အခန်း ၂၁၈
Vol. 22 Ch. 218
အခန်း (၂၁၈) ရိုက်ချက်တစ်ချက်တည်းနဲ့ လဲကျသွားတာလား... ဒီမော့ရှဲ့က တကယ့်ကို အသုံးမကျတာပဲ
"ဒါ ဒါက ဘာတွေ ဖြစ်နေတာလဲ"
မော့ရှဲ့က ထိတ်လန့်တကြား ရေရွတ်လိုက်သည်။ သူ၏ မျက်နှာအမူအရာ ပြင်းထန်စွာ ပြောင်းလဲသွားပေ၏။မြေအောက်ကမ္ဘာကိုးထပ် နတ်ဆိုး မီးတောက်သည် ကြောက်မက်ဖွယ်ကောင်းသောအရာတစ်ခုနှင့် ကြုံတွေ့ရသကဲ့သို့ ထိတ်လန့်နေပြီး ခုံးဝူတောက်ထံသို့ ချဉ်းကပ်ရဲခြင်း မရှိတော့ချေ။ ဤသည်ကို မြေအောက်ကမ္ဘာကိုးထပ် နတ်ဆိုး မီးတောက်နှင့် တည်ဆောက်ထားသော ဆက်သွယ်မှုမှတစ်ဆင့် သူ သိမြင်နိုင်သည်။'ဘာလို့ ဒီလို ဖြစ်ရတာလဲ...ငါက မြေအောက်ကမ္ဘာကိုးထပ် နတ်ဆိုးမီးတောက်ရဲ့ အသိအမှတ်ပြုမှုကို ခံထားရတဲ့သူ ဖြစ်ပြီးတော့ နတ်ဆိုးမီးတောက်ကို ထိန်းချုပ်တဲ့ သခင်ဆိုတာ အသိသာကြီးလေ''ဒါပေမဲ့ ခုံးဝူတောက်ကို မြင်တာနဲ့ မြေအောက်ကမ္ဘာကိုးထပ် နတ်ဆိုး မီးတောက်က ဘာလို့ အရှင်သခင်ကို ရင်ဆိုင်ရတုန်းကထက်တောင် ပိုပြီးကြီးမားတဲ့ ရိုသေလေးစားမှုနဲ့ ကြောက်ရွံ့မှုလှိုင်းလုံးတွေကို ပြသနေရတာလဲ'မော့ရှဲ့က တွေးတောလိုက်သည်။"တကယ်ကို အရူးပဲ"ခုံးဝူတောက်က ခပ်သဲ့သဲ့ ရယ်မောကာ ခေါင်းခါယမ်းလိုက်၏။တစ်ဖက်လူတွင် ဝှက်ဖဲအများအပြား ရှိပြီး အထွတ်အထိပ်ရတနာ တော်တော်များများပင် ရှိနေကြောင်း သိသာရှင်းလင်းနေသည်။ သို့သော် သူ စတင်တိုက်ခိုက်လိုက်သည့် အခိုက်အတန့်တွင် မီးဖြင့်ကစားရန် ရွေးချယ်ခဲ့သည်။သူ၏ ယခင်အတွေ့အကြုံများကို နားလည်သော မည်သူမဆို မီးဖြင့် ကစားရသည်ကို နှစ်သက်သော ထိပ်ပြောင်ငှက်တချို့သည် မီးအခြေခံ နတ်ဘုရားစွမ်းရည်များနှင့် ပတ်သက်လာလျှင် ဒေါသထွက်စရာ မရှိတော့သည်အထိ သူ့ကြောင့် ညှဉ်းပန်းနှိပ်စက် ခံခဲ့ရကြောင်း သိထားကြသည်။သူသည် မီးတောက်တာအို အပိုင်းအစ အမြောက်အများကို ရရှိပြီးနောက် မီးဥပဒေသနှင့် ပတ်သက်၍ ထူးခြားသော ထိုးထွင်းသိမြင်မှုတစ်ခု ရှိနေထားသည်ကို မဆိုထားနှင့်.....ယခင်က သူ ရရှိခဲ့သော ကျိုးလီ နတ်ဘုရား မီးတောက်တစ်ခုတည်းကပင် တူညီသော နယ်ပယ်၏ မီးအခြေခံ နတ်ဘုရားစွမ်းရည်များကို ခုခံနိုင်စွမ်းရှိစေရန် လုံလောက်သလောက်နီးပါးပင်။သူသည် သူ၏ ကျင့်ကြံခြင်းကို ဖိနှိပ်ထားသည့်တိုင် ဤအကျိုးသက်ရောက်မှုသည် အသက်ဝင်နေဆဲပင်။သူသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ ကျိုးလီနတ်ဘုရား မီးတောက် အရိပ်အယောင်လေးတစ်ခုကို ပေါ့ပေါ့ပါးပါး အသုံးပြုခဲ့ရုံသာ ဖြစ်ပေ၏။ထို့ကြောင့် မြေအောက်ကမ္ဘာကိုးထပ် နတ်ဆိုး မီးတောက်သည် သားက ဖခင်ကို မြင်တွေ့ချိန်၌ ကြောက်ရွံ့တုန်ယင်သွားသကဲ့သို့ ဖြစ်သွားခဲ့ခြင်းပင်။နောက်တခဏတွင် လူအများ၏မယုံကြည်နိုင်လောက်အောင် အံ့အားသင့်နေသော အကြည့်များကြားတွင် ခုံးဝူတောက်က သူ၏လက်ကို မြှောက်ကာ ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။ဝုန်း....