← Chapters

အခန်း (၂၃၂၉-၂၃၃၀)

Vol. 233 Ch. 2329-2330

အခန်း (၂၃၂၉-၂၃၃၀)

Vol. 233 Ch. 2329-2330

အခန်း ၂၃၂၉ - ဧည့်သည်က အကြီးစားကုန်သွယ်မှုလုပ်မယ့်သူဆိုတာ တစ်ချက်ကြည့်တာနဲ့ သိနိုင်တယ်

ခေါက်ဆွဲဆိုင်ရှင်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် မထီမဲ့မြင် ပြုံးရယ်လိုက်သည်။

“ငါသာ ဘာမှမပြောဘဲနေရင် မင်းတို့က ပထမအဆင့် တားမြစ်ပစ္စည်းတစ်ခုခု ဝယ်ယူထားတယ်လို့ သတ်မှတ်ပြီး စုံစမ်းဖို့ လူလွှတ်လိမ့်မယ် မဟုတ်လား။ အဲ့ဒီအချိန်ကျရင် အထက်လူကြီးတွေက အပြစ်တင်လာရင် ဒါဟာ ငါ့အမှား ဖြစ်သွားမှာပေါ့”

အိုရှူက တဟီးဟီးရယ်ကာ -

“ကျွန်တော်လည်း အခြေအနေအရ မတတ်နိုင်လို့ပါဗျာ၊ နားလည်ပေးပါဦး။”

“တော်ပြီ”

ဆိုင်ရှင်က အေးစက်စက်ဖြင့် ပြောလိုက်သည်။

“သူဝယ်မှာက ယင်လောကဝင် အမွှေးတိုင်သက်သက်ပါ။ ဒီလို အရောင်းအဝယ်မျိုးက မင်းတို့ အမှောင်တပ်ဖွဲ့ရဲ့ မျက်လုံးထဲ ဝင်မှာတဲ့လား ”

ပြောပြီးသည်နှင့် သူသည် အိုရှူကို ဂရုမစိုက်တော့ဘဲ မိမိဆိုင်ကို ပြန်လည် သိမ်းဆည်းနေတော့သည်။

ယင်လောကဝင် အမွှေးတိုင် လား

အိုရှူမှာ ခဏမျှ တွေဝေသွားပြီးမှ ရင်ထဲတွင် သက်ပြင်းချနိုင်သွားသည်။ ဟုတ်ပါသည်၊ ထိုအရာမှာလည်း တားမြစ်ပစ္စည်းစာရင်းတွင် ပါသော်လည်း ပထမအဆင့် တားမြစ်ပစ္စည်းမျိုးတော့ မဟုတ်ပေ။ ပုံမှန်အားဖြင့် ဤကဲ့သို့ ကုန်သွယ်မှုမျိုးကို လုပ်ကိုင်သူများသည် ယင်လောကနှင့် လူ့လောကကြားရှိ ဈေးနှုန်းကွာဟချက်ကို အမြတ်ထုတ်ရုံသက်သက်သာ ဖြစ်သည်။ ယင်လောက၏ ဥပဒေကို ချိုးဖောက်သော်လည်း အလွန်အမင်း ပြင်းထန်လှသည်တော့ မဟုတ်ပေ။

အိုရှူသည် ထိုင်နေရာမှ ထကာ ဆိုင်မှ ထွက်ခွာသွားပြီး ခဏအကြာတွင် ပိုင်ဇီဖုန်းချွန်းနှင့် ပြန်လည်ဆုံစည်းကာ သူစုံစမ်းရရှိသမျှကို တိုးတိုးလေး အစီရင်ခံလိုက်သည်။

“ယင်လောကဝင် အမွှေးတိုင် လား ”

ပိုင်ဇီဖုန်းချွန်း၏ မျက်လုံးများတွင် စဉ်းစားတွေးတောသည့် အရိပ်အယောင်များ ပေါ်လာသည်။

“အရှင်၊ အကယ်၍ ယင်လောကဝင် အမွှေးတိုင်သက်သက်ဆိုရင်တော့ ကျွန်တော်တို့ ဆက်ပြီး လိုက်စောင့်ကြည့်နေဖို့ မလိုတော့ပါဘူး။ အခုချိန်မှာ ယင်လောကထဲမှာ ဒီလုပ်ငန်းကို လုပ်နေတဲ့ ဝိညာဉ်မျိုးနွယ်စုတွေ အများကြီးပါ။ ဥပဒေနဲ့ မညီညွတ်ပေမဲ့လည်း ထိခိုက်မှုတော့ သိပ်မရှိပါဘူး။”

အိုရှူက တိုးတိုးလေး ပြောလိုက်သည်။

“အင်း၊ ယင်လောကဝင် အမွှေးတိုင် သက်သက်ဆိုရင်တော့ ဆက်လိုက်စရာ မလိုတော့တာ အမှန်ပဲ။ ဒါပေမဲ့ အခုချိန်က အထူးကာလ ဖြစ်နေတော့ မင်းလက်အောက်က အမှောင်တပ်သားတွေကို ဆက်ပြီး စောင့်ကြည့်ခိုင်းထားဦး။ သူထွက်သွားပြီးရင်တော့ ဆိုင်ရှင်ကို သွားမေးကြည့်လိုက်။”

ပိုင်ဇီဖုန်းချွန်းက ပြောသည်။

အိုရှူမှာ ခါးသီးစွာ ရယ်မောလိုက်သည်။

“အရှင်၊ အမှောင်လမ်းက ဆိုင်ရှင်တွေက တစ်ယောက်ထက်တစ်ယောက် ဒေါသကြီးကြတာ၊ ရှုပ်ထွေးလွန်းပါတယ်။ အမှောင်တပ်ဖွဲ့ဆိုတဲ့ နာမည်ကို ထုတ်ပြောရင်တောင် သူတို့က အမှန်အတိုင်း ပြောမှာမဟုတ်ပါဘူး။ မေးလည်း အလကားပဲ ဖြစ်နေမှာပါ။”

“သူတို့ကို အမှောင်တပ်ဖွဲ့ဆီ ခေါ်လာပြီး မေးလိုက်။ သူတို့ အမှန်အတိုင်း ပြောလိမ့်မယ်လို့ ငါ ယုံကြည်တယ်။”

ပိုင်ဇီဖုန်းချွန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

“အမှောင်တပ်ဖွဲ့ကို ခေါ်လာရမှာလား အကယ်၍ အမှောင်လမ်းရဲ့ နောက်ကွယ်က အထောက်အပံ့ပေးထားသူတွေက မေးလာရင်တော့...”

