← Chapters

အခန်း ၁၁၂၁

Vol. 107 Ch. 1121

အခန်း ၁၁၂၁

Vol. 107 Ch. 1121

အခန်း ၁၁၂၁ မြွေဘုရင် ဆဲဆိုခြင်း

"မြွေကတော့ ဒီမှာ ရှိနေပြီ။ ဒါပေမဲ့ ဟိုကောင်က ဘယ်မှာလဲ။ ငါ့ရဲ့ အမှန်တရား တာအိုဂိုဏ်းက အကြီးအကဲတွေကို သတ်ရဲတဲ့သူက ဘယ်လိုကောင်လဲဆိုတာ ငါ သိချင်လှပြီ" အခြားဂိုဏ်းချုပ် တစ်ယောက်က ဆိုလိုက်သည်။ သူ၏ အမှန်တရား တာအိုဂိုဏ်းမှာ အင်အားအကြီးဆုံး အဖြူရောင်ဂိုဏ်းဖြစ်ပြီး ယခင်က လုံချန်း ဤတိုက်ကြီးမှ ထွက်ခွာသွားခဲ့စဉ်က အသုံးပြုခဲ့သည့် ဆိပ်ကမ်းကို ထိန်းချုပ်ထားသော ဂိုဏ်းလည်း ဖြစ်ပေသည်။

​"စိတ်မပူပါနဲ့... သူ ဂိုဏ်းထဲမှာပဲ ရှိသေးတယ်။ ဒါပေမဲ့ သူက အဓိက ပြဿနာ မဟုတ်ဘူး။ တကယ့်ပြဿနာက ဒီမြွေပဲ။ ငါတို့ သူ့ကို အရင်ရှင်းပစ်လိုက်နိုင်တာနဲ့ ကျန်တဲ့ အရာအားလုံးက ကလေးကစားစရာလို ဖြစ်သွားလိမ့်မယ်" အမျိုးသမီးအသံ တစ်သံ ဝေးလံသော နေရာမှ ထွက်ပေါ်လာခဲ့သည်။

​"အလှလေး... မင်း အဲဒီမှာကိုး" မြွေဘုရင်သည် အသံကို မှတ်မိသွားသဖြင့် လှမ်း၍ ဆိုလိုက်၏။

​သူသည် အသံလာရာဘက်သို့ လှမ်းကြည့်လိုက်ရာ ကောင်းကင်ပေါ်သို့ ပျံသန်းတက်လာနေသော ဝိညာဉ်နက်ဂိုဏ်း၏ ဂိုဏ်းချုပ်ကို မြင်တွေ့လိုက်ရတော့သည်။

​"မင်း ထွက်ပြေးသွားပြီ အောက်မေ့နေတာ။ ငါ့မှာ မင်း ကပြတာကို မကြည့်လိုက်ရလို့ စိတ်မကောင်းဖြစ်နေတာ။ အခုတော့ အဆင်ပြေသွားပြီပဲ။ မင်း ဒီမှာ ရှိနေတာကိုး" မြွေဘုရင်က ရယ်မောရင်း ဆိုလိုက်၏။

​"စာပေတွေထဲမှာတော့ အဆင့်မြင့်သားရဲတွေက စကားပြောနိုင်တယ်လို့ ရေးထားတာ ဖတ်ဖူးပါတယ်။ ဒါပေမဲ့ စကားပြောနိုင်တဲ့ အဆင့်မြင့် သားရဲတစ်ကောင်က ဒီလို ရိုင်းစိုင်းတဲ့ နှုတ်ကြမ်းမျိုး ရှိလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးခဲ့ဘူး" ဝိညာဉ်နက်ဂိုဏ်းချုပ်က မြွေဘုရင်ကို နှာခေါင်းရှုံ့ရင်း ဆိုလိုက်သည်။

​"ဟေ့... ငါက မင်းကို လှတယ်လို့ ပြောလိုက်ရုံနဲ့ ကောင်းကင်ပေါ် ပျံတက်မသွားနဲ့ဦး။ ငါက ယဉ်ကျေးရုံသက်သက် ပြောလိုက်တာ။ ငါ အမှန်အတိုင်း ပြောရရင် ဒီဘုရင်ကြီးသာ ခရုသင်းတစ်ချက် မှုတ်လိုက်ရင် ကောင်းကင်ဘုံက တကယ့်အလှပန်းလေးတွေ ထောင်နဲ့ချီပြီး ဒီဘုရင်ကြီးရဲ့ စိတ်ကို ပျော်ရွှင်စေဖို့ အလိုလို ရောက်လာကြမှာ" မြွေဘုရင်က ထိုအမျိုးသမီးကို ပြန်လည်ခြေပလိုက်၏။

