← Chapters

အခန်း ၂၁၃

Vol. 22 Ch. 213

အခန်း ၂၁၃

Vol. 22 Ch. 213

အခန်း (၂၁၃) ဒီလိုဖြစ်နေတာထက်စာရင် စားသောက်ပွဲကိုပဲ သွားစားလိုက်ချင်တယ်

ဝူဟွမ်၏မျက်နှာအမူအရာ အနည်းငယ် တင်းမာခက်ထန်သွားသည်။ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ တစ်ခုက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး လုံအောင်းယွီကို လုံးလုံးလျားလျား ချိတ်ပိတ်ထားလိုက်သည်။"လုံအောင်းယွီ...မင်းက အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စုရဲ့ နံပါတ်တစ် ရှေးဟောင်း ပါရမီရှင် တစ်ယောက်အနေနဲ့ လက်ရှိ ကောင်းကင်ဘုံတွေရဲ့ နယ်မြေအသီးသီးမှာ ရှိနေတဲ့ ထုတ်ပြောမထားတဲ့ စည်းမျဉ်းတွေကို မင်း သိထားရမယ်"ဝူဟွမ်က ပြောလိုက်သည်။"သန်မာအားကောင်းတဲ့ သူတွေကို လေးစားရတယ်.... ပြီးတော့...ခွန်အား မလုံလောက်တဲ့ သူတွေက အရှုံးကို လက်ခံဖို့ ဆန္ဒရှိရမယ်""တကယ်လို့ မင်းရဲ့ မျိုးနွယ်ဝင်တွေအတွက် မင်း တကယ် လက်စားချေချင်တယ်ဆိုရင် စားသောက်ပွဲ ပြီးဆုံးပြီးတဲ့နောက်မှာ မင်း ဆန္ဒရှိသလို လုပ်နိုင်တယ်...မင်းက ဒီနေရာမှာ ပြဿနာရှာပြီးတော့ စားသောက်ပွဲကို ဆက်ပြီးနှောင့်ယှက်မယ်ဆိုရင်တော့မင်း စော်ကားမိမယ့်သူက ငါတို့ရှေးဟောင်းကချေသည်မိသားစုတစ်ခုတည်း မဟုတ်ဘူး"ဤစကားကို ကြားလိုက်ရသောအခါ လုံအောင်းယွီ၏ မျက်နှာအမူအရာ ပို၍ပို၍သုန်မှုန်သွားသည်။စားသောက်ပွဲတက်ရန်အတွက် ဝမ်ယွဲ့ခန်းမဆောင်သို့ ဖိတ်ကြားခံရသူများသည် အိပ်မောကျနေခဲ့သော ရှေးဟောင်းပါရမီရှင်များ သို့မဟုတ် လက်ရှိ ကောင်းကင်ဘုံများ၏နယ်မြေအသီးသီးမှ အကြွင်းမဲ့ ထိပ်သီးလူငယ်ပုဂ္ဂိုလ်များပင်။သူသည် သူ၏ကိုယ်ပိုင်စွမ်းအားကို ယုံကြည်မှု ရှိသော်လည်း လူတိုင်းကို စော်ကားရန်လောက်အထိ မောက်မာခြင်း မရှိချေ။ထို့ပြင် စောင့်ကြည့်နေသော တခြားရှေးဟောင်းပါရမီရှင် အများအပြားသည် သူ့ကို ခုံးဝူတောက်နှင့် တိုက်ခိုက်စေချင်နေကြ၏။သူတို့သည် ခုံးဝူတောက်၏စွမ်းအားကို ထပ်မံ စမ်းသပ်ရန်အတွက် သူနှင့်ခုံးဝူတောက်တို့ကြားရှိ တိုက်ပွဲကို အသုံးပြုလိုကြသည်။တခြားသူများအတွက် သူ့ကိုယ်သူ စတေးမည့် ဤကဲ့သို့ မိုက်မဲသော လုပ်ရပ်ကို သူ သဘာဝကျကျ မလုပ်ဆောင်လိုချေ။"ဟမ့်"လုံအောင်းယွီက အေးစက်စက် နှာမှုတ်လိုက်သည်။သူ၏စိတ်နှလုံးသားထဲတွင် အလွန်ဆန္ဒမရှိသော်လည်း