အိုရှူ၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားသည်။

“အထူးကာလပဲ၊ မေးလာရင် ငါ တာဝန်ယူမယ်။ အမှောင်လမ်းရဲ့ နောက်ကွယ်က အဲ့ဒီ လူကြီးမင်းတွေလည်း သူတို့ရဲ့ ဧရိယာထဲမှာ ပြဿနာ တက်တာကို လိုချင်ကြမှာ မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်။”

ပိုင်ဇီဖုန်းချွန်းက ပြောသည်။

ထိုသို့ ပြောလိုက်သည့်အတွက် အိုရှူမှာ စိတ်သက်သာရာ ရသွားပြီး လက်အောက်ငယ်သားများကို ခေါ်ဆောင်ကာ ဖန့်ချန် သွားမည့် ဆိုင်အနီးအနားတွင် ဆက်လက် စောင့်ကြည့်နေတော့သည်။

……

“ဆိုင်ရှင်၊ ခေါက်ဆွဲဆိုင်ရှင်က ဒီမှာ ယင်လောကဝင် အမွှေးတိုင် ရောင်းတယ်လို့ ပြောတယ်။”

ဖန့်ချန်သည် ဆိုင်ထဲသို့ ဝင်လိုက်သောအခါ ဆိုင်အတွင်းမှာ မှောင်မှောင်မည်းမည်း ဖြစ်နေသည်ကို တွေ့လိုက်ရပြီး ဆိုင်ရှင်က ရည်ရွယ်ချက်ရှိရှိဖြင့် ထိုသို့ အငွေ့အသက်မျိုး ဖန်တီးထားဟန် ရှိသည်။

ကောင်တာနောက်ဘက်မှ ဦးခေါင်းတစ်ခု ထွက်လာပြီး လည်တံအပိုင်းအစတစ်ခုကို မြင်ရသည်။ ထို့နောက် နောက်ထပ် အပိုင်းအစတစ်ခု၊ ထပ်ပြီး အပိုင်းအစတစ်ခု ထွက်လာသည်။ တစ်တောင်ခန့် ရှည်လျားသော လည်ပင်းပေါ်တွင် လိပ်ခေါင်းတစ်ခု တင်ထားသည်။

ဖန့်ချန်သည် ဘာမျှမဖြစ်သကဲ့သို့ တည်ငြိမ်နေသည်။ ချင်းမင်လောကတွင် မျိုးနွယ်စုပေါင်းစုံ ရှိပြီး ထူးဆန်းသော ပုံစံအမျိုးမျိုးရှိသည့် အရာများမှာ အဆန်းမဟုတ်ပေ။

“ခေါက်ဆွဲ စားပြီးပြီပေါ့ အဲ့ဒါဆိုရင်တော့ တကယ့် ဧည့်သည်တော် ဖြစ်မှာပါ။ ယင်လောကဝင် အမွှေးတိုင် ဝယ်ချင်တာလား အခုတော့ ဈေးတက်သွားပြီ၊ ယင်သက်တမ်း နှစ်တစ်ရာကို တစ်ချောင်းပဲ။”

ဆိုင်ရှင်သည် လည်ပင်းကို ဟိုတစ်ချက် သည်တစ်ချက် လှုပ်ခါရင်း ပြောသည်။ လည်ပင်း နာနေသကဲ့သို့ပင်။

“ယင်သက်တမ်း နှစ်တစ်ရာ”

ဖန့်ချန်၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။

“ဘာလဲ ဈေးကြီးတယ်လို့ ထင်နေတာလား မင်းတို့လို ဒီလုပ်ငန်းမျိုး လုပ်တဲ့သူတွေက ယင်လောကဝင် အမွှေးတိုင် ကို လူ့လောကဆီ ရောင်းစားပြီး တစ်ဆင့်ပြန်ရောင်းရုံနဲ့တင် အတွင်းကမ္ဘာနယ်မြေ ကျောက်တုံး ရာနဲ့ချီပြီး အမြတ်တင်နေကြတာ မဟုတ်ဘူးလား အတွင်းကမ္ဘာနယ်မြေ ကျောက်တုံး တစ်တုံးနဲ့ ယင်သက်တမ်းရဲ့ လဲလှယ်နှုန်းက အခုဆိုရင် (၁:၃) ဖြစ်နေပြီ။ မင်းက ယင်လောကဝင် အမွှေးတိုင် ကို ဈေးကြီးတယ်လို့ ပြောရက်သေးတာလား ”

ဆိုင်ရှင်သည် ဖန့်ချန်ကို အေးစက်စက် စိုက်ကြည့်နေပြီး သူ၏ မျက်လုံးများတွင် မနာလိုမှုများ ထင်ရှားစွာ ပေါ်နေသည်။

“ကြည့်ရတာတော့ တကယ့်ကို အမြတ်ကြီးစားပဲ။”

ဖန့်ချန် ရင်ထဲတွင် တွေးလိုက်သည်။

အတွင်းကမ္ဘာနယ်မြေ ကျောက်တုံး တစ်တုံးက ယင်သက်တမ်း သုံးနှစ်နှင့် ညီမျှသတဲ့လား ဝူယိုဟိုင်း ရောင်းပေးလိုက်သည့် ယင်လောကဝင် အမွှေးတိုင် ဈေးနှုန်းမှာ ကျောက်တုံးခြောက်ရာ ဖြစ်သည်။ သူက နှစ်ရာ ယူပြီး ဝိညာဉ်မျိုးနွယ်စုကို လေးရာ ပေးသည်။ ထိုဝိညာဉ်မျိုးနွယ်စုမှာ ယင်လောကမှ ယင်ကေဝင် အမွှေးတိုင် တစ်ချောင်းကို ကျောက်စိမ်း (၃၃) တုံးသာ ကုန်ကျစရိတ်ဖြင့် ရရှိနိုင်တာလား။