​"မင်း... မင်းက သူတို့အရှေ့မှာဆိုရင် ရုပ်ဆိုးမလေးတစ်ယောက်ထက် မပိုဘူး။ မင်းက ရုပ်ဆိုးလို့ ဘဝမှာ ဒုက္ခရောက်နေရှာမှာပဲဆိုပြီး ငါက သနားလို့ အကောင်းပြောပေးတာကို။ အခုကျတော့ ငါ့ကို ရိုင်းစိုင်းတယ်လို့ ပြောတယ် ဟုတ်လား။ ဒီခေတ်ထဲမှာ စေတနာကို အသိအမှတ်ပြုတဲ့သူ တကယ်ကို မရှိတော့ဘူးပဲ။ မင်းလို ရုပ်ဆိုးတဲ့ လူတွေတောင်မှပေါ့" သူက မိမိကို ရိုင်းစိုင်းသည်ဟု ပြောရဲသော ထိုအမျိုးသမီးကို ဆက်လက်၍ စော်ကားမော်ကား ပြောဆိုလိုက်သော်လည်း ထိုမျှနှင့် ရပ်တန့်မသွားခဲ့ချေ။

​သူသည် စကားများကို တရစပ် ဆက်လက်ပြောဆိုပြီးနောက် မကြာမီမှာပင် သူမ၏ ခုနစ်ဆက်မြောက် မျိုးဆက်အထိ ပါအောင် ဆဲဆို လေတော့သည်။

​အခြားဂိုဏ်းချုပ်များသည် ပါးစပ်အဟောင်းသားဖြင့် မှင်တက်လျက် ရပ်ကြည့်နေမိကြ၏။ ဤမြွေကြီး၏ နှုတ်ထွက် စကားများမှာ တကယ့်ကို ထက်မြက်ပေသည်။ သူတို့သည် ထိုဆဲရေးမှုများ၏ ပစ်မှတ်မဟုတ်သော်လည်း ဤမျှ များပြားသော ဆဲဆိုသံများကို ကြားရုံမျှဖြင့်ပင် နားထဲမှ သွေးထွက်မတတ် ခံစားလိုက်ရသည်။

​အခြားတစ်ဖက်တွင်မူ ဝိညာဉ်နက်ဂိုဏ်းချုပ်၏ မျက်နှာတစ်ခုလုံးမှာ ရဲရဲနီနေခဲ့ချေပြီ။ သူမ၏ ဘဝသက်တမ်း တစ်လျှောက်တွင် ယခုကဲ့သို့ ပြင်းပြင်းထန်ထန် စော်ကားခံရခြင်းမျိုး တစ်ခါမျှ မကြုံဖူးခဲ့ချေ။ ၎င်းမှာလည်း မိမိဂိုဏ်းသားအားလုံး၏ အရှေ့တွင် ဖြစ်ပျက်ခဲ့ခြင်းပင်။

​သူမသည် ဤဂိုဏ်းအတွင်း၌ လူတိုင်းက ကိုးကွယ်ကြရသော နတ်သမီးတစ်ပါး ဖြစ်ပေသည်။ သူမသည် မည်သူမျှ မမှီနိုင်သော ကြယ်တစ်ပွင့် ဖြစ်ခဲ့သော်လည်း ယနေ့တွင်မူ သူမနှင့်အတူ သူမ၏ ခုနစ်ဆက်မြောက် မျိုးဆက်ပါမကျန် ဆဲရေးခြင်းကို ခံလိုက်ရရှာသည်။

​"မသာ မြွေစုတ်၊ နင်က သန်မာနေရုံနဲ့ပဲ အရာရာကို လျှောက်ပြောလို့ရတယ်လို့ ထင်နေတာလား။ ဒီနေ့တော့ နင် သေရမယ်။ ပြီးရင် နင့်နောက်က ကောင်လည်း သေရမယ်" ဝိညာဉ်နက်ဂိုဏ်းချုပ်က ဒေါသတကြီးဖြင့် ဟောက်လိုက်တော့၏။

​"ဪ... ဘယ်သူ သေရမှာလဲ မေးပါရစေဦး။ ဂိုဏ်းချုပ်ကြီးက ဘယ်သူ့အကြောင်းကို ပြောနေတာလဲ"