ဤကိစ္စကို ယာယီလျစ်လျူရှုထားရန် ဤ မနှစ်မြို့ဖွယ်ကောင်းသော ဆင်ခြေကို သူ အသုံးပြုခဲ့ဆဲပင်။လုံအောင်းယွီက သူ၏ အရှိန်အဝါကို ပြန်ရုပ်သိမ်းသွားသည်အား မြင်လိုက်ရသောအခါ လူအများအပြား သက်ပြင်းချလိုက်ကြပြီး သူတို့၏ မျှော်လင့်ချက်များ ပျက်စီးသွားသောကြောင့် စိတ်ပျက်မှု ခံစားချက်တစ်ခုကိုလည်း ခံစားလိုက်ရ၏။မည်သို့ပင်ဆိုစေကာမူ ခုံးဝူတောက်နှင့် လုံအောင်းယွီ တို့ နှစ်ဦးလုံးသည် ထိပ်တန်းအဆင့် ရှေးဟောင်း ပါရမီရှင်များပင်။မကြာသေးမီက ခုံးဝူတောက်၏ တိုက်ခိုက်ရေး သတင်းအချက်အလက် အများအပြား ရရှိထားပြီး နာမည်ကြီးနေသော်လည်း လုံအောင်းယွီ၏ ခွန်အားမှာလည်း ထူးကဲလှသည်။သူတို့နှစ်ဦး ဤနေရာတွင် တိုက်ခိုက်ကြမည်ကို သူတို့ အလွန်မျှော်လင့်ထားခဲ့ပြီး သူတို့၏မျက်လုံးများအတွက် ပွဲခံခွင့်ရရန် မျှော်လင့်နေခဲ့ကြ၏။ထိုအချိန်မှာပင် အေးစက်သော်လည်း အနည်းငယ် လှောင်ပြောင်ချင်စိတ် ပါဝင်နေသော အသံတစ်သံက ကောင်းကင်နှင့်မြေကြီးတခွင်လုံး၌ ပဲ့တင်ထပ်သွားခသည်။"ဟား ဟား...မင်းက ပြဿနာရှာချင်တယ်ဆိုရင် ရှာလိုက်တယ်....မင်းက အန္တရာယ်ကင်းကင်း ဆုတ်ခွာချင်တယ်ဆိုရင် ဆုတ်ခွာတယ်ပေါ့""ငါ ခုံးဝူတောက် ရဲ့ မျက်လုံးထဲမှာ ဘယ်လိုလုပ်ပြီးတော့ ဒီလောက် တန်ဖိုးနည်းတဲ့ အပေးအယူမျိုး ရှိနိုင်မှာလဲ"ခုံးဝူတောက်က ပြောလိုက်သည်။ဤစကားကို ကြားလိုက်ရသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများသည် သူတို့၏စိတ်နှလုံးသားများ တင်းကြပ်သွားသည်ကို ခံစားလိုက်ရပြီး သူတို့က ခုံးဝူတောက်ထံသို့ လှည့်ကြည့်လိုက်ကြ၏။ခုံးဝူတောက်၏မျက်နှာအမူအရာသည် တည်ငြိမ်နေဆဲပင်။သို့သော် သူ၏ နောက်ဆက်တွဲ စကားလုံးများသည် အထက်စီးဆန်မှုနှင့် မေးခွန်းထုတ်စရာ မလိုသော အာဏာအရှိန်အဝါတစ်ခု ပါဝင်နေသည်။"နံစော်နေတဲ့ ငါးရှဉ့်...ခုဏက ငါ့ရဲ့သူငယ်ချင်းကို မင်း စော်ကားခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ တကယ်လို့ ဒီနတ်ဘုရားသားတော်ကို စိတ်ကျေနပ်စေမယ့် တောင်းပန်မှုတစ်ခု မင်း မပေးနိုင်ဘူး ဆိုရင်....""ဒီနေ့ မင်း ဒီနေရာကနေ အန္တရာယ်ကင်းကင်း ထွက်မသွားနိုင်မှာကို ငါ စိုးရိမ်မိတယ်..."ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်သွားသည်။ရှေးဟောင်းပါရမီရှင် အများအပြား အပါအဝင် လူတိုင်းသည် လုံအောင်းယွီ ခြေတစ်လှမ်း နောက်ဆုတ်သွားပြီးနောက်တွင်ပင် ခုံးဝူတောက်က နောက်ဆုတ်ရန် ငြင်းဆန်နေလိမ့်မည်ဟု ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ကြချေ။"ခုံးဝူတောက်...."လုံအောင်းယွီက အော်ဟစ်လိုက်သည်။ဒေါသကို ယခုလေးတင်မှ ငြိမ်သက်အောင် လုပ်ထားသော လုံအောင်းယွီ၏မျက်လုံးများသည် နောက်တစ်ကြိမ် မီးဟုန်းဟုန်း တောက်လာခဲ့ပေ၏။တစ်ဖက်လူသည် သူတို့၏ အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စုမှ ပါရမီရှင် အများအပြားကို သတ်ဖြတ်ခဲ့သည်။ယခုအချိန်၌ ရှင်းပြချက်တစ်ခု မရရှိခဲ့ရုံသာမက တောင်းပန်ရန်ပင် တောင်းဆိုခြင်း ခံနေရသလော.....ဤသည်မှာ အမှန်တကယ်ကို နဂါးမျိုးနွယ်စုအား အလွန်အကျွံ အနိုင်ကျင့်ခြင်းပင်။သို့သော် သူ မလှုပ်ရှားနိုင်မီမှာပင် မကျေနပ်မှု အနည်းငယ် စွန်းထင်းနေသော ဝူဟွမ်၏အသံ ပဲ့တင်ထပ်လာခဲ့သည်။"နတ်ဘုရားသားတော်အရှင် ဝူတောက်....စားသောက်ပွဲတောင် မစရသေးဘဲ အခြေအနေကို ဒီလောက်ထိ မနှစ်မြို့ဖွယ်ဖြစ်အောင် မင်း တကယ်ကြီး လုပ်ဖို့လိုလို့လား..."ဝူဟွမ်က ပြောလိုက်သည်။ဝူဟွမ်၏မျက်နှာအမူအရာ အနည်းငယ် သုန်မှုန်နေပေ၏။ခုံးဝူတောက်၏ အလျှော့မပေးသော အပြုအမူအပေါ် သူ အလွန်အမင်း စိတ်မကျေမနပ်ဖြစ်နေကြောင်း သိသာရှင်းလင်းနေသည်။"နတ်ဘုရားသားတော်အရှင် ဝူတောက်... ချိန်းဆိုချက် အတွက် ဝမ်ယွဲ့ခန်းမဆောင်ကို လာတဲ့သူတွေက မင်းတို့ အချိန်လေဟာနယ် တားမြစ်နယ်မြေ တစ်ခုတည်း မဟုတ်ဘူး ဆိုတာကို မမေ့ပါနဲ့""ငါ ထပ်ပြောမယ်...တကယ်လို့ မင်းတို့ကြားမှာ ရန်ငြိုးတွေ ရှိတယ်ဆိုရင် စားသောက်ပွဲ ပြီးဆုံးတဲ့နောက်မှာ မင်းတို့ ဖြေရှင်းနိုင်တယ်""တကယ်လို့ မင်း မပါဝင်ချင်ဘူးဆိုရင် မင်း အခုချက်ချင်း ထွက်သွားလို့ ရတယ်"ခုံးဝူတောက်က မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။ရှေးဟောင်းပါရမီရှင်တစ်ဦး၏ စိတ်သဘာဝသည် သာမန်လူများ နှိုင်းယှဉ်နိုင်စွမ်းရှိသည်ထက် အမှန်တကယ်ကို များစွာသာလွန်သည်။ဤဝူဟွမ်၏ လုပ်ရပ်သည် အမှန်တကယ်ကို အလွန် တည်ငြိမ်ပေ၏။ယခုအချိန်အထိ သူသည် သူ့ကိုယ်သူ လူတိုင်း၏ အကျိုးစီးပွားများနှင့် အဆက်မပြတ် ပေါင်းစပ်ထားခဲ့သည်။အကယ်၍ သူသာ ဤနေရာတွင် တိုက်ပွဲကြီးတစ်ခု စတင်ရန် ရဲတင်းပါက အခမ်းအနား၏ အလှတရားကို တမင်သက်သက် နှောင့်ယှက်သူအဖြစ် သတ်မှတ်ခံရမည်ဖြစ်ပြီး တခြား ရှေးဟောင်းပါရမီရှင်များအားလုံး၏ ရန်လိုမှုကို ခံရပေမည်။သို့သော် သူသည် ပုရွက်ဆိတ်တစ်အုပ်၏ ရန်လိုမှုကို မည်သည်ကြောင့် ကြောက်နေရမည်နည်း...