အခန်း ၂၁၇
Vol. 22 Ch. 217
အခန်း (၂၁၇) ဝက်ဟန်ဆောင်ပြီး ကျားကိုစားမလို့လား....အရိုက်ခံရတုန်းပဲ
တခြားသူများ၏ နှလုံးသားထဲတွင် ရုတ်တရက် ပေါ်ပေါက်လာသော အံ့အားသင့်မှုနှင့် ထိတ်လန့်မှုတို့နှင့် နှိုင်းယှဉ်ပါက....ခုံးဝူတောက်ထံမှ ဤစကားကို ကြားလိုက်ရသောအခါ မော့ရှဲ့၏မျက်နှာသည် မုန်တိုင်းတိမ်တိုက်များကဲ့သို့ သုန်မှုန်သွားပေ၏။ခုံးဝူတောက်သည် သူ့ကို ရှင်းပြ၍မရနိုင်သော အကြောင်းအရင်းဖြင့် တိုက်ခိုက်ချင်နေခြင်းက တစ်ကဏ္ဍပင်။တစ်ဖက်လူသည် ကျင့်ကြံခြင်းကို သူ၏ နယ်ပယ်ထက် အဆင့်ငယ်ရှစ်ဆင့် အတိအကျ နိမ့်သော ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် ပထမအဆင့်သို့ အမှန်တကယ် ဖိနှိပ်ထားခဲ့သည်။'ဒါက ငါ့ကို ဗြောင်ကျကျ အရှက်ခွဲနေတာ မဟုတ်လား'သူ တွေးတောလိုက်မိသည်။တစ်ဖက်လူ ဘာတွေးနေသည်ကို ထွင်းဖောက်မြင်သည့်အလား ခုံးဝူတောက်၏ နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားပြီး သူက အေးစက်စွာ ပြုံးလိုက်၏။
"အစောပိုင်းက မင်းကိုယ်မင်း တိုက်ခိုက်တဲ့နေရာမှာ အရမ်းထူးချွန်တယ်လို့ ထင်နေခဲ့တာ မဟုတ်လား..""အခု ဒီနတ်ဘုရားသားတော်က ငါ့ရဲ့ ကျင့်ကြံခြင်းကို ဒီလောက်အဆင့်အထိ ဖိနှိပ်ထားတာတောင် မင်းက ဘာလို့ သတ္တိကြောင်တဲ့ မျက်နှာအမူအရာ ရှိနေသေးတာလဲ"ခုံးဝူတောက်က ပြောလိုက်သည်။စားသောက်ပွဲသို့ တက်ရောက်လာသော ကျင့်ကြံသူ အများအပြားသည် ခုံးဝူတောက်က မည်သည်ကြောင့် မော့ရှဲ့ကို ရုတ်တရက် တိုက်ခိုက်ချင်ရသည်အား နားမလည်ကြချေ။ သို့ရာတွင် ဤအခိုက်အတန့်တွင် သူတို့ထဲမှ အများစုသည် မော့ရှဲ့ရှိရာသို့ သရော်တော်တော် တစ်ချက်ကြည့်လိုက်ကြ၏။မည်သို့ပင်ဆိုစေကာမူ ဤစားသောက်ပွဲသို့ တက်ရောက်လာသော ပါရမီရှင် အများအပြားသည် မြေအောက်ကမ္ဘာ ခန်းမထက် များစွာပို၍ အားကောင်းသော နောက်ခံများ ရှိကြသည်။သာမန်အင်အားစုတစ်ခုမှ အမွေဆက်ခံသူ တစ်ဦးဖြစ်သော တစ်ဖက်လူသည် အာရုံစိုက်မှု အားလုံးကို ရယူရုံသာမက ရိုင်းစိုင်းသော စကားများကိုလည်း ပြောဆိုခဲ့သည်။သူသည် ကောင်းကင်မြင့်မြတ်နယ်မြေကို စော်ကားခဲ့ရုံသာမက တခြားသူ အများအပြားကိုလည်း သွယ်ဝိုက်၍ စော်ကားခဲ့ပြီးဖြစ်ပေ၏။ယခုချိန်၌ ခုံးဝူတောက်က ဤကောင်လေးကို သင်ခန်းစာပေးရန် သူကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားတော့မည်ဖြစ်ရာ ထိုအချက်သည် သူတို့အား ပျော်ရွှင်စေမည့် အရာတစ်ခုပင်။မော့ရှဲ့သည် အရူးတစ်ယောက် မဟုတ်ချေ။ခန်းမ တစ်ခုလုံးရှိ အခြေအနေသည် တိတ်ဆိတ်ငြိမ်သက်နေသော်လည်း ကျင့်ကြံသူအများအပြားက ကြည့်နေသော အကြည့်များသည် ငွေအပ်များအလား သူ၏ ကိုယ့်ကိုယ်ကိုယ် လေးစားမှုကို ပြင်းထန်စွာ ထိုးဖောက်သွားသည်။လူတိုင်း၏မျက်လုံးများက တစ်စုံတစ်ခုကို ရှင်းလင်းစွာ ပြောနေကြ၏။ ဤသည်မှာ ခုံးဝူတောက်သည် ကျင့်ကြံခြင်းကို ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် ပထမအဆင့်သို့ ဖိနှိပ်ထားသည့်တိုင် တစ်ဖက်လူသည် သူ့ကို လွယ်လင့်တကူ ရိုက်နှက်နိုင်မည်ဟူ၍ပင်။သူသည် ရတနာရှာဖွေရေး စနစ်နှင့် ချည်နှောင်ပြီးကတည်းက အောင်ပွဲခံကာ ရှေ့သို့ ချီတက်နေခဲ့ပြီး အရာအားလုံး အဆင်ပြေချောမွေ့နေခဲ့သည်။ သူသည် မည်သည့်အချိန်က ဤကဲ့သို့ အရှက်ခွဲခံရမှုမျိုးကို ခံခဲ့ရဖူးသနည်း။နောက်ဆုတ်လိုက်ခြင်းက ကျယ်ပြန့်သော ကောင်းကင်ယံကို ပွင့်သွားစေလိမ့်မည်ဟု အဆက်မပြတ် အလေးပေး ပြောဆိုနေသော သူ၏ စိတ်ထဲရှိ တမလွန်ကမ်းပါး နတ်ဆိုးမ၏ စကားများကို လျစ်လျူရှုကာ သူက တုံ့ပြန်လိုက်သည်။
"ဟမ့်....ဒါဆိုရင် နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်ရဲ့ လမ်းညွှန်မှု အတွက် ငါက အနှောင့်အယှက် ပေးရတော့မှာပေါ့"ဝုန်း...နောက်တခဏတွင် မော့ရှဲ့၏အရှိန်အဝါ အဆက်မပြတ် မြင့်တက်လာပေ၏။သူ၏ ခန္ဓာကိုယ်ထဲတွင် အချိန်အတော်ကြာ အိပ်မောကျနေခဲ့သော စွမ်းအားများ ဤအချိန်အခိုက်အတန့်တွင် နိုးထလာခဲ့သည်။ထိုစွမ်းအားသည် သူ၏ခန္ဓာကိုယ်ကို လှည့်ပတ်နေသည့် ပေါက်ကွဲနိုင်ပြီး လှိုင်းထန်နေသော စိမ်းပြာရောင် လျှပ်စီးကြောင်းများအဖြစ်သို့ပင် အသွင်ပြောင်းသွားသည်။"ဒီကောင်လေးက သူ့ရဲ့ အရှိန်အဝါကို တကယ်ကြီး ဖုံးကွယ်ထားခဲ့တာလား"ကျင့်ကြံသူတစ်ဦးက ရုတ်တရက် အံ့အားတသင့် ရေရွတ်လိုက်သည်။ယခုအချိန်၌ မော့ရှဲ့ ထုတ်လွှတ်နေသော အရှိန်အဝါသည် ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် ဆဋ္ဌမအဆင့်ထက် များစွာကျော်လွန်နေပြီ ဖြစ်ကြောင်းကို သူတို့ အာရုံခံမိပေ၏။သူ့ထံမှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားသည် ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် နဝမအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ နတ်ဘုရားဘုရင် နယ်ပယ်နှင့်ပင် အဆုံးအစမရှိ နီးကပ်နေလေပြီ။ထိတ်လန့်နေစဉ်မှာပင် လူတိုင်း ချက်ချင်းအသိဝင်လာကြသည်။ဒီကောင်လေးက တကယ့်ကို သူ့ကိုယ်သူ နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားခဲ့တာပဲ.... ဒါကြောင့် အစကတည်းက သူက သူ့ရဲ့ ကျင့်ကြံခြင်းကို ဖိနှိပ်ပြီး သူ့ရဲ့ အရည်အချင်းကို ဖုံးကွယ်ထားခဲ့တာပေါ့...သူက ဝက်ဟန်ဆောင်ပြီး ကျားကိုစားဖို့ ရည်ရွယ်ထားတာပဲ...သူတို့ တွေးတောလိုက်ကြသည်။မော့ရှဲ့သည် ယခင်က သူ၏ ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် ဆဋ္ဌမအဆင့် ကျင့်ကြံခြင်းကို အသုံးပြုခဲ့စဉ်က သူ ပြသခဲ့သော တိုက်ခိုက်ရေး စွမ်းအားသည် လုံလောက်အောင် အားကောင်းနေလေပြီ။ယခုချိန်၌ သူသည် စွမ်းအားအပြည့်ဖြင့် ပေါက်ကွဲထွက်လာရာ သူ၏ အရှိန်အဝါသည် ရှေးဟောင်း ပါရမီရှင်တစ်ဦးထက် များစွာမနိမ့်ကျတော့ချေ။ထို့ထက်ပို၍ အရေးကြီးသောအချက်မှာ ခုံးဝူတောက်သည် သူ့ကိုယ်သူ အလွန်ကန့်သတ်ထားသော အခြေအနေတစ်ခုကို ချမှတ်ထားခဲ့ခြင်းပင်။သူသည် ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် ပထမအဆင့် ကျင့်ကြံခြင်းကိုသာ အသုံးပြု၍ မော့ရှဲ့ကို ထိပ်တိုက်ရင်ဆိုင်ရန် ရွေးချယ်ခဲ့ပေ၏။အကယ်၍ သူတို့သာ မူလ သဘောတူညီချက် အတိုင်း လိုက်နာမည်ဆိုပါက ခုံးဝူတောက်သည် မော့ရှဲ့၏ ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် ဆဋ္ဌမအဆင့် ကျင့်ကြံခြင်းကို တိုက်ခိုက်ရန် သူ၏ ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် ပထမအဆင့် ကျင့်ကြံခြင်းကို အသုံးပြုရပေလိမ့်မည်။ထိုသို့ဆိုသည့်တိုင် ခုံးဝူတောက်သည် တစ်ဖက်လူကို လွယ်ကူစွာ ဖိနှိပ်နိုင်လိမ့်မည်ဟု လူတိုင်း ခံစားနေရဆဲပင်။သို့သော် ယခုအချိန်၌ အခြေအနေများသည် ကြီးမားသော ပြောင်းပြန်လှန်မှုတစ်ခုသို့ ရောက်ရှိသွားလေပြီ။'ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် ပထမအဆင့် ကျင့်ကြံခြင်းကို သုံးပြီးတော့ နတ်ဘုရားဘုရင်နယ်ပယ်နဲ့ အဆုံးအစမရှိ နီးကပ်နေတဲ့ လူငယ်ပါရမီရှင်တစ်ယောက်ကို ဖိနှိပ်တာက ခုံးဝူတောက် အတွက်တောင် ဒါက အရမ်းခက်ခဲတဲ့ စိန်ခေါ်မှု တစ်ခု ဖြစ်နေမယ် မဟုတ်လား'သူတို့ တွေးတောလိုက်ကြသည်။ထိုအချိန်မှာပင် မော့ရှဲ့က ရုတ်တရက် စကားပြောဆိုလိုက်၏။"နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်...ငါ့ရဲ့ ကျင့်ကြံခြင်း အားသာချက်နဲ့ မင်းကို ငါ အခွင့်ကောင်း ယူမှာမဟုတ်ဘူး""မင်းရဲ့ ကျင့်ကြံခြင်းကို ငါ့ရဲ့ နယ်ပယ်နဲ့ တူညီတဲ့ အဆင့်အထိ မြှင့်တင်လို့ ရတယ်... ပြီးမှ ငါတို့ ယှဉ်ပြိုင်ကြတာပေါ့"သူ၏စကားများတွင် သရော်မှုများဖြင့် ပြည့်နှက်နေသည်။သူသည် ဤအခွင့်အရေးကို အသုံးပြု၍ ခုံးဝူတောက်၏ အစောပိုင်း မှတ်ချက်များကို အပြည့်အဝ ပြန်လည်ပေးဆပ်ချင်ပုံရပေ၏။ထိုစကားကို ကြားလိုက်ရသောအခါ ခုံးဝူတောက်က ခေါင်းခါယမ်းပြီး ခပ်သဲ့သဲ့ ပြုံးလိုက်သည်။'ဒီကူးပြောင်းသူက ဘယ်လို ကစားရမလဲ ဆိုတာ တကယ်ကြီး သိနေတာပဲ သူက ဝက်ဟန်ဆောင်ပြီး ကျားကိုစားတဲ့ ကစားနည်းကို ကစားဖို့ ကြိုးစားနေတယ်'ထို့နောက် ခုံးဝူတောက်သည် ပေါ့ပေါ့ပါးပါး ခုန်တက်ပြီး စင်မြင့်ပေါ်သို့ တိုက်ရိုက်ဆင်းသက်လေသည်။"မလိုဘူး....ဒီနတ်ဘုရားသားတော်က စကားတည်ပါတယ်....ငါ ပြောပြီးသား စကားကို ပြန်ရုပ်သိမ်းလေ့ မရှိဘူး"သို့သော် သူ၏အသံ ကျဆင်းသွားသည့် အချိန်အခိုက်အတန့်မှာပင် သူ၏နောက်တွင် အလွန် နာကြည်းနေသော အကြည့်တစ်ခု ရုတ်တရက် ရှိနေကြောင်းကို ခုံးဝူတောက်က ရှင်းလင်းစွာ ခံစားလိုက်ရသည်။နန်ကုန်းရှင်းယွဲ့သည် ခုံးဝူတောက်ကို နာကြည်းစွာ စိုက်ကြည့်နေပေ၏။ဖျက်ဆီးခြင်းခေတ်အတွင်း သူတို့ နောက်ဆုံး တွေ့ဆုံခဲ့စဉ်က ခုံးဝူတောက်သည် သူ နိုးလာပြီးနောက် သူမကို လာတွေ့မည်ဟု ရှင်းလင်းစွာ ကတိပေးခဲ့ဖူးသည်။'ဒါပေမယ့် ရလဒ်က...