← Chapters

အခန်း ၂၁၁

Vol. 22 Ch. 211

အခန်း ၂၁၁

Vol. 22 Ch. 211

အခန်း (၂၁၁) မကျေနပ်ရင် သူတို့နဲ့ ပြန်ဆုံတွေ့ဖို့ မင်းကို ငါ ပို့ပေးနိုင်တယ်

ထိုစကားလုံးအနည်းငယ်က နန်ကုန်းရှင်းယွဲ့၏ နှလုံးသား အနက်ရှိုင်းဆုံးနေရာကို အမှန်တကယ် ထိရှသွားစေခဲ့သည်။ခုံးဝူတောက်သည် သူမ၏ပခုံးများကိုဖက်ကာ သူတို့ အချင်းချင်း ညီအစ်ကိုများဟု ခေါ်ကြမည့် မြင်ကွင်းကို သူမ၏စိတ်ထဲတွင် စိတ်ကူးယဉ်တွေးတောလိုက်တိုင်း ဤသည်က နန်ကုန်းရှင်းယွဲ့၏နှလုံးသားပေါ်သို့ အရိပ်မည်းတစ်ခု မလွှဲမရှောင်သာ ကျရောက်သွားစေသည်။ဟွမ်ထျန်း တားမြစ်နယ်မြေမှ ထိုမိန်းကလေးနှင့် ပေါင်းစပ်လိုက်ချိန်၌ နန်ကုန်းရှင်းယွဲ့သည် ရှင်းပြ၍မရသော အရေးပေါ် အကျပ်အတည်း ခံစားချက်တစ်ခုကို ခံစားမိပေ၏။နောက်ပိုင်းတွင် သူမသည် သူမမိခင်၏ အကြံပြုချက်ကို လက်ခံခဲ့သည်။'တကယ်လို့ ငါက အမျိုးသားတစ်ဦးကို ငါ့အတွက် ကျရှုံးစေချင်တယ်ဆိုရင် ငါက နူးညံ့သိမ်မွေ့ရမယ် အသိဉာဏ်ရှိရမယ် သိုသိပ်ရမယ် ဒါပေမယ့် အသေးအဖွဲ ကိစ္စတွေကိုတော့ ဂရုမစိုက်သင့်ဘူး' 'အထူးသဖြင့် ငါက ခုံးဝူတောက်ကို မြင်တာနဲ့ စကားတစ်ခွန်းမှမပြောဘဲ ယှဉ်ပြိုင်တိုက်ခိုက်မှုတစ်ခုကို ချက်ချင်းစတင်ခဲ့တဲ့ အရင်ကလိုမျိုး လုပ်လို့မရတော့ဘူး''အမျိုးသားတွေ ယှဉ်ပြိုင်တိုက်ခိုက်ကြတဲ့အချိန်မှာ ပြင်းထန်တဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေကနေတဆင့် ရဲဘော်ရဲဘက်စိတ်ဓာတ်ကို တည်ဆောက်နိုင်တယ်''ဒါပေမယ့် အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီး တစ်ယောက် ယှဉ်ပြိုင်တိုက်ခိုက်ရင်တော့ အဲ့ဒါက ညီအစ်ကိုခံစားချက်ဆီကို ဦးတည်နေတာ မဟုတ်ဘူးလား' သူမက တွေးတောနေခဲ့သည်။ဤအခိုက်အတန့်တွင် ခုံးဝူတောက်က ရုတ်တရက် စကားပြောဆိုလိုက်၏။"နန်ကုန်းရှင်းယွဲ့...ငါ ဒီနေရာမှာ ရှိနေတယ်ဆိုတာကိုမင်း ဘယ်လိုလုပ်ပြီး သိတာလဲ...ငါ့အဖေက မင်းကို ပြောပြလိုက်တာလား..."နန်ကုန်းရှင်းယွဲ့က တုံ့ပြန်အဖြေပေးသည်။"မဟုတ်ဘူး နင်က ငါ့ကို လာရှာဖို့ အချိန်မရမှာကို ငါ စိုးရိမ်မိတယ်...