← Chapters

အခန်း ၃၅

Vol. 4 Ch. 35

အခန်း ၃၅

Vol. 4 Ch. 35

အခန်း (၃၅) - ခွေးအိုကြီး၏ ရိုးရှင်းသော အကြံအစည်လေး

ထိုလူမိုက်က နောက်ဆုံးတွင်မှ သတိဝင်လာပြီး ချဉ်းကပ်လာသော အရိပ်ဆီသို့ အလောတကြီး ပစ်ခတ်လိုက်သည်။

သို့သော် ယွမ်ချင်းရှန်က ခြေတစ်လှမ်း ပိုစော၍ရောက်နေခဲ့သည်။ သူမ၏ လက်ဝါးဖြင့် ခပ်ဖွဖွ ပုတ်ချလိုက်ရာ သူမကို ချိန်ရွယ်ထားသော သေနတ်မှာ ဘေးဘက်သို့ လွင့်ထွက်သွားသည်။

ဒိုင်း ဒိုင်း ဒိုင်း...

လူမိုက်က သုံးချက်ဆက်တိုက် ပစ်ခတ်လိုက်သော်လည်း သူ၏အဖော်သုံးယောက်ကိုသာ မှန်ကန်သွားခဲ့၏။

ယွမ်ချင်းရှန်က ထိုလူမိုက်၏လည်ပင်းကို ဓားတစ်လက်ကဲ့သို့ လက်ဝါးစောင်းဖြင့် ခုတ်ချလိုက်သည်။

ကီလိုဂရမ်ရာနှင့်ချီသော အင်အားများက သူမ၏လက်ဝါးတွင် စုစည်းသွားရာ လက်ဝါးရိုက်ချက်မှာ လေးလံသော ပုဆိန်ကြီးတစ်လက်ကဲ့သို့ ထိတ်လန့်ဖွယ် ဖျက်ဆီးနိုင်စွမ်းများ ပါဝင်လာသည်။

လူမိုက်၏ လည်ပင်းရိုးမှာ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကျိုးကြေသွားပြီး လည်ပင်းတစ်ခုလုံး ပြိုဆင်းသွားကာ ခေါင်းနှင့်ဆက်နေသော လည်ပင်းကျောရိုးပင် ပြတ်တောက်သွားခဲ့သည်။ သူက ညည်းတွားသံပင် မထွက်နိုင်လိုက်ဘဲ နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားတော့သည်။

ယွမ်ချင်းရှန်က လူမိုက်၏လက်ထဲမှ သေနတ်ကို ပေါ့ပေါ့ပါးပါး ဆွဲယူလိုက်ပြီး တံခါးပေါက်ဆီသို့ နောက်ထပ်ခြေတစ်လှမ်း လှမ်းလိုက်သည်။ သေနတ်သံကို ကြားလိုက်ရသော အပြင်ဘက်ရှိ လူမိုက်နှစ်ယောက်မှာ အခန်းထဲသို့ အပြေးအလွှားဝင်ရန် တံခါးကို တွန်းဖွင့်လိုက်ချိန်နှင့် အတိအကျပင်။

တံခါးနောက်တွင် ရပ်နေသော ယွမ်ချင်းရှန်က တံခါးကို ပေါ့ပေါ့ပါးပါး ပြန်ပိတ်လိုက်ပြီး လူမိုက်နှစ်ယောက်၏ ဦးနှောက်များကို ဖြတ်ထုတ်ပစ်လိုက်သည်။

ယွမ်ချင်းရှန်၏ သတ်ဖြတ်ခြင်းလုပ်ငန်းစဉ်မှာ စီးဆင်းနေသောရေလိုပင် ချောမွေ့ပြီး အနုပညာဆန်ဆန် လှပနေသည်။

အဓိကနေရာတွင် ထိုင်နေသော ခွေးအိုကြီးကတော့ ယွမ်ချင်းရှန်ကို ချီးကျူးနိုင်သည့် အနေအထားတွင် မရှိပေ။ သူ အလွန်တရာ ထိတ်လန့်သွားပြီး ခန္ဓာကိုယ်ရှိ ကြက်သီးမွေးညင်းများပင် ထောင်ထသွားကာ ကြွက်သားတစ်ခုလေးမျှ မလှုပ်ရဲဘဲ တောင့်တောင့်ကြီး ထိုင်နေမိသည်။

ခွေးအိုကြီးကိုယ်တိုင်က အဆင့် ၄ မူလစွမ်းအင်အသုံးပြုသူ တစ်ယောက်ဖြစ်ပြီး ဤနယ်ပယ်တွင် ကျွမ်းကျင်သူတစ်ယောက်အဖြစ် သတ်မှတ်နိုင်သည်။ သို့သော် ယွမ်ချင်းရှန်နှင့် နှိုင်းယှဉ်လျှင်တော့ သူက အလွန်တရာ နိမ့်ကျလွန်းနေသည်။

သူ၏စွမ်းရည်အဆင့်ဖြင့် သူမနှင့် ယှဉ်ပြိုင်တိုက်ခိုက်လိုက်သည်နှင့် သေချာပေါက်သေဆုံးသွားမည်ကို ခွေးအိုကြီး ကောင်းကောင်းသိထားသည်။

လူများကို သတ်ဖြတ်ပြီးနောက် ယွမ်ချင်းရှန်က ထောင့်တစ်နေရာတွင် စကားတစ်ခွန်းမှမဆိုဘဲ တိတ်တဆိတ် ရပ်နေသည်။ ကောင်းရွှမ်က ခွေးအိုကြီးထံသို့ ပြုံးရွှင်စွာ လျှောက်လာပြီး ဝိုင်တစ်ခွက်ပင် ငှဲ့ပေးလိုက်သေးသည်။

“စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပါ၊ မကြောက်ပါနဲ့၊ ငါတို့က လူတွေကို အကြောင်းမဲ့သက်သက် လိုက်မသတ်ပါဘူး”

ဖန်ခွက်ထဲရှိ ဝိုင်နီများကို ကြည့်ရင်း ခွေးအိုကြီးက သွေးနှင့် အနည်းငယ်တူနေသည်ဟု မခံစားဘဲ မနေနိုင်တော့ပေ။

သို့သော် သူ မငြင်းဆန်ရဲဘဲ အံကြိတ်ကာ ဖန်ခွက်ကိုယူ၍ တစ်ငုံကြီး မော့သောက်လိုက်ရသည်။ ဝိုင်နီများ ဗိုက်ထဲရောက်သွားပြီး အရက်အရှိန် ခေါင်းထဲသို့ တက်လာချိန်တွင် ခွေးအိုကြီး အနည်းငယ် ငြိမ်သက်သွားသည်။ သူက ခါးသီးစွာ ပြုံးလိုက်၏။

“ဘော့စ်... ဘာပဲလိုချင်လိုချင် ကျွန်တော်တို့ ဆွေးနွေးလို့ ရပါတယ်၊ ချက်ချင်းကြီး လူတွေသတ်ဖို့တော့ မလိုပါဘူး”

“ဒီလို စိတ်ပျက်စရာကောင်းတဲ့ အကြောင်းအရာတွေကို မပြောကြရအောင်”

ကောင်းရွှမ်က လက်လှမ်းကာ ခွေးအိုကြီး၏ ပခုံးကို ဖက်လိုက်ပြီး ရင်းနှီးသည့်ဟန်ဖြင့် ပြောလိုက်သည်။

“ငါ လိုချင်တဲ့ စမတ်နာရီတွေ မင်းဆီမှာ ရှိတယ်မလား”

“ရှိပါတယ် ရှိပါတယ်”