ဒီအမြတ်က ဆယ်ဆထက်တောင် ပိုနေသေးသည်။ ယင်လောက၏ အပြစ်ပေးမှုကို ခံရမည့်အရေးကို စွန့်စားပြီး လူ့လောကမှ သူတော်စင်များနှင့် အဘယ်ကြောင့် ခိုးကြောင်ခိုးဝှက် လုပ်ကိုင်နေရသည်ကို နားလည်သွားပြီဖြစ်သည်။

“ဈေးနှုန်းကတော့ မကြီးပါဘူး၊ ဒါပေမဲ့ ဆိုင်ရှင်၊ ဒီမှာ ယင်လောကဝင် အမွှးတိုင် အပြင် တခြား အမွှေးတိုင်တွေရော ရောင်းသေးလား။”

ဖန့်ချန်သည် ဆိုင်ထဲတွင် လမ်းလျှောက်ကြည့်လိုက်သည်။ ကောင်တာပေါ်တွင်မူ သာမန် အမွှေးတိုင်များသာ တင်ထားသည်။

“ဧည့်သည်ကို ကြည့်တာနဲ့ပဲ အကြီးစား ကုန်သွယ်မှု လုပ်မယ့်သူဆိုတာ သိနိုင်ပါတယ်။ ဧည့်သည်တော်၊ တကယ့်ကို ဝယ်ချင်တာက ဘာလဲဆိုတာ ပြောပြပါဦး။”

ဆိုင်ရှင်သည် အကဲခတ်ကောင်းသူဖြစ်ရာ ဖန့်ချန်၏ ရည်ရွယ်ချက်ကို တစ်ချက်ကြည့်ရုံနှင့် သိသွားသည်။

“ဟွမ်ရွှီး ”

ဖန့်ချန်က ပြုံးရင်း ပြောလိုက်သည်။

“ကျွန်တော် ဝယ်ချင်တာ ဟွမ်ရွှီး အမွှေးတိုင်။”

“……”

ဆိုင်ရှင်မှာ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် အေးစက်စက်ဖြင့် ပြောလိုက်သည်။

“မင်းက အမှောင်တပ်ဖွဲ့က စေလွှတ်လိုက်ပြီး ငါ့ကို စမ်းသပ်နေတာ မဟုတ်ဘူးလား”

“ရှိရင် ဝယ်မယ်၊ မရှိရင် ထွက်သွားပြီး တခြားနေရာမှာ မေးမယ်။ ဆိုင်ရှင်၊ တခြားအကြောင်းတွေ မပြောပါနဲ့၊ အဓိပ္ပာယ်မရှိပါဘူး။”

ဖန့်ချန်က တည်ငြိမ်စွာ ပြောလိုက်သည်။

ဆိုင်ရှင်မှာ နောက်ထပ် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီး ခေါင်းကို ခါလိုက်သည်။

“မရှိဘူး။ ဒီလို ပထမအဆင့် တားမြစ်ပစ္စည်းမျိုးကို ငါ့ဆိုင်မှာ မရောင်းဘူး။ အမှောင်လမ်း ဖြစ်နေရင်တောင် ဒီလိုပစ္စည်းမျိုးကို လွယ်လွယ်နဲ့ ရောင်းလို့ မရဘူး။ အဖမ်းခံရရင် ပြည်နှင်ဒဏ်ပဲ။”

“အဲ့ဒါဆိုရင်လည်း ကျွန်တော် သွားတော့မယ်။”

ဖန့်ချန်သည် လက်ဆုပ်လက်ကိုင်ပြုပြီး ဆိုင်အပြင်ဘက်သို့ လျှောက်သွားလိုက်သည်။ သူ ဆိုင်ပြင်ဘက်သို့ ထွက်ခွာခါနီးတွင် ဖန့်ချန်သည် သိသာထင်ရှားမှုမရှိသော ချီရွှမ်စွမ်းအား ( လှည့်စားခြင်း စွမ်းအား) ကို အသုံးပြုလိုက်သည်။ ထိုစွမ်းအားက ဆိုင်ရှင်ဆီသို့ ရောက်သွားသောအခါ ဆိုင်ရှင်က ရုတ်တရက် ပြောလိုက်သည်။

“ဧည့်သည်တော် ခဏစောင့်ပါဦး၊ ကျွန်တော် ရုတ်တရက် သတိရသွားလို့ပါ။”

ချီရွှမ်စွမ်းအားသည် ဖန့်ချန်၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိသွားသည်။ ဖန့်ချန် ပြုံးရင်း ပြောလိုက်သည်။

“ဆိုင်ရှင် ဘာများ သတိရသွားလို့လဲ။”

“ဒီ ဟွမ်ရွှီး အမွှေးတိုင်... ဧည့်သည်တော်၊ ဒီအမွှေးတိုင်ကို ဝယ်တာက အောက်ဘက် (ယင်လောက အောက်ပိုင်း) ကို သွားကြည့်မလို့လား အဲ့ဒီနေရာကို မသွားဖို့ ကျွန်တော် အကြံပေးချင်တယ်။ အကယ်၍ ဟင်းလင်းပြင် ကွပ်မျက်သူနဲ့သာ တွေ့သွားရင် မင်းရဲ့ ဝိညာဉ်စွမ်းအားတွေ အကုန်လုံး အဲ့ဒီမှာတင် အဆုံးသတ်သွားလိမ့်မယ်။ သူတို့ရဲ့ မျက်လုံးထဲမှာ ငါတို့တွေက မုန့်အချိုပွဲလိုမျိုးပဲ၊ စားချင်စရာကောင်းတဲ့ အနံ့တွေ ထွက်နေတာကိုး။”

ဆိုင်ရှင်က ဖန့်ချန်ကို သတိပေးပြီးနောက် တိုးတိုးလေး ပြောလိုက်သည်။

“နေရာကောင်း တစ်ခုခု ရှာတွေ့သွားလို့လား အတွင်းကမ္ဘာ နယ်မြေ တားမြစ်ဇုန်လား ဘာနယ်မြေ ရတနာ တွေ များ ရှိလို့လား”