​ဝိညာဉ်နက်ဂိုဏ်းချုပ်၏ အော်ဟစ်သံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ဟိန်းထွက်နေသော စွမ်းအားပြည့် အသံတစ်သံက ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့ပြီး လူတိုင်း၏ နားထဲသို့ ရောက်ရှိသွားခဲ့သည်။

​ဝိညာဉ်နက်ဂိုဏ်းချုပ်က ဝေးလံသော နေရာဆီသို့ လှမ်းကြည့်လိုက်ရာ ဇနီးများနှင့် အခြားသူများကို ခေါ်ဆောင်ကာ လျှောက်လှမ်းလာနေသော လုံချန်းအား မြင်တွေ့လိုက်ရ၏။

​"မိန်းမကြီး... မင်း ငါ့ကို ရိုင်းစိုင်းတယ်လို့ ပြောခဲ့ပေမဲ့လည်း ငါ့ရဲ့အကြံဉာဏ်ကို နားထောင်ပြီး အဲဒီလူနဲ့ စကားပြောရင်တော့ နှုတ်ကို စောင့်စည်းတာ ပိုကောင်းလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူက ငါ့ထက် အများကြီး ပိုဆိုးလို့ပဲ" မြွေဘုရင်က ဝိညာဉ်နက်ဂိုဏ်းချုပ်ကို စိုက်ကြည့်ရင်း ဆိုလိုက်သည်။ "ငါ မင်း ကပြတာကို မကြည့်ရသေးဘူးလေ။ ဒါကြောင့် မင်းကို အခုချက်ချင်း မသေစေချင်သေးဘူး"

​"နင်..." ဝိညာဉ်နက်ဂိုဏ်းချုပ်က မြွေဘုရင်ကို စိုက်ကြည့်ရင်း လက်သီးကို တင်းတင်း ဆုပ်လိုက်၏။ သူ့စကားများက သူမကို ကဲ့ရဲ့လှောင်ပြောင်နေသကဲ့သို့ ဖြစ်နေခဲ့သည်။

​သူမ ဘဝက ကလေး တစ်ယောက်ကိုပင် ပြန်မပြောနိုင်လောက်အောင် ဖြစ်သွားခဲ့ရပြီလော။ အထူးသဖြင့် ထိုကလေးက သူမ သားဖြစ်သူ သေဆုံးခဲ့ရခြင်း၏ အဓိက အကြောင်းအရင်း ဖြစ်နေခဲ့သည် မဟုတ်လော။ သူမသည် ဤကိစ္စနှင့်ပတ်သက်၍ ယခုထက်ထိ စိတ်မကောင်း ဖြစ်နေဆဲ ဖြစ်၏။ လွန်ခဲ့သည့် အကြိမ်က လုံချန်း ဤဂိုဏ်းမှ ထွက်ခွာသွားပြီးသည့် နောက်မှသာ သူမသည် ဤအကြောင်းကို သိရှိခဲ့ရခြင်း ဖြစ်သည်။ ထိုအချိန်ကတည်းက သူမသည် အခွင့်အရေးရှိပါလျက်နှင့် လုံချန်းကို မသတ်ခဲ့မိသည့်အတွက် နောင်တရနေခဲ့ခြင်း ဖြစ်သည်။

​အခု သူမတွင် နောက်ထပ် အခွင့်အရေးတစ်ခု ရှိလာခဲ့ပြီဖြစ်ရာ ၎င်းကို လုံးဝ လက်လွှတ်ခံမည် မဟုတ်ချေ။

​"လုံချန်းရ နင် ဒီကို လာတာ ဒါကြောင့်မလို့ကိုး။ ငါတို့ရဲ့ အကျဉ်းသားတွေကို လွှတ်ပေးဖို့ပေါ့ဟုတ်လား။ နင် ဘယ်လိုသတ္တိနဲ့ ငါတို့ရဲ့ အကျဉ်းထောင်ကို ဖောက်ပြီး အဲဒီသတ္တဝါတွေကို လွှတ်ပေးရဲတာလဲ" သူမက လုံချန်းကို ပြတ်ပြတ်သားသား မေးလိုက်သည်။

