← Chapters

အခန်း ၂၁၉

Vol. 22 Ch. 219

အခန်း ၂၁၉

Vol. 22 Ch. 219

အခန်း (၂၁၉) အထွတ်အထိပ် ရတနာ ပျက်စီးသွားပြီ... မြေမြှုပ်ရမည့်စာရင်းတွင် လူတစ်ယောက် ထပ်တိုးလာတယ်

ဤမြင်ကွင်းက လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။မည်သို့ပင်ဆိုစေကာမူ သာမန်အင်အားစုတစ်ခုမှ သူတော်စင်တစ်ဦးသည် ထိပ်တန်းအထွတ်အထိပ် ရတနာနှစ်ခုကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မည်သူက တွေးထင်ထားမိမည်နည်း။ဝုန်း...မော့ရှဲ့သည် အထွတ်အထိပ် ရတနာများကို အပြည့်အဝ အသက်မသွင်းနိုင်သော်လည်း ဤအရာနှစ်ခုသည် ကိုယ်ပိုင်အသိစိတ်ကို ပိုင်ဆိုင်ထားကြောင်း သိသာရှင်းလင်းနေသည်။ကြယ်တောင်တန်းမြစ်မြေပုံသည် တောက်ပသော အလင်းရောင်များဖြင့် တောက်ပနေပြီး သန်းရာနှင့်ချီသော ကြယ်များ၏ပုံရိပ်ယောင်များ ထွက်ပေါ်လာကာ လောကရှိ အရာအားလုံးကို အမှုန်အမွှားများအဖြစ်သို့ ခြေမွှဖျက်ဆီးရန် ရည်ရွယ်ထားပေ၏။နက်နဲသိမ်မွေ့ မြေအောက်ကမ္ဘာ ဓားသေတ္တာသည် အလိုအလျောက် ပွင့်သွားပြီး ရှေးဟောင်းဓားခြောက်လက် ထွက်ပေါ်လာသည်။ ဓားများ၏ကိုယ်ထည်များသည် အေးစက်သော အလင်းရောင်ဖြင့် တောက်ပနေပြီး ဖျက်ဆီးလိုခြင်း ဓားချီစွမ်းအင်များဖြင့် ရစ်ပတ်ကာ သေတ္တာအတွင်းမှနေ၍ မိုးကောင်းကင်ယံသို့ ပျံ့လွင့်သွားသည်။ရှေးဟောင်းဓားခြောက်လက်သည် တပြိုင်နက်တည်းတုန်ခါသွားပြီး ခုံးဝူတောက်ကို ဗလာနတ္တိအဖြစ်သို့ ဖျက်ဆီးပစ်ရန် ရည်ရွယ်ထားပုံရသည်။"နတ်ဘုရားသားတော်အရှင် သတိထားပါ...."ခုံးကျန်းယွဲ့တို့လူစုက အလွန်လျှင်မြန်စွာ တုံ့ပြန်လိုက်ကြပြီး သူတို့၏ဝှက်ဖဲများကို အသုံးပြုရန် ချက်ချင်းပြင်ဆင်လိုက်ကြ၏။သူတို့၏အမြန်နှုန်းက မြန်ဆန်လှသည်။ သို့သော် နန်ကုန်းရှင်းယွဲ့၏အမြန်နှုန်းက ပို၍ပင် မြန်ဆန်နေသည်။လူတိုင်းသည် သူတို့၏အမြင်အာရုံ တခဏကြာ ဝေဝါးသွားသည်ဟု ခံစားလိုက်ရသည်။ နှင်းကဲ့သို့ ဖြူဖွေးနေသော ပုံရိပ်တစ်ခုက ခုံးဝူတောက်၏ ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာပေ၏။နန်ကုန်းရှင်းယွဲ့သည် အဖြူရောင် နတ်ဘုရား အလင်းတန်းများ ထုတ်လွှတ်နေသည့် အဖိုးတန် သလင်းကျောက်လုံးတစ်ခုကို