← Chapters

အခန်း ၃၇

Vol. 4 Ch. 37

အခန်း ၃၇

Vol. 4 Ch. 37

အခန်း (၃၇) - ကံကြမ္မာကို လက်ခံခြင်း(၁)

အန်ဖူအဆောက်အအုံ၏ အထပ် ၁၂၀ မြောက် ခေါင်မိုးထပ်တွင်။

ကောင်းရွှမ်သည် ကြိမ်ကုလားထိုင်ရှည်ဖြူလေးပေါ်တွင် လှဲလျောင်းရင်း ကြယ်ရောင်စုံသော ကောင်းကင်ကြီးကို မော့ကြည့်ကာ ဘဝ၏ အကျပ်အတည်းတစ်ခုအကြောင်း စဉ်းစားနေသည်။

‘ကောင်းကင်နဂါးမျက်လုံးရဲ့ ဆိုးကျိုးတွေကို ငါ အရှုံးပေးလိုက်သင့်သလား'

ကောင်းကင်နဂါးမျက်လုံးက ထိပ်တန်းရွှေအဆင့် လျှို့ဝှက်ဆန်းကြယ် ပစ္စည်းတစ်ခုဖြစ်ပြီး ၎င်း၏ စွမ်းအင်စည်းမျဉ်းများက အလွန်မြင့်မားသော အဆင့်တွင် ရှိသည်။

လျှို့ဝှက်ဆန်းကြယ် ပစ္စည်းများသည် စွမ်းအားကြီးမားသော စွမ်းအင်များနှင့် သူတို့၏ ကိုယ်ပိုင်အံ့ဖွယ် စည်းမျဉ်းများကို ပိုင်ဆိုင်ထားကြသည်။

လျှို့ဝှက်ဆန်းကြယ် ပစ္စည်းများကြားရှိ စည်းမျဉ်းများက အချင်းချင်း ပဋိပက္ခဖြစ်နိုင်သလို ထိုပစ္စည်းများ၏ စည်းမျဉ်းများက အခြားစွမ်းအားအမျိုးမျိုးနှင့်လည်း ပဋိပက္ခဖြစ်နိုင်သည်။

လျှို့ဝှက်ဆန်းကြယ် ပစ္စည်းတစ်ခု၏ စည်းမျဉ်းများက အခြားစည်းမျဉ်းများနှင့် ပဋိပက္ခဖြစ်သောအခါ ယေဘုယျအားဖြင့် စည်းမျဉ်း၏ စွမ်းအင်အဆင့်ကို အခြေခံ၍ နှိုင်းယှဉ်ကြသည်။

စည်းမျဉ်း၏ စွမ်းအင်အဆင့် မြင့်လေလေ၊ ၎င်း၏အဆင့်က ပိုမြင့်လေလေဖြစ်သည်။ ရွှေအဆင့် လျှို့ဝှက်ဆန်းကြယ် ပစ္စည်းတစ်ခုက ငွေအဆင့်ပစ္စည်းတစ်ခုနှင့် ပဋိပက္ခဖြစ်ပါက ရွှေအဆင့်ပစ္စည်း၏ စည်းမျဉ်းများက ငွေအဆင့်ပစ္စည်း၏ စည်းမျဉ်းများကို သေချာပေါက် ဖိနှိပ်နိုင်လိမ့်မည်ဖြစ်သည်။

တူညီသော အဆင့်ရှိ လျှို့ဝှက်ဆန်းကြယ် ပစ္စည်းများကြားတွင်လည်း စွမ်းအင်အဆင့် ပိုမြင့်မားသောအရာက ပိုမိုမြင့်မားသောအဆင့်ကို ရရှိသည်။

ကောင်းကင်နဂါးမျက်လုံး၏ စည်းမျဉ်းများနှင့် နတ်ဘုရားသတ်ဖြတ်ခြင်းဓားတို့ ပဋိပက္ခဖြစ်ပါက နတ်ဘုရားသတ်ဖြတ်ခြင်းဓားက ကောင်းကင်နဂါးမျက်လုံးကို ဖိနှိပ်နိုင်မည်ဟု သေချာပေါက်မပြောနိုင်ပေ။