ဘာလဲ ဟွန့် လူလိမ်လူညာကြီး' နန်ကုန်းရှင်းယွဲ့က တွေးတောလိုက်သည်။သို့သော် နန်ကုန်းရှင်းယွဲ့နှင့် နှိုင်းယှဉ်ပါက မော့ရှဲ့နှင့် တခြားသူများအားလုံးသည် ယုံကြည်နိုင်စရာ မရှိသော အရာတစ်ခုကို ကြားလိုက်ရသည့်အလား သူတို့၏မျက်လုံးသူငယ်အိမ်များ အနည်းငယ် ကျဉ်းမြောင်းသွားသည်။အထူးသဖြင့် မော့ရှဲ့ဖြစ်ပြီး သူ၏စိတ်နှလုံးသားထဲရှိ အမည်မသိမီးတောက်သည် ပို၍ပို၍ပြင်းထန်လာပေ၏။'အစက ငါ့ကိုယ်ငါ လုံလောက်အောင် မောက်မာနေပြီလို့ ထင်ခဲ့တာ.... ဒီ ခုံးဝူတောက်က ငါ့ထက်တောင် ပိုပြီး မောက်မာလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူး'မော့ရှဲ့က တွေးတောလိုက်သည်။"အချိန်တွေ ဖြုန်းမနေနဲ့ အရင်တိုက်ခိုက်ဖို့ အခွင့်အရေး မင်းကို ငါ ပေးမယ်"သို့သော် ခုံးဝူတောက်သည် လုံလောက်သည်ဟု မခံစားရသေးဘဲ ဆက်လက်၍ ကြီးကျယ်သော စကားများကို ပြောနေခဲ့သည်။အရှက်ရမှုနှင့် ဒေါသများကြားတွင် မော့ရှဲ့သည် အရာအားလုံးကို လုံးဝလျစ်လျူရှုလိုက်ပြီး တိုက်ခိုက်ရန်အတွက် သူ၏အရှိန်အဝါကို ပြင်းထန်စွာ ထုတ်လွှတ်လိုက်၏။ဝုန်း...တလိမ့်လိမ့်ထနေသော ဥပဒေသ လှိုင်းလုံးများ တုန်ခါပြီး ဟင်းလင်းပြင် တွန့်လိမ်သွားသည်။စောင့်ကြည့်နေသူများ၏ မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။ မော့ရှဲ့ကို ဗဟိုပြု၍ ကျယ်ပြန့်ပြီး ယှဉ်ပြိုင်၍မရနိုင်လောက်အောင် မှောင်မိုက်နေသည့် မီးတောက်နယ်မြေတစ်ခု ထွက်ပေါ်လာသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။သို့သော် မီးတောက်နယ်မြေအတွင်း၌ တလိမ့်လိမ့်ထနေပြီး တောက်လောင်နေသော အနက်ရောင် မီးတောက်များသည် လူအများအား ပူလောင်သော ခံစားချက်ကို မပေးစွမ်းခဲ့ချေ။ဆန့်ကျင်ဘက်အနေဖြင့် ထိုအရာက လူများကို ပေးစွမ်းသော ပထမဆုံး ခံစားချက်မှာ မြေအောက်ကမ္ဘာကိုးထပ်ငရဲကဲ့သို့ အရိုးကွဲမတတ် အေးစိမ့်မှုဖြစ်ပြီး သူတို့၏ ရိုးတွင်းခြင်ဆီနှင့်ခန္ဓာကိုယ်တွင်းအင်္ဂါများထဲသို့ တိုက်ရိုက်ထိုးဖောက်ဝင်ရောက်သွားခြင်းပင်။"ဒါက မြေအောက်ကမ္ဘာကိုးထပ် နတ်ဆိုးမီးတောက် လား"ဖုန်းမော့ယန်နှင့် ဖုန်းရှီးဝူတို့က တပြိုင်နက်တည်းနီးပါး ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။ထိပ်တန်းဖီးနစ်သွေးမျိုးဆက်များကို ပိုင်ဆိုင်ထားသည့် ရှေးဟောင်းဖီးနစ်မျိုးနွယ်စု၏ ထိပ်တန်း ရှေးဟောင်း