← Chapters

အခန်း ၂၁၂

Vol. 22 Ch. 212

အခန်း ၂၁၂

Vol. 22 Ch. 212

အခန်း (၂၁၂) ငါက ဘယ်လိုလုပ် ဒေသခံလူတွေထက် နိမ့်ကျနိုင်မှာလဲ...သူက အရည်အချင်းပြည့်မီတဲ့ ခြေနင်းတုံးတစ်ခုပဲ

မူလက လှိုင်းထန်ပြီး တလိမ့်လိမ့်ထနေသော အခြေအနေသည် ခုံးဝူတောက်၏စကားများကြောင့် နောက်တစ်ကြိမ် အေးခဲတောင့်တင်းသွားသော တိတ်ဆိတ်ခြင်းသို့ ကျရောက်သွားသည်။ဤလွှမ်းမိုးချုပ်ကိုင်နိုင်သော စကားများကြောင့် မရေမတွက်နိုင်သောလူများ၏ စိတ်နှလုံးသားများ တုန်ယင်သွားပေ၏။လုံအောင်းယွီသည် မည်သူ ဖြစ်သနည်း...သူသည် လက်ရှိအစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စု၏ နံပါတ်တစ် ရှေးဟောင်းပါရမီရှင်ဖြစ်ပြီး သူ၏စွမ်းအားသည် နတ်ဘုရားဘုရင်နယ်ပယ်သို့ပင် ချိုးဖျက်ဝင်ရောက်နိုင်ခဲ့လေပြီ။အကယ်၍ တခြားတစ်စုံတစ်ယောက်က ဤစကားကို ပြောခဲ့ပါက လူတိုင်းက ထိုလူသည် မောက်မာပြီး ဘဝင်မြင့်နေသည်ဟု မသိစိတ်အရ တွေးမိကြပေလိမ့်မည်။သို့သော် ထိုအခြေအနေသည် ကြောက်မက်ဖွယ်ကောင်းသော ခုံးဝူတောက်တွင် ဖြစ်ပွားလာမည် ဆိုပါက....စွမ်းအားအရ ပြောရမည်ဆိုလျှင် လုံအောင်းယွီသည် အမှန်တကယ်ကို ခုံးဝူတောက်၏ပြိုင်ဘက် ဖြစ်လာမည် မဟုတ်ချေ။ခုံးဝူတောက်၏နောက်တွင် မတ်တတ်ရပ်နေသော နန်ကုန်းရှင်းယွဲ့သည် စကားမပြောခဲ့ချေ။သို့သော် သူမ၏နှုတ်ခမ်းထောင့်တွင် လှပသော ခပ်ဖျော့ဖျော့အပြုံးတစ်ခု ထွက်ပေါ်လာသည်။သူမ၏လှပသော မျက်လုံးများမှ ရောင်ပြန်ဟပ်မှုသည် သူမ၏ရှေ့တွင် မတ်မတ်ရပ်နေသော အဖြူရောင်ပုံရိပ်ဖြင့် ပြည့်နှက်နေပေ၏။ယခင်က သူမ၏နာကြည်းချက်များ လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီး စိတ်ကျေနပ်မှုခံစားချက်ဖြင့် အစားထိုးခြင်းခံလိုက်ရသည်။တခြားတစ်ဖက်တွင် ခုံးဝူတောက်၏စွမ်းအားကို အကြမ်းဖျင်း သိရှိထားသော ပါရမီရှင်များနှင့် နှိုင်းယှဉ်ပါက....လူအုပ်ထဲတွင် ပုန်းအောင်းနေသော မော့ရှဲ့သည် ကောင်းကင်ယံအထက်ရှိ လူနှစ်ဦးကို မြင်လိုက်ရချိန်၌ သူ၏နှုတ်ခမ်း အနည်းငယ်ရှုံမဲ့သွားပြီး သူ၏ မျက်လုံးများ၏အနက်ရှိုင်းဆုံး နေရာတွင် မနာလိုမှု အရိပ်အယောင်တစ်ခု ရှိနေသည်။အစောပိုင်းက ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းတိုင်းကို သူ မြင်တွေ့ခဲ့ရပြီးဖြစ်သည်။'ဟမ့်....ဒီကောင်က ကြွားလုံးထုတ်တတ်တဲ့ကောင်တစ်ကောင် ပြန်လည်ဝင်စားတာများလား....