← Chapters

အခန်း ၂၂၀

Vol. 22 Ch. 220

အခန်း ၂၂၀

Vol. 22 Ch. 220

အခန်း (၂၂၀) အဖွဲ့အားလုံး အံ့အားသင့်သွားကြတယ်...သနားစရာအကောင်းဆုံး ကူးပြောင်းလာသူ

တခြားတစ်ဖက်တွင်...ထိပ်တန်း အထွတ်အထိပ်ရတနာနှင့် တမလွန်ကမ်းပါး နတ်ဆိုးမ၏အကူအညီဖြင့် မော့ရှဲ့သည် အချိန်တခဏအတွင်း မိုင်တစ်ထောင်အကွာသို့ ထွက်ပြေးသွားပြီး မြေအောက်ကမ္ဘာကိုးထပ်နယ်မြေ၏ ဝေးလံခေါင်သီသော တောင်တန်းတစ်ခုသို့ ရောက်ရှိသွားသည်။ထိုနေရာတွင် အချိန်အတော်ကြာ စောင့်ဆိုင်းကာ မည်သူမျှ လိုက်မလာကြောင်း အတည်ပြုပြီးနောက် မော့ရှဲ့သည် နောက်ဆုံးတွင် သက်ပြင်းရှည်ကြီးချလိုက်၏။သို့သော် သူ သတိမလွတ်သေးချေ။သူ အမှန်တကယ် စိတ်မချရမီ သူတို့၏ ထွက်ပြေးမှု သဲလွန်စအားလုံးကို ဖျက်ပစ်ရန် တမလွန်ကမ်းပါး နတ်ဆိုးမအား အထူး နတ်ဘုရားစွမ်းရည် တစ်ခုကိုပင် အသုံးပြုစေခဲ့သည်။ဖော်ပြသင့်သည့်အချက်မှာ သူ၏ အလွန်အကျွံ့ သတိထားမှုသည် အမှန်အားဖြင့် အချည်းနှီးသာ ဖြစ်နေခြင်းပင်။ခုံးဝူတောက်သည် သူတို့ကို စောင့်ကြည့်နေရင်း ထွက်သွားခွင့်ခဲ့သော်လည်း သူ၏ထူးခြားသော နတ်ဘုရားစိတ်ဝိညာဉ် အမှတ်အသားကို သူတို့အပေါ်သို့ အချိန်အတော်ကြာကတည်းက ချန်ထားခဲ့ပြီးဖြစ်သည်။မော့ရှဲ့ မည်သည့်နေရာတွင် ရှိနေပြီး မည်သို့ ကြုံတွေ့နေရကြောင်းကို ခုံးဝူတောက် အတိအကျ သိထားပေ၏။"သောက်ချေးပဲ... ဒီသေသင့်တဲ့ ခုံးဝူတောက်က လူတွေကို အရမ်းအနိုင်ကျင့်လွန်းတယ်"သူ၏စိတ်နှလုံးသားထဲရှိ ကြောက်ရွံ့မှုများ လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်နှင့် တပြိုင်နက်...မော့ရှဲ့သည် သူ၏စိတ်အတွင်းရှိ ဒေါသနှင့် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို ထိန်းချုပ်၍မရနိုင်တော့ဘဲ ဒေါသတကြီး ကျိန်ဆဲလိုက်သည်။လွန်ခဲ့သော ဆယ်နှစ်ကျော် ကာလအတွင်းတွင် သူသည် သင်္ချိုင်းများစွာကို တူးဖော်ခဲ့ပြီး ထိပ်တန်း ရတနာ အများအပြားကို ရရှိခဲ့သည်။ထိုအရာများအားလုံးသည် တစ်နေ့တွင် ကြီးမားသော နာမည်ဂုဏ်သတင်းကိုရရှိပြီး ​ဇာတ်ကြောင်းတစ်ပုဒ်ရဲ့ အစစ်အမှန် ဇာတ်လိုက် ဖြစ်လာရန် မဟုတ်လော...