ဟင်းလင်းပြင်သည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု၏ ရိုက်ခတ်မှုကို ခံရသည့်အလား ပေါက်ကွဲသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ထို့နောက် ကြီးမားကျယ်ပြန့်ပြီး အမျိုးအမည်မသိနိုင်သော စွမ်းအားတစ်ရပ် တလိမ့်လိမ့်ထလာပြီး ရူးသွပ်စွာ ဖြတ်သန်းတိုက်ခတ်သွားပေ၏။လေထုအလယ်တွင် အေးခဲသွားသော နတ်ဆိုး မီးတောက်နယ်မြေသည် ချက်ချင်းဆိုသလိုပင်ကောင်းကင်ယံတခွင်လုံး၌ ပြည့်နှက်နေသော မီးပွားများအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုအရာ လုံးဝပျောက်ကွယ်မသွားမီ မိုးဖွဲများနှင့် မြူခိုးများကဲ့သို့ ရွာသွန်းကျလာခဲ့သည်။ထို့ပြင် ခုံးဝူတောက် ထုတ်လွှတ်လိုက်သည့် လွှမ်းမိုးနိုင်သော စွမ်းအားသည် လျော့ကျသွားမည့် အရိပ်အယောင် မပြခဲ့ချေ။မော့ရှဲ့သည် ရှောင်တိမ်းရန် အခွင့်အရေးပင် မရခဲ့ပေ။မြေပြိုမှုနှင့်လေပြင်းမုန်တိုင်းကဲ့သို့ အရှိန်အဝါ လှိုင်းလုံးကြီးတစ်ခု တိုက်ခတ်လာပြီး သူ၏ အကာအကွယ် အတားအဆီးကို ချက်ချင်းခြေမွှဖျက်ဆီးလိုက်သည်။ထို့ပြင် ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် သူ၏အရေပြားတလျှောက် စီးဆင်းသွားပြီး သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါများထဲသို့ ဝင်ရောက်သွားပေ၏။"ဖူး...."မော့ရှဲ့ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါများ ကွဲထွက်တော့မည့်အလား သူ ခံစားလိုက်ရပြီး အလွန်အမင်း နာကျင်မှုကြောင့် သူ၏ကြွက်သားများ အထိန်းအကွပ်မဲ့စွာ တုန်ယင်သွားသည်။ဝုန်း....ကြီးမားသော စွမ်းအားအရှိန်ကြောင့် မော့ရှဲ့သည် အဝေးသို့ လွင့်စင်သွားပေ၏။သူသည် ငြိမ်သက်စွာ ရပ်တန့်မသွားမီ သူ၏ခန္ဓာကိုယ်သည် မြေကြီးပေါ်တွင် အကြိမ်ပေါင်းများစွာ လိမ့်သွားပြီး ဖုန်တိမ်တိုက်တစ်ခုကို တထောင်းထောင်းထလာစေခဲ့သည်။ခန်းမတစ်ခုလုံး သုဿာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားသည်။စားသောက်ပွဲသို့ တက်ရောက်လာသည့် မရေမတွက်နိုင်သော ပါရမီရှင်များ၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး ပါးစပ် အဟောင်းသားဖြစ်နေသည်။ သူတို့၏လည်ချောင်းများကို မမြင်နိုင်သော လက်တစ်ဖက်က ဆုပ်ကိုင်ထားသည့်အလား အသံတစ်သံမျှ မထွက်နိုင်တော့ချေ။ဝူဟွမ်နှင့်ချူကျင်းရှန်းကဲ့သို့သော ထိပ်တန်းရှေးဟောင်း ပါရမီရှင်များပင်လျှင် မယုံကြည်နိုင်မှုနှင့် ထိတ်လန့်မှုများ ပြည့်နှက်နေသောအကြည့်ဖြင့် ခုံးဝူတောက်ကို ကြည့်လိုက်ကြသည်။