သူက အရမ်းဟန်ရေးပြလွန်းတယ်'သူ တွေးလိုက်သည်။နန်ကုန်းရှင်းယွဲ့ ထွက်ပေါ်လာသည့် အချိန်အခိုက်အတန့်တွင် မော့ရှဲ့သည် သူမ၏ ပြိုင်ဘက်ကင်း အလှတရားကြောင့် ဆွဲဆောင်ခြင်းခံလိုက်ရလေပြီ။သို့သော် ကံမကောင်းစွာဖြင့် သူမ လျှင်မြန်စွာ ထွက်ပေါ်လာပြီး လျှင်မြန်စွာ ပျောက်ကွယ်သွားသောကြောင့် သူသည် သူမကို ချက်ချင်းနှုတ်ခွန်းမဆက်နိုင်ခဲ့ချေ။ဒုတိယအကြိမ်တွင် သူမ ထွက်ပေါ်လာရန် သူ စောင့်ဆိုင်းခဲ့ပြီးနောက် သူမသည် ခုံးဝူတောက်ထံသို့ တက်ကြွစွာ ချဉ်းကပ်သွားခဲ့သည်။သူ မျက်စိကျထားသော ပြိုင်ဘက်ကင်း မိန်းမလှလေးသည် တခြားအမျိုးသားတစ်ဦး၏ ရင်ခွင်ထဲသို့ သူမကိုယ်တိုင် ပစ်ဝင်သွားသည်ကို မျက်မြင်တွေ့ရှိရခြင်းက သူ့ကို ရှင်းပြ၍မရနိုင်သော မကျေနပ်မှု ခံစားချက်ကို ဖြစ်ပေါ်စေခဲ့သည်။သူသည် စနစ်ကို နိုးထခဲ့သော ကူးပြောင်းလာသူ ဖြစ်ကြောင်း သိသာရှင်းလင်းနေပေ၏။သူသည် လက်ရှိစွမ်းအားအဆင့်သို့ ရောက်ရှိရန် ဆယ်စုနှစ်တစ်ခုကျော်ကြာမြင့်သည်အထိ သင်္ချိုင်းဖောက်ခြင်းဖြင့် ခက်ခက်ခဲခဲ အချိန်ဖြုန်းခဲ့ရသည်။သူသည် ဤစားသောက်ပွဲ၏ဇာတ်လိုက်နှင့် အာရုံစိုက်ခံရသောသူ ဖြစ်သင့်သည် မဟုတ်လော...စားသောက်ပွဲ မစတင်မီနှင့် သူ ဟန်ရေးပြရန် အခွင့်အရေးမရမီ မည်သည်ကြောင့် လူအများ၏အာရုံစိုက်မှုများအားလုံးကို ဤတားမြစ်နယ်မြေ နတ်ဘုရားသားတော်အရှင်ဆိုသူက ခိုးယူသွားရသနည်း....ထို့ပြင် ဤ စားသောက်ပွဲ၏အိမ်ရှင်သည် ခုံးဝူတောက် မဟုတ်ကြောင်း သိသာရှင်းလင်းသည်။ သူသည် မည်သည်ကြောင့် ဤမျှထိ မောက်မာထောင်လွှားစွာ စကားပြောဆိုရန် ရဲတင်းရသနည်း။သူ၏ပါးစပ်ကို သူ ဆင်ခြင်သင့်သည်။ထိုအချိန်မှာပင် တမလွန်ကမ်းပါး နတ်ဆိုးမ၏အသံက ရုတ်တရက် မော့ရှဲ့၏စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။"မော့ရှဲ့လေး.... ဒီတားမြစ်နယ်မြေ နတ်ဘုရားသားတော်အရှင်က အရမ်းသန်မာအားကောင်းတယ်""နင့်ရဲ့ ကံကြမ္မာက အရမ်းကောင်းမွန်ပြီးတော့ ဒီနှစ်တွေတလျှောက်လုံးမှာ ကောင်းမွန်တဲ့ ရတနာတွေ အများကြီးကို တူးဖော်ခဲ့တယ် ဆိုပေမယ့်...တကယ်လို့ နင်သာ ခုံးဝူတောက်ကို ဆန့်ကျင်မယ်ဆိုရင် နင့်ရဲ့ ဝှက်ဖဲတွေက အသုံးမဝင်နိုင်ခြေ အရမ်းများတယ်""နင် သူ့ကို ရန်မစတာ အကောင်းဆုံးပဲလို့ ငါ အကြံပေးချင်တယ်""စီနီယာ နတ်ဆိုးမ.... မင်း ငါ့ကို နောက်နေတာလား"မော့ရှဲ့က ပြန်ပြောလိုက်သည်။"ငါ့ရဲ့ ဝှက်ဖဲတွေက အဲ့ဒီလူ့အပေါ်မှာ အလုပ်မလုပ်ဘူးလား"မော့ရှဲ့သည် အံ့အားသင့်နေသည့်တိုင် ဤအချက်ကို