ကောင်းရွှမ်က သူ၏ ကိုယ်ပိုင်စိတ်စွမ်းအားအပေါ် အားကိုးပြီး ကောင်းကင်နဂါးမျက်လုံး၏ ဗီဇများကို ဖိနှိပ်ဖို့ ကြိုးစားခြင်းက အမှန်တကယ်တော့ ကောင်းကင်နဂါးမျက်လုံး၏ စည်းမျဉ်းများကို ဆန့်ကျင်နေခြင်းဖြစ်သည်။

သူ၏ စိတ်စွမ်းအင်က အားကောင်းသော်လည်း ကောင်းကင်နဂါးမျက်လုံး၏ စည်းမျဉ်းများကို တိုက်ရိုက်ဆန့်ကျင်၍မရနိုင်ပေ။ ကောင်းကင်နဂါးမျက်လုံး၏ သွေးမျိုးဆက် အမွေအနှစ် စည်းမျဉ်းများက အလွန်ကျယ်ပြန့်သောကြောင့်သာ သူက ယာယီတောင့်ခံထားနိုင်ခြင်းဖြစ်သည်။

သေချာသည်ကတော့ လျှို့ဝှက်ဆန်းကြယ် ပစ္စည်းများ၏ စည်းမျဉ်းများတွင် အမြဲတမ်း အသုံးချလို့ရသည့် အားနည်းချက်အမျိုးမျိုး ရှိတတ်လေသည်။

ဥပမာအားဖြင့် ကောင်းရွှမ်က မျက်လုံးမှိတ်ထားခြင်းဖြင့် နတ်ဘုရားသတ်ဖြတ်ခြင်းဓား၏ ‘သွေးထွက်လျှင် သေချာပေါက် သေဆုံးစေရမည်’ ဆိုသော စည်းမျဉ်းမှ ကင်းလွတ်ခွင့် ရရှိစေသကဲ့သို့ပင်။

ကောင်းကင်နဂါးမျက်လုံး၏ သွေးမျိုးဆက် အမွေအနှစ် စည်းမျဉ်းများမှာလည်း အသုံးချနိုင်သော အားနည်းချက်များ ရှိနေနိုင်သည်။ ကောင်းရွှမ်က ထိုနေရာတွင် လှဲလျောင်းကာ အချိန်အတော်ကြာ စဉ်းစားပြီးနောက် အဖြေအချို့ကို ရရှိလာခဲ့သည်။

အရိုးရှင်းဆုံးနည်းလမ်းမှာ ဆေးရုံသို့သွားပြီး သူ၏ မျိုးဗီဇခရိုမိုဆုန်းများကို လှူဒါန်းလိုက်ရန်ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းက ငွေရနိုင်သလို သူ၏ သွေးမျိုးဆက်ကိုလည်း ဖြန့်ကျက်နိုင်ပေလိမ့်မည်။

သေချာသည်ကတော့ တိကျသည့် အကျိုးသက်ရောက်မှုက မည်သို့ဖြစ်လာမလဲဆိုသည်ကို ပြောဖို့ရန်တော့ ခက်ခဲလေ၏။

ထို့အပြင် ဆေးရုံတွင် ခရိုမိုဆုန်းလှူဒါန်းခြင်းမှာ ထိုမျှမလွယ်ကူလှပေ။ ကျန်းမာရေးစစ်ဆေးမှုနှင့် စိစစ်မှုများ ပြုလုပ်ရန် လိုအပ်သည်။ ခရိုမိုဆုန်းစုဆောင်းရန်အတွက် အသုံးပြုသော လှပသည့်အရုပ်လေးတစ်ခုနှင့် မျက်နှာချင်းဆိုင်ပြီး အခန်းငယ်လေးတစ်ခုထဲတွင် လုပ်ဆောင်ရခြင်းက...

‘အင်း... အဲ့ဒါက အဆင်ပြေပုံရပါတယ်..’