တိတ်ဆိတ်နေသော ခန်းမထဲတွင် လူတိုင်း၏ အကြည့်သည် ထိုအဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော ပုံရိပ်ပေါ်တွင်သာ စူးစိုက်၍ ကျရောက်နေပေ၏။ခုံးဝူတောက်သည် သူ၏ပြိုင်ဘက်ကို အနိုင်ယူရန် မည်သည့် နည်းလမ်းများအား အသုံးပြုမည်ကို သူတို့၏ စိတ်ထဲတွင် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် စိတ်ကူးယဉ်တွေးတောခဲ့ကြသည်။ သို့သော် ခုံးဝူတောက်သည် သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းရုံမျှသာ ပြုလုပ်လိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ကြချေ။သူသည် မော့ရှဲ့၏ နတ်ဆိုးမီးတောက်နယ်မြေကို လွယ်လင့်တကူ ဖြေရှင်းနိုင်ခဲ့ရုံသာမက ဤဖြစ်စဉ်တွင် တစ်ဖက်လူကို ခွေးသေ တစ်ကောင်ကဲ့သို့ ရိုက်ပုတ်လိုက်၏။ထို့ထက်ပို၍ အံ့အားသင့်စရာကောင်းသောအရာမှာ အစမှအဆုံးထိ ဖြစ်စဉ်တစ်ခုလုံးသည် အသက်ရှူချိန် အနည်းငယ်သာ ကြာမြင့်ခဲ့ခြင်းပင်။ ထို့ပြင် ခုံးဝူတောက်သည် သူ၏ကိုယ်ပိုင်ကျင့်ကြံခြင်းကိုပင် အလွန်အမင်း ဖိနှိပ်ထားခဲ့သည်။ထိုကဲ့သို့သော စွမ်းဆောင်မှုမျိုးကို ပြီးမြောက်ရန်အတွက် သူ၏စွမ်းအားသည် မည်မျှထိ ကြောက်မက်ဖွယ်ကောင်းနေရန် လိုအပ်သနည်း....ဝူဟွမ်၊ ချူကျင်းရှန်းနှင့် တခြားထိပ်တန်း ရှေးဟောင်း ပါရမီရှင်များသည် ထက်ရှသော အမြင်အာရုံများရှိကြပြီး သဲလွန်စတချို့ကို မြင်တွေ့ခဲ့ကြပြီးဖြစ်သည်။အကယ်၍ သူတို့၏ခန့်မှန်းချက်များသာ မှန်ကန်ပါက ယခင်က ခုံးဝူတောက်၏ ခန္ဓာကိုယ်မှ ပျံ့နှံ့လာသော လျှို့ဝှက်ဆန်းကြယ်သည့် အရှိန်အဝါသည် ကောင်းကင်နှင့်မြေကြီး၏ မီးတောက်များအပေါ် မမြင်နိုင်သော ဆွဲဆောင်မှုစွမ်းအားတစ်ခု ရှိနေပေမည်။ ထို့ကြောင့် သူသည် မော့ရှဲ့၏ မြေအောက်ကမ္ဘာကိုးထပ် နတ်ဆိုးမီးတောက်ကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်ခဲ့ပြီး ထိုအရာကို လေထုအလယ်တွင် အေးခဲသွားစေခဲ့ခြင်းဖြစ်သည်။သို့သော် အမှန်တရားကို ခန့်မှန်းပြီးနောက်တွင်ပင် ထိုအရာက သူတို့၏ တွန့်ချိုးနေသော မျက်ခုံးများကို အနည်းငယ်မျှ ပြေလျော့မသွားစေခဲ့ချေ။ခုံးဝူတောက်၏စွမ်းအားသည် သူတို့ စိတ်ကူးယဉ်တွေးတောထားသည်ထက် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။ အကယ်၍ သူတို့သည် လာမည့် မြေအောက်ကမ္ဘာကိုးထပ် လျှို့ဝှက်နယ်မြေ ခရီးစဉ်တွင် အခွင့်အရေးများ ပို၍ရရှိလိုပါက သူတို့သည် ယခုထက်ပို၍ သန်မာအားကောင်းနေရန် လိုအပ်ပေမည်။[ဒင်.... ကူးပြောင်းလာသူ မော့ရှဲ့ရဲ့ တာအိုနှလုံးသား ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးသွားတာကို ထောက်လှမ်းတွေ့ရှိရပါတယ်.... ကောင်းကင်ကံကြမ္မာအမှတ် ၃၀၀၀ လျော့ကျသွားပြီး ၂၇၀၀၀ ကျန်ရှိပါတယ်][လက်ခံသူကို ဂုဏ်ပြုပါတယ်.... သုံးဆပြင်းထန်တဲ့ သက်ရောက်မှုကို ဖြစ်ပေါ်စေပြီးတော့ ကောင်းကင်ကံကြမ္မာအမှတ် ၉၀၀၀ ကို အောင်မြင်စွာ ရရှိသွားပါတယ်]စနစ်၏ကြေညာချက်ကို နားထောင်ရင်း ခုံးဝူတောက်က မျက်ခုံးပင့်လိုက်သည်။စနစ်တစ်ခုကို နိုးထခဲ့သော ဤကူးပြောင်းလာသူသည် ချောမွေ့စွာ ရွက်လွှင့်ရသည်ကို ကျင့်သားရနေပုံပေါ်သည်။'ဒါပေမယ့် ငါ့ရဲ့ ပေါ့ပေါ့ပါးပါး ရိုက်ချက် တစ်ချက်ကြောင့် လွင့်စင်သွားတဲ့အချိန်မှာ သူ့ရဲ့ တာအို နှလုံးသားအပေါ် တကယ့်ကို အများကြီး သက်ရောက်မှု ရှိသွားတာပဲ''ငါ့ရဲ့ ပေါ့ပေါ့ပါးပါး ရိုက်ချက် တစ်ချက်လေးက တစ်ဖက်လူကို ဒီလောက်ထိ ကြီးမားတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို ဖြစ်စေနိုင်တာလား'ခုံးဝူတောက်က တွေးတောလိုက်သည်။ထိုအချိန်မှာပင်.....ယခင်က မော့ရှဲ့၏ လှောင်ပြောင်မှုနှင့် အထင်သေးမှုကို ခံခဲ့ရသော ကောင်းကင်မြင့်မြတ်နယ်မြေမှ လူများသည် ခုန်ထွက်ပြီး သူ့ကို ပြန်လည်လှောင်ပြောင်ရန် အခွင့်အရေးတစ်ခုကို နောက်ဆုံးတွင် ရှာတွေ့သွားပုံရသည်။"မော့ရှဲ့....မင်းက မောက်မာနေတာ မဟုတ်ဘူးလား... ဘာလို့ နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်ရဲ့ ရိုက်ချက်ကြောင့် လွင့်စင်သွားရတာလဲ""ပြီးတော့ ဘာအဓိက အင်အားစုတစ်ခုရဲ့ အမွေဆက်ခံသူလဲ...နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်နဲ့ ယှဉ်ရင် မင်းက ဘာမှမဟုတ်ဘူး.. မင်းကအရေးမပါတဲ့ကောင်တစ်ကောင်ပဲ"ထို့ထက်ပို၍ဆိုးသည်မှာ လူတချို့က မော့ရှဲ့ရှိရာသို့ လက်ညှိုးထိုးကာ သူတို့၏ဗိုက်များကိုနှိပ်၍ ရယ်မောနေကြခြင်းပင်။