လုံးဝမယုံကြည်ကြောင်း သိသာရှင်းလင်းနေသည်။သူ၏ရတနာများအားလုံးသည် အထွတ်အထိပ် ကျွမ်းကျင်သူများသာ အသုံးပြုနိုင်သော အထွတ်အထိပ် အရာများပင်။အထူးသဖြင့် ဧကရာဇ်အလောင်းတစ်လောင်းကိုပင် ချိတ်ပိတ်ထားသည့် ထိုအနက်ရောင် ခေါင်းတလား ပင်။ထိုအရာ၏ အရှိန်အဝါ အရိပ်အယောင်လေးတစ်ခု ယိုစိမ့်ထွက်လာရုံဖြင့် ဤခုံးဝူတောက်ကို အကြိမ်ပေါင်းရာနှင့်ချီ၍ သေဆုံးသွားစေနိုင်သည် မဟုတ်လော....တမလွန်ကမ်းပါး နတ်ဆိုးမသည် မော့ရှဲ့၏ချေပချက်ကို နောက်ထပ်မတုံ့ပြန်ခဲ့ချေ။ခုံးဝူတောက်သည် အလွန်အန္တရာယ်များကြောင်းကိုသာ သူမက ဆက်လက်၍ အလေးပေး ပြောဆိုနေခဲ့သည်။သူသည် သူ၏နံဘေးရှိ အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးထက် များစွာပို၍ ကြောက်မက်ဖွယ်ကောင်းပြီး အန္တရာယ်များသည်။အကယ်၍ မော့ရှဲ့သည် သူ့ကိုယ်သူအတွက် ကြီးမားသော ပြဿနာများ သယ်ဆောင်မလာချင်ပါက ခုံးဝူတောက် အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးတို့နှင့် ဝေးဝေးနေခြင်းက အကောင်းဆုံး ဖြစ်ပေမည်။သို့သော် တမလွန်ကမ်းပါး နတ်ဆိုးမ၏ ရိုးသားသော အကြံဉာဏ်သည် မော့ရှဲ့၏ နှလုံးသားထဲတွင် ပို၍ပင် ကြီးမားသော မလိုလားမှုနှင့်မနာလိုမှု အမည်မသိ မီးတောက်ကိုသာ ဖြစ်ပေါ်စေပေ၏။သူ့ကို ခုံးဝူတောက်အား တမင်သက်သက် ရှောင်ရှားစေချင်သလော။ ဤသည်မှာ မဖြစ်နိုင်ချေ။စနစ်နှင့်ချည်နှောင်ထားသော ကူးပြောင်းလာသူ တစ်ဦးအနေဖြင့် သူသည် လိမ်လည်မှုများဖြင့် မွေးဖွားလာသော တည်ရှိမှုတစ်ခုပင်။သူသည် ရတနာရှာဖွေရေးစနစ်ကို ကောင်းစွာ အသုံးချပြီး နောက်ထပ် မဟာဧကရာဇ် သင်္ချိုင်း အနည်းငယ်ကို တူးဖော်သရွေ့ အနာဂတ်တွင် ခုံးဝူတောက်ကဲ့သို့ တည်ရှိမှုတစ်ခုကို သူ၏ခြေထောက်အောက်တွင် သေချာပေါက် နင်းချေနိုင်ပေလိမ့်မည်။'ငါက ဒီကမ္ဘာက ဒေသခံလူတွေထက် ဘယ်လိုလုပ် နိမ့်ကျနိုင်မှာလဲ'တစ်ချိန်တည်းနီးပါးမှာပင် ကောင်းကင်ယံအထက်တွင် ရပ်နေသော ခုံးဝူတောက်သည် ရုတ်တရက် တစ်စုံတစ်ခုကို ခံစားမိသည်။သူ ဤနေရာသို့ ရောက်ရောက်ချင်းမှာပင် လူအုပ်ထဲ၌ ပုန်းအောင်းနေသော မော့ရှဲ့ ကို သူ အာရုံခံမိပြီးဖြစ်သည်။သို့သော် ဤနေရာတွင် မျက်လုံးနှင့်နားများ များပြားနေသောကြောင့် ယခုလောလောဆယ်တွင် မော့ရှဲ့အပေါ် တိုက်ရိုက်လှုပ်ရှားရန် သူ ရည်ရွယ်မထားချေ။သို့သော် သေခြင်းတရားကို အန်တုသော ဤ မြေအောက်ရေမြောင်းကြွက်သည် သူ့အပေါ် အကြံအစည်များ ရှိနေလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။အမှန်တကယ်ကို မသိနားမလည်မှုသည် အကြောက်အလန့် ကင်းမဲ့စေပေ၏။သို့ရာတွင် သူ ထိုကိစ္စကို သိပ်ဂရုမစိုက်ချေ။မည်သို့ပင်ဆိုစေကာမူ သူ အနှစ်သက်ဆုံးအရာမှာ ထိုကဲ့သို့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသော ကောင်များ၏ ယုံကြည်မှုကို ဖျက်ဆီးပစ်ခြင်းနှင့် အောက်ဆုံးသို့ ထိုးကျသွားချိန်တွင် သူတို့၏ မျှော်လင့်ချက်မဲ့နေသော မျက်နှာအမူအရာများကို ကြည့်ရှုရခြင်းပင်။"ခုံးဝူတောက်..."အချိန်အတော်ကြာပြီးနောက် တောင့်တင်းပြီး မှင်သက်နေသော လုံအောင်းယွီသည် နောက်ဆုံးတွင် သတိပြန်ဝင်လာပေ၏။ "ခုံးဝူတောက်.... ဒီမရေမတွက်နိုင်တဲ့ နှစ်ကာလအတွင်းမှာ မင်းတစ်ယောက်တည်းပဲ စွမ်းအားတိုးတက်လာတယ်လို့ မင်း တကယ်ကြီး ထင်နေတာလား...." ဒေါသတကြီး အော်ငေါက်လိုက်စဉ်တွင် သူ၏မျက်နှာအမူအရာ ပို၍ပို၍မှုန်ကုပ်လာသည်။အမှန်အတိုင်း ပြောရလျှင် ထိုနေရာတွင် ရပ်နေရုံဖြင့်ပင် ခုံးဝူတောက်သည် သူ့ကို အန္တရာယ်များသော ဖိနှိပ်မှု ခံစားချက်ကို အလွန်အမင်း ပေးစွမ်းနေသည်။အကယ်၍ သူသာ တစ်ဖက်လူ၏စွမ်းအားအတိအကျကို မစုံစမ်းဘဲ လိုအပ်သော အစီအမံများကို မလုပ်ဆောင်ဘဲ ယခုချက်ချင်း ပဋိပက္ခ ဖြစ်ပွားမည်ဆိုပါက တစ်ဖက်လူ၏ တိုက်ရိုက်ဖိနှိပ်ခြင်းနှင့် သတ်ဖြတ်ခြင်းကို ခံရနိုင်ခြေများသည်။သို့သော် ယခုချိန်၌ သူ၏အဆင့်အတန်းသည် အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စု၏ နံပါတ်တစ် ရှေးဟောင်းပါရမီရှင်ပင်။ထိုအဖြူရောင်ဝတ်စုံဝတ်အမျိုးသမီး သတ်ဖြတ်ခဲ့သော လူများသည် အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စု၏ ထိပ်တန်းပါရမီရှင်များ ဖြစ်ကြပြီး အထူးသဖြင့် လုံဟန်နှင့်လုံရှီးတို့ပင်။သူတို့သည် သူ၏ညာလက်ရုံးများ ဖြစ်ရုံသာမက သူတို့၏အထောက်အထားများသည် ရေခဲနဂါးဘုရင်နှင့် ရေနဂါးဘုရင်တို့၏ သားသမီးများလည်း ဖြစ်နေကြ၏။အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စု၏ အားအကောင်းဆုံး ရှေးဟောင်း ပါရမီရှင်နှင့် ရှေးဟောင်း နဂါးမျိုးနွယ်စုမှ လူငယ်မျိုးဆက်၏ ခေါင်းဆောင် အနေဖြင့်.....အကယ်၍ သူသာ ရှင်းပြချက်တစ်ခုကို မပေးနိုင်ပါက အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စု တစ်ခုလုံးတွင် သူ၏ ခြေသည်းကိုးချောင်း အစစ်အမှန်နဂါး မျိုးနွယ်စု၏ အဆင့်အတန်းသည် လှုပ်ခတ်သွားပေလိမ့်မည်။ထို့ကြောင့် ယနေ့ ဤပဋိပက္ခကို သူ မဖြစ်စေချင်လျှင်ပင် ကြေညာချက်တစ်ခုအား သူ ထုတ်ပြန်ရပေမည်။ဝုန်း....