အဓိကပြဿနာမှာ ကျန်းမာရေးစစ်ဆေးမှုဖြစ်သည်။ သူ၏ ခန္ဓာကိုယ်နှင့် သွေးအချက်အလက်များကို ဆေးရုံတွင် ချန်ထားခဲ့ရခြင်းက အလွန်ပြဿနာများသောကိစ္စဖြစ်သည်။

လူတစ်ယောက်၏ မျိုးဗီဇဆိုသည်မှာ သူတို့၏အကြီးမားဆုံးသော ကြွယ်ဝချမ်းသာမှုဖြစ်သည်။ ယနေ့ခေတ်တွင် ဆေးရုံအားလုံးက မျိုးဗီဇနမူနာများ မစုဆောင်းမီ လူနာ၏သဘောတူညီချက်ကို ရယူရမည်ဖြစ်သည်။

ကောင်းရွှမ်က ဆေးရုံတွင် ဆယ်ရက်နီးပါး လှဲလျောင်းနေခဲ့ပြီး ပုံမှန်ကုသမှုများကိုသာ ခံယူခဲ့သည်။ မျိုးဗီဇစစ်ဆေးခြင်းကို လုံးဝမပြုလုပ်ခဲ့ပေ။

ဤအကြောင်းကြောင့်ပင် ယွမ်ချင်းရှန်က ဝေ့ကျန်းကျန်းကို တားဆီးကာ အရမ်းကာရော မလုပ်ဆောင်စေရန် ဟန့်တားခဲ့ခြင်းဖြစ်သည်။ လူသားမဟာမိတ်အဖွဲ့က လက်ရှိတွင် အလွန်အားနည်းနေ၏။

နောက်ကွယ်တွင် အင်အားကြီး ဂလက်ဆီကော်ပိုရေးရှင်းကြီးများက ထိန်းချုပ်ထားသည်။

‘အရင်းရှင်တွေက အမြတ်အစွန်းအတွက် ဘာကိုမဆို လုပ်ဆောင်ရဲကြတယ်၊ သူတို့မှာ စည်းမျဉ်းစည်းကမ်းဆိုတာ မရှိဘူး'

အကယ်၍ ပုဂ္ဂိုလ်ရေး မျိုးဗီဇနမူနာများကို ရယူသွားပါက အရင်းရှင်များ မည်သို့ဆက်လုပ်မည်ကို မည်သူမှမသိနိုင်ပေ။

အနည်းဆုံးတော့ သူတို့က ကောင်းရွှမ်၏ မျိုးဗီဇနမူနာများကို အသုံးပြု၍ လူအနည်းငယ်ကို ကိုယ်ပွားဖန်တီးလိုက်ပါက သူ အလွန်အမင်း ကသိကအောက် ဖြစ်ရပေလိမ့်မည်။

ကောင်းရွှမ်က ယွမ်ချင်းရှန်အကြောင်းကို ထပ်မံတွေးမိသွားသည်။ သူ့ ရဲ‌ဘော်၊ ညီအစ်ကိုက သူ့အား ပြဿနာဖြေရှင်းရန် ကူညီပေးနိုင်သည်။ သို့သော် ဤကဲ့သို့သော ဆက်ဆံရေးမျိုးက ပုံမှန်မဟုတ်လွန်းလှပေ။

၎င်းက ပြဿနာဖြစ်ပွားရန်လည်း လွယ်ကူသည်။ သူက လူယုတ်မာတစ်ယောက် ဖြစ်ချင်လျှင်ပင် သူ့ညီအစ်ကိုအပေါ်တော့ လူယုတ်မာမလုပ်နိုင်ပေ။

ကောင်းရွှမ် သက်ပြင်းချလိုက်သည်။

“ချင်းရှန်.. လူကောင်းတစ်ယောက်ဖြစ်ဖို့က ဘာလို့ ဒီလောက်တောင် ခက်ခဲနေရတာလဲကွာ”

ယွမ်ချင်းရှန်က ဘာမှပြန်မပြောပေ။ သူမက ကောင်းရွှမ်ကို လူကောင်းတစ်ယောက်ဟု ဘယ်သောအခါမှ မထင်ခဲ့သလို ကောင်းရွှမ် လူကောင်းဖြစ်ချင်သည်ကိုလည်း သူမ မယုံကြည်ပေ။

“တကယ်တော့ ငါ လူယုတ်မာ မလုပ်ချင်ပါဘူး၊ ဒါပေမဲ့ ဒီအခြေအနေကို တွန်းပို့ခံနေရလို့ပါ...”