သူ့လည်ပင်းမှာ ထပ်မံ ရှည်ထွက်လာပြီး သူ့ဦးခေါင်းမှာ ဖန့်ချန်ရှေ့သို့ နီးကပ်လာသည်။

ဖန့်ချန် မျက်မှောင်ကြုတ်လိုက်ပြီး လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ ဆိုင်ရှင်၏ ဦးခေါင်းမှာ ဘေးသို့ လွင့်စင်သွားသည်။

“ကျွန်တော် ဟွမ်ရွှီး ဝယ်တာ ဘာလုပ်ဖို့လဲဆိုတာ မင်းကို ရှင်းပြနေရဦးမှာလား ”

ဆိုင်ရှင်မှာ အနည်းငယ် မူးဝေသွားဟန်ဖြင့် ခေါင်းကို ပြင်းပြင်းထန်ထန် ခါရမ်းလိုက်ပြီးမှ ဆက်ပြောသည်။

“ကျွန်တော် ပါးစပ်ဖွာမိသွားတာပါ။ ဒါပေမဲ့ ဟွမ်ရွှီးက အတော်ဈေးကြီးတယ်၊ အနည်းဆုံး ယင်သက်တမ်း အကြွေစေ့ နှစ်ထောင်လောက် ကျမယ်၊ ဧည့်သည်တော် ပြင်ဆင်ထားရဲ့လား”

“မင်းမှာ ပစ္စည်းရှိရင် အခုချက်ချင်း အရောင်းအဝယ် လုပ်လို့ရတယ်။ ဒါပေမဲ့ အမှောင်တပ်ဖွဲ့က ငါ့ကို စောင့်ကြည့်နေပုံရတယ်။ အကယ်၍ သူတို့ လာမေးရင် ဘယ်လိုဖြေရမလဲဆိုတာ မင်း သိလိမ့်မယ် မဟုတ်လား ”

ဖန့်ချန်က အေးဆေးစွာ ပြုံးပြောလိုက်သည်။

“သိတာပေါ့၊ သိတာပေါ့။ သူတို့ကို ဖြေရတာ ဘာခက်လို့လဲ သူတို့ ဘာမေးမေး ငါတို့က ကြိုက်သလို ဖြေလို့ရတာပဲ။ ငါတို့ ဘာပြောမလဲဆိုတာကလည်း ငါတို့သဘောပဲ။”

ဆိုင်ရှင်က ဟီးဟီးရယ်ကာ ပြောလိုက်ပြီး ဦးခေါင်းကို ပြန်ရုပ်သိမ်းသွားသည်။ အောက်ဘက်တွင် အချိန်အတော်ကြာ လှုပ်ရှားနေပြီးမှ ဦးခေါင်းမှာ ပြန်ပေါ်လာသည်။

သို့သော် ထိုတစ်ကြိမ်တွင် ဦးခေါင်းနှင့်အတူ ဝါးချောင်းတစ်ခုပါ ပါလာသည်။

“ဧည့်သည်တော်၊ ယင်သက်တမ်း အကြွေစေ့ ပေးပါဦး၊ ဒီထဲမှာ ဟွမ်ရွှီး အမွှေးတိုင် ရှိတယ်။”

ဆိုင်ရှင်က ပြုံးရွှင်စွာ ပြောလိုက်သည်။

“ငါ ပစ္စည်းကို စစ်ဆေးချင်တယ်၊ မင်းတို့ ပေးတာ အတုမဟုတ်မှန်း ဘယ်လိုသိနိုင်မလဲ ”

ဖန့်ချန်က ဝါးချောင်းကို ယူရန် လက်ဆန့်လိုက်သည်။

ဆိုင်ရှင်မှာ ချက်ချင်း ရှောင်လိုက်ပြီး -

“ဧည့်သည်တော်၊ အမှောင်လမ်းရဲ့ စည်းကမ်းအရ ယင်သက်တမ်း အကြွေစေ့ကို အရင်မြင်မှ ပစ္စည်းပေးလို့ရမယ်။ ဒါက အတုမဟုတ်မှန်း မကြောက်ပါနဲ့၊ အမှောင်လမ်းမှာ အတုရောင်းရင် ဒီလမ်းက ဆုန်းချိခရိုင်မှာ တည်ရှိနေဖို့ မလိုတော့ဘူး။”

“အစစ်ပဲ”

ဖန့်ချန်၏ နားထဲတွင် မှန်လေး ၏ အသံ ထွက်ပေါ်လာသည်။

ဖန့်ချန်သည် ထိုအသံကို ကြားသောအခါမှ ခေါင်းညိတ်လိုက်ပြီး ယင်သက်တမ်း အကြွေစေ့ နှစ်ထောင်ကို စားပွဲပေါ်သို့ ချလိုက်သည်။ ချီရွှမ်စွမ်းအားမှာ လျှို့ဝှက်စွာ တုန်ခါသွားသော်လည်း ဆိုင်ရှင်မှာ လုံးဝ သတိမထားမိပေ။

သူသည် ယင်သက်တမ်း အကြွေစေ့များကို လောဘတကြီး ရေတွက်ပြီးနောက် ဟီးဟီးရယ်ကာ သိမ်းလိုက်ပြီး ဝါးချောင်းကို ဖန့်ချန်ထံ ပေးလိုက်သည်။

“ဧည့်သည်တော်၊ ဟွမ်ရွှီး ယူသွားပါ။ ကျွန်တော် နောက်တစ်ခါ ထပ်သတိပေးပါဦးမယ်၊ အောက်ဘက်က တကယ့်ကို မငြိမ်သက်ဘူးဗျ။”

“ဘာ ဟွမ်ရွှီး လဲ။ ဒါက ယင်လောကဝင် အမွှေးတိုင် ပါ။”

ဖန့်ချန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“အို... ဟုတ်တယ်၊ ယင်လောကဝင် အမွှေးတိုင်ပါ။ ကျွန်တော့်ပါးစပ်ကိုပဲ ရိုက်လိုက်ချင်တော့တယ်”