ခုံးဝူတောက် တိတ်ဆိတ်နေသည်ကို မြင်လိုက်ရသောအခါ ဝူဟွမ်သည် တစ်ဖက်လူတွင် စိုးရိမ်ပူပန်မှု တချို့ ရှိနေသည်ဟု တွေးထင်လိုက်၏။ဤကိစ္စကို ဖြေရှင်းရန် ငြိမ်းချမ်းရေးဖန်တီးသူတစ်ဦး၏ အသွင်အပြင်ကို သူ နောက်တစ်ကြိမ် ဟန်ဆောင်တော့မည့် အချိန်မှာပင် ခုံးဝူတောက်က ခေါင်းခါယမ်းပြီး ပြုံးလိုက်သည်အား သူ မြင်တွေ့လိုက်ရသည်။"ဟား ဟား... ဝူဟွမ် မင်းကိုယ်မင်း အထင်ကြီးလွန်းနေတာ မဟုတ်လား" ခုံးဝူတောက်က ပြောလိုက်သည်။"ဒီနတ်ဘုရားသားတော်က တစ်ခုခု လုပ်ဖို့ မင်းတို့လို လူတွေရဲ့ သဘောတူညီချက်ကို ဘယ်တုန်းကများ လိုအပ်ခဲ့ဖူးလို့လဲ""တကယ်လို့ အဲ့ဒီ ငါးရှဉ့်က ဒီနေ့ တောင်းပန်မှုတစ်ခု မပေးဘူးဆိုရင်...""ဒါဆိုရင် ဒီစားသောက်ပွဲကို ကျင်းပဖို့ လိုအပ်တော့မှာ မဟုတ်ဘူး"နောက်တစ်ခဏတွင်....ဝုန်း...ကောင်းကင်ကို တုန်လှုပ်စေပြီး မြေကြီးကို တုန်ခါစေသော အသံလှိုင်းပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ထိုအသံပြီးနောက် ချက်ချင်းဆိုသလိုပင် မိုးပြိုကျလာသည့်အလား အလွန်ကြီးမားသော စိတ်ဝိညာဉ်စွမ်းအားတစ်ရပ် ကျဆင်းလာပေ၏။ထိုဧရာမဖိအားသည် ဝူဟွမ်နှင့် လုံအောင်းယွီတို့ကိုသာ ရည်ရွယ်ထားခြင်း မဟုတ်ချေ။ထိုအရာသည် လက်ရှိနေရာရှိ လူတိုင်းကို လုံးလုံးလျားလျား ပါဝင်စေခဲ့သည်။လက်ရှိနေရာရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ မျက်နှာအမူအရာများ ရုတ်တရက် ပြောင်းလဲသွားသည်။အထူးသဖြင့် နတ်ဘုရားဘုရင်နယ်ပယ်၏ အောက်ရှိ ပါရမီရှင် အများအပြားဖြစ်ပြီး သူတို့၏စိတ်များ အူဝေလာကာ သူတို့၏ အသိစိတ်များ မှုန်ဝါးလာတော့သည်။မည်သို့ဖြစ်သွားမှန်း သူတို့ လုံးဝမသိခဲ့ကြချေ။ကောင်းကင်မြစ်မှ ရေများစီးကျလာသကဲ့သို့ ရုတ်တရက် လွှမ်းမိုးလာသော ဖိအားလှိုင်းလုံးကြီး တစ်ခုကိုသာ သူတို့ ခံစားလိုက်ရပြီး ထိုအရာထဲသို့ မည်သည့်ခုခံမှုမျှ မရှိဘဲ မျောပါသွားခဲ့သည်။ဧရာမဖိအား၏ ထိပ်တိုက်ရိုက်ခတ်မှုကို ရင်ဆိုင်နေရသော ဝူဟွမ်သည် ပို၍ပင် ဆိုးရွားနေပုံ ရပေ၏။သူသည် ဤစားသောက်ပွဲကို ကျင်းပခဲ့သော်လည်း နောက်ဆုံးတွင် ဤသည်မှာ ခုံးဝူတောက်နှင့် ရှေးဟောင်း ပါရမီရှင်အများအပြား၏ ခွန်အားကို စမ်းသပ်ရန်ပင်။သို့ရာတွင် အကယ်၍ သူက ထိုကိစ္စထဲတွင် ပါဝင်ပတ်သက်သွားမည်ဆိုလျှင် ဤသည်က ပြဿနာများသွားပေလိမ့်မည်။ဝူဟွမ်သည် သူ၏ နှလုံးသားထဲတွင် အားသာချက်များနှင့်အားနည်းချက်များကို ချိန်ဆကာ နောက်ဆုတ်သင့် မဆုတ်သင့် တွေးတောနေစဉ်မှာပင်....."