ထက် ပိုမို သန်မာနေဦးမှာပါ။”

“မယုံရင် နေပေါ့”

“သက်သေ ရှိလား”

“မရှိဘူး၊ ငါ ကြားဖူးနားဝပဲ။”

“ဒါဆိုရင်တော့လည်း စကားမပြောနဲ့တော့။”

လမ်းကြားအပြင်ဘက်တွင် ပုံပန်းသဏ္ဌာန် အမျိုးမျိုးရှိသည့် ဝိညာဉ်မျိုးနွယ်စု နှစ်ဦး စကားပြောဆိုရင်း ဝေးရာသို့ ထွက်ခွာသွားကြသည်။

ဖန့်ချန် သည် လူသူကင်းမဲ့နေသည့် လမ်းကြားထဲမှ ထွက်လာပြီး ခဏချင်းအတွင်းမှာပင် စည်ကားသိုက်မြိုက်နေသည့် လမ်းမကြီးပေါ်သို့ ရောက်ရှိသွားသည်။

နေရာအနှံ့တွင် ဝိညာဉ်မျိုးနွယ်စုများ၏ အရိပ်အယောင်များကို မြင်နေရသည်။

ထိုဝိညာဉ်မျိုးနွယ်စုများသည် အမှန်တကယ်တွင် အသက်ရှင်စဉ်အခါက မတူညီသော မျိုးနွယ်စုများမှ လာခဲ့ကြခြင်းဖြစ်ပြီး၊ တချို့မှာ အရပ် (၁) တောင်လောက် မြင့်မားကာ တချို့မှာ ဖန့်ချန် ထက်ပင် အရပ်ပုနေသေးသည်။ တချို့မှာ တိရစ္ဆာန်ခေါင်း လူခန္ဓာ၊ တချို့မှာ တိရစ္ဆာန်ခန္ဓာ တိရစ္ဆာန်ခေါင်း ဖြစ်နေကြသည်။

ဖန့်ချန် သည် စာကြည့်တိုက်မှာ အလကား အချိန်မဖြုန်းခဲ့ရဘဲ၊ ဤနေရာမှ ဝိညာဉ်မျိုးနွယ်စု တစ်ဦးစီ၏ ယခင် မျိုးနွယ်စုကို တစ်ချက်ကြည့်ရုံဖြင့် ခွဲခြားနိုင်လေသည်။

ထိုအချိန်တွင် ဖန့်ချန် ၏ ခန္ဓာကိုယ်ပေါ်မှ ချီရွှမ် ၏ အငွေ့အသက်များ တိတ်တဆိတ် ပျောက်ကွယ်သွားသည်။

သူ၏ အငွေ့အသက်မှာလည်း ဤနေရာရှိ ဝိညာဉ်မျိုးနွယ်စုများနှင့် အတူတူပင် ဖြစ်သွားပြီး၊ သူသည် ရုပ်ခန္ဓာဖြင့် ယင်လောကသို့ ရောက်လာသူ သို့မဟုတ် အသက်ရှင်သူ ဖြစ်မှန်း လုံးဝ မသိသာတော့ပေ။

ဤ ချီရွှမ် နတ်ဘုရားကျင့်စဉ် ရှိနေသည့်အတွက် သူသည် ဒီတစ်ခါ ယင်လောက သွားမည့် ကိစ္စနှင့် ပတ်သက်၍ အလွန် ယုံကြည်မှု ရှိနေသည်။

“ဒီ ဆုန်းချိခရိုင် မှာ သူတော်စင်တွေ သိပ်မရှိဘူး ထင်တယ်။”

ဖန့်ချန် လမ်းလျှောက်နေရင်း စိတ်ထဲတွင် အနီးနား ပတ်ဝန်းကျင်မှ အငွေ့အသက်များကို တစ်ခုချင်း စစ်ဆေးကြည့်လိုက်သည်။

သူသည် ဤနေရာမှ ဝိညာဉ်မျိုးနွယ်စု အများစုမှာကန့်သက်ချက် ကျော်လွန်ခြင်း အောက်တွင်သာ ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။