တိုက်ရိုက်ဆင့်ခေါ်လိုက်သည်။ထိုသလင်းကျောက်လုံးပေါ်တွင် တောက်ပသော ကြယ်မြစ်တစ်ခုအလား ရှုပ်ထွေးသည့် တာအို အက္ခရာအမျိုးမျိုးကို ထွင်းထုထားသည်။ ထိုအရာအတွင်းတွင် လောကရှိပစ္စည်းများနှင့် ဥပဒေသ တာအိုစည်းချက် အမြောက်အများကို လွယ်လင့်တကူ အမှုန်အမွှားအဖြစ်သို့ ခြေမွှဖျက်​ဆီးနိုင်သည့် ဖော်ပြ၍မရနိုင်သော အချိန်စွမ်းအားတစ်မျိုး ကိန်းအောင်းနေသည်။ထျန်းကွမ် နတ်ဘုရားပုလဲ...ဤသည်မှာ နန်ကုန်းရှင်းယွဲ့၏ မူလဘူတ တာအို လက်နက်များအနက်မှ တစ်ခုပင်။ ထိုအရာကို ထျန်းကွမ်တားမြစ်နယ်မြေ၏ ရှေးဟောင်းဘိုးဘေးတချို့က ပူးတွဲ၍ ဖန်တီးခဲ့ခြင်းဖြစ်သည်။ထိုအရာသည် ခုံးဝူတောက်၏ အသင်္ချေသရုပ်ထင်ဟပ်ခြင်း နတ်ဘုရားလက်နက်ကဲ့သို့ ကောင်းကင်ကို အန်တုနိုင်ခြင်း မရှိသော်လည်း လောကတခွင်ကို ကြည့်မည်ဆိုပါက ထိုအရာကို ထိပ်တန်း အဆင့်ဟု သတ်မှတ်၍ ရနိုင်သည်။နန်ကုန်းရှင်းယွဲ့၏စိတ်ဆန္ဒ အနည်းငယ် လှုပ်ရှားသွားကာ ထျန်းကွမ်နတ်ဘုရားပုလဲသည် သူမ၏လက်ဝါးမှ အလိုအလျောက် လွင့်မျောသွားပြီး ပြင်းထန်သော အလင်းတန်းများ ပွင့်အံ့ထွက်လာသည်။မရေမတွက်နိုင်သော ဥပဒေသအက္ခရာများ စုစည်းသွားကာ နောက်ဆုံးတွင် လောကကြီးကို တုန်ခါစေသော ဥပဒေသလှိုင်းလုံးကြီးတစ်ခု အဖြစ်သို့ အသွင်ပြောင်းသွားပြီး မော့ရှဲ့ ဆင့်ခေါ်ထားသော အထွတ်အထိပ်ရတနာနှစ်ခုဆီသို့ ရိုက်ခတ်သွားတော့သည်။ဝုန်း....နောက်တခဏတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသုံးရပ် ရုတ်တရက် တိုက်မိပြီး ပေါက်ကွဲသွားသဖြင့် မြေပြင်တပြင်လုံးကို တုန်ခါစေသော ပေါက်ကွဲသံကြီးတစ်သံ ပဲ့တင်ထပ်သွားသည်။ ကျင့်ကြံသူ အများအပြားသည် အချိန်အတော်ကြာကတည်းက ပြင်ဆင်ထားခဲ့သော်လည်း ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းလုံးကို အပြည့်အဝ ခံနိုင်ရည်ရှိရန် ခက်ခဲလှသည်။ ရှေးဟောင်း ပါရမီရှင် အများအပြားပင်လျှင် ကာကွယ်ရေးအတွက် သူတို့၏ ကိုယ်ပိုင် မူလဘူတတာအိုလက်နက်များကို ဆင့်ခေါ်ခဲ့ရသည်။နတ်ဘုရား အလင်းတန်းများ ကျယ်ပြန့်လာပြီး ဧရာမ ခန်းမကြီး ပြိုကျသွားသည်။ ထိုကဲ့သို့ ကြီးမားသည့် ကသောင်းကနင်း ဖြစ်မှုသည် ကျင့်ကြံသူ အများအပြား၏ အာရုံစိုက်မှုကို အချိန်အတော်ကြာကတည်းက ဆွဲဆောင်နိုင်ခဲ့ပြီး