​"အဘွားကြီး... ခင်ဗျား စကားပြောရင် နှုတ်ကို စောင့်စည်းဖို့ ကျုပ် ပြောနေတယ်နော်။ ခင်ဗျား သတ္တဝါလို့ ခေါ်နေတဲ့ အဲဒီလူတွေက ကျုပ် သူငယ်ချင်းတွေပဲ။ တကယ့် တိရစ္ဆာန်အစစ်က သာမန်လူသားတွေရဲ့ သွေးကို သုံးပြီး ကျင့်ကြံခဲ့တဲ့ ခင်ဗျား သားပဲဗျ။ ပြီးတော့ အဲဒီထက် ပိုပြီး ဆိုးသွမ်းတဲ့ တိရစ္ဆာန်ကတော့ အဲဒီလိုမျိုး ဖြစ်ပျက်နေတာကို ခွင့်ပြုပေးခဲ့တဲ့ ခင်ဗျားကိုယ်တိုင်ပဲ။ ဒါတွေကို ကျုပ် ဘာမှမသိဘူးလို့ မထင်လိုက်နဲ့" လုံချန်းက ထက်ထက်မြက်မြက်ပင် ပြန်လည်ချေပလိုက်၏။

​"သာမန်လူသားတွေရဲ့ သွေး ဟုတ်လား... ဂိုဏ်းချုပ်က တကယ်ပဲ အဲလိုလုပ်ခဲ့တာလား"

​"ဒါက အမှန်ပဲလား"

​"အရင်က ထိပ်သီးတပည့် ခေါင်းဆောင်က ဒါကို ပြောနေတာဆိုရင် သူ အမှန်အတိုင်း ပြောနေတာ ဖြစ်ရမယ်။ အရင်တုန်းက သူ့သား တစ်ယောက်တည်း ရှိနေတဲ့အချိန်တုန်းက ဝေးလံတဲ့ ရွာတွေက လူတွေ ခဏခဏ ပျောက်ဆုံးသွားခဲ့ပြီး သူ့သား သေသွားတဲ့ အချိန်ကျမှ အဲဒီကိစ္စ ရပ်တန့်သွားခဲ့တယ်ဆိုတဲ့ သတင်းကို ငါ ကြားဖူးတယ်"

​"ဘုရားရေ... ဒါက ရူးစရာပဲ။ ငါတို့က မိစ္ဆာဂိုဏ်း ဖြစ်တယ်ဆိုရင်တောင် သာမန်လူသားတွေရဲ့ သွေးကို သုံးတယ်ဟုတ်လား။ ငါတော့ စိတ်ထဲ တကယ် မကောင်းဘူး"

​လူတိုင်း ထိုအကြောင်းကို ကြားလိုက်ရသောအခါ လူစုလူဝေးကြီးက ဂိုဏ်းချုပ်ကို သံသယမျက်လုံးများဖြင့် စတင် ကြည့်ရှုလာကြတော့သည်။ အချို့ အဖြူရောင်ဂိုဏ်းများမှ ဂိုဏ်းချုပ်များပင်လျှင် သူမကို ရွံရှာစက်ဆုပ်ဖွယ် မျက်လုံးများဖြင့် စိုက်ကြည့်လာကြ၏။

​"န... နင် ဘာတွေ လျှောက်ပြောနေတာလဲ" ဝိညာဉ်နက်ဂိုဏ်းချုပ်က လုံချန်းကို ဒေါသတကြီး စိုက်ကြည့်ရင်း အော်ဟစ်လိုက်သည်။

​သူမသည် အခြားဂိုဏ်းချုပ်များကို လှမ်းကြည့်လိုက်ပြီးနောက် ချက်ချင်းပင် ဆင်ခြေပေး ရှင်းပြတော့၏။ "သူ့စကားကို မယုံကြပါနဲ့။ သူက ငါတို့ရဲ့ အဓိက ရည်မှန်းချက်ကို အာရုံလွှဲဖို့ လိမ်ညာနေတာ။ မမေ့ကြပါနဲ့... ငါတို့ ဒီကို လာတာ အဲဒီမြွေကြီးနဲ့ သူ့ကို သတ်ဖို့ပဲ"

​"မှန်တယ်၊ အရင်ဆုံး ငါတို့ ဒီအရေးကြီးတဲ့ ကိစ္စကို အရင်ရှင်းရမယ်။ အဲဒီနောက်မှ သူ့ကို ငါတို့ ပြန်ပြီး စစ်မေးလို့ရတာပေါ့" အမှန်တရား တာအိုဂိုဏ်းချုပ်က သဘောတူညီစွာဖြင့် ဆိုလိုက်သည်။