အကယ်၍ ခုံးဝူတောက်သာ ထွက်ပေါ်မလာခဲ့ပါက သူ၏ခန့်မှန်းချက်များအရ... သူသည် သူ၏ကိုယ်ပိုင်စွမ်းအားနှင့် ဝှက်ဖဲအမျိုးမျိုးကို အားကိုးကာ ဤ စားသောက်ပွဲတွင် သေချာပေါက် တောက်ပစွာ ထွန်းလင်းနိုင်ပေမည်။ထို့နောက် အဆုံးသတ်တွင်... သူသည် အလွန်လှပသော နတ်မိမယ် အမြောက်အများ၏ စွဲလမ်းမှုနှင့် ယုံကြည်ကိုးကွယ်မှုကို ခံရမည်ဖြစ်ပြီး သူ၏ဘဝ အထွတ်အထိပ်သို့ အမှန်တကယ် ရောက်ရှိသွားပေမည်။သူသည် သူ၏ နှလုံးသားထဲရှိ စိတ်ကူးယဉ်မှု နှင့် အလွန်နီးကပ်နေကြောင်း ရှင်းလင်းနေသော်လည်း ဤကျိန်ဆဲချင်စရာကောင်းသောကောင် ခုံးဝူတောက် ကြောင့် ထိုအရာများသည် ပူဖောင်းများအလား လုံးလုံးလျားလျား ပျက်စီးသွားခဲ့သည်။သူ့ကို ပို၍ပင် သွေးအန်ချင်စိတ် ဖြစ်စေခဲ့သောအရာမှာ သူသည် ခုံးဝူတောက်ကို အနည်းငယ်မျှပင် ဒဏ်ရာမရစေခဲ့ရုံသာမက ဤဖြစ်စဉ်တွင် ထိပ်တန်း အထွတ်အထိပ် ရတနာနှစ်ခုကိုလည်း ဆုံးရှုံးလိုက်ရခြင်းပင်။ဤအကြောင်းကို တွေးမိသောအခါ မော့ရှဲ့၏ စိတ်နှလုံးသား တုန်ရီသွားသည်။အလွန်လှပပြီး အလွန်အမင်း စွမ်းအားကြီးမားသော ထိုပုံရိပ်သည် သူ၏စိတ်ထဲတွင် နောက်တစ်ကြိမ် ထွက်ပေါ်လာပေ၏။"အဲ့ဒီ အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးရဲ့ မူရင်းဇစ်မြစ်က တကယ်တော့ ဘာလဲ""သူ့ရဲ့လက်ထဲက အဲ့ဒီပုလဲက အထွတ်အထိပ် အဆင့်တောင် မဟုတ်ဘူး... ဒါဆို ဘာလို့ အဲ့ဒါက ငါ့ရဲ့ အထွတ်အထိပ် ရတနာနှစ်ခုကို လွယ်လွယ်ကူကူ ခြေမွှဖျက်ဆီးနိုင်တာလဲ..."မော့ရှဲ့ စိတ်မကောင်းဖြစ်ပြီး ဒေါသထွက်နေချိန်မှာပင်...ဝီ....သူ၏လက်ချောင်းပေါ်ရှိ အရိုးဖြူလက်စွပ်မှ မှိန်ပျပျ အလင်းတန်းတစ်တန်းကို စတင်၍ ထုတ်လွှတ်လိုက်သည်။ကြီးကျယ်ခမ်းနားသော ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး အသက်ရှူမှားလောက်အောင် လှပသော ခန္ဓာကိုယ် အချိုးအစားရှိသည့် တမလွန်ကမ်းပါး နတ်ဆိုးမ၏ပုံရိပ် ထင်ဟပ်လာသည်။သူမ ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် တမလွန်ကမ်းပါး နတ်ဆိုးမသည် ရှင်းပြ၍မရသော စောင့်ကြည့်ခံရသည့် ခံစားချက်ကို ခံစားမိပေ၏။သို့သော် ထိုခံစားချက်သည် အလွန်သိမ်မွေ့ပြီး ပတ်ဝန်းကျင်ရှိ မည်သည့်အရှိန်အဝါကိုမျှ သူမ အာရုံမခံနိုင်သောကြောင့် ထိုအရာကို ထင်ယောင်ထင်မှားတစ်ခုအဖြစ်သာ သူမ သတ်မှတ်နိုင်ခဲ့သည်။"မော့ရှဲ့လေး... ခုံးဝူတောက်က မင်းအပေါ် အကြံအစည် ရှိနိုင်တယ်... ပြီးတော့ ဒီ စားသောက်ပွဲ ကို မတက်တာ အကောင်းဆုံးပဲလို့ ငါ အရင်က မင်းကို ပြောခဲ့ပြီးပြီလေ..."