ခွေးအိုကြီးက အလောတကြီး ခေါင်းညိတ်လိုက်သည်။ ဤအချိန်တွင် တစ်ဖက်လူ ဘာပဲလိုချင်လိုချင် သူက ရအောင်ရှာပေးရမည်သာဖြစ်သည်။

“ကောင်းကင်ကွန်ရက် ပုံရိပ်ယောင် ဝင်ပေါက်ချိတ်ဆက်တဲ့စက်ကော... အဲ့ဒါရော မင်းဆီမှာ ရှိတယ်မလား”

“ရှိပါတယ်”

ကောင်းရွှမ် ခေါင်းညိတ်လိုက်သည်။

“အရမ်းကောင်းတယ်၊ အဲ့ဒီပစ္စည်းတွေ ငါ့ကိုပေးလိုက်၊ ဒါဆိုရင် ဒီနေ့ကိစ္စကို ကျေပြီလို့ သတ်မှတ်လိုက်မယ်”

ခွေးအိုကြီး နားမလည်မည်ကို စိုးရိမ်သဖြင့် သူက ဆက်ရှင်းပြလိုက်သည်။

“ငါတို့ လုပ်ကြံသတ်ဖြတ်သူတွေက လူသတ်ရင် ပိုက်ဆံယူရတယ်၊ ငါတို့ လူနှစ်ယောက်ပါတဲ့ လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့က လူသတ်ရင် ဈေးပိုကြီးတယ်၊ မင်း နားလည်တယ်မလား”

ခွေးအိုကြီး ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အားပါးတရ ခေါင်းညိတ်လိုက်သည်။

“ကျွန်တော် နားလည်ပါတယ်” သူ အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ဆက်ပြောလာသည်။

“ကျွန်တော် ပစ္စည်းတွေကို ပေးလိုက်ပါ့မယ်၊ ပြီးရင် အားလုံး ကျေသွားပြီ၊ ကျွန်တော့်ကိုတော့ မသတ်ဖို့ တောင်းဆိုချင်တယ်၊ အဆင်ပြေနိုင်မလား”

“သေချာတာပေါ့”

ကောင်းရွှမ်က ပြန်ဖြေသည်။

“နောင်ကြရင်လည်း ငါတို့ မကြာခဏ တွေ့ကြရဦးမှာပဲလေ”

ကောင်းရွှမ်၏ အာမခံချက်ကို ခွေးအိုကြီး လုံးဝမယုံကြည်သော်လည်း သူ့တွင် အခြားရွေးချယ်စရာမရှိပေ။ သူက စမတ်နာရီကို ဖွင့်ကာ တပည့်ဖြစ်သူထံ ဆက်သွယ်လိုက်သည်။

“အဆင့်ငါး... မှတ်ပုံတင်ထားတဲ့ စမတ်နာရီတွေ အကုန်လုံးနဲ့ ကောင်းကင်ကွန်ရက် ပုံရိပ်ယောင် ဝင်ပေါက်ချိတ်ဆက်တဲ့စက်ကို ယူလာခဲ့၊ မြန်မြန်လုပ်၊ သီးသန့်အခန်းထဲမှာ မင်းကို စောင့်နေတယ်...”

ကောင်းရွှမ်၏ အရှေ့တွင်တော့ ခွေးအိုကြီးမှာ အလွန်တရာ ချုပ်တည်းထားပုံရပြီး နောက်ထပ် ဘာစကားမှမပြောတော့ပေ။ သို့သော် ခွေးအိုကြီးက အစိမ်းရောင် ဖုန်းခေါ်ဆိုမှုခလုတ်ကို အသုံးပြုခဲ့သည်ကို ကောင်းရွှမ် သတိထားမိလိုက်သည်။

ဤသာမန်ဟု ထင်ရသော ဖုန်းခေါ်ဆိုမှုက အမှန်တကယ်တော့ သတိပေးချက်တစ်ခုဖြစ်သည်။

တစ်ဖက်လူကို “အဆင့်ငါး” ဟု ခေါ်ဆိုခြင်းမှာ အဆင့် ၅၊ အမြင့်ဆုံး သတိပေးချက်ဟု အဓိပ္ပာယ်ရသည်။