"ဟား ဟား ဟား ရိုက်ချက်တစ်ချက်တည်းနဲ့ လဲကျသွားတာ... အဲ့ဒါက တကယ့်ကို အသုံးမကျတာပဲ""ဒီမော့ရှဲ့က တကယ့်ကို အသုံးမကျတာပဲ""ဒါဆို မင်းတို့နှစ်ယောက်က အသုံးကျတယ်ပေါ့"ဤစကားများ ထွက်လာသည်နှင့် တပြိုင်နက် မော့ရှဲ့ကို လှောင်ပြောင်နေသော လူနှစ်ဦး အသက်ရှူကြပ်သွားကြ၏။ ဤသည်မှာ သူတို့သည် မော့ရှဲ့ကို ကြောက်ရွံ၍ မဟုတ်ဘဲ ခုံးဝူတောက်ကို ကြောက်ရွံသောကြောင့်ပင်။ဒါက နောက်နေတာလား....သူတို့သည် မော့ရှဲ့ကို လှောင်ပြောင်နိုင်သော်လည်း ခုံးဝူတောက် ယခုလေးတင် ထုတ်လွှတ်လိုက်သော ရိုက်ချက်ကို သူတို့ တောင့်ခံနိုင်မည်ဟု မဆိုလိုချေ။တစ်ချိန်တည်းမှာပင်...ယခင်က မော့ရှဲ့၏ သူရဲကောင်းဆန်သော အသွင်အပြင်ကြောင့် ဆွဲဆောင်ခံခဲ့ရသော နတ်မိမယ်လေးများသည် သူမတို့၏နှုတ်ခမ်းထောင့်များရှိ အပြုံးများကို ထိန်းချုပ်မထားနိုင်တော့ဘဲ ပါးစပ်များကို အုပ်ကာ ရယ်မောလိုက်ကြ၏။တစ်ချိန်တည်းမှာပင် ခုံးဝူတောက်ကို ကြည့်နေသော သူမတို့၏ လှပသည့် မျက်လုံးများတွင် ယုံကြည်ကိုးကွယ်မှုနှင့် စွဲလမ်းမှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
'သေချာတာပေါ့ အတုယူတဲ့ပုံစံက မူရင်းကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ' နတ်မိမယ်လေးများက တွေးတောလိုက်ကြသည်။အကယ်၍ နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်သာ သူမတို့အတွက် အိပ်မက်ဆန်နေပြီး ကင်းကွာလွန်းခြင်း မရှိခဲ့ပါက သူတို့သည် မော့ရှဲ့ကို အပိုအကြည့်တစ်ချက်ပင် ပေးခဲ့မည်လော...သူမတို့ကို ပို၍ပင် ရယ်မောစေခဲ့သောအရာမှာ မော့ရှဲ့သည် သူ၏ယခင်ဟန်ရေးပြမှုက သူမတို့၏ မျက်နှာသာပေးမှုကို ရရှိခဲ့သည်ဟု အမှန်တကယ် တွေးထင်နေခြင်းပင်။ သို့ရာတွင် သာမန်အင်အားစု တစ်ခုရဲ့ အမွေဆက်ခံသူတစ်ယောက်အတွက် သူမတို့အနေဖြင့် ပြပွဲကောင်းကိုကြည့်ရုံဖြင့် လုံလောက်နေလေပြီ။[ဒင်....ကူးပြောင်းလာသူ မော့ရှဲ့ရဲ့ တာအို နှလုံးသား ထိခိုက်ပျက်စီးသွားကြောင်း ထောက်လှမ်းတွေ့ရှိရပါတယ်... တစ်ဖက်လူရဲ့ ကောင်းကင်ကံကြမ္မာအမှတ် ၂၀၀၀ လျော့ကျသွားပါတယ်][ဒင်.... ကူးပြောင်းလာသူ မော့ရှဲ့ရဲ့ဂုဏ်သိက္ခာ ပြင်းထန်စွာ ထိခိုက်ပျက်စီးသွားတာကို ထောက်လှမ်းတွေ့ရှိရပါတယ်.... တစ်ဖက်လူရဲ့ ကောင်းကင်ကံကြမ္မာအမှတ် ၂၀၀၀ လျော့ကျသွားပါတယ်][လက်ခံသူကို ဂုဏ်ပြုပါတယ်...သုံးဆထိခိုက်တဲ့ သက်ရောက်မှုကို ဖြစ်ပေါ်စေပြီးတော့ ကောင်းကင်ကံကြမ္မာအမှတ် ၁၂၀၀၀ ကို အောင်မြင်စွာ ရရှိသွားပါတယ်.....တစ်ဖက်လူမှာ ကောင်းကင်ကံကြမ္မာအမှတ် ၂၀၀၀၀ ကျန်ရှိနေပါတယ်]စနစ်၏ ဆက်တိုက်ကြေညာချက်များကို နားထောင်ရင်း ခုံးဝူတောက်၏နှုတ်ခမ်းပေါ်၌ အပြုံးတစ်ခု ထင်ဟပ်လာသည်။သူ၏ ခန့်မှန်းချက် အမှန်တကယ်ကို မှန်ကန်ခဲ့သည်။ ဤကောင်လေးမော့ရှဲ့၏ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှုသည် သူ ယခင်က တွေ့ခဲ့ဖူးသမျှ ကောင်းကင်ကံကြမ္မာရွေးချယ်ခံတိုင်းထက် များစွာပို၍အားကောင်းနေပေ၏။ပတ်ဝန်းကျင်က လူများမှ သူ့ကို အနည်းငယ် လှောင်ပြောင်ရုံဖြင့် သူ၏စိတ်ဓာတ် အမှန်တကယ်ကို ပြိုလဲပျက်စီးသွားသည်။ သို့ရာတွင် ဤသို့ဖြစ်လာခြင်းမှာ ကျိုးကြောင်းဆီလျော်သည်။ အကယ်၍ သူသာ ဤနေရာတွင် ထွက်ပေါ်မလာခဲ့လျှင် ပုံမှန် ဇာတ်လမ်း ဖွံ့ဖြိုးတိုးတက်မှုအရ မော့ရှဲ့သည် စားသောက်ပွဲ၌ ဟန်ရေးပြရန် စနစ်၏အကူအညီကို အားကိုးပေလိမ့်မည်။သူသည် မိန်းမလှအများအပြား၏ မျက်နှာသာပေးမှုကိုပင် ရရှိနိုင်ပေလိမ့်မည်။ ဤသည်ကို တိုက်ရိုက်တန်ပြန်တိုက်ခိုက်မှုဟု ဆိုနိုင်ပြီး တစ်ချက်တည်းဖြင့် သူ့ဘဝ၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခြင်းပင်။သို့ရာတွင် အခြေအနေများက သူ၏ဆန္ဒနှင့် ဆန့်ကျင်ဘက် ဖြစ်သွားပေ၏။ ခုံးဝူတောက်၏ ရိုက်ချက်ကြောင့် လွင့်စင်သွားပြီး မျက်နှာပျက်ရုံသာမက သူ မျက်နှာသာအနည်းငယ်ရရန် နောက်ဆုံးတွင် အောင်မြင်သွားသည့် နတ်မိမယ်လေးများ၏ လှောင်ပြောင်မှုကိုလည်း ခံနေရသည်။ သူ၏စိတ်ဓာတ်သည် မည်သည်ကြောင့် ပြိုလဲကျမသွားဘဲ နေမည်နည်း။မော့ရှဲ့သည် အရှက်ရပြီး အမြှီးကုပ်ကာ စားသောက်ပွဲမှ ထွက်ခွာသွားလိမ့်မည်ဟု လူတိုင်း ထင်နေချိန်မှာပင် သူက ဖြည်းညှင်းစွာ ထလာသည်။ သူ၏ မျက်လုံးများတွင် ဒေါသများ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေပေ၏။သူ၏စိတ်ထဲရှိ တမလွန်ကမ်းပါး နတ်ဆိုးမ၏ နှစ်သိမ့်မှုပင်လျှင် ဤအချိန်အခိုက်အတန့်၌ သူ၏အကန့်အသတ်မဲ့သော ဒေါသများကြောင့် လွှမ်းမိုးသွားခဲ့လေပြီ။'ဒီလောက် နှစ်တွေအများကြီး သင်္ချိုင်းဖောက်ခဲ့တာက ဒီလောကမှာ ခြေကုပ်တစ်ခုရဖို့အတွက် သက်သက်ပဲ.... ဒီနေ့ ခုလိုမျိုး အရှက်ခွဲခံရပြီးတဲ့နောက်မှာ ငါ့ရဲ့ဝှက်တွေကို အခု မသုံးရင် ဘယ်အချိန် သုံးရမှာလဲ..'မော့ရှဲ့က တွေးတောလိုက်သည်။"ခုံးဝူတောက် မင်းက လူတွေကို အရမ်းအနိုင်ကျင့်လွန်းတယ်"မော့ရှဲ့က အော်ဟစ်လိုက်သည်။"ကြယ်တောင်တန်းမြစ်မြေပုံ.... နက်နဲသိမ်မွေ့ မြေအောက်ကမ္ဘာ ဓားသေတ္တာ...လာစမ်း"ဝုန်း....နတ်ဘုရား အလင်းတန်းများ ကောင်းကင်ယံသို့ ပျံ့လွင့်သွားသည်။ မည်သူမျှ မမျှော်လင့်ထားသော အခြေအနေများအောက်တွင် အထွတ်အထိပ် ရတနာများ၏အရှိန်အဝါကို ထုတ်လွှတ်နေသည့် အရာနှစ်ခုက လေထဲသို့ မြင့်တက်လာသည်။ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးလိုခြင်း စွမ်းအားများကို သယ်ဆောင်ကာ ထိုအရာများသည် ခုံးဝူတောက်ထံ ဦးတည်၍ ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။