ဒါကြောင့် နင့်ရဲ့ သွားလာလှုပ်ရှားမှုတွေကို အချိန်တိုင်း ခြေရာခံဖို့ အကြီးအကဲ ယွီကို ငါ ညွှန်ကြားခဲ့တယ်.... နင် မြေအောက်ကမ္ဘာကိုးထပ်မြို့တော်ကို ရောက်နေပြီဆိုတာကို သိတာနဲ့ ငါ ချက်ချင်း ပြေးလာခဲ့တာ"ဤစကားကို ကြားလိုက်ရသောအခါ ခုံးဝူတောက် နောက်တစ်ကြိမ် အနည်းငယ် နေရခက်သွားသကဲ့သို့ ခံစားလိုက်ရသည်။'ဒီအချိန်မရမှာ ဆိုတာက တကယ့်ကို နည်းနည်းတော့ မှားနေသလိုပဲ....သူက ငါ ထပ်ပြေးသွားပြီး သူကို တွေ့ဖို့ တမင်ရှောင်ဖယ်နေမှာကို ကြောက်နေသလိုပဲ' သူ တွေးတောလိုက်သည်။ထိုအချက်က တကယ့်ကို အမှန်တရား ဖြစ်သော်လည်း သူ ထုတ်မပြောနိုင်ချေ။"ဒါနဲ့ ဒီပစ္စည်းတွေက နင့်အတွက်ပဲ..."ထိုအသံ ထွက်ပေါ်လာပြီးနောက် နန်ကုန်းရှင်းယွဲ့က သူမ၏ နူးညံ့ချောမွတ်သောလက်ကို ဝှေ့ယမ်းလိုက်၏။ဟင်းလင်းပြင်သည် ရုတ်တရက် လှိုင်းထသွားပြီး အလွန်သေသပ်စွာ ဖန်တီးထားသော သလင်းကျောက်စိမ်းသေတ္တာတစ်ခု ထွက်ပေါ်လာကာ ခုံးဝူတောက်၏လက်ထဲသို့ ဖြည်းညှင်းစွာ ကျဆင်းသွားတော့သည်။ခုံးဝူတောက်သည် ထိုပစ္စည်းကို စစ်ဆေးရန် သူ၏ နတ်ဘုရားစိတ်အာရုံကို မသိစိတ်အရ ထုတ်လွှတ်လိုက်ပြီးနောက် သူ၏နတ်ဘုရားစိတ်ဝိညာဉ် တုန်ယင်မသွားဘဲ မနေနိုင်တော့ချေ။ထိုသလင်းကျောက်စိမ်းသေတ္တာအတွင်းတွင် ကောင်းကင်နှင့်မြေကြီး ရတနာ မည်မျှထိ ထုပ်ပိုးထားသည်ကို သူ မရေတွက်နိုင်ခဲ့ချေ။ ထိုအရာအတွင်းရှိ စိတ်ဝိညာဥ်ဆေးပင် တစ်ပင်စီတိုင်းသည် နှစ်ပေါင်းနှစ်သိန်းကျော် သက်တမ်းရှိပေ၏။ထို့ပြင် ထျန်းကွမ်တားမြစ်နယ်မြေတွင်သာ ဖန်တီးနိုင်သည့် အထူးဆေးလုံးများ၊ ကျင့်ကြံနည်းစနစ်များ၊ လျှို့ဝှက်ကျမ်းစာများနှင့် ထိပ်တန်းအဆင့် ဧကရာဇ် လက်နက် အများအပြားလည်း ရှိနေသည်။ဤကာလအတွင်း သူသည် စနစ်ဆုလာဘ် အများအပြား ရရှိခဲ့ကာ သူ၏ကျင့်ကြံခြင်း အရင်းအမြစ်များသည် မကုန်ခမ်းနိုင်နီးပါး ဖြစ်နေခဲ့သည်။သို့သော် နန်ကုန်းရှင်းယွဲ့ ပေးသော ဤပစ္စည်းများသည် သူ့ကို မယုံကြည်နိုင်လောက်အောင် အံ့အားသင့်စေဆဲပင်။ထိုသေတ္တာအတွင်းရှိ အဖိုးတန်ရတနာများထဲမှ တစ်ခုသာ ပြင်ပလောကသို့ ပေါက်ကြားသွားပါက မရေမတွက်နိုင်သော သက်ရှိများကို ထိုပစ္စည်းများအတွက် လုယက်ကာ တိုက်ခိုက်စေပေလိမ့်မည်။ခုံးဝူတောက်က သိချင်စိတ်ဖြင့် မေးလိုက်သည်။"ဒီလောက် ရတနာတွေ အများကြီးကို မင်း ဘယ်နေရာကနေ ရတာလဲ""ဒီနှစ်တွေတလျှောက်လုံး ငါ အထူး စုဆောင်းထားခဲ့တာ"သူမက ပြန်ဖြေလိုက်သည်။ခုံးဝူတောက် နောက်တစ်ကြိမ် စကားမပြောနိုင် ဖြစ်သွားလေ၏။နန်ကုန်းရှင်းယွဲ့သည် ရတနာရှာကြွက်တစ်ကောင် ဖြစ်နေမည်ဟု