တမလွန်ကမ်းပါးနတ်ဆိုးမက ခပ်သဲ့သဲ့ ရယ်မောပြီး ခေါင်းခါယမ်းလိုက်သည်။"အခု ကြည့်လေ... မင်းက ငါ့စကားကို နားမထောင်ခဲ့တော့ မင်းရဲ့ မျက်စိရှေ့မှာတင် အကျိုးဆက်တွေကို မင်း ခံစားလိုက်ရပြီ မဟုတ်လား..."ဤအနည်းငယ် လှောင်ပြောင်သရော်သော စကားများက မော့ရှဲ့၏နှလုံးသားထဲရှိ အမည်မသိ မီးတောက်ကို ပို၍ပင် ပြင်းထန်စွာ တောက်လောင်သွားစေပေ၏။သို့သော် ဤသည်က တမလွန်ကမ်းပါး နတ်ဆိုးမကို ရည်ရွယ်ခြင်း မဟုတ်ဘဲ ခုံးဝူတောက် အပေါ် ပို၍ပို၍ ပြင်းထန်လာသော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများသာဖြစ်သည်။အကယ်၍ ဤခုံးဝူတောက်သာ ပြဿနာရှာရန် အတင်းအကျပ် မလုပ်ဆောင်ခဲ့ပါက သူ မည်သည်ကြောင့် ဤကဲ့သို့ အခြေအနေမျိုးထိ ရောက်သွားမည်နည်း....ယခုအချိန်၌ သူသည် သူ၏ဂိုဏ်းသို့ ပြန်မသွားနိုင်တော့ရုံသာမက အချိန်လေဟာနယ် တားမြစ်နယ်မြေ ကဲ့သို့ အင်အားစုများ၏ အလိုရှိသူအဖြစ် ခံယူရခြင်းကိုလည်း ရင်ဆိုင်နေရလေပြီ။သို့သော် မော့ရှဲ့သည် ဤအတွေးများကို သူ၏စိတ်ထဲမှ လျှင်မြန်စွာ ဖယ်ရှားလိုက်၏။သူသည် စနစ်တစ်ခုနှင့် ချည်နှောင်ထားသော ကူးပြောင်းလာသူတစ်ဦး။သူ၏ မွေးရာပါ လှည့်စားမှုဖြင့် ကျင့်ကြံခြင်း လောကမှ ဒေသခံလူတစ်ယောက်ကို သူ အနိုင်မယူနိုင်သည်မှာ ဖြစ်နိုင်ပါသလော..."ရတနာရှာဖွေရေး စနစ်က ငါ့ဆီမှာ ရှိနေမှတော့...ငါ မြန်မြန်ဆန်ဆန် တိုးတက်မလာမှာကို ဘာလို့ စိုးရိမ်ရမှာလဲ""မြေအောက်ကမ္ဘာကိုးထပ် လျှို့ဝှက်နယ်မြေထဲမှာ ကြီးမားတဲ့ အခွင့်အရေးတစ်ခု ပုန်းအောင်းနေတယ်လို့ ငါ ကြားတယ်... မြေအောက်ကမ္ဘာကိုးထပ် လျှို့ဝှက်နယ်မြေ ပွင့်လာတဲ့အချိန်ကျရင် အဲ့ဒီထဲမှာ ပုန်းအောင်းနေတဲ့ အခွင့်အရေးတွေ အားလုံးကို ရှာဖို့ ရတနာရှာဖွေရေး စနစ်ကို ငါ အပြည့်အဝ အားကိုးနိုင်တယ်..."မော့ရှဲ့က ဒေါသထွက်နေသော မျက်နှာအမူအရာဖြင့် ဝမ်ယွဲ့ခန်းမဆောင်ရှိရာသို့ ကြည့်လိုက်သည်။"ခုံးဝူတောက်... ငါ မော့ရှဲ့က ဒီနေ့ရဲ့အရှက်ရမှုကို မှတ်ထားမယ်... တစ်နေ့နေ့ကျရင် ငါ မင်းကိုအဆတစ်ရာ ပြန်ဆပ်ခိုင်းမယ်..."...