မည်သို့ပင်ဖြစ်စေ ခွေးအိုကြီးက သွေးနတ်ဘုရားအဖွဲ့အစည်း၏ ပြင်ပအဖွဲ့ဝင်တစ်ဦးဖြစ်သည်။ သူက အလွန်ပါးနပ်ပြီး အရေးကြီးသော အချိန်များတွင် အကူအညီများကို ရှာဖွေနိုင်စွမ်းရှိသည်။

ကောင်းရွှမ်က တိတ်တဆိတ် ပြုံးလိုက်သည်။ ခွေးအိုကြီး အကူအညီတောင်းမည့် အချိန်ကို သူ စောင့်နေခဲ့ခြင်းသာ ဖြစ်သည်။ ကောင်းရွှမ်က မျက်နှာဖုံး တပ်ဆင်ထားသော်လည်း သူ၏ မျက်နှာအမူအရာ အပြောင်းအလဲကို ခွေးအိုကြီး မြင်တွေ့နိုင်ဆဲဖြစ်သည်။

ခွေးအိုကြီးမှာ အပြစ်ရှိသလို ခံစားလိုက်ရသည်။

‘ဒီကောင်က ဘာကိုများ ပြုံးနေတာလဲ။ သူတစ်ခုခု ရိပ်မိသွားတာလား’

သူက စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။

“ဘော့စ်... ခင်ဗျားကို ဘယ်လိုခေါ်ရမလဲဆိုတာ သိခွင့်ပြုပါ”

“နေရောင်ခြည်ကောင်လေးလေ”

“ဗျာ”

ခွေးအိုကြီး၏ ခေါင်းထဲတွင် မေးခွန်းထုတ်စရာများ ပြည့်နှက်သွားပြီး သူ နားကြားများ မှားသွားသလားဟုပင် သံသယဝင်သွားမိသည်။

“အဲ့ဒီလို မျက်နှာပေးမျိုး မလုပ်ပါနဲ့ကွာ၊ အဲ့ဒါက မင်းကို ဘာမှနားမလည်တဲ့သူနဲ့ တူသွားစေတယ်”

ကောင်းရွှမ်က ခွေးအိုကြီး၏ မျက်နှာအိုအိုကြီးကို ခပ်ဖွဖွ ပုတ်လိုက်သည်။

“မင်းရဲ့ မျက်နှာပေါ်က ကြွက်သားတွေကို ဖြေလျှော့ထားလိုက်စမ်းပါ၊ ‘နေရောင်ခြည်ကောင်လေး’ ဆိုတာက ငါတို့ လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့ရဲ့ နာမည်ပြောင်လေ၊ မင်း နားလည်တယ်မလား”

“နားလည်ပါတယ် နားလည်ပါတယ်”

ခွေးအိုကြီးက ခေါင်းတစ်ဆက်တည်း ညိတ်လိုက်သည်။

“ဒီနာမည်ကို မင်း ဘယ်လိုထင်လဲ”

ကောင်းရွှမ်က သူ့အမြင်ကို ရိုးသားစွာ မေးမြန်းလိုက်သည်။

“အာ.. အာ.. အာ...”

