← Chapters

အခန်း ၂၁၄

Vol. 22 Ch. 214

အခန်း ၂၁၄

Vol. 22 Ch. 214

အခန်း (၂၁၄) နောက်ထပ် ပြောင်းပြန်လှန်မှု....အကြီးမားဆုံး အကျိုးအမြတ် ရရှိသူ

ဤတစ်ကြိမ်တွင် လူအုပ်ကြီးသာ မှင်သက်သွားခြင်း မဟုတ်ချေ။ ခုံးဝူတောက်ပင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။'ဒီနှလုံးသားမဲ့တဲ့ ကောင်မလေးကတော့...ငါက သူ့အတွက် တမင်ရှေ့ထွက်ပေးခဲ့တာလေ...ဒါပေမယ့် ဒီ ကောင်မလေးက အစားအသောက်မက်တဲ့သူလေး တစ်ယောက် ဖြစ်သွားပြီးတော့ အရင်ဆုံး စားချင်နေတယ်' ခုံးဝူတောက်က တွေးတောလိုက်သည်။ဝမ်ယွဲ့ခန်းမဆောင်သခင်သည် အသက်ကယ်ကြိုး တစ်ချောင်းကို ဆုပ်ကိုင်ထားရသည့်အလားပင်။ သူသည် ဝမ်းသာအားရ ဖြစ်နေပြီး ကြက်တစ်ကောင် စပါးစေ့ကောက်နေသကဲ့သို့ နန်ကုန်းရှင်းယွဲ့ကို ခေါင်းညိတ်ပြလိုက်၏။"သခင်မလေး ကျေးဇူးပြုပြီး စိတ်ချပါ""ဒီအဘိုးကြီးက မင်းအတွက် အခမ်းနားဆုံး ကောင်းကင်စားသောက်ဖွယ်ရာတွေကို ပြင်ဆင်ပေးဖို့အတွက် ဝမ်ယွဲ့ခန်းမဆောင်ရဲ့ ရတနာသေတ္တာ အောက်ခြေကနေ အကောင်းဆုံး ပါဝင်ပစ္စည်းတွေကို သေချာပေါက် ယူဆောင်လာခဲ့ပါ့မယ်"ဝမ်ယွဲ့ခန်းမဆောင်သခင်က ပြောလိုက်သည်။စကားပြောနေစဉ်မှာပင် ဝမ်ယွဲ့ခန်းမဆောင်သခင်က ဟင်းပွဲများကို စတင်၍ ရေရွတ်လိုက်သည်။ ထိုဟင်းပွဲတိုင်းကို ရှားပါးပြီး အဖိုးတန်သော ပါဝင်ပစ္စည်းများဖြင့် ချက်ပြုတ်ထားခြင်း ဖြစ်ပေ၏။ကျင့်ကြံသူများသည် အစာစားရန် မလိုအပ်တော့သော်လည်း ဤရှားပါးပြီး အဖိုးတန်သော ပါဝင်ပစ္စည်းများဖြင့် ချက်ပြုတ်ထားသော အစားအစာများသည် ဆာလောင်မှုကို ပြေပျောက်စေပြီး သူတို့၏ ကျင့်ကြံခြင်းကိုပင် တိုးတက်စေနိုင်သည်။လူတိုင်း တိတ်ဆိတ်နေကြသော်လည်း သူတို့၏ အကြည့်များသည် နားလည်မှုဖြင့် ခုံးဝူတောက်ထံသို့ စုံစည်းသွားသည်။ ဤကိစ္စကို အဆုံးသတ်နိုင်မနိုင် ဆိုသည်မှာ သူ့အပေါ်တွင်သာ မူတည်နေသည်မှာ သိသာရှင်းလင်းသည်။သို့သော် မရေမတွက်နိုင်သောလူများသည် ခုံးဝူတောက်၏စရိုက်အရ အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးက စားချင်သည်ဟူသော ရိုးရှင်းသည့် ဆင်ခြေလေးကြောင့် လုံအောင်းယွီကို ယာယီ လွှတ်ပေးရန် သူ လုံးဝရွေးချယ်မည်မဟုတ်ဟု