ဖြစ်ပေ၏။အဝေးမှ ကြည့်လျှင် ဝမ်ယွဲ့ခန်းမဆောင်၏ ဦးတည်ရာတွင် ​ကြယ်ပျံများ ကျဆင်းလာသကဲ့သို့၊ ကြယ်များ အရည်ပျော်သွားသကဲ့သို့၊ သန်းရာနှင့်ချီသော လွင့်မျောနေသည့် အလင်းတန်းများ ကောင်းကင်ယံသို့ ပျံ့လွင့်သွားသကဲ့သို့ ဖြစ်နေသည်ကို မြင်တွေ့နိုင်သည်။အလွန်ဝေးကွာသောနေရာမှပင် လူတိုင်းသည် သူတို့ဆီသို့ ဒီရေတစ်ခုအလား ပြေးဝင်လာသည့် နှလုံးတုန်လှုပ်ဖွယ်နှင့်ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား ပေါက်ကွဲမှုများကို ခံစားနေရသည်။'ဒီအရှိန်အဝါက အထွတ်အထိပ်အဆင့် ရတနာလား'ထက်ရှသော အာရုံခံနိုင်စွမ်းရှိသည့် စီနီယာမျိုးဆက် ကျွမ်းကျင်သူတချို့က တွေးတောလိုက်ကြပြီး သူတို့၏ မျက်နှာအမူအရာများ ပြင်းထန်စွာ ပြောင်းလဲသွားပေ၏။သူတို့၏နားလည်သဘောပေါက်မှုအရ ကောင်းကင်ဘုံများ၏နယ်မြေအသီးသီးမှ ထိပ်တန်းအထွတ်အထိပ် ကျွမ်းကျင်သူများသာ အထွတ်အထိပ်ရတနာကို အသက်သွင်းရန် အရည်အချင်း ပြည့်မီသည်။

သို့သော် ယနေ့တွင် ဝမ်ယွဲ့ခန်းမဆောင်၌ ကြီးကျယ်ခမ်းနားသော စားသောက်ပွဲတစ်ခု ကျင်းပနေခဲ့သည်။ ဤစားသောက်ပွဲသို့ ပါဝင်နိုင်သူများသည် အရေးပါသော အဆင့်အတန်းနှင့် နောက်ခံရှိသည့် လက်ရှိကောင်းကင်ဘုံများ၏ နယ်မြေအသီးသီးမှ ထိပ်တန်း လူငယ်ပါရမီရှင်များပင်။။'ဘယ်သေခြင်းတရားကို အန်တုတဲ့ အဘိုးကြီးတစ်ယောက်က ဝမ်ယွဲ့ခန်းမဆောင်က ပါရမီရှင်တွေကို လှုပ်ရှားဖို့ အတင့်ရဲတာလဲ'သူတို့က တွေးတောလိုက်ကြသည်။ဝမ်ယွဲ့ခန်းမဆောင်အတွင်းတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ အဆက်မပြတ် ပျံ့လွင့်နေပြီး ကြီးမားသော နေရာတဝိုက်ကို အဖြူရောင်အဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားစေပေ၏။သို့သော် မော့ရှဲ့၏စွမ်းအား မလုံလောက်မှုကြောင့် အထွတ်အမြတ်ရတနာနှစ်ခုသည် စွမ်းအားအပြည့်အဝကို မထုတ်လွှတ်နိုင်ခဲ့ချေ။ဤသည်က ထျန်းကွမ်နတ်ဘုရားပုလဲသည် အလွန် ထူးကဲသည် ဆိုသည့် အချက်နှင့် ပေါင်းစပ်လိုက်သောအခါ နန်ကုန်းရှင်းယွဲ့၏ အသက်သွင်းမှုအောက်တွင် မော့ရှဲ့၏ တိုက်ခိုက်မှုသည် ခုံးဝူတောက်၏ အနီးအနားသို့ ရောက်ရှိရန် မဆိုထားနှင့် လေထုအလယ်တွင်ပင် လုံးလုံးလျားလျား