ရုတ်တရက် ဖြစ်ပွားသွားခဲ့သော ဖြစ်ရပ်များကြောင့် ရက်အတော်ကြာ ကျင်းပမည့် စားသောက်ပွဲသည် စောစီးစွာ ပြီးဆုံးကြောင်း ကြေညာခဲ့သည်။ဖိတ်ကြားခံရသော ပါရမီရှင် အများအပြားသည် နှုတ်ဆက်ပြီးနောက် သူတို့၏ ကိုယ်ပိုင် အင်မော်တယ် လှိုဏ်ဂူများသို့ တံခါးပိတ် ကျင့်ကြံရန်အတွက် ပြန်သွားကြ၏။သို့သော် ဤ စားသောက်ပွဲတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များသည် မုန်တိုင်း တစ်ခုကဲ့သို့ တိုက်ခတ်သွားပြီး အင်အားစု များနှင့် ကျင့်ကြံသူ အများအပြားကြားတွင် တက်ကြွသော ဆွေးနွေးမှုများကို ဖြစ်ပေါ်စေခဲ့သည်။ပထမဦးစွာ ခုံးဝူတောက်၏ သူငယ်ချင်း ဖြစ်ပုံရသော လျှို့ဝှက်ဆန်းကြယ်ပြီး အလွန်အမင်း စွမ်းအားကြီးမားသည့် အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီး တစ်ဦး ထွက်ပေါ်လာခြင်းက မရေမတွက်နိုင်သော အင်အားစုများကြားတွင် အဆုံးအစမရှိသော ခန့်မှန်းမှုများကို ဖြစ်ပေါ်စေသည်။သို့သော် ခုံးဝူတောက်နှင့် အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ကြောက်မက်ဖွယ်ကောင်းသော ဂုဏ်သတင်းကြောင့် အင်အားစု အများအပြားသည် ဗြောင်ကျကျ စုံစမ်းစစ်ဆေးဝံ့ခြင်း မရှိချေ။သို့သော် ကောင်းကင်ဘုံများ၏ နယ်မြေအသီးသီး တွင် ရူးသွပ်စွာ ခန့်မှန်းနေကြသော လူများနှင့် နှိုင်းယှဉ်ပါက အချိန်၏စီးဆင်းမှုအတွင်း၌ ပုန်းကွယ်နေဆဲဖြစ်သော ရှေးဟောင်းတည်ရှိမှုတချို့ထံတွင် အတိုင်းအတာတစ်ခုအထိ နားလည်သဘောမှု ရှိနေခဲ့ကြ၏။အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ နတ်ဘုရားသားတော်အရှင် ဝူတောက်နှင့် ဆက်ဆံရေး ကောင်းမွန်နိုင်ပြီး အမျိုးသမီးလည်း ဖြစ်သူသည် အတိတ်ရှိ မရေမတွက်နိုင်သော ခေတ်ကာလများစွာအကြာက တားမြစ်နယ်မြေ နတ်ဘုရားမမှလွဲ၍ တခြားမည်သူ ဖြစ်နိုင်မည်နည်း....မှောင်ရိပ်ထဲမှ ရှေးဟောင်းတည်ရှိမှုများ၏ နှလုံးသားထဲရှိ အံ့အားသင့်မှုနှင့် သူတို့၏သက်ဆိုင်ရာ လျှို့ဝှက် လှုပ်ရှားမှုများနှင့် နှိုင်းယှဉ်ပါက... အမှန်တရားကို မသိသော စောင့်ကြည့်နေသူ အများအပြားသည် သူတို့၏ အာရုံစိုက်မှုကို တခြားကိစ္စနှစ်ခုအပေါ် အာရုံစိုက်ခဲ့ကြသည်။အစစ်အမှန်နဂါး ရှေးဟောင်းမျိုးနွယ်စု၏ နံပါတ်တစ် ရှေးဟောင်း