ခွေးအိုကြီးက လောကဓံကို အတော်ကြာ ဖြတ်သန်းခဲ့ဖူးသော်လည်း ဤအချိန်တွင်တော့ ဘာပြောရမည်ကိုပင် စဉ်းစား၍မရတော့ပေ။

“မင်း လည်ပင်းမှာ တစ်ခုခုတစ်နေလို့လား”

“မဟုတ်ပါဘူး မဟုတ်ပါဘူး”

ခွေးအိုကြီး ဇောချွေးများပျံလာပြီး အတင်းအကျပ် ပြုံးပြလိုက်သည်။

“ဒီနာမည်က ကောင်းပါတယ်၊ အရမ်းထူးခြားပြီး နက်ရှိုင်းတဲ့ အထင်အမြင်ကိုလည်း ချန်ထားနိုင်တယ်”

ကောင်းရွှမ်က နောက်ဆုံးတွင်တော့ ထောက်ခံမည့်သူကို ရှာတွေ့သွားပြီး ယွမ်ချင်းရှန်ဘက်သို့ လှည့်ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

“တွေ့လား၊ ဒီနာမည်က အရမ်းမိုက်တာ၊ အဲ့ဒါကို နင်က သဘောမကျဖြစ်နေသေးတယ်”

ယွမ်ချင်းရှန်က ဆက်လက်တိတ်ဆိတ်နေသည်။ ဤအကြောင်းအရာက ဆွေးနွေးရန် လိုအပ်သည်ဟု သူမ မထင်ပေ။ ကောင်းရွှမ်ကတော့ ဂရုမစိုက်ပေ။

ခွေးအိုကြီးကို တင်းကျပ်စွာ ဖက်ထားရင်း သူက ဆက်ပြောသည်။

“ငါတို့မှာ တူညီတဲ့ အလှအပခံစားနိုင်စွမ်းရှိတယ်ဆိုတာ ငါတွေ့သွားပြီ၊ ငါတို့ အချင်းချင်း ပိုပြီးသိကျွမ်းအောင် လုပ်သင့်တယ်”

ခွေးအိုကြီး၏ မျက်နှာပေါ်တွင် ချွေးများ ပိုထွက်လာသည်။ ကောင်းရွှမ်ကို ဖမ်းဆီးရန် အကြိမ်ကြိမ် လုပ်ဆောင်ချင်ခဲ့သော်လည်း နောက်ဆုံးတွင်တော့ ရမ်းကားစွာ မလှုပ်ရှားရဲခဲ့ပေ။

လွန်ခဲ့သော စက္ကန့်ပိုင်းလောက်ကမှ ယွမ်ချင်းရှန် ပြသသွားခဲ့သော လွှမ်းမိုးနိုင်စွမ်းရှိသည့်ခွန်အားက သူ့ကို လုံးဝ အံ့အားသင့် မှင်တက်သွားစေခဲ့သည်။ ခွေးအိုကြီးမှာ ခါးသီးစွာဖြင့်သာ သည်းခံနေရတော့သည်။

ကံကောင်းထောက်မစွာဖြင့် ကောင်းရွှမ်က ဆက်တိုက် စကားပြောနေသဖြင့် လေထုက အမှန်တကယ်တော့ လေးလံနေခြင်းမျိုးမရှိပေ။ အနီးအနားရှိ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာအမူအရာများနှင့် အလောင်းအနည်းငယ်ကသာ သူ့ရှေ့ရှိ စကားများလွန်းသော ကောင်လေးမှာ မည်မျှအန္တရာယ်များကြောင်း ခွေးအိုကြီးကို ဆက်တိုက်သတိပေးနေခြင်းဖြစ်သည်။

ဆယ်မိနစ်ကျော်ခန့် သည်းခံပြီးနောက် နောက်ဆုံးတွင် တစ်စုံတစ်ယောက်က တံခါးခေါက်ကာ ဝင်လာခဲ့သည်။ ဝင်လာသူမှာ ပိန်လှီပြီး ပါးနပ်သည့်ရုပ်ရည်ရှိသည်။

သူ ဝင်လာသည်နှင့်တစ်ပြိုင်နက် သေးငယ်သော မျက်လုံးများက ဟိုဟိုဒီဒီ ကြည့်ရှုအကဲခတ်နေသည်။ ခွေးအိုကြီးက နောက်ဆုံးတွင်မှ သက်ပြင်းချနိုင်တော့သည်။