ဖိနှိပ်ခံလိုက်ရသည်။အထွတ်အထိပ် ရတနာနှစ်ခုလုံး မြည်ဟီးပြီး တုန်ခါလာကာ အချိန်မရွေး ပြိုကွဲပျက်စီးတော့မည့်အလား ဖြစ်နေခဲ့သည်။မော့ရှဲ့သည် မောက်မာထောင်လွှားသော်လည်း သူသည် လုံးဝဦးနှောက်မရှိသော အရိုင်းအစိုင်းတစ်ယောက် မဟုတ်ချေ။သူ အထွတ်အထိပ် ရတနာနှစ်ခုကို ဆင့်ခေါ်လိုက်သည့် အချိန်မှာပင် သူသည် ဟင်းလင်းပြင် ရွှေ့ပြောင်းခြင်းနှင့် ဖြတ်သန်းခြင်းကို ပြုလုပ်နိုင်စွမ်းရှိသည့် အထွတ်အထိပ် ရတနာတစ်ခုကိုလည်း ထုတ်ယူလိုက်၏။ သူသည် လုံလောက်အောင် လုံခြုံမှုမရှိသေးဟု ခံစားရပုံဖြင့် သူ့ကို ကူညီရန် တမလွန်ကမ်းပါး နတ်ဆိုးမကိုပင် တောင်းဆိုခဲ့သေးသည်။"ဟူး..."တမလွန်ကမ်းပါး နတ်ဆိုးမက သက်ပြင်းရှည်ကြီး ချလိုက်သည်။'အခု ပြီးသွားပြီ....ဒီကိစ္စ ပြီးသွားရင် မော့ရှဲ့က ခုံးဝူတောက်နဲ့ တစ်လမ်းစီဖြစ်သွားပြီလို့ ယူဆနိုင်တယ်.... ခုံးဝူတောက်က တမင်တကာ ပြဿနာရှာနေတာက တစ်စိတ်တစ်ပိုင်း ပါဝင်နိုင်ပေမယ့်....မော့ရှဲ့ကလည်း အရမ်းအဆင်အခြင် မဲ့လွန်းတယ်...ဒါပေမဲ့ အခြေအနေတွေက ဒီအဆင့်အထိ ရောက်နေပြီဆိုတော့ ငါ့မှာ တခြားရွေးချယ်စရာ မရှိတော့ဘူး'တမလွန်ကမ်းပါး နတ်ဆိုးမ တွေးတောလိုက်သည်။တမလွန်ကမ်းပါး နတ်ဆိုးမ နောက်ကွယ်မှ လှုပ်ရှားလိုက်သည်နှင့် ဝိုးတဝါးမြူခိုးများ ရုတ်တရက် ထွက်ပေါ်လာသည်။ထို့နောက် လျှို့ဝှက်ဆန်းကြယ်သော ဥပဒေသများဖြင့် ဖွဲ့စည်းထားသည့် မရေမတွက်နိုင်သော တမလွန်ကမ်းပါးပန်းများက မြူခိုးများအတွင်းတွင် ပွင့်လန်းလာခဲ့သည်။ထိုအရာများသည် တစ်လွှာပြီးတစ်လွှာ ထပ်လာကာ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်တစ်ခုလုံးကို ချက်ချင်းဖုံးလွှမ်းသွားပေ၏။ဤမရေမတွက်နိုင်သော တမလွန်ကမ်းပါးပန်းများ ထွက်ပေါ်လာသည့် တစ်ချိန်တည်းမှာပင် ကျင့်ကြံသူ အများအပြားသည် သူတို့၏အာရုံခံစားမှုများနှင့် နတ်ဘုရားအာရုံများ ကြီးမားစွာ အနှောင့်အယှက် ခံရသည်ကို ခံစားလိုက်ရသည်။ ဤသည်က မော့ရှဲ့၏ တိကျသော တည်နေရာကို ရှာဖွေရန် ခက်ခဲစေခဲ့သည်။သို့သော် ထိုကဲ့သို့ ထူးဆန်းသည့် စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက်သည် ခုံးဝူတောက်နှင့် နန်ကုန်းရှင်းယွဲ့တို့ကဲ့သို့ အလွန်အားကောင်းသော မူလဘူတ နတ်ဘုရားစိတ်ဝိညာဉ်များရှိသည့် တည်ရှိမှုများအပေါ် များစွာအကျိုးသက်ရောက်မှု မရှိခဲ့ချေ။'ထွက်ပြေးချင်တာလား'နန်ကုန်းရှင်းယွဲ့က တွေးတောလိုက်သည်။ ရှေးဟောင်း ရေတွင်းတစ်ခုကဲ့သို့ တည်ငြိမ်နေသင့်သော နန်ကုန်းရှင်းယွဲ့၏ လှပသည့် မျက်လုံးများတွင် ယခုအချိန်၌ ထူထပ်သိပ်သည်းသော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများ တလိမ့်လိမ့်ထနေပေ၏။သူမသည် ပတ်ဝန်းကျင်ရှိ မိုင်ထောင်နှင့်ချီသော ဟင်းလင်းပြင်ကို ချိတ်ပိတ်ရန်အတွက် ထျန်းကွမ် နတ်ဘုရားပုလဲကို အပြည့်အဝ အသက်သွင်းရန် ချက်ချင်းဟန်ပြင်လိုက်သည်။ထို ဟင်းလင်းပြင်နှင့်အတူ မော့ရှဲ့ကို ခြေမွှဖျက်ဆီးရန် သူမ ဟန်ပြင်နေစဉ်မှာပင်...."ရှင်းယွဲ့ ခဏစောင့်အုံး... ဒီကောင်က ငါတို့အတွက် အများကြီး အသုံးဝင်မယ့် လျှို့ဝှက်ချက်ကြီးတစ်ခုကို ဖုံးကွယ်ထားလောက်တယ်" ခုံးဝူတောက်၏အသံက ရုတ်တရက် သူမ၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာပေ၏။နန်ကုန်းရှင်းယွဲ့ အနည်းငယ် တွေဝေတုံ့ဆိုင်းသွားသည်။ သူမ အလွန်ဒေါသထွက်နေသော်လည်း ခုံးဝူတောက် ဖြစ်နေသောကြောင့် နာခံမှုရှိရှိဖြင့် ပြန်ဆုတ်လိုက်သည်။အမှန်အားဖြင့် အကယ်၍ ခုံးဝူတောက်သာ မော့ရှဲ့၏ အသက်ကိုယူရန် ဆန္ဒရှိခဲ့မည်ဆိုပါက တစ်ဖက်လူသည် မိုးထိမြင့်မားသော စွမ်းရည်များကို အသုံးပြုလျှင်ပင် သူ လွတ်မြောက်ရန်မှာ လုံးလုံးလျားလျား မဖြစ်နိုင်ချေ။မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ စနစ်တစ်ခုနှင့် ချည်နှောင်ထားသူကို တွေ့ဖူးသည့် ပထမဆုံး ကောင်းကင်ကံကြမ္မာ ရွေးချယ်ခံပင်။အကယ်၍ သူသည် မြေအောက်ကမ္ဘာကိုးထပ် လျှို့ဝှက်နယ်မြေ၏ အနက်ရှိုင်းဆုံးနေရာက အမည်မသိကမ္ဘာထဲကိုဝင်ရန်အတွက် ယီရှန်းတံဆိပ်ပြားကို ရှာချင်လျှင် ဤမြေကြွက်ဖြစ်သော မော့ရှဲ့က မရှိမဖြစ် လိုအပ်ပေ၏။ထို့ပြင် မော့ရှဲ့ထံမှ ထူးဆန်းသော အရှိန်အဝါတစ်ခုကို သူ ယခုလေးတင် အာရုံခံမိသည်။