ပါရမီရှင်များအနေဖြင့် လောကရှိ မီးတောက်များအားလုံးအပေါ် သူတို့၏အာရုံခံနိုင်စွမ်းမှာ အထူးရှင်းလင်းသည်။ မော့ရှဲ့ ဆင့်ခေါ်လိုက်သော အနက်ရောင်မီးတောက်ကို မြင်မြင်ချင်းမှာပင် သူတို့ မှတ်မိသွားသည်။မြေအောက်ကမ္ဘာကိုးထပ် နတ်ဆိုးမီးတောက်သည် နတ်မိစ္ဆာချီစွမ်းအင်များ ဆူပွက်နေသော နေရာများတွင်သာ မွေးဖွားလေ့ရှိသည်။ထိုအရာသည် နတ်ဘုရားမီးတောက်၏ ကြောက်မက်ဖွယ်ကောင်းသော ပူလောင်သည့် စွမ်းအားကို ပိုင်ဆိုင်မထားသော်လည်း ထိုအရာတွင် ပါဝင်သော ဖျက်ဆီးခြင်းဥပဒေသသည် ကောင်းကင်နှင့်မြေကြီး၏ နတ်ဘုရား မီးတောက်ထက် မနိမ့်ကျဘဲ ပို၍ပင် ပြင်းထန်နေသည်။မြေအောက်ကမ္ဘာကိုးထပ် နတ်ဆိုးမီးတောက်နှင့် လောင်ကျွမ်းသွားသည်နှင့် တပြိုင်နက် ရုပ်ခန္ဓာကိုယ်သည် ဗလာနတ္တိအဖြစ်သို့ လောင်ကျွမ်းသွားမည်သာမက နတ်ဘုရားစိတ်ဝိညာဉ် မူလဘူတသည်လည်း မည်သည့်ချွင်းချက်မျှ မရှိဘဲ ဖျက်ဆီးခံရပေလိမ့်မည်။သူတို့၏ ရှေးဟောင်းဖီးနစ်မျိုးနွယ်စုသည် နှစ်ပေါင်း မရေမတွက်နိုင်အောင် ရှာဖွေခဲ့သော်လည်း မည်သို့မျှ မတွေ့ရှိခဲ့သော မြေအောက်ကမ္ဘာကိုးထပ် နတ်ဆိုး မီးတောက်ကို သာမန်အင်အားစုတစ်ခုမှ အမွေဆက်ခံသူတစ်ဦးက လွယ်ကူစွာ ရရှိသွားခဲ့သည်ဟု စိတ်ကူးကြည့်ရန် ခက်ခဲလှသည်။ဖော်ပြသင့်သည့်အချက်မှာ ဤအရာသည် မော့ရှဲ့က ရတနာရှာဖွေရေးစနစ်မှတစ်ဆင့် လျှို့ဝှက် မြေအောက်နေရာတစ်ခုမှ တူးဖော်ခဲ့သောအရာလည်း ဖြစ်နေသည်။သူ၏ ကောင်းကင်နတ်မိစ္ဆာ တာအိုအရိုးနှင့် ပေါင်းစပ်ထားသော မြေအောက်ကမ္ဘာကိုးထပ် နတ်ဆိုး မီးတောက်မှ နတ်ဘုရားဘုရင် နယ်ပယ် ကျွမ်းကျင်သူတစ်ဦးကိုပင် လွယ်ကူစွာ သတ်ဖြတ်နိုင်စေသည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ခုံးဝူတောက်သည် အပေါ်ယံတွင် မြင်ရသလောက် ရိုးရှင်းခြင်း မရှိကြောင်းကို မော့ရှဲ့ သိထားသည်။ဤတစ်ကြိမ် တိုက်ခိုက်ချိန်၌ မော့ရှဲ့သည် သူ၏ စွမ်းအားများကို မည်သည့်ထိန်ချန်ထားမှုမျှ မရှိဘဲ အစွမ်းကုန် ထုတ်လွှတ်နေပေ၏။ဝုန်း....