နိုးထခြင်း ၊ လျှို့ဝှက်စွမ်းအား ၊ လမ်းစဉ်ပေါင်းစပ်ခြင်း ဟူသည့် အဆင့် (၃) ခုမှာ ကန့်သက်ချက် ကျော်လွန်ခြင်း အောက်တွင် ရှိသည်။

ထိုအထက်တွင်မှ ကန့်သက်ချက် ကျော်လွန်ခြင်းအဆင့် (၁၊ ၂၊ ၃) ရှိပြီးနောက် အတွင်းကမ္ဘာနယ်မြေ ကို ပိုင်ဆိုင်ထားသော တစ်ပိုင်းသူတော်စင် များ ဖြစ်လာသည်။

သူ အခုမြင်နေရသည့် ဝိညာဉ်မျိုးနွယ်စု အများစုမှာ နိုးထခြင်း အဆင့်သာ ဖြစ်သည်။

အနည်းငယ်မှာ လျှို့ဝှက်စွမ်းအား နှင့် လမ်းစဉ်ပေါင်းစပ်ခြင်း ဖြစ်ပြီး အလွန်ရှားပါးသည်။

သို့သော် အနီးနားတွင် ကန့်သက်ချက် ကျော်လွန်ခြင်း အဆင့်ထိ ရောက်နေသည့် အငွေ့အသက် အနည်းငယ်တော့ ရှိနေသည်။

“ဒီနေရာက ဆုန်းချိခရိုင် ရဲ့ ထောင့်စွန်းလေး တစ်ခုပဲ ဖြစ်မယ်၊ ဆုန်းချိခရိုင် ထဲမှာ သူတော်စင်တွေ ရှိရမှာပဲ၊ ဒါပေမဲ့ ဒီအနီးနားမှာတော့ မရှိဘူး။ တစ်ပိုင်းသူတော်စင် တောင် မရှိတဲ့ နေရာမှာ ဟွမ်ရွှီး ကို ဘယ်လိုလုပ် ရှာရမလဲ။”

တွေးမိလိုက်သည်နှင့် ဖန့်ချန် သည် ဝူယိုဟိုင်း ရောင်းပေးလိုက်သော အစိမ်းရောင် ဖယောင်းတိုင်ကို သတိရသွားသည်။

ထိုဖယောင်းတိုင်သည် ယင်လောက ထဲမှ ဝူယိုဟိုင်း ၏ သူငယ်ချင်းကို ခေါ်ပေးနိုင်ပြီး၊ တဖက်လူမှာလည်း လူ့လောက သူတော်စင်များနှင့် အရောင်းအဝယ် လုပ်ရန် စိတ်ဝင်စားသူ၊ အစွမ်းထက်သူ ဖြစ်ရမည်။

“တကယ်လို့ ဟွမ်ရွှီး ရဲ့ သတင်းကို ရှာမရရင် ဝူယိုဟိုင်း ရဲ့ သူငယ်ချင်းနဲ့ပဲ တွေ့ကြည့်ရမယ်။ သူ့ရှေ့မှာ ယင်လောက ဆီ လာတာကို ဖုံးကွယ်နေစရာလည်း မလိုပါဘူး။”

တဖက်လူကလည်း ဒီလို အလုပ်မျိုးပဲ လုပ်နေတာဆိုတော့ သူ့ကို လာပြီး ဖော်ကောင်လုပ်နေမှာ မဟုတ်ပေ။

ထိုအကြောင်းကို တွေးမိလိုက်ပြီးနောက် ဖန့်ချန် သည် အနီးအနားမှ စည်ကားနေဟန်ရှိသော လက်ဖက်ရည်ဆိုင် တစ်ဆိုင်ဆီသို့ လျှောက်လှမ်းသွားလိုက်သည်။

သတင်းစကား စုံစမ်းရန်အတွက် အကောင်းဆုံးနေရာမှာ အဲ့ဒီနေရာ ဖြစ်သည်။

All Chapters