ပါရမီရှင် လုံအောင်းယွီသည် ခုံးဝူတောက်၏ အရှိန်အဝါကြောင့် တစ်ဖက်သတ် ဖိနှိပ်ခံခဲ့ရသည်။ သူ၏မျိုးနွယ်ဝင်များ သေဆုံးမှုကို ရင်ဆိုင်ရချိန်တွင်ပင် လက်စားချေရန် သူ၏နှလုံးသားကို မမာကျောနိုင်ခဲ့ချေ။နောက်ဆုံးတွင် "ဒီကိစ္စကို ခဏထားလိုက်မယ်" ဆိုသည့် နစ်နာသူ၏ အဓိပ္ပာယ်မရှိသောအမြင်ဖြင့် သူသည် လျော်ကြေးများ ပေးဆောင်ကာ ဤကိစ္စကို မယုံကြည်နိုင်လောက်အောင် အရှက်ရဖွယ်ကောင်းသော နည်းလမ်းဖြင့်သာ ဖြေရှင်းနိုင်ခဲ့သည်။သို့သော် ဤအရာကလည်း လူငယ်ပါရမီရှင်များကြားတွင် ခုံးဝူတောက်သည် မည်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းပြီး တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည့် ဂုဏ်သတင်းမျိုးကို လက်ရှိတွင် ပိုင်ဆိုင်ထားကြောင်းကို လုံလောက်အောင် ပြသနေသည်။ခေတ်ပြိုင် လူငယ်မျိုးဆက်များသာမက ရှေးဟောင်း ပါရမီရှင်များပင်လျှင် သူ၏ရှေ့မှောက်တွင် ရန်စစော်​ကားခြင်းကို ယာယီရှောင်ရှားရပေမည်။ခုံးဝူတောက်သည် "ကောင်းကင်ကို လက်တစ်ဖက်တည်းနဲ့ ဖုံးကွယ်ထားတယ်" နှင့် "ပါရမီရှင် အားလုံးကို ခြေမွှဖျက်ဆီးနိုင်တယ်"ဟူသော နာမည်ဂုဏ်သတင်းကို ပိုင်ဆိုင်ထားပြီးလေပြီ။တခြားအဓိကဖြစ်ရပ်တစ်ခုကမူ လူတိုင်းကို ပို၍ပင် အံ့အားသင့်သွားစေခဲ့သည်။"ငါ တကယ် မမျှော်လင့်ထားခဲ့ဘူး...မြေအောက်ကမ္ဘာကိုးထပ်မှာ ဒီလောက်တောင် အတင့်ရဲတဲ့ အရိုင်းအစိုင်းတစ်ယောက် တကယ်ကြီး ရှိနေတာပဲ..သူက နတ်ဘုရားသားတော်အရှင် ဝူတောက်ကို တိုက်ခိုက်ဖို့အတွက် အထွတ်အထိပ်ရတနာကို စတေးခဲ့တဲ့အထိ တကယ်ကြီး ရဲတင်းတာပဲ""အဲ့ဒီကောင်က မြေအောက်ကမ္ဘာခန်းမရဲ့ အသစ်ခန့်အပ်ခံရတဲ့ သူတော်စင် မော့ရှဲ့လို့ ငါ ကြားတယ်...အဲ့ဒါက အမှန်ပဲလား...""အဲ့ဒါက တော်တော်လေး ထူးဆန်းတယ်... မြေအောက်ကမ္ဘာကိုးထပ်မှာ ရှိတဲ့ သာမန်အင်အားစု တစ်ခုက သူတော်စင်တစ်ယောက်က ထိပ်တန်း အထွတ်အထိပ် ရတနာနှစ်ခုကို တကယ်ကြီး ပိုင်ဆိုင်ထားတာပဲ""ဟမ့်... ပြောနေစရာတောင် မလိုပါဘူး...ဒီကောင်လေးက ကြီးမားတဲ့ ကံကြမ္မာရှိတဲ့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ် တစ်ယောက် ဖြစ်ရမယ်... ဒါကြောင့်မလို့ သူ့မှာ ဝှက်ဖဲတွေ အများကြီး ရှိနေတာပဲ...""