သူ အမှန်တကယ်ကို သံသယဝင်နေမိသည်။ သူမသည် ရတနာများကို သိုလှောင်သိမ်းဆည်းရာ၌ အမှန်တကယ်ကို ထူးချွန်သည်။သူမ စုဆောင်းထားသည့် ဤပစ္စည်းများအားလုံးနှင့်ဆိုလျှင် ထိုအရာက အင်မော်တယ်တာအိုအမွေအနှစ်မြေ အများအပြား၏ ရတနာတိုက်များနှင့် တန်ဖိုးခြင်း ညီမျှနေနိုင်သည် မဟုတ်လော..."အရမ်းများလွန်းတယ်.... ငါ့မှာ ကျင့်ကြံခြင်း အရင်းအမြစ်တွေ အများကြီး ရှိပြီးသားလေ... ဒီလောက်ထိ အများကြီး ငါ မသုံးနိုင်ဘူး"ထိုသို့ပြောဆိုပြီးနောက် ခုံးဝူတောက်က သလင်းကျောက်စိမ်းသေတ္တာကို ချက်ချင်းပြန်ပေးရန် ဟန်ပြင်လိုက်သည်။"ကိစ္စမရှိပါဘူး... ငါ့မှာ အဲ့ဒီလို သလင်းကျောက်စိမ်း သေတ္တာတွေ အများကြီး ရှိသေးတယ်...တကယ်လို့ နင် မလိုချင်ဘူးဆိုရင် အဲ့ဒါကို နင် လွှင့်ပစ်လိုက်လို့လည်း ရတယ်"ထိုသို့ပြောဆိုခြင်းက သိပ်မှန်ကန်ပုံမရဟု ခံစားရသောကြောင့် နန်ကုန်းရှင်းယွဲ့က ထပ်ဖြည့်ပြောလိုက်သည်။ "သူ ဒီနေရာမှာ မရှိတော့တာကြောင့် အနာဂတ်မှာ နင်က ငါ့ကို စောင့်ရှောက်ပေးနိုင်မယ်လို့ သူ မျှော်လင့်တယ်လို့ ငါ့ရဲ့အဖေက ပြောလိုက်တယ်...ဒီပစ္စည်းတွေထဲမှာ သူ နင့်ကို ပေးချင်တဲ့ အရာတွေလည်း ပါတယ်"စကားများကို ဤမျှအထိ ပြောဆိုနေလေရာ ခုံးဝူတောက်သည် မည်သည်ကြောင့် နားမလည်ဘဲ နေမည်နည်း။ထျန်းကွမ် တားမြစ်နယ်မြေသခင်သည် ယခုချိန်မှစ၍ သူ၏သမီးကို သူနှင့်အတူ တွဲသွားတွဲလာ လုပ်စေရန် ရည်ရွယ်နေခြင်းပင်။သို့သော် သူ ထိုအချက်ကို မဆန့်ကျင်ခဲ့ချေ။နန်ကုန်းရှင်းယွဲ့၏ စွမ်းအားသည် အလွန်ကောင်းမွန်ပြီး သူမသည် ကြည့်ကောင်းသော်လည်း အသုံးမဝင်သော အလှပန်းအိုးတစ်လုံး မဟုတ်ချေ။အဆိုးဆုံး အခြေအနေကို တွေးကြည့်လျှင် သူ၏နံဘေးတွင် နောက်ထပ်ချစ်ဖွယ်ကောင်းပြီး ရိုးအကာ ကံကောင်းစေသော အဆောင်လေးတစ်ခု ထပ်ရလိုက်ခြင်းပင်။"ဒါနဲ့....ဒီပစ္စည်းကလည်း နင့်အတွက်ပဲ.... အဲ့ဒါက နင့်စီးတော်ယာဉ်ရဲ့ သွေးမျိုးဆက်ကို မြှင့်တင်ပေးနိုင်သင့်တယ်"စကားပြောဆိုနေစဉ်မှာပင် နန်ကုန်းရှင်းယွဲ့က သူမ၏ နူးညံ့ချောမွတ်သောလက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်၏။ကြီးကျယ်ခမ်းနားသော နဂါးချီစွမ်းအင်ကို ထုတ်လွှတ်နေသည့် ကြည်လင်သော သွေးဆယ့်ငါးစက်တိတိ လေထဲတွင် ထွက်ပေါ်လာပြီး ခုံးဝူတောက်၏ရှေ့တွင် မျောလွင့်နေသည်။"ဒါက...."