ဆိုင်ရှင်မှာ ခေါင်းကို အဆက်မပြတ် ငြိမ့်ပြနေတော့သည်။

အခန်း ၂၃၃၀ - ငါ တကယ်ပဲ အလိမ်ခံလိုက်ရတာပါလား

ဖန့်ချန် ဆိုင်ထဲမှ ထွက်ခွာသွားပြီး မကြာမီမှာပင် အိုရှူသည် အမှောင်တပ်သား အချို့ကို ခေါ်ဆောင်ကာ ဆိုင်အတွင်းသို့ ဝင်ရောက်လာသည်။

ဆိုင်ရှင်သည် လူသစ်များကို မြင်လိုက်သည်နှင့် မျက်နှာတွင် လျစ်လျူရှုဟန် ပြုကာ အေးစက်စက် ပြောလိုက်သည်။

“အမှောင်တပ်ဖွဲ့ကလား ငါ့ဆိုင်မှာ မင်းတို့အတွက် ဝန်ဆောင်မှု မရှိဘူး၊ ပြန်ကြတော့။”

“ကျွန်တော်တို့က အရောင်းအဝယ် လုပ်ဖို့ လာတာ မဟုတ်ပါဘူး။”

အိုရှူက ပြုံးရွှင်စွာဖြင့် ပြောသည်။

“အရောင်းအဝယ် လုပ်ဖို့ မဟုတ်ဘူးလား ဒါဆိုရင်တော့ ဧည့်သည်ကို လက်ခံနိုင်မှာ မဟုတ်ဘူး။”

ဆိုင်ရှင်သည် မျက်လုံးကို အပေါ်သို့ လှန်ကြည့်လိုက်သည်။

“ရွှမ်ကျိ ညီနောင်ရာ၊ စကားကို ပွင့်ပွင့်လင်းလင်း ပြောကြရအောင်။ ခုနက ဧည့်သည်က မင်းဆီမှာ ဘာဝယ်သွားလဲ။”

အိုရှူက မေးလိုက်သည်။

ရွှမ်ကျိမှာ မျက်မှောင်ကြုတ်လိုက်သည်။

“အမှောင်လမ်းရဲ့ စည်းကမ်းကို မေ့သွားပြီလား”

“အမှောင်လမ်းမှာ အမှောင်လမ်းရဲ့ စည်းကမ်းရှိသလို၊ အမှောင်တပ်ဖွဲ့မှာလည်း အမှောင်တပ်ဖွဲ့ရဲ့ စည်းကမ်းရှိတယ်။ ရွှမ်ကျိ ညီနောင်ရေ၊ ကျွန်တော့်ကို အခက်တွေ့အောင် မလုပ်ပါနဲ့။”

အိုရှူ၏ မျက်နှာမှာ တည်တင်းသွားပြီး သူ၏ အပြုံးတွင် အေးစက်သည့် အရိပ်အယောင်များ ပေါ်လာသည်။

ရွှမ်ကျိသည် ထိုအခြေအနေကို မြင်သောအခါ ဒေါသတကြီးဖြင့် -

“ထွက်သွားစမ်း. ဧည့်သည်က ဘာဝယ်သွားလဲဆိုတာ ငါက ဘာလို့ မင်းတို့ကို ပြောပြရမှာလဲ မင်းတို့ကို ပြောပြလိုက်ရင် ငါ့စီးပွားရေး ဆက်လုပ်လို့ ရပါဦးမလား ငါပြောမယ်၊ ဒီဆိုင်နောက်ကွယ်က ရှယ်ယာရှင်တွေ အများကြီးပဲ။ မင်းလို အမှောင်တပ်ဖွဲ့ တပ်မှူးလေးတစ်ယောက်က ငါ့ကို လာစိန်ခေါ်လို့ မရဘူး”

ရွှမ်ကျိ ဒေါသထွက်နေစဉ်တွင် သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားများမှာ လျင်မြန်စွာ လှိုင်းထလာပြီး အိုရှူနှင့် သူခေါ်လာသည့် လက်အောက်ငယ်သားများမှာ အလွန်အေးစက်သည့် အငွေ့အသက်မျိုး သူတို့ဆီသို့ ပြင်းထန်စွာ တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။

လက်အောက်ငယ်သားအချို့မှာ မျက်နှာများ ဖြူလျော့သွားကာ အလိုအလျောက်ပင် နောက်သို့ တစ်လှမ်း ဆုတ်လိုက်ကြသည်။

အိုရှူတစ်ယောက်သာလျှင် ရွှမ်ကျိနှင့် ကျင့်ကြံခြင်း အဆင့်ချင်း တူညီသောကြောင့် ဤအေးစက်သည့် အငွေ့အသက်ကို မယိမ်းမယိုင် ခံနိုင်ရည်ရှိခဲ့သည်။

“ကြည့်ရတာ မင်းက အကောင်းပြောလို့ မရတဲ့သူမျိုးပဲ။ မပြောဘူးဆိုရင်တော့ ငါနဲ့ အမှောင်တပ်ဖွဲ့ဆီ လိုက်ခဲ့ရမှာပဲ။”

အိုရှူသည် လှောင်ရယ်လိုက်ပြီး လက်ထဲတွင် ရုတ်တရက် သံခြေချင်းတစ်စုံ ပေါ်လာသည်။

ထိုသံခြေချင်း ပေါ်လာသည်နှင့် ရွှမ်ကျိမှာ ရင်ထဲတွင် အေးစက်သွားသလို ခံစားလိုက်ရသည်။ သူ၏ မျက်နှာပေါ်မှ ခက်ထန်မှုများ ပျောက်ကွယ်သွားပြီး မျက်လုံးထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်အနည်းငယ် ဝင်လာသည်။ သို့သော် ဤကြောက်ရွံ့မှုမှာ အိုရှူကြောင့် မဟုတ်ဘဲ အိုရှူ၏ လက်ထဲတွင်ရှိသော သံခြေချင်းကြောင့် ဖြစ်သည်။