ယွမ်ချင်းရှန်က ဆက်နားမထောင်နိုင်တော့ဘဲ မတ်တတ်ရပ်ကာ ပြောလိုက်သည်။

“ငါ ပင်ပန်းနေပြီ”

“အာ.. ဒီလောက်ထိ တိုက်ရိုက်ကြီးပြောလိုက်တာ သိပ်မကောင်းဘူးထင်တယ်” ကောင်းရွှမ် သက်ပြင်းချလိုက်သည်။

“ကောင်းပြီလေ၊ ငါ လူယုတ်မာတစ်ယောက်ဆိုတာ ဝန်ခံပါတယ်။ ကျန်တာအကုန်လုံးက ဆင်ခြေတွေချည်းပါပဲ။ ငါက ပိုက်ဆံပေးစရာမလို၊ အချစ်လည်းပေးစရာမလိုဘဲ အလကားလိုချင်နေခဲ့တာပါ...”

အခန်းတံခါးဆီသို့ လျှောက်သွားနေသော ယွမ်ချင်းရှန်က ခေတ္တရပ်တန့်သွားသည်။ သူမ တစ်စုံတစ်ရာ ပြောချင်ခဲ့သော်လည်း နောက်ဆုံးတွင်တော့ ဘာမှမပြောဖြစ်ခဲ့ပေ။

ကောင်းရွှမ်က ဤကိစ္စကို နားလည်သွားသည်နှင့်တစ်ပြိုင်နက် လွတ်လပ်သွားသလို ခံစားလိုက်ရသည်။ သူက လူယုတ်မာတစ်ယောက်မျှသာ။

သူ၏ စစ်မှန်သောသဘာဝကို အသိအမှတ်ပြုလိုက်ခြင်းဖြင့် လူကောင်းတစ်ယောက်အဖြစ် ဟန်ဆောင်နေရန် မလိုတော့သလို ကိုယ်ကျင့်တရားကို ရိုသေလေးစားသူအဖြစ် ဟန်ဆောင်နေရန်လည်း မလိုတော့ပေ။

ကောင်းရွှမ်က သူ၏စမတ်နာရီကို ထိလိုက်ရာပုံရိပ်ယောင်ဖန်သားပြင်တစ်ခု ပေါ်ထွက်လာသည်။ အနည်းငယ် စဉ်းစားပြီးနောက် သူက အမိန့်ပေးလိုက်သည်။

“ဝေ့ကျန်းကျန်းကို ဆက်သွယ်လိုက်”

သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။

“မင်းက ငါနဲ့ ကစားချင်မှတော့ မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့၊ ဒါဆိုရင် အားလုံးပျော်ရွှင်ရလိမ့်မယ်”

ဝေ့ကျန်းကျန်းဘက်တွင်မူ။

ကောင်းရွှမ်၏ ဗီဒီယိုကောခေါ်ဆိုမှုကို ချက်ချင်းလက်ခံလိုက်ပြီး ဝေ့ကျန်းကျန်း၏ ပြုံးရွှင်နေသော မျက်နှာလေးက ပုံရိပ်ယောင်ဖန်သားပြင်ပေါ်တွင် ပေါ်ထွက်လာသည်။

“အစ်ကိုကောင်းရွှမ်... ကျွန်မကို ဘာလို့ရှာတာလဲ”

ဝေ့ကျန်းကျန်းက အလွန်စိတ်လှုပ်ရှားနေသည်။ ကောင်းရွှမ်က နောက်ဆုံးတွင်တော့ သူမကို သတိရသွားခဲ့ပြီဖြစ်၏။

ညနေပိုင်းတွင် ရွှီယင်က သူမ မိခင်ကို တိုင်တန်းခဲ့ပြီး သူမလည်း အဆူခံခဲ့ရသဖြင့် အလွန်စိတ်မပျော်မရွှင် ဖြစ်နေခဲ့သည်။