ခုံးဝူတောက်၏မျက်လုံးသူငယ်အိမ်များ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ထိုကဲ့သို့ ပုံစံ ထိုကဲ့သို့အရှိန်အဝါ....ဤအရာများသည် အစောပိုင်းက လုံယန်၏ခန္ဓာကိုယ်မှ သူ ထုတ်ယူခဲ့သော အစစ်အမှန် နဂါးအနှစ်သာရသွေးနှင့် လုံးလုံးလျားလျား တူညီနေသည် မဟုတ်လော....ထို့အပြင် ဆယ့်ငါးစက်ပင်လျှင် ရှိနေပြီး သွေးနှစ်စက်၏အရှိန်အဝါသည် လုံယန်​​၏အရှိန်အဝါနှင့် တထပ်တည်းကျနေသည်။ထိုသွေးစက်၏ပိုင်ရှင်သည် အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စုမှ မဟာနဂါးဘုရင်ခြောက်ပါး၏ ​ဆက်ခံသူပါရမီရှင်များအနက်က တစ်ယောက် ဖြစ်နိုင်ချေများသည်။ခုံးဝူတောက် မမေးမြန်းမီမှာပင် နန်ကုန်းရှင်းယွဲ့က အရင်ဆုံး စကားပြောဆိုလိုက်၏။"အစောပိုင်းက မြေအောက်ကမ္ဘာကိုးထပ်မြို့တော်ကို ငါ မလာခင် နင့်ကို သတ်ချင်တယ်လို့ ပြောနေတဲ့ ကောင်တချို့နဲ့ ငါ ဆုံခဲ့တယ်...ဒါကြောင့် ငါက လမ်းမှာ သူတို့ကို ရှင်းပစ်ပြီး နင့်ကို ကူညီပေးလိုက်တာပဲ""နင့်ရဲ့ သားရဲမှာလည်း အစစ်အမှန် နဂါးသွေးမျိုးဆက် ရှိတယ်လို့ ငါ ကြားတယ်....ဒါကြောင့် ဒီပစ္စည်းတွေကို နင် သဘောကျမယ်လို့ ငါ ထင်တာ..""ဘာပဲဖြစ်ဖြစ် သူတို့ အားလုံးက နင့်ရဲ့ ရန်သူတွေပဲလေ....ဒါကြောင့် တန်ဖိုးရှိတာတွေ အားလုံးကို အကောင်းဆုံး အသုံးချဖို့ ငါ တွေးလိုက်ပြီးတော့...သူတို့ရဲ့ခန္ဓာကိုယ်ထဲက အစစ်အမှန် နဂါးသွေးတွေအားလုံးကို ထုတ်ယူလိုက်တယ်"ခုံးဝူတောက်သည် အစပိုင်းတွင် အနည်းငယ် မှင်သက်သွားပြီးနောက် ရုတ်တရက် နားလည်သွားလေ၏။အစောပိုင်းက မြေအောက်ကမ္ဘာကိုးထပ် မြို့စားစံအိမ် တွင် ရှိနေစဉ်က သူ၏အမုန်းခံရမှုအဆင့် တိုးလာသကဲ့သို့ မည်သည်ကြောင့် ခံစားခဲ့ရကြောင်းကို သူ တွေးတောနေခဲ့ခြင်းဖြစ်သည်။ယခုအချိန်၌ သူ နောက်ဆုံးတွင် နားလည်သွားလေပြီ။နန်ကုန်းရှင်းယွဲ့က သူ့ကိုယ်စား ဤငါးရှဉ့်များကို သတ်လိုက်ပြီးနောက် ထိုငါးရှဉ့်အိုကြီးများသည် ကိစ္စ၏အကြောင်းအရင်းကို သူ့ထံသို့ ပုံချလိုက်ပုံရသည်။"ဒါက"အထူးသဖြင့် ပြပွဲကောင်းကို အနီးကပ် စောင့်ကြည့်နေခဲ့သော အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ဧကရာဇ် သားတော်သမီးတော်များပင်။နန်ကုန်းရှင်းယွဲ့၏စကားများကို ကြားပြီးနောက် သူတို့ အလွန်အမင်း