ယုံကြည်နေကြ၏။လုံအောင်းယွီပင်လျှင် ဆက်လက်၍ တိုက်ခိုက်ရန် အသင့်ဖြစ်နေခဲ့သည်။ သို့သော် နောက်ဆက်တွဲ မြင်ကွင်းက လူတိုင်းကို နောက်တစ်ကြိမ် မှင်သက်သွားစေသည်။ခုံးဝူတောက်၏ တင်းကြပ်စွာ တွန့်ချိုးထားသော မျက်ခုံးများ ရုတ်တရက် ပြေလျော့သွားသည်။ သူ၏ အရှိန်အဝါသည် ဆုတ်ခွာသွားသော ဒီရေတစ်ခုအလား လုံးလုံးလျားလျား ပျောက်ကွယ်သွားပေ၏။"ထားလိုက်တော့....ငါက မင်းအတွက် ရှေ့ထွက်ပေးခဲ့တာ...ပြီးတော့ မင်းက အဲ့ဒီလို ပြောနေမှတော့ ငါ့မှာ ဘာပြောစရာ ရှိတော့မှာလဲ"ခုံးဝူတောက်က ပြောလိုက်သည်။မည်သို့ပင်ဆိုစေကာမူ မြေအောက်ကမ္ဘာကိုးထပ် လျှို့ဝှက်နယ်မြေ ခရီးစဉ်အတွက် လုံအောင်းယွီကို သေဒဏ်ပေးရမည့် ပစ်မှတ်စာရင်းတွင် သူ အစောကြီးကတည်းက ရေးမှတ်ထားပြီးဖြစ်သည်။အပြောင်းအလဲများ မည်သို့ပင် ရှိစေကာမူ လုံအောင်းယွီ သေရပေမည်။'နန်ကုန်းရှင်းယွဲ့က အရင်စားချင်နေမှတော့ ငါက သနားညှာတာပြီး သူ့ကို ရက်နည်းနည်းလောက် အသက်ရှင်ခွင့် ပေးလိုက်မယ်'သူ တွေးတောလိုက်သည်။"ဒါက"လူတိုင်း မှင်သက်သွားကြ၏။ သူတို့အချင်းချင်း ကြည့်လိုက်ကြရာ သူတို့၏မျက်နှာများတွင် မယုံကြည်နိုင်သော အမူအရာများဖြင့် ပြည့်နှက်နေသည်။'ခုံးဝူတောက်က သူ့စကားကို အမြဲတည်ပြီးတော့ အသက်ရှင်ကျန်ရစ်သူ ဘယ်တော့မှ ချန်မထားခဲ့တဲ့ ပြိုင်ဘက်ကင်း ရက်စက်သူတစ်ယောက် မဟုတ်ဘူးလား...''အဲ့ဒီ အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးက စားချင်တယ်ဆိုတဲ့ အဓိပ္ပာယ်မရှိတဲ့ အကြောင်းပြချက်လေးကြောင့် ဒီကိစ္စကို သူ တကယ်ကြီး လွှတ်ပေးလိုက်တာလား...''သောက်ကျိုးနည်း...''အဲ့ဒီ အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးက ဘယ်သူလဲ''ခုံးဝူတောက်ရဲ့ တာအိုလက်တွဲဖော်လား''ဒါပေမယ့် သူတို့ရဲ့ ရင်းနှီးမှုအဆင့်ကို ကြည့်ရတာ အဲ့ဒီလို မဟုတ်လောက်ဘူး''ဒါမှမဟုတ် ဘယ်သူမှ မမြင်ဖူးသေးတဲ့ ခုံးဝူတောက်ရဲ့ ညီမ တစ်ယောက်ယောက်လား'လူအများက တွေးတောလိုက်ကြသည်။ခုံးဝူတောက်သည် ဤကိစ္စကို ယာယီဘေးဖယ်ထားလိုက်သော်လည်း လုံအောင်းယွီကို တောင်းပန်သည့်အနေဖြင့် ရွှေဒင်္ဂါးပြားများ အတင်းအကြပ် ထုတ်ပေးရန်အတွက် သူ၏ကိုယ်ပိုင်ဂုဏ်သတင်းကို အသုံးပြုခဲ့ဆဲပင်။မည်သို့ပင်ဆိုစေကာမူ လုံအောင်းယွီသည် ခုံးဝူတောက်ကို အလွန်သတိထားနေဆဲပင်။ ဤနေရာတွင် သူနှင့် ကြီးမားသော ပဋိပက္ခ မဖြစ်ချင်ခဲ့ချေ။ ဤသည်က မြေအောက်ကမ္ဘာကိုးထပ် လျှို့ဝှက်နယ်မြေထဲသို့ မဝင်ရောက်မီမှာပင် သူတို့ အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စု၏ အစီအစဉ်ကို ပျက်စီးသွားစေပေလိမ့်မည်။ထို့ပြင် ခုံးဝူတောက်သည် စိတ်ပြောင်းလွယ်သူအဖြစ် နာမည်ကြီးသည်။ ခုံးဝူတောက်ကို ငြင်းဆန်ခြင်းက နောက်ဆက်တွဲ အကျိုးဆက်များကို ဂရုမစိုက်ဘဲ မဆင်မခြင် တိုက်ခိုက်လာမည်ကို သူ ကြောက်ရွံ့နေပေ၏။ဘေးအန္တရာယ်ကနေ ရှောင်ရှားဖို့ ငွေ ဆုံးရှုံးခံလိုက်တာ ပိုကောင်းပါတယ်...သူ တွေးတောလိုက်သည်။လုံအောင်းယွီသည် သုန်မှုန်နေသော မျက်နှာဖြင့် သူ၏ဒေါသကို မျိုသိပ်လိုက်ရုံမှတစ်ပါး တခြားရွေးချယ်စရာ မရှိတော့ချေ။သေချာသည်မှာ ထိုကဲ့သို့ အဖြစ်အပျက်ပြီးနောက် လုံအောင်းယွီနှင့် အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စုမှ တခြားပါရမီရှင်အများအပြားသည် စိတ်ဝင်စားမှုများ လုံးဝဆုံးရှုံးသွားခြင်းပင်။သူတို့သည် မျက်နှာပြရုံသာ ပြပြီးနောက် နောက်ဆက်တွဲ စားသောက်ပွဲသို့ တက်ရောက်ရန် မရည်ရွယ်တော့ဘဲ ဝမ်ယွဲ့ခန်းမဆောင်မှ သုန်မှုန်နေသော မျက်နှာများဖြင့် ထွက်ခွာသွားကြသည်။"မင်းအတွက် မင်းရဲ့ ဂုဏ်သိက္ခာကို ငါ ပြန်ယူပေးခဲ့တယ်...မင်းရဲ့ သူငယ်ချင်းဟောင်းက သစ္စာမရှိဘူးလို့ အပြစ်မတင်နဲ့...ဒီပစ္စည်းတွေက မင်းအတွက် လျော်ကြေးတွေဆိုတော့ မင်း သိမ်းထားသင့်တယ်"ခုံးဝူတောက်သည် လုံအောင်းယွီထံမှ သူ တောင်းယူခဲ့သော ပစ္စည်းများကို နန်ကုန်းရှင်းယွဲ့ထံသို့ လက်ကမ်းပေးလိုက်၏။သို့သော် သူမသည် လက်မခံခဲ့ချေ။"ငါ မလိုချင်ဘူး...ဘာပဲဖြစ်ဖြစ် အခုကစပြီး ငါက နင့်နောက်ကို လိုက်တော့မှာဆိုတော့ ငါ့ပစ္စည်းတွေက နင့်ပစ္စည်းတွေပဲ...ဒီလိုဖြစ်နေတာထက်စာရင် ငါ နည်းနည်းဗိုက်ဆာနေပြီ...