အထက်လူကြီးများက လူများကိုလွှတ်ကာ အတင်းဝင်ရောက်စီးနင်းပြီး အကုန်လုံးအား သတ်ပစ်လိုက်မည်ကို သူ ကြောက်ရွံ့နေခဲ့သည်။ ထိုသို့ဆိုလျှင် ဒုက္ခရောက်မည့်သူမှာ သူကိုယ်တိုင်ပင် ဖြစ်ပေလိမ့်မည်။

“အဆင့်ငါး... ဒီဘော့စ်ကို ပစ္စည်းတွေပေးလိုက်”

ခွေးအိုကြီးက အဆင့်ငါးကို သေတ္တာဖွင့်ကာ ကောင်းရွှမ်အား ပစ္စည်းများ စစ်ဆေးခွင့်ပေးရန် အချက်ပြလိုက်သည်။ သတ္တုသေတ္တာအတွင်းတွင် စမတ်နာရီ ဒါဇင်ဝက်ခန့်နှင့် ဘတ်စကက်ဘောလုံးအရွယ်အစားခန့်ရှိသော သတ္တုစက်ပစ္စည်းတစ်ခု ပါရှိသည်။

၎င်းက ကောင်းရွှမ်လိုချင်နေသော ကောင်းကင်ကွန်ရက် ပုံရိပ်ယောင် ဝင်ပေါက်ချိတ်ဆက်သည့်စက်ဖြစ်သည်။

ထိုအရာရှိလျှင် ကောင်းကင်ကွန်ရက်ပေါ်တွင် တကယ့် ဒစ်ဂျစ်တယ်ခြေရာများ ကျန်ရစ်ခဲ့မည်ကို စိုးရိမ်စရာမလိုဘဲ ကောင်းကင်ကွန်ရက်သို့ ဝင်ရောက်ရန် ပုံရိပ်ယောင် ဝင်ပေါက်တစ်ခုကို ဖန်တီးနိုင်သည်။

သေချာသည်ကတော့ ဤစက်တွင် ကန့်သတ်ချက်များစွာလည်း ရှိနေသည်။ တရားဝင် ဝက်ဘ်ဆိုက်များသို့ ဝင်ရောက်နိုင်မည်မဟုတ်သလို မည်သည့်ငွေကြေးလွှဲပြောင်းမှုမျိုးကိုမှ လုပ်ဆောင်နိုင်မည်မဟုတ်ပေ။

ထို့ကြောင့် ဤစက်ကို အမည်မသိ ဆက်သွယ်မှုများနှင့် ဆက်သွယ်ရေးအတွက်သာ အသုံးပြုနိုင်သည်။ ထိုအရာမှလွဲ၍ သိပ်ပြီး အသုံးမဝင်လှပေ။

ထိုသို့ဖြစ်လင့်ကစား ကောင်းကင်ကွန်ရက် ပုံရိပ်ယောင် ဝင်ပေါက်ချိတ်ဆက်သည့်စက်မှာ တန်ဖိုးအားဖြင့် တစ်သန်းကျော် တန်ကြေးရှိသည်။

ကောင်းရွှမ်က ၎င်းတို့ကို ကျွမ်းကျင်စွာ စစ်ဆေးလိုက်၏။ ထိုစက်ပစ္စည်းများတွင် ဘာပြဿနာမှမရှိပေ။ သူက ခွေးအိုကြီးကို ခေါင်းညိတ်ပြလိုက်သည်။

“မင်းနဲ့ စီးပွားရေးလုပ်ရတာ ပျော်စရာကောင်းပါတယ်၊ သွားလိုက်ပါဦးမယ်”

ကောင်းရွှမ်က သေတ္တာကိုယူကာ ထွက်ခွာသွားပြီး ယွမ်ချင်းရှန်ကိုပါ သီးသန့်အခန်းထဲမှ ခေါ်ဆောင်သွားခဲ့သည်။ သီးသန့်အခန်း၏ တံခါးပိတ်သွားသည်ကို မြင်လိုက်ရသောအခါ ခွေးအိုကြီးက နောက်ဆုံးတွင်တော့ သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်နိုင်တော့သည်။