သူ လက်လှမ်းလိုက်သည်နှင့်အမျှ လှိုင်းထနေသော နတ်ဆိုးမီးတောက်နယ်မြေ တလိမ့်လိမ့်ထပြီး တုန်ခါသွားသည်။အချိန်တခဏအတွင်း ထိုအရာသည် နတ်ဆိုး မီးတောက်မှ စုစည်းထားသော နဂါးနက်များအဖြစ်သို့ အသွင်ပြောင်းသွားတော့သည်။ထိုနဂါးနက်များသည် သူတို့၏ပါးစပ်များကို ဖွင့်ဟထားပြီး ဟိန်းဟောက်ကာ အရပ်မျက်နှာအဘက်ဘက်မှနေ၍ ခုံးဝူတောက်ထံသို့ ပြေးဝင်သွားကြသည်။စောင့်ကြည့်နေသူအမြောက်အများ အသက်ရှူမှားသွားကြ၏။ သူတို့ တစ်စုံတစ်ခုကို ရှင်းလင်းစွာ ခံစားနိုင်ကြသည်။မော့ရှဲ့ကို မူလက ဝန်းရံထားသော မြေအောက်ကမ္ဘာကိုးထပ် နတ်ဆိုး မီးတောက်သည် ထုတ်လွှတ်လိုက်ပြီးနောက် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန် ရှိနေခြင်းပင်။သူတို့သည် တိုက်ပွဲမှ ယိုစိမ့်လာသော အရှိန်အဝါကို ပိတ်ဆို့ရန် ကာကွယ်ရေးအစီအမံများကို အသုံးပြုခဲ့သည့်တိုင် သူတို့၏ နတ်ဘုရားစိတ်ဝိညာဉ်များ တုန်ယင်နေပြီး သူတို့၏ခန္ဓာကိုယ်များ ရေခဲကဲ့သို့ အေးစက်နေသည်။အရပ်မျက်နှာအဘက်ဘက်မှ လေထုကို ဖြတ်သန်း တိုက်ခတ်လာသော နတ်ဆိုးမီးတောက် နဂါးနက်အုပ်ကြီးနှင့် ပေါင်းစပ်လိုက်သောအခါ ခုံးဝူတောက်သည် ရှောင်တိမ်းရန်နေရာ လုံးဝမရှိတော့ချေ။လူတိုင်း ထိတ်လန့်နေကာ မျက်တောင်မခတ်ဘဲ ခုံးဝူတောက်က ဤတိုက်ခိုက်မှုကို မည်သို့ ဖြေရှင်းမည်အား မျှော်လင့်နေကြ၏။ ထိုအချိန်မှာပင် လူတိုင်း၏ မျက်လုံးများကို ပြူးကျယ်သွားစေမည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ခုံးဝူတောက်သည် ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းခြင်း မပြုခဲ့ရုံသာမက ခုခံရန် မည်သည့်နတ်ဘုရားစွမ်းရည် သို့မဟုတ် တိုက်ခိုက်မှုကိုမျှ သူ အသုံးမပြုခဲ့ချေ။တလိမ့်လိမ့်ထနေသော နတ်ဆိုးမီးတောက်နယ်မြေ သူ့ထံသို့ ချဉ်းကပ်လာသောအခါ ထိုအရာသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား တစ်မျိုးကြောင့် လေထုအလယ်တွင် အမှန်တကယ် အေးခဲသွားပြီးနောက် ပြင်းထန်စွာ စတင်၍ တုန်ယင်လာခဲ့သည်။လူအုပ်ကြီးသည် ဤမြင်ကွင်းကြောင့် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားကြသော်လည်း မြေအောက်ကမ္ဘာကိုးထပ်နတ်ဆိုးမီးတောက်သည် လူသားဆန်သော ကြောက်ရွံ့မှုဖြင့် တုန်ယင်နေပုံရကာ တစ်စုံတစ်ခုသော ဖိနှိပ်မှုမျိုးနှင့် ကြုံတွေ့ရကြောင်းကို သူတို့ ဝိုးတဝါး ခံစားလိုက်ရသည်။