လုံအောင်းယွီ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ အရှိန်အဝါများ လျှင်မြန်စွာ မြင့်တက်လာသည်။တလိမ့်လိမ့်ထနေသော နဂါးချီစွမ်းအင်များသည် သမုဒ္ဒရာတစ်စင်းအလား ရူးသွပ်စွာ ပေါက်ကွဲထွက်လာပေ၏။ဧရာမ ရွှေနဂါးပုံရိပ်ယောင်တစ်ခုက သူ့ကို ဝန်းရံလာပြီး သူ၏ပုံရိပ်ကို ပို၍ပင် သူရဲကောင်းဆန်ကာ သာလွန်ထူးကဲလာစေသည်။သူ၏ အသွင်အပြင်ကို ကြည့်ရသည်မှာ သူသည် နောက်ပြန်ဆုတ်မည့် လမ်းကြောင်းကို ဖြတ်တောက်ကာ ခုံးဝူတောက်ကို ဆန့်ကျင်ရန် အသင့်ဖြစ်နေသည့် ဟန်ပန် ရှိနေသည်။သို့သော် လုံအောင်းယွီကို ပို၍ပင် ဒေါသထွက်စေခဲ့သောအရာမှာ ခုံးဝူတောက်သည် အမြဲတစေ တည်ငြိမ်ပြီး ထိတ်လန့်တုန်လှုပ်မှု မရှိသော အသွင်အပြင်ကို ထိန်းသိမ်းထားခြင်းပင်။သူ စွမ်းအားကုန် အသုံးပြု၍ ခြိမ်းခြောက်နေခြင်းသည် တစ်ဖက်လူ၏ရှေ့တွင် လူပြက်တစ်ယောက်၏ ဖျော်ဖြေမှုတစ်ခုမျှသာ ဖြစ်နေသည့်အလားပင်။"တော်သင့်ပြီ...""ဒီနေ့က လူငယ်သူရဲကောင်းတွေ အများကြီး ဒီနေရာမှာ စုဝေးနေကြတယ်...တကယ်လို့ မင်းတို့မှာ အငြင်းပွားစရာတွေရှိရင် စားသောက်ပွဲ ပြီးတဲ့အထိ စောင့်လို့ ရပါတယ်.... တခြားသူတွေအတွက် အလှတရားကို မဖျက်ဆီးပါနဲ့"ဝူဟွမ်က ပြောလိုက်သည်။ထိုအချိန်မှာပင် ဝမ်ယွဲ့ခန်းမဆောင်၏ အနက်ရှိုင်းဆုံးနေရာမှ ရွှေရောင်နတ်ဘုရားသက်တန့်တစ်စင်း ပျံသန်းလာပေ၏။အနက်ရောင်အနားကွပ် ပါရှိသော အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် ဝူဟွမ်သည် တလိမ့်လိမ့်ထနေသော ရွှေရောင်လှိုင်းလုံးများထဲမှ ထွက်ပေါ်လာပြီး ခုံးဝူတောက်နှင့် လုံအောင်းယွီတို့ကြားရှိ ဟင်းလင်းပြင်ကို ပိတ်ဆို့ဟန့်တားလိုက်သည်။မမြင်နိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ရပ် ပျံ့နှံ့လာပြီး လက်ရှိနေရာရှိ လူတိုင်းကို နှလုံးတုန်မှု ခံစားချက်တစ်ခုအား ခံစားရစေခဲ့သည်။ဤကိစ္စနှင့် ပတ်သက်၍ ခုံးဝူတောက်၏မျက်နှာအမူအရာသည် တည်ငြိမ်နေဆဲပင်။သို့သော် သူ့မျက်လုံးများ၏ အနက်ရှိုင်းဆုံး နေရာတွင် စိတ်ဝင်စားမှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာပေ၏။ဒါက ရှေးဟောင်းကချေသည်မိသားစုရဲ့ နံပါတ်တစ် ရှေးဟောင်းပါရမီရှင်လား....