“မင်းတို့ အမှောင်တပ်ဖွဲ့က တကယ်ပဲ ဆုန်းချိခရိုင်ရဲ့ စည်းကမ်းကို ဖျက်ဆီးချင်နေတာလား ငါတို့ အမှောင်လမ်းက ဒီမှာ နှစ်ပေါင်းများစွာ တည်ရှိနေတာ၊ ဘယ်တုန်းကမှ ဆိုင်ရှင်တစ်ယောက်ကို မင်းတို့ အမှောင်တပ်ဖွဲ့ဆီ ခေါ်သွားပြီး စစ်ဆေးတာမျိုး မရှိခဲ့ဘူး”

ရွှမ်ကျိ၏ လေသံမှာ ပျော့ပြောင်းလာပြီး အိုရှူကို ယုတ္တိတန်အောင်၊ သမိုင်းကြောင်းကို ပြောပြကာ ရှင်းပြရန် ကြိုးစားသည်။

အိုရှူကမူ အေးစက်စက် လှောင်ရယ်လိုက်ပြီး ရှေ့သို့ တိုးလာကာ ရွှမ်ကျိ၏ ဦးခေါင်းကို သံခြေချင်းနှင့် ချက်ချင်း ခတ်လိုက်သည်။ ဤတစ်ခေါက်တွင် ရွှမ်ကျိမှာ ပြန်လည်ခုခံရန် လုံးဝ မဝံ့ရဲတော့ပေ။ အကြောင်းမှာ ဤသံခြေချင်းများမှာ ငရဲမင်း ကိုယ်တိုင် ထုတ်ပေးထားသော ပစ္စည်းများ ဖြစ်သောကြောင့် ဖြစ်သည်။ အကယ်၍သာ ခုခံလိုက်လျှင် ငရဲမင်းကို ပုန်ကန်ခြင်းနှင့် အတူတူပင်ဖြစ်ပြီး၊ ထိုအကျိုးဆက်မှာ အလွန်ပင် ကြောက်ခမန်းလိလိ ဖြစ်ပေလိမ့်မည်။

“ကောင်းကောင်း ပြောတုန်းက မပြောဘဲနဲ့။ အခုတော့ ငါ့ကို နည်းလမ်းသုံးခိုင်းရတယ်၊ ဟမ့်။”

အိုရှူက သံခြေချင်း၏ တစ်ဖက်ကို ဆွဲလိုက်သည်။

“သွားရအောင်၊ ငါ့နဲ့ အမှောင်တပ်ဖွဲ့ဆီ လိုက်ခဲ့။ ငါတို့ အေးအေးဆေးဆေး စကားပြောကြတာပေါ့။”

“မလုပ်ပါနဲ့၊ မလုပ်ပါနဲ့... ဟီးဟီး... ခုနက ငါ့စိတ်မထိန်းနိုင်လို့ပါ။ နားလည်ပေးပါ၊ နားလည်ပေးပါ။ ခုနက ဧည့်သည်က ဘာဝယ်သွားလဲဆိုတာ ငါပြောပါ့မယ်။”

ရွှမ်ကျိသည် ခုနက ဝါကြွားသော အမူအရာကို စွန့်လွှတ်ကာ တောင်းပန်သည့် အပြုံးမျိုးဖြင့် -

“အမှောင်တပ်ဖွဲ့ကိုတော့ မခေါ်သွားပါနဲ့ဗျာ။ ကျွန်တော် ဒီစီးပွားရေးကို ဆက်လုပ်ရဦးမှာ။ အမှောင်တပ်ဖွဲ့ဆီသာ ရောက်သွားရင် နောက်ပိုင်းမှာ ဒီဆိုင်ကို ဆက်ဖွင့်လို့ ရတော့မှာ မဟုတ်ဘူး၊ ဟဲ...”

“အခုမှ ပြောချင်လာတာလား ငါ့အထက်လူကြီးက မှာထားတယ်၊ မင်းတို့လို လူတွေက လည်လွန်းလို့ ပြောမယ်ဆိုရင်တောင် အမှောင်တပ်ဖွဲ့ဆီ ရောက်မှပဲ ပြောရမယ်တဲ့။ ဒီမှာ ဘာပြောပြော ငါ နားထောင်မှာ မဟုတ်ဘူး။”

အိုရှူ ပြောပြီးသည်နှင့် ရွှမ်ကျိကို ကောင်တာနောက်ဘက်မှ ဆွဲထုတ်လိုက်သည်။

ရွှမ်ကျိ၏ ရှည်လျားသော လည်ပင်းအောက်တွင် ဆက်နေသည့်အရာမှာ အမည်းရောင် အိုးစလောင်းတစ်ခု ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ အိုရှူ၏ မျက်လုံးထဲတွင် သိသာထင်ရှားမှုမရှိသော ရွံရှာသည့် အမူအရာတစ်ခု ဖြတ်ပြေးသွားသည်။ ပုံမှန်အားဖြင့် ဤကဲ့သို့ ထူးဆန်းသော ပုံစံမျိုး ရှိသည့် ဝိညာဉ်မျိုးနွယ်စုများမှာ မသေခင်ကတည်းက ထိုအတိုင်း ဖြစ်နေခြင်း မဟုတ်ပေ။ အဓိကအားဖြင့် သေဆုံးပြီးနောက်တွင် ကျင့်ကြံခြင်းကို ကောင်းကောင်း မလုပ်ဘဲ လမ်းမှားသို့ ရောက်ကာ ယင်မိစ္ဆာအသွင် ပြောင်းလဲသွားပြီးမှ နောက်ပိုင်းတွင်မှ နောင်တရကာ လမ်းမှန်သို့ ပြန်လည်လျှောက်လှမ်းသူများ ဖြစ်သည်။

သို့သော် ယင်မိစ္ဆာ ဖြစ်စဉ်အတွင်းတွင် ဖြစ်ပေါ်ခဲ့သည့် နောက်ဆက်တွဲ ပြဿနာများမှာ ပြန်လည် ကုသရန် မလွယ်ကူပေ။ ယခု ရွှမ်ကျိမှာလည်း ထိုအထဲမှ ဥပမာတစ်ခု ဖြစ်သည်။

“မလုပ်ပါနဲ့၊ ငါပြောမယ်၊ အကုန်ပြောမယ်။ အဲ့ဒီဧည့်သည် ဝယ်သွားတာက ယင်လောကဝင် အမွှေးတိုင် ပါ။ မင်းတို့ အမှောင်တပ်ဖွဲ့ ရှာနေတဲ့ လူ မဟုတ်ပါဘူး ”

ရွှမ်ကျိမှာ အိုရှူက တကယ်လုပ်တော့မည်ကို သိသဖြင့် ဖန့်ချန်ကို ချက်ချင်း ရောင်းစားလိုက်တော့သည်။

ယင်လောကဝင် အမွှေးတိုင် လား

အိုရှူ ရင်ထဲတွင် သက်ပြင်းချနိုင်သွားသည်။ သူ့ရှေ့က ဒီကောင်သည် လိမ်မပြောရဲတော့ဟု သူ ထင်သည်။ အကယ်၍သာ ယင်လောက်ဝင် အမွှေးတိုင် သက်သက်ဆိုရင်တော့ ဒီအမှုက ဒီနေရာမှာတင် ပြီးဆုံးပြီ ဖြစ်သည်။

သို့သော်...

“ငါ့အထက်လူကြီးရဲ့ စကားကို ငါ နားမထောင်လို့ မရဘူး။ မင်း အမှောင်တပ်ဖွဲ့ဆီကို တစ်ခေါက်တော့ သွားရဦးမယ်။”

ပြောပြီးသည်နှင့် အိုရှူသည် ရွှမ်ကျိကို ဆွဲခေါ်ကာ ဆိုင်ထဲမှ ထွက်လာသည်။ သူ၏ ဘေးတွင် အမှောင်တပ်သား အချို့လိုက်ပါလာပြီး အမှောင်လမ်းပြင်ပသို့ လူသိရှင်ကြား ခေါ်ဆောင်သွားတော့သည်။

အမှောင်လမ်းပေါ်ရှိ အချို့သော ဧည့်သည်များမှာ ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် အနည်းငယ် ကြောင်သွားကာ ရပ်ကြည့်နေကြသည်။ ကြီးမားသော ဆိုင်ခန်းအသီးသီးမှ ဝိညာဉ်မျိုးနွယ်စုများမှာလည်း တံခါးဝသို့ ထွက်လာကြပြီး မျက်နှာတည်တည်ဖြင့် ဤမြင်ကွင်းကို ငေးကြည့်နေကြသည်။ သူတို့အတွက်မူ ရွှမ်ကျိ ဖမ်းဆီးခံရခြင်းမှာ အမှောင်လမ်း၏ စည်းကမ်းများ ပြောင်းလဲတော့မည်ကို ပြသနေခြင်း ဖြစ်သည်။

ခေါက်ဆွဲဆိုင်ရှင်မှာ သူ၏ မုန့်သားများကို ချလိုက်ပြီး သူ၏ မျက်လုံးထဲတွင် စိမ်းဖျော့ဖျော့ အရောင်အလင်းများ တောက်ပလာသည်။

ဤသို့ဖြင့် ရွှမ်ကျိမှာ ဆက်တိုက် ဆဲဆိုနေသည့်ကြားမှ အမှောင်လမ်းပြင်ပသို့ ခေါ်ဆောင်သွားခြင်း ခံလိုက်ရပြီး အမှောင်လမ်းရှိ ဝိညာဉ်မျိုးနွယ်စုများ၏ အမြင်အာရုံမှ ပျောက်ကွယ်သွားတော့သည်။

ထိုဖြစ်ရပ်များအကြောင်းကို ဖန့်ချန်မှာ လုံးဝ မသိရှိပေ။

သူသည် အမှောင်လမ်းအပြင်ဘက်တွင် စောင့်ကြည့်နေခြင်း မပြုဘဲ ဟွမ်ရွှီး အမွှေးတိုင်ကို ရရှိပြီးနောက် အနီးအနားတွင် အသင့်အတင့် ရှိသော တည်းခိုခန်းတစ်ခုတွင် တည်းခိုလိုက်သည်။

အမှောင်တပ်သား အချို့ နောက်မှ လိုက်ပါလာသော်လည်း သူ၏ အခန်းအနီးသို့ မကပ်ဘဲ ဝေးဝေးမှသာ စောင့်ကြည့်နေကြသည်။ ဖန့်ချန်လည်း ဂရုမစိုက်တော့ဘဲ သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ကာ ထူထပ်သော ဟင်းလင်းပြင် ထဲသို့ ဝင်ရောက်သွားပြီး အတွင်းကမ္ဘာနယ်မြေ သို့ ရောက်ရှိသွားသည်။

“မှန်လေး ဟွမ်ရွှီး အမွှေးတိုင် ရလာပြီ။ ဒီအရာက ငါ့ကိုယ်ပေါ်က အငွေ့အသက်ကို တကယ်ပဲ ဖုံးကွယ်နိုင်မလား ”

ဖန့်ချန်သည် လက်ထဲမှ ဟွမ်ရွှီး အမွှေးတိုင်ကို လှည့်ပတ်ကြည့်ရင်း စပ်စုသော မျက်လုံးများဖြင့် မေးလိုက်သည်။

“ဒါပေါ့၊ မင်း ဒါကို မီးညှိပြီး အတွင်းကမ္ဘာနယ်မြေထဲမှာ စိုက်ထားလိုက်ရုံပဲ။ ဒီအရာက ၁၂ နာရီကြာအောင် လောင်ကျွမ်းမှာ၊ မင်းက ဒီ ၁၂ နာရီအတွင်းမှာ အဲ့ဒီ အတွင်းကမ္ဘာနယ်မြေ တားမြစ်ဇုန်ဆီကို ရောက်အောင် သွားရမယ်။ အဲ့ဒီအချိန်ကျရင် ငါ လမ်းညွှန်ပေးမယ်။”