သို့သော် ပုံရိပ်ယောင်ဖန်သားပြင်ပေါ်ရှိ ကောင်းရွှမ်၏ အပြစ်အနာအဆာကင်းပြီး ချောမောလှပသော မျက်နှာကို မြင်လိုက်ရသောအခါ ယခင်က မပျော်ရွှင်မှုများအားလုံး လွင့်စင်သွားတော့သည်။

‘ဒီလိုလူငယ်မျိုးက ငါပိုင်ဆိုင်သင့်တဲ့သူပဲ၊ ကောင်းရွှမ်မှာ မျက်စိရောဂါရှိနေပြီး ဝိညာဉ်ကို ဆက်သွယ်နိုင်တဲ့ မျက်လုံးတွေ မရှိတာကတော့ နှမြောစရာကောင်းတာပေါ့။ မဟုတ်ဘူး၊ ငါ သူ့ကို ကူညီပေးရမယ်၊ သူ လိုချင်ချင်၊ မလိုချင်ချင် ငါဂရုမစိုက်ဘူး'

ကောင်းရွှမ်က ပြုံးလိုက်ပြီး ပြောသည်။

“ငါတို့ ပါမောက္ခရွှီရဲ့အိမ်မှာ ခဏလာနေတာ၊ မင်း လာလည်ချင်လား”

သူက ထပ်ပြောလိုက်သည်။

“နည်းနည်း နောက်ကျနေပြီဆိုတော့ မနက်ဖြန်မှ တွေ့ကြမလား”

“နောက်မကျပါဘူး၊ ကျွန်မ အခုပဲလာခဲ့မယ်”

ထောက်ခံစာဖြင့် ဝင်ရောက်ခွင့်ရထားသော ကျောင်းသူတစ်ယောက်အနေဖြင့် ဝေ့ကျန်းကျန်းတွင် မည်သည့် ပညာရေးဖိအားမှ မရှိဘဲ နေ့စဉ်နေ့တိုင်း ပျင်းရိငြီးငွေ့နေခဲ့သည်။ ကောင်းရွှမ်၏ ဖိတ်ကြားချက်ကို ရရှိသောအခါ သူမ လုံးဝမတုံ့ဆိုင်းခဲ့ပေ။

ဝေ့ကျန်းကျန်းက သူမ၏အခန်းထဲတွင် သေချာ ပြင်ဆင်ဝတ်စားပြီး အဝတ်အစားများစွာကို စမ်းသပ်ဝတ်ဆင်ပြီးနောက် နောက်ဆုံးတွင် တီရှပ်အဖြူရောင်ကို ဘောင်းဘီတို၊ ကြိမ်ဖိနပ်ပါးတို့နှင့် တွဲဖက်ဝတ်ဆင်ရန် ရွေးချယ်လိုက်သည်။

ဤဝတ်စားဆင်ယင်မှုက ရိုးရှင်းသပ်ရပ်ကာ ခေတ်မီပြီး သေသပ်လှပ၍ တက်ကြွမှုအပြည့်ရှိသည်။

အထူးသဖြင့် ဘောင်းဘီတိုက သူမ၏ လှပသောခြေတံရှည်များကို ပေါ်လွင်စေသည်။ ဝေ့ကျန်းကျန်းက သူမ၏ အိတ်သေးသေးလေးကို ကိုင်ကာ ပျော်ရွှင်စွာထွက်လာစဉ် ဧည့်ခန်းထဲတွင် ထိုင်နေသော ဝေ့ယွဲ့နှင့် တိုက်မိသွားသည်။

ဝေ့ယွဲ့က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

“ဒီလောက်နောက်ကျနေပြီကို ဘယ်သွားမလို့လဲ”

“ဆယ့်တစ်နာရီပဲ ရှိသေးတာ၊ ဘာနောက်ကျနေလို့လဲ၊ မြို့တော်ရဲ့ ညဘဝက အခုမှစတာပဲလေ”

All Chapters