ငါတို့ သွားပြီးတော့ အစားအသောက်ကောင်းကောင်း သွားစားကြရအောင်"ခုံးဝူတောက် ငြင်းဆန်မည့်အချိန်ကို မစောင့်ဘဲ သူမက သူ့ကို ဝမ်ယွဲ့ခန်းမဆောင်ဆီသို့ ဆွဲခေါ်သွားသည်။ခုံးဝူတောက် အနည်းငယ် မှင်သက်သွားပြီး ခပ်သဲ့သဲ့ ရယ်မောကာ ခေါင်းခါယမ်းလိုက်သည်။ယခု သူ မှတ်မိသွားလေပြီ။ နန်ကုန်းရှင်းယွဲ့သည် အမြဲတစေ အစားအသောက်မက်သူလေးတစ်ယောက်ပင်။အရသာရှိသော အစားအသောက်များ၏ သွေးဆောင်မှုကို သူမ တောင့်မခံနိုင်သလောက်နီးပါးပင်။သူမ အချိန်လေဟာနယ် တားမြစ်နယ်မြေကို လာလည်တိုင်း အစားအသောက်ကောင်းများ တောင်းဆိုပြီး သူ့ကို အတင်းအကြပ် ဆွဲခေါ်လေ့ရှိပေ၏။"အရူးလေး...."သို့သော် နန်ကုန်းရှင်းယွဲ့က အလွန်တိုးညှင်းစွာ ရေရွတ်လိုက်သည်။စားသောက်ပွဲသည် သိပ်အရေးမကြီးပေ။ သူမသည် အမှန်အားဖြင့် အစားအသောက်ကို တပ်မက်နေတာ မဟုတ်ဘဲ ခုံးဝူတောက်နှင့်အတူ စားသောက်ရသော ခံစားချက်အား သဘောကျခြင်းပင်။ခုံးဝူတောက် အမြဲတစေ အလုပ်ရှုပ်နေသည်ကို သူမ သိထားပေ၏။ သူ ကျင့်ကြံရန် အလုပ်ရှုပ်နေပြီး ပို၍သန်မာလာရန် အလုပ်ရှုပ်နေကာ သူမ နိုးထလာပြီးနောက်မှာပင် သူမကို လာတွေ့ရန်အတွက် အချိန်မရခဲ့ချေ။ယခုအချိန်၌ မရေမတွက်နိုင်သော ခေတ်ကာလများ ကုန်ဆုံးသွားခဲ့လေပြီ။ ဤစားသောက်ပွဲသည် သူမအတွက် ခုံးဝူတောက်နှင့်အတူ အားလပ်ချိန်တချို့ကို ပျော်ရွှင်စွာ ဖြတ်သန်းရန် ရှားပါးသော အခွင့်အရေး တစ်ခု ဖြစ်နိုင်သည်။အဲ့ဒီအရေးမပါတဲ့ ငါးရှဉ့်နည်းနည်းနဲ့ နှိုင်းယှဉ်ရင် ခုံးဝူတောက်နဲ့ အတူတူ စားသောက်ရတာက ပိုအရေးကြီးတယ်...သူမက တွေးတောလိုက်သည်။အချိန်လေဟာနယ် တားမြစ်နယ်မြေမှအဖွဲ့၏ ကျောပြင်များကို ကြည့်ရင်း ကျင့်ကြံသူအများအပြားသည် သတိပြန်ဝင်လာရန် အချိန်အတော်ကြာ ယူခဲ့ရလေ၏။"ငါ တကယ် မျှော်လင့်မထားခဲ့ဘူး.. နတ်ဘုရားသားတော်အရှင်ဝူတောက်မှာ ဒီလို နူးညံ့သိမ်မွေ့တဲ့ ဘက် ရှိလိမ့်မယ်လို့ ငါ ထင်မထားမိဘူး...""နူးညံ့သိမ်မွေ့တာလား...ကောင်းကင်ဘုံတာအိုနယ်မြေမှာ ကျွမ်းကျင်သူနှစ်ထောင်ကျော်ကို သူ တစ်ယောက်တည်း ဒုက္ခိတဖြစ်အောင် လုပ်ခဲ့တုန်းက မင်း အဲ့ဒီလို မပြောခဲ့ပါလား...""ဒါပေမယ့် နတ်ဘုရားသားတော်အရှင် ဝူတောက်က အလှတရားကို စွဲလမ်းတတ်တဲ့လူမျိုး မဟုတ်လောက်ပါဘူး... ဘာလို့ သူက အဲ့ဒီ အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးနဲ့ ဒီလောက်တောင် ရင်းနှီးနေရတာလဲ""ဒီအဓိပ္ပာယ်မရှိတဲ့ စကားတွေထက်စာရင် နတ်ဘုရားသားတော်အရှင်ဝူတောက်ရဲ့ အရှိန်အဝါက ပိုပြီး အားကောင်းလာသလိုပဲ ဆိုတာကို မင်း သတိမထားမိဘူးလား...""