ထို့နောက် သူက အဆင့်ငါးကို အလောတကြီး မေးလိုက်သည်။

“ဘယ်သူတွေ ရောက်လာလဲ”

“သံမဏိသွားနဲ့ သူ့အဖော်နှစ်ယောက် အပြင်မှာ စောင့်နေတယ်”

အဆင့်ငါးက ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေသည်။

“သံမဏိသွားက မြို့တော်မှာရှိတဲ့ ငါတို့ရဲ့ အကောင်းဆုံး လုပ်ကြံသတ်ဖြတ်သူတွေထဲက တစ်ယောက်ပဲ၊ သူတို့ကို သတ်ရတာက နေကြာစေ့ အခွံနွာစားရသလို လွယ်လွယ်လေးပါ”

စောစောက ယွမ်ချင်းရှန် ပြသသွားခဲ့သော စွမ်းအားများကို တွေးမိပြီး ခွေးအိုကြီးက သံသယအချို့ ရှိနေဆဲဖြစ်သည်။

“အဲ့ဒီ တိတ်တိတ်ဆိတ်ဆိတ်နေတဲ့ တစ်ယောက်က အရမ်းသန်မာတယ်၊ သူက သံမဏိသွားထက် သိပ်နိမ့်ကျမှာ မဟုတ်ဘူးလို့ ငါထင်တယ်”

“ဘာတွေ လာနောက်နေတာလဲ၊ သံမဏိသွားဆိုတာ တစ်ယောက်တည်းမဟုတ်ဘူး သုံးယောက်လေ၊ သူတို့သုံးယောက်က ဘယ်တော့မှ မရှုံးနိမ့်ဖူးဘူး၊ စိတ်ချလက်ချသာ နေစမ်းပါ...”

အဆင့်ငါးက သံမဏိသွားအပေါ် ယုံကြည်မှု အပြည့်ရှိနေသည်။ သူတို့အဖွဲ့အစည်းက မြို့တော်တွင် ခြေကုပ်ယူနိုင်ခဲ့ခြင်း၏ အကြောင်းရင်းမှာ သံမဏိသွားတို့ သုံးယောက်က တိုက်ခိုက်ရေးတွင် အထူးကောင်းမွန်နေခြင်းကြောင့်ပင်။

“ဘယ်တော့မှ မရှုံးနိမ့်ဖူးဘူး ဟုတ်လား” ကောင်းရွှမ်က ရုတ်တရက် တံခါးကို တွန်းဖွင့်ကာ အပြင်ဘက်မှ ဝင်လာခဲ့သည်။

သူက ဝင်ပြောလိုက်သည်။ “ဒီနေ့တော့ သူတို့ ရှုံးနိမ့်တော့မှာပဲ”

ကောင်းရွှမ် ပြန်ရောက်လာသည်ကို မြင်လိုက်ရသောအခါ ခွေးအိုကြီး အလွန်လန့်သွားပြီး အလောတကြီး မတ်တတ်ရပ်ကာ သူ၏သေနတ်ဖြင့် ကောင်းရွှမ်ကို ချိန်ရွယ်လိုက်သည်။

“မင်း ဘာလို့ပြန်လာတာလဲ”

ကောင်းရွှမ်က သူ့လက်များကို ဖြန့်ပြလိုက်သည်။

“သူတို့က အပြင်ဘက်မှာ တိုက်ခိုက်နေကြတယ်လေ၊ ငါ့အင်္ကျီပေါ်ကို သွေးတွေ လာစင်မှာကြောက်လို့ ခဏလာရှောင်နေတာပါ၊ အဲ့ဒါက လုံလောက်တဲ့အကြောင်းပြချက် ဟုတ်ရဲ့လား”

All Chapters