မှန်လေး က ပြောသည်။

လီဝူ နှင့် ချီယန် သူတော်စင်တို့မှာလည်း အလွန် စိတ်ဝင်စားနေကြသည်။ အထူးသဖြင့် လီဝူမှာ ဟင်းလင်းပြင် ကွပ်မျက်သူများအကြောင်းကို သိသော်လည်း ဟွမ်ရွှီး အမွှေးတိုင်အကြောင်းကိုမူ တစ်ခါမှ မကြားဖူးပေ။ ဆိုလိုသည်မှာ ဝိညာဉ်မျိုးနွယ်စုတို့သည် ဤကိစ္စတွင် လျှို့ဝှက်ထားမှု အလွန်ကောင်းမွန်ပြီး၊ ယခင် အထွတ်ထိပ်တာအို အဆင့် သူတော်စင်တစ်ဦး ဖြစ်သူ သူပင်လျှင် ထိုပစ္စည်းကို မသိရှိခဲ့ခြင်း ဖြစ်သည်။

“ဒီပစ္စည်းကသာ အငွေ့အသက်ကို တကယ်ပဲ ဖုံးကွယ်ပြီး ဟင်းလင်းပြင် ကွပ်မျက်သူတွေကို ရှောင်လွှဲနိုင်မယ်ဆိုရင်တော့ တော်တော်လေး ထူးဆန်းတဲ့ ပစ္စည်းပဲ...”

လီဝူက စိတ်ထဲတွင် တွေးမိသည်။

ဖန့်ချန်သည် မှန်လေး၏ ညွှန်ကြားချက်အတိုင်း ဟွမ်ရွှီး အမွှေးတိုင်ကို မီးညှိပြီးနောက် မြေပြင်တွင် စိုက်ထားလိုက်သည်။

ဖျော့တော့တော့ အပြာရောင် မီးခိုးငွေ့များမှာ ပျံ့လွင့်သွားသည်။ တစ်ခဏချင်းတွင်ပင် အတွင်းကမ္ဘာနယ်မြေ တစ်ခုလုံးသည် ထူးခြားဆန်းပြားသည့် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။ မရှိသယောင်ယောင်၊ ရှိသယောင်ယောင်နှင့် ပေါ့ပါးသွားသလို ခံစားရသည်။

“စကြရအောင်”

မှန်လေး၏ လေသံမှာ ရုတ်တရက် လေးနက်သွားသည်။

…

အမှောင်တပ်ဖွဲ့။

ပိုင်ဇီဖုန်းချွန်း သည် ရွှမ်ကျိ၏ ရှေ့တွင် တည်ငြိမ်စွာ ရပ်နေသည်။

“ပြောစမ်း၊ အဲ့ဒီဧည့်သည် မင်းဆီက ဘာဝယ်သွားလဲ။”

“ယင်လောကဝင် အမွှေးတိုင် လေဗျာ၊ ဖုန်းချွန်း တပ်မှူးကြီးရယ်၊ နောက်ထပ် ဘယ်နှစ်ခါ ပြောရဦးမှာလဲ၊ သူ တကယ်ပဲ ယင်လောကဝင် အမွှေးတိုင်ပဲ ဝယ်သွားတာပါ ”

ရွှမ်ကျိ၏ အသံမှာ အနည်းငယ် အက်ကွဲနေသည်။

“မင်း အမှောင်လမ်းရဲ့ စည်းကမ်းကို ဖျက်ဆီးလိုက်ပြီ၊ အခု ငါ့ကို ဒီခေါ်လာပြီးရင် ပြန်သွားရင်လည်း ဆိုင်ရှင် လုပ်လို့ရတော့မှာ မဟုတ်ဘူး၊ မင်းက ငါ့ရဲ့ အနာဂတ်ကို ဖျက်ဆီးလိုက်တာ...”

“ရိုးရိုးသားသား နေစမ်း၊ မင်းမှာ ဘာအနာဂတ်ရှိလို့လဲ။”

အိုရှူက လှောင်ရယ်လိုက်သည်။

“မရိုးသားရင်တော့ ဆုန်းချိခရိုင်မှာ မင်း ဆက်မနေရအောင် လုပ်ပစ်မယ်”

“သူ့ကိုယ်ပေါ်က အမှတ်အသားက ငါတို့ လက်အောက်က အမှောင်တပ်သားတွေနဲ့ ဆင်တူနေတယ်။”

ပိုင်ဇီဖုန်းချွန်းက ရုတ်တရက် တစ်လှမ်းတိုးလာပြီး ရွှမ်ကျိကို သေချာ စိုက်ကြည့်လိုက်သည်။

အိုရှူမှာ အံ့အားသင့်သွားသည်။

“အရှင်၊ အဲ့ဒီတော့... သူလည်းပဲ မှတ်ဉာဏ်ထိခိုက်တာ ခံလိုက်ရတာလား ”

“ဟုတ်တယ် ”

ပိုင်ဇီဖုန်းချွန်းက ခေါင်းအသာညိတ်လိုက်ပြီးနောက် အစိမ်းရောင် ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ရွှမ်ကျိဆီသို့ ပစ်ပေးလိုက်သည်။

“မင်း အလိမ်ခံလိုက်ရတယ်လို့ ငါ သံသယရှိတယ်၊ ဒီဆေးက သတိပြန်လည်ဆေး ပဲ၊ စားလိုက်။”

“ငါ အလိမ်ခံရတယ်”

ရွှမ်ကျိမှာ မျက်မှောင်ကြုတ်လိုက်ပြီးနောက် ရှေ့က သတိပြန်လည်ဆေးကို ကြည့်ကာ လှောင်ပြောင်သည့် အမူအရာဖြင့် ပြောလိုက်သည်။

“စားမှာပေါ့၊ မင်းတို့မှာ ဘာနည်းလမ်းတွေ ရှိလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့။”

သူသည် သတိပြန်လည်ဆေးကို တစ်ခါတည်း မျိုချလိုက်သည်။ ခဏအကြာတွင် သူ ရုတ်တရက် အံ့အားသင့်သွားပြီး ပိုင်ဇီဖုန်းချွန်းနှင့် အိုရှူကို မှင်သက်စွာ ကြည့်လိုက်သည်။

“ငါ တကယ်ပဲ အလိမ်ခံလိုက်ရတာပါလား”

All Chapters