သူက နတ်ဘုရားဘုရင် နယ်ပယ်ရဲ့ ပဥ္စမအဆင့်ကို ချိုးဖျက်ဝင်ရောက်သွားတာများလား.."ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ ဆွေးနွေးမှုများကို နားထောင်ရင်း လုံးလုံးလျားလျား ဘေးဖယ်ထားခံလိုက်ရသော ဝူဟွမ်၏မျက်နှာ သုန်မှုန်ပြီး ပျက်ယွင်းနေပေ၏။ဤစားသောက်ပွဲကို မူလက သူ့အတွက် ဂုဏ်သတင်း တည်ဆောက်ရန်အတွက် သူတို့ ရှေးဟောင်းကချေသည်မိသားစုက ဦးဆောင်ကျင်းပခဲ့ခြင်းပင်။သို့သော် ထိုကဲ့သို့ ရုန်းရင်းဆန်ခတ်ဖြစ်မှုအပြီးတွင် သူသည် အိမ်ရှင်အနေဖြင့် ဂုဏ်သိက္ခာအားလုံး ဆုံးရှုံးသွားသည်ဟု ဆိုနိုင်သည်။သူတို့ရှေးဟောင်းကချေသည်မိသားစုက ကြီးမားသော အားထုတ်မှုဖြင့် ကျင်းပခဲ့သော စားသောက်ပွဲသည် ဝူဟွမ်အတွက် အရှိန်အဟုန် မတည်ဆောက်နိုင်မီမှာပင် အစပထမကတည်းက ခုံးဝူတောက်အတွက် ခြေနင်းတုံးတစ်ခု ဖြစ်လာခဲ့သည်။ဤအချက်က ဝူဟွမ်ကို ဒေါသထွက်စေခဲ့သော်လည်း အလွန်အမင်း အသက်ရှူကြပ်စေပြီး သွေးအန်ချင်စိတ်ပင် ဖြစ်လာစေပေ၏။ဤသည်မှာ အမှန်တကယ်ကို ဇနီးသည်ရော စစ်သားများပါ ဆုံးရှုံးလိုက်ရသည့် အခြေအနေမျိုးပင်။"မော့ရှဲ့....နတ်ဘုရားသားတော်အရှင်ဝူတောက် မင်းကို ကြည့်နေတဲ့အကြည့်က နည်းနည်းထူးဆန်းတယ်""တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် မင်း ဒီ စားသောက်ပွဲကို မတက်တာ ပိုကောင်းမယ်"ဤအချိန်အခိုက်အတန့်တွင် တမလွန်ကမ်းပါး နတ်ဆိုးမ၏အသံက ရုတ်တရက် မော့ရှဲ့၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။ ဤအသံသည် ခေါင်းလောင်းသံအလား သူ၏နတ်ဘုရားစိတ်ဝိညာဉ် အနက်ရှိုင်းဆုံး နေရာတွင် လှိုင်းထသွားပြီး သူ၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ တုန်ယင်သွားစေသည်။ခုံးဝူတောက်သည် နန်ကုန်းရှင်းယွဲ့နှင့် တွေ့ဆုံ စကားပြောနေစဉ် သူတို့၏စကားပြောဆိုမှုကြားရှိ ကွာဟချက်တစ်ခုကို အခွင့်ကောင်းယူကာ သူ၏ ဦးတည်ရာသို့ တစ်ချက်ကြည့်လိုက်၏။ သူနှင့်တူညီသော ဦးတည်ရာတွင်မတ်တတ်ရပ်နေသူ အများအပြား ရှိသော်လည်း မော့ရှဲ့က ခုံးဝူတောက်၏ အကြည့်သည် သူ့အပေါ် ကျရောက်သွားကြောင်း ခံစားလိုက်ရသည်။ထိုအဆင့်အတန်းမြင့်မားပြီး အစွမ်းထက်သော်လည်း လှောင်ပြောင်ချင်စိတ် ပါဝင်နေသည့် အကြည့်...