နှမြောစရာပဲ... ဒီကောင်က အရမ်းရူးသွပ်လွန်းတယ်... သူက အနာဂတ်မှာ ထူးချွန်တဲ့ လူငယ်တည်ရှိမှုတစ်ယောက် ဖြစ်သင့်တာ...""သူက နတ်ဘုရားသားတော်အရှင် ဝူတောက်ကို ရန်စရဲတဲ့အထိ အဆင်အခြင်မဲ့ခဲ့တာလေ... အခုတော့ ပြီးသွားပြီ... သူ့ရဲ့ ကိုယ်ပိုင်ဘဝ ပျက်စီးသွားရုံတင်မကဘူး မြေအောက်ကမ္ဘာခန်းမ တစ်ခုလုံးကိုပါ ဆွဲချသွားခဲ့ပြီ""မြေအောက်ကမ္ဘာခန်းမရဲ့ ခန်းမသခင် ဘိုးဘေးအို ကြီးတွေနဲ့ အကြီးအကဲတွေအားလုံး... အဲ့ဒီကိစ္စကိုသိတာနဲ့ နတ်ဘုရားသားတော်အရှင် ဝူတောက်ကို တွေ့ခွင့်ရဖို့ သွားခဲ့ကြတယ်လို့ ငါ ကြားတယ်... သူတို့က အပြင်မှာ ဒူးထောက်နေတာ နေ့တစ်ဝက်နဲ့တစ်ည ကြာနေပြီ... ပြီးတော့ နတ်ဘုရားသားတော်အရှင် ဝူတောက်က သူတို့ကို တွေ့ဖို့ ရည်ရွယ်ချက် မရှိသေးဘူး"လူတိုင်း ဆွေးနွေးနေကြစဉ် သူတို့၏ လေသံများသည် မော့ရှဲ့အပေါ် မထီမဲ့မြင်ပြုမှုများနှင့် အထင်သေးမှုများဖြင့် ပြည့်နှက်နေပေ၏။သူတို့အားလုံးသည် သူ့ကို ခုံးဝူတောက်ကို ရန်စခြင်းဖြင့် သူ့ကိုယ်သူ သေကြောင်းကြံရန် အတင်းအကျပ် လုပ်ဆောင်နေသည့် ဦးနှောက်မရှိသော အရိုင်းအစိုင်း တစ်ယောက်အဖြစ် ပြောဆိုနေကြသည်။ခရက်...လက်ဖက်ရည်ဆိုင်တစ်ဆိုင်၏ ထောင့်တစ်နေရာတွင်...သူ၏အသွင်အပြင်နှင့် အရှိန်အဝါ ကို ဖုံးကွယ်ရန် အထူးနည်းလမ်းများကို အသုံးပြုထားသော မော့ရှဲ့ သည် ပတ်ဝန်းကျင်ရှိ လူများ၏ လှောင်ပြောင်မှုနှင့် အထင်သေးမှုများကို ကြားလိုက်ရချိန်၌ သူ အလွန် ဒေါသထွက်သွားသည်။ သူသည် သူ၏လက်ထဲရှိ လက်ဖက်ရည် ပန်းကန်လုံးကို တိုက်ရိုက်ခြေမွှလိုက်ပြီး သွေးတစ်လုတ်ကိုပင် အန်ထုတ်မိလုမတတ် ဖြစ်သွားပေ၏။အခုတော့ အရမ်းကောင်းသွားပြီ... ငါ့ရဲ့ ဂုဏ်သတင်း က တက်မလာခဲ့ဘူး... ဒါပေမယ့် ငါက မြေအောက်ကမ္ဘာကိုးထပ်ရဲ့ ရယ်စရာ အကောင်းဆုံး လူတစ်ယောက်အဖြစ် တကယ့်ကို လုံးဝဖြစ်သွားခဲ့ပြီ...လူတိုင်းသည် သူ့ကို သူ၏ဂိုဏ်းအား အောက်သို့ဆွဲချသွားသည့် အသိဉာဏ်မဲ့ပြီး ဦးနှောက်မရှိသော လမ်းဖြတ်ကူးသည့် ကြွက်တစ်ကောင်အဖြစ် ဆက်ဆံနေကြသည်။စနစ်တစ်ခုနှင့် ချည်နှောင်ထားသော ဂုဏ်သိက္ခာရှိသည့် ကူးပြောင်းလာသူများအနက် ဤကဲ့သို့ သနားစရာကောင်းသော အခြေအနေသို့ ရောက်ရှိသွားခြင်းမှာ သူတစ်ယောက်တည်းသာ ရှိပေမည်။

Book 22 end.

All Chapters