ဝူဟွမ်သည် အမည်မသိ ကောင်းကင်ကံကြမ္မာ အမိန့်တော်၏ ကာကွယ်မှုကို မရရှိထားသဖြင့် ကောင်းကင်ကံကြမ္မာ ရွေးချယ်ခံတစ်ဦး မဟုတ်သော်လည်း....သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာအားကောင်းသည်။သူ၏ အပေါ်ယံခွန်အားနှင့် အရှိန်အဝါတို့ကို သီးသန့် အကဲဖြတ်ရမည်ဆိုပါက သူသည် လုံအောင်းယွီနှင့် ချူကျင်းရှန်းတို့ နှစ်ဦးလုံးထက် အနည်းငယ်ပို၍ အားကောင်းပေသည်။သူ့ကို ငါ့အတွက် ခြေနင်းတုံးတစ်ခုအဖြစ် အသုံးပြုဖို့ သူက ပွတ်ကာသီကာလေး အရည်အချင်း ပြည့်မီတယ်....ဝူဟွမ်တွင် အားကောင်းသော ပါရမီရှိပြီး သူ၏ နတ်ဘုရားစိတ်ဝိညာဉ် အာရုံခံနိုင်စွမ်းသည် အမြဲတစေ ထက်ရှပေ၏။တစ်ချိန်တည်းနီးပါးမှာပင် ခုံးဝူတောက် သူ့ထံ ကြည့်လိုက်သော ထူးဆန်းသည့် အကြည့်ကို သူ သတိပြုမိသွားသည်။ဤသည်က သူ့ကို မျက်မှောင်အနည်းငယ် ကြုတ်သွားစေပြီး အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားစေခဲ့သည်။ခုံးဝူတောက်သည် မွေးရာပါ မောက်မာသူ ဖြစ်သလော သို့မဟုတ် ကိုယ်ပိုင်စွမ်းအားကို အမြဲတစေ အလွန် ယုံကြည်မှုရှိသူ ဖြစ်သလော ဆိုသည်ကို သူ မသိခဲ့ချေ။တစ်ဖက်လူ၏မျက်လုံးအကြည့်ကို ကြည့်ရသလောက် သူ့ကို ခြေနင်းတုံးတစ်ခုကဲ့သို့ သဘောထားနေသည်မှာ သိသာရှင်းလင်းနေသည်။'ဒီခြေနင်းတုံးရဲ့ ခြေမွှဖျက်ဆီးခံရမှာကို သူ မကြောက်ဘူးလား....'ဝူဟွမ်က တွေးတောလိုက်သည်။သူ၏စိတ်နှလုံးသားထဲတွင် အေးစက်စက် လှောင်ပြောင်ပြီးနောက် ဝူဟွမ်သည် သူ၏စိတ်ခံစားချက်များကို လျှင်မြန်စွာ ထိန်းချုပ်လိုက်၏။သူ မသိကျွမ်းသော အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးသည် အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စုမှ ပါရမီရှင်ဆယ့်ငါးဦးကို လွယ်ကူစွာ သတ်ဖြတ်နိုင်ခဲ့သည်။ သူမ၏ ခွန်အားသည် သာလွန်ထူးကဲနေပေမည်။ခုံးဝူတောက်သည် အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ဧကရာဇ် သားတော်သမီးတော်များနှင့်အတူ သူမ၏နံဘေးတွင် မတ်တတ်ရပ်နေသည်ကို ထည့်ပြောရန်ပင် မလိုတော့ချေ။သူသည် ရှေးဟောင်းကချေသည်မိသားစု၏ ထိပ်တန်းအမွေဆက်ခံသူ ဖြစ်သော်လည်း ခုံးဝူတောက်နှင့်တို့အဖွဲ့ကို ရင်ဆိုင်ရချိန်၌ သူ၏စိတ်နှလုံးသားထဲတွင် ထိတ်လန့်မှုအနည်းငယ်ကို ခံစားရဆဲပင်။ထို့ကြောင့် ပို၍ပျော့ပျောင်းသော ဝါဂွမ်းကဲ့သို့ ဖြစ်နေသည့် လုံအောင်းယွီဘက်ကသာ အခြေအနေကို ချိုးဖျက်ရန် သူ ရှာဖွေနိုင်ပေမည်။

All Chapters