အမည်မသိတည်ရှိမှုတစ်ခုက မော့ရှဲ့၏နောက်တွင် ရပ်တည်နေပုံရသည်။ဤအမည်မသိတည်ရှိမှုထံမှ တမလွန်ကမ်းပါး ရှေးဟောင်းပုလွေနှင့် အလွန်ဆင်တူသော အရှိန်အဝါ တစ်ရပ် ပျံ့နှံ့နေသည်။တမလွန်ကမ်းပါး ရှေးဟောင်းပုလွေသည် ယခင်က ကောင်းကင်ဘုံများ အမဲလိုက်ခြင်းမှတဆင့် သူ ရရှိခဲ့သောအရာပင်။ ထိုအရာသည် ကောင်းကင်ဘုံများ၏ နယ်မြေအသီးသီးရှိ မဟာနတ်ဘုရားအမွေအနှစ် ဆယ်ခုထဲမှ တစ်ခုဖြစ်သော တမလွန်ကမ်းပါးပန်းခင်းပြင်သို့ သော့လည်း ဖြစ်နေသည်။ကောင်းကင်ဘုံများ၏နယ်မြေအသီးသီးရှိ မဟာနတ်ဘုရား အမွေအနှစ်ဆယ်ခုဟု ခေါ်သောအရာများနှင့် ပတ်သက်၍ သူ များစွာမသိခဲ့ချေ။ ဤနေရာဆယ်ခုသည် ကောင်းကင်ဘုံများ၏နယ်မြေအသီးသီးမ မူလအစနှင့် ဆက်စပ်နေသည်ဟု ဆိုကြ၏။ဤ တမလွန်ကမ်းပါး ပန်းခင်းပြင်ဟုခေါ်သောအရာ အကြောင်းကို သူ လေ့လာသိရှိခဲ့ဖူးသည်။ သို့သော် မရေမတွက်နိုင်သော ခေတ်ကာလများစွာအကြာက ကြောက်မက်ဖွယ်ကောင်းသော ဖြစ်ရပ်တစ်ခုပြီးနောက် တမလွန်ကမ်းပါးပန်းခင်းပြင်သည် ပျောက်ကွယ်သွားပြီး ထိုနေရာသို့ ဝင်ရောက်ရန် တစ်ခုတည်းသော လမ်းကြောင်းသည်ပင် အမည်မသိ စွမ်းအား တစ်ခုကြောင့် ခြေမွှဖျက်ဆီးခြင်းခံလိုက်ရသည်။မူလက တမလွန်ကမ်းပါး ပန်းခင်းပြင်အကြောင်း သတင်းအချက်အလက်များ ပို၍စုဆောင်းရန် မည်သို့ လုပ်ဆောင်ရမည်ကို သူ ခေါင်းခဲနေခဲ့ခြင်းဖြစ်သည်။ ထို့နောက် လူကောင်းဖြစ်သော မော့ရှဲ့က သူ အိပ်ချင်နေတုန်း ခေါင်းအုံးတစ်လုံး လာပေးသည့်အလား ထွက်ပေါ်လာခဲ့သည်။မော့ရှဲ့ ထွက်သွားသော ဦးတည်ရာကို ကြည့်ရင်း ခုံးဝူတောက်၏နှုတ်ခမ်းထောင့် အနည်းငယ် ကွေးတက်သွားပေ၏။"မင်းလို ကောင်မျိုးက ငါ့ကို အံ့အားသင့်စရာ တစ်ခု တကယ်ကြီး ယူလာပေးနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်မထားမိဘူး"ခုံးဝူတောက်က ပြောလိုက်သည်။

"မဝေးတော့တဲ့ အနာဂတ်မှာ သင်္ချိုင်းတွေ ပိုတူးဖို့ မင်း ကြိုးစားပြီးတော့ မင်းကိုယ်မင်း ဖြစ်နိုင်သမျှ ပိုပြည့်ဖြိုးလာအောင် လုပ်လိမ့်မယ်လို့ ငါ မျှော်လင့်မိတယ်"...အချိန်အတော်ကြာပြီးနောက်....ပျံ့လွင့်နေသော ဖုန်မှုန့်များ နောက်ဆုံးတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ဝမ်ယွဲ့ခန်းမဆောင် သခင်သည် ပထမဆုံး အခွင့်အရေးတွင် နောက်ဆက်တွဲ စွမ်းအားလှိုင်းလုံးကို ပိတ်ဆို့ရန် လှုပ်ရှားခဲ့သောကြောင့် ဝမ်ယွဲ့ခန်းမဆောင်တစ်ခုလုံး ပြိုကျမည့် အန္တရာယ်မှ ပွတ်ကာသီကာ လွတ်မြောက်သွားခဲ့သည်။သို့သော် စားသောက်ပွဲသို့ တက်ရောက်လာသော ပါရမီရှင် အများအပြားသည်လည်း အခြေအနေ သိပ်မကောင်းလှချေ။ဤအချိန်အခိုက်အတန့်တွင် သူတို့သည်လည်း ဖုန်မှုန့်များ ဖုံးလွှမ်းနေပြီး ပျက်စီးနေသော အပျက်အစီးများထဲမှ စုတ်ပြတ်သတ်နေသော ပုံစံများဖြင့် တွားသွား ထွက်လာကြ၏။ဤနေရာတွင် ဖြစ်ပျက်ခဲ့သမျှသည် သူတို့၏ စိတ်ကူးယဉ်တွေးတောနိုင်စွမ်းထက် လုံးလုံးလျားလျား ကျော်လွန်သွားခဲ့လေပြီ။ဤသည်မှာ ပြီးပြည့်စုံသော လက်ရည်စမ်း ယှဉ်ပြိုင် တိုက်ခိုက်ပွဲတစ်ပွဲပင်။ သို့ရာတွင် မော့ရှဲ့သည် ခုံးဝူတောက်၏ ရိုက်နှက်မှုတစ်ချ​က်ကို ခံလိုက်ရရုံဖြင့် မည်သည်ကြောင့် ဤမျှထိ ထိတ်လန့်ပြီး မျှော်လင့်ချက်မဲ့ သွားရသနည်း။သူတို့အတွက် နားလည်ရန် ပို၍ပင် ခက်ခဲသောအရာမှာ သာမန်အင်အားစုတစ်ခု၏ အမွေဆက်ခံသူတစ်ဦးက ထိပ်တန်း အထွတ်အထိပ် ရတနာနှစ်ခုကို ပိုင်ဆိုင်ထားခြင်းပင်။သို့သော် လူတိုင်း၏ ဇဝေဇဝါဖြစ်မှုနှင့် မှင်သက်နေမှုတို့နှင့်နှိုင်းယှဉ်ပါက ဝူဟွမ်သည် မော့ရှဲ့ ထွက်သွားသော ဦးတည်ရာကို ကြည့်ရင်း အတွေးများထဲ၌ နစ်မြောနေပေ၏။ခုံးဝူတောက်၏ ခွန်အားသည် သူ့ကို အလွန်အမင်း သတိထားစေခဲ့ပြီး ဖြစ်သည်။ သူကိုယ်တိုင်ပင် တစ်ဖက်လူကို ဖိနှိပ်နိုင်မည်ဟု အကြွင်းမဲ့ သေချာမှု မရှိခဲ့ချေ။ဤဖြစ်ရပ်ပြီးနောက် မော့ရှဲ့နှင့် ခုံးဝူတောက်တို့အကြားတွင် ရန်ငြိုးတစ်ခု သေချာပေါက် ဖြစ်ပေါ်သွားခဲ့လေပြီ။ ထို့ပြင် တစ်ဖက်လူထံတွင် သင့်လျော်သော စွမ်းအားနှင့် ထူးချွန်သောပါရမီ ရှိနေသည်။သူ မော့ရှဲ့ကို ဆက်သွယ်ရန် နည်းလမ်းတစ်ခု ရှာဖွေရပေမည်။ ဤသည်မှာ သူ မော့ရှဲ့ကို လျှို့ဝှက်စွာဖြင့် ကျင့်ကြံခြင်း အရင်းအမြစ်များ ထောက်ပံ့ပေးပြီး ခုံးဝူတောက်ကို ဆန့်ကျင်သည့် အင်အားစုတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်စေရန်ပင်။သို့သော် သူ မသိခဲ့သောအရာမှာ ဤအတွေး သူ၏ စိတ်ထဲ၌ ထွက်ပေါ်လာသည့် တခဏမှာပင်..တစ်ဖက်တွင် ရှိနေသော ခုံးဝူတောက်သည် စိတ်ချင်းဆက်သွယ်မှု ရှိနေပုံရပြီး သူ၏ နှုတ်ခမ်းထောင့်တွင် သရော်တော်တော် အပြုံးတစ်ခု ထင်ဟပ်လာသည်။'မြေမြှုပ်ရမယ့် စာရင်းမှာ နောက်ထပ် နာမည်တစ်ခု တိုးလာပြန်ပြီ ထင်တယ်'ခုံးဝူတောက်က တွေးတောလိုက်သည်။

All Chapters