အံ့အားသင့်သွားပြီး အချင်းချင်း ကြည့်လိုက်ကြကာ သူတို့၏မျက်နှာအမူအရာများ ထိတ်လန့်ပြီး စိတ်ရှုပ်ထွေးနေခဲ့သည်။အထူးသဖြင့် သူမ ပြောခဲ့သော 'တန်ဖိုးရှိတာကို အကုန်အသုံးချမယ်'ဆိုသည့် စကားများပင်။ဤသည်မှာ သူတို့၏ နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်၏ ပုံစံနှင့် လုံးလုံးလျားလျား တထပ်တည်းကျနေသည်။သူတို့ သေဆုံးသွားပြီးနောက် သူတို့၏တန်ဖိုးများအားလုံးကို ညှစ်ထုတ်သည့် ထိုကဲ့သို့ အပြုအမူသည် သူတို့ကို သတ်ဖြတ်ရုံသာမက သူတို့၏ နှလုံးသားများကိုလည်း ပြစ်ဒဏ်ပေးခြင်းပင်။...တခြားတစ်ဖက်တွင်....စောင့်ကြည့်နေသူများနှင့် ကျင့်ကြံသူအများအပြားသည် နန်ကုန်းရှင်းယွဲ့၏ အထောက်အထားကို မသိကြချေ။သူတို့နှစ်ဦးကြားရှိ စကားပြောဆိုမှုများကို နားထောင်ရင်း လူအများသည်လည်း ဇဝေဇဝါ ဖြစ်နေကြပြီး မည်သို့သော ပဟေဠိမျိုးကို သူတို့ ပြောနေကြကြောင်း နားမလည်နိုင်ကြချေ။သို့သော် ယခုအချိန်၌ နန်ကုန်းရှင်းယွဲ့က အစစ်အမှန် နဂါး အနှစ်သာရသွေး ဆယ့်ငါးစက်ကို ရုတ်တရက် ထုတ်ယူလိုက်သည်အား မြင်တွေ့ပြီးနောက် လူတိုင်း၏အသက်ရှူသံများ ရပ်တန့်သွားပြီး သူတို့၏မျက်လုံးသူငယ်အိမ်များ အပ်များကဲ့သို့ ချက်ချင်း ကျဉ်းမြောင်းသွားသည်။လက်ရှိချိန်၌ ကောင်းကင်ဘုံများ၏ နယ်မြေအသီးသီး ကို ကြည့်မည်ဆိုပါက အစစ်အမှန် နဂါးအနှစ်သာရ သွေးကို ရရှိရန် နည်းလမ်းတစ်ခုတည်းသာ ရှိနေသည်။ထိုနည်းလမ်းမှာ အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စုဝင်များထံမှ တိုက်ရိုက်ထုတ်ယူရန်ပင်။ထို့ပြင် မည်သူ့ဆီက ထုတ်ယူရမည်ကို ရွေးချယ်၍မရဘဲ အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စု၏ တိုက်ရိုက်သွေးမျိုးဆက်ဝင်များထံမှ ထုတ်ယူရပေမည်။ဒါပေမယ့် အဲ့ဒီ အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးက နည်းနည်းထူးဆန်းတယ်.... သူက အစစ်အမှန် နဂါး အနှစ်သာရ သွေးဆယ့်ငါးစက်ကို ပေါ့ပေါ့ပါးပါး ထုတ်ယူလိုက်တာပဲ....ဤသည်မှာ အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စု၏ တိုက်ရိုက်သွေးမျိုးဆက်ရှိသော ပါရမီရှင်ဆယ့်ငါးယောက်ကို ကိုယ်စားပြုနေခြင်းပင်။အကယ်၍ အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စု သာ ဤအကြောင်းကို သိသွားပါက သူတို့ ဒေါသထွက်ပြီး ရူးသွပ်သွားမည် မဟုတ်လော...ခဏလေး....လူအများအပြားသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးတောမိသွားကြ၏။အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စု၏ ပထမဆက်ခံသူ ရှေးဟောင်းပါရမီရှင် လုံအောင်းယွီသည် ဤနေရာ၌ ရှိနေသည် မဟုတ်လော....သူတို့ အသိမဝင်နိုင်မီမှာပင် သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများ ပြည့်နှက်နေသော ဟိန်းဟောက်သံတစ်သံ ရုတ်တရက် ပဲ့တင်ထပ်လာသည်။"ဒါဆို အဲ့ဒါက မင်းပေါ့....သေသင့်တဲ့ လူသားမျိုးနွယ်.... မင်းက လုံဟန် နဲ့ လုံရှီး ကို သတ်လိုက်တာပဲ.... မင်းက ငါတို့ အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စုရဲ့ ထိပ်တန်းပါရမီရှင် ဆယ့်ငါးယောက်ကို သတ်လိုက်တာပဲ...မင်းက တော်တော်လေး သတ္တိကောင်းတာပဲ"လုံအောင်းယွီက အော်ဟစ်လိုက်သည်။ဝုန်း....ကြောက်မက်ဖွယ်ကောင်းသော နဂါးချီစွမ်းအင်များ ပျံ့နှံ့လာပြီး ဤနေရာရှိ လေဟာနယ်ကို ညည်းတွားစေကာ မူလက ကြည်လင်နေသော ကောင်းကင်ကို အနည်းငယ် မှိန်ပျပျ ဖြစ်သွားစေခဲ့သည်။လူတိုင်း ထိတ်လန့်တကြား လှည့်ကြည့်လိုက်ကြ၏။သူတို့သည် သွေးရောင်လွှမ်းနေသော မျက်လုံးများနှင့် နဖူးပေါ်တွင် သွေးကြောများ ဖောင်းကြွနေသည့် လုံအောင်းယွီကို မြင်တွေ့လိုက်ရသည်။ရုန့်ရင်းကြမ်းတမ်းသော နဂါးချီစွမ်းအင်သည် ပေါက်ကွဲထွက်လာသော ရေလွှမ်းမိုးမှုတစ်ခုအလား စီးဆင်းလာသည်။အဆုံးအစမရှိသော ဒေါသသည် တရားခံကို အမှုန့်ကြိတ်ချင်နေသည့်အလား သရုပ်ကကန်ထင်ဟပ်လာပုံရသည်။သို့သော် နန်ကုန်းရှင်းယွဲ့ မတုံ့ပြန်နိုင်မီမှာပင် ခုံးဝူတောက်သည် ရှေ့သို့ခြေတစ်လှမ်းတိုးပြီး သူမ၏ရှေ့တွင် မတ်တတ်ရပ်လိုက်သည်။ခုံးဝူတောက်၏အဖြူရောင်ဝတ်ရုံသည် လူးလွန့်နေပြီး အေးစက်သော လူငယ်နတ်ဘုရားတစ်ပါးနှင့် တူညီနေကာ မြင့်မားသော နေရာမှနေ၍ အောက်ဘက်ရှိ လုံအောင်းယွီကို ငုံ့ကြည့်နေပေ၏။သူ၏အသံသည် အေးစက်နေသော်လည်း အလွန်အမင်း လွှမ်းမိုးချုပ်ကိုင်နိုင်သော စိတ်ဆန္ဒတစ်ရပ် ပါဝင်သည်။"ငါးရှဉ့်နည်းနည်းလောက်ပဲ မဟုတ်လား...သူတို့ကို ငါ သတ်လိုက်ရင်တောင် ဘာဖြစ်လဲ..တကယ်လို့ မင်း မကျေနပ်ရင် ဒီနတ်ဘုရားသားတော်က အခု သနားညှာတာပြီးတော့ သူတို့နဲ့ ပြန်ဆုံတွေ့ဖို့ မင်းကို ပို့ပေးနိုင်တယ်...."

All Chapters