ဤသည်က သူ့ကို စိတ်ဝင်စားစရာကောင်းသော ကစားစရာတစ်ခုကဲ့သို့ တစ်ဖက်လူက သဘောထားနေသည်ဟု သူ ခံစားလိုက်ရသည်။ဤအရာက မော့ရှဲ့ကို အံ့အားသင့်မှုနှင့် ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်သွားစေခဲ့သော်လည်း ပို၍ပင်ဒေါသထွက်သွားစေသည်။စနစ်တစ်ခုနှင့် ချည်နှောင်ထားသော ဂုဏ်သိက္ခာရှိသည့် ကူးပြောင်းလာသူ တစ်ဦးအနေဖြင့် သူသည် ဤကမ္ဘာမှ ဒေသခံလူများ၏ အထင်အမြင်သေးခြင်းကို အမှန်တကယ် ခံရမည်လော....'ဟမ့် ငါ ဘာလို့ မတက်ရမှာလဲ.... ငါက ဖိတ်စာနဲ့ တရားဝင် ဝင်လာတာပဲလေ....ဒီစားသောက်ပွဲကို သူက အိမ်ရှင်အဖြစ် ကျင်းပတာ မဟုတ်ဘူး.... သေချာတာကတော့ ဒီစားသောက်ပွဲတစ်ခုလုံးကို သူ မထိန်းချုပ်နိုင်ပါဘူး'မော့ရှဲ့က တွေးလိုက်သည်။ထို့ပြင် ခုံးဝူတောက်၏ ရှင်းပြ၍မရနိုင်သော အကြည့်တစ်ချက်ကြောင့် သူ ကြောက်ရွံ့ပြီး ထွက်ပြေးရမည်ဆိုပါက ထိုအချက်က ဂုဏ်သိက္ခာရှိသော ကူးပြောင်းလာသူတစ်ဦးအတွက် အရှက်ရစရာ ဖြစ်မည်မဟုတ်လော.....တမလွန်ကမ်းပါး နတ်ဆိုးမသည် သူမ၏စိတ်အတွင်းတွင် သက်ပြင်းချလိုက်၏။ဤကောင်လေးသည် ကံကြမ္မာနှင့်ပါရမီ အလွန်ကောင်းသော်လည်း သူသည် သင်္ချိုင်းများကိုသာ တူးဖော်နေခဲ့သဖြင့် လောကအတွေ့အကြုံ နည်းပါးနေသည်။ ခုံးဝူတောက်ကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးသည် စီနီယာမျိုးဆက် ကျွမ်းကျင်သူများကိုပင် လွယ်လင့်တကူ သတ်ဖြတ်နိုင်သည်။ တစ်ချိန်လုံး သင်္ချိုင်းဖောက်ဖို့သာ သိသော မော့ရှဲ့ကဲ့သို့ အရိုင်းအစိုင်းကောင်လေး တစ်ယောက်ကိုမူ ခုံးဝူတောက်အတွက် ထည့်ပြောနေရန်ပင် မလိုတော့ချေ။သို့သော် သူမ လုပ်နိုင်သည့်အရာဟူ၍ ဘာမှမရှိခဲ့ချေ။မည်သို့ပင်ဆိုစေကာမူ သူမကို အချုပ်အနှောင်မှ လွတ်မြောက်အောင် ကူညီပေးခဲ့သူမှာ မော့ရှဲ့ပင်။ အကယ်၍ သူမက သူ့ကို စွန့်ပစ်ထားပြီး ထွက်ပြေးသွားမည်ဆိုပါက မှန်ကန်မည် မဟုတ်ချေ။ သူမ ဆုတောင်းနိုင်သည့် တစ်ခုတည်းသောအရာမှာ ခုံးဝူတောက်သည် မော့ရှဲ့ကို စိတ်မဝင်စားရန်သာ ဖြစ်တော့သည်။

All Chapters