ခုံးဝူတောက် မင်းက သန်မာအားကောင်းပေမယ့် ငါတို့ အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စု ကအနိုင်ကျင့်ရ လွယ်တယ်လို့ မထင်နဲ့" လုံအောင်းယွီက အော်ဟစ်လိုက်သည်။စိတ်အနှောင့်အယှက် ဖြစ်နေပြီဖြစ်သော လုံအောင်းယွီသည် သူ၏စိတ်နှလုံးသားထဲရှိ ဒေါသကို မထိန်းချုပ်နိုင်တော့ချေ။ဝုန်း....ဟင်းလင်းပြင် တုန်ယင်ပြီး ကျယ်လောင်စွာ မြည်ဟီးသွားပေ၏။ပြင်းထန်သော သတ္တုစွမ်းအားများ ပါဝင်သည့် နဂါးချီစွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး လုံအောင်းယွီကို ဝန်းရံထားကာ ကောင်းကင်နှင့်မြေကြီးရှိ အရာအားလုံးကို ဆုတ်ဖြဲပစ်နိုင်သည့်အလားပင်။ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားနှစ်ခု၏ တိုက်မိမှုသည် ဟင်းလင်းပြင်တွင် ယာယီ လေဟာနယ်နယ်မြေတစ်ခုကို ဖန်တီးလိုက်သည်။ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြောင့် ဖိနှိပ်ခံထားရသော ပါရမီရှင်အများအပြား၏ မျက်နှာအမူအရာများ ပြင်းထန်စွာ ပြောင်းလဲသွားသည်။ သူတို့သည် ဤအခွင့်အရေးကို အသုံးချကာ မိုင်ပေါင်းများစွာ အနောက်သို့ အလျင်အမြန် ဆုတ်ခွာသွားကြ၏။ဤနေရာတွင် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားသည်နှင့် တစ်ပြိုင်နက် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲအရှိန်အဟုန်သည် အလွန်ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။ခုံးဝူတောက်၏ခွန်အားသည် ထုတ်မပြောလျှင်ပင် သိသာရှင်းလင်းနေပေသည်။ ဤသည်မှာ မယုံနိုင်လောက်အောင်ပင် သန်မာအားကောင်းနေလေပြီ။သို့သော် လုံအောင်းယွီ၏ နည်းလမ်းများသည်လည်း အလွန်အမင်း သာလွန်ထူးကဲလှ၏။သူတို့ စတင်တိုက်ခိုက်သည်နှင့် တစ်ပြိုင်နက် ဤပတ်ဝန်းကျင်သည် ဝမ်ယွဲ့ခန်းမဆောင်နှင့်အတူ လုံးလုံးလျားလျား ဖျက်ဆီးခံရမည်မှာ သေချာပေါက်ပင်။"နတ်ဘုရားသားတော်အရှင်... ကျေးဇူးပြုပြီး မင်းရဲ့ ဒေါသကို ဖြေဖျောက်ပေးပါ"ထိုအချိန်မှာပင် ဝမ်ယွဲ့ခန်းမဆောင်၏ အနက်ရှိုင်းဆုံး နေရာမှ ထိတ်လန့်တကြား ပြောဆိုသော အသံတစ်သံ ရုတ်တရက် ပဲ့တင်ထပ်လာသည်။အားကောင်းသော အရှိန်အဝါ ရှိသည့် အကြီးအကဲ တစ်ဦးသည် သူ၏ နဖူးတွင် ချွေးစေးများ ဖုံးလွှမ်းနေကာ ခန်းမအတွင်းမှ ရုတ်တရက် ပျံသန်းလာပြီး ခုံးဝူတောက်၏ရှေ့တွင် ပိတ်ရပ်လိုက်သည်။လူတိုင်း ထိတ်လန့်သွားကြ၏။ဒါက ဝမ်ယွဲ့ခန်းမဆောင်ရဲ့ ခန်းမဆောင်သခင် မဟုတ်လား..."နတ်ဘုရားသားတော်အရှင် ဝူတောက်...ကျေးဇူးပြုပြီး သနားညှာတာပါ...တကယ်လို့ ဝမ်ယွဲ့ခန်းမဆောင် သာ ဖျက်ဆီးခံလိုက်ရရင် အဲ့ဒါက ငါ့ရဲ့ အိုမင်းနေတဲ့အသက်ကို တကယ်ကြီး ဆုံးရှုံးရလိမ့်မယ်"ထိုအကြီးအကဲက ပြောလိုက်သည်။ဤအချိန်အခိုက်အတန့်တွင် လောကကြီး၏အမြင်တွင် အဆင့်မြင့်မားပြီး အစွမ်းထက်သော ဝမ်ယွဲ့ခန်းမဆောင်သခင်သည် အလွန် စိုးရိမ်ပူပန်နေပြီး ငိုချတော့မည့်အလားပင်။သို့ရာတွင် ဤကိစ္စကို သူတို့ နားလည်ပေးနိုင်သည်။ခုံးဝူတောက်၏အဆင့်အတန်းသည် အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ကျောထောက်နောက်ခံဖြင့် ယှဉ်ပြိုင်၍မရနိုင်လောက်အောင် မြင့်မြတ်ပေ၏။ကောင်းကင်ဘုံအသင်္ချေ ကုန်သည် မဟာမိတ်အဖွဲ့သည် ဝမ်ယွဲ့ခန်းမဆောင်၏နောက်တွင် ရပ်တည်နေလျှင်ပင် သူတို့သည် ဤရွှံ့ဗွက်ထဲသို့ ဝင်ရောက်မည် မဟုတ်ကြောင်း ဖြစ်နိုင်ခြေ အလွန်များသည်။တန်ကြေးပေးဆပ်ရမည့် တစ်ဦးတည်းသောသူမှာ သဘာဝကျကျ ဝမ်ယွဲ့ခန်းမဆောင်သခင်ဖြစ်ပြီး သူ ဘာမှမလုပ်ခဲ့ဘဲ ခုံးဝူတောက်၏ဖျက်ဆီးခြင်းကို ခံရမည်မှာ သူ၏ခန်းမဆောင် ဖြစ်နေသည်။သို့သော် ခုံးဝူတောက်သည် ဤကိစ္စကို မည်သို့ အလျှော့ပေးနိုင်မည်နည်း။သူသည် ဤအဘိုးကြီးကို လျှစ်လျှူရှုလိုက်ပြီး လုံအောင်းယွီကို မြေကြီးထဲသို့ တိုက်ရိုက်ဖိနှိပ်တော့မည့် အချိန်မှာပင်....ဖြူဖွေးပြီး သွယ်လျသော လက်လေးတစ်ဖက်က သူ၏အင်္ကျီလက်ကို ဆုပ်ကိုင်လိုက်၏။နန်ကုန်းရှင်းယွဲ့က တွေဝေပြီး တုံးအသော ဟန်ပန်ဖြင့် ပြောလိုက်သည်။"ဝူတောက် ဒီအကြောင်းကို နောက်မှ ပြောကြရအောင်.... ဘာပဲဖြစ်ဖြစ် သူတို့က ငါးရှဉ့် နည်းနည်းပဲလေ... သူတို့က ကြီးမားတဲ့ လှိုင်းတံပိုးတွေ မဖန်တီးနိုင်ပါဘူး...ဒီလိုဖြစ်နေတာထက်စာရင် စားသောက်ပွဲ ကိုပဲ ငါ သွားစားလိုက်ချင်တယ်...ငါ အိပ်မောကျနေတာ နှစ်ပေါင်းများစွာ ကြာပြီလေ... အစားအသောက် ကောင်းကောင်းမစားရတာ ကြာပြီ"

All Chapters