​"အားလုံးပဲ... အဲဒီမြွေကို တိုက်ခိုက်ကြ" သူက အမိန့်ပေးလိုက်၏။

​"နေဦး... သူ့ရဲ့ သခင်က ဒီအရှေ့တည့်တည့်မှာ ရှိနေတာကို မင်းတို့က ဘာဖြစ်လို့ ငါ့ရဲ့မြွေကိုပဲ လိုက်ပြီး တိုက်ချင်နေရတာလဲ" လုံချန်းက တည်ငြိမ်စွာ မေးလိုက်ပြီး သူ့ကို လှည့်ကြည့်လာကြသော ဂိုဏ်းချုပ်များအား တားဆီးလိုက်သည်။

​"ဟေ့... မင်းက ငါ့ရဲ့ သခင်မဟုတ်ဘူးနော်။ မင်းက ငါ့ရဲ့ လက်ရုံးပဲ" မြွေဘုရင်က ပြန်လည်အော်ဟစ်လိုက်၏။

​"ဒါပေမဲ့ မင်းမှာ လက်မှ မရှိတာပဲ အရူးရဲ့" လုံချန်းက မှတ်ချက်ချလိုက်သည်။

​"အဲဒါကြောင့်မလို့ပဲ ငါက မင်းကို ငါ့ရဲ့လက်အဖြစ် ထားတာပေါ့။ ဒါက သာမန်အသိဉာဏ်ပဲ ကောင်လေးရာ။ ဒီဘက်ခေတ်မှာ အဲဒီအသိဉာဏ်က တအား ရှားသွားပြီ" မြွေဘုရင်က မျက်လုံးပင့်ရင်း ပြန်လည်ဖြေကြားလိုက်၏။

​မြွေဘုရင်နှင့် လုံချန်းတို့၏ စကားပြောဆိုမှုကို လျစ်လျူရှုလိုက်ရင်း ဂိုဏ်းချုပ်များက မေးမြန်းလိုက်ကြသည်။ "ဒါဆိုရင် ငါတို့က ဘာလုပ်ရမှာလဲ။ မင်းကို တိုက်ရမှာလား။ ဒါမှ မင်းရဲ့မြွေက ငါတို့ကို အနောက်ကနေ ချောင်းပြီး တိုက်ခိုက်လို့ရအောင်လို့လား"

​"အနောက်ကနေ ချောင်းတိုက်မှာ ဟုတ်လား။ သူ အဲလိုမလုပ်ပါဘူး" လုံချန်းက တည်ငြိမ်စွာ ပြန်ဖြေ၏။

​"ဟုတ်တယ်... ငါ အနောက်က မတိုက်ဘူး။ ငါက အရှေ့တည့်တည့်ကနေ တိုက်မှာ" မြွေဘုရင်က ဝင်ရောက်ပြောဆိုလိုက်သည်။

​"မဟုတ်ဘူး... သူ အရှေ့ကော အနောက်ကော ဘယ်ကမှ မတိုက်ခိုက်စေရဘူး။ သူ ဝင်ရောက်မစွက်ဖက်ဖို့ ငါ သူ့ကို အမိန့်ပေးထားမယ်။ အဲဒါ ဘယ်လိုလဲ... ပိုပြီး ကောင်းမွန်တဲ့ ကမ်းလှမ်းချက် မဟုတ်ဘူးလား" လုံချန်းက မေးလိုက်၏။

​"မင်း ဘာတွေ ကြံစည်နေတာလဲ။ မင်းရဲ့ အသက်ကို ရင်းပြီးတော့ အဲဒီမြွေရဲ့ အသက်ကို ကယ်တင်ချင်နေတာလား" ကောင်းကင်ဘုံ သတ်ဖြတ်သူဂိုဏ်းချုပ်က စူးစမ်းမေးမြန်းလိုက်သည်။

​"ငါ့အသက်ကို ရင်းရမယ် ဟုတ်လား။ ငါ့အသက်က အန္တရာယ်ထဲ ရောက်နေလို့လား။ ဘယ်သူ့ကြောင့်လဲ။ ငါ သိသလောက်တော့ ငါက မင်းတို့လို ကလေးတွေကိုပဲ ရင်ဆိုင်ရမှာလေ။ ငါ တကယ်ပဲ စိုးရိမ်ပူပန်ရမယ့် တခြားတစ်ယောက်ယောက်ကော ဒီထဲမှာ ထပ